The Innocent Revenge
၃နှစ်ခန့်ကြာပြီးနောက်
၂၀၁၅ခုနှစ် ဇွန်လ
ယနေ့တွင်ပဲ ရှိန်းသည် သြဇီသို့လာပြီးပညာသင်သည်မှာ
သုံးနှစ်တင်းတင်း ပြည့်သွားလေပြီ သည်လိုပဲ
သူ့ဘဝထဲမှတစုံတယောက် ထွက်သွားခဲ့သည်မှာလည်း
သုံးနှစ်ကြာခဲ့ပြီး ယခုဆိုလျှင် ရှိန်းသည် သြဇီမှ
ဘွဲ့တခုရ၍ မြန်မာနိုင်ငံကိုသာပြန်လာလျှင်
အလုပ်ကောင်းတခုလောက်တော့ ရမည်မှာသေချာသည်သူပြန်ချင်ခဲ့သည် လွန်ခဲ့သည့် သုံးနှစ်ကတည်းမှစ၍
ချုပ်တည်းထားသည့် ပြန်ချင်စိတ်အား ယခုတော့ဖြည်ချ
လိုက်၍ ရပြီးထင်သည် အကြောင်းမှာ ရှိန်းသည်
ယခုမြန်မာနိုင်ငံသို့ပြန်ရန် လေဆိပ်ပင်ရောက်နေပြီးလေ
ရှိန်းမှာ အထုတ်ပိုးသယ်ကာ လေဆိပ်ထဲဝင်သွားလေသည်ရှိန်း၏ပုံစံမှာ လွန်ခဲ့သည့်သုံးနှစ်နှင့်မတူတော့ပဲ
အားလုံးပြောင်းလဲလာသည်
ဆံပင်ပုံစံက အစ ဝတ်စားဆင်ယင်မှုနဲ့ အနေထိုင်အဆုံး
အားလုံး ပြောင်းလဲသွားသည်
မပြောင်းတာတခုက သူရဲ့ ငွေရောင်သန်းနေတဲ့ဆံပင်
တွေရှိန်းမှာ လေယာဉ်ပေါ်ထိုင်ရင်းနှင့်ပင် နားနှစ်ဖက်လုံး
တွင် နားကပ်အား ထိုးထားလိုက်သည်
ထို့နောက်အတန်ကြာသောအခါ မြန်မာ့လေဆိပ်သို့
ဆိုက်ရောက်လာသည်
ရှိန်းမှာ လေယာဉ်ပေါ်မှဆင်းကာ သူ၏များလှစွာသော
အထုတ်ပိုးအား သယ်ရင်း လေဆိပ်မှ ထွက်လာရန်
ပြင်လိုက်သည်အခုမှ ပထမဆုံး ပြန်ရှူရှိုက်ခွင့်ရတဲ့ မွေးရပ်မြေကလေခိုး
လေငွေ့""ရှိန်း ရှိန်း ငါဒီမှာ""
နာမည်ကြားရ၍ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်
တော့ တွေ့ပြီးလေ ဘယ်တည်းက သူ့အား
လာစောင့်နေလဲမသိသည့် ဟန်ဟန်ကိုသည်လိုနှင့်သာ အထုတ်ပိုးသယ်ပြီး ဟန်ဆီသို့
ရှိန်းတယောက်ဦးတည်ရာလျှောက်လာလိုက်သည်
သူ့အနားရောက်သော် ဟန်သည်ရှိန်းအား တင်းကြပ်စွာ
ပွေ့ဖက်လိုက်လေသည် သူ့မျက်နှာမှာလည်း ပီတိအပြုံးလေး
တွေနှင့်""ဟေ့ကောင် ငါမင်းကိုအရမ်းသတိရနေတာ
ပြပါအုံး နိုင်ငံခြားမှာနေလာရတဲ့ မျက်နှာလေး""
YOU ARE READING
The Innocent Revenge(Completed)