မုန်းပါနဲ့ဦး
အပိုင်း (၂၂)
#မုန်းပါနဲ့ဦး"ကောင်မလေး မနိုးသေးဘူးလား.."
"မနိုးသေးဘူး…သား ရဲ့ ခရီးပန်းလို့ဖြစ်မယ်.."
မေဖူး ကိုယ်စား ကြီးကြီးက ၀င်ဖြေတော့ ဒီပါ အကြောင်းသိလို့ အပေါ်တက်ခဲ့ရသည်..။
မနေ့ က ပြန်ရောက်ပြီး ထမင်းစားတော့လည်း နည်းနည်း လေးပဲ စားသည်..။
ထပ်စားဖို့ ပြောတော့လည်း ထမင်းတွေ မကုန်ပဲ ထားခဲ့သည်.။
ည အိပ်တော့လည် အစောကြီး ၀င်အိပ်နေတာ ဒီပါ စာဖတ်ခန်းက ထွက်လာတော့ အခန်းထဲ မီးတွေတောင် မှိတ်ထားပြီ..။
မနက် အိပ်ရာ နိုးတော့ အအေးခန်းမှာ စစ်ဆေးစရာ ကိစ္စတွေကြောင့် ခြေထောက် မကောင်းသလို ဟန်ဆောင်ပြီး ဝှီးချဲ ဖြင့် သာ သွားရသည်..။
ဒီပါ တရားခံ ကို သိရတော့ ယုံကြည် အားကိုးရတဲ့ ဦးအေါင်သူ ဖြစ်နေလို့ မယုံနိုင်အောင် ဖြစ်မိသည်..။
ပြဿနာ ကိစ္စတွေ မပြီးလို့ ကုမ္ပဏီ ကို ဆက် သွားချင်ပေမဲ့ စိတ်မချလို့ အိမ်ကို တန်းပြန်လာခဲ့တာ အခုချိန် ထိ မနိုးသေးဘူးဆိုတော့ တစ်ခုခု လွဲနေပြီ..။
ဒီပါ အခန်း တံခါးကို ဖြည်းဖြည်း ဖွင့်ပြီး ကြည့်တော့ ခုတင်ပေါ်မှာ ဘယ်သူမှ ရှိမနေ…။
အခန်းထဲ ကို ခြေလှမ်းကြဲ နဲ့ ၀င်ပြီး ဘီဒို ကို ဖွင့်ကြည့်လိုက်တော့ အ၀တ်တွေ တွေ့တော့မှ သက်မချနိုင်သည်..။
ရေချိုးခန်း တံခါးကို ဖွင့်ကြည့်တော့ အထဲက လော့ခ်ချထားလို့ ဖြည်းဖြည်းပုတ်လိုက်ခါ…
"ကောင်မလေး…"
"……"
"ဟေ့….ရွှေခဲ….ငိုနေပြန်ပြီလား.."
"မုတ်ဘူး.."
အငြင်းစကားသံကိုကတည်းက တစ်မျိုး ပြောင်းနေတော့ ဒီပါ သက်ပြင်းမော ချရင်း တံခါးကို ထပ်ထုပေးရတော့သည်..။
"မြန်မြန် လုပ်…ငါ မင်းကို ခိုင်းစရာ ရှိလို့…"
"ဟုတ်…"
၀ှီးချဲ မပါတဲ့ လွတ်လပ်တဲ့ အရသာ ကို အပြည့်အ၀ခံစားရင်း ခုတင်ပေါ်မှာ အချိန် ခဏ အတွင်း ထိုင်ချနိုင်တာ ခြေထောက်တွေကို ကျေးဇူးတင်မိသည်..။
ခုံပေါ်တင်ထားတဲ့ စာအုပ်နဲ့ ဖုန်းကို တွေ့ပြီး လှမ်းယူဖို့ လက်ရွယ်ပြီးမှ ရပ်ပစ်လိုက်ရသည်..။
"ရေချိုးနေတာလား.."
"ဟုတ်…"
အခုမှ ရေလောင်းလာသလို ဆံပင်တွေက မစိုတဲ့ နေရာတွေတောင် ကျန်နေသေးတာ မသိရှာဘူးလေ…။
ခေါင်းငုံ့ပြီး အကြည့်ချင်း မဆုံ ခင် ကတည်းက ဘာဖြစ်နေလည်း ဘာလုပ်နေလည်း သိလိုက်ပြီ..။
"ရွှေခဲ…"
"ဟင်."
"မင်း..သင်တန်းတက်ချင်လား.."
"ရှင်.."
"နောက် တစ်ပတ် လောက်ကြာရင်…မင်း စိတ်၀င်စားတဲ့ သင်တန်း တစ်ခုခု တက်ပေါ့.."
"ဦးဒီက ကို အလုပ်လုပ်ပေးရမယ်လေ…"
"ငါ့ ခြေထောက်တွေ ကောင်းနေပြီပဲ…စာဖတ်ခန်းက စားပွဲပေါ်မှာ သင်တန်းလမ်းညွန် စာအုပ်ရှိတယ် ဖတ်ကြည့်ပြီး ဘာကို စိတ်၀င်စားလည်း ပြန်ပြောပေါ့…"
"ဟုတ်…ဦးဒီက ဘာခိုင်းမလို့ ခေါ်တာလည်း.."
"ဘာမှ မခိုင်းဘူး မင်း တစ်နေ့ကုန် ငိုနေမှာ စိုးလို့…"
"ဟင်.."
ဒီပါ့ စကားကို ကြားပြီး အလန့်တကြား မော့ကြည့်တာ မျက်ရည်တွေ ပြည့်နေတဲ့ မျက်၀န်းတစ်စုံ ကို တွေ့လိုက်ရပြီ..။
"ဘာတွေ ခံစားနေရလည်း …လာ…"
ဒီပါ လက်ဆွဲခေါ်လိုက်ပြီး ခုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်တော မဲ့နေတဲ့ နှုတ်ခမ်းကို ဖိကိုက်ပြီး ဖျတ်ခနဲ့ ထိုင်ချလ်ိုက်သည်..။
"ငိုလို့ မ၀ သေးဘူးလားဟင်…"
"အချစ်..အချစ်…နောင်တရတယ်.."
"ဟင်း…ဘယ်လိုလုပ်မလည်း… ပန်းအချစ်ဦး.."
"အချစ်ကတော့ ရှက်တာပဲ….ကိုရူပါ မူးလာတဲ့ ညက အကြောင်း တွေးမိတိုင်း ကိုယ့်ကိုယ်ကို မုန်းလို့ …ငိုချင်တယ်.."
"စကားတစ်ခွန်းပြောရင်တောင် စဉ်းစားပြီးမှ ပြောသင့်တယ် …ကိုယ့် ဝိညာဉ် စိတ်နှလုံးက ဝေခွဲဖ်ို့ ခက်ခဲပြီး သိပ်အားမပေးချင်တဲ့ အလုပ်မျိုးဆိုရင် အထပ်ထပ် စဉ်းစားပြီး ရပ်တန့်လိုက်သင့်တယ်…ဒါဆို ပြင်လို့မရတဲ့ အမှားတွေ မဖြစ်တော့ဘူးပေါ့ကွာ…"
"အွင့်.."
မျက်နှာထား မှုန်ကြုတ်ကြုတ်နဲ့ မော့ကြည့်လာတော့ ဒီပါ မျက်ခုံးပင့်လိုက်မိပြီး..
"ဘာလည်း ဒီလို ပြောတာ မကြိုက်ဘူးလား…"
"အခုမှလာပြောနေတာကိုပဲ…ဦးဒီက အစကတည်းက ကိုရူပါ့ မှာ မိန်းမရှိတယ်လို့ ပြောလိုက်ပါလားလို့.."
"အင်း..မှားသွားတယ်…ဒီက ပြောလိုက်ရင် ရှက်သွားမလား.. ငိုနေမလားလို့ စိုးရိမ်လို့ မပြောမိတာပါ…အစကတည်းက ဒီက တားရင်လည်း မင်းက နာခံတက်သူမျိုးမှ မဟုတ်တာပဲ…"
"ဟင်း…အချစ် အခု ဘာတွေ ဖြစ်နေမှန်း မသိဘူး…စိတ်တိုပြီး ငိုပဲ ငိုချင်နေတယ်…"
မျက်လုံးကို လက်ဖနောင့်နဲ့ ဖိပွတ်ခါ အသံတစ်မျိုးပြောင်းသွားတော့ ဒီပါ လက်ကို ဆွဲယူကိုင်ထားရသည်..။
တာဝါယူပြီး သူ့ခေါင်းကို ဖွဖွ လိုက်ဖိရင်း ရေသုတ်ပေးခါ စိတ်ပြောင်းသွားအောင် စချင်လာတာနဲ့…
" …ဘာဖြစ်လို့လည်း ဖုန်းထဲက မင်းသားနောက်တစ်ယောက် ပုံတွေ ခိုးကြည့်ပြီးတော့ငိုချင်နေတာလား.."
