part(3)
""သတိထားသယ်ကြ""
""ဟုတ်ကဲ့""
လွမ်းမှာ ရှေ့ဆက်လဲမတိုးမိ နောက်လည်းမဆုတ်မိပါ
ပဲ ထိုအမိန့်ပေးနေသည့်သူအနား အတိုင်းသား
ရပ်နေလျက်ရှိလေသည် ထိုသူမှာတော့သူ့အားသတိ
မထားမိသေးခဏကြာသော် ထိုသူထံ အခြားသောဝန်ထမ်းတယောက်
မှာ တစ်ပေခွဲပတ်လည်အရွယ်ရှိ ကြွေပန်းအိုးတလုံးအား
မနိုင်မနင်းနှင့်သယ်ယူလာကာ""လက်ထောက်မှူး ဒါကိုဘယ်မှာသွားထားရမလဲဗျာ""
ထိုဝန်ထမ်းအား လက်ထောက်မှူးမှ အလိုမကျဟန်ပြန်
ကြည့်လိုက်ကာ""အော် မင်းကတော့ကွာ ဒါကိုဘောစ့်ရဲ့အခန်းမှာ
သွားထားလိုက် သထိထားသယ်နော် ဒါဘောစ့်ရဲ့
သဘောအကျဆုံး ကြွေပန်းအိုး နယူးဇီလန်ကနေတောင်
မှာထားရတာ ကျကွဲသွားရင် မင်းတသက်ပြန်လျော်
နိုင်မှာတောင်မဟုတ်ဘူး""""ဟုတ် ဟုတ်ကဲ့ခဗျ""
ထိုဝန်ထမ်းဖြစ်သူမှ ကြွေပန်းအိုး အားသတိထားသယ်ယူ
ကာ ထွက်သွားရန်ပြင်စဉ် လက်ထောက်မှထိုဝန်ထမ်း
အား ပြန်ခေါ်ယူကာ""နေအုံး မင်းသွားမပို့နဲ့""
ဟုဆိုကာ ဘေးတချက်လှည့်ကြည့်လိုက်ရာ အနားတွင်
အခန့်သာရပ်နေသည့် လွမ်းအားတွေ့လိုက်ရာ
ထိုလက်ထောက်မှ လွမ်းအားလက်ညိုးထိုးပြရာ""ဟိုတယောက် ဒီကိုလာခဲ့""
သူ့အားခေါ်နေမှန်းလွမ်းသိသဖြင့် လွမ်းမှာ ထိုလက်
ထောက်အနားသို့ ခြေလှမ်းလာလေသည်""မင်း ဘောစ့်ရဲ့အခန်းကိုသိတယ်မလား ဒါဆိုရင်
ဒီပန်းအိုးကိုဘောစ့်ရဲ့အခန်းမှာသွားထားလိုက်""""ကျွန်တော်ကလား""
လွမ်းမှာသူ့ကိုယ်သူလက်ညိုးပြန်ထိုးကာ မေးလာသဖြင့်
ထိုသူမှစိတ်မရှည်ဟန် ကျစ်တချက်စုတ်လိုက်ကာ""မင်းမဟုတ်ရင်ဘယ်သူရှိမလဲကွ မင်းသွားထား
ဒီကောင်ကို ငါတခုခိုင်းစရာရှိသေးလို့""လွမ်းမှာ ကြောင်တောင်တောင် ဖြင့်ထိုဝန်ထမ်းလက်ထဲမှ
ကြွေပန်းအိုးအားလွဲယူလိုက်ရာ
YOU ARE READING
The Innocent Revenge(Completed)