မုန်းပါနဲ့ဦး
အပိုင်း (၃၄) ဇာတ်သိမ်း
#မုန်းပါနဲ့ဦး"အိုး..ဦးကလည်း ဘယ်ရောက်သွားပြန်ပြီလည်း.."
နေ့ခင်း ထမင်းစားတုန်းက အချစ်ဖျော်တဲ့ လီမွန်ဖျော်ရည် သောက်ချင်တယ်လို့ ပူဆာပြီး အခုတော့ စာအုပ်ပုံထဲ ခေါင်းဆိုက် နေပြီ ထင်ပါတယ်လေ…..။
တံခါးသွားခေါက်လည်း အလုပ်မှာ နှောင့်ယှက်သလို ဖြစ်မှာ စိုးလို့ အချစ် ဖျော်ရည်ခွက်ကို စားပွဲပေါ်မှာ တင်လိုက်ပြီး တီဗွီ ဖွင့်ခါ ထိုင်ကြည့်နေလိုက်သည်..။
"ရွှေခဲ.."
"ရှင်.."
"လာပါဦး.."
ဦးဒီက က ပြန်ထူးရုံနဲ့ မပြီးပဲ လှမ်းခေါ်တော့ အချစ် တီဗွီကြည့်နေရာက ထလာခဲ့ရတော့သည်..။
"ဟာ..ဦး..ဒီနေ့…အလုပ်မသွားဘူးဆို..""အင်း…အခုတော့ အရေးကြီးလို့ သွားရတော့မယ်.."
ဦးဒီက က အ၀တ်အစားတောင် လဲပြီးပြီမို့ အချစ် မျက်နှာလေး စူပုတ်ပုတ် ဖြင့် အနားကို ရောက်သွားရသည်.။
"အင့်.."
စားပွဲပေါ်မှာ အဆင့်သင့်တင်ထားတဲ့ နာရီ ကိုယူပြီး ဦးဒီက ကို လှမ်းပေးလိုက်တော့ လက်လှမ်းထိုးပေးသည်..။
အချစ် မျက်နှာ မသာမယာနဲ့ပဲ ၀တ်ပေးလိုက်ခါ အကျီ င်္ လက်ကြယ်သီးကိုလည်း တစ်ခါတည်း တပ်ပေးလိုက်သည်..။
"အဟွင်း."
"ဘာရယ်တာလည်း.."
"ရွှေခဲ …စိတ်ဆိုးလို့ ရန်စောင်ချင်နေပြီမလား.."
"အွင်း.."
"ဒီလို ကူလုပ်ပေးနေတော့.. ရွှေခဲ ရောက်ခါစ အချိန်တွေကို ပြန်သတိရတယ်…အဲတုန်းကလည်း ကလေးလိုပဲ အ၀တ်တွေ ဆွဲချွတ် အတင်းတွေ ၀တ်ပေးတာပဲနော်.."
"ဟုတ်တယ်.."
"အဲတုန်းက တာ၀န်အရ လုပ်တယ်လို့ အမြဲပြောတယ်နော်…အခုကော.."
"တာ၀န်ပဲလေ.."
အချစ်ပြောလိုက်တော့ဦးဒီက က ဘာမှ မပြောပဲ ပြုံး၍ ဆိုက်ကြည့်နေတာမို့ ရင်ခုန်လာရပြန်ပါသည်..။
"…အခုက…ဘယ်လို တာ၀န်လည်း.."
"အိမ်ရှင်မ တာ၀န်လေ…အဲ ဟုတ်ဘူး.."
"ဟုတ်တယ်လေ…လက်ပေး.."
"ဟင်.."
အချစ် ယောင်ပြီး လက်ပေးလိုက်မိတော့ ဦးဒီက က ဆွဲယူပြီး လက်စွပ်ကလေး ပြန်၀တ်ပေးသည်..။
"ဒါ.."
"ဘယ်တော့မှ မချွတ်ရတော့ဘူးနော်…"
"ဟင်.."
အချစ် နားမလည်ဖြစ်နေရချိန် ခေါင်းကို ပုတ်ပြီး ခုတင်ဘေးက ဖန်မီးအိမ်လေးကို ကောက်ယူခါ အနားကို ရောက်လာပြန်သည်..။
"အိုး..အဲထဲက ဓာတ်ပုံလေး ဦး ဘယ်က ရခဲ့တာလည်းဟင်.."
အချစ်သတိတရ မေးလိုက်တော့ ဦးဒီက က ဖန်မီးအိမ် မီးကို ဖွင့်ကြည့်ရင်း…
"ကောင်မလေး ဟင်းရွက်သွားပို့တော့ အဒေါ်အိမ်မှာ နေခဲ့တုန်းကလေ…ပန်းအချစ်ဦး စိတ်မကောင်းဖြစ်တိုင်း ဓာတ်ပုံလေးကို ကြည့်ပြီး ငိုတယ်ဆို…ဟုတ်လား.."
"အင်း..အချစ် မိဘတွေသာ ရှိရင် ဆင်းရဲတယ်ဆိုရင်တောင် သူများ အနိမ့် အပြောတော့ ဘယ်ခံရပါ့မလည်း..အဲဒါကြောင့် သတိရပြီး ငိုတာပါ…ဦးကို အဒေါ်ပြောတာလား.."
"နောက် တစ်ခါ ငိုရင် ဒီကရင်ခွင်ထဲကို ၀င်ငိုပေါ့..ဟုတ်လား.."
"အွင်း..ဦးစိတ်ဆိုး ရင် ဘယ်လို ငိုရမလည်း..ဟိုးတလောတုန်းကဆို အချစ်မှာ လှေလေး ပိုက်ပြီးပဲ ငိုနေရတယ်.."
အချစ် နှုတ်ခမ်း စူတူတူ ဖြစ်သွားခါ ၀မ်းနည်းစရာ အတိတ်တွေကြောင့် ရင်ဘတ်ထဲ ကြောက်သလို ဖြစ်ရသည်..။
"..ဒီက အရမ်းဆိုးသွားတယ်နော်…နောက် စိတ်ဆိုးနေလည်း ရင်ခွင်ထဲ ၀င်ငိုပေါ့..ဒီက စိတ်ဆိုးရင်တောင် ပြန်ပွေ့ဖက် ထားပေးမယ်လေ…"
"တကယ်နော်.."
"အင်း..အဖေ နဲ့ အမေ…ပြီးတော့ ပန်းအချစ်ဦးရဲ့ အဖေ နဲ့ အမေ ကိုပါ ဒီက ကတိပေးထားတယ်.."
"ဟင်..ဘာလည်း.."
"ပန်းအချစ်ဦးကို တစ်သက်လုံး စောင့်ရှောက်ကြင်နာပါ့မယ်လို့လေ.."
"ဟင်.."
"ပန်းအချစ်ဦး ဆုံးရှုံးခဲ့တဲ့ မိဘရဲ့ ကြင်နာယုယမှုတွေ အေးချမ်းတဲ့ မိဘမေတ္တာတွေ ကို မမှီနိုင်ပေမဲ့ ဇနီးမယားအဖြစ်..ချစ်ခင် မြတ်နိုးတန်ဖိုးထားပြီး တစ်သက်လုံး ပေါင်းသင်းသွားပါမယ်လို့…"
"ဟင်.."
အချစ် နားမလည်လို့ ဦးဒီက ကို မော့ကြည့်မိတော့ ပြုံးပြီး လက်စွပ်လေးကို ကြည့်ရင်း အချစ် နဖူးကို မေးစေ့နဲ့ တိုက်နေသည်..။
အိုး…ရင်တွေခုန်လိုက်တာ..အချစ် က ဒီပုံစံမျိုး တစ်ချိန် တုန်းက စိတ်ကူးယဉ်ကြည့်ခဲ့ဖူးပေမဲ့ ကြမ်းတမ်းတဲ့ မေးစေ့ မဟုတ်ပဲ…နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကြောင့်…ရူးတော့မလား မသိပါဘူး..။
"ဦး."
'ဟင်.."
"ဟို..ဟိုလေ…ခုတလော.."
အချစ်ကို စိတ်ဆိုးပြီးတဲ့ နောက်ပိုင်း ကတည်းက "ပန်းအချစ်ဦး သဘောထား" တို့.."ပန်းအချစ်ဦး ကိုချစ်တယ်..ဒီက ကိုရော " ဆိုတဲ့ အမေးစကားတွေ မမေးတော့ အချစ်မှာ ဖြေရခက်လိုက် ခံရခက်လိုက်ဖြစ်နေရသည်..။
မမေးတော့မှ အရမ်းတွေ ဖြေချင်နေတာ ဘယ်လိုလုပ်ရပါ့မလည်း..။
ဒီမေးခွန်းကို မကြောက်တော့ဘူး..အဖြေလည်း ရှိနေပြီ..သတ္တိလည်း ရှိနေပြီဆိုကာမှ မေးခွန်းပါ ပြန်သိမ်းသွားတော့…ဒီတိုင်း ပြောရမှာတော့ ရှက်သည်လေ..။
မေးလိုက်ပါလား..ဦးရယ်..ချစ်လားလို့လေ…။
"ခုတလော..ဘာဖြစ်လည်း.."
"ဟင့်အင်း…ဒီနေ့ မမ အိ လည်း လာမယ်တဲ့…ညနေစာ ကို မာမီက အချစ်ချက်တာ စားချင်တယ်ပြောတယ်..."
"ဟုတ်လား..ပင်ပန်းလို့လား..ရွှေခဲလေး.."
"ပင်ပန်းစရာလား..ကြီးကြီးနဲ့ မေဖူး နှစ်ယောက်တောင် ရှိတယ်..မာမီလည်း အနားမှာ ရှိတာပဲလေ..အချစ်ပြောချင်တာ..ဦးဒီက လည်း ညနေ စောစော ပြန်လာလို့ ပြောမလို့ပါ.."
"သြော်…အင်း..ခုပဲ ညနေစောင်းတော့မယ်လေ…သိပ်တော့မမျှော်နဲ့နော်.."
"ဟွင့်.."
အချစ် မှာမျှော်လင့်အားကိုးပြီး ပြောလိုက်မိခါမှ မျှော်လင့်ချက်တောင် ပျောက်သွားရတော့သည်..။
ဦးဒီက ကို နှုတ်ခမ်းစူပြီး မှုန်ကြုတ်ကြုတ်မော့ကြည့်လိုက်တော့…
"ဘာလည်း…အတွင်းရေးမှူးနဲ့..စကားများများ မပြောနဲ့…စက္ကထရီကို အနားမှာ မထားနဲ့…ဖုန်းခေါ်ရင် ဖုန်းကိုင်ပါလား…လမ်းသွားရင် ဂရုစိုက်နော်.. လုပ်ကြံတဲ့ သူ ရှိရင် အော်ပြေးဆိုတာမျိုးလား…အဟွင်း…အလုပ်သွားခါနီးတိုင်း ကြားရလွန်းလို့..ဒီက အလွှတ်တောင်ရနေပြီ.."
"အချစ်က စိတ်ပူလို့ပါ.."
