မုန်းပါနဲ့ဦး
အပိုင်း (၁၄)
#မုန်းပါနဲ့ဦး"သွပ်…"
ဒီပါ တစ်ညလုံး တောင့်တောင့် ကြီး ဝှီးချဲပေါ်မှာ သတိထား အိပ်ခဲ့ရလို့ ခေါင်းအစ ခြေဖျားအဆုံး အကြောတွေ တင်းနေပြီ…။
"နိုးပြီးလား.."
"ဟင်.."
ကုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး မေးကို လက်နှစ်ဖက်ထောင်ခါ ကြည့်နေတော့ ဒီပါ ကြောင်သွားရသည်..။
ဟုတ်သားပဲ ဒီပါ့ရဲ့ သတိုးသမီး မျောက်လောင်းလေး..။
တွန့်တက်နေတဲ့ မျက်ခုံးတွေကို နေရာ ပြန်ပြင်ရင်း ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ရသည်..။
"အချစ် နိုးတာ ကြာပြီ…ဦးဒီက ကို စောင့်နေတာ.."
"ဘာဖြစ်လို့လည်း.."
ဒီပါ ဝှီးချဲ ခလုတ်ကို နှိပ်လိုက်ပြီး အောက်ပိုင်းကို ခေါက်ချရင်း မေးလိုက်တော့ မေးထောက်ထားတဲ့ လက်ကို ပြန်ထောက်ပြီး ထထိုင်လိုက်သည်..။
ခေါင်းကို ဖွာနေအောင် ကုပ်လိုက်ပြီး အလိုမကျတဲ့ ဂျစ်ဆိုးမလေးလို နှုတ်ခမ်းတစ်ဖက် ကို မဲ့လိုက်ခါ ကုတင်ပေါ်ကနေ မတ်တက်ထပြီး ခုန်ဆင်းလာသည်..။
"ဗိုက်ဆာလို့ပေါ့…..ဦးဒီက ဘာဖြစ်လို့ ဒီမှာ အိပ်တာလည်း.."
"ကောင်မလေး လွတ်လွတ်လပ်လပ် အိပ်လို့ရအောင်ပါ…"
"အဟား…အသက်ကြီးပြီး လိမ်တက်တယ်…..အချစ် အအိပ်ကြမ်းလို့မလား…အဒေါ်တောင် အချစ်နဲ့ တူတူ အိပ်ဖို့ကြောက်တယ်…အေးနေရင်တော့ မကြမ်းပါဘူး..ကွေးပြီး ငြိမ်ငြိမ်လေး အိပ်ပါတယ်…"
"အင်း…ညတုန်းက ပန်းအချစ်ဦး အေးနေမှာစိုးလို့ အဲကွန်းပိတ်လိုက်တာ.."
"ဦးဒီက ဆင်းပြေးရအောင် အချစ် ကြမ်းသွားလား.."
"အဟွင်း…အဲလောက်တော့ မဟုတ်ပါဘူး..ခြေထောက်ကို ထိလို့ပါ…"
"အင်း..အင်း..လာ မျက်နှာသစ်ပြီး အောက်ဆင်းရအောင် အချစ်တော့ ဗိုက်ဆာတာသေတော့မယ်…"
"ရပါတယ်….ဒီက ကိုယ်လက်သန့်စင်ပြီးရင် ထွက်လာခဲ့မယ်လေ….ကောင်မလေးပဲ.. စားနှင်လိုက်ပါ.."
"မရဘူး..မရဘူး…အချစ် မနက်က ဆင်းပြီး သွားပြီ…အဒေါ်က မကျွေးပဲ ပြန်လွှတ်လိုက်တယ်ရှင့်….နိုးတော့မှ တူတူဆင်းလာခဲ့တဲ့….ဟူး..မြန်မြန်လုပ်ပါ ဦးဒီက ရဲ့…"
ဒီပါ မလှုပ်ရှားခင် ဝှီးချဲကို အတင်းတွန်းပြီး ရေချိုးခန်း ထဲ လိုက်ပို့တော့ မျက်လုံးပြူးနေရသည်..။
သွားတိုက်တံပြင်ပေးပြီး မျက်နှာသုတ် တာဝါကိုင်ခါ စောင့်နေတော့ စိတ်ညစ်ရသည်..။
"ပန်းအချစ်ဦး အပြင်ထွက်နေပါ.."
"ဟမ်..သြော်..အမ်း…ဦးဒီက ကိစ္စ ပြီးရင် ခေါ်လိုက်နော်…တော်ကြာပြုတ်ကျပြီး ထပ်ကျိုးနေမယ်…"
အိပ်ယာထချိန် အမင်္ဂလာ စကားကြားလိုက်ရပေမဲ့ ဒီပါ တစ်ချက်ပြုံးမိပြီး ခလုတ်နှိပ်ခါ ဝှီးချဲကို ပုံစံ ပြောင်းလိုက်သည်..။
ကိုယ့်ကိုယ်ကို ဝှီးချဲနဲ့ နေရတာ စိတ်မကောင်း ဖြစ်ရသလို အလုပ်တွေကို ကိုယ်တိုင် ဦးမစီးနိုင်တာ ဒေါသထွက်ရသည်..။
ဖေကြီးနဲ့ ရူပါတို့က မျက်ခြေမပြတ် စောင့်ကြည့်ပြုစုနေတော့ ကိုယ့်ကိုယ်ကို ပိုပြီး သိမ်ငယ်စေသည်..။
အခုတော့ တကယ့်ကို မညှာမတာ အပြောကြမ်းတဲ့ ကောင်မလေးရဲ့ စကားကြောင့် ပြုံးရတော့သည်..။
ထပ်ကျိုးမယ်တဲ့လေ…။
ဖေကြီးတို့ စီစဉ်တုန်းကတော့ ခေါင်းမညိတ်ချင်ပေမဲ့ အမိန့်အရ လက်ခံလိုက်ရသည်..။
ကလေးအရွယ် ကောင်မလေး ကို လက်ထပ်ရမယ်ဆိုတော့ ဒီပါကလည်း နေမကောင်းလို့ စိတ်ကသိပ်မကြည်..။
ဒီကြားထဲ ယူထားတဲ့ မိန်းမက တငိုငို ဖြစ်နေရင် ဒါမှ မဟုတ် ညပိုင်းမှ နှစ်ကိုယ်ကြား ပြသာနာရှာရင် ဆိုတဲ့ အတွေးနဲ့ စိတ်ပူရသည်..။
စာကြည့်ခန်းထဲမှာ ကုတင်ထည့်ရင် ဖေကြီး သိမှာ စိုးလို့ အိပ်ဖို့ ခုံတော့ စီစဉ်ထားသည်..။
ပန်းအချစ်ဦးဆိုတဲ့ ကောင်မလေးက အိပ်ယာပေါ် တက်ပြီး ခုန် နေတော့ အံသြရသည်..။
ပြောလိုက်တဲ့ စကားကလည်း ခပ်ရှင်းရှင်းပင်…။
"မကြောက်ပါဘူး…အချစ်က လူကောင်း…ဦးဒီက က အကျိုး.." တဲ့လေ…။
"ဦးဒီက မြန်မြန်….၀င်းရောက်နေပြီ…"
"အင်း.."
အပြင်က တံခါးထုပြီး အော်နေတော့ ဒီပါ သွားတိုက်ပြီး မျက်နှာ ကပျာကယာ သစ်လိုက်ရသည်..။
မျက်နှာပေါ်က စိတ်ပျက်လို့ ရှည်ချင်တိုင်း ရှည်နေတဲ့ အမွှေးအမျှင်တွေကိုလည်း မရိတ်ဖြစ်သေးပါဘူး..။
ဒီပါ့ အတွက် အခန်းထဲမှာ ပဲ ကမ္ဘာ တစ်ခု တည်ဆောက်နေရတဲ့ ဘ၀…။
"လာ…"
"ရတယ်.."
