အပိုင်း(၃၄)

936 63 0
                                    

The Innocent Revenge

ကိစ္စများဖြစ်ပျက်သွားသည်မှာ အတော်ကြာပြီဟုဆိုရ
မည်လား သို့မဟုတ် မနေ့တနေ့ကကဲ့သို့ထင်ကျန်နေဆဲ
လား တော့မသိ ယခုနောက်ပိုင်း ရှိန်းနှင့်လွမ်းမှာ
အချင်းချင်းအဆက်သွယ်လည်း မရကြသည့်အပြင်
ကြည့်ရသည်မှာ သူစိမ်းကဲ့သို့ရှေ့ဆက်ရန် ဆုံးဖြတ်
ထားကြသည့်ပုံပင်

လွမ်းမှာ တခုခုအားဝယ်ရန်shopping centerတစ်ခု
သို့လာစဉ် အမှတ်မထင်ပဲနှင့် ရှိန်းအားတွေ့သွားလေသည်
ရှိန်း၏အနားတွင် ထိုမိန်းကလေး mizzyနှင့်
နှစ်ယောက်သားဈေးဝယ်ထွက်နေသည်မှာ
မသိလျှင် ညားခါစလင်မယားကဲ့သို့ပင်
လွမ်းမှာ မသိချင်ယောင်ဆောင်လိုက်ရင်း အကြည့်အား
တဖက်သို့လွဲလိုက်စဉ် တွေ့လိုက်ရသည်က
ဝတ်စုံအမည်းဖြင့် လူနှစ်ယောက်

ထိုလူနှစ်ယောက်အား လွမ်းသေချာတွေ့ဖူးပါသည်
ထိုသူတို့မှာ အကိုဖြစ်သူ၏လူယုံများပင်
အဘယ့်ကြောင့် အကိုဖြစ်သူထံတွင်မရှိနေဘဲ
သည်ကုန်တိုက်တွင် ရှိနေသနည်း
ထိုလူနှစ်ယောက် မျက်နှာမူထားသည့်နေရာအား
လွမ်းကြည့်လိုက်ရာ တွေ့လိုက်ရသည်က
ရှိန်းနှင့် mizzy

သည်လူတွေ ဘာလုပ်မည်နည်း လွမ်းမှာ အတွေးများ
ပျံ့နေစဉ် ထိုလူနှစ်ယောက်မှာ ထိုင်နေရာမှ ထလာပြီး
ရှိန်းနှင့် mizzyထံ ဦးတည်လာလေသည်
ထိုအချိန်မှာ အချိန်ကိုက် ရောင်းဝယ်ရေးဆိုင်တဆိုင်မှ
လျော့ဈေးရှိသဖြင့် လူတိုးနေသောအချိန်
သည်အချိန်တွင်တယောက်ယောက်အား ဓားဖြင့်
မသိမသာထိုးသတ်လိုက်ရင်တောင် မည်သူမှ မရိပ်မိနိုင်
ပါ

လွမ်းမှာ ထိုသူများဘာလုပ်မည်နည်းဟု အတွေးများနေစဉ် အမှန်တကယ်ပင် ထိုသူထဲမှတယောက်က လက်ထဲမှ
ဓားအား အကျီ င်္ကြားမှမသိမသာထုတ်လာလေသည်
မည်သူမျှသတိမထားမိကြသော်လည်း အခြေနေအား
အကဲခတ်နေသူ လွမ်းအဖို့ ရှင်းလင်းစွာမြင်နေရပါသည်
လူအများလည်း အစောပိုင်းကထက်
သုံးဆလောက်တိုးလာလေသည်
လွမ်းမှာ အော်၍လည်းမဖြစ် လူများနေသောကြောင့်
ရှိန်းမှာ သူ၏အသံအားကြားနိုင်မည်မထင်

ယခုအချိန်တွင် လွမ်းသည် မည်သည်မျှမတွေးနိုင်တော့
သူ့စိတ်ထဲတွင် ထိုဓားမှာ ဘယ်အချိန်ရှိန်း၏ခန္ဓာကိုယ်
ထဲသို့ဝင်ရောက်ထိုးဖောက်သွားမည်ကိုပင်
ထို့ကြောင့် လွမ်းမှာ ထိုလူအုပ်ကြားထဲ ပြေးဝင်သွား
ရာ ရှိန်းအား ထိုးစိုက်မည့်ဓားမှာ ပို၍နီးသထက်နီးလာသော်
လည်းရှိန်းသည် ထိုအရာအားနောက်ကျောပေးထား
သဖြင့် သတိမထားမိလိုက်ပါ

The Innocent Revenge(Completed)Où les histoires vivent. Découvrez maintenant