မုန်းပါနဲ့ဦး
အပိုင်း (၁၀)
#မုန်းပါနဲ့ဦး"ဟလို ကိုကို ရောက်ပြီလား.."
"အင်း.."
"မြန်မြန်လာဗျာ…ညီ က ဒီမှာ ကားထဲ ထိုင်စောင့်နေရတာဗျ.."
"သြော်…ပင်ပန်းနေပြီဆိုပါတော့…"
"ဟဲ..ဟဲ…ဟုတ်တယ်…"
ဒီပါ လက်ကိုင်အိတ်ကို ဆွဲရင်း ဖုန်းပြောခါ ခက်သွက်သွက် လျှောက်လာလို့ ပတ်၀န်းကျင်ကိုတောင် သတိမထား မိလိုက်ပါ..။
"ဟာ..ဟိုမှာ.."
"ဟင်…"
"ကိုဒီပါ…ကိုဒီပါ…"
"အိုး…ကျစ်…"
ဒီပါ အပြေးတစ်ပိုင်း ထွက်လာတာတောင် နောက်က တကောက်ကောက် လိုက်နေတာ မို့ စိတ်လည်း ရှုပ်မိသည်..။
ဟင်း..ရူပါရယ်…မင်းတော့လား…။
"ဟူး.."
"မောင်း…မြန်မြန်…သူတို့ လိုက်လာတယ်…"
"ဟဲ..ဟဲ..သိနေတယ်…လာပြီ.."
ကားကို ပတ်ကွေ့လိုက်ပြီး ထွက်လာချိန် ရပ်ထားတဲ့ ကားတစ်စီးနဲ့ ချိတ်မိဖို့ ဖြစ်ပြီးမှ လမ်းပေါ်သေချာရောက်တော့သည်…။
"ဟင်း.."
"ဆောရီး ကိုကို..ဟ…လန်းလှချည်လား.."
"မော်ဒယ်မင်းသား အကိုပဲကွာ…"
"ဟဲ..ဟဲ…ဆူမလို့မလား…ကျွန်တော်လည်း ဘယ်သိမလည်း…ဟိုတယ်အတွက် ကြော်ငြာရိုက်ဖို့ အကြံ ပေးတာ ကိုကိုလေ…."
"အေးလေ…ညီ့ကို ဘယ်သူက အပ်သမျှရိုက်ခိုင်းလည်း…ကျစ်…"
"ပိုးကိုဗျ….ကျွန်တော် က ဘော်ဒီ နဲ့ စတိုင်လ် ဒီဇိုင်းကာလာ အနေအထား အားလုံးကို ဒီတိုင်းထားရမှာ သမျောလို့ပါ…"
"ဒီကတော့ အိမ်ရောက်တာနဲ့ ဖေကြီးနဲ့ တိုင်မှာပဲ…"
"မလုပ်ပါနဲ့ ဘဒိုရာ သေလိမ့်မယ်..သြော်…ကုမ္ပဏီ ဒေဝါလီခံရတော့မယ်…ဟေး..ဟေး.."
"ညီ့ အတွက် ပျော်စရာလား.."
"နိုး..နိုး မဟုတ်ဘူး…ဦးမျိုးချစ်ဒီပါ ရဲ့ အရည်အချင်းတွေ ထုတ်သုံး ရတော့မဲ့ အချိန် ရောက်ပြီလို့ ပြောချင်တာပါ…"
"လာ မွှန်းမနေနဲ့ ညီ တာ၀န်ယူထားတဲ့ ကလက်စ်တွေကို ဒီက မယူပေးနိုင်ဘူးနော်…ဒီက ဟိုတယ် ကိစ္စနဲ့ အအေးခန်းတွေ ကိစ္စ ရှုပ်နေပြီ.."
"ဟုတ်ကဲ့ပါ…ဟုတ်ကဲ့ပါ…ဒီက မယူရပါဘူး.."
"ဟူး…"
ဒီပါ သက်ပြင်းချပြီး နောက်မှီကို ခေါင်းတင်လိုက်ခါ မျက်လုံးမှိတ်ထားမိသည်..။
ဒါနဲ့ဆိုရင် မြန်မာ နိုင်ငံပြန်လာတာ သုံးကြိမ် မြောက်ပြီ…။
ဒီတစ်ခါတော့ ပြန်သွားခွင့် မရှိတော့တာ ကြိုသိနေသည်..။
အဖေ ဆုံးတုန်းက တစ်ခါ ရူပါ့ မင်္ဂလာဆောင်တုန်းက တစ်ခါ အခုကတော့ စီးပွားရေး ကိစ္စ ကို ပခုံးပြောင်း တာ၀န်ယူဖို့ ပြန်လာရခြင်းပါ…။
"သြော်..ဖေဖေချစ်…ဆုံးတာ ခုနှစ်နှစ်ပြည့် ပြီ…ဒီလထဲနော်..ကိုကို.."
"အင်း.."
အဖေ နေမကောင်းတုန်းက ဒီပါ့ ဆီကို ဖုန်း၀င်လာတော့ အပြန်အတွက် လေယာဉ် လက်မှတ် အမြန်ရှာပြီး ရအောင် ပြန်ခဲ့ရသည်..။
ဘန်ကောက်ဆေးရုံ ကိုရောက်တော့ အဖေက အတော်ကို ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်…။
ဒီပါ အနားမှာ စောင့်အိပ်တဲ့ ညတိုင်း အဖေက ဘေးက အမေ့ ဓာတ်ပုံကို လှမ်းယူလို့ သတိထားပြီး ယူပေးခဲ့ရသည်..။
"မေ…"
"မောင့်ကို မမုန်းပါနဲ့…ချစ်တယ်ကွယ်.."
ဒီစကားတွေကိုပဲ နေ့တိုင်း ရွတ်ဆိုနေတဲ့ အဖေ က ဒီပါ့ကိုတောင် မေ့ထားသည့် အဖြစ်..။
"အဖေ….တစ်ခုခု စားပါလား အဖေရယ်..."
ခေါင်းရမ်းရုံ အဖြေပေးပြီး စာအုပ်ကိုပဲ ပွေ့ဖက်ထားတော့ ဒီပါ ယူဖို့ ကြိုးစားမိပေမဲ့ အဖေက မလွှတ်..။
"အဖေ့လက်တွေ ညောင်းနေပြီမလား…ခဏချထားပါ…"
"သား…"
"ဟင်…"
"အဖေ မရှိတော့ရင်လည်း….မင်း အမေကို မမေ့ပါနဲ့…"
"ဟုတ်ကဲ့..သား အမေ့ကို မမြင်ဖူးပေမဲ့…အမေ့ကို လူအများကြီးထဲ တွေ့ရင် တောင် မှတ်မိပါတယ် …အဖေ…"
"အင်း.."
"အဖေ့ဘေးမှာ ဒီက အိပ်ချင်တယ်…"
"မအိပ်နဲ့…မင်းအမေ နေရာ…."
"အဖေရယ်.."
သား တစ်ယောက်ကို ထားသွားရမဲ့ အဖေက နောက်ဆံတင်းခြင်း မရှိပဲ ပျော်သလိုတောင် ဖြစ်နေတာ အံသြရသည်..။
တကယ်တော့ ဒီပါ တစ်လျှောက်လုံး တွေ့လာခဲ့ရတဲ့ အဖေ့ရဲ့ အချစ်တွေကြောင့် သားကိုတောင် စိတ်ထဲမထည့်ထားတော့တာ စိတ်တိုချင်မိသည်..။
"အဖေ့မှာ သား ရှိတာကို သိရဲ့လား.."
"အင်း.."