"ကောင်မလေးတွေ လိုက်ကြည့်လည်း မသိချင်ယောင်ဆောင်နေရမယ်.. ပြန်မကြည့်ရဘူး ဆိုတာကျတော့…ဘာကို စိတ်ပူတာလည်း.."
"ဦး ကို လုသွားမှာ စိုးလို့ပါဆို.."
"အဟွင်း..ကလေးကျနေတာပဲ..ဒီက နှလုံးသားက ရွှေခဲ တစ်ယောက်တည်း ဆန့်တာပါဗျာ…အများကြီးထည့်ထားရအောင် မကျယ်ပါဘူး.."
အချစ်ပါးကို ဖွဖွဆွဲပြီး ခေါင်းက ဆံပင်တွေကို ဖွ ပစ်လိုက်တော့ လက်နဲ့ ပြန်သပ်နေရသည်..။
"ရွှေခဲ.."
"ရှင်.."
"ဒီကျောက်က တစ်ပွင့်တည်း သိလား.."
"ဟင်.."
"ကျောက်ရိုင်း တစ်ပွင့် တည်း ကို သွေးရင်း ကွဲသွားလို့ နှစ်ပွင့်ရသွားတာ…ပန်းအချစ်ဦး..ဖိုးဖိုး က အဒေါ်ရဲ့ လက်စွပ်နဲ့ နှစ်ကွင်းပြန်လုပ်ထားတာလေ…အဲဒါကြောင့် ပါးတယ်..ဒါပေမဲ့ ပိုခိုင်အောင် ဒီက ပြန်ပြင်ပြီး ပုံလောင်းထားပါတယ်..၀တ်ထားလည်း ဘာမှမဖြစ်ဘူး..အကြမ်းခံသွားပြီ…မချွတ်နဲ့နော်.."
"ဘာဖြစ်လို့လည်း ဦး.."
"သူများတွေက လက်စွပ် ဆင်တူ ၀တ်ပေမဲ့ အခုလို မတိုက်ဆိုင်ဘူးလေ…ဒီက နဲ့ ရွှေခဲက ကျောက်ရိုင်းတစ်ခုတည်း..ငွေလက်စွပ် တစ်ကွင်းထဲက နေ လုပ်ထားတဲ့ လက်စွပ်ကို ၀တ်ထားကြတာလေ ..ဘယ်တော့မှ ခွဲလို့မရဘူးပေါ့..မှတ်မိလား..ဘယ်လို ပြောပြီး ၀တ်ပေးထားတာလည်း …"
"ဟင့်အင်း.."
"ကျွန်မ ပန်းအချစ်ဦး သည် ဦးမျိုးချစ်ဒီပါ ကို လက်ထပ်ခင်ပွန်း အဖြစ် သိမ်းပိုက်ပြီး ယနေ့မှ စ၍ အသက်ကုန်ဆုံးသည်တိုင်အောင် ဘ၀ တစ်လျောက် ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ… ချမ်းသာသည် ဖြစ်စေ… ဆင်းရဲ သည် ဖြစ်စေ…ကျန်းမာသည် ဖြစ်စေ နာ သည်ဖြစ်စေ ချစ်ခြင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကြည့်ရှု ပြုစု လျ က် ပေါင်းဖော်ပါမည်ဟု ကတိသစ္စာပြုပါသည်
ပြုခဲ့သော ကတိသစ္စာများ၏ သက်သေ အဖြစ်လည်းကောင်း ကျွန်ုပ် ၏ ချစ်ခြင်းမေတ္တာ နှင့် တကွ စည်းစိမ် ဥစ္စာ ၇ှိသမျှတို့ကို သင့်အား အပ်နှင်းခြင်းဖြင့် လည်းကောင်း လက်စွပ်ကို သက်သေ အဖြစ်ပေးပါ၏ ဆိုတာလေ.."
"ဟိဟိ…ဦးကလည်း စိတ်ကူးယဉ်လိုက်တာ.."
"အစကတော့ မယဉ်တက်ဘူး..ပန်းအချစ်ဦး ဆီက နေ တက်သွားတာပါ….ဟွင်း..အချစ် သက်သေ ကို ချွတ်ဦးမလို့လား.."
"မချွတ်တော့ပါဘူး..ဦးရဲ့..အချစ် အမြဲ ၀တ်ထားပါ့မယ်.."
"အဟွင်း..လိမ်မာလိုက်တာ…"
အချစ် နဖူး နေရာ နွေးခနဲ့ ဖြစ်သွားတော့ မသိချင်ယောင် ဆောင်နေသင့်ပေမဲ့ ဦးဒီက ကို မျက်လုံးပြူး၍ မော့ကြည့်မိသည်..။
ဦးဒီက က ဆောရီး အထပ်ထပ် ပြောပြီး တောင်းပန်တော့မှ အချစ် အကြည့်ကို အဓိပ္ပာယ်ဖော်သွားတာ သိလိုက်ပါသည်..။
ဟင်း..ဘယ်လိုပြောမှ သိမှာလည်း ဦးရယ်…။
တစ်ခါတလေ…မမသိမ့် ပြောသလို အရမ်းအလိုလိုက်ထားတဲ့ ဦးကို သွေးဆိုးစေချင်မိတယ် သိရဲ့လား..။
ညတိုင်း ရင်ဘတ်ထဲ ၀င်တိုး အိပ်တယ်..မိုးလင်းတိုင်း ဦး ပါးလေးကို မထိတထိ ခိုးနမ်းနေတာ သိရဲ့ နဲ့ ဘာလို့များ ဟန်ဆောင်နေတာလည်း..။
ဒီကောင်မလေး အကိုကြီးလိုပဲ ချစ်ချင်တာ …နေပါစေတော့..ဆိုတာမျိုး ဒဏ်ခတ်ထားလိုက်တာလားဟင်..။
အချစ် ၀ရန်တာကို ထွက်ပြီး မှေးထောက်နေတော့ ခဏကြာမှ ဦးဒီက ထွက်လာသည်..။
"ဦး…တာ့တာ.."
"အင်း.."
ဦးဒီက ရဲ့ အပြုံး တစ်ခုက နေရောင်အောက်မှာ လင်းလက် ပြီး ကားထဲ ၀င်သွားတော့ ကားလေး ရွေ့ပြီး လမ်းမ တစ်လျှောက် ပြေးသွားတာ မြင်နေသရွေ့ လိုက်ကြည့်နေမိသည်..။
"ဟူး…မုန်းများသွားတာလား ဦးရယ်…စိတ်ပျက်သွားတာလား ဟင်…"
ပြောချင်တဲ့ စကား တစ်ခွန်း…"မုန်းပါနဲ့ ဦး ရယ်…အရမ်းချစ်ပါတယ်.."။
.
"မမ.."
"ဟယ်…ဘယ်သူလေးလည်း.."
"အဟွင်း.."
မမအိ မွေးနေ့ လက်ဆောင်ပေးထားတဲ့ ဂါ၀န်လေးကို ၀တ်ထားတဲ့ အချစ်ကို မမ အိ က မမှတ်မိသလို မေးလိုက်တော့ အနားကို ပြေးသွား၍ ဖက်ခါ နှုတ်ဆက်လိုက်ရသည်..။
"ရူပါ ကော.."
"လာလိမ့်မယ်..ဒက်ဒီ.."
"အိရေ..တို့ ချွေးမ အငယ်လေးက သူ့လက်ရာနဲ့ ပြင်ဆင်ထားတယ်.."
"ဟုတ်လား..ကြည့်စမ်း..မာမီ့ကို မဲဆွယ်လိုက်ပြီ…မမ က ချက်တက်ဘူး..အဲ စားတက်တယ်လေ.."
"ဟုတ်..စားရမယ်..အချစ် အများကြီး ပြင်ထားတယ်…ကိုရူပါ ရောက်ရင် တူတူ စားကြမယ်လေ.."
"ဟင်း…ဖုန်းဆက်မှပါလေ…မမတော့ နှစ်ယောက်စာ ဆွဲချင်နေပြီ.."
"ဟိ..ဟိ…"
မမအိ က ဖုန်းကောက်ယူပြီး ထိုင်ဝိုင်းက ထွက်သွားတော့ အချစ်ကို မာမီက လက်နဲ့ ပုတ်၍ ထိုင်ခိုင်းသည်..။
ဦးဒီက ကလည်း ပြောတုန်းက မာမီတို့ ရောက်နေတုန်း အလုပ်မသွားဘူးတဲ့…
ပြီးရင် နေ့တိုင်း သွားရတာပဲ မလား…။
ဒီနေ့လည်း မသွားဘူး ဆိုပြီး နေ့ခင်းရောက်တော့မှ အရေးကြီး အလုပ် ဆိုပြီး သွားတာလေ…။
မိသားစု ညစာ အတွက် အချစ် တစ်နေ့ကုန် ချက်ပြုတ်လုပ်ကိုင် ပြင်ဆင်ထားတာ ဦးဒီက က ညစာ စားချိန်ရောက်နေပြီ ပြန်မလာသေးဘူး..။
အချစ်လည်း မမအိလို ဖုန်းဆက်ခေါ်လို့ ရရင်ကောင်းမှာပဲ…အခုတော့ ဘယ်အချိန်ခေါ်ခေါ် မအားသေးဘူး ဆိုတာချည်းပဲလေ….။
"ကဲ…လာနေပြီ…စားကြမယ်.."
မမအိက ထမင်းစားခန်းထဲ ဦးဆောင် ၀င်သွားတော့ လူကြီးတွေလည်း ရယ်ပြီး လိုက်သွားကြသည်..။
အချစ် တစ်ယောက်တည်း ကျန်ခဲ့ပြီး အိမ်တံခါး၀ မှာ ရပ်ခါ အပြင်ကို ကြည့်နေမိသည်..။
ဟင်း..ဦးဒီက က ချောသွားတော့ အချစ်မှာ စိတ်မချြ့ဖစ်ရပေမဲ့..နှလုံးသားက တစ်ယောက်တည်း ဆန့်တယ် ဆိုတာပဲ အကြောင်းပြနေတော့ ပြောရခက်ပါသည်..။
အရင်လို ချစ်လား မေးရင် ချစ်တယ်..သ၀န်လည်း တိုတယ်…စိတ်လည်း မချဘူး..ဖြစ်နိုင်ရင် အနောက်က တကောက်ကောက် လိုက်ချင်တယ် လို့ ပူဆာချင်ပါသည်..။
ဦးဒီက က သစ္စာကြီးသူမို့ အချစ် အပေါ်မှာ အရမ်းချစ်ပြီး သစ္စာ ရှိတာ သိတော့ တစ်မျိုး ဖြေသာပါသေးသည်လေ..။
ဦးဒီက ကိုသနားလိုက်တာ…အလုပ်တွေ မိုးချုပ်တဲ့အထိ လုပ်…။
အစားကလည်း အချိန်မမှန် အလုပ်ကလည်းများ..ဒီရက်ထဲ အချစ်ကလည်း မလိမ်မာတော့ပိုဆိုးသည်..။
ဦးဒီက က ချစ်လားလို့ မမေးတော့ နောက်တစ်ယောက်ကို ချစ်သွားမှာ စိုးလို့ အတင်းလိုက်ကပ်နေမိသည်။ အလုပ်လုပ်နေလည်း ပေါင်ပေါ် တက်ထိုင်နေရမှ ကျေနပ်သည်..။
တီဗွီ ကြည့်နေရင်လည်း ရင်ဘတ်ထဲ ခေါင်းတိုးပြီး ကြည့်ချင်သည်..။
မနက် အိပ်ယာနိုးတာနဲ့ ဦးဒီက ကို ခိုးနမ်းပြီး အိပ်ချင်ယောင် ပြန်ဆောင်နေလိုက်ခါ ဦးဒီက ပါးကို ပုတ်နိုးမှ အိပ်ယာက ထတက်သည်..။
အ၀တ်အစား ၀တ်တိုင်း ဦးဒီက က လိုက်ရှာပြီး ပြရသေးသည်..။
အချစ်နဲ့ ပတ်သက်သမျှ ဦးဒီက ကိုပဲ လိုအပ် ပြောပြချင်နေတာ မှားများနေပြီလား..