"အချစ် က ဦးဒီက ရဲ့ အလုပ်သမားလို့ တွေးပါဆို.."
"အလုပ်သမားလည်း ဒီလို လုပ်ပေးစရာမလိုပါဘူး.."
"အချစ်က အထူးစပရှယ် အလုပ်သမား.."
ပြောရင်း ဆိုရင်း တာဝါကို ခေါက်ကိုင် ပြီး မျက်နှာကို သုတ်ပေးတော့ ငြင်းဆန်ချင်ပေမဲ့ ငြင်းလို့မရတာ ကြိုသိနေသည်..။
လက်တွေ့မှာဆို ဒီလို စကားနားမထောင်တဲ့ ကလေး အရွယ် ဝန်ထမ်းမျိုးကို အလုပ်ခန့်မယ်များ ထင်နေသလား ပန်းအချစ်ဦးရယ်..။
"သြော်….သတို့သားကြီး အိပ်ရာထ နောက်ကျတယ်နော်….ဟား..ဟား.."
"ညီရာ…မစစမ်းပါနဲ့.."
"ကိုကို ဘယ်တုန်းက ဒီအချိန်ထိ အိပ်ဖူးလည်း….ဒါကြောင့် ပြောတာပေါ့ အိမ်ထောင်သည် တွေ အိပ်ရေးပျက်တယ်ဆိုတာ ခုသိပြီမလား."
"အင်း.."
"ဟား..ဟား…"
"ဟာ..ဒီက အဲလို ပြောတာ မဟုတ်ဘူး.."
ဦးဒီက နဲ့ အသည်းလေး က စကားပြောရင်း ရယ်မောနေတော့ အသည်းလေးကို ငေးရင်း ကော်ဖီ ပန်းကန်ယူပြီး ဦးဒီက ရှေ့ကို ချပေးလိုက်သည်..။
"အဒေါ်တို့ ဖေကြီးတို့ကော…"
"အဘိုးက မနေ့ကတည်းက ကိုကို့ ရဲ့ ရည်းစားဟောင်းကို အစွဲချွတ်ပြီး ဘ၀ကူး ကောင်းအောင်ကြံဆောင်နေတယ်… အဒေါ်တော့ ကြီးကြီးနဲ့ စျေးလိုက်သွားတယ်ထင်တယ်.."
"သြော်…ဒါကြောင့် ညတုန်းက အိပ်မက်မမက်တော့တာပေါ့….."
"ဦးဒီက …ကိတ်မုန့်စားမလား…"
"အင်း…"
အချစ်ရှေ့က ပန်းကန်ထဲမှာ တွေ့တဲ့ ကိတ်မုန့်ကို ဖောက်လိုက်ပြီး လှမ်းပေးတော့ အသည်းလေးက မျက်ခုံးပင့်ပြီး ပြုံးစေ့စေ့ လုပ်နေသည်..။
"အသည်း..အဲ အကိုကြီး ကော စားမလား.."
"စားပါဘူး..စားပါဘူးဗျာ….အရမ်းတွေ ချစ်ပြနေသလိုပဲ.."
"ဟင်…"
"တစ်ညတည်းနဲ့ အချိုးလေးတွေ ပြောင်းလို့ …ကိုကို ဘာဆေးကျွေးလိုက်ပါလိမ့်….မနေ့က မျက်ရည်ကျမှာ စိုးလို့ မနည်း ချော့ထားခဲ့ရတာ…ခုကျတော့လည်း ကိတ်မုန့်က အစ ခွံကျွေးတော့ တစ်မျိုးပဲ…ပန်းအချစ်ဦးရဲ့…"
"သြော်…ဒါလား…အချစ်က ဦးဒီက ရဲ့ အလုပ်သမားကိုး..ဒါကြောင့် လိုအပ်တာ လုပ်ပေးနေတာပေါ့…"
"ဘယ်လို…ဘယ်လို…."
အသည်းလေးက ကော်ဖီခွက်ကို နေရာရွေ့ရင်း စိတ်၀င်တစား မျက်လုံးဝိုင်းပြီး မေးတော့ အချစ် ဟန်ပါပါ ပြုံးလိုက်ခါ..။
"ဒီလိုလေ…ဦးဒီက နဲ့ လက်ထပ်ရတာ အချစ် စိတ်ဆင်းရဲတယ်…ဒါကြောင့် အစီအစဉ် တစ်မျိုးပြောင်းထားတယ်… အချစ်က ဦးဒီက ရဲ့ အလုပ်သမား လုပ်ပြီး လခ သုံးသိန်းရမယ်…ဦးဒီက ဝေယျာဝေစ္စတွေ အားလုံး လုပ်ပေးရမှာပေါ့…ဦးဒီက လည်း အဲလို နေဖို့ သဘောတူထားတယ်…"
"ဟာ…ဟုတ်လား ကိုကို…"
အသည်းလေး က မျက်လုံးပြူးရင်း မေးတော့ ဦးဒီက ကော်ဖီသောက်ရင်း နှုတ်ခမ်းစေ့ခါ ခေါင်းညိတ် ၀န်ခံပေးသည်..။
"ဟူး…"
"ဟဲ..ဟဲ…ဒါဆို…ဦးဒီက နဲ့ အချစ် အဆင်ပြေပြီလေ…"
"အဲလို မဟုတ်…ထားလိုက်ပါတော့….ဘာတွေ မှန်းလည်း မသိဘူး…"
"ဖေကြီး မရှိတုန်း ဒီက ခြံထဲ ဆင်းလိုက်ဦးမယ်…"
"ကိုကို ခြံတံခါး အပြင်ကို မသွားနဲ့နော်…"
"အင်း…"
ဦးဒီက ထွက်သွားတော့ အချစ် လိုက်သွားရမှာ သိပေမဲ့ အသည်းလေး ကော်ဖီ သောက်နေတာကို မေးထောက်ပြီး ကြည့်နေမိသည်..။
"ဘာဖြစ်လို့လည်း ညီမလေး.."
"ဟိ..သဘောကျလို့ပါ…"
"ဟင်.."
ကော်ဖီခွက်ကို နှုတ်ခမ်းဝတေ့ပြီး မျက်ခုံးပင့်သွားတော့ အချစ် သတိ၀င်ပြီး ရယ်ကြဲကြဲဖြင့် လက်ခါ ရသည်။
"အချစ် သူငယ်ချင်းတွေက ၀င်း ကို အရမ်းကြိုက်ကြတယ်…အချစ်က အခု ရှေ့မှာ ထိုင်နေခွင့်ရတာ သဘောကျလို့ပါ…"
"ဟား..ဟား…တော်သေးတာပေါ့ ညီမလေး သူငယ်ချင်းတွေ လိုက်သာ လာရင် အကိုတော့ ဒုက္ခပဲ…"
"ဟုတ်တယ် သူတို့က ကဲတယ်…"
"ညီမလေး က မကဲဘူးပေါ့လေ…"
"အချစ်က သိပ်မကဲပါဘူး.."
"နည်းနည်းတော့ ကဲတယ်ပေါ့လေ…"
"အာ…ကိုကြီးကလည်း…"
အချစ် ခေါင်းက ဆံပင်တွေကို ပွတ်သပ်ပြီး ကော်ဖီခွက်ချခါ ထွက်သွားတော့ အချစ် လိုက်ငေးနေရင်း ဗိုက်ဆာတာ သတိရတော့သည်..။
"မေဖူး…"
"သြော်…အစ်မလေး နိုးပြီလား.."
"အင်း…အစ်မလေးလို့ မခေါ်ပါနဲ့ အချစ်ပဲခေါ်...အချစ် ဘာကူရမလည်း.."