"အဖေ…စကားပြောပါ အဖေရာ…"
"နောက်ဆုံးမှာတမ်းလား..မလိုပါဘူး…ငါ ငါးနှစ်သားမှာ တစ်ကောင်ကြွက် ဖြစ်သွားတယ်…အဖေက ငါ့ကို မွေးထားခဲ့တယ်…အခု သူ့လက်ထဲမှာ မင်းကို အပ်ထားတာပဲ…ဘာမှ မှာစရာ မလိုဘူး…"
"အဖေ…အဲလို လုပ်နေရင်…ဒီက..ဒီက….အဖေ့ကို….အဖေ့ကို…မချစ်တော့ဘူး…"
"မင်း..ယောင်္ကျားပဲကွာ"
"ဖေကြီး…အဖေ့ကို ဆူဗျာ…ဆူပေးပါ…"
ဖေကြီးရဲ့ ရင်ခွင်ထဲ ၀င်ပြီး ဒီပါ ပေါက်ကွဲ ပစ်တော့ ဖေကြီး က စကား မပြောပဲ အံကြိတ်ခါ ပွေ့ဖက်ထားပေးသည်..။
အဖေက အသည်းကင်ဆာ ရောဂါ ဝေဒနာခံစားနေရချိန်မှာတောင် အမေ့ကို ချစ်စိတ်တစ်ခုတည်းနဲ့ အပြုံးမပျက် ရင်ဆိုင်နိင်ခဲ့သည်..။
အချစ် က စိတ်ရဲ့ ပါဝါ အကြီးဆုံးဆိုတာကို သက်သေ ပြခဲ့သူလိုလို..။
အချစ် သူရဲကောင်းဘွဲ့ မရရင်တောင် အဖေက အချစ်တက်ဆုံးသူဘွဲ့ နဲ့ သစ္စာဆု ပိုင်ရှင် ဖြစ်လောက်ပါသည်.…။
အဖေ ဆုံးသွားပြီး နောက်တော့မှ ဒီပါ အဖေ နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ အမေ့ကို တွဲပြီး အိမ်မက် မက်ခွင့် ရတော့သည်..။
အဖေက အမေ့လက်တွေကို ဆုပ်ကိုင်ရင်း ပြောနေကျစကား အတိုင်း မေ..မောင်ကို မမုန်းပါနဲ့ ချစ်တယ် လို့ ပြောတော့ အမေက ရှက်ပြုံးလေး ဖြင့် ခေါင်းညိတ်သည်.။
မိဘမဲ့ ဘဝရောက်သွားပြီ ဆိုတဲ့ စိတ်ကို ထို အိမ်မက်ကလေး တစ်ခုတည်းဖြင့် ကုစားခဲ့ရသည်..။
"ကိုကို အိမ်ကို ၀င်ဦးမလား.."
"မ၀င်တော့ဘူး…ဖေကြီး စောင့်နေလိမ့်မယ်.."
"အင်း..အချစ်တွေ စတင် သိမ်းပိုက်တော့မယ်…"
"အဟွင်း…ဒါလည်း အရည်အချင်းပဲလေ…"
ဒီပါ စကားပြန်ပြောရင်း လမ်းဘက်ကို ပဲ ကြည့်နေ့မိသည်..။
အဖေ့ကို လူတကာ သတ်မှတ်ကြတာ အချစ်ရူးဆိုပေမဲ့ စီးပွားရေးလုပ်ငန်းမှာ များစွာ အောင်မြင်ခဲ့သည်..။
ဒါပေမဲ့ အဖေ မရှိတော့တဲ့ နှစ်တွေ အတွင်း ဖေကြီးက သေချာ မလုပ်နိုင်တဲ့ အပေါ်မှာ ယိုယွင်းမှုတွေ စဖြစ်နေပြီ..။
ဟိုတယ်က တစ်ချို့ ပိတ်ထားရသလို ရှယ်ယာရှင်တွေ ပြသာနာ ရှာနေပြီး အအေးခန်းကလည်း အလုပ်သမား တိုင်စာတွေကြောင့် ရပ်ဆိုင်းလိုက်ရသည်..။
ဒါတွေ အားလုံးကို တာ၀န်ယူ ခေါင်းခံ နေရတဲ့ ဖေကြီး ကို သနားလို့ ဒီပလိုမာ ကို စွန့်ပြီး အလုပ်တွေကို ဒီပါ့ ပခုံးပေါ် ပြောင်းယူဖို့ ပြန်လာခဲ့ရသည်..…။
ပို့ကုန်သွင်းကုန် လိုင်းနဲ့ အလုပ်ရှုပ်နေတဲ့ ဒက်ဒီကလည်း မကူန်ိုင်တော့ အဖေ စတင်ခဲ့တဲ့ ဟိုတယ်တွေကို လွယ်လွယ် ပျက်စီးမခံနိုင်လို့ ဒီပါပဲ ပြန်ကြိုးစားရတော့မည်…။
အမွေမခွဲဖို့ ပြောခဲ့ပေမဲ့ ဖေကြီးက ဟိုတယ်ကိစ္စ နဲ့ ရေလုပ်ငန်းကိစ္စ အားလုံးကို ဒီပါ့ကိုသာ လွဲပေးလိုက်သည်..။
"ဒက်ဒီ ပြန်လာသေးလား.."
"မလာပါဘူး..မာမီကလည်း နေမကောင်းဘူး…အိုး..မာမီက အဲဗား မကောင်းတာပါ…ခေါင်းကိုက်လည်း…ကင်ဆာ ပဲလားလို့ တွေးနေတယ်…မာမီ့ရောဂါက ကင်ဆာကြောက်ရောဂါ..ဟား.ဟား.."
"ညီကေလ…"
ဒီပါ ပြောမဲ့ စကား ပျောက်သွားပြီး ခေါင်းထဲ ရိတ်ခနဲ့ ဖြစ်လို့ မျက်လုံး မှိတ်ခါ ခေါင်းမှီထားရသည်..။
"ဟယ်…သားကြီး ပြန်လာပြီ…"
"ဟုတ်တယ်…ကြီးကြီးနေကောင်းရဲ့လား…နေပူထဲ ဘာထွက်လုပ်နေတာလည်း.."
"အမလေး…ငါ့သားကတော့ ရောက်တာနဲ့ ဆူပါပြီ…ကြီးကြီး က သားကို ထွက်ကြိုနေတာပေါ့.."
"လာ..လာ…နေပူထဲမှာ…အိမ်ထဲ ၀င်ရအောင်…"
ကြီးကြီး လက်ကို ဆွဲပြီး အိမ်ထဲ ခေါ်လာတော့မှ စိတ်ချရသည်လေ..။
"..ဖေကြီးကော…"
"ရှိတယ်…သားကို စောင့်နေလေရဲ့…"
"ဟုတ်ကဲ့… သွားတွေ့လိုက်ဦးမယ်.."
"ဖေကြီး.."
ဒီပါ အခန်း၀ကိုရောက်တော့ ဖေကြီးက ဆိုဖာပေါ်ကနေ လှမ်းပြုံးပြလို့ အနားကို အ ပြေးသွားလိုက်ရသည်..။
"ဖေကြီး စောင့်နေရတာလား…"
"အေးပေါ့ကွ…မင်း နောက်ကျတာကိုး.."
"ဒီက နောက်ကျတာ မဟုတ်ဘူး…ညီလေ…"
"ရူပါ ဟလား.."
"ဟား..ဟေ့..ကိုကိုနော်…မကြပ်နဲ့…အချိန် ကွက်တိ ရောက်တာ..လေယာဉ်နောက်ကျတာလည်းပြောဦး.."
"ဟုတ်တယ်…ဖေကြီး…လေယာဉ် အ၀င်နောက်ကျသွားလို့ပါ…"
"ငါ့မြေး က တစ်နေ့တခြား ချောလာတာပဲကွ…."
"အဟမ်း…အဟမ်း.."
ရူပါက နောက်ကနေ ချောင်းဟန့်ပြီး စလိုက်တော့ ဖေကြီးက မှုန်ကြုတ်ကြုတ်ကြည့်ခါ
"မိန်းမချောတော့ မဟုတ်ဘူးပေါ့ကွာ.."
"အား…ထိသွားပြီနော်…အဖိုး…"
ရူပါက အနားမှာ ပြေးထိုင်ပြီး ပေါင်ပေါ် လှဲအိပ်ချလိုက်တော့ ဖေကြီးက နဖူးကို လက်သီးဆုပ်ဖြင့် ဖွဖွ ထုပစ်လိုက်သည်..။
"သား..နားလိုက်ဦး…အလုပ်ကိစ္စကတော့ ဖြည်းဖြည်း ချင်း လုပ်ပေါ့လေ…ခုလောလောဆယ် အောင်သူကို့ပဲ လုပ်ပိုင်ခွင့် လွဲထားတယ်..သား ကျွမ်းကျင်ရင်တော့ မှ ပြန်ပြောင်းပေးဖို့ ပြောထားတယ်…"
"ဟုတ်ကဲ့…"
"အပေါ်မှာပဲ နေမှာမလား.."
"ဟုတ်.."
