အပိုင်း(၂၄)

894 61 0
                                    

The Innocent Revenge

သည်နေ့မှာ စံ ကျောင်းတက်ရမည့်ပထမဆုံးသောနေ့
ဖြစ်သည် ထို့ကြောင့်လည်း လိုအပ်သည်များကို
ဦးမြင့်ကသာ စီစဉ်ပေးသည် သီးသန့်driverငှားကာ
ကျောင်းအကြိုပို့လုပ်ပေးသည် ဖြိုးမှအလုပ်သွားရ
သဖြင့်စံအား သေချာဂရုမစိုက်ဖြစ် ထို့ကြောင့်လည်း
ဦးမြင့်အား လိုလေသေးမရှိစေရန် အိမ်န့ပေးထားခဲ့
ခြင်းပင်

စံမှာလည်း အရင်ကလောက် ဖြိုးအားမကြောက်
တော့ပေ သူ့အား အလိုမတူညင်းပန်းနှိပ်စက်ခြင်း
မပြုတော့ပဲ မျက်နှာတင်းထားရုံမှအပ ကျန်သည်မှာ
အလုံးစုံအဆင်ပြေသည်
ဖြိုးမှာလည်း စံအား တန်ဖိုးထားကာ တခါတရံ
အလိုမကျကာ အော်ရုံမှလွဲ၍ ရိုက်နှက်ခြင်းမပြုတော့ပေ
အင်းးး ညအိပ်ချိန်တိုင်း စံကိုဖက်ခေါင်းအုပ်လေးလို
ဖက်အိပ်ပြီး နိုးလာတာနဲ့ စံရဲ့နဖူးပြင်လေးကို နမ်းနေတာကလွဲရင်ပေါ့

စံမှာ ဖြိုးအားနှုတ်ပင်မဆက်တော့ပဲ ကားပေါ်တက်ကာ
ကျောင်းသွားနေလေပြီ ပထမဆုံး တက္ကသိုလ်တက်ရ
မည့်နေ့မို့ စံစိတ်လှုပ်ရှားနေသည်လည်းပါမည်
စံ၏ကား ထွက်သွားတော့မှ ဦးမြင့်မှာ အိမ်ထဲဝင်လာ
လေသည် ထိုအခါ အိမ်ပေါ်မှလည်း အလုပ်သွားရန်
ဖြိုးဆင်းလာသည်

""သခင်ကြီး""

""ကျောင်းသွားပြီးလာ""

""ဟုတ်ကဲ့""

""သေချာ ဂရုစိုက်လုပ်အုံး ကျောင်းမှာ ဘာပြသနာမှ
တက်တာ မကြားချင်ဘူး တယောက်ယောက်ကသာ
ကလေးကို ရန်ရှာလာရင် ကျောင်းသာထုတ်ပစ်
ဖို့ပြောလိုက်""

""ဟုတ်ကဲ့""

""ဒါနဲ့ ညီက အခုထိ ပြန်မလာသေးဘူးလာ""

""အကိုလေးက ဒီနေ့ပြန်ရောက်လာမယ်လို့တော့
ပြောပါတယ်""

""ဟုတ်လား ""

ထိုမျှသာပြောပြီး ဖြိုးမှာအလုပ်သာ သွားလိုက်လေသည်
ယခင်က ညီတယောက်တည်းကိုသာ ဂရုစိုက်ရန်လိုအပ်
ခဲ့သော်လည်း ယခုမှာမူ ညီ မဟုတ်သည့်ညီတယောက်
တိုးလာပြန်လေသည် ဖြိုးသည် ဘယ်သောအခါ
ကမှပြောင်းလဲခြင်းမရှိခဲ့ပါ သို့သော် ထိုလူသား
နှစ်ယောက်ရှေ့တွင်တော့ ဖြိုးမှာ ဦးဆောင်လမ်းပြ
ပေးနိုင်သည့် သူတယောက်ဖြစ်ချင်ခဲ့သည် ညီကဲ့သို့
ချစ်ရသူနှင့် မရင်းနှီလှသည့်သူစိမ်းအား တန်ဖိုး
ထားမိသည့်သူ့အဖို့ ကြည့်ရသည်မှာသူ့ဘဝသည့်
အနည်းဆုံးတော့ အဓိပ္ပါယ်ရှိလာပြီး ထင်ပါသည်












The Innocent Revenge(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