"ရပါတယ် အချစ်ရယ်…"
"ဦးဒီက ရဲ့ အလုပ်တွေ အချစ်လုပ်ပေးချင်လို့ပါ…"
"ဦးဒီက…"
"အဲ…မျိုးချစ်ဒီပါလေ.."
"သြော်..…ကိုကြီးရဲ့ အလုပ်သိပ်မရှိပါဘူး…ဟင်းလည်း ရတာ စားပါတယ်…ဒီနေ့တော့ ကြက်သားကြော် လုပ်ပေးရမယ်တဲ့.."
"အဲဒါ ကူပေးမယ်ရှင့်…နောက်ဆိုရင် အချစ်ပဲ လုပ်ကျွေးရမှာလေ.."
"သြော်…နိုးနေပြီလား.."
"ဟင်…အဒေါ်ကလည်း တူမလေးကို ချစ်လိုက်တာ လျှောက်ချည်းလည်နေတယ်.."
"ဟဲ့….ရောက်တုန်းရောက်ခိုက် သွားရလာရတာပေါ့ဟဲ့.."
"အချစ်ကတော့ ဒီမှာ…ဦးဒီက အတွက် ဟင်းချက် သင်မလို့…သိလား…ကြီးကြီး"
" အင်း..အင်း.. ….ကြီးကြီးကတော့ သမီးလေး ဒီလို စိတ်ရှိတာ ပျေ်ာတယ်…သားလေး က မိဘမဲ့လေး ဆိုတော့ မိန်းမက ဂရုတစိုက်ရှိတာ သူ သိပ်ပျော်ရှာမှာပဲ…ဒီနေ့ ကြီးကြီး ချက်တာ ကြည့်ပေါ့.."
"ဟုတ်…"
အချစ် မီးဖိုခန်းထဲ ပြန်၀င်သွားတော့ မေဖူး က ကြက်သားတွေကို အမှုန့်ထည့်ပြီး လက်အိတ်နဲ့ နယ်နေသည်..။
တော်တော်ကြီးကျယ်တဲ့ အိမ်ကြီးပဲလို့ မှတ်ချက် ပြုရင်း သူလုပ်တာတွေ ရပ်ကြည့်နေမိသည်..။
"ကိုကို.."
"ဟင်.."
"တကယ်ကြီးလား.."
"ဘာကိုလည်း.."
"ဟိုကောင်မလေး ပြောသွားတဲ့ အလုပ်သမားဆိုတာလေ…"
"အင်း…သူ ပျော်သလို တွေးပြီး နေတာပဲ…မကောင်းဘူးလား.."
"ဟာ..ကိုကိုရာ.."
ဒီပါ့ ဘေးက ခုံမှာ မျက်မှောင်ကြီးကြုတ်ပြီး ထိုင်ချလိုက်တဲ့ ရူပါ့ကို ကြည့်ခါ ဘာပြောတော့မယ် ဆိုတာ ကြိုသိနေသည်..။
"ကိုကို က ဘာဖြစ်လို့ အဲလို လျှောက်ပြောတာ လက်ခံလိုက်တာလည်း.."
"ခြေထောက်ကျိုးပြီး ဝှီးချဲနဲ့ သွားနေရတဲ့သူ တစ်ယောက်…သူ့ထက် အသက် ဆယ်နှစ်ကြီးနေတဲ့ ယောင်္ကျားရင့်မာကြီး တစ်ယောက်….မပြင်မဆင်မို့လို့ အဘိုးကြီး ပုံစံ ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ဇနီးလောင်းလေး အဖြစ်
ဘယ်လိုစိတ်မျိုးနဲ့ သူနေနိုင်မလည်း..ညီ…"
"မဟုတ်သေးဘူးလေ.."
"မနေ့တနေ့ကပဲ သူ့သူငယ်ချင်းတွေနဲ့ လျှောက်လည်နေသေးတယ်လို့ ပြောတယ်..ဒီလို မိန်းကလေး တစ်ယောက်ကို ဒီနေ့ တော့ အိမ်ထောင်ရှင်မ ဖြစ်ပြီ ဒီလိုနေ ဒီလို ထိုင်လို့ ပြောရမှာလား..ဒီက တော့ အဲလို လုပ်ရင် သူ စိတ်ညစ်ရသလို ဒီက လည်း မတရားဘူးလို့ပဲ ထင်တယ်.."
"ဒါပေမဲ့..ကိုကို ပြောလိုက်ပုံက..အမြဲ အဲလို ပေါ့ပေါ့တွေးနေရင်….. မကောင်းဘူးလေ.."
"အမြဲအတွက်တော့ ဘယ်ဟုတ်မလည်း...
ဒါပေမဲ့ ဒီက ပြန်ပြီး ကျေးဇူးတင်ရဦးမယ်… ကလေးအရွယ်ပဲ ရှိသေးတဲ့ သူသာ တရှုံ့ရှုံ့ ငိုနေရင် စိတ်ဆင်းရဲရမယ်…အခုတော့ သက်တောင့်သက်သာနဲ့ အနားမှာ နေနိုင်တာ စိတ်ကူးယဉ်အတွေးကြောင့်ပေါ့.. သူ့စိတ်ကူးလေးနဲ့ သူပျော်သလို နေပါစေလေ…ဇနီးမယားလို ပေါင်းသင်းနေထိုင်ဖို့ကတော့ သူ တအားငယ်သေးတယ်…ပုံစံတွေ အများကြီး သင်ပြပေးရဦးမယ်…ငယ်ရွယ်လွတ်လပ်မှုတွေ ဆုံးရှုံးပြီး ဒီအိမ်ကို ရောက်လာတာပဲ သနားဖို့ကောင်းနေပြီမလား…သူ့ဘ၀က အတောင်ပံတွေကို အသုံးပြုပြီး အပျံသင်စ အရွယ်မှာ လှောင်အိမ်ထဲ ဲ ရောက်လာတဲ့ ငှက်ကလေး လိုပဲ…ဒီက လည်း သူ့ကို ကလေး တစ်ယောက်လိုချစ်ပါတယ်…သူ စိတ်ချမ်းသာ သလို တွေးပေမဲ့ ..ကိုယ် မသတ်မှတ်ရင် ပြီးတာပဲလေ…"
"ဟူး..ကိုကို က ဆယ့်ခြောက်နှစ်လေး ရထားလို့ ညီ ကြိတ်ပျော်နေတာ…အခုတော့ မကြီးမငယ်နဲ့ သရုပ်ဆောင် တမ်း ဆော့ နေကြတာပဲ…ကောင်မလေးကလည်း ကလေး မဟုတ် လူကြီး မဟုတ်လေး…ခေါ်တာလည်း ဦးဒီကတဲ့..နည်းနည်း ပြင်ခိုင်းပါဦး..ကိုကိုရာ…"
"အဟွင်း…သူခေါ်ချင်သလို ခေါ်ပါစေ.."
"မိန်းမရတာ တစ်ရက်ပဲ ရှိသေးတယ်…အလို တော်တော်လိုက်နေတာ..သိပ်မလိုချင်ရှာဘူးနော်…အဲဒါ ကိုကို့ မျက်နှာနဲ့ ဆံပင် ရှည်တွေကြောင့်လေ…ညီ တစ်ခါတည်း ညှပ်ပေးမယ်.."