ရူပါ မင်္ဂလာဆောင် အတွက် ပြန်လာတုန်းက ဒီပါ အပေါ်ထပ်ကြီး တစ်ခုလုံးကို စိတ်ကြိုက် ပြင်ဆင်ထားတာမို့ အမေနဲ့ အဖေ့ရဲ့ ပုံတူလည်း ဧည့်ခန်းမှာ ချိတ်ထားခဲ့သည်..။
ကျယ်သွားအောင် အခန်းကို ချဲ့လိုက်ပြီး စာအုပ်ခန်း သပ်သပ် လေ့ကျင့်ခန်း လုပ်တဲ့ အခန်း သပ်သပ် ခွဲခါ ထားလိုက်သည်..။
ထို့ကြောင့် အပေါ်ထပ်က ဒီပါ့ ရဲ့ သီးသန့်နေရာ တစ်ခုလို ဖြစ်နေသည်လေ..။
"အို…"
"ဖေကြီး.."
"ဟေ…"
"လူစီဖာ..ကော…ရောက်တယ် မလား.."
"လူစီဖာ…"
"ကြောင်.."
"သြော်…ဟို…ဘိုကြောင်လား…တစ်ချိန်လုံး အော်နေလို့ နောက်ခြံထဲက အိမ်ပို့ထားတယ်.."
"ဗျာ…"
ဒီပါ ဖိနပ် ခပ်သွက်သွက် စီးပြီး နောက်ခြံထဲကို ဆင်းပြေးခါ ၀န်ထမ်း အိမ်လေး ကို ဦးတည် သွားရတော့သည်..။
"ဖိုးကောင်း.."
"ဗျာ.."
"လူစီဖာကော…အဲ…ကျွန်တော့် ကြောင်လေ.."
"သြော်…အကို့ ကြောင်လား…ဟိုမှာလေ…မီ..မီ…လာ.."
"ဟမ်…"
ဒီပါ ဒေါ်လာ ထောင့်ငါးရာ အပြင် အခွန်တွေပါ မချိမဆန့်ဆောင်ပြီး ပိုးမွှေးသလို မွှေးထားရတဲ့ ပါရှန်အမျိုးအစား အဖြူရောင် လူစီဖာက မျက်နှာ မှာ အိုးမဲ နှိုင်းချင်းဖြင့် ထွက်လာတော့ မျက်လုံး ပြူးနေရသည်..။
"အိုး…လူစီဖာ…အိုး..မိုင်ဂေါ့…ဟူး.."
အနားကိုခပ်လှုပ်လှုပ်လျှောက်လာတဲ့ လူစီဖာကို ပွေ့ချီလိုက်ပြီး မျက်နှာက အမဲတွေကို ကိုင်ကြည့်တော့ ရေချိုးပေးရဖို့ သေချာ သွားပြီ..။
"ဘက်..ဘွိုင်း.."
သူ့ကို လူဆိုးလေးပြောလိုက်တော့ မှုန်ကြုတ်ကြုတ်ဖြင့် တစ်ဖက်လှည့်သွားတာ အသည်းယားစရာ ရုပ်..။
"ဆောရီး..ဆောရီး…အို မိုင်ပူဝါး..လစ်တဲလ်ဘေဘီ…"
ဒီပါ ပြန်ချော့ရင်း အိမ်ပေါ်ကို ရောက်လာတဲ့ အထိ စိတ်ကောက် မပြေချင်သေး…။
"ဟေ့..ဒီပါ.."
"ဗျာ…"
"မင်းကြောင် ဗမာ စကား မတက်ဘူးလား…"
"ဖေကြီး…အဲဒါ.."
"…ဗမာ စကားနားမလည် သ၍ အငတ်ထားလိုက်.."
"ဟို..တက်ပါတယ်…ဖေကြီးရဲ့…ဒီက ဗမာလိုပဲ ပြောထားတာပါ…"
"အေး…ကြည့်တဲ့ပုံက ရုပ်မြင်ရင် ပြေးကန်ချင်စရာရုပ်..မင်း လည်း ကြပ်ကြပ်သတိထား…ယောင်္ကျားလေး ဖြစ်ပြီး ကြောင် ချစ်စရာလား…"
"ဗျာ.."
"ခြီး…ဟား..ဟား…ကိုကို တစ္ဂိုး.."
"ခွေးလေး.."
ဒီပါ လှေကားတွေကို ပြေးတက်လာရတာ လူစီဖာ့ကိုလည်း တစ်ဖက် က ပိုက်ထားရသေးသည်..။
"အဖေ….အမေ…ဒီက ပြန်ရောက်ပြီ…ပျော်နေကြတယ်မလား..ဒီနှစ်တော့ ဆေးရုံ တစ်ဆောင် ဆောက်ပေးမယ်..အတူတူ ပျော်ပျော်နေကြနော်…ရန်မဖြစ်နေနဲ့ဦး…ဟူး…အဖေလည်း…တအား ဖက်မနေနဲ့ အဟွင်း..အဖေ နဲ့ အမေ ကို ဒီက ချစ်တယ်နော်…အမေ့ကိုတော့ ပိုချစ်တာပေါ့…ဒီက အလုပ်တွေ လုပ်ရင် မှား မလား စိုးရိမ်နေတယ်…အဖေ…ဒါပေမဲ့ အဆင်ပြေသွားမှာပါလေ…ဒီက ဘယ်သူလည်း..ဦးမျိုးချစ်..ဒေါ်လှမေတို့ရဲ့ တစ်ဦးတည်းသော ချစ်သားလေးပါ အဟွင်း.."
"လူစီဖာ…အဖေ နဲ့ အမေလေ…ဖေကြီးက ကြည့်မရပေမဲ့…ဒီက မွေးမယ်နော်…အဖေ…အမေလည်း သဘောတူမှာပါလေ…အဟွင်း.."
ပုံတူ ပန်းချီကားရှေ့မှာ ကြောင်တစ်ကောင် ပိုက်ပြီး ရပ်စကားပြောနေတာ တစ်မျိုး ထင်ချင်စရာပေမဲ့..ကိုယ်ချစ်တဲ့ သူတွေကို ချစ်တယ်လို့ ပြောတာ ဝေး ဝေး နီး နီး ကြား ကြား မကြားကြား ပါလေ..။
ဒီပါ အခန်း ထဲရောက်တော့ ပင်ပန်းလို့ နားချင်ပေမဲ့ ရေချိုးခန်းထဲ ၀င်ပြီး ရေချိုးပေးဖို့ ပစ္စည်းတွေ သေချာ စီစဉ်ခါ ရေချိ်ုးပေးရပြန်သည်.။
ဟူး..ဟိုမှာနေတုန်းက ဘေးအခန်းက ကောင်မလေးက အသေချစ်ပေမဲ့ မပေးရက်လို့ တိရိစ္ဆာန် ၀န်ဆောင်မှု လုပ်ငန်းကို လှမ်းချိတ် …ပိုက်ဆံတွေ ပေး..အိမ်ရောက်မရောက် ဖုန်းတွေ အသေအကြေဆက်ရပြီး…လူစီဖာ အိမ်ကိုရောက်ပြီ ဆိုတော့မှ လေယာဉ်လက်မှတ်၀ယ်ပြီး ထွက်လာခဲ့ရတာ…။
အခုတော့…ဟိုမှာထားခဲ့တာမှ ကောင်းပါလိမ့်ဦးမည်..ဖေကြီး ကန်ချက် ဘယ်နေ့ မိမလည်း တွေးပူနေရပြီ..။
"ဟေ့…လွခ်မိ…ဒုန့် ဒူး သစ်..ဟာ…အဲလို မကြည့်နဲ့….သားလေး တော့ အကန်ခံရတော့မှာပဲကွာ…"
ဒီပါ ရေချိုးပေးရင်း အကြည့်လေ့ကျင့်ပေမဲ့ မှုန်ကြုတ်ကြုတ် မျက်နှာထားက သူ့စတိုင်လ်မို့ ပြင်လို့လည်း မရတော့ပါ…။
"တီ…တီ…တီ…"
"ဟလို…ကိုဒီပါလား.."
"ဟုတ်ပါတယ်…"
"ကျွန်တော် အကို့ရဲ့ အတွင်းရေးမှူးပါ ခင်ဗျာ…မနက်ဖြန် ဆယ်နာရီ မီတင်ရှိတဲ့ အတွက် အကို အဆင်ပြေမလား ဖုန်းဆက်မေးကြည့်တာပါ…အချိန်ရွေ့ဦးမလား.."
"မရွေ့ပါနဲ့ အဆင်ပြေပါတယ်…မနက်ဖြန်ဆို..ဒီက လည်း အဆင်သင့် ဖြစ်ပါပြီ.."
"ခင်ဗျာ.."
"အဆင်သင့် ဖြစ်ပြီလို့.."
"အဲ..ဟုတ်…ဟုတ်ကဲ့.."
"ကျစ်.."