အိပ်တာတောင် ဦးဒီက က လက်ကိုဆွဲယူပြီး ခေါင်းအုံး အိပ်တာ မနက်ကျတော့ လက်ကြီး တစ်ချောင်းလုံး နာနေသည်လေ..။
"ရပါတယ်..နေ့တိုင်း အိပ်ရင် အသားကျသွားလိမ့်မယ်"တဲ့လေ…။
ဟင်း…နည်းနည်းပဲ ဆိုးသင့်တာပါလေ…အခုတလော ပြန်ဆိုးမိပြီး အချစ် မသိတက် မလိမ်မာတာ ကို ခွင့်လွှတ်ပါ ဦးရယ်..။
"ဟယ်..လာပြီ…"
ကားမီးရောင်တွေ့တော့ ကိုဖိုးကောင်း ခြံတံခါး ဖွင့်ပေးပေမဲ့ အချစ် မစောင့်နိုင်တော့လို့ ပြေးဆင်းသွားမိသည်..။
ကားက ခြံထဲ ၀င်လာပြီး ရပ်လိုက်ချိန် ကိုရူပါ့ကိုပဲ တွေ့ပေမဲ့ နောက်ခန်းမှာ ပါလာ မလား လိုက်ကြည့်မိသည်..။
"ကိုရူပါ.."
"သြော်..ညီမလေး.."
"ဦးကောဟင်.."
"ကိုကို ဟိုတယ်မှာ အလုပ်ရှိလို့ နောက်ကျမယ်ထင်တယ်…"
"အိုး.."
"အဖိုး ဆူမှာ စိုးလို့ သေချာ ပြောဖို့ မှာလိုက်တယ်…"
"သြော်..အင်း..ဖိုးဖိုး တို့ ထမင်းစားနေပြီ.."
"ညီမလေးလည်း လာလေ.."
"ဟင့်အင်း…အချစ် မဆာသေးလို့ပါ.."
"လာပါ…အိလည်း ရောက်နေတယ်..မိသားစု စုံခဲတယ်.."
ကိုရူပါ့ စကားကြောင့် အချစ် မျက်ရည်တောင် စို့တက်လာရတော့သည်..။
မိသားစု ထမင်းဝိုင်း စုံခဲ တယ်ဆိုရင် ဘာလို့ သူ့အကိုကို ရအောင် ခေါ်မလာခဲ့လည်း..။
ဦးဒီက ကရော မိသားစု၀င် မဟုတ်ဘူးလား…။
အချစ်မှာ စားစေချင်လို့ တစ်နေ့လုံး အပင်ပန်းခံပြီး အန်တီကလျာထက် သာအောင် ချက်ထားရတာလေ..။
"လာပါ…သူ့ဦးက ပြန်လာပါ့မလားတောင် မသိဘူး…"
အချစ် ပခုံးပေါ် လက်နဲ့ တွန်းပြီး ထမင်းစားခန်းဘက်ကို ခေါ်လာတော့ လိုက်ပါလာရပေမဲ့ ဦးဒီက ကိုပဲ သတိရနေသည်..။
ကိုရူပါကလည်း ပြောလိုက်ရင် နမိတ်မရှိ ဘာ မရှိ……ဟင့်..ငိုချင်လာပြီ..။
"ဒါဘာဟင်းလည်း…သမီး.."
"ဂဏာန်းမဆလာဆိုတာလေ.."
"သမီးက တော်လိုက်တာ…မာမီတောင် အဲဒါ မချက်တက်ဘူး..မပြန်ခင် သင်သွားမှပါလေ…သင်ပေးမယ်မလား…"
"ဟုတ်…"
မာမီက ပန်းကန်ကို ငုံ့ကြည့်၇င်း ပြောတော့ အချစ် ပြုံး၍ ခေါင်းညိတ်ပြလိုက်ရပေမဲ့ ဦးဒီက ကိုပဲ တွေးမိပြန်သည်..။
အချစ် ဒါမျိုးတွေ ချက်ထားတယ်ဆိုရင် ဦး က "အဟွင်း…ကောင်မလေး အရမ်းတော်တယ်"လို့ ပြောမှာမလား..။
"သားကြီးကလည်းကွာ…အလုပ်များတယ်.."
"ဟုတ်တယ်…ဘာမဆို စိတ်မချဘူး..သူကိုယ်တိုင် လုပ်ချင်တယ်လေ…ဘယ်လောက်ပဲ ပုံချပေးပေး..သွေးက ဇာတိပြလာတာပဲ…သူ့အဖေအတိုင်းပဲ..ဒါဆိုဒါ …အလုပ်ဆိုရင် အလုပ်ပဲ…ကျစ်.."
"ကိုကို က အဲလို လုပ်နိုင်လို့…ပြိုလဲနေတဲ့ လုပ်ငန်းတွေ ပြန်ခေါင်းမော့လာနိုင်တာလေ..အဖိုးရဲ့.."
"အင်း..အချိန်တိုတို အတွင်း ပြန်ပြီး ခေါင်းမော့လာနိုင်တာကို ချီးကျူးရမယ်…မိသားစုနဲ့ အချိန်များများမပေးနိုင်တော့..သူ့ကို သနားတာပေါ့ကွာ..."
"သားကြီးကတော့…သားသမီးမရမချင်း…ဒီလိုပဲ သွားနေမှာပဲ…"
"ဟင်.."
အချစ်ထမင်းစားနေရင်း မျက်လုံး ပြူး၍ ရေနဲ့ မျှောချလိုက်တာတောင် လည်ပင်းက နင်ကန်နေရသေးသည်..။
ဟူး…။
"ဟုတ်တယ်….ဝေလည်း တွေးမိတယ်…သမီးက ငယ်သေးတယ်ဆိုပေမဲ့ သားကြီးက သုံးဆယ်နား ကပ်နေပြီလေ.."
"အဟား..မိန်းမက ဦးဆိုတော့ မွေးလာတဲ့ ကလေး က လေးလေး. ခေါ်ရတော့မယ်.."
"ဟယ်…သားနော်.."
"ဟုတ်တယ်လေ..သားတို့ ကလေးက လေးလေး ခေါ်ရင်…အဲလိုဖြစ်လာမှာပဲ.."
"ဘယ်လိုပဲ ဖြစ်ဖြစ်…မြေးနှစ်ယောက် ရှိပေမဲ့ မြစ်တွေ အများကြီးတွေ့သွားချင်တယ်..ဒါပဲ.."
"ဟဲဟဲ..ဖိုးဖိုးရယ်..မြစ်ကြီးလေးဆင်းတည်း ရှိတာလေ..လေးယောက်ဆို တော်ပြီပေါ့…သားတို့က နှစ်ယောက် တာ၀န်ယူတယ် ကိုကိုတို့ ဆီက ရမဲ့ နှစ်ယောက်…ကတော့… အင်း..နောက် ဆယ်နှစ်လောက်ကြာဦးမယ် ထင်တယ်…"
ကိုရူပါ က မေးငေါ့ပြီး ပြောတော့ အချစ် ခေါင်းမဖော်မိတော့ပဲ ထမင်းပန်းကန်ကိုသာ ဆိုက်ကြည့်နေရသည်..။
" ညီမလေးက ဦးဒီက လို့ ခေါ်တော့…အင်း…လေးလေး ဒီက တို့…ဖိုးဖိုး ဒီက တို့ ဖြစ်ကုန်မှာပေါ့နော်…အဟား..ဟား…"
"ရူပါကြာ.."
"အခုဆို.. ..ကိုကို လို့ပဲ ခေါ်တာပါနော်…"
"အေးလေ…ဟုတ်တယ်…ပြောလိုက်..သမီး.."
အချစ် မခံနိုင်လို့ ခွန်းတုန့် ပြန်သလို ပြောလိုက် မိတာ ကိုရူပါက ရယ်ပြီး လက်ထဲ က ဇွန်းကို ပါ ချပစ်လိုက်ခါ…။
"တကယ်..ဒက်ဒီ…ကိုကို လေ သူ့ပါးမြိုင်းမွှေးတွေ ရှင်းလိုက်တော့..အိုး..ရယ်ရတာ ပြောမနေနဲ့…ပန်းအချစ်ဦးကလည်း ဦးဒီက ပျောက်လို့ ဆိုပြီး အော်ငို..ကိုကိုကလည်း ဘယ်လိုရှင်းရမှန်းမသိလို့ ဦးဒီက ဒီမှာလေ..ဒီက ဒီမှာလေနဲ့…ဟား..ဟား..သားဆို အူတွေတောင် နာတယ်…"
"ကဲ..ကဲ…မောင်ရေ…အရမ်း စ မနေနဲ့…ကလေး ရှက်နေရှာပြီ…..သူ့ ဦးကလည်း ပြန်လာသေးတာ မဟုတ်ဘူးနော်… တော်ကြာ ငိုနေမှ ဘယ်လို ချော့ရမှန်း ဘယ်သူမှ သိတာ မဟုတ်ဘူး."
"ဟုတ်တယ်…ကလေးကို အလကား လျှောက်စနေတယ်…စားလေ သမီး..မာမီ့ကို ဟိုဘက်က အစိမ်းရောင် ပန်းကန်လေး ပေးပါဦး.."
"ဟုတ်…"
အချစ် ပန်းကန်ယူပြီး ခေါင်းမဖော်ပဲ လှမ်းပေးလိုက်တော့ မာမီ က ခပ်ထည့်ရင်း...
"ဒါ ဘာဟင်းလည်း သမီး."
"မုန့်ညင်းပေါင်း."
"အိုး..စားရချည်ရဲ့…"
"…အဖေ့ လည်း ပေးဦး..သမီး.."
ဖိုးဖိုး နဲ့ ဒက်ဒီက ကပါ ဟင်းတွေ ထည့်ပြီး စကားတွေ ပြောနေပေမဲ့ အချစ်ကတော့ ထမင်းစားရင်း ဦးဒီက ကိုပဲ မြင်ယောင်နေမိသည်..။
ဦးဒီက လူဆိုးကြီး…သူ အနားမှာ မရှိလို့ အချစ်ကို ဝိုင်းစနေကြတာလေ…။
"သမီး… ဝိုင် ပုလင်း..သိမ်းလိုက်နော်…"
"ဟုတ်ကဲ့.."
"ဟင့်…အိပေး.."