"ဟာ..မဟုတ်ပါဘူး…ဘယ်မင်းသားမှ မရှိဘူး..အချစ် အားလုံး ဖျက်ပစ်လိုက်ပြီ…ဟွင့်…ဓာတ်ပုံတောင် ဖိုးဖိုး အခန်းထဲ ပို့လိုက်ပြီ…"
"အဟွင်း..လိမ်မာတာပေါ့…မင်းဖုန်းထဲ ပြောင်သလင်း ဖြစ်နေရင် ငါ့ ဓာတ်ပုံ ထည့်ထားလေ…"
"ထည့်စရာလား..အဘိုးကြီးပုံ ကို အပြင်မှာ ကြည့်တာတောင် စိတ်ညစ်တာ ဖုန်းထဲသာ ထည့်ထားရင် ဖုန်းတောင် ဖွင့်ရဲမှာ မဟုတ်ဘူး.."
"ဘာဖြစ်လို့လည်း.."
"ဦး မျက်နှာကြီး က ရုပ်ကြမ်းရတဲ့ ကြားထဲ အမြဲ ဒီလို.."
ဒီပါ့ ရှေ့မှာ ခါးထောက်ပြီး မျက်မှောင်ကြုတ် ဆိုက် ကြည့်နေတဲ့ ကောင်မလေးရဲ့ ပါးကို ဖွဖွလေး ဆွဲလိုက်မိသည်..။
ပေါက်ကရ ဆို သူ အကုန်လုပ်တက်တယ်လေ…။
"ဦးဒီက.."
"ဟင်…"
"ဟို..အချစ်ကို ခွင့်လွှတ်တယ်ဆို…ဗီဒီယိုကြီး ဖျက်လိုက်ပါလား ဟင်.."
"ဘယ် ဗီဒီယိုလည်း.."
ဒီပါ့ကို မော့ကြီးပြီး မျက်နှာငယ်လေး ပြောနေရင်းက စူပုတ်ပုတ် ပုံစံ ပြောင်းသွားတော့ ဆံပင်တွေကို ဖိသုတ်ပေးလိုက်သည်..။
ဒီပါ့ လက်ကို တွန်းချတော့ ဆံပင်တွေ ပွယောင်းယောင်း ဖြစ်နေတဲ့ ပုံစံက ကာတွန်းမလေး နဲ့ တူနေသည်..။
"ကိုရူပါ အရက်မူးလာတဲ့ ညကလေ.."
"သြော်…ဒါလား..ဖျက်လိုက်တာ ကြာပါပြီ…မြင်နေ တွေ့နေရင် စိတ်ရှုပ် ရလို့လေ.."
"အချစ် တောင်းပန်ပါတယ်.."
"အဟွင်း..မလိုတော့ပါဘူး..မင်း က ရူပါ့ကို ချစ်တာမှ မဟုတ်တာပဲ…ဒီက ကိုတော့ ချစ်မယ်မလား.."
"ဟမ်.."
ဒီပါ့ကို နားမလည်သလို ကြောင်တောင်တောင် လေး ကြည့်နေတော့ တာဝါ ကိုင်၍ ခုတင်ပေါ်မှ ထလိုက်ခါ…
"အ၀တ်အစားလဲလေ...အအေးပတ်နေဦးမယ်…"
"ဟုတ်.."
"ကုမ္ပဏီ ကို ဒီနေ့ သွားမှ ဖြစ်မယ်…အိမ်မှာ ငိုချည်းမနေနဲ့နော်….ကြီးကြီး တို့ တစ်မျိုးထင်သွားရင် မကောင်းဘူး…"
"ဟုတ်.."
"အရင်အတိုင်း ပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်အောင် ကြိုးစားပါ ပန်း အချစ်ဦး.."
"ဟုတ်ကဲ့…"
"ရေချိုးခန်းထဲမှာလည်း ဝင်ငိုမနေနဲ့နော်…"
"ဟုတ်…"
ဒီပါ့ ရှေ့မှာ စကားနားထောင်နေတဲ့ ကောင်မလေးရဲ့ ခေါင်းကို ပုတ်ပေးလိုက်ပြီး လိုအပ်တဲ့ စာရွက် စာတမ်းတွေ ယူခါ အခန်းထဲက ထွက်လာခဲ့လိုက်ရသည်..။
သွားခါနီး လာခါနီး စိတ်မချ လို့မေဖူး နဲ့ ကြီးကြီး ကို သေချာ ထပ်မှာပြီး ထွက်လာခဲ့တာတောင် စိုးရိမ်မိသေးသည်..။
"ဒါဆို အန်ကယ် ဆီမှာ သက်သေ လည်း ရှိနေတာလား.."
"ဟုတ်တယ်..ဒီပါ…အန်ကယ့် လုပ်ငန်း က ရှယ်တွေ လိုက်၀ယ်နေတာ သိပေမဲ့ ဒီလို အကြံ ရှိမယ် မထင်ထားဘူး.."
"ဒါဆို ကျွန်တော် ဘာလုပ်သင့်လည်း.."
"အခု သူက ချထားတဲ့ ပလန်အတိုင်း ဖြစ်လာတော့ တအားပျော်နေရှာတယ်…သက်သေတွေကို သူရှင်းလိုက်တာ ပျောက်သွားပြီထင်နေတယ်…ဒါကြောင့်…သူထင်တဲ့ အတိုင်း ဆက်နေပြရမယ်..ဒီပါ နေမကောင်းဘူးဆိုတဲ့ အတိုင်း ထင်နေပါစေ…အလုပ်တွေကိုတော့ အန်ကယ်နဲ့ မောင်ဒီပါပဲ နည်းနည်း ချင်းစီ ပြန်ခွဲလုပ်ရမယ်…အရင်က လုပ်ပိုင်ခွင့်ကို ချက်ချင်း ပြန်သိမ်းလိုက်ရင် သူ့ အတွက် အခွင့်အရေး ဖြစ်သွားမယ်..အန်ကယ်တို့ကလည်း သူရှုပ်ထားသမျှ လိုက်ရှင်းပေးရလိမ့်မယ်…နောက်တစ်ခုက လောဘသားကို ချောင်ပိတ်ရင် အန္တရယ် ပေးလာမှာ လည်း စိုးရတယ်.."
"ဟုတ်ကဲ့…"
ဒီပါ လူကြီးလူကောင်း တစ်ယောက်ရဲ့ စကားကို ရိုရိုသေသေ ခေါင်းညိတ် နာခံလိုက်ပြီး စီစဉ်ပေးတဲ့ အတိုင်း လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်..။
ညနေ ပိုင်း အိမ်ပြန်လာတော့ ပန်းခြံထဲက ခုံမှာ ထိုင်ပြီး လူစီဖာ့ကို ချီထားတဲ့ ပန်းအချစ်ကို တွေ့ချိန် အမောပြေသွားရသည်..။
တော်ပါသေးရဲ့…ငိုမနေပေလို့…မဟုတ်ရင် ဒီက အမောစို့ရဦးမည်လေ..။
"ကြောင်ကို ရောင်းစားဖို့ ကြံနေတာလား..ရွှေခဲ…"
အနောက်ကနေ ပခုံးကို ဖွဖွ ကိုင်ပြီး မေးလိုက်တော့ မော့ကြည့်ပြီး ပြုံးပြသည်။
"ဟုတ်ပါဘူး…လူစီဖာက ဦးဒီက ကို လွမ်းလို့ အော်နေတာ…အချစ် ချီထားရတယ်…အင့်…"
"ဆက်ချီထားလိုက်ဦး…ငါ အလုပ်ရှိသေးတယ်.."
"ဟွန့်….တွေ့လား..နင့်ကို တကယ်မချစ်ဘူး..နင်လည်း ငါ့ကိုပဲချစ်…"
လူစီဖာ နဲ့ ဒီပါ့ကို ရန်တိုက်ပေးနေတဲ့ ကောင်မလေးကို ငုံ့ ကြည့်ပြီး ပြုံး ၍ အိမ်ပေါ်ကို တက်လာခဲ့ရသည်..။
"သားလေး…ဖျော်ရည်သောက်မလား.."
"ဟုတ်…ဒီက အပေါ်မှာ ရှိမယ်..ကြီးကြီး…"
ကြီးကြီး က ခေါင်းညိတ်ပြီး ထမင်းစားခန်းထဲ ၀င်သွားတော့မှ ဒီပါ ခြံထဲကို တစ်ချက် လှမ်းကြည့်မိသည်..။
အလုပ်တွေ ကျန်နေသေးလို့ စာဖတ်ခန်းထဲ ၀င်လာရပေမဲ့ စိတ်လည်းမချ သလို အနားလာရင် ရွှေခဲ တစ်ယောက် စကားများမှာ သိတော့ ခေါ်လည်း မခေါ်ရဲ…။
"ဟင်.."