ဖုန်းချသွားတာနဲ့ ဒီပါ စိတ်ပျက်စွာ ဆံပင်တွေကို သပ်တင်လိုက်မိသည်..။
ငယ်ငယ်ကတည်းက ဒီပါလို့ လိုက်ပြောရင်း ဒီက ဖြစ်သွားတာ တစ်အိမ်လုံးက အားပေး အားမြှောက်လုပ်ထားသည်..။
အခုတော့ စကား ပြောလို့ အမှတ် တမဲ့ ပါသွားတိုင်း မိန်းမလျာ တစ်ယောက်လို အထင်ခံနေရပြီလေ…။
"လာ..ရေခြောက်အောင် လုပ်ရမယ်.."
ဒီပါ အိတ်တွေ ရောက်မလာသေးတော့ ဧည့်ခန်း ကို တစ်ချက်ကြည့်ပြီး အခန်းပိုထဲ ၀င်ခါ ဒရိုင်ယာ မွေရှာရသည်..။
"ဟူး…လူစီဖါရေ.. ….မဖြစ်ပါဘူး..နောက်ဆို Spa ကိုပဲ ပို့မယ်.."
ဒီပါ ပြောတာကို နားလည်သလိုမျိုး ခေါင်းခါနေတော့ ခေါင်းကို ဖွဖွ ထုပစ်လိုက်သည်..။
"အင်း…လာ…ဖေဖေ နဲ့ တူတူ အိပ်မယ်.."
ဒီပါ အခန်းလိုက်ကာတွေ ပိတ်ပြီး အိပ်ယာပေါ် လှဲချခါမှ ရေမချိုးရသေးတာ သတိရတော့ ပြန်ထရပြန်သည်..။
"မအိပ်တော့ရင်ကောင်းမလား "
"မဖြစ်ပါဘူး..ခေါင်းမူးတယ်.."
ရေချိုးပြီး တာဝါပတ်ရင်း အိပ်ယာပေါ် ၀မ်းလျားထိုးခါ အိပ်ပစ်လိုက်တာ တစ်ခဏ အတွင်း အိပ်ပျော်သွားသည်..။
"ဒီလို လုပ်လို့မရဘူး သိလား..မုန်းတယ်..မုန်းတယ်…"
မိန်းကလေး တစ်ယောက် ခါးခါးသီးသီး အော်ပြီး ရှေ့တိုးနေချိန်ဒီပါ ရင်တွေ တုန်နေရသည်..။
"မဟုတ်ဘူး..ဒီက မင်း အတွက် စိတ်ပူလို့ တားနေတာ…မသွားပါနဲ့….ပြုတ်ကျလိမ့်မယ်.."
"သေပါစေ…ရှေ့မတိုးနဲ့ ခုန်ချပစ်လိုက်မယ်…"
"အင်း…မတိုးတော့ပါဘူး…ပြန်လာခဲ့ပါ…"
တောင်းပန်ပြီး ပြောလိုက်တော့ ဒီပါ့ဘက်ကို လှည့်လိုက်ချိန်…
"အား…"
"ဟာ…"
ဒီပါ ရင်ဘတ်ထဲ အေးခနဲ့ ဖြစ်သွားခါ ငုတ်တုတ် ထထိုင်လိုက်မိချိန် တောင်စောင်းမှာ ရပ်နေရာက အခန်းထဲက မွေ့ယာပေါ်ရောက်နေသည်..။
"ဟူး….အိမ်မက်ဆိုးပဲ…"
"ညောင်…"
"လူစီဖာ…လာ..လာ..အောက်ထပ် သွားမယ်.."
ဒီပါ အ၀တ်အစားတွေ ထုတ်၀တ်ပြီး ခေါင်းမကြည်မလင်ဖြင့် အပေါ်ထပ်က ဆင်းလာခဲ့ရသည်..။
ဖေကြီးက ခြံထဲမှာ အပင်တွေကို လိုက်ကြည့်နေတုန်းမို့ ခုံမှာထိုင်ရင်း အိမ်မက်ကို ပြန်တွေးနေမိသည်..။
ဘယ်က ကောင်မလေး ပါလိမ့်…တစ်ခါမှလည်း မတွေ့ဖူးပါဘူး…ဘယ်လိုဖြစ်ပြီး အိပ်မက်ထဲရောက်လာပါလိမ့်..။
"မြောင်.."
"အင်း…လာ….ဘာကျွေးရမလည်း မသိဘူး…မင်း အစာကလည်း မ၀ယ်ထားဘူး……ကြီးကြီးကို သွားပြောကြည့်ဦးမယ်.."
ကြီးကြီး မနေ့က ငါးကြော် ကျွေးတာ စားတယ် ပြောလို့ ကြီးကြီး လက်ထဲ အပ်ခဲ့ပြီး ပြန်ထွက်လာခဲ့တာ ဖေကြီးက အိမ်ပေါ်ရောက်နေပြီ..။
"မနက်ဖြန် မီတင် ရှိတယ် ဖေကြီး.."
"အင်း မောင်ငြိမ်း ဖုန်းဆက်တယ်…သူက မင်း အတွင်းရေးမှူးလေ…ရှယ်ယာ သမားတွေကို ဘယ်လို ပြောဖို့ စီစဉ်ထားလည်း.."
"မန်နေဂျာက စပြီး ဟော့စ်ကေ့ပါ အထိ ဖြုတ်ထုတ်ရှင်းရင် ရှင်းမယ်.."
"မင်းကို ထောက်ခံပါ့မလား.."
"မကျေနပ်ရင် ထွက်ပေါ့…ဟိုတယ်တွေ အားလုံး ယိုင်လဲကုန်တာ အောက်ခြေက စ ပျက်လို့ပဲ ဖေကြီးရ….ခြတောင်ကို မဖြိုပဲ ရေနံ့ဆီချည်း သုတ်နေလို့ ပြီးမှာ မဟုတ်ဘူး…ဟိုတစ်ခါ လာကတည်းက ပုဂံ နဲ့ ငပလီ မှာ တည်းပြီးပြီ…အဆင်မပြေဘူးလေ….တည်းခိုခန်း အဆင့် ဖြစ်နေပြီ…"
"ဒါဆိုရင်တော့ မင်း လုပ်စရာ များပြီ "
"ရတယ်…ဒီက လုပ်နိုင်မှာပါ…"
"အေး..ဒီက ကို အရင်ပြင်.."
ဖေကြီးက လက်ညိုးထိုး ပြီး ငေါက်လိုက်တော့ ဒီပါ ခေါင်းငုံ့လိုက်၍
"ဖေကြီးပဲ နားထောင် ကောင်းတယ်ဆို..အခု မှ ဘယ်လို ပြင်လို့ရမလည်း.."
"ဟူး…ငါလည်း နောင်တ ရနေပြီ…မင်းကို ငယ်ငယ်ကတည်း က မိန်းမ ပေးစားခဲ့သင့်တာ ရှာရ ဖွေရခက်ခဲ နေလို့ အခုလိုတွေ ဖြစ်ကုန်တာပေါ့…"
" …ဒီက ယောင်္ကျားပါဗျ…"
"မင်း အသံကလည်း ငါ့ယောင်္ကျားရှင့် ဆိုတာမျိုး ဖြစ်နေပြီ…"
"အဟွင်း..ဟုတ်ပါဘူး...ထမင်းစားကြမယ်လေ..ကျွန်တော် ဗိုက်ဆာပြီ...."
"ဘာ…"
"ဖေကြီးပဲ ဒီက ကို ပြင်ရမယ်ဆို.."
"အိမ်မှာ မပြင်ခိုင်းဘူး…အပြင်မှာ ပြင်…ကျွန်တော်လို့ ပြောရင် မင်းက လူ ကြီး ဖြစ် သွားသလိုပဲ..လက်မခံဘူး…"
"ဖေကြီး သဘောအတိုင်း ပါပဲဗျာ…လာပါ.."
ဖေကြီး ပခုံးကို ဖက်ပြီး ထမင်းစားခန်းထဲ ၀င်လာတော့ ကြီးကြီးက ဖွယ်ဖွယ်ရာရာတွေ ချထားပြီ…။
ကြီးကြီးက မေကြီး မရှိတော့ကတည်းက အိမ်ကိစ္စ အ၀၀ကို တာ၀န်ယူထားရသည်မှာ ယခုချိန်ထိပင်..။
"ဖေကြီး..မေကြီး လက်ရာကိုမလွမ်းဘူးလား.."
"လွမ်းတာပေါ့…သူချက်တိုင်း ဆားလေးလေး နဲ့.."
"အမယ်..ခုမှပါ… အဲတုန်းကဆို…ဆားငန်ထူးနေတာပဲလို့ အော်ပြီးတော့.."