"မရဘူးလေ…များနေပြီ…သိမ်းလိုက် သမီး.."
"အမေ ဖြစ်ရတဲ့ ဒုက္ခကလည်း မသေးလိုက်တာ.."
"ခုသိပြီမလား.."
မမ အိက မာမီ့ပေါ်မှာ မှီရင်း ချွဲနေတော့ အချစ် ပြုံးလိုက်ပြီး မမအိ ရဲ့ ဂါ၀န်အောက်က ဗိုက်ကလေး ကို အကြည့်ရောက်သွားသည်..။
"ဟို…အချစ်သွားပြီနော်…အားလုံး ဂွဒ်နိုက်…."
"အေး…သမီး.."
"တာ့တာ့.."
မမအိ က လက်ပြနှုတ်ဆက်တော့ အချစ် တာ့တာ ပြန်ပြခါ လှေကားထဲ ရောက်တာနဲ့ သက်ပြင်းချလိုက်မိသည်..။
အချစ် အခန်းထဲကို ရောက်တော့ အိပ်ယာခင်းတွေကို ပြန့်အောင် ပြင်ဆင်ခင်းလိုက်ပြီး အဲကွန်းကို ပြန်ဖွင့်လိုက်သည်..။
အရင်က အချစ် ကွင်းလုံးပုံတဲ့ အ၀တ်အစားကို ဦးဒီက လိုက်သိမ်းရပေမဲ့ အခုတော့ ခုတင်ပေါ်က ဂွမ်းစောင်လေး အစွန်းပြန့်နေတာတောင် မနေတက်လို့ ဖြန့်ခေါက်လိုက်မိသည်..။
ရေချိုးခန်းထဲမှာ ဦးဒီက ပုဆိုးလွှားတင်ထားတာတွေ့တော့ ယူခေါက်ပြီး ခြင်းထဲ ထည့်ရသည်..။
အချစ် ရဲ့ အနေအထိုင် အပြောအဆိုတွေ က ကြိုးစား ပြုပြင်ထားတာ မဟုတ်ပါပဲ ပြောင်းလဲ လာသလို ခံစားမိသည်....။
အထူးသဖြင့် မမကလျာကို သိပြီးကတည်းက မိန်းမ ဆန်ဆန် အိမ်မှုကိစ္စ နိုင်နင်းချင်လာတော့သည်..။
မနက်ဆို အိပ်ယာထရင် အချစ်ပြင်ပေးတဲ့ မနက်စာကို ဦးဒီက တို့ ဖိုးဖိုးတို့ကို စားစေချင်လို့..အိပ်ယာနိုးတာနဲ့ အ၀တ်အစားလဲပြီး မီးဖိုခန်းကို ပြေးမိတော့သည်...။
တစ်ခါတလေ မုန့်ဟင်းခါး ချက်လိုက်ရင် ကြီးကြီးကလည်း အချစ်ချက်တာဆို ပိုကောင်းသည်တဲ့လေ..။
ကိုဖိုးကောင်းဆိုရင် မနက်စာကိုလည်း မုန့်ဟင်းရည်နဲ့ပဲ စားတော့သည်..။
"ပန်းအချစ်ဦး လက်ရာက တော်တော်ကောင်းတာပဲ မထင်ထားဘူး.."လို့ ကိုဖိုးကောင်းက ပြောသည်..။
"အချစ် ကို အထင်သေးမိတာ မှားပါပြီလို့.."မေဖူးက ၀န်ခံပေးသည်..။
"ကြီးကြီး မသိတဲ့ ဟင်းချက်နည်းတွေတောင် ကလေးက သိနေတာပဲ.."လို့ ကြီးကြီး က ခေါင်းတညိတ်ညိတ်ဖြင့် ဝေဖန်ပေးသည်..။
အချစ်ကလည်း အချိန် အားတာနဲ့ မမကလျာ ဟင်းချက်နည်းတွေ ပြန်ချက်ကြည့်လိုက် အင်တာနက်က တွေ့သမျှ အကုန် လိုက်ချက်ကြည့်လိုက်ဖြင့် သာ တစ်နေ့ကုန်နေသည်လေ..။
ညနေ စောင်းပြီဆိုရင် ရေချိုး အ၀တ်အစားလဲပြီး ၀ရန်တာမှာ ဖုန်းနှိပ်ရင်း ဦးဒီက ကို စောင့်မျှော်နေချင်တာလည်း…ဘာရောဂါမှန်း မသိပေမဲ့ တော်တော် ဆိုးတဲ့ ရောဂါမှန်း သိပါသည်..။
ညစာ ထမင်းဝိုင်းကို ကြီးကြီး မေဖူး တို့နဲ့ ကူ ပြင်ဆင်ပေးပြီး…ထမင်းစားချိန်မှာ…
"င့ါသမီးလက်ရာ ဆွေမျိုးမေ့တယ်ကွာ.."ဆိုတဲ့ ဖိုးဖိုးရဲ့ စကားသံ
"ညီမလေးဆီမှာ အိ ကို ဟင်းချက်သင်တန်းတက်ခိုင်းရမယ်"ဆိုတဲ့ ကိုရူပါရဲ့ စကား..
"အဟွင်း..ရွှေခဲ ဘာချက်ချက် ဒီက စားလို့ ကောင်းပါတယ်"ဆိုတဲ့ ဦးဒီက ရဲ့ ပါးချိင့်ထင်းထင်းနဲ့ ပြောတက်တဲ့ ချီးကျူးဂုဏ်ပြု စကားတွေမှာ အချစ် သာယာ ပျော်၀င်နေပြီလေ..။
ဒီရက်ပိုင်း ဖုန်းထဲက ဟင်းချက်နည်းတွေ ကြည့်လိုက် အိမ်အလှဆင်နည်းတွေ ကြည့်လိုက်ဖြင့် အချိန်ပိုနေရင် စာအုပ်တွေကိုပါ အချိန်ပေး ဖတ်တက်နေပြီ..။
ဦးဒီက ရွေးပေးထားတဲ့ စာအုပ်တွေကို ဖတ်ရင်း အချစ် စဉ်းစားဆင်ခြင် မှု မရှိပဲ လျှောက်လုပ်ခဲ့တာတွေကို နောင်တရသည်..။
ပြုပြင်ပြောင်းလဲလို့ မရပေမဲ့ အချစ်အတွက် သင်ခန်းစာအဖြစ်ယူလိုက်ရင်း အမှားတွေကို ခွင့်လွှတ်ပေးတဲ့ ဦးဒီက ကို ပိုတိုးလို့ ချစ်လာရသည်..။
ဖောက်ပြန်တယ်ဆို မစဉ်းစား မဆင်ခြင်နိုင်ပဲ လူတောင် သတ်မိတယ်ဆိုတဲ့ ယောင်္ကျားတွေရဲ့ ဒေါသချစ် စိတ်နဲ့ ဆန့်ကျင်စွာ ဦးဒီက ကတော့ အချစ်ကို ခွင့်လွှတ်ပြီး နူးညံ့စွာ လမ်းမှန်ရောက်အောင် ခေါ်ဆောင်ပေးခဲ့သည်..။
ကူညီဖေးမခဲ့ပြီး အချစ်တွေချည်းပေးခဲ့လို့ မေတ္တာတွေ ရောင်ပြန်တာလား..အသွားအပြန်တွေ ဖြစ်ကုန်တာလား မဝေခွဲနိုင်အောင် အချစ် အရမ်းချစ်မိသွားရပြီလေ..။
"သြော်..မေ့လို့.."
ဦးဒီက ပြန်လာရင် စားဖို့ နွားနို့နဲ့ ကိတ်လောက်တော့ ပြင်ထားရဦးမည်…။
ဟူး..ညစာ မစားတာ နှစ်ရက်ရှိပြီ…အဲလို မစားလို့ ဗိုက်အောင့်တော့ ဘယ်လို လုပ်မလည်း..။
အိုး..ဖိုးဖိုးကော ဆေးသောက်ပြီးပြီလား..။
အချစ် လှေကားတွေကို ရောက်ပြီးတော့မှ မာမီ ဆေးတိုက်လိုက်တာ သတိရတော့ ပြန်တက်လာခဲ့ရသည်..။
စားပွဲခုံပုလေး ပေါ်က မိသားစုပုံလေးပါတဲ့ ရွက်လှေလေးကို နေရာချရင်း ပြုံးလိုက်မိသည်..။
ဦးဒီက လူလည်ကြီး အချစ်အကြောင်းတွေ အကုန်သိအောင် စုံစမ်းထားတယ်လေ…။
အချစ်လည်း ဦးဒီက အကြောင်းတွေ သိအောင် လုပ်ရတော့မည်..။
အခုလောလောဆယ် အရင်လို ချစ်သေးရဲ့လားတောင် မသေချာတော့ပါဘူးလေ…။
ခုတင်ကြီးပေါ်မှာ တစ်ယောက်တည်း ထိုင်ရင်း ပျင်းလာလို့ လက်ထဲပါလာသည့် ဝိုင် ပုလင်း လက်ကျန် ဆီကို အကြည့်ရောက်သွားသည်..။
"ဘာလေးလေးလည်း..အဲလို ခေါ်ကြည့်ပါလား…ရိုက်ပြီး ဖေကြီး ခေါ်ခိုင်းမှာပေါ့…ပန်းအချစ်ဦးတို့ လက်သံ ဘယ်လောက်ပြောင်လိုက်သလည်း.."
"ဖိုးဖိုးဒီက ပဲ ဖြစ်ရဦးမယ်…ဒက်ဒီလို့…အင်း..မကောင်းဘူး..ဖေဖေဒီက လို့ခေါ်ခိုင်းမှာပေါ့…သူတို့ကလေး သာ ဆို ဘယ်လိုခေါ်မလည်း…အမေ က မောင်လို့ ခေါ်တော့ မွေးလာတဲ့ ကလေးတွေက မပီမသ နဲ့ညောင် ညောင် လို့ လိုက်ခေါ်လိမ့်မယ်..ဟွင့်…ဆယ်နှစ်ပဲ ကြာရဦးမယ်..အဲဒီ့ ကိုရူပါ အမြင်ကပ်ဖို့ ကောင်းလိုက်တာ…သူ့မိန်းမ တစ်ခါလေး ဗိုက်ကြီးတာကို လိုက်ကြွားပြီး အချစ်တို့ လင်မယားကို နှိမ်နေတယ်…အဲဒါကြောင့် အားပေးတဲ့ သူ သိပ်မရှိတော့တာလေ…ကောင်းတယ်…နည်းသေးတယ်…"
"ဟွင့်....နောက်ဆို ဦးဒီကလို ဘယ်ခေါ်မလည်း..ကလေးတွေနဲ့ ရောပြီး ..ဖေကြီးဒီကရေ..လို့ ခေါ်ရတော့မှာပါ..ဘယ်လောက်လှတဲ့ နာမည်လည်း..."
"အိုး.."
အချစ် ကိုယ့် အတွေးနဲ့ ကိုယ်ရှက်ပြီး ဝိုင် ဆိုတာကြီးကို ခွက်မပါတော့ပဲ ပုလင်းလိုက် မော့ချမိသည်..။
အရသာ မပြင်းလို့ ထပ်ခါထပ်ခါ သောက်ရင်း ခုတင်ပေါ် ခေါင်းဆိုက်သွားရသည်..။
"ဟူး.."