"ကျစ်.."
ဒီပါ စာရင်း ဇယား ကွာဟ ချက်တွေကို ရှာပြီး အစအဆုံး ပြန်စီ နေရင်း နာရီကြည့်လိုက်တော့ ဆယ်နာရီ ကျော်နေပြီ..။
ထမင်းစားဖို့လည်း လာမခေါ်သလို အခန်းထဲ ၀င်လာတော့ ဒင်းလေးက အိပ်တောင်နေပြီ..။
အောက်ထပ် ဆင်းသွားတော့ ထမင်းစားပွဲမှာ အားလုံးသိမ်းထားတာ ကြီးကြီး လည်း ဒီပါ့ကို ရွှေခဲ နဲ့ လွတ်ထားလိုက်ပြီ ထင်ပါရဲ့..။
ထမင်းလည်း မစားချင်တော့လို့ နွားနို့ တစ်ခွက်သောက်ပြီး ပြန်တက် လာခဲ့ရသည်..။
"အိပ်ပြီလား.."
ဒီပါ့ စကားကို ပြန်မပြောတော့ ကျောခိုင်းထားတဲ့ ကောင်မလေးကို စောင်ဖြည်းဖြည်း ဆွဲခြုံပေးလိုက်သည်..။
စိတ်ဓာတ်ကလည်း မာသလိုလို ပြောရင်လည်း ဂျစ်ကန်ကန် တကယ် ခံစားရချိန်ကျတော့ ပြိုလဲ ကြေကွဲနေလိုက်တာများ…။
ခုတင်ဘေး အံဆွဲထဲက ဓာတ်ပုံကို ထုတ်လိုက်ခါ အဖေ နဲ့ အမေ ကို နှုတ်ဆက်ရသည်..။
ရင်ဖွင့်ချင်တာတွေ များလွန်းပေမဲ့ ကိုယ်တိုင် ဖြေရှင်းနိုင်အောင် ကြိုးစားရတော့မည်လေ…။
"စိတ်မပူပါနဲ့…အဖေ…အလုပ်ကိစ္စတွေကို ဒီက ရှင်းနိုင်မှာပါ..အဟွင်း…အမေ့ ချွေးမလေးကိုလည်း ထိန်းနိုင်မှာပါ.."
အဖေ နဲ့ အမေ ရဲ့ ငယ်ရွယ်စဉ် အခါက ရိုက်ထားတဲ့ စုံတွဲ ဓာတ်ပုံလေးကို တစ်ချက် နမ်းလိုက်ပြီး အံဆွဲထဲ ပြန်ထည့်လိုက်သည်..။
ဒီပါ သက်ပြင်းချ၍ ပေါင်ပေါ်ရောက်လာတဲ့ လူစီဖာကို ပွတ်သပ်ပေးရင်း ဒီကောင်မလေး အရင်လို ပျော်တက်အောင် ဘာလုပ်ပေးရင် ကောင်းမလည်း တွေးနေမိသည်..။
"ရွှေခဲ…"
"….."
"ဟွင့်…"
"…….."
ဒီပါ အားလုံးပြင်ဆင်ပြီးလို့ ကိုးနာရီ ထိုးတော့မယ် အိပ်ယာက ထမလာသေးတော့ ခုတင်ပေါ်မှာ ချိတ်ထိုင်လိုက်၍ တစ်ဖက်စောင်း အိပ်နေတဲ့ ကောင်မလေး ပခုံးကို ပုတ်လိုက်သည်..။
"ဟေ့..ကောင်မလေး.."
"ဟင်.."
"ထတော့လေကွာ…ကိုးနာရီထိုးနေပြီ.."
"အင်း.."
ကိုယ်ပေါ်က စောင်ကို ဆွဲခွါခဲ့ပြီး ခုတင်ပေါ်က ဆင်းသွားတာ ရေချိုးခန်း ထဲရောက်တော့ ငိုက်ရင်း သွားတိုက်နေပြန်ပြီ..။
"ဟိုကောင်မလေး.."
"….."
"ငိုက်မနေနဲ့….ပြီးရင် မနက်မုန့်စားလိုက်ဦး…ငါ ဒီနေ့ ချိန်းထားတဲ့ အလုပ်တစ်ခုရှိလို့…အပြန်လည်း နောက်ကျမယ်ထင်တယ်…ပြောစရာ ရှိရင် ဖုန်းဆက်လိုက်နော်…ခုတင်ဘေးမှာ ကဒ် တင်ခဲ့တယ်…"
"……"
"ရေချိုးပြီး ခေါင်းရေစင်အောင် လုပ်နော်…"
"………"
"ဖုန်းချည်း နှိပ်မနေနဲ့နော်…နေ့လည်ကျ ပျင်းနေရင် ဖုန်းဆက်လိုက်…"
"………."
"ဟေ့…ကြားလား.."
ရေချိုးခန်း အ၀ကို ရောက်သွားပြီး ထပ်မေးလိုက်မှ ခေါင်းညိတ်ပြ၍ ဝူးဝူး ဝါးဝါး ပြန်ပြောနေတော့ ဒီပါ ပြုံးရင်း အခန်းထဲက ထွက်လာခဲ့ရသည်..။
.
"ဟင်…ဒီပါ…"
"ဟုတ်ကဲ့…အန်ကယ့်ကို တွေ့ချင်လို့လာရတာပါ…"
ဒီပါ ဝှီးချဲနဲ့ ဝင်သွားတော့ မယုံနိုင်သလို မျက်လုံးပြူးပြီး ကြောင်ကြည့်နေရာမှ ရယ်၍ အနားရောက်လာသည်။
"အေးကွာ အန်ကယ်လည်း လာတွေ့ဖို့ အလုပ်တွေကြောင့်ပါ…စိတ်မကောင်းဘူးကွာ.."
"ဟုတ်ကဲ့..ကျွန်တော်က အန်ကယ်အောင်သူကို ကျေးဇူးတင်ရမှာပါ…အန့်ကယ်ကြောင့် ရပ်တည်နိုင်တာပါ…"
"အန်ကယ် အတက်နိုင်ဆုံး ကြိုးစားနေပေမဲ့ ဟိုတယ် ဖွင့်ပွဲ နောက်ရွေ့လိုက်ရတယ်ကွာ.."
"ရပါတယ်…အန်ကယ် စိတ်မကောင်းမဖြစ်ပါနဲ့.."
"အေးကွာ.."
ဒီပါ အလုပ်ကိစ္စ သိချင်လို့ သွားတွေ့ပေမဲ့ လုပ်ငန်းအကြောင်း ဘာ တစ်ခုမှ အသိမပေးတာ စိတ်ပျက်မိသည်..။
ဒါကြောင့် အန်ကယ်စိုး က ဝှီးချဲနဲ့ပဲ သွားဖို့ တိုက်တွန်းခဲ့တာပဲ..။
မထင်ထားတဲ့ ဦးအောင်သူက ဒီပါ့ကို ကားနဲ့ လုပ်ကြံသလို အန်ကယ်စိုးကိုလည်း လုပ်ကြံခဲ့သည်..။
သူ့ကို လုံး၀ ယုံကြည်ခဲ့ပေမဲ့ မထင်ထားတဲ့ ုတုန့်ပြန်မှုကြောင့် တုန်လှုပ်ခဲ့ပြီးပါပြီ…။
အအေးခန်းက စက်တွေ ပျက်စီးတာလည်း သူ့လက်ချက် ဆိုတာ သိတော့ ဒီပါ မယုံနိုင်ပေမဲ့ သက်သေ နဲ့ တကွ မို့လက်ခံလိုက်ရတော့သည်..။
အဖေ့ လက်ထက် ကတည်းက လက်တွဲလာတဲ့ သစ္စာ ရှိသူ ဦးအောင်သူက ဘာကြောင့်များ ဒီလို ပြောင်းလဲသွားလည်း စဉ်းစားလို့မရအောင် ဖြစ်ရသည်..။
အန်ကယ်စိုးကတော့ တစ်ခွန်းတည်း အဖြေပေးတာ လောဘ ကြောင့်တဲ့လေ…။
လောဘ က လူကို စဉ်းစားချင့်ချိန် နိုင်စွမ်း ကင်းမဲ့စေတာ ဒီပါ စာတွေ့မှာ သိခဲ့ပေမဲ့ လက်တွေ့ကျတော့ ဝှီးချဲနဲ့ နေရတဲ့ ဘဝရောက်ခဲ့ရသည်မို့ ပိုပြီး ကြောက်စရာ ကောင်းပါသည်..။
အန်ကယ်စိုးဆီမှာ လုပ်ငန်း ကိစ္စတွေ ပြောပြီး နေ့လည် လောက်မှ ပြီးသည်..။
နေ့လည် အိမ်ပြန်ဖို့ ကြိုးစားပေမဲ့ အချိန် မရတော့ အန်ကယ်စိုးနဲ့နေ့လည်စာ စားပြီး တောင်းဆို ဝေဖန်စာ တွေ ရောက်နေတဲ့ ကိစ္စ ရှင်းရသေးသည်..။
"သား ပြန်ရင် သတိထားဦး.."