"မင်းကလေ…အဖိုးလည်း မချန်ဘူး…ဟိုကောင် ရူပါ့ဆီက ပြောင်စပ်စပ် အကျင့်တွေ ကူးကုန်ပြီ ထင်တယ်…တည်ငြိမ်မှုကို မရှိဘူး..အဲလိုနေတာ ဖေကြီး မကြိုက်ဘူးနော်..သား.."
"ဖေကြီး ပျော်အောင်လို့ပါ…"
"ပျော်ရမဲ့ အရွယ်မှ မဟုတ်တော့တာပဲ…..အခုဆို သားက လုပ်ငန်းခွင်ကိုပါ ၀င်ရတော့မယ် ..လူကြီးလူကောင်း တစ်ယောက် ရဲ့ အပြုအမူ အပြောအဆိုတွေပဲ ရှိသင့်တော့တယ်..ဖေကြီး သားကို ခဏခဏ ပြောခဲ့ဖူးတယ်…စတာ နောက်တာ ဆိုတာ ကောင်းကျိုးမရှိဘူး…သားရဲ့ ဖိုးဖိုး က ဖေကြီးရဲ့ စနောက်လိုက်တဲ့ စကား တစ်ခွန်းကြောင့် အသက် ဆုံးရှုံးခဲ့ရတယ်...ကဲ…စိတ်ညစ်ဦးမယ်…စား..စား…အစာလွန်ကုန်မယ်…"
ဒီပါ ပျော်ရွှင်လွတ်လပ်တဲ့ စိတ်ကို လေဆိပ်မှာပဲ ထားခဲ့သင့်တာ သိပေမဲ့ အိမ်ထိသယ်လာမိတာ အခုတော့ အဆူခံရပြီ..။
ဒီပါ့ ပန်းကန်ထဲကို ဟင်းထည့်ပေးတဲ့ ဖေကြီးကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ရသည်..။
တစ်ယောက်တည်း အချိန်အကြာကြီး ပစ်ထားခဲ့မိတာ ခွင့်လွှတ်ပါ ဖေကြီးရာ…။
"ဒါကတော့…ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ကိုဒီပါ ပါ…"
"ဟုတ်ကဲ့…အခုလို့ လုပ်ငန်းရှင်များကို တွေ့ရတာ ၀မ်းသာပါတယ်…ရှေ့ဆက် လက်တွဲလုပ်ဆောင် သွားမှာ ဖြစ်တဲ့ အတွက် လုပ်ငန်းတိုးတက်ရေး အတွက် တင်ပြချက်တွေ လုပ်နိုင်ပါတယ်..ခင်ဗျာ.."
"အန်ကယ်တို့ ဟိုတယ်အားလုံးက အကျဘက်ကို သွားနေတာဆိုတော့ အန်ကယ့် အမြင်မှာ ဟိုတယ် တစ်ချို့ကို ဖြုတ်လိုက်ပြီး အထင်ကရ မြို့တွေလောက်ပဲ ဖိဖိ စီးစီး လုပ်စေချင်ပါတယ်.."
"လက်ခံပါတယ်…ကျွန်တော့် အဖေ ဦးမျိုးချစ်က ဒီ ဟိုတယ်တွေကို 1996 Visit Myanmar Year အတွက် မြို့ကြီး ဆယ်မြို့မှာ ဆောက်လုပ်ခဲ့တာပါ…ဖက်စပ်လုပ်ခဲ့တဲ့ လုပ်ငန်းရှင်က ထိုင်း နိုင်ငံသား အမေရိကန် လူမျိုး မစ္စတာဂျော့ပါ…ရန်ကုန် အင်းလေး ပုဂံ နဲ့ မန္တလေး ဟိုတယ်တွေက တော်တော်လေးကို နာမည်ကြီး ခဲ့တာပါ…ခရီးသွားစာအုပ်တစ်ချို့မှာပါ ဖော်ပြခံခဲ့ရပါတယ်…ငပလီ ချောင်းသာ နဲ့ ပြင်ဦးလွင် ဟိုတယ်တွေကတော့ ခရီးသွားနှစ်ကို မမှီခဲ့ပေမဲ့ နာမည်ရခဲ့တာပါပဲ…ပူတာအိုမှာ ရှိတဲ့ ဟိုတယ်ကတော့ အဖေ့ ရှိစဉ်ကတည်းက ပိတ်လိုက်ရပါပြီ..နောက် တနသာင်္ရီ တိုင်းမှာ အဖေ လုပ်လက်စ ဟိုတယ် တစ်ခုထားခဲ့ပါတယ်…ဒီက အန်ကယ်ပြောတာကို လက်ခံပါတယ်..ဒါပေမဲ့ အထင်ကရ မြို့ပဲ ချန်ရမယ် ဆိုရင်တော့ ဘယ်မြို့ကို ဖယ်ချင်ပါလည်း….ဒီက..အဟမ်း…ကျွန်တော့် အမြင်မှာတော့ အားလုံး က အထင်ကရနေရာချည်းပါပဲ…ကျွန်တော်တို့ ဟိုတယ်တွေ အခုလို ဖြစ်နေတာ ခရီးသွားဧည့်သည် နည်းလာလို့မဟုတ်ပါဘူး…ခုခေတ်လူတွေက အရင်ကလူတွေထက် ခရီးသွားတာ ပိုပြီးမြန်ဆန်လာကြတယ်…လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတယ်…ပိတ်ရက် နားရက်တွေဆိုရင် ပြည်တွင်းက အထင်ကရနေရာတွေမှာ အပန်းဖြေခရီးထွက်ကြတယ်ဆိုတာ…ဖေ့ဘွတ် ဖွင့်ကြည့်ရင် သိနိုင်ပါတယ်…ကျွန်တော်တို့ အများဆုံး ငွေရှာပေးနေတာ ချောင်းသာ ဟိုတယ် တစ်ခုပဲ ကျန်တော့တယ်…ဒါက ကျွန်တော် သိရသလောက် ၀န်ဆောင်မှုကောင်းလို့ မဟုတ်ပါဘူး…ဟိုတယ် တည်းခိုခန်း ပြတ်လတ်မှုကြောင့် ရရာနေရာမှာ ၀င်တည်းရင်းနဲ့ ခရီးသည် ၀င်လာတာပါ…ပြောချင်တာကတော့…လူပြောင်းလို့ မရပါဘူး..မူပြောင်းရပါမယ်…အားမနာတမ်း ဝေဖန်ရရင်တော့ ကျွန်တော့် အဖေ လက်ထက်က ဟိုတယ်တွေက အခုလက်ရှိမှာတော့ 1star တောင် မရသင့်တော့ပါဘူး…ဒါကြောင့်….အောက်ခြေအထိ ပြင်ရပါမယ်…ကျွန်တော်..ဆွေးနွေးတင်ပြမှုမှာ အမှားအယွင်းပါရင် ခွင့်လွှတ်ပါ..ကျွန်တေ်ာ လုပ်ငန်းပိုင်း မကျွမ်းကျင်သေးလို့ နားလည်ပေးစေလိုပါတယ်.."
"ဖြောင်း…ဖြောင်း…ဖြောင်း…"
"အန်ကယ်တို့လည်း ဒီလို မြင်ပါတယ်…မောင်ဒီပါ နဲ့ အကျိုးတူ ပူးပေါင်းဖို့ပဲ ဆုံးဖြတ်ထားပါတယ်…"
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…အဖေ သုံးခဲ့တဲ့ Do or Die ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ဆက်သွားမှာ ဖြစ်တဲ့ အတွက် အားလုံး ပံပိုး ကူညီ ကြဖို့ တောင်းဆိုပါတယ်…"
"ဟုတ်ကဲ့…သဘောတူ လက်ခံပါတယ်.."
ဒီပါ ထွက်လာချိန် ဘေးအခန်းက ဖိုင်ကျန်ခဲ့လို့ သွားပြန်ယူတော့ ဒုတိယ အများဆုံး ရှယ်ယာရှင် ဦးဇော်မျိုး နဲ့ ဦးအောင်သူ တို့ စကားပြောနေကြသည်..။
"ကြိုက်ပါတယ်..ကိုဇော်မျိုး..အနေနဲ့ ရှယ်တွေ ကို ပြန်ထုတ်ချင်ရင် ကျွန်တော့်ကို ပြောပါ.."