ဒီပါ အခန်းထဲကို ရောက်တော့ ဝိုင်ပုလင်း ထောင်ပြီး ၀မ်းလျားမှောက် အိပ်ပျော်နေတဲ့ ကောင်မလေးကြောင့် သက်ပြင်းချမိသည်..။
ဟိုတယ် စားဖိုဆောင်မှာ မီးလန့် သလို ဖြစ်သွားတော့ ဖေကြီးတို့ သိရင် စိတ်ပူမှာ စိုးလို့ ရူပါကို ပြန်လွှတ်လိုက်ရသည်..။
ပြဿနာ အသေးအမွှားလေးပေမဲ့ နာမည် ပြန်ရခါစမို့ အစစအရာရာ သတိထားနေရသည်လေ…။
ဒီပါ အ၀တ်အစားလဲပြီး ၀မ်းလျားထိုး အိပ်နေတဲ့ ကောင်မလေးကို နေရာ ပြန်ချ၍ စောင်ခြုံ သိပ်လိုက်သည်..။
စားပွဲပေါ်မှာ နို့ခွက်နဲ့ အတူ ကိတ်နှစ်ချက် တင်ထားပေးတော့ အရမ်းသိတက်လိမ်မာလာသည့် ကောင်မလေးကို မြတ်နိုး မွတ်သိပ်စွာဖြင့် နဖူးလေးကို ဖွဖွနမ်းပေးမိသည်..။
"ဒီက နောက်ကျသွားတယ်…စိတ်မပူပါနဲ့ အမေ အားလုံး ပြီးသွားပါပြီ…အဖေလည်း ဂွဒ်နိုက်.."
ဒီပါ နို့သောက် မုန့်စားပြီး ၀ရန်တာကို ထွက်လာတော့ နောက်ကလိုက်လာသည့် လူစီဖာ့ကို ကောက်ချီခါ ပေါင်ပေါ် တင်ပြီး ပွတ်သပ်ပေးနေလိုက်သည်..။
တစ်နေ့တခါလောက်မှ အဲလို လုပ်မပေးရင် စိတ်က တစ်ခါ ကောက်ဦးမည်လေ..။
စိတ်ဆိုးထားတဲ့ နောက်ပိုင်း ပန်းအချစ်ဦးကလည်း အရမ်းသိတက်လိမ်မာလာပေမဲ့ ဒီပါ့ကို အပျောက်မခံတော့ပဲ ပြန်ရောက်တာနဲ့ အနားလိုက်ကပ်နေတက်သလို ဒီပါ့ထိုင်နေတဲ့ အချိန်ဆိုရင် လူစီဖာ့ကို တွန်းချခါ နေရာလုတက်သည်..။
"ဒီနေ့ ငါ့ ကလေး အိပ်ပျော်သွားလို့ မင်းနေရာ ရတာ…တိတ်တိတ်လေး နေ.."
ဒီပါ့ စကားကို နားလည်သလို ခေါင်းစောင်းပေးတော့ လည်ပင်းအောက်ကလေးကိုပါ ပွတ်သပ်ပေးရသည်..။
"ဦးလား.."
"ဟင်…မအိပ်သေးဘူးလား..ရွှေခဲ…"
"ဦး…ဦး..ပြန်လာပြီလား.."
"အင်း.."
၀ရန်တာကို ထွက်လိုက်လာပြီင်္း လူကိုငုံ့ကြည့်ခါ ပြောတော့ ဒီပါ ခေါင်းညိတ်ပြလိုက်ရသည်..။
ဒီပါ့ကိုယ်ပေါ်က လူစီဖာ့ကို ကောက်ချီပြီး ဘေးခုံမှာ တင်လိုက်ခါ သူက ပေါင်ပေါ် တက်ထိုင် နေရာလုတော့သည်..။
"ဦး ကို လွမ်းနေတာ.."
"အဟွင်း.."
"ပြကြည့်ကြည့်..ဒီမျက်နှာလေး…"
အမူးသမားလေးလို ရီဝေ၀ မျက်လုံးဖြင့်..ဒီပါ့ မျက်နှာကို ဆွဲယူခါ သေချာ ကြည့်နေတော့ နဖူးလေးကို တိုက်လိုက်မိသည်..။
"အ.."
"နာသွားလား.."
"အင်း…ချီ..ပို့ပေး.."
"ဟင်.."
"ဟိုတစ်ခါ ဦးပွေ့ချီသလို…"
"ဘယ်တစ်ခါလည်း…"
"ဟို အခန်းထဲကနေလေ…"
ဒီပါ သိရဲ့သားနဲ့ တမင်မေးနေတာကို သူလေးက မူးပေမဲ့ မမေ့ပဲ စာဖတ်ခန်းကို လက်ညိုးထိုးပြခါ ပူဆာ နေသည်..။
ဒီပါ မတ်တက်ရပ်လိုက်တော့ သူလည်း လိုက်ရပ်ပြီး လည်ပင်းကို တစ်ခါတည်း ခိုဖက်ပြီးသား ဖြစ်နေပြီ..။
"အလည်မလေး.."
ခါးသေးသေးလေးနေရာကို ကိုင်မြောက် ပွေ့ချီပြီး အိပ်ခန်းဆီကို ခေါ်လာတော့ ပြုံးစေ့စေ့ ဖြင့် လူကို မော့ကြည့်နေသည်လေ…။
"အယ်…"
ခုတင်ပေါ်မှာ ရှိနေတဲ့ အ၀တ်အလုံးအထွေးတွေကြောင့် မျက်လုံးပြူးပြီး သူ့ကိုယ်ပေါ် ကြည့်လိုက်တာ ညအိပ် ဖဲဂါ၀န် ရှည်လေး ပဲ ရှိသည်..။
ကျစ်..မူးပြီး ချွတ်ပြန်ပြီ ထင်ပါတယ်လေ..။
"ဆင်းဦး..အ၀တ်တွေ ယူလိုက်ဦးမယ်.."
"ဦး…ဦး…လာ…ပူလို့…အိပ်မယ်.."
"အင်းလေ..နေပါဦး..ဟိုမှာ.."
"အ…"
ဒီပါ ရှင်းပြဖို့ ကြိုးစားနေချိန် လည်ဂုတ်က ဆွဲခိုလိုက်တော့ ခုတင်ပေါ် မှောက်လျက်သား ပြုတ်ကျရသည်..။
"အချစ်ကို ကြည့်ကြည့်.."
"အင်း.."
"ချစ်လား.."
"အင်း.."
"အချစ်လည်း..ချစ်တယ်.."
"ဘယ်လို.."
"အချစ်ယောင်္ကျား…ဦးဒီက ကို အရမ်း…..ရမ်း….ချစ်…တယ်လို့…"
"မနက်ကျရင် အကိုကြီးလို ချစ်တာပါလို့ ပြောဦးမယ်..နေဦး…သက်သေလိုတယ်…"
ဒီပါ ခုတင်ခုံပေါ် လက်လှမ်းလိုက်ပြီး လက်ထဲပါလာတဲ့ သူ့ဖုန်းကို ကင်မရာ ဖွင့်ခါ ဗီဒီယို ရိကော့လုပ်၍မီးအိမ်လေးမှာ မှီတင်လိုက်သည်..။
"ပြန်ပြောဦး..ဘယ်သူ့ကို ချစ်တာလည်း.."
"အဟား..ဦးဒီက အသက်ကြီးလို့ နားမကောင်းတော့ဘူး..ဦးဒီက အချစ်ယောင်္ကျားကို အရမ်းချစ်တယ်…..ဦးဒီက အလုပ်သွားရင် အရမ်းလွမ်းတယ်…လုံး၀ မခွဲနိုင်အောင် ချစ်တယ်…ဒီနေ့ အချစ် ပင်ပင်ပန်းပန်း ဟင်းချက်ထားတာ…သူက ပြန်မလာဘူး..အဲဒါကြောင့် သိပ်မချစ်ချင်တော့ဘူး.."
"အဟွင်း.."
"အဲလို မပြုံးနဲ့.."
"ဘာဖြစ်လို့လည်း.."
"ချစ်လို့.."
"ဟာ.."
ဒီပါ့ လည်ပင်းကို သိုင်းဖက်ပြီး ပါးကို ဖိကပ်နမ်းလိုက်တော့ ရင်ဘတ်ထဲ လှိုင်းကြီးကြီး ဖြစ်သွားရတော့သည်..။
"ဦးဒီက ကို အချစ် အရမ်းချစ်တယ်…သိလား..တစ်ခါမှ အခုလို မချစ်ဖူးလို့ ရူးသွားတာ သိလား..ဟီ..ဟိ…"
"အဟွင်း..မူးနေပြီ…အိပ်တော့…စိတ်ဆိုးချင်လာပြီ.."
"အဟားဟား..ဦးဒီက ရယ်လိုက်တယ်မလား..စိတ်မဆိုးပါဘူး…မဆိုးပါဘူး…အချစ်သိတယ်.."
"ဘယ်မှာ ရယ်လို့လည်း.."
"ဒီမှာ သက်သေ ပါးချိုင့်ကြီး ပေါ်နေတယ်…ဟိဟိ…"
ဒီပါ့ ပါးကို လက်ညိုးထောက်ပြီး ပြောလိုက်တော့ လက်ကလေး ကို ဖမ်းဆုပ်ကိုင်ပြီး ထ်ိန်းထားရသည်..။
"ဦးဒီက ကို ချစ်တယ်နော်.."
"မနက်ကျရင် ငြင်းဦးမယ်.."
"မဟုတ်ဘူး..တကယ်…ဒီမှာ ကြည့်ကြည့်..ဦးက အနားမှာ မရှိရင်....လောကကြီး တစ်ခုလုံး အစိမ်းရောင် ဖြစ်နေပြီ…ကြည့်ကြည့်.."
ပါးကို ဆွဲပြီး ပြောတော့ ဒီပါ ခေါင်းညိတ်ပြီး ငုံ့ကြည့်လိုက်တာ နှုတ်ခမ်း အိဖက်ဖက် လေးရဲ့ အထိအတွေ့ အောက်မှာ ကတုန်ကယင် ဖြစ်သွားသည်..။
လုပ်ပြန်ပြီ..မင်း မူးလာတိုင်း ဒီလိုပဲ လူကို နှိပ်စက်နေပါလား..ပန်းအချစ်ဦးရယ်…။
"ဦး.."
"ဟင်.."
"ကိုရူပါက ပြောတယ်…အချစ်တို့ ကလေး မွေးရင်..ဦးကို လေးလေး လို့ခေါ်လိမ့်မယ်တဲ့…ဖိုးဖိုးဒီကလို့ခေါ်မယ်တဲ့..."
"ရူပါ လျှောက်စနေတာပါ.."
"ဦးက ကလေးချစ်လား.."
"အင်း.."
"ဒါဆိုအချစ်မွေးပြီး လက်ဆောင်ပေးမယ်.."
'ဟမ်.."
"တကယ်ပြောတာ.."