"ဟုတ်ကဲ့..အန်ကယ်…ရန်သူကတော့ တစ်ယောက်တည်း မဟုတ်ပါဘူး..ဒါပေမဲ့ မိုက်ရူးရဲ ဆန်တဲ့ ရန်သူကတော့ ဦးအောင်သူ တစ်ယောက်တည်း ရှိတာပါ...အန်ကယ်လည်း ဂရုစိုက်ပါ…"
ဒီပါ တစ်နေ့ကုန် အန်ကယ်စိုးနဲ့ ရှိနေပြီး မိုးချူပ်တော့မှ ညစာ ကို ငြင်း၍ အိမ်ပြန်ခဲ့တော့ ရှစ်နာရီကျော်နေပြီ..။
.
"သား..ညစာ ပြင်ပေးရမလား.."
"ဟုတ်ကဲ့…ကောင်မလေးကော စားပြီးပြီလား.."
ဒီပါ ထမင်းစားခန်းထဲ မျက်လုံး ဝေ့၀ဲရှာရင်း မေးတော့ ကြီးကြီးကလည်း လိုက်ကြည့်ရင်း..
"အင်း…ညနေက စားထားတယ်…ခုထိတော့ ဆင်းမလာသေးဘူး.."
"ဖုန်းနှိပ်နေတယ် ထင်တယ်…ဒီက မရှိတာနဲ့ သူ နေချင်သလို နေတာပဲ…"
"ဒီကလေးက ပျော်သလို နေရှာတာပါ….ကြီးကြီးက မနာခံတက်ဘူး ထင်တာ...လိမ်မာတယ် သိတက်ရှာပါတယ်….."
"အင်း..အဲဒါတော့ ဟုတ်တယ်…"
"ငါ့သားက ဒီလိုပုံစံ ပြန်တွေ့ရတော့ တစ်မျိုး ဖြစ်နေသလိုပဲ…"
"ဟင်.."
"သား အလုပ်တွေကို ပစ်ထားတာ ကြာပြီလေ…အခုကျတော့လည်း အရင်အတိုင်း ထမင်းမေ့ ဟင်းမေ့ ပြန်လုပ်ပြန်ပြီ…အရင်လို မဟုတ်တော့ဘူး..မိန်းမ ရှိတယ်ဆိုတာ သတိထားဦး.. …"
"အဟွင်း….ဟုတ်ကဲ့…."
ကလေး တစ်ယောက်ရှိလို့ ခဏခဏ အိမ်ကို စိတ်ရောက်နေရတာပေါ့ ကြီးကြီးရယ် လို့ ပြောချင်သား....။
ဒီပါ ထမင်းကို ခပ်သွက်သွက် စားလိုက်ပြီး တစ်နေ့ကုန် ပစ်ထားခဲ့မိတဲ့ အရှုပ်မလေး ဆီကို ကပျာကယာ အခစား ၀င်ရပြန်သည်..။
တော်ကြာ ပြဿနာ နောက်တစ်ခု ရှာနေရင် ခက်လိမ့်မည်..။
"ဟင်..အိပ်နေပြီလား.."
"……"
"မင်း ကတော့ မဟုတ်တော့ဘူး……ငါ နဲ့ ဘာလို့ မျက်နှာချင်း မဆိုင်ချင်တာလည်း…ပန်းအချစ်ဦး…"
"……."
"မင်းကို အချိန်မပေးလို့လား…ငါ လည်း အလုပ်များနေလို့ပါ…မင်း ခံစားနေရတာတွေ အချိန်မရွေး ပြောလို့ရသားပဲ…ဖုန်းလည်း ရှိနေတယ်လေ…ဟုတ်လား...."
"….."
"ဒီမှာ……ရွှေခဲ."
ဒီပါ မနေ့ကတည်းက မျက်နှာချင်း သိပ်မဆိုင်မိတာ သတိရတော့ ငိုနေပြန်ပြီလား ဆိုတဲ့ အတွေးဖြင့် ခုတင်မှာ ထိုင်ချလိုက်ရသည်..။
"ကောင်မလေး…"
"……."
"ရွှေခဲလေး…"
"…….."
"စိတ်တော့ မကောက်နဲ့နော်….ဒီက အခုမှ ညီမလေး တစ်ယောက် ကောက်ရလို့ မချော့တက်သေးဘူး…"
"……"
"အင်း…ဟုတ်တယ်…ဒီက မှားသွားတယ်…မနက်ဖြန် ဘယ်သွားချင်လည်း ဘာလုပ်ချင်လည်း…ပြော …."
"………"
"မဟုတ်သေးပါဘူး.."
ကျောခိုင်းထားတဲ့ ပခုံးကို လှမ်းဆွဲလိုက်တော့ ပက်လက် ကလေး ဖြစ်သွားခါ မျက်နှာက မဲ့နေသလိုလို…။
"ဘာ..ဘာဖြစ်တာလည်း…ချွေးတွေလည်း ထွက်နေပါလား…ပန်းအချစ်ဦး…"
"……"
မျက်လုံး စုံမှိတ်ခါ မျက်ခုံးတွန့်ရုံက လွဲလို့ ဘာမှ မတုန့်ပြန်သည့် ကောင်မလေးကို ကြည့်ရင်း ဒီပါ စိုးရိမ် စိတ်ဖြင့် နဖူးကို စမ်းလိုက်မိတာ ကိုယ်ပူနေပြီ…။
"ဟာ.."
ဒီပါ အဲကွန်းကို ပိတ်လိုက်ခါ အောက်ထပ်ကို ပြေးဆင်းလာပြီး ဖိုးကောင်းကို ဆရာ၀န် သွားခေါ်ခိုင်းရသည်..။
ကြီးကြီး တို့ကလည်း မျက်လုံးပြူးဖြင့် ဘာပြော ရမှန်း မသိ ဖြစ်နေရှာသည်..။
"ညနေ က ထမင်းစားမကောင်းဘူး ဆိုလို့..ကြီးကြီး တောင် ညကျရင် အသုပ်တစ်မျိုး လုပ်စားကြမယ် ပြောလိုက်သေးတယ်…"
"ဟုတ်တယ်..မနေ့ကတည်းက မျက်နှာမကောင်းဘူး.."
မေဖူးကလည်း ၀င်ပြောတော့ ကြီးကြီး က ခေါင်းညိတ်ပြီး ဒီပါ့ကို အားနာသလို ကြည့်ခါ..
"ဟုတ်တာပေါ့..သားရယ်....ခြံထဲမှာ ကြောင်တစ်ကောင်နဲ့ နေပူကြီးထဲ ဆော့နေတာလေ… ကြီးကြီးကလည်း ပေါ့သွားတယ်…"
"မဟုတ်ပါဘူး…ကလေး အရွယ် ဆိုပေမဲ့ ကိုယ့်အကြောင်းကို သိနေပါပြီ..ဒီကောင်မလေး သိပ်ဆိုးတာပဲ…"
ဒီပါ ညည်းတွားရင်း လှေကားထဲရောက်ချိန် သက်ပြင်းမော တစ်ချက် ချလိုက်မိသည်..။
အမှားတစ်ခုကြောင့် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်နေတာ တန်လို့လား ကောင်မလေးရယ်…။
နာကျင်စေတဲ့ လောက အကြောင်း ကောင်မလေး သဘောပေါက်အောင် ဒီက ဘယ်လို ကြိုးစား ရှင်းပြရမလည်း အဖြေ မရှိပါလားကွာ..။
"ပန်း အချစ်ဦး…"
"……"
ဆရာ၀န်က မစိုးရိမ်ရဘူး ပြောပြိး ဆေးထိုး ဆေးပေးသွားပေမဲ့ ဒီပါ ကတော့ ရေပတ်၀တ် နဖူး ကပ်လိုက် လှုပ်နှိုးလိုက်ဖြင့် စိတ်ပူလို့ မပြီးနိုင်သေး..။
အမြဲတမ်း တက်ကြွ လန်းဆန်းနေပြီး သွားလေးတွေ ပေါ်အောင် လွတ်လပ် ပေါ့ပါးစွာ ရယ်တက်သည့် ကောင်မလေး ကို အခုလို တွေ့ရတော့ စိတ်မကောင်း ဖြစ်မိသည်..။
"ဟင်း..စိုရွဲနေတာပဲ.."