"မထုတ်ပါဘူးဗျာ…ဒီကလေး အဖေ လက်ထပ်ကတည်းက အကျိုးတူ ပူးပေါင်းခဲ့ကြတာပါ…အခုလို အရည်အချင်းရှိတဲ့ ကလေး တစ်ယောက် ရောက်လာတာ အားလုံး အတွက် အကျိုးရှိပါမယ်…သူ့အဖေ အတိုင်း လုပ်နိုင်မလား ဆိုတာ စောင့်ကြည့်တာပေါ့လေ…"
"မောင်ငြိမ်း…"
"ဗျာ…"
"ဦးအောင်သူက ဘယ်လိုလူလည်း.."
"ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းမှာ ကျွမ်းကျင်ပါတယ် ..အန်ကယ်မျိုးချစ်က လုပ်ငန်းပိုင်းဆိုင်ရာ အတွက်ထည့်ထားတာပါ ..ဒါကြောင့် သူရှယ်တွေက အနည်းဆုံးပဲ…"
"အင်း..အရင်ကတော့ အဖေ နဲ့ တွဲပြီး တစ်ခါ တစ်ခါ မြင်ဖူးပါတယ်…သိပ်တော့မမှတ်မိဘူး..သူ ဘာလို့ ရှယ်တွေ လိုချင်နေတာလည်း အကျဘက်ကို သွားနေတဲ့ ပစ္စည်းကို ၀ယ်ချင်တာ ထူးဆန်းတယ်… ဥပမာ သစ်ပင်တစ်ပင်က သစ်သား ဖြစ်တာ မှန်ပေမဲ့ ဆွေးနေတဲ့ သစ်သားတုံးကို ၀ယ်ရင် ထင်းစိုက်ဖို့ ဆိုတာ သေချာတယ်လေ…"
"ကျွန်တော်ကတော့ ဆွေးနေတဲ့ သစ်သားတုံးကို ကျွမ်းကျင်ရင် တန်ဖိုးကြီးတဲ့ ပန်းပု ပြန်ထုနိုင်တယ်လို့ ထင်တယ်.."
"အဟွင်း…မောင်ငြိမ်း ပြောတာလည်း ဟုတ်တယ်……သွားရအောင်…"
ဒီပါ ရေလုပ်ငန်း အတွက် အလုပ်သမားတွေကို နစ်နာကြေး မတန်တဆပေးလိုက်ရတော့ ငွေကုန်ပေမဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်နေပြီ..။
ဟိုတယ် လုပ်ငန်းတွေ အတွက် အိမ်မှာ နေချိန် မရှိအောင် ခရီးထွက်ပြီး ကြီးကြပ်ရသလို ခေါင်းကိုက်လောက်အောင် ပြသာနာ ပေါင်းများစွာ ဖြေရှင်းပြီး ချိန်မှာတော့ ပြင်ဆင်ရေး လုပ်ငန်းတွေ ပြီးသလောက် ဖြစ်နေပြီ..။
"ဆိုရှယ်မီဒီယာကို အဓိက ထားပြီး ကြေငြာပေးပါ…အထူးသဖြင့် ဘလော့ဂ်ဂါ တွေကို ဖိတ်ကြားပေးသင့်တယ်…တနင်္သာရီတိုင်းက ဟိုတယ် ဖွင့့်ပွဲကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ချင်တယ်…သူနဲ့ တွဲပြီး ကျန်တဲ့ ဟိုတယ်တွေပါ မိတ်ဆက်ချင်လို့ပါ…"
"ဟုတ်ကဲ့…အန်ကယ် ဦးအောင်သူက တွေ့ချင်လို့တဲ့ ကိုဒီပါ…ညပိုင်း ဒင်နာ ဖိတ်ထားတယ်…အဲဒါ.."
"ခေါင်းကိုက်လို့ မသွားချင်ဘူး…မကောင်းပါဘူး..ဖေကြီး ကိုဖုန်းဆက်ထားလိုက်….ကျွန်တော် အအေးခန်း ကိစ္စတွေ စစ်ဆေး စရာ ရှိသေးလို့.."
"ဟုတ်ကဲ့.."
"ကိုမောင်ငြိမ်း ပြန်ရင် အအေးခန်း တာ၀န်ခံ ဦးစိုးမင်း ရောက်နေရင် လွတ်လိုက်ပါ…"
"ဟုတ်ကဲ့.."
ဒီပါ အချိန်အားတုန်းလေး ရူပါ့ဆီ ဖုန်းခေါ်ဖို့ လက်ရွယ်လိုက်ပြီးမှ သူ ဖုန်းကြေ်ာငြာ တစ်ခု ရိုက်နေတာ သတိရတော့ ဖုန်းပြန်ချထားလိုက်ရသည်..။
ဒီပါ အိမ်ကိုပြန်လာပြီးကတည်းက ဖေကြီးကို တစ်ယောက်တည်း ထမင်းစားရတာ မကြိုက်လို့ ဒီပါ မရှိရင် ရူ့ပါ ကို အနားမှာ နေခိုင်းခဲ့သည်..။
"သြော်…ဦးစိုးမင်း…လာထိုင်…"
"ဟုတ်ကဲ့.."
"ပြသာနာ ဖြစ်လို့ဆို…"
"ဟုတ်ကဲ့…ဒီတစ်ခါ အလုပ်သမား ကိစ္စတော့ မဟုတ်ပါဘူး…ငါးတွေ အချိန်မှီ ရောက်ပေမဲ့..စက်ကိစ္စပါ …ခဏခဏ ဖြစ်နေတာ မရိုးဘူးလို့ ကျွန်တော်ထင်တယ်…လုံခြုံရေး ကင်မရာ မှာ ပေါ်နေတာ ကို ကြည့်လိုက်တော့ တမင်လုပ်သွားတာပါ …ပြီးတော့ ကျွန်တော်တို့ဆီက အလုပ်သမားလည်း မဟုတ်ဘူး.."
"အိုး..နောက်က တစ်ယောက်ယောက် ကြိုးကိုင်နေတာပေါ့…ဒါဆို အပြစ်ပေးဖို့ လိုနေပြီ ထင်တယ်…ဦးစိုးမင်းပဲ ဒီကိစ္စတွေကို ဆက်လုပ်ပါ လိုအပ်ရင် မောင်ငြိမ်းကို အကြောင်းကြားပါ…ကျွန်တော် ဟိုတယ်ဘက်ပိုင်းတွေ ဖွင့်ပွဲကိစ္စ နဲ့ အလုပ်များနေလို့ပါ…ဒီရက်ပိုင်း ကျွန်တော် ပြင်ဦးလွင်တက်ရမယ်…."
"ဟုတ်ကဲ့..စိတ်ချပါ မောင်ဒီပါ…တရားခံကို အမြန်ဆုံး ဖော်ထုတ်ပါမယ်…ခွင့်ပြုပါဦး.."
ပြင်ဦးလွင် ဟိုတယ်မှာ နိုင်ငံတော် အဆင့် အထူးဧည့်သည်တော်တွေ လာတည်းဖို့ ရှိလို့ သွားတွေ့ ရဦးမည်..။
ပြင်ဦးလွင်ကိစ္စ ပြီးရင် ကော့သောင်းဟိုတယ် နဲ့က အချိန်ကပ်နေပြီ ဆိုတော့ ပြန်လာလို့ အချိန်မှီပါ့ဦးမလား မသေချာ…။
"ဆရာ…ကားအဆင့်သင် ဖြစ်ပါပြီ…"
"အင်း…လာမယ်.."
ဒီပါ ကားပေါ်ရောက်ပြီး ဖုန်း၀င်လာလို့ ကိုင်လိုက်တာ ဖေကြီး ဖြစ်နေသည်..။
အပြန်နောက်ကျလို့ ဆူတော့မယ် ထင်ပါရဲ့…။
"မင်း..အောင်သူ့ အိမ်သွားမလို့ဆို.."
"ဟုတ်တယ်..ဖေကြီး."
"စကား မမှားစေနဲ့နော်…ဒီလူက အတွေးသမား.."
"ဟုတ်ကဲ့.."
ဒီပါ ဖုန်းချပြီးတော့ သက်ပြင်းတစ်ချက်ပါ ရောချလိုက်ခါ လမ်းဘက်ကို ငေးနေမိရင်း လမ်းဘေးမှာ ခရေ ပန်းကောက်နေတဲ့ ကောင်မလေးတွေကို တွေ့ရသည်..။
ဘာရယ်မဟုတ်ပဲ ကားမှန်ချပြီး ခေါင်းထုတ်ကြည့်လိုက်တော့ ရှည်လျားတဲ့ ဆံပင်တစ်ချို့က မျက်လုံးထဲမှာ အလှတိုးစေသည်..။
ဟင်း..မဖြစ်ပါဘူး…ဘာဖြစ်လို့များ..ဒီမျက်လုံးက ကြည့်မိပါလိမ့်…။
.ဒီပါ့ကို မိန်းကလေးတွေနဲ့ လုံး၀ မပတ်သက်ဖို့ ဖေကြီးက တားမြစ် ထားသည်လေ…။
"ရောက်ပြီ..ဆရာ..ဘာဖြစ့်လို့လည်း.."