"နေပါစေ…ဒီက အစီအစဉ် တစ်ခု ရှိလို့ပါ…"
"ဘာလည်း…"
"ကားတိုက်ခံရတာ မတော်တဆ မဟုတ်ဘူးထင်တယ်…"
"ဟုတ်တယ်လေ….သရဲမ လုပ်တာလေ…"
ဒီပါ့ စကားကို သဘောမပေါက်လို့ ရူပါ့ကို ကြည့်ရင်း သက်ပြင်းသာ ခိုးချရသည်..။
သရဲတကယ်ရှိတယ်ဆိုရင်တောင် သရဲက ကားမောင်းတက်မလား…ပြီးတာ့ ကားက ရင်းနှီးတဲ့ သူ တစ်ယောက်ယောက်ဆီမှာ သေချာတွေ့ဖူးခဲ့သည်..။
ဘယ်သူဆိုတာသာ စဉ်းစားလို့မရတာပါ …ဒါကြောင့် မတော်တဆ မဖြစ်နိုင်..။
ဒီပါ လူတွေလွှတ်ပြီး စုံစမ်းတာလည်း ဘာမှ အခြေအနေ မထူးသေးတာမို့ အိမ်ထဲမှာ နေရ ထိုင်ရတာတောင် သတိအနေအထား ဖြစ်နေသည်..။
"သြော်…ဦးဒီက…အပြင်မှာ အေးတယ်…အထဲ ၀င်ပါ…"
"နေပါဦး…ဖေကြီး မရှိတုန်းလေး ထွက်ရတာပါ…ပန်းအချစ်ဦးရယ်.."
"ဟား..ဟား..တောင်းတောင်းပန်ပန်လေး ပြောနေတာ သနားစရာပဲ…"
"အဟွင်း.."
"တွေ့လား…တွေ့လား…အချစ်က ရိုင်းစိုင်းတဲ့ သူ ဖြစ်ပြီ…ဦးဒီက ကလေ…အဘိုးကြီးလိုပဲ သိလား ၀င်း…အဲ အကိုကြီး…သိလား....မင်းတို့ ငါတို့လည်း မပြောတက်ဘူးတဲ့…ဒီက ..ဒီက နဲ့ ပြောတာလည်း ဘယ်လိုကြီးမှန်းမသိဘူး.."
ဒီပါ့ ဝှီးချဲပေါ် လက်ဖိထောက်ပြီး ရူပါ့ကို တိုင်နေတော့ ဘာမှ မပြောတော့ပဲ ငြိမ်သာနေလိုက်ရသည်..။
"ဟား..ဟား…ဆရာမလေး ပြောနေပြီ…ကိုကိုရေ….ဟုတ်တယ်…ညီမလေးရေ….ကိုကို့ကို ဒီပုံစံကြီး ဖြစ်အောင် အဘိုးက ပုံချထားတာလေ…ဒါကြောင့် အခုလို ဖြစ်နေတာပေါ့…"
"ဟင်း…အသက်ကကြီးပြီး စကားပြောတာ ကလေးလို ဖြစ်နေတယ်….ပြင်ရမယ်…ပြင်ရမယ်…"
"ပြင်စေချင်ရင်…ကောင်မလေး နဲ့ ဖေကြီး တိုင်ပင်ပါဦး..တစ်ယောက်တစ်မျိုး ဖြစ်နေရင် ဒီက သေရလိမ့်မယ်.."
"ဟား..ဟား..ဒီက ပြန်ပြီ….ဦးဒီကရဲ့.."
ခါးလေးထောက်ပြီး ခေါင်းမော့ရယ်နေတဲ့ ကောင်မလေးကို ပြန်ပြောချင်ပေမဲ့ သူ ပျော်နေတယ်ဆိုတော့လည်း မတားဆီးတော့ပါဘူးလေ…။
"သြော်…အချစ်ထွက်လာတာ….အကိုကြီး မပြန်နဲ့ဦးလို့ ထမင်းစားသွားလေ…"
"မစားတော့ဘူး အကို ဖိုတို ရှုတင်တစ်ခုရှိတယ် ညီမရဲ့.."
"ဟင့်….အချစ်က စားစေချင်လို့ ပြင်ပေးထားတယ်.…"
"နောက်တော့ စားမှာပေါ့…သွားပြီနော်…"
"ဟုတ်…"
အသည်းလေး ထွက်သွားတာနဲ့ အချစ် ဦးဒီက ဘေးအနားကို ပြေးကပ်ပြီး လက်မောင်းကို ကုတ်မိသည်..။
"ဦးဒီက..ဦးဒီက.."
"ဟင်.."
"ပြောလိုက်လေ…"
"ဘာပြောရမှာလည်း.."
"ညနေ….ညနေ…"
"သြော်…ညီရေ…"
"ဗျာ…"
"ညနေ အားရင် လာခဲ့ဦးလေ…"
"အင်း…အခြေအနေကြည့်ပြီး နောက်မကျရင် လာခဲ့မယ်…"
အသည်းလေးက ပြန်ပြောပြီး ကားပေါ်တက်သွားတော့ အချစ်နှုတ်ခမ်းကိုက် ပြုံးလိုက်ခါ ဦးဒီက ကို လက်မလေး ထောင်ပြလိုက်သည်..။
"ဦးဒီက ဘယ်ကိုလည်း.."
"အပေါ်တက်တော့မယ်…"
"အင်း…အချစ် …ဦးဒီက ကို ချက်ကျွေးဖို့ ဟင်းချက်နည်းတွေ ကြည့်ထားတယ် သိလား.."
"ကျေးဇူးတင်ပါတယ်…"
"ဟုတ်ကဲ့ရှင့်….ဟုတ်ကဲ့ရှင့်…"
အချစ် ရွဲ့ ပြောလိုက်ပြီး မီးဖိုခန်းထဲ ပြန်၀င်လာတော့ ဟင်းအိုး အစီအရီ နဲ့ ချက်ပြုတ်နေတာ အလှူပွဲ လုပ်မှာလားတောင် ထင်ရသည်..။
.
"ဦးဒီက..ဦးဒီက…"
"ဟင်…"
"လာဦး…လာဦး.."
ဒီပါ တစ်လအစီအရင်ခံစာ တွေကို ဖတ်နေတုန်း အနောက်ကလာခေါ်ရုံတင်မကပဲ ဝှီးချဲကို ခလုတ်ပိတ်ပြီး တွန်းပြေးတော့ စိတ်ထဲ လန့်နေရသည်..။
ရေချိုးခန်းရှေ့ အထိ တောက်လျှောက်တွန်းပြေးပြီး ရေချိုးခန်းထဲ ၀င်သွားခါ ရေပိုက်တွေကို ဖွင့်သည်..။
"ဒီက ရေချိုးပြီးပြီ.."
"ဒီမှာ…အချစ်…ဒီကန်ထဲ ၀င်ချိုးချင်လို့ ရေတွေက ထည့်လို့မရဘူး…ထည့်တာနဲ့ ပျောက်သွားတယ်…အပေါက်လည်း မတွေ့ဘူး."
ဒီပါ တစ်ချက်ပြုံးမိသွားပြီး အသစ်အဆန်းမှန်သမျှ လက်တွေ့ စမ်းသပ်ချင်နေတဲ့ စိတ်က ရူပါ ဆယ်ကျော်သက် အရွယ်တုန်းကနဲ့ တစ်ပုံစံတည်းပင်..။
"ဘေးမှာ ငွေရောင် ဘုလေး ရှိတယ် တွေ့လား.."
"အင်း…ဆွဲရမှာလား.."
"မဟုတ်ဘူး..နည်းနည်းဖိလိုက်.."
"သြော်..ဒီလို….ရပြီ…ဦးဒီက.."
"အင်း…ရေပိုက်က ရေပူနဲ့ ရေအေး နှစ်မျိုးနော်…"
"သိပါတယ်…"
ဒီပါ သတိပေးလိုက်တာ ကို နှုတ်ခမ်းစူပြီး အလိုမကျစွာ ပြန်ပြောတော့ ဘာများ မှားသွားပါလိမ့်လို့ တွေးကြည့်ရသည်..။
"အချစ်ကို ဘာမှ မသိတဲ့သူ ထင်နေတယ်.."
"မဟုတ်ပါဘူး…ရေပူ ခလုတ်မှားနှိပ်ပြီး အပူလောင်မှာ စိုးလို့ပါ…ဒီက ရေနွှေးစပ်ချိုးတော့ အပူကို အဆုံးထားမိခဲ့လို့…"
"သြော်….အင်း.."