ညအိတ်၀တ်စုံ လေး ချွေးတွေနဲ့ ရွဲနှစ်နေတော့ မေဖူး နဲ့ ကြီးကြီးကို အားနာပေမဲ့ ညနက်မှ သွားနှိုးရတော့သည်..။
"သား စိတ်ပူနေတာပဲ…ကြီးကြီး တို့ တစ်လှည့်စောင့်မယ်…အိပ်လေ…"
"ရတယ်..ကြီးကြီး တို့ပြန်အိပ်ပါ…မနက် ကျရင်လည်း စောကြီးမထ နဲ့နော်…ဒီက မနက် ဘယ်မှမသွားဘူး.."
"အေးပါ သားရယ်..ကြီးကြီး တို့ကို အားမနာပါနဲ့ လိုရင် လာခေါ်နော်.."
"ဟုတ်ကဲ့…"
ကြီးကြီး တို့ ထွက်သွားတော့ ဒီပါ အခန်းတံခါးကို စေ့လိုက်ပြီး လူစီဖာ ဘေးမှာခဏထိုင်လိုက်မိသည်..။
"အဟင့်…ဟင့်…"
"ဟင်…"
"ဟင့်…ဟင့်…."
"ဘာဖြစ်လို့လည်း..ကောင်မလေး…ဘယ်နား နာလို့လည်း.."
"ဦး...ဦးဒီက.."
"အင်း..ဒီမှာလေ…."
"အချစ် ချမ်းတယ်…"
"စောင်ခြုံပေးမယ်နော်…"
ဒီပါ စောင်ဆွဲယူပြီး ပခုံးပေါ် လွှမ်းခြုံ ပေးလိုက်ပေမဲ့ အနားကို တိုးကပ်ခါ လက်ကို ဆွဲဖက် ထားပြန်သည်..။
လက်ကို ဖြုတ်ပြီး စောင်ကို သေချာ ခြုံပေးတော့ အတင်း တိုးကပ်ခါ ရင်ခွင်ထဲ ရောက်လာသည်..။
"ဟင်း…"
ဒီပါ သက်ပြင်းချရင်း ဆံပင်လေးတွေကို ဖွဖွ လေး ပွတ်ကိုင်ကြည့်မိသည်..။
အတို အရှည် မညီတဲ့ ဆံပင်က တစ်ချိန်က ခေတ်စားခဲ့ပေမဲ့ သူမလေးက ခုချိန် အထိ ဆံပင်တိုတို စတက်ပုံစံ ညှပ်တုန်းပဲ..။
"အခုလို …ကျတော့လည်း…မင်း ကို အရမ်း သနားမိပြန်တယ်…ပန်းအချစ်ဦးရယ်.."
ဒီပါ့ ရင်ခွင်ထဲက ကလေးလေးလိုမျိုး မဲ့၍ အိပ်ပျော်နေတဲ့ ကောင်မလေးကို ငေးကြည့်ခါ ပြုံးလိုက်မိသည်..။
"ဟာ…"
ဒီပါ့ ရင်ဘတ်ထဲကနေ ထွက်ခါ လည်ပင်းပေါ် လက်ရောက်လာတော့ ဘာများ လုပ်မလည်း တွေးမိရုံရှိသေးသည်..။
ဒီပါ အတင်းရုန်းပေမဲ့ ကယောင်ကတမ်းနဲ့ ဆွဲဖက်ပြီး မျက်နှာကို အနှံကို လိုက် နမ်းတော့ မျက်လုံးပြူးနေရသည်..။
မျက်လုံး မဖွင့်ပဲ ကျောကုန်းကို လက်နှိက်ကုတ်ခါ ထထိုင်တော့ ဒီပါ ကျောခိုင်းလိုက်ရသည်..။
ဘာတွေ ဖြစ်တာပါလိမ့်…။
.
"အ…"
အချစ် ကိုယ်ကြီး တုတ်နှောင် ခံ ထားရလို့ နည်းနည်း လှုပ်လိုက်၍ ဘယ်ရောက်နေတာလည်း စဉ်းစားကြည့်မိသည်..။
မျက်နှာကျက်ပေါ်က မြုပ်ထားတဲ့ မီးလံုံးလေးတွေကို မြင်တော့ အခန်းထဲ မှာ ဆိုတာ သိလိုက်သည်..။
"အ…"
"ဦးဒီက…ဖယ်ဦး…အချစ်ကို ဘာလို့ ဖက်တာလည်း.."
အချစ် ကိုယ်တိုင် ရင်ဘတ်ကြီးထဲ ရောက်နေရင်း လက်တွေက ဦးဒီက ခါးပေါ် ရောက်နေပြီး ခြေထောက်တွေကလည်း ဦးဒီက ပေါင်ပေါ်ခွထားမိတာမို့ မသိမသာ ပြန်ရွေ့နေရသည်..။
ညတုန်းက ခေါင်းတွေ ပွင့်ထွက်အောင် ကိုက်ပြီး အိပ်ပျော်သွားတာလေ…။
အဲကွန်းပိတ်ထားတာ တွေ့တော့ ညတုန်းက အချစ်တို့ ဘယ်လောက် သောင်းကျန်းခဲပြီးလည်း ပြန်တွေးကြည့်ရင်း ဦးဒီက ကို အားနာရသည်..။
"အွန့်…အ…ဟိုိဘက်တိုး…"
"ဟာ..မတွန်းနဲ့လေ…. ပြုတ်ကျလိမ့်မယ်.."
် ရင်ဘတ်ကြီး ကို အားနဲ့ တွန်းပစ်လိုက်တော့ ဦးဒီက က ပြုတ်ကျမှာ ကြောက်ပြီး အချစ်ကို ပြန်ဆွဲဖက် ထားသည်..။
"ဟင်.."
အချစ် ညတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်း မှတ်မိလာသလိုလို ရှိသည်..။
ခေါင်းကိုက်နေတာ စိတ်ညစ်လို့ စိတ်ကူးတွေ လျှောက်ယဉ်ရင်း အိပ်ပျော်သွားတာလေ…။
အချစ် စိတ်ကူးထဲမှာ ကိုရူပါ ကို မေ့အောင် ဦးဒီက ကို အတင်း ဆွဲဖက်နမ်း ပစ်လိုက်တာတဲ့…။
သေချာနေပါပြီ…။
"…အဟင့်..ဟင့်..ဖယ်…လွှတ်…"
"ဟာ မငိုနဲ့လေ…ညတုန်းက ဖျားလို့…ဆရာ၀န်ခေါ်ရတယ်..မင်း ချမ်းတယ်ဆိုပြီး.အတင်း.."
"အား.."
အချစ် ကိုယ်ပေါ်က တစ်ခါမှ မ၀တ်ဖူးတဲ့ လက်တစ်လုံး ဖဲဂါ၀န်လေးကို ငုံ့ကြည့်ပြီး မျက်လုံးပြူးသွားရသည်..။
ဘာတွေ ဖြစ်ကုန်တာလည်း ညတုန်းက ပူလို့ အကုန်ချွတ်ပစ်မိတာများလား..။
အချစ် ရှက်လွန်းလို့ မျက်နှာတွေ ပူထူလာသလိုလို …ပုရွတ်ဆိတ်တွေ ရင်ဘတ်ထဲ ပြေးသလိုလို ရှိသည်..။
ဦးဒီက ကို မျက်နှာချင်း ဆိုင်ရမှာ ကြောက်လို့ အောက်ထပ် ပြေးဆင်းလာတော့ နောက်က ဒီလူ ပါလာပြန်သည်.။
"ကြီးကြီး….."
"ဟေ…"
"ဟို….ဟို…."
အချစ် ပြောမထွက်တဲ့ စကားကို နားထောင်ပြီး ကြီးကြီးက အချစ်ကို ကြောင်တောင် တောင်ဖြင့် ပြန်ကြည့်ပြန်သည်..။
"မင်း..မယုံရင် ကြီးကြီး ကို မေးကြည့်ပါ…မင်း အတင်း တိုးကပ်တာပါ…ညတုန်းက ကြီးကြီးလည်း အ၀တ်အစားလဲပေးရသေးတယ်.."
"ကြီးကြီးလဲပေးတာလား ဟင်…"
"အင်းလေ.."
အချစ် မျက်လုံးပြူးနေမိချိန် ဦးဒီက ဆင်းလာပြီး အချစ် နဖူးကို စမ်းတော့ နောက်ဆုတ်ပစ်လိုက်မိသည်..။
"ကိုယ်လည်း မပူတော့ပါဘူး.. ကယောင်ကတမ်း ဖြစ်တာလား..မဟုတ်မှ အတိတ်မေ့သွားတာလား မသိဘူး ကြီးကြီး.."
"မဟုတ်ဘူးနဲ့ တူတယ်…သမီး..မသိဘူးလား.."
"အင်း.."