"မဟုတ်ဘူး…သြော်…မောင်ငြိမ်း….ကျွန်တော့် ရုံးခန်းထဲမှာ လပ်တော့ပ် ကျန်ခဲ့တယ် အဲဒါ ယူထားပေးပါ.."
"ဟုတ်ကဲ့…"
ဒီပါ ကားပေါ်က ဆင်းတော့ သက်ပြင်း တစ်ချက် ရှိုက်မိပြန်သည်..။
"သြော်…မောင်ဒီပါ လာ…"
ဒင်နာပါတီ ပုံစံ မဟုတ်ပဲ တစ်ဦးတည်း သီးသန့်ဖိတ်တာ သိလိုက်တော့ စိတ်ထဲ တစ်မျိုး ဖြစ်မိသည်..။
ဖေကြီးပြောတဲ့ စကားမမှားစေနဲ့ ဆိုတဲ့ သဘောကို အခုမှ နားလည်တော့သည်..။
သေချာတာတော့ လုပ်ငန်းကိစ္စတွေ ပြောရတော့မည်..။
"ထိုင်….မောင်ဒီပါ..အန်ကယ့် အိမ်ကတော့ မင်းတို့လောက် မသားနားဘူးပေါ့ကွာ…မန်နေဂျာ နေရာကနေ ရှယ်ယာ အနည်းဆုံး အဆင့် ပြောင်းပေးခဲ့တဲ့ မင်း အဖေက အန်ကယ့် ကျေးဇူးရှင်ပဲ..သူ့ကြောင့် အခုလို နေနိုင်စားနိုင်တာလေ….မင်းတို့ မိသားစုရဲ့ ကျေးဇူးတွေ များတယ်.."
"ဟုတ်ကဲ့…အဖေ့တုန်းက လက်တွဲ ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်…ကျွန်တော့်ကိုလည်း ရှေ့လျှောက်ကူညီပါဦးလို့ တောင်းဆို ပါရစေ…"
"ဒါပေါ့….ကဲ….စားကြမယ်လေ…စားရင်းပြောတာပေါ့.."
"ဟုတ်ကဲ့…"
"သြော်…ဒါက အန်ကယ့်သမီး ကလျာ လေ…မောင်ဒီပါ မှတ်မိမလား.."
ထမင်းဝိုင်းမှာ လိုအပ်တာ ပြင်ဆင်ပေးနေတဲ့ မိန်းကလေး ကို မော့ကြည့်ပြီး ဒီပါ ပြုံးပြ နှုတ်ဆက်လိုက်သည်..။
"ဟုတ်ကဲ့…ကျောင်းတူတူ တက်ဖူးပါတယ်..မတွေ့တာကြာပြီနော်…"
"ဟုတ်ကဲ့…"
ကလျာက လိုအပ်တာတွေ ခပ်ဖြည်းဖြည်း လုပ်ပေးပြီး ပြန်ထွက်သွားတော့မှ ဒီပါ ထမင်းစားဝိုင်းကို ပြန်သတိရတော့သည်..။
"စားတက်ရဲ့လား..မောင်ဒီပါ.."
"ဟုတ်ကဲ့.."
"အန်ကယ် က မြန်မာ အစားအသောက်တွေ စီစဉ်ရပေမဲ့ စားတက်ပါ့မလား တွေးပူနေတာ.."
"ဟုတ်ကဲ့….ရပါတယ် အန်ကယ်…ကျေးဇူးတင်ပါတယ်…"
"ထမင်းစားပြီးရင်တော့ ဝိုင်နည်းနည်း ပြင်ထားတယ်.."
ဖေကြီးကို သတိရတော့ ဒီပါ စိုးရမ်ပေမဲ့ မဆူလောက်ပါဘူးတွေးခါ ခေါင်းညိတ်လိုက်ရသည်..။
"အန်ကယ်က ရှယ်တွေ ပိုထည့်ပေးချင်တာပါ.."
"ဟုတ်ကဲ့…"
"ကိုဇော်မျိုးက လုပ်ငန်းပိုင်း နားမလည်ပေမဲ့ အများဆုံး ဖြစ်နေတာ သိပ်ဘ၀င်မကျဘူးလေ…"
"ဟုတ်ကဲ့…အန်ကယ် ဇော်မျိုးက မစ္စတာ ဂျော့ ထွက်သွားတဲ့ နောက်ပိုင်း အဖေနဲ့ ရှယ်ပထမဆုံး လုပ်တဲ့ သူဆိုတော့ သူ့ကို နေရာ ပေးထားသင့်တယ် ထင်ပါတယ်…"
" …အန်ကယ့်မှာ ငွေ ပိုနေတယ်…ဒါကြောင့် မောင်ဒီပါကော ထည့်ပေးဖို့ အစီအစဉ်ရှိလား..ဟိုတလောက အအေးခန်းမှာငွေ ၀င်သွားတယ်မလား…တကယ်တော့ ဟိုတယ် လုပ်ငန်းက မောင်ဒီပါ နဲ့ သိပ်မကျွမ်းကျင်ဘူးလေ.."
ဒီပါ တစ်စုံတစ်ခုကို သတိရသွားပြီး လည်ချောင်းအ၀က စကားလုံးတွေကို ဝိုင်နဲ့ ခပ်ဖြည်းဖြည်း မျှောချခါ ဟန်ဆောင် ပြုံးပြလိုက်ရသည်..။
"ဟုတ်တယ် အန်ကယ်…ကျွန်တော်လည်း အလုပ်တွေကို ပစ်ထားခဲ့မိတာ နောင်တ ရနေတယ်…အဖေ့ ရဲ့ အောင်မြင်မှုတွေက ကျွန်တော့်လက်ထဲရောက်တော့မှာ ယုတ်လျော့ကုန်တာ အားလည်းနာတယ်..ဒါကြောင့် ဟိုတယ် လုပ်ငန်းကိုပဲ ဇောက်ချ လုပ်သွားမှာပါ…အင်း..ကျွန်တော် မနိုင်တဲ့ အခါ ကျရင်တော့ အဖိုးကလည်း အသက်ကြီးပြီဆိုတော့ လုပ်နိုင်မှာ မဟုတ်ဘူး..အဲဒီ့ အခါကျ အန်ကယ့်ကို ဦးစားပေး စဉ်းစားပေးပါမယ်…"
"အဟား..ဟုတ် ပြီ…ဟုတ်ပြီ…အခုလည်း..အဖေက အန်ကယ့်ကိုပဲ ယုံကြည်အပ်နှံထားတာပါပဲ..ကိုယ့်အလုပ်လို သဘောထားပါတယ်…ဒါကြောင့်..အခြေအနေ တစ်ခု ရှိလာရင်…အန့်ကယ်ကို ဦးစားပေးနော်..မောင်ဒီပါ့တို့ဆီမှာ အန်ကယ် အနစ်နာခံခဲ့တာ နည်းလား..အခုလို အသိအမှတ်ပြုတာ ကျေးဇူးတင်ပါတယ်ကွာ…ချီယား.."
"ဟုတ်ကဲ့…"
ဒီပါ အိမ်ပြန်ရောက်တော့ ဖေကြီးက မအိပ်သေးပဲ ဧည့်ခန်းမှာ ထိုင်စောင့်နေသည်..။
"မအိပ်သေးဘူးလား ဖေကြီး.."
"အေးကွာ…အိပ်မရလို့…ဘာပြောလည်း.."
"ငွေထည့် ချင်လို့ ပါ ဒါပေမဲ့ ဒီက လက်မခံလိုက်ဘူး.."
"ဘာဖြစ်လို့လည်းကွ…"
"ဦးအောင်သူ ရဲ့ စရိုက်ကို မကြိုက်ဘူး…သူက စီးပွားရေး မဆန်ဘူး..အရှုံးအမြတ်ကို ကြည့်ပြီး အပြောင်းအလဲ သိပ်လုပ်ချင်တာ…ဆုံးဖြတ်ချက် မတည်ငြိမ်တက်တဲ့ သူနဲ့ ပါတနာ ဖြစ်နေရင် လုပ်ငန်းထိခိုက်မှာ စိုးလို့ပါ…ဖေကြီးက လက်ခံစေချင်လို့လား.."