ဒီပါ ဝှီးချဲကို လှည့်ပြီး ထွက်လာခါမှ သတိရပြီး ပြန်လှည့်လိုက်ခါ
"ပန်းအချစ်ဦး.."
"ဟင်…"
"ဟိုဘေးက ဘူးအဖြူ ကို နည်းနည်းထည့်လိုက်ဦး.."
"ဘာတွေလည်း.."
ဒီပါ ပြန်မပြောပဲ ထွက်လာခဲ့ပေမဲ့ စိတ်ထဲတော့ ကျေနပ်သွားရသည်..။
ထင်ထားတဲ့ အတိုင်း မကြာခင် ဟေး ဆိုတဲ့ အော်သံနဲ့ အတူ သူ ပျော်နေပြီဆိုတာသိလိုက်သည်…။
"ဖေကြီး တစ်နေကုန် ဘယ်သွားနေတာလည်း.."
"အစည်းအဝေးတက်ဖို့ သွားရတယ်လေကွာ…ရော့ လူထိုင်ရုံပဲ ဘာမှလည်း ၀င်မပြောတက်ဘူး…မင်း ဖတ်ကြည့်ဦး.."
"အဒေါ်ကော…"
"ရန်ကုန်ရောက်တုန်း လျှောက်လည်ပါစေ ဆိုပြီး ဖိုးကောင်းကို လိုက်ပို့ခိုင်းထားတာ ပြန်မလာသေးဘူးလား.."
"ဟုတ်ကဲ့…"
"နေ့လည်လောက်တော့ ပြန်ရောက်မှာပေါ့…ဘယ်မှာလည်း …သား…မိန်းမ.."
"ရေချိုးနေတယ်…"
"ပြီးရင် ခေါ်လိုက်ဦး..တော်ကြာ ပျင်းလို့ အိမ်ပြန်ပြေးနေဦးမယ်…"
"ဟုတ်…"
ဒီပါ လက်ထဲက ဖိုင်တွေကို လှန်ကြည့်လိုက်ပြီး သက်ပြင်း တစ်ချက််သာ ပေါ်ထွက်လာသည်..။
ဘယ်လို ဖြစ်ပြီး ရှယ်ယာ အပြောင်းအလဲ လုပ်ဖို့ ဖြစ်လာရတာလည်း..။
"ညောင်…"
"လူစီဖာ…ခုမှ အိပ်ရာနိုးတာလားကွ….လာ..လာ…."
လှေကားပေါ်က ပြေးဆင်းလာပြီး ခြေထာက်နား ပွတ်သပ်နေတော့ ဒီပါ အစာကျွေးဖို့ အတွက် မီးဖိုခန်းထဲ ခေါ်လာခဲ့လိုက်သည်..။
.
"စား..ဦးဒီက…ခြေထောက်မကောင်းတော့ များများစား…"
"ဟဲ့…အချစ်.."
"ရှင်…"
"ဘယ်လို ပြောလိုက်တာလည်း.."
"အချစ်က ဒီအတိုင်း စား…"
"နင့်ထက် အသက်ကြီးတဲ့ သူကို ရိုရိုသေသေ ပြောရမယ် ဆိုတာ မသိဘူးလား…သူ့ ကိုယ်စား တောင်းပန်ပါတယ်…ဦးလေးရယ်.."
"အင်း…ဒီလိုပဲ နည်းနည်းချင်း သင်ပြပေးရမှာပေါ့….သမီးလေး…အဖိုးက အားလုံးခွင့်လွှတ်နိုင်ပါတယ် ….ဒါကြောင့် လွတ်လွတ်လပ်လပ် နေနိုင် ပြောနိုင်တယ်…သမီးက ဒီအိမ်မှာ အငယ်ဆုံး ဖြစ်နေတော့ ရိုရိုသေသေ ပြောတက်အောင် ပြုပြင်နိုင်ရင်တော့ ကောင်းတာပေါ့ကွာ…"
"ဟုတ်ကဲ့….အချစ် ပြင်ပါ့မယ်.."
အချစ် ခေါင်းငုံ့ပြီး ထမင်းပန်းကန်ကို အကြည့်ရွေ့လိုက်တော့ ကြက်သား တစ်ဖက်က ပန်းကန်ထိပ်ကိုရောက်လာသည်..။
ဦးဒီက က ထမင်းပန်းကန်ကို မေးငေါ့ပြပြီး စားဖို့ ပြောတော့ အချစ် ခေါင်းညိတ်လိုက်ရသည်..။
အချစ်ပြောတာ ရိုင်းတယ်ဆိုပေမဲ့ ဦးဒီက ခြေထောက်ကျိုးနေတာ မှန်နေတာပဲလေ…။
ဘယ်လို ရိုသေရမှာပါလိမ့်…။
.
"ဟလို…"
"ဟုတ်ပါတယ်….အင်း…မနက်ဖြန်တော့ ဒီက မလာနိုင်တော့ဘူး…အန်ကယ်…"
"အဟမ်း..အဟမ်း…"
ဖေကြီးရဲ့ ချောင်းဟန့်သံကြောင့် ဘေးကို ငဲ့ကြည့်လိုက်ပြီး ပြောနေတဲ့ စကားတွေတောင် တိတ်ကျသွားရသည်..။
"ဟုတ်ကဲ့…ဟုတ်ကဲ့…ဒါပဲနော်…"
"ဟင်း….ဒီလောက် ပြောထားရဲ့သားနဲ့…"
ဖေကြီး ရဲ့ ခပ်ငေါက်ငေါက် စကားကြောင့် ဒီပါ ခေါင်းငုံ့လိုက်ပြီး ဖုန်းကိုပဲ သေချာ ဆိုက်ကြည့်နေမိသည်.။
"ဘိုးဘိုး ပန်းသီးရပြီ..."
"ဘာဖြစ်လို့ ဒီလိုပဲ ပြောနေတာလည်း..ဒီပါ….မင်း ဒီလို ပြောနေရင် တစ်ဖက်သားက ပျော့ညံ့တဲ့ ကောင်လို့ ထင်သွားလိမ့်မယ် သိရဲ့လားကွ…"
"ဒီက လည်း သတိထားပါတယ်…ဒါပေမဲ့ တစ်ခါတလေ…"
"တစ်ခါတလေ မရဘူး…မဖြစ်ဘူး…မင်း အဖေ မရှိတော့ကတည်းက မင်းက ဦးဆောင်သူပဲ ပုံသဏ္ဍန်တွေ အားလုံးပြောင်းပစ်လိုက်….ဖေကြီး သားကို ဆုံးမ ပြီး နူးညံ့ခိုင်းတာ မိသားစု အပေါ်မှာပဲလေ….အခု လောကကြီးနဲ့ ရင်ဆိုင်ရချိန် သား ပျော့ညံ့နေလို့မရဘူး…ပြိုင်ဘက်တွေကို ဒီက ဒီက နဲ့ ပြောနေတော့ အခု လှောင်နေကြပြီ သိရဲ့လား…"
"ဟုတ်…"
ဒီပါ ခြေထောက်ကို အကြည့်ပို့ထားပေမဲ့ ငယ်ငယ်ကတည်းက နှုတ်မှာစွဲလာတဲ့ ဒီအခေါ်အဝေါ် အသုံး အနှုန်းတွေကို ဘယ်လို ပြင်ရမှာလည်း..။
ငယ်ငယ် က ရူပါ နဲ့မင်း ငါ လို့ ပြောမိရင် ဖေကြီးက ဆူသည်..။
ကျွန်တော်လို့ သုံးမိရင်လည်း မကြိုက်ဘူး လို့ ပြောသည်..။
ဒီက ကို မပြင်တော့ပဲ နှစ်ပေါင်း များစွာ ပြောလာပြီး အခုကျတော့ ချက်ချင်းပြင်ဖို့ မလွယ်…။
"ဘိုးဘိုး ကလည်း..ဦးဒီက က ဒီက လို့ပဲ ပြောတက်တယ်တဲ့…ဘိုးဘိုး က ငယ်ငယ်ကတည်း အဲလို ပြောခိုင်းတာဆို…"
ဒီပါ့ဝှီးချဲဘေးမှာ ဆွေ့ခနဲ့ ကပ်ထိုင်ချလိုက်ပြီး ဖေကြီး ကို ပြန်ထောက်ပြနေတဲ့ ကောင်မလေးကြောင့် အားရှိသွားရသည်..။
"ဟုတ်တယ်…သမီးရေ…ဒါပေမဲ့ အခု ပြင်စေချင်တော့ မပြင်ဘူး…"
"မလွယ်တော့ဘူး..ဒါပေမဲ့ အချစ် ကြိုးစားကြည့်မယ်လေ…"
"ဟင်…သမီးက ဘယ်လို ကြိုးစားမလည်း.."