အချစ် ပါးစပ်ကလည်း ၀န်ခံသလို ခေါင်းကိုလည်း ဆတ်ခနဲ ညိတ်ပြလိုက်တော့ ဦးဒီက ကိုယ့်နဖူးကိုယ်ပြန်ရိုက်ပြန်သည်..။
"ညတုန်းက ကြီးကြီး တောင် သားခြေထောက်ပြန်နာမှာ စိတ်ပူနေတာ...."
"ဟင်…ဦးဒီကကို…ဟာ…မဟုတ်ပါဘူး …"
" …မေဖူးဆို သမီး ကယောင်ကတမ်းဖြစ်နေတာကို ရယ်နေလို့ ခေါင်းခေါက်ရသေးတယ်.."
"ဟုတ်တယ်လေ…ချမ်းတယ်ဆိုပြီး ဖက်လုံးလိုပဲ လိုက်ဖက်နေတာ…ဟီးဟီး…"
"အချစ်က ဖျားနေတာ ဦးဒီက လူကောင်းကိုပဲ...."
အချစ် လက်ညိုးထိုးပြီး ရန်တွေ့သလို ပြောလိုက်တော့မှ အချစ်ကို ပြုံး၍ ဆိုက်ကြည့်နေတာ နဲ့ မျက်လုံးချင်း ဆုံပြီး ရင်ထဲ လှပ်ခနဲ ဖြစ်သွားရသည်..။
ဒါက ဘယ်လို ရုပ်ကြီးပါလိမ့်….။
အချစ် အနားကို ရောက်လာပြီး နှုတ်ခမ်းတွန့်ရုံ လေး ပြုံးလိုက်တာကြောင့် ရင်ထဲ တိတ်ခနဲ ဖြစ်သွားပြန်သည်...။
အချစ်က အိပ်မက်ကြောင့် ယောင်ပြီး လုပ်မိတာကို ဒီလူ ဘာတွေ အခွင့်အရေး ယူလိုက်ပြီလည်း...။
ရင်ဘတ်ကြီးကလည်း…ဦးဒီက နဲ့ မျက်နှာချင်းဆိုင်တာ လေးကို ဘာဖြစ်လို့ ဒီလောက် ခုန်ပြီး ရှက် နေတာပါလိမ့်…။
"ရွှေခဲ…အ၀တ်အစားလဲဦး..…ကြီးကြီး မနက်စာ ပြင်ထားတယ်လေ..ဆေးလည်း သောက်ရမယ်…"
"ဟင်…ဦး…ဦးဒီက… ."
အထူးအဆန်း......
ကြီးကြီး တို့ရှေ့မှာ အချစ်ကို ပခုံးဖက် ပြီး ခေါ်တော့ ခေါင်းငုံ့ပြီး လက်အောက်က ထွက်လိုက်ရသည်..။
"လာလေကွာ…"
"မလာဘူး….."
အချစ် သတိလက်လွတ် ရန်တွေ့ သလို ပြောလိုက်တော့ ကြီးကြီး နဲ့ မေဖူးက အသံထွက်ရယ်ပြီး ဦးဒီက က စိတ်မဆိုးပဲ ပြဲုံးသည်..။
"မင်း မူးလဲမလားလို့ ပြေးလိုက်လာရတာ…မျက်နှာတောင် မသစ်ရသေးဘူး လာလေ…"
"….…"
အချစ် ပြန်မပြောရဲတော့လို့ နားမလည် ခြင်းများစွာနဲ့ ဦးဒီက နောက်က လိုက်သွားရင်း ညတုန်းက အချစ်မသိလိုက်ပဲ ဘာတွေ ဖြစ်သွားခဲ့လည်း တွေးနေမိသည်..။
"ဦးဒီက…"
"အင်း..ဘယ်လို နေသေးလည်း..ညတုန်းက တော်တော် ဖျားထားတာ ဆိုတော့ အားကုန်နေမှာပဲ…"
"အချစ်ဖျားတာ အကြောင်းမဟုတ်ဘူး..ဦးဒီက ဘာလုပ်သေးလည်း ဟင်.."
"ဘာ …"
"ညက အချစ်က ဖျားနေတော့…ဦးဒီက က …"
"ဘာဖြစ်လည်း.. …"
"အချစ်ကို ခိုးနမ်းသေးလား.."
"အဟွင်း..မင်းက ကလေးကျနေတာပဲ ကွာ….ထွက်ပြေးစရာလား.…မေးချင် တာတွေ များနေရင် ထိုင်ပြီးပြောပေါ့…"
အချစ် ပခုံးကို လက်နှစ်ဖက် နဲ့ကိုင်ပြီး ခုတင်ပေါ်က လူစီဖာ ဘေးမှာ ထိုင်ခိုင်းလိုက်တော့ အချစ် ဖျတ်ခနဲ ထိုင်ချပစ်လိုက်သည်..။
"အချစ်က ဖျားရင် ဘာမှန်း မသိတာတွေ ဖြစ်ကုန်ရော.."
"ဟုတ်လား….ဘယ်လိုမျိုးလည်း.."
"ဘေးက လူဆွဲဖက်တာတို့ ဖက်နမ်းတာတို့ မျိုးပေါ့.."
"အဟွင်း… တော်တော် စုံသား..ဒါပေမဲ့ ညတုန်းက ရင်ဘတ်ထဲ ခေါင်းဆိုက်ရုံပါပဲ…"
"အချစ်က အအိပ်ကြမ်းပေမဲ့ ဦးဒီက က ယုံကြည်ထိုက်တဲ့ သူပဲ အခွင့်အရေး မယူဘူး ဆိုတာ သိပါတယ်……"
"ဟာ …စကားတက်တာ တကယ့် ရွှေခဲပဲ…နေကောင်းရင် မုန့်လိုက်၀ယ်ကျွေးမယ်.."
"လူဝံမျက်နှာရုပ်ကြီးနဲ့ တူတူ မသွားချင်ပါဘူး...."
"အဆိုးမလေး…လူကြီးကို….နေဦး…မျက်နှာ သစ်လိုက်ဦးလေ.."
"ဦးဒီက ဘယ်တုန်းက ပြန်လာတာလည်း...."
"ည ရှစ်နာရီ ကတည်းက ပါဗျာ...."
"အဲဒါကြောင့် အချစ် မသိတာ…ညနေက ခေါင်းကိုက်လို့ ထမင်းစားပြီး ကတည်းက ၀င်အိပ်နေတာ…"
"ကြီးကြီး ကိုပြောလိုက်ရင် ပြီးရောကွာ…"
"အလုပ်ရှုပ်မှာစိုးလို့.."
"ဒါဆို ဖုန်းဆက်လိုက်လေ…."
"အချစ်ဆက်တယ်…မကိုင်ဘူး…"
"ဟင်..ဟုတ်လား.."
ဒီပါ ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်တော့ ညနေပိုင်း အန်ကယ်စိုးနဲ့ စကားပြောနေချိန် ဖုန်းတွေ ခေါ်ထားတာပဲ…ဒါကြောင့်မို့ မကြားမိလိုက်တာပေါ့လေ…။
"ဆောရီး.."
"ဟိဟိ….ဦးဒီက က နှုတ်ခမ်း တစ်ခြမ်းပဲ ပြုံးတက်တာ လေဖြတ်ထားလို့လား..."
"ဟာ…မင်း …ကျစ်. ….ထားတော့….အစာစားပြီး ဆေးသောက်ရမယ်တဲ့…အင်း ခုတလော အလုပ်တွေလည်း တအားများလာတော့…မသွားလို့လည်း မဖြစ်ဘူး..မင်း ကို ဆေးတိုက်ပြီးရင် ဧည့်သည်ကို တွေ့ဖို့သွားရဦးမယ်…"
"အချစ် နေကောင်းနေပြီ…သွားပါ…"
ဂါ၀န်လေးနဲ့ တစ်မျိုးဖြစ်နေသည့် သူမကို တည့်တည့် ကြည့်ပြီး စကားမပြောချင်လို့ ဆေးထုတ်တွေကို ပြင်ပေးနေရင်း..
"ငိုနေမှာ စိုးလို့…ဘယ်လိုလည်း ငိုချင်သေးလား.."
"နေမကောင်းတော့ ခေါင်းကိုက်တာပဲ သိတော့တယ်…"
"အဟွင်း…ဆေးသောက်လိုက်ရင် သက်သာမှာပါ ဒီက အဆင်သင့် ထည့်ထားခဲ့မယ်..နောက်ကျနေလို့ သွားရတော့မယ်...တစ်ခုခု ဆို ဖုန်းဆက်လိုက်ကြားလား.."
"ဟုတ်.."