မူးနေတဲ့ မျက်လုံး ရီဝေ၀ နဲ့ ခေါင်းညိတ်ပြီး ထပ်နမ်းပြန်တော့ ရင်ခုန်နှုန်းတွေ အကြိမ်ရေ စိပ်လာတော့သည်..။
"ဘယ်နှယောက်လိုချင်လည်းပြော.."
"ဒီ ကလေး တစ်ယောက်ပဲ တော်ပါပြီ.."
အမူးသမားလေးရဲ့ မေးစေ့ကို ဆွဲကိုင်လှုပ်ရင်း ပြောလိုက်တော့ လက်ကို ပုတ်ချ၍ ခေါင်းရမ်းခါ…
"မဟုတ်ဘူး..ဒါကလေး မဟုတ်ဘူး..ကလေးကို ဒီကလေး ဆိုတာ က မွေးပေးမယ်…."
"အဟွင်း..ဟုတ်ပါတယ်.."
"မရယ်နဲ့..ဘယ်နှယောက်မွေးရမလည်း..""အင်း…နှစ်ယောက်ပေါ့…"
"နှစ်ယောက်..နည်းတယ်…လေးယောက်…ဒါဆိုလည်း..မဖြစ်ဘူး..ကြီးကြီးတို့ မေဖူးတို့က ပျင်းနေလိမ့်မယ်…လူညီသွားအောင် ရှစ်ယောက် မွေးမယ်.."
"ဟမ်…ရှစ်ယောက်တောင်….ရွှေခဲလေး..ပင်ပန်းမှာပေါ့.."
"မပင်ပန်းပါဘူး..တစ်နှစ်တစ်ယောက် မွေးရင် ဆယ်နှစ်တောင် မကြာပါဘူး…အချစ် အသက်သုံးဆယ် မပြည့်ခင် မွေးလို့ပြီးပါတယ်.."
"ဟမ်.."
ဒီပါ မျက်လုံးပြူးရင်း ဟမ်လိုက်မိတော့ သွားစွယ်လေးတွေ ပေါ်အောင် ရယ်ပြီး မထိတထိ တစ်ချက် နမ်းပြန်သည်..။
"အိပ်…အိပ်လိုက်တော့နော်..လိမ်မာတယ်…""ဦး.."
"ဟင်.."
"ကလေးတွေ မွေးပေးရင် အချစ်နဲ့ ကလေးတွေ ဘယ်သူ့ကို ပိုချစ်မလည်း..."
"တူတူချစ်မှာပေါ့.."'
"မရဘူး.."
နှုတ်ခမ်းစူပြီး ခြေထောက် နဲ့ ဖက်ခေါင်းအုံးကို ကန်ခါ ခေါင်းလည်း အခါခါ ရမ်းနေတော့ ဆံပင်လေးတွေကို သပ်ပေးရင်း…
"…ပန်းအချစ်ဦးကို ပိုချစ်မယ်.."
"မဖြစ်ဘူး.."
"ဒါဆို ဘယ်လို ချစ်ပေးရမလည်း.."
"ကလေး တစ်ယောက်ကို ငါးလောက်ပဲ ချစ်ရမယ်.."
"ဟမ်.."
"ရှစ်ယောက်ဆို လေးဆယ်..အိုး..လူစီဖာ တစ်ကောင်က ကျန်သေးတယ်..ထားလိုက်ပါ..ထားလိုက်ပါ…ဒီကြောင်မရှိရင် ဦးဒီက ရင်ကွဲသေလိမ့်မယ်…လေးဆယ်ငါး…အချစ်ကို ငါးဆယ်ငါးပုံ ချစ်ရမယ်..မှတ်မိလား.."
"အဟွင်း..မူးနေတာတောင် အတွက် အချက်တော်တယ်.."
"ဦးနှလုံးသားရဲ့ ငါးဆယ့်ငါးပုံ ချစ်ရမယ်နော်…မှတ်မိလား..ပြီးမှ မေ့တယ် မလုပ်နဲ့နော်.."
လက်ညိုးလေး ထောင်ပြီး မူးမူးနဲ့ ရမ်းပြောနေတော့ ဒီပါ လက်ညိုးကို ဆွဲဖမ်း၍ ခေါင်းညိတ်ပြလိုက်ခါ..
"ဟုတ်ကဲ့..မှတ်မိပါတယ်.."
"အချစ်ကလေ..ဦးဒီက အချစ်ကို ချစ်တာ ကို အရမ်းပျော်တယ်..အချစ်လည်း ဦးဒီက ကို အရမ်းချစ်မိသွားပြီ.."
"အယ်…ပန်..ပန်..ပန်…ပန်းအချစ်ဦးရဲ့…မနက်ကျရင် ငိုလိမ့်ဦးမယ်.."
"မငိုပါဘူး…ချစ်နေတာ ကြာပါပြီ….ဦး ကို ရှက်လို့…မပြောရဲလို့ မပြောတာပေါ့…အဲဒါကြောင့် လိမ်နေတာ…အဟဲ..ဟဲ…"
"မူးနေပြီ…အိပ်တော့နော်…"
"မမူးပါဘူး..အချစ် က ဦးကို လွမ်းနေတာပါ…"
"အိုး…"
မူးနေတယ်ဆိုပေမဲ့ ချိုမြိန်လွန်းပြီး ဝိုင်စွန်းထင်းနေတဲ့ သူ့အနမ်းတွေကို ဘယ်လို ရှောင်လွဲရမှန်း မသိတော့လို့ ုတုန့်ပြန်ရင်းနဲ့ပဲ ရင်ခုန်သံတွေ သံစဉ် အဖြစ် ဖွဲ့သီလိုက်မိသည်..။
နူးညံ့အိစက်လွန်းတဲ့ ကောင်မလေးနှုတ်ဖျားမှ ချိုသာသိမ့်မွေတဲ့ "ချစ်တယ်ဦးဒီကရယ် " ဆိုတဲ့ ချစ်စကားသံလေးကို ပျော်၀င်နေရင်း..
မနက်ကျမှ မူးနေလို့ပါ ဆိုရင်ဖြင့်..ဒီကတော့…ရင်ခုန်သံ လှလှလေးကြောင့် ဒုက္ခလှလှလေး တွေ့ပြီလေ…။
.
"အ…"
အချစ် နိုးနေကျ အချိန်မှာ တစ်ချက်လူးလွန့်လိုက်ပြီး ဘေးကို ကြည့်လိုက်တော့ ဦးဒီက ရဲ့ ဖြူစုပ်စုပ် ရင်ခွင်ကျယ်ကြီးက ဆီးကြိုနေတော့သည်..။
အချစ်ကို ဖက်ထားတဲ့ လက်မောင်းသား ဖြူဖြူကြီးကို ကြည့်ပြီး ကြက်သီးထသွားရသည်..။
"ဟယ်.."
အချစ်ညတုန်းက မူးပြီး..ပေါက်ကရတွေ လျှောက်လုပ်မိတာ သတိရတော့ ရင်တုန်သွားရသည်..။
ဦးဒီက ကို အရမ်းချစ်ပြီး အရမ်း နမ်းချင်လို့ အတင်းနမ်းပစ်ခဲ့တာလေ…။
ဦးဒီက အမြဲပြောသလိုပေါ့…အချစ်က ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးတဲ့….ဟူး..။
အခုတော့….။
မဖြစ်ပါဘူး..အား….ရှက်ဖို့ကောင်းလိုက်တာ..ဒီနေ့တော့ မနက်စာကို ကြီးကြီးတို့ပဲ ပြင်ပါစေတော့
ဦးဒီက သွားတော့မှ ထတော့မယ်.လို့တွေးရင်း
အချစ် ကပျာကယာ ပြန်လှဲခါ စောင်ပြန်ခြုံ၍ အိပ်ချင်ယောင်ဆောင်နေမိသည်..။
"ကောင်မလေး.."
"….."
"ရွှေခဲလေး…."
"……"
"သြော်…အိပ်ပျော်နေတာပဲ…"
အချစ် လည်တိုင်ဘေးဘက်ကို လက်ချောင်းတွေ ရောက်လာပြီး မျက်နှာမြှောက်သွားတော့ ရင်တွေ ဆောင့်ခုန်နေပေမဲ့ ငြိမ်သက်နေရသည်..။
"……"
"……"
အချစ်ပါးကို ဖိကပ်အနမ်းခံလိုက်ရတော့မှ ရင်ထဲက ပြဿနာတွေ ငြိမ်းသွားခါ သက်ပြင်းခိုးချမိသည်..။
"ချစ်စရာလေးကွာ.."
"……."
ဒီလူကြီး လွန်လာပြီ…။
ပါးကို နမ်းပြီးတော့လည်း မရပ်ပဲ နှာခေါင်းကို နမ်းစရာလား…အသည်းတွေ ယားလိုက်တာနော်…။
"မျက်တောင်လေးတွေလည်း ချစ်စရာလေးပဲ…"
"……."
အချစ် မျက်တောင်တွေကို ငုံနမ်းတဲ့ အရိပ်ကြီးနဲ့ အထိအတွေ့ကို သိပေမဲ့ မျက်နှာပူရင်း ငြိမ်နေရပြန်သည်.။
"နှုတ်ခမ်းလေးလည်း ချိုလွန်းတယ်.."
အို…မလာနဲ့…မလုပ်နဲ့…အချစ်ရင်ခုန်လွန်းလို့ သေလိမ့်မယ်…ဦးရယ်…ထွက်သွားပါတော့လေ..။
မတော်မဆ ဦး နှုတ်ခမ်းတွေကို မက်ပြီး တုန့်ပြန်မိရင်လည်း ဟန်ဆောင်ထားတာ သိသွားဦးမည်..။
နှုတ်ခမ်းပေါ်က အထိအတွေ့လေး အလှမ်းကွာသွားပေမဲ့ အချစ်မှာတော့ ရင်တလှပ်လှပ် ဖြင့်သာ ကျန်ခဲ့ရသည်..။
"လည်ပင်းလေးလည်း ချစ်စရာပဲ.."
မဟုတ်ဘူးလေ…မှားနေပြီ…ဒုက္ခပါပဲ…။
အချစ် လည်တိုင် ညာဘက်ကို စုပ်ယူနမ်းသွားတော့ အသည်းထဲအေးခနဲ့ ဖြစ်ခါ လက်သီးဆုပ်လိုက်မိသည်..။
အချစ် ကိုယ်ပေါ်ကဖဲ ဂါ၀န်လေးရဲ့လက်ကြိုးလေးကို မထိတထိ ကိုင်၍ လက်မောင်း ပေါ်ကို ရောက်အောင် ဆွဲချပြီး… ရင်ဘတ် ညှပ်ရိုးနေရာမှာ နွေးပူသလို ဖြစ်သွားပြန်သည်..။
အမလေး…ဘာတွေ ဖြစ်ကုန်ပြီလည်း..အချစ် တစ်ကိုယ်လုံး ကြက်သီး ထသွားခါ ခြေဖျားလေးတွေ ကော့ထွက်သွားရသည်..။
ဟီး…ငိုချင်လိုက်တာ….။
"ရင်ဘတ်ကလေးလည်း..…"
"အိုး..ဦး..သွား…လူဆိုးကြီး.."