"အနားကနေ သတိပေးနေမှာပေါ့…ဖိုးဖိုးရဲ့…"
"ဟား…ကောင်းတယ်…"
"အမလေး….အချစ်ရယ်…မောင်ဒီပါက ကလေး မှ မဟုတ်တာ…နင် ဟာလေ…"
"အဒေါ်ကလည်း စကားထစ်တဲ့ ကောင်မလေးကိုတောင် အချစ် ပြင်ပေးလိုက်တာ မနည်းသက်သာသွားတယ်လေ…"
"ပန်းအချစ်ဦးက ဘယ်လို ပြင်ပေးလိုက်တာလည်းဟင်..…"
"စကားထစ်ရင် တစ်ချက်ရိုက်လို့…"
"အိုး.."
"ဟား…ဟား….ကောင်းကွာ…"
"ဒီကောင်မလေး ဟာလေ…"
ထမင်းစားပြီး ဆိုဖာ ခုံကြီးတွေ ပေါ်မှာ အချိုပွဲတွေ ထိုင်စားနေရင်း အချစ်ကို တစ်ယောက် တစ်မျိုးပြောနေကြတော့ အချစ် နှာခေါင်း ရှုံ့ လိုက်မိသည်..။
.
"ဦးဒီက….အချစ် ဘာလုပ်ပေးရမလည်း.."
"ရပါတယ်…"
အချစ် အလုပ် က စပ်စုတာနဲ့ ဦးဒီက အနားမှာ နေတာပဲ ရှိလို့ အလုပ်မရှိတာနဲ့ အနားကို ရောက်နေမိသည်..။
ဦးဒီက ကလည်း ဘာအလုပ်ဖြစ်ဖြစ် မခိုင်းတက်တော့ အချစ် ကိုယ်တိုင်ပဲ အလိုက်တသိ လုပ်ပေးနေရသည်။
"ဦးဒီက ကြောင်ကြီးကလည်း ကြောက်စရာကြီး …အမြဲတမ်း လိုက်ကပ်နေတယ်…သရဲမ ပြီးရင် သူပဲ…"
"အဟွင်း…သူ နဲ့ ဒီက နေလာတာ ကြာပြီ…ပေါက်စကလေး တည်းက ၀ယ်ထားတာ…ငယ်ငယ်တုန်းက ပိုချစ်ဖို့ကောင်းတယ်…"
"ဒီက လို့ မပြောရဘူးလေ…"
"ဘယ်လို ပြောရမလည်း.."
"ငါ လို့ပြော…"
"မပြောတက်ဘူး.."
"ဦးဒီက စကား ပြောတက်ပါတယ်…"
"အဲလို မဟုတ်ဘူးလေ…ငါဆိုတာ…"
"ပြောကြည့်ကြည့်ပါ…အချစ် နဲ့ လေ့ကျင့်ပါ များရင် ဦးဒီကလည်း အကျင့်ဖြစ်သွားပြီး အဆူမခံရတော့ဘူးပေါ့…"
"ဟင်း…"
" မင်း ရေ တစ်ခွက်ယူပေးပါ ငါ့ ရေဆာတယ် ပြောကြည့်ကြည့်…"
အချစ် တစ်လုံးချင်းစီ သင်ပြေးလိုက်တော့ ဦးဒီက က လှောင်သလို ပြုံးပြပီး ခေါင်းညိတ်ခါ အသက်ရှု သွင်းနေသေးသည်..။
"မင်း ရေဆာတာ ရေတစ်ခွက် ငါယူပေးမယ်.."
"ဟား..ဟား…တိုင်းရင်းသား စကားသင်ရင်တောင် ဒီလောက် မခက်ဘူး ဦးဒီက ရယ်…ဟား….ဟား…"
ဒီပါ ပြောနေရင်း ရောကုန်တာကို ပန်းအချစ်ဦးဆိုတဲ့ ကလေးမ က ခါးထောက်ပြီး ခေါင်းမော့ ခါ အော်ရယ်နေတော့ ရှက်မိသည်..။
ဟူး…ကလေး တစ်ယောက် ပြောစရာ ဖြစ်နေပြီလား မျိုးချစ် ဒီပါရယ်…။
"ငါ ဒုက္ခရောက်တာ မင်း အတွက်ရယ်စရာလား…"
"အဟား…တော်တယ်…ရပြီ…နောက်ဆို အဲလိုပဲ ပြောသိလား…"
"အင်း…"
အချစ် စကားပြောနေရင်း အကြည့်တွေက ခြေထောက်ဆီ ရောက်သွားတော့ ခြေသည်းတွေ မည်းညစ်ညစ် ဖြစ်နေတာ တွေ့ပြီး လှောင်ရယ်ဖို့ ပြင်ပြီးမှ ရပ်လိုက်ရသည်..။
ဦးဒီက မှ ခြေထောက်မကောင်းတာလေ…။
"ခဏ…ဦးဒီက…"
အချစ် လက်ပြခဲ့ပြီး ရေချိုးခန်းထဲ ၀င်ခါ ရေဇလုံထဲ ဆပ်ပြာအမြုပ်ဘူးကို နည်းနည်းထည့်ပြီး ရေထည့်ခါ ယူခဲ့လိုက်သည်…။
ခြေသည်းတွေကို သတိရတော့ အောက်ထပ်ကို ဆင်းပြီး ကြီးကြီး ကို ရှာရသည်..။
"ကြီးကြီးရေ…"
"သြော်…သမီးလေး…"
"ခြေသည်းညှပ် ဘယ်မှာထားလည်း.."
"သမီးတို့ အခန်းထဲက ဘီဒို အံဆွဲထဲမှာလေ…"
"သြော်..ဟုတ်…"
"ဘာဖြစ်လို့လည်း.."
"ညှပ်မို့…"
အချစ် မပီမသပြောရင်း လှေကားကို ပြန်တက်လာခဲ့ခါ ဘီဒိုထဲမှာ လက်သည်းညှပ် ရှာပုံတော်ဖွင့်ရတော့သည်..။
"ရပြီ…ဟ…ဟ…"
"ဘာလုပ်မလို့လည်း ပန်းအချစ်ဦး..."
ဒီပါ့ ခြေထောက်အနားမှာ ဒူးထောက်ထိုင်လိုက်ပြီး ရေဇလုံတွေလည်း ယူလာတော့ မျက်လုံးပြူးနေရသည်..။
"ဦးဒီက ခြေသည်းမညှပ်ဘူးမလား…"
"ဟုတ်တယ်….နေပါစေ…ရူပါ လာရင် ဒီက.."
"အဟမ်း.."
"အဟွင်း…ရူပါ လာမှ ငါ ညှပ်ခိုင်းလိုက်ပါမယ်.."