အချစ်ကို ပြောရင်း ဆိုရင်း ဘီဒို ဖွင့်လိုက် ရေချိုးခန်းထဲ ၀င် အ၀တ် အစားလဲလိုက်ဖြင့် အလုပ်သွားဖို့ အဆင်သင့် ပြင်နေသည်..။
အရင်လို ရှပ် နဲ့ ဘောင်းဘီရှည် မဟုတ်ပဲ စတစ်ကော်လံ သနပ်ခါးရောင် နဲ့ ပုဆိုး တွဲ၀တ်ထားတာ့ ကြည့်ရတာလည်း တစ်မျိုး ကြီး ဖြစ်နေပြန်သည်..။
"ကိုယ်ပူသေးလား.."
"…."
အချစ် နဖူးကို စမ်းကြည့်ပြီး ခေါင်းရမ်းခါ လက်ပတ်နာရီကို ကောက်ပတ် လိုက်တော့လည်း လိုက်ကြည့်မိပြန်သည်..။
"ချမ်းလား..ရွှေခဲ…"
"……."
နှုတ်က မေးရင်း မှန်ရှေ့ ရောက်သွားခါ ခေါင်းဖြီးနေပြန်တော့ အချစ် နှုတ်ခမ်းပွင့်ဟ ပြီး လိုက် ကြည့်မိသည်..။
ဦးဒီက ဘာဖြစ်နေတာပါလိမ့်..။
အရင်ကဆို အနားမှာ ထိုင်ပြီး သေချာ
ပြော တာပါ…။
ပြီးတော့ ခရီးသွားရင်လည်း အခုလို မပြင်ဆင်ပါဘူး…။
ဒီလောက် ပြင်ဆင်ပြီး ဘယ်သွားမလို့လည်း…။
"ဒီနေ့ ရေမချိုးနဲ့ဦးနော်.."
"….."
"အဲကွန်းလည်း မဖွင့်နဲ့နော် …
ခုတင်ပေါ်လည်း တစ်ယောက်တည်း ခုန်မနေနဲ့ ပြုတ်ကျနေဦးမယ်…"
"…….."
"မနေ့က ခြံထဲမှာ အကြာကြီး ထိုင်လို့ ဖြစ်တာတဲ့ ကြီးကြီး ပြောတယ်…အဲဒါ ခြံထဲလည်း မဆင်းနဲ့…"
"……"
"သြော်…အရမ်းထူတာတွေ မ၀တ်နဲ့ ချွေးငုတ်မယ်….အစားများများစားပြီးမှ ဆေးသောက်ရမယ်နော်.."
"……."
"ဟေ့.ပြန်ပြောဦးလေ…ဒီလောက် မှာကြားနေတာ နားရော ထောင်ရဲ့လား.."
"ဟင်..နားထောင်ပါတယ်..ဦးဒီကရဲ့.."
"မသိဘူးလေ ငိုင်နေတော့ ဘာဖြစ်လို့လည်း မှ မသိတာ….ခေါင်းမကြည်သေးလို့ ဖြစ်မယ်…"
"ကြည်တယ်..ကြည်တယ်.. မမြင်ဘူးတာတွေ တွေ့တော့ မျက်တောင် မခတ် ကြည့်နေမိတာ.."
ဦးဒီက က လက်ထဲက ခေါင်းဘီးကို ချလိုက်ပြီး ပုဆိုးကို ခါးပေါ်ရောက်အောင် လက်နှစ်ဖက်နဲ့ တွန်းချရင် မျက်မှောင်ကြုတ်ခါ လှမ်းကြည့်သည်..။
"ဘာလည်း.."
"ဦးဒီက က အထူးအဆန်း ဘာလို့ အလှပြင်နေတာလည်း.."
"ဧည့်သည် တစ်ယောက်နဲ့ တွေ့ဖို့ ရှိလို့ပါ.."
"ဦးဒီက..သပ်သပ်ရပ်ရပ်နေတော့ တော်တော် ကြည့်ကောင်း တာပဲ….ဆံပင်ညှပ်ပြီး…မျက်နှာကိုလည်း
ရှင်းလိုက်ရင် ပိုချောလာမယ် ထင်တယ်နော်…"
"အဟွင်း..မင်းက တော့ တော်တေ်ာ မုန့် စားချင်နေပြီထင်တယ်…နောက်နေ့ ၀ယ်ကျွေးမယ်…အခုတော့ သွားပြီ…မေဖူးကို လွတ်လိုက်မယ်…ထိုင်နေဦး.."
"ဟုတ်.."
အချစ်ကို မှာကြားလို့ မပြီးနိုင်တဲ့ သတိပေးစကားတွေ ပြောပြီး အခန်းပြင်ထွက်သွားတော့ အချစ် ခေါင်းထောင် ကြည့်မိသည်..။
လှေကား ပိတ်သံ ကြားရတော့ အချစ် အခန်းထဲက ပြေးထွက်ပြီး ၀ရန်တာ ကိုရောက်သွားပြီ..။
ဦးဒီက ရဲ့ ပြောင်းလဲ ပြင်ဆင် သွားတဲ့ ပုံစံကြောင့် ဘယ်ကို သွားမှာလည်း သိချင်မိသည်…။
အိမ်ထဲက တော်တော် နဲ့ ထွက်မလာသေးပဲ အချစ် မေးထောက်ပြီး စောင့်နေတာ ကြာတော့မှ ခြေလှမ်းကြဲကြဲ ဖြင့် ကားဆီကို ရောက်လာတော့သည်..။
ဒီနေ့မှ အပေါ်က ကြည့်တာတောင် ဘာဖြစ်လို့ ကြည့်ကောင်းနေတာလည်း..ဆံပင်ကလည်း နေထိုးတာနဲ့ လက်လက်ကို ထနေတာပဲ…အရင်က ဆံပင်က မွဲခြောက်ခြောက်ကြီးပါ…
ကိုဖိုးကောင်းနဲ့ စကားပြောပြီး ကားတံခါးကို ဖွင့် ချိန် အပေါ်ကို အကြည့်ရောက်လာတော့ အချစ် လန့်သွားရသည်..။
အချစ် ကြောက်နေတဲ့ အတိုင်း ဦးဒီက ကလည်း ခါးထောက်လိုက်ပြီး..
"ဟာ..ဒီလောက် စကားနားထောင်ရလား…နေပူထဲ ဘာရပ်လုပ်နေတာလည်း…၀င်.."
ဦးဒီက ရဲ့ မတိုးမကျယ် ခပ်စပ်စပ် စကားသံကြောင့် အချစ် ခေါင်းညိတ်လိုက်ပြီး ဆင်ခြေရှာရတော့သည်..။
"ဟို..ဟို…တာ့တာ လာပြ…တာ့တာနော်…ဦးဒီက…"
အချစ် လက်ထောင်ပြပြီး အိမ်ထဲ အမြန်၀င်ပြေးလာရတာ ကားသံကြားတာတောင် မကြည့်လိုက်ရတော့ပါ။
"ဟင်း…"
"ဟော..သမီးလာ…မေဖူးကော…"
"အပေါ်မှာ အခန်း သန့်ရှင်းရေးလုပ်နေတယ်…"
"…သမီး ဘယ်လို နေသေးလည်း.."
"ကောင်းသွားပါပြီ…အချစ်က အဲလိုပဲ ဖျားလည်း ခဏပဲ…"
အချစ်ထမင်းစားခန်းထဲ ၀င်သွားတာနဲ့ ကြီးကြီး က လုပ်လက်စ အလုပ်တွေ ထားခဲ့ပြီး အချစ််အနားကိုရောက်လာတော့သည်..။
"တော်သေးတာပေါ့….သားက စိတ်ပူနေတာ ညက လည်း မအိပ်ပဲ စောင့်နေတယ်..မနက်ကျတော့လည်း သူ့ခမျာ အလုပ်သွားခါနီး စိတ်မချ လို့ တစ်အိမ်လုံးကို မှာကြားသွားတယ်လေ…"
"ဦးဒီက က လည်း ပိုနေပြီ…"
"ပိုတယ်လည်း ဘယ်ဟုတ်မလည်း ကွယ်…မောင်ဒီပါက မိသားစု အပေါ် သိပ်တန်ဖိုးထားတာပါ…ကြီးကြီးတို့ နေမကောင်း ဖြစ်ရင်တောင် သွေးသား အရင်းအချာလို ပျာနေတာပဲ…သူ့ မိန်းမ နေမကောင်း ဖြစ်မှတော့ ပိုဆိုးတာပေါ့ကွယ်.."
