အပိုင်း(၂၁)

975 63 0
                                    

The Innocent Revenge

နာရီအတန်ကြာပြီးနောက် ကလောမြို့သို့ရောက်ရှိ
လာလေသည် ကားမောင်းလာသူမှာ တာဝန်အရသာလာပို့ရခြင်းဖြစ်သည့်အတွက် ကလောရောက်သည်နှင့်
ရှိန်းတို့အဖွဲ့အား ကြိုတင်ဘိုကင်ချိတ်ထားသည့်
hotelတခုတွင် ချလိုက်ကာ
အပြန်ရက်မှပြန်လာကြိုရန်ပင် အခါတည်း ပြောသွား
လေသည်

၃ရက်ခရီးစဉ်ဖြစ်သည့်အတွက် အပန်းဖြေရန်
လုံလောက်သည်ဟု ပြောရမည်မှာ အမှန်ပင်

hotelသို့ရောက်သောအခါ ကြိုတင်bookingယူထား
သည့် အခန်းအား receptionတွင်မေးမြန်းကာ
အခန်းသော့များကို အောင်စန်းမှ ယူလိုက်သည်

ပြီးနောက် မိန်းကလေး၃ယောက်အတွက်တစ်ခန်းဖြစ်
သည့်အတွက် အခန်းသော့တချောင်းပေးလိုက်လေ
သည် မိန်းကလေးများမှာ သူတို့အနားယူရမည့်
အခန်းသော့အားယူကာ သူတို့၏သက်ဆိုင်ရာအခန်း
ထဲသို့ပင်ဝင်သွားလေပြီ

အောင်စန်းမှ

""ကျွန်တော်တို့လေးယောက်အတွက်က နှစ်ခန်းရတယ်
ဗျ အဲ့တာ ကျွန်တော်နဲ့ သာဦးက တခန်းနေလိုက်မယ်
ရှိန်းနဲ့ bossရဲ့ညီကတခန်းနေလိုက်ပေါ့""

""အာ bossရဲ့ညီလို့မခေါ်ပါနဲ့ဆို နာမည်ပဲခေါ်ပါ
ပြီးတော့ ကျွန်တော်ကဘာလို့ headဖြူနဲ့တခန်းထဲ
နေရမှာလဲ မနေနိုင်ပါဘူး""

ရှိန်းမှာ သူနှင့်တခန်းတည်းနေရန် ငြင်းဆန်နေသော
လွမ်းအားကြည့်ရင်း

""ဘယ်သူမှလဲ မင်းလိုအာပြဲစိန်နဲ့ မနေချင်ပါဘူး
ကိုအောင်စန်း ကျွန်တော် အကိုနဲ့တခန်းနေမယ်လေ""

အောင်စန်းမှာ ရသမျှ အကြံထုတ်စဉ်းစားနေလေသည်
ရူးနေ၍ ကိုယ့်သေတွင်းကိုယ်ပြန်တူးရမည်လား
အပန်းဖြေခရီးဖြစ်သောကြောင့် အောင်စန်းတယောက်
အမှန်တကယ်ပင် အချိန်ပြည့်အလုပ်သာဦးစားပေး
လုပ်နေသည့်ရှိန်းနှင့်တော့ အတူမနေလိုပါ
သည်ဆို လွမ်းကမ္ဘာလျှံရော boss၏ညီဖြစ်သည့်အတွက်
ရှိန်းနှင့်အခန်းတူနေရမည်ထက်ပို၍ဆိုသည်
အောင်စန်းမှ အလျင်မြန်စဉ်းစားရင်း အကြံတခုရလာ
လေသည် ပြီးလျှင်ဘေးနားမှရပ်နေသူ
သာဦးအားတံတောင် ဖြင့်လှမ်းတို့လိုက်သည်

The Innocent Revenge(Completed)Donde viven las historias. Descúbrelo ahora