"၀င်းက အားတာ မဟုတ်ဘူး ဦးဒီက ရဲ့…သူ့မှာ သရုပ်ဆောင် ရတာ အရမ်း ပင်ပန်းတာ….ဦးဒီက ထပ်ခိုင်းသေးတယ်…အချစ်ကို လိုအပ်တာ အားလုံးခိုင်းပါ…"
"ပန်း..အဲ…မင်း က ရူပါ့ကို တော်တော် အားပေးတာပဲ…"
"အားပေး တာပေါ့…ရန်ကုန်ကိုရောက်လာတာ ၀င်း ကြောင့်ပါဆို…"
"ဟုတ်တယ်…ရူပါ့ကို အားပေးနေတဲ့ ကောင်မလေးတွေ အများကြီးပဲ…"
"အချစ်က သူတို့ထက်ကို ပိုတယ် သိရဲ့လား.."
"အဟွင်း..ဟုတ်ပါပြီ…ပန်း..ကျစ်…မှားလို့…မင်း ပိုက်ဆံစုတယ် ဆိုတော့ ဘာတွေ ၀ယ်ဖြစ်လည်း.."
"အင်း…အဒေါ့်ကို ပြန်မပြောဘူးလို့ ကတိပေးလား.."
အချစ် ရေဇလုံထဲက ဆပ်ပြာမြုပ်တွေ ထအောင် လက်နဲ့ဆော့ရင်း ခေါင်းမော့ကြည့်ခါ မေးလိုက်တော့ ခေါင်းညိတ်ပြသည်..။
"အချစ် ရတဲ့ ပိုက်ဆံတွေကို ဖုန်းဘေလ်၀ယ်တယ်…နောက်ပြီး ၀င်း ပုံလေးတွေ ထုတ်တယ်…"
"ဖုန်းမရှိပဲ ဖုန်းဘေလ်က ဘာလုပ်တာလည်း.."
"အိုး…ဦးဒီကလည်း…ပုံ ကြည်ကြည်လေးတွေ ဒေါင်းလုပ်ရင် ဘေလ်ကုန်တယ်လေ…အချစ်သူငယ်ချင်းတွေက ကပ်စေးနှဲ…အဲဒါကြောင့် ဖုန်းဘေလ်ပေးပြီး ၀င်းရဲ့ ဗီဒီယိုတို့ ဓာတ်ပုံတို့ ကြည့်ရတာ ရှင့်…ရှင်းပလား.."
အချစ် သေချာ ရှင်းပြလိုက်တော့မှ ခေါင်းတညိတ်ညိတ်ဖြင့် သဘောပေါက်တော့သည်..။
"ပန်း…မင်း ဒီကိုရောက်တော့ သူငယ်ချင်းတွေကို မလွမ်းဘူးလား.."
"ဟင့်အင်း…မလွမ်းပါဘူး…လွမ်းစရာလည်း မရှိဘူး..အချစ်က ခဏခဏ ပြောင်းနေရတော့ နေရာ အသစ်ရောက်တိုင်း စိတ်ညစ်အောင် မတွေးတော့ဘူး…ပျော်အောင်ပဲ တွေးတယ်…"
"ပျော်အောင်တွေးတယ် ဟုတ်လား…"
"အင်း….ဦးဒီက က မသိဘူးလား.."
"မသိဘူး..မင်း ပြောပြလေ…."
အချစ် ရှေ့က ဦးဒီက ခြေထောက် တစ်ဖက်ကို ခပ်ဖြည်းဖြည်းမယူပြီး ဆပ်ပြာမြုပ်တွေ ပြည့်နေတဲ့ ရေဇလုံ နိမ့်နိမ့် ထဲ ထည့်လိုက်သည်..။
"ဒီလိုလေ…ဦးဒီက ရဲ့ အချစ်က အိမ်မှာဆို…အဲ အဒေါ် အိမ်မှာဆို ကိုယ်ပိုင် အခန်းမရှိဘူး အ၀တ်ကာထားတဲ့ အခန်း တစ်ခုမှာ နေရတယ်…ပြီးတော့ မနက်ဆို စောကြီးထပြီး စိုက်ခင်းထဲ သွားရတယ်…ပြီးရင် စျေးပို့ရမဲ့ ဟင်းရွက်တွေ ခူးရတယ်…ပြီးရင် စျေးကို ဆိုင်ကယ်နဲ့ သွားပို့တယ်…ပြန်ရင် ထမင်းစား…ပြီးရင် အကိုကြီးကို ဆိုင်ကယ်နဲ့ ထမင်းစားဖို့ သွားခေါ်ရတယ်..တစ်ခါတလေ လက်ဖက်ရည်ဆိုင်ထဲမှာ မူးပြီး မှောက်နေလို့ မနည်းတွဲခေါ်ရတယ်…အိမ်ပြန်ရောက်ရင် အချစ် အလုပ်ပြီးပြီ ညနေဆို ကျောက်ရောင်းတာ လိုက်စပ်စုတယ်…တစ်ခါတလေ ပါးစပ်ဆော့ပြီး ပွဲစားကူလုပ်ပေးရင် နှစ်ထောင် လောက် မုန့်ဖိုးရတယ်…အချစ် လက်ထဲ ပိုက်ဆံရောက်ရင် လိုချင်တာတွေ များလာကော အဲဒါကြောင့် နောက်နေ့ဆို ရတဲ့ ပိုက်ဆံက ကုန်ရောပေါ့…အဲဒါဆို အဒေါ်ပို့ခိုင်းတဲ့ ဟင်းရွက်တွေကို တစ်ဆယ်လောက် စျေးတင်လိုက်တယ်…ဒါဆို အချစ်က တစ်ထောင်လောက် ရတာပေါ့…ဟား..ဟား…အချစ် သူငယ်ချင်းတွေဆို အချစ်က လည်တယ် ဆိုပြီး ဘယ်တော့မှ မယုံဘူး…အချစ်ကလည်း ကိုယ့်အတွက် တွက်ချေ မကိုက်ရင် ဘာမှ မလုပ်ချင်ဘူး…အဲဒါကြောင့် အချစ်ကို တစ်ချို့က ကလိမ်ကကျစ်မလေးလို့ ပြောတယ်လေ…အချစ်နဲ့ ရန်ဖြစ်တာပဲ…အချစ်က ခေါင်းသုံးပြီး ပိုက်ဆံရအောင်လုပ်တာ…ပိုက်ဆံက လိုတယ်လေ….အဲဒါမှ လိုချင်တာ ၀ယ်လို့ရတယ်…တစ်ခါတလေ တစ်ရာ နှစ်ရာကိုလည်း သေချာ ပြန်တောင်းတော့ ငွေမျက်နှာပဲ ကြည့်တယ်တဲ့….အချစ်မမှားပါဘူး.."
"မမှားဘူးပေါ့လေ…ဒါပေမဲ့ ပြန်ရှာလို့ရတဲ့ ငွေ နှစ်ရာနဲ့ မိတ်ဆွေ အစစ်တစ်ယောက် လဲလိုက်ရတာတော့ ဘယ်တန်မလည်း…"
"အင်း….ဒါပေမဲ့ သူတို့တောင် ကတိမှ မတည်တာပဲ….ဒီလို လူမျိုးကို မိတ်ဆွေစစ်လို့ မထင်ပါဘူး…"
အချစ် တွေးစစဖြင့် ပြောရင်း ဦးဒီက ရဲ့ နောက် ခြေထောက် တစ်ဖက်ကို ယူခါ ရေဇလုံးထဲ နှစ်ပြီး ခပ်ဖွဖွ ပွတ်ပေးနေမိသည်..။
"ဒါကြောင့် ဒီမှာ ပျော်တယ်ပေါ့…"
"အင်းလေ….ဟိုမှာ ပင်ပန်းပေမဲ့ ဒီမှာဆို အချစ် အလုပ်မှ မရှိတာပဲ…ပြီးတော့ အိပ်ယာ ကောင်းကောင်းမှာ အိပ်ရတယ်…အ၀တ်အစား အသစ်တွေ ၀တ်ရတယ်…ကားစီးရတယ်…နေပူထဲ လျှောက်မသွားရဘူး..ရုပ်ရှင်ထဲက အိမ်ကြီးထဲ မှာ နေရတယ်..ရေကန်ထဲမှာ ရေချိုးတော့လည်း ဇိမ်ပဲ…ဟီဟီ…"
"ဒီလို တွေးတက်တော့လည်း ပျော်စရာကောင်းသားပဲ…"
"အင်းလေ…."