အချစ် သည်းမခံနိုင်တော့တဲ့ အဆုံး အသားယူလွန်းတဲ့ ဦးဒီက ရဲ့ ရင်ဘတ်ကြီးကို ဆောင့်တွန်းပစ်လိုက်သည်..။
ဦးဒီက က သူ့ပါးချိုင့်လေး ပေါ်အောင် ပြုံးပြီး မျက်လုံးညိုတွေနဲ့ ဆိုက်ကြည့်တော့ ဘယ်တုန်းက တက်လိုက်မှန်း မသိတဲ့ ရှက်မျက်စောင်းလေး ဝဲမိသည်..။
"အိပ်ချင်ယောင်ဆောင်နေတာ…မြိုလိုက်တဲ့ တံတွေးတွေဆိုတာလေ…"
"ဟင့်…အချစ်ကို မလှောင်နဲ့.."
"မလှောင်ပါဘူးဗျာ…ဘယ်လိုလည်း ခေါင်းကိုက်နေပြီလား.."
"ကိုက်ဘူး.."
"အဟွင်း…ဆောရီး..မိုးကုတ်မှာတုန်းက ထိန်းသိမ်းနိုင်ပေမဲ့..ညတုန်းကတော့ နူးညံ့တဲ့ နှုတ်ခမ်းအိအိလေးကို မလွန်ဆန်နိုင်လို့ပါ.."
"အိုး..ဦး..မကောင်းဘူး..မပြောနဲ့…ကြားချင်ဘူး.."
"ဟာ…"
"အချစ် ဘာမှ မသိဘူး..ညတုန်းက မူးပြီး.."
"သြေ်ာ…သြော်….ဒီလို ပြောမယ်ဆိုတာ သိနေတယ်လေ…"
ဦးဒီက ဘေးက အချစ်ဖုန်းကို လှမ်းယူပြီး လျှောက်နှိပ်ခါ လက်ထဲ ထိုးထည့်ပေးသည်…။
အချစ် ကိုယ်ပေါ်က ဖဲဂါ၀န်ပွပွလေးကြောင့် လစ်ဟိုက်နေသည့် ရင်ဘတ်မှာ စောင်ကဆွဲကပ်ထားရင်း ဖုန်းကို လက်တစ်ဖက်နဲ့ ကိုင်ကြည့်နေရသည်..။
"အဲလို မပြုံးနဲ့.."
"ဘာဖြစ်လို့လည်း.."
"ချစ်လို့.."
"ဟာ.."
အချစ် ရဲ့ အမူးသမား အကြမ်းဖက် ဇာတ်လမ်းကို ဗီဒိယို ရိုက်ထားတော့ မျက်နှာပူပူ နဲ့ လျှောက်ကျော်ကြည့်တာ ပိုဆိုးကုန်သည်..။
ဖုန်းကို ကပျာကယာ ပိတ်ပြီး ပစ်ချလိုက်တော့ ယူပြီး ခေါင်းအုံးအောက်ထည့်ခါ အချစ်ကို ဆွဲခေါ်ပြန်သ့ည်…။
"အရမ်းချစ်တယ်…ကောင်မလေးရယ်…"
"ဟွင့်…"
အချစ် နဖူးပေါ် ကျလာတဲ့ အနမ်းကို ကြည်နူးစွာ ရင်ခုန်ခံစားရင်း ဦး ဒီက လက်မောင်းပေါ်ကို ခေါင်းရွေ့အိပ်လိုက်သည်..။
"၀န်ခံတော့လေ…မြိုသိပ်ထားတုန်းပဲလား.."
"ဟင်.."
"ရွှေခဲလေး ဒီက ကို ချစ်နေတာ သိပါတယ်..အရမ်းချစ်လို့ အရမ်းတွေ သ၀န်တို ရန်စောင်နေတာမလား..ပြောလိုက်ရင် အကိုကြီး လို ဆိုပြီး အသားယူလိုက်တာလည်း ပြောမနေပါနဲ့…မူးလိုက်တိုင်း နမ်းပစ်တာပဲ…ညတုန်းက လူကို အတင်းဖက်.."
"အိုး..မပြောနဲ့…"
အချစ် ကပျာကယာ ခေါင်းရမ်း တားဆီး လိုက်တော့ ဦးဒီက က ပြုံး၍ ခေါင်းညိတ်ခါ
"အရင်ကတည်းက ရုပ်ဆိုးတယ် ပြောပြီး အဲဒီ့ ရုပ်ကြမ်းကြီးကိုပဲ အူတို တက်တယ်နော်..မထင်ရဘူး.."
"ဟုတ်တယ်…တိုတာပဲ…အချစ်က ဦးကို သူများလုသွားမှာ စိုးတာကိုး..သင်တန်းက ကောင်မလေးတွေကလေ..ဦးဒီက ကို အတင်းခေါ်လာခိုင်းတာ… သူတို့ ဦးကို တွေ့ပြီး အမျိုးမျိုး ချည်းကပ်လာမှာ မခံစားနိုင်လို့ပါ..အဲဒါနဲ့ အချစ်လည်း ကြောက်ပြီး စိတ်ထဲ မရှိတာတွေပါ လျှောက်ပြောလိုက်မိတယ်..ဦးက အရမ်းစိတ်ဆိုးသွားတယ်လေ…အချစ်က ဦးကို ရုပ်ဆိုးလို့ အသက်ကြီးလို့ ရှက်တယ်ဆိုရင် မိုးကုတ်မှာ အချစ် သိတဲ့ သူတွေနဲ့ မိတ်ဆက်ပေးပါ့မလား..အချစ် သူငယ်ချင်းရဲ့ အမေဆိုရင် နင့်ယောင်္ကျားက အသက်ကြီးလိုက်တာလို့ ပြောတော့…အသက်ကြီးလို့ အချစ်ကို အရမ်းချစ်ပြီး အလိုလိုက်တာပေါ့လို့ ပြန်ရန်တွေ့ခဲ့သေးတယ်လေ…ဦးမှ မသိတာ.."
"အင်း..အဲတုန်းက ဒီက အထင်လွဲခဲ့မိတာပါ…နောက်ဆို ဘယ်လိုနာစရာ ပြောပြော ပြောတဲ့ နှုတ်ခမ်းလေးကို ပြေးနမ်း ဒဏ်ခတ်လို့ ရပြီနော်…စိတ်လည်း မဆိုးတော့ပါဘူး.."
"ဟာ.."
အချစ် နှုတ်ခမ်းလေး နွေးခနဲ့ ဖြစ်သွားတော့ လျှင်မြန်လွန်းတဲ့ ဦးဒီက ကို မျက်လုံးပြူးလေး ဖြင့် ကြောင်ကြည့်နေမိသည်..။
"ဘာလည်း..မရဘူးလား.."
"ရဘူး…အဲ…ရပါတယ်…အမှန်အတိုင်း ၀န်ခံပါမယ်…ဦးကို အချစ် တကယ်ချစ်တာပါ..ဦးဒီက က ချောသွားတော့ ကောင်မလေးတွေ လိုက်ကြည့်နေကြတာ မုန်းတယ်…အရင်တုန်းကကော လိုက်ကြည့်ကြလားဟင်.."
"အင်း..အရင်ကတော့ ရူပါ အကို ဆိုပြီး အင်တာဗျူးလိုက်မေးကြတယ်လေ..အခု..ရူပါကလည်း အနုပညာ အလုပ်တွေကို ရပ်နားလိုက်ပြီလို့ ဖြေထားတော့ မမေးတော့ပါဘူး..အင်တာဗျူးတွေကနေ သိထားကြတာ ဖြစ်မှာပေါ့..ချောလို့ ကြည့်တာတော့ မဖြစ်နိုင်ပါဘူး…ဒီက ထက် ချောတဲ့ သူတွေလည်း ၇ှိတာပဲ.."
"ဦးကလည်း..ကိုယ့်ကိုယ်ကို အမြဲနိမ့်ချနေတယ်..ဘာပဲ ဖြစ်ဖြစ်…သူတို့လိုမျိုး..ဦးကိုချောလာမှ ချစ်တာ ဟုတ်ဘူး.."
"ဟုတ်လား..ဘယ်တုန်းကတည်းက ချစ်တာလည်း.."
"သိဘူးလေ…ဦးဒီက ကို စတွေ့တော့ မျက်လုံးညိုညိုကြီးနဲ့ ဆိုက်ကြည့်ခံရတုန်းကတည်းက ရင်တွေ အရမ်းခုန်တာပဲ…"
"ဟင်…ဒီက လည်း ရင်ခုန်လွန်းလို့ ကြာကြာတောင် မကြည့်နိုင်ဘူးလေ.."
"အချစ်ကတော့ မကြောက်ဘူးဆိုတာ သိစေချင်လို့ ပါ ဒါပေမဲ့ ရင်ခုန်တယ်..ပြီးတော့လေ…ကိုရူပါ့ ကိစ္စတုန်းက ဦးဒီကရဲ့ စိတ်ဆိုးသွားတဲ့ မျက်နှာကြီးကို အချစ် အရမ်းကြောက်တယ်…စိတ်မကောင်းဖြစ်ပြီး အရမ်းငိုခဲ့တာလေ…အဲ့ကတည်းက ချစ်နေတာလား သိဘူး……ဦးကို စတွေ့ကတည်းက ချစ်တာနေမှာပေါ့လေ…အဲဒါကြောင့် ရင်တွေ တအားခုန်တာပေါ့…သိတော့ဘူး.."
"အဟွင်း..ကျေးဇူးတင်ပါတယ်…စရောက်တုန်းက သာ ကောင်မလေးက လက်မခံရင် ဒီက ပိုင်ဆိုင် ခွင့် ရမှာ မဟုတ်ဘူး..."
အချစ် ဆံပင်တွေကို လက်နဲ့ ဆော့ရင်း ပြောလိုက်တဲ့ ဦးဒီက ကို မော့ကြည့်လိုက်ခါ..
"ဦးက အချစ်ကို အလိုလိုက်တာကိုး…လက်ထပ်တယ်ဆိုတာ ဘာမှန်း မသိပဲ…အချစ်စိတ်ကူးယဉ်ပြီး လျှောက်ပြောတာ ကို လက်ခံပေးတယ်လေ…အဟိ…ရယ်ရတယ်နော်…အာ့ကြောင့် ပိုချစ်တယ်.."
"အဟွင်း.."
"အဘွားက အချစ်ကို ဆုတောင်းပေးဖူးတယ်…အားလုံး ဝိုင်းနှိမ်နေတာ သနားလို့လေ…ငါ့မြေးလေး တစ်နေ့ကျရင် တန်ဖိုးထားတဲ့ ပတ်၀န်းကျင်ကို ရောက်ပါစေတဲ့..အခုဆို အချစ်ကို အရမ်းချစ်ပြီး တန်ဖိုးထားတဲ့ ပတ်၀န်းကျင်ကို ရောက်လာခဲ့ပြီ…အမေ…ဦးဒီက အမေ ကိုပြောတာနော်…အမေ ကလည်း…ဦးဒီက ကို အရမ်းချစ်တယ်…အဲဒါကြောင့် သူ့စာအုပ်ထဲမှာ ရေးထားတယ်.."
