အပိုင်း(၁၄)

959 67 0
                                    

The Innocent Revenge

မနက်ခင်းလေးတစ်ခုမှာ ချစ်ရသောသူနှင့်အတူ
နိုးထလာရပါက ထိုမနက်ခင်းမှာ မည်သည်မှနှင့်လဲ၍
မရနိုင်လောက်အောင်ပင် လှပလှပါသည်
ဤသည်ကိုချစ်ရသောသူနှင့် နိုးထဖူးသူတိုင်းထိုခံစား
ချက်အား ကောင်းကောင်းနားလည်ကြပါသည်
အခက်ခဲရှိလည်းမမှု လူဆိုသည်မှာ ငယ်ရွယ်စဉ်က
အချစ်တို့ကြောင့်ရူးသွပ်ခဲ့ကြဖူးသူများပင်မလား

""ခွန်း ဘာတွေဆွဲနေတာလဲ""

""အင်း မနက်ခင်းရဲ့ ရှုခင်းပုံတွေဆွဲနေတာ ""

""ဒီနေရာက အရမ်းလှတယ်နော် အိမ်တောင်မပြန်ချင်
တော့ဘူး""

""စဲလေးက ကိုယ်နဲ့ တသက်လုံးနေချင်လို့လား""

""နေချင်တာပေါ့ ဒါပေမဲ့""

""ကိုယ်နားလည်တယ် စဲ ကိုယ်ပြောတာနားထောင်
စဲလေးပျော်ဖို့က အရေးကြီးတယ် ဟုတ်ပြီးလာ ကိုယ်ဖိအားမပေးဘူး""

""ခွန်းက ဘာလို့စဲကိုအဲ့လောက်တောင် အလေးပေးရ
တာလဲ""

""ဘာလို့လဲဆိုတော့ ဟောဒီက စဲလေးကို အရမ်းချစ်လို့ပေါ့""

ထိုသူနှစ်ယောက် တယောက်မှာ
လွမ်း၏ဦးငယ်ဖြစ်သူ ခွန်ခွန်းလျှံ တယောက်မှာ FR
ကုမ္မဏီပိုင်ရှင် သုခစဲ

ထိုအချိန်က စဲမှာ FRကုမ္မဏီပိုင်ရှင်မဟုတ်သေးချေ
စဲမှာ မြန်မာလူမျိုးသာဖြစ်ပြီး ဖခင်ဖြစ်သူမှာ ပြင်သစ်
သွေးနှင့်ရောနေသောကြောင့် စဲတို့၏လုပ်ငန်းမှန်
သမျှ ပြင်သစ်တွင်သာရှိသည်
နှစ်ယောက်သား ဝါသနာတူ ပန်းချီသင်တန်းတက်
ရင်းစဲမှာ သင်တန်းသား ခွန်းမှာ ပန်းချီသင်ဆရာ

စဲသည် မိန်းမဆန်သော မျက်နှာအားပိုင်ဆိုင်ထားသည်
ဖြူနုနေပြီး အလွန်ချစ်စရာကောင်းသည့်စဲမှာ
ထိုစဉ်က အသက်၂၀သာရှိသေးသည်

ခွန်းမှာ တူလေး၏လုပ်ငန်းအားဝါသနာမပါ
ပန်းချီ သင်တန်းတခုတွင် ပန်းချီဆရာလုပ်ပြီး manly
ဆန်သော မျက်နှာပေါက်အား ပိုင်ဆိုင်ထားသည့်
အသက်၃၀အရွယ်ရှိ သူတယောက်ပင်
နှစ်ယောက်သားမှာ အသက်၁၀နှစ်ခန့်ကွာသော်လည်း
ဝါသနာတူရာမှ အနေနီးကာ တဦးပေါ်တဦး
သံယောဇဉ်တွယ်သွားခြင်းပင်

The Innocent Revenge(Completed)Where stories live. Discover now