"မင်းဆီက ငါ အများကြီး သင်ယူရမယ် ထင်တယ်…"
"ဒါပေါ့ ဦးဒီက လို သူဌေးသားက အချစ်လို ဘ၀သမားဆီက အများကြီး သင်ရမယ်…"
"မင်း ရွှေဘိုကနေ ပြောင်းလာရတော့ကော ရွှေဘိုကို မလွမ်းဘူးလား.."
"မလွမ်းပါဘူး…အခုလောက်တောင် မလွမ်းဘူး…အချစ်က သူတို့ သမီးနဲ့ ရန်ဖြစ်ပြီး ဆံပင်ဆွဲလို့ အချစ်ကို ရိုက်တယ်လေ…အချစ်က ရဲစခန်းသွားတိုင်တာ…ဟိ…ကလေးကို နှိပ်စက် အနိုင်ကျင့်တယ်ဆိုပြီး ပြဿနာတောင် တက်သွားတယ်…အချစ်ကို နှင်ချတာ…အချစ်လည်း…အဒေါ်လေး ဆီ တစ်ခါ ရောက်ဖူးတော့ ရဲစခန်းက ဦးလေးကြီးကို အကူအညီတောင်းပြီး ခေါ်ခိုင်းတာ..အဒေါ် လာခေါ်တော့ အ၀တ်အစားတောင် ထည့်မပေးဘူး ဟွန့်…လွမ်းစရာကို မရှိတာ…"
"မင်းဘ၀ကလည်း သနားစရာပဲ ပန်းအချစ်ဦးရယ်…"
ဦးဒီက ရဲ့ သက်ပြင်းချသံနဲ့ တွဲနေတဲ့ သနားကရုဏာ သက်တဲ့ လေသံဖျော့ဖျော့ကြောင့် အချစ် မာန အရောင်လဲ့နေတဲ့ အကြည့်စူးစူးဖြင့် မော့ကြည့်မိသည်..။
"စိတ်မဆိုးပါနဲ့..ဒီက စကားသိပ် မပြောတက်လို့ပါ
မင်း က စိတ်ဓာတ် သန်မာတဲ့ မိန်းကလေးပဲ…မင်း နေရာမှာ တခြားသူတွေသာဆို မင်းလို ဖြတ်ထိုးညဏ်ကောင်းမှာ မဟုတ်ဘူး….တကယ်ညဏ်ကောင်းတဲ့ ကောင်မလေး ပဲ…"
"အဟား..ဟား....ဟုတ်တယ်….ဘဘလှအောင်ဆိုရင် အချစ်မှာ ခေါင်း နှစ်လုံးပါလာတယ်လို့ အမြဲပြောတယ်…"
"အဟွင်း..ဟုတ်မယ်…"
အချစ် ရေစိမ်ပြီးသား ခြေထောက်ကို ထုတ်ပြီး အ၀တ်နဲ့ သုတ်ခါ ခြေသည်းတွေကို တစ်ချောင်းချင်း ညီညီလေး ဖြစ်အောင် ညှပ်ပေးလိုက်သည်..။
သိပ်မညီချင်တဲ့ ခြေသည်းတွေကို တံစည်းလေးနဲ့ သေချာ စိတ်ရှည်လက်ရှည် တိုက်ပေးရသည်..။
ပိုက်ဆံ သုံးသိန်းရရင် ဖုန်းအရင်ဆုံး ၀ယ်ရမယ်လို့ တွေးရင်း စိတ်ထဲကနေ ဂျီစီ့ မကြီးကျယ်ရဲ့ ဖုန်းကို မြင်ယောင်မိသည်..။
"ကျေးဇူးပဲ ကောင်မလေး.."
"ရပါတယ် ဦးဒီက ရဲ့ …ဦးဒီက တော်တော် အသားဖြူတာပဲ ဖနောင့်လေးတွေဆို နီတောင် သွားတယ်…တွေ့လား အခု ဖွေးသန့်သွားပြီ…အစတုန်းက ကျောက်သမား ခြေထောက်ကျနေတာပဲ…"
"ကျောက်သမား ခြေထောက်က ဘယ်လိုနေလည်း.."
"လယ်သမား ခြေထောက်ထက် ကြမ်းပြီး ရွံ့ပိုထူတယ်လေ…လက်တွေကလည်း ကျောက်တုံးတွေနဲ့ အမြဲထိတွေ့နေရတော့ မချောဘူး…"
"သြော်…အင်း..တစ်ခါလောက် မင်း ဒေသကို သွားလည်ချင်တယ်.."
"ဟာ..ကောင်းတာပေါ့…အခုတော့..ကျိုး…ဦးဒီက ခြေထောက် ကောင်းရင် သွားကြမယ်လေနော်…"
"အင်း…"
"ဘာလုပ်နေတာလည်း သမီးရဲ့.."
ဖေကြီး အသံကြားတော့ ဒီပါ လှမ်းကြည့်လိုက်ချိန် မျက်နှာက ပြုံးပြုံးဖြင့် သဘောကျနေသည့်ပုံပင်..။
ကောင်မလေး ခြေသည်းညှပ်ပေးနေတာကို တွေ့သွားပြီ ထင်ပါသည်..။
"ဦးဒီက ခြေထောက်ကို ဆေးပေးနေတာ ဖိုးဖိုးရဲ့.."
"လိမ်မာလိုက်တာကွာ…"
"အဟိ…အချစ် အလုပ်ပဲလေ…ဖိုးဖိုး ခိုင်းစရာရှိရင်လည်း ခိုင်းပါနော် အချစ် လုပ်တက်တာဆို လုပ်ပေးပါ့မယ်…"
"အခုလို မြေးချွေးမ အလိမ်မာလေး ရတာပဲ ကျေးဇူးတင်နေပြီ သမီး ကို ဘာမှ မခိုင်းရက်ပါဘူးကွာ လှအောင်ကိုလည်း ကျေးဇူးတင်သား.."
အချစ်ရေဇလုံယူပြီး ဦးဒီက ရှေ့က ဖြတ်ချိန် အဖိုး ပြောထားတာ သတိရတော့ ခပ်ကျုံ့ကျုံ့ဖြင့် ငုံ့သွားလိုက်ရသည်..။
အဖိုးပြောသလို ချွေးမအလိမ်မာလေးပုံစံ ဟန်ဆောင်ထားတဲ့ သုံးသိန်းတန် အလုပ်သမလေးပါရှင့်..လို့ ပြောချင်သား…။ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ဖတ်မကောင်းလည်း ဒီက
စာရေးတာတော့ ရေးနေတာပဲ
အမေကလည်း မေးပြီ
နင့်စာက တစ်နှစ်ကျော်ပြီ ရေးမပြီးသေးဘူးလားတဲ့ 😅
မပြီးသေးဘူး အမေရယ် 😂
ရင်ဘတ်ကြီးက တောင်းဆိုသရွေ့ ပြီးမှာ ဟုတ်ဘူး 😎
ရေးတယ်...ရေးတယ်...ရေးတယ်
ဖတ်ပေးကြတဲ့ စာဖတ်သူ လေးတွေကိုလည်း ကျေးဇူးထူးထူးပါ😍.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...