"အဟဲဟဲ…ဟုတ်လား…"
အချစ်မှာ မလုံမလဲ ရယ်ရင်း ကြီးကြီး လာချပေးတဲ့ နို့ ကို တစ်ငုံလောက် သောက်ချလိုက်ရသည်..။
ဦးဒီက ရဲ့ မိန်းမ….အချစ်ရဲ့ ယောင်္ကျား…လင်မယား စတဲ့ အသုံးအနှုံးတွေကို ကြားတိုင်း အသည်းထဲ ယားကျိကျိတွေ ဖြစ်ရသည်..။
လင်မယားဆိုမှ ညတုန်းက ဘာတွေ ဖြစ်ကုန်သေးလည်း..။
အချစ် စိတ်ကူးယဉ်မိတာ အချစ် ခေါင်းကိုက်နေတာ ကို တစ်ယောက်တည်း ပစ်ထားခဲ့တဲ့ ဦးဒီက ကို ကောင်းကောင်း ဖက်နမ်းပစ်တာတဲ့လေ..။
ဦးဒီကပြောတော့ ရင်ဘတ်ထဲ ခေါင်း၀င်ပြီး ဖက် အိပ်ရုံပါပဲတဲ့….။
ဘယ်ဟာက အမှန်လည်း…။
အချစ် ညတုန်းက အကြောင်း မှတ်မိတာ တစ်၀က်တပျက် အတွေးတွေ နဲ့ စိတ်ရှုပ်လို့ ခေါင်းကို သပ်ရင်း ကြီးကြီး ကို စပ်စုချင်လာသည်။
"ကြီးကြီး …ဦးဒီက က ဒီလိုပုံပဲလား.."
"ဟင်.."
"သြော်…ဒီလို အဖိုးကြီး ပုံစံပဲလားလို့.."
"ဘယ်ဟုတ်မလည်း သမီးရယ်…သားက ရူပါ့ထက်တောင် နုသေးတယ်…ငြိမ်းချမ်းတဲ့ သူ့စိတ်ကြောင့်ဖြစ်မယ်…တစ်ခြားသူတွေ ပူလောင်သွားမဲ့ အကြောင်းမျိုးတွေ ရှိလာရင်တောင် သားဒီပါက အေးအေးဆေးဆေး ပဲ တွေးတက်တယ်လေ…တည်တည် ငြိမ်ငြိမ် ဖြစ်အောင် သမီးဖိုးဖိုး က ငယ်ငယ်ကတည်းက ပုံသွင်းထားတာတဲ့…ကလေး ကားတိုက်ခံရပြီးမှ စိတ်ဓာတ်ကျပြီး သမီးတွေ့တဲ့ ပုံစံ ဖြစ်သွားတာပါပဲ…ဒီနေ့တော့ နည်းနည်း ထူးဆန်းနေတယ်...."
"အင်း.."
အချစ် ပြုံးစေ့စေ့ ဖြင့် နို့ခွက်ကို ကောက်ကိုင်ခါ မော့သောက်ရင်း ညတုန်းက အချစ်ရဲ့ စိတ်ကူးယဉ် မင်းသားလေး ဖြစ်သွားတဲ့ ဦးဒီက အကြောင်းတွေးမိသည်..။
ဟိဟိ…စိတ်ကူးထဲမှာတော့ ဦးဒီကရဲ့ မျက်နှာကြီးကလည်း ချစ်ဖို့ကောင်းတာပါပဲ…။
"ကြီးကြီး…ဦးဒီက က ဒီလိုပဲ အလုပ်များလား ဟင်.."
"အမလေး နေကောင်းနေတုန်းက မြန်မာပြည် အနှံကို သွားနေတာပဲ ဟိုတယ်ဖွင့်ပွဲ သွားဖို့ စီစဉ်နေရင်း ဖြစ်သွားတော့ သူ့ခမျာ တော်တော် စိတ်ထိခိုက်သွားရှာတယ်…သူက အလုပ်ကို တအား အာရုံစိုက်တာလေ…ဒါကြောင့် သမီး အဖိုးက မင်းကို ပြန်ခေါ်မိတာ မှားတယ်လို့ တစ်ခါတလေ ညီးတာပေါ့…အခုတောင် သမီးရှိလို့ အိမ်ပြန်လာတာပါ…."
"ဟို…ဦးဒီက က အလုပ်လည်း လုပ်တယ်..အရင်က ရုပ်လည်းချောတယ်…လူကလည်း ယဉ်ယဉ်ကျေးကျေး ဆိုတော့ ကောင်မလေးတွေ အများကြီး ကြိုက်မှာပဲနော်.."
"အင်း ကောင်မလေးတွေကတော့ ကြိုက်ရင်ကြိုက်မှာပေါ့…သားကတော့ မိန်းကလေး အပေါင်းအသင်းတောင် မရှိပါဘူး.."
"ကြီးကျယ်လိုက်တာ…"
"သမီးက အဲလို နေတာကို မကြိုက်ဘူးလား..ကောင်မလေး တွေနဲ့ ပေါင်းသင်းနေရင် စိတ်ညစ်ရမှာပေါ့ သမီးရယ်…"
"အင်း..ဟုတ်တာပဲ.."
အချစ် မှတ်ချက်ပေးပြီး မုန့်စားခြင်းကို လက်စသတ်ခါ အင်္ကျီ အိတ်ထဲမှ ဦးဒီက ထည့်ပေးထားတဲ့ ဆေးထုတ်ကို ဖောက်ပြီး သောက်လိုက်ရသည်..။
ဦးဒီက က ဒီလို ဆိုတော့လည်း သဘောကောင်းသားပဲ…။
ဒါကြောင့် မနေ့က တစ်နေ့ကုန် ဒီလူကြီး မရှိတာ တစ်ခုခု လိုနေသလို ဖြစ်နေတာပေါ့…။
ခေါင်းကိုက်နေတုန်းကဆို ဦးဒီက အနားမှာ မရှိလို့ ငိုမိသေးတယ်လေ..။
မုန့်စားပြီးတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း ဓာတ်ပုံ အလ်ဘမ်တွေကို ယူကြည့်မိတာ ကိုကိုတို့မင်္ဂလာဆောင် အတွဲ ဓာတ်ပုံတွေ ဖြစ်နေသည်..။
"နားထောင်….မင်း လိုချင်တာတွေ လိုအပ်တာတွေ ဒီက ပေးမယ်…အရင်ထက် ပိုဂရုစိုက်ပြီး ပိုကြင်နာမယ်…မင်း နဲ့ ငါ က လက်ထပ်ပြီးသားလေ..ဒါကြောင့် မင်းအတွက် ငါ ရှိရင် ပြည့်စုံနေအောင် ကြိုးစားပေးမယ်…မင်းကို ဒီက ညီမလေး တစ်ယောက်လို ဂရုစိုက် စောင့်ရှောက်မယ်..မင်းရဲ့ စိတ်တွေကလည်း ရူပါ့အပေါ် ထားတဲ့ ပုံစံမျိုး..ဒီက အပေါ် ပြန်မြင်နိုင်ရင်တော့ ကောင်းတာပေါ့..ဒါဆို လူမှန်နေရာမှန် ပြီး စိတ်ညစ်စရာတွေပျောက်သွားလိမ့်မယ်….ဟုတ်လား…"
"ဟင်း.."
အချစ် သက်ပြင်းချလိုက်ပြီး ကြည့်လက်စ စာအုပ်ကို ဘုတ်ခနဲ ပိတ်ပစ်လိုက်မိသည်..။
ဦးဒီက ကြင်နာ ယုယ ဂရုစိုက်ပေးတာတွေ သိနေပေမဲ့ အချစ် မှ ချစ်လို့မရတာ ဘယ်လို လုပ်ရမလည်း..။
မိန်းမ နဲ့ ကလေး ရှိနေတဲ့ ကိုကို့ ကို တမ်းတ စွဲလမ်းနေတာ မကောင်းမှန်း သိပေမဲ့ …..။
ဘယ်တော့မှ စိတ်ကူးယဉ် အိမ်မက်တွေ တကယ် ဖြစ်မလာတော့ဘူး ဆိုတာ သိပေမဲ့ …..။
အပြုံး နဲ့ ကြင်နာမှု တွေကို လွယ်လွယ် မေ့လို့မရသေးဘူး.။
ကိုကို့ ကို တစ်ခါတလေ သတိရနေတာထက် ဆိုင်သူ မရှိတဲ့…အများအမြင်မှာ လင်မယားလို့ ထင်နေတဲ့ ဦးဒီက ကို ချစ်ဖို့ ကြိုးစားသင့်ပါသည်..။
အချစ် ဆိုးခဲ့သမျှ ခွင့်လွှတ် သည်းခံ လမ်းပြပေး နေတဲ့ ဦးဒီကကို ဖက်ပြီး.."အချစ် ရဲ့ စိတ်တွေကို ပြုပြင်ပေးလို့ ရရင် ပြုပြင်ပေးပါလား ဦးဒီက ရယ်" လို့ အသနားခံ တောင်းဆိုချင်ပါသည်..။ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
စာဖတ်တာ အဆက်မမိရင် ခွင့်လွှတ်ပါနော် 🙏
အပိုင်းတွေ ရှည်ဦးမယ် ထင်တယ် 💔😭
ဖတ်ပေးမယ် မလားဟင် 💔
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s
أنت تقرأ
မုန်းပါနဲ့ဦး
عاطفية"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...