"သားပြောသွားတဲ့ အထဲမှာ သဘော ပါနေပြီပဲ…အချိန်တို အတွင်း အခုလို တွေးတက်လာတာ..တော်တယ် ပြောရမယ်…ကဲ.သွားနားတော့လေ…"
""ဟုတ်ကဲ့…ဒီက လိုက်ပို့ပေးမယ်.."
ဆိုဖာမှာ ထိုင်နေတဲ့ ဖေကြီးကို အခန်းထဲ ရောက်တော့ အိပ်ယာပေါ်နေရာချ၍ မီးမှတ်ပေးခဲ့လိုက်သည်..။
ဒီပါ အပေါ်ထပ်ကို ရောက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ လူစီဖာက အကျအန နေရာယူထားသည်..။
"ဒီက ပြန်ရောက်ပြီ…အဟွင်း..ဝိုင်နည်းနည်း သောက်လာမိတယ်…"
ဒီပါရှေ့က ပန်းချီကားကို ကြည့်ပြီး ပြောလိုက်ခါ လူစီဖာ့ခေါင်း ကို သပ်ပေးတော့ ခေါင်းရှောင်နေသည်..။
တစ်နေ့ကုန် မတွေ့လို့ စိတ်ဆိုးနေပြီ ထင်ပါရဲ့..။
အ၀တ်အစား မလဲသေးပဲ ကောက်ပွေ့ချီလိုက်ပြီး ၀ရန်တာ ကို ထွက်လာခဲ့သည်…။
"ဟင်…"
လမ်းထဲမှာ ခဏခဏ တွေ့နေရတဲ့ ဆံပင်ရှည်နဲ့ကောင်မလေး ကြောင့် အကြည့်တွေ လက်သွားရသည်..။
အနားမှာ ကောင်မလေး နှစ်ယောက်ပါ ပေမဲ့ သူကတော့ ၀ရန်တာကို တစ်ချက် လှမ်းကြည့်ချိန် ဒီပါ ရင်မဆိုင်ရဲလို့ လက်ထဲက လူစီဖာ ကိုသာ ငုံ့ကြည့်နေမိသည်..။
အိမ်ရဲ့ ခပ်လှမ်းလှမ်းကို ကျော်သွားတော့မှ
"လူစီဖာ…ကြည့်စမ်း…တွေ့လား.."
"ညောင်း.."
"ဟာ..ဒီကောင်.."
လက်မောင်းပေါ် တင်ပြီး ပိုက်ထားတဲ့ လူစီဖာက မာန်ပြီး ခုန်ဆင်းသွားတော့ ဒီပါ လမ်းမကို ပြန်ကြည့်လိုက်တာ အကြည့်ချင်း ဆုံသွားသလိုပင်..။
"ဘာလည်း.."
ခေါင်းက ဆံပင်တွေ ထောင်ကုန်ပြီး အိမ်ထဲ ကပျာပြန်၀င်လာတာတောင် ကြက်သီးတွေ ထနေဆဲပင်..။
"လာ…လူစီဖာ…အိပ်ကြမယ်.."
"ညောင်း.."
"အဟွင်း..စိတ်ကောက်တာလား…လာပါကွာ…"
ဆိုဖာပေါ်မှာ စိတ်ကောက်ပြီး အိပ်နေတဲ့ လူစီ့ဖာ ကို ပွေ့ချီပြီး နမ်းလိုက်ခါ အိပ်ယာ ပေါ် ခေါ်လာခဲ့ရသည်.။
ဒီကောင် တော်တော် သ၀န်တိုတက်တဲ့ကောင်…ဒါပေမဲ့ အဲလို နွဲ့ဆိုးတာလေးက ချစ်ဖို့တော့ ကောင်းပါသည်..။
.
"ဟာ..ကိုကို လာ…"
"လာ မလုပ်နဲ့…ဘယ်နှ နာရီရှိနေပြီလည်း.."
"ဟဲ..ဟဲ…ကိုယ်တွေက အိမ်ထောင်သည်ကိုးဗျ…အိပ်တာ ညနက်တယ်..မနက်စောစော မနိုးဘူး."
"မောင်.."
"ဘာလည်း…မောင်က ညတုန်းက ဘောလုံးပွဲ ကြည့်တာကို ပြောတာပါ….ကိုကိုသာ အလုပ်ထဲ ခေါင်းဆိုက်နေတာလေ….ဘယ်မှာ ကြည့်အားလို့လည်း.."
"ဟုတ်ပါတယ်..…ပြင်ဦးလွင်တက်ရမယ်…လာပြောတာ.."
"အိ လည်း လိုက်ရမှာလား..ကိုကြီး..."
"လိုက်ရမှာပေါ့.."
"ဟာကွာ..လူပျိုလုပ်လို့မရတော့ဘူး…"
"အ…အ….နာတယ်..မိန်းမရဲ့…"
ဒီပါ့ရှေ့မှာ အိအိ က ရူပါ ကိုဗိုက်ခေါက်လိမ်တော့ ရူပါ တစ်ယောက် မျက်နှာ ရှုံ့မဲ့တက်သွားခါ အော်နေရသည်..။
ရူပါ နဲ့ အိအိဖြူက အထက်တန်းကျောင်းမှာကတည်းက သူငယ်ချင်း နောက်ပိုင်း ချစ်သူတွေ ဖြစ်ပြီး ကျောင်းမပြီးခင် ကတည်းက လက်ထပ်လိုက်ကြသည်..။
အခုချိန်ထိလည်း မပြောင်းမလဲ ရန်ဖြစ်လိုက် ဒီပါ့ကို လှမ်းတိုင်လိုက် ပြန်တည့်သွားလိုက် ဖြစ်နေတုန်းပါပဲ…။
"ကိုကို ပြန်ရင်..ညီ လိုက်ပို့မယ်လေ…ခဏ.."
"ရတယ်…ကားပါတယ်…ဟိုဘက်မှာရပ်ထားတယ်.."
"အင်း.."
ရူပါ က ခြံတံခါး အထိ လိုက်ပို့ရင်း စကားပြောလာတာ ဒီပါ ဟိုဘက်လမ်းကို အကြည့်ရောက် သွား သည်..။
စိတ်ထဲက သံသယတွေကြောင့် ညအိပ်မပျော်နိုင် ဖြစ်နေရတော့ ရူပါ့ကို လက်ကုတ်မိသည်..။
"ညီ..ကားဘေးမှာ ဘယ်သူလည်း.."
"ဟင်..မရှိပါဘူး.."
"အပင်အောက်မှာလေ…"
"မခြောက်နဲ့နော်…သား အသည်းနုတယ်.."
"ဒီက လည်း မတွေ့ပါဘူး ဒါပေမဲ့ …ညက အိပ်မက်ထဲမှာ ဒီပုံစံ အတိုင်းမက်တာ…ကားနား မှာ ကောင်မလေး တစ်ယောက်ရပ်စောင့်နေတဲ့ ပုံစံ မျိုး….မဟုတ်သေးပါဘူး…သွားပြီ…ပြန်မအိပ်နဲ့တော့နော်.."
"ဟုတ်ကဲ့ပါ…"
ညတုန်းက အိပ်မက်တွေက ရှုပ်နေပေမဲ့ ဒီလို မြင်ကွင်း အတိုင်း ကား အနားမှာ ဂါ၀န် မိုးပြာလေး နဲ့ ကောင်မလေး တစ်ယောက် ရပ်စောင့်နေတာတော့ မှတ်မိသည်..။
"ဒုန်း.."
"ဟာ.."
"ကိုကိုး…"
ဒီပါ လေထဲ မြှောက်သွားချိန် ကားတိုက်ခံလိုက်ရပြီ ဆိုတာ သိလိုက်သည်..။
ပြုတ်ကျသွားချိ်ိန် ခေါင်းအောက်မှာ လက်ထဲက အဝတ်အိတ် ရောက်သွားသလို ခြေထောက်တွေက လမ်းကို ပြင်းပြင်းထန်ထန် ရိုက်ကျသွားသည်..။
"ကိုကိုး..ကိုကို.."
"အား…"
"ခဏ.."
"ဟလို….ဟလို…"
ဒီပါ့ အနားမှာ ရူပါ့ရဲ့ မျက်နှာနဲ့ ဖုန်းပြောနေတာ တွေ့ပြီး မျက်လုံးတွေ မှိတ်ကျသွားရသည်..။
ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧နောက်ကျသွားလား 😁
ကျော်တယ်လွှားတယ်
ရေးတာအဆက်မမိရင်
ခွင့်လွှတ်ပါ🙏.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 44Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

BINABASA MO ANG
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...