"ဟမ်.."
"အိုး…အချစ် ခိုး ဖတ်တာ မဟုတ်ပါဘူးနော်..အိပ်ယာခင်းတွေ လဲရင်းနဲ့ ခေါင်းအုံးအောက်က ပြုတ်ကျလို့ပါ…"
ဦးဒီက က အံသြရင်း ကြည့်နေတော့ အချစ် ပျာပျာသလဲ ငြင်းလိုက်တာကို ပါးကို လက်ညိုးနဲ့ ထိုး၍ မေးငေါ့ခါ
"ပြောလေ…"
"အဲဒါလေ..အမေ က စာအုပ်ထဲမှာ ရေးထားတယ်..သားရေ…အမေ အရမ်းချစ်ပေမဲ့ အချစ် မခံရဘူးတဲ့…သားလေး ကျရင်တော့ ကိုယ်ချစ်သလောက် ပြန်အချစ်ခံရပါစေလို့ အမေ ဆုတောင်းပါတယ် တဲ့လေ…အခု ဦးဒီက ချစ်သလောက်ကို အချစ် ပြန်ချစ်နေမိပြီ…အမေ့ဆုတောင်း အတိုင်းဖြစ်လာပြီပေါ့.."
"ဟင်…ဒီက မတွေ့ပါဘူး..ဘာမှာ ရေးထားတာလည်း.."
ဦးဒီက က ခေါင်းရမ်းပြီး ငြင်းတော့ အချစ် ခေါင်းအုံးအောက်ကို လက်နှိုက်၍ စာအုပ် အဝါညစ်ညစ်လေးကို ဆွဲထုတ်ခါ နောက်ဆုံးကို လှန်လိုက်သည်..။
"ဒီမှာလေ.."
ဦးဒီက က ယူပြီး ဖတ်ကြည့်ရင်း မျက်လုံးတွေ နှာခေါင်းတွေ နီလာတော့ အချစ် လည်း စိတ်မကောင်းဖြစ်ခါ ငိုချင်လာလို့ နှုတ်ခမ်းကိုက်၍ ဦးဒီက ရင်ဘတ်ထဲကို ပိုတိုး၀င် ဖက်မိသည်..။
"ဟုတ်လား ဟင်.."
"အင်း..ဒီဟာကို ဒီက ကော အဖေကော မတွေ့ခဲ့ဘူး."
"ဟင်.."
"နောက်ဆုံးရဲ့ ရှေ့မျက်နှာဆိုတော့ သတိမထားမိဘူးလေ…အမေ က နောက်ဆုံး ချိန်အထိ ရေးသွားတဲ့ နေရာကိုပဲ အဆုံးလို့ မှတ်နေတာ…ဒါ အမေ နေကောင်းတုန်းကရေးထားတာ ဖြစ်မယ်.."
"အင်း..အခုလေ…ဦးဒီက အမေ လို ချစ်ရမှာလည်း မကြောက်ပါနဲ့..အချစ်ပြန်ချစ်နေပြီ…အဖေလို နာကျင်စရာလည်း မလိုတော့ပါဘူးနော်…အချစ်တို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး ချစ်ပြီး အကြာကြီး တူတူနေသွားကြမယ်နော်…ဦးချစ်တာထက် ပိုပြီး အချစ် ချစ်နိုင်အောင် ကြိုးစားပါမယ်…စိတ်ပူအောင်လည်း မလုပ်ဘူး..စိတ်ဆိုးအောင်လည်း မလုပ်ဘူး..လိမ်လိမ်မာမာ နေပါ့မယ်နော်.."
"အဟွင်း…ချစ်ဖို့ကောင်းအောင်တော့ မလုပ်ပါနဲ့လား.."
"ဘာလုပ်လို့လည်း.."
"မသိဘူး..ဘာလုပ်လုပ် အသည်းယားပြီး ချစ်ချင်တယ်…"
"ချစ်ပေါ့…အချစ်လည်း အချစ်ခံချင်တယ်.."
"တကယ်လား.."
ဦးဒီက က အတင်း ဆွဲဖက်လိုက်တော့ အချစ် မျက်လုံးပြူးပြီး မော့ကြည့်မိတာ သူ့မျက်နှာ ချောချောကြီး ခေါင်းငုံ့၍ နီးကပ်လာပြီ..။
"မုတ်ဘူး..မုန်ဘူး…အဲလို မုန့်ဘူး.."
"ဟား..ဟား..မုန့်ဘူး…"
ဦးဒီက ရဲ့ လွတ်လပ်တဲ့ ရယ်မော မှုကြောင့် အချစ် လူးလွန့်နေတဲ့ ရင်ခုန်သံတွေပျောက်ပြီး ငေးခနဲ့ ဖြစ်ခါ ကြည့်နေမိသည်..။
သွားတန်းဖြူဖြူတွေ နဲ့ သွားစွယ်ချွန်လေး ပေါ်အောင် ရယ်လိုက်တာ မျက်လုံးထဲ လှလွန်းလို့ အချစ်လည်း လိုက်ပြုံးမိရင်း..
"ဦးဒီက ရယ်ရင် ချစ်ဖို့ ကောင်းလိုက်တာ.."
"အင်း..သိပါတယ်.."
"တကယ်ပါဆ်ို…"
"သိပါတယ်ဆို…"
"တော်ပြီ..ဒီမှာ ကြည့်ကြည့်…"
ဦးဒီက မျက်နှာကို ကိုင်ပြီး သေချာ တည့်ခါ ပြောလိုက်တော့ ပြုံးရင်း ငုံ့ကြည့်သည်..။
"အချစ်ကို ချစ်လား…"
"အင်း…မသိဘူးလား.."
"သိတယ်လေ…ချစ်လားလို့.."
"ချစ်ပါတယ်လို့.."
"အမြဲလား.."
"လိမ်မာရင်ပေါ့…"
"အချစ် အမြဲလိမ်မာပါ့မယ်…ဒါပေမဲ့ ဆိုးမိတဲ့ အခါ ရှိရင်လည်း ဟိုတစ်ခါလို မမုန်းပါနဲ့ ဦးရယ်…"
"ကလေးရယ်.."
ချစ်ရသူ ကောင်မလေးရဲ့ တောင်းဆိုလာတဲ့ ခပ်သဲ့သဲ့ စကားလေးကြောင့် ဒီပါ စိတ်မကောင်း ဖြစ်ခါ ရင်ခွင်ထဲ ထွေးပိုက်မိသည်..။
သူမလေး ပျော်နေတာပဲ မြင်ချင်ခဲ့တာပါ..။
အဲတုန်းက ဘာဖြစ်လို့များ စိတ်မကောင်းဖြစ်အောင် အပြစ်ပေး နှိပ်စက်မိပါလိမ့်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်..။
"ဒီက လေ…ရွှေခဲလေး…ပျော်တာပဲ မြင်ချင်တာပါ…စတွေ့ကတည်းက လမ်းမှားနေရင်..အမုန်းခံပြီး လက်တွဲခေါ်ချင်တယ်…လမ်းပျောက်နေရင် လမ်းပြချင်တယ်…လမ်းမရှိတော့ရင် လမ်းဖောက်ပေးချင်တယ်…အဲဒါတွေက ဘာဖြစ်လို့လည်းသိလား…"
"သ်ိဘု.."
"ရွှေခဲကို ချစ်လို့ပေါ့ကွာ…စတွေ့ကတည်း..ဒီကောင်မလေးနဲ့ပဲ တစ်ဘ၀လုံး အတူတူ နေသွားဖို့ ဆုံးဖြတ်ပြီး ဒီကောင်မလေးကို တစ်သက်လုံး တာ၀န်ယူ စောင့်ရှောက်ပေးချင်လောက်အောင် ချစ်မိသွားလို့ပေါ့"
"အဟိ…"
မိန်းမလှလေး တစ်ယောက်လို မူနွဲ့နွဲ့ ရှက်ပြုံးမျိုးမဟုတ်ပဲ ကလေးတစ်ယောက်လို ရယ်ပြီး ခေါင်းငုံ့ထားတော့ ဒီပါလည်း ပြုံးမိသည်…။
"အချစ်လေ…လောကကြီးရဲ့ အမှားအမှန်နဲ့ ဘဝတွေ အကြောင်း သိပ်မသိသေးဘူး.."
"အင်း.."
"ဒါပေမဲ့…ဦးရင်ခွင်ထဲမှာ နေရင်တော့ မသိလည်း ကိစ္စ မရှိဘူးမလား.."
"အတက်မလေး…ရွေခဲရယ်…."
ဒီပါ အသည်းယားလို့ မချင့်မရဲ ရေရွတ်ရင်း ရင်ခွင်ဗလာထဲ ပြန်ဆွဲထည့်ခါ အနမ်းမိုးသည်းရင်း ဆံပင်လေးတွေကို တယုတယ ပွတ်သပ်ပေးနေမိချိန်..
"ညောင်.."
"ဟာ…လူစီဖား…အာ..ရှက်ဖို့ကောင်းလိုက်တာ…"
ဒီပါ့ကို ဆောင့်တွန်းပြီး မျက်နှာကို လက်ဝါးနဲ့ အုပ်ခါ အော်နေတာကြောင့် စချင်လာပြန်ပြီ..။
"အဟွင်း..လာ..သား.."
"ခေါ်နဲ့…ခေါ်နဲ့…"
"ဘာဖြစ်လို့လည်း.."
"ရှက်ဖို့ကောင်းတယ်.."
"ဒါဆို..ဒီက ထလိုက်တော့မယ်.."
"အား…ဦးလည်း..ထနဲ့…"
ဒီပါ့လက်ကို ပြန်ဆွဲဖက်ထားပြီး ခေါင်းရမ်းပြတော့ ပြုံးစေ့စေ့ ဖြစ်သွားရသည်..။
"ဟောဗျာ….ခေါ်လိုက်ပါ….သူ့သခင့်ကို လုမှာ စိုးနေရှာတယ်…"
"ဟင့်..ဦးအတွက် လူစီဖာက ပထမပဲ…"
"ချစ်တာကိုး.."
"အချစ်ကိုရော.."
"ချစ်တာပါပဲ…"
"အဆိုးမလေးကို ဘာလို့ချစ်တာလည်းဆိုရင်.."
"ပန်းအချစ်ဦး မို့လို့လေ…"
"ဟွင့်..တော်တော်လည်တဲ့ ကောင်လေး….."
ဒီပါ့ပါးကို လက်ကလေးနဲ့ ဖွဖွလိမ်ပြီး နှုတ်ခမ်းကိုက်ခါ ပြောတော့ သူ့လက်ကလေးကို ပြန်အုပ်ကိုင်ရင်း….
"အဖိုးကြီး မဟုတ်တော့ဘူးလား.."
"ဟုတ်ဘူး..ဦးက အရမ်းနုဖက်သွားတာကိုး..ဟိုနေ့က မိသားစုလိုက် အလှူပွဲကို လိုက်ခဲ့ရသွားတုန်းကလေ..ဖိုးဖိုး မိတ်ဆက်ပေးတော့ ဘာပြောလည်း သိလား.."
"ဟင့်အင်း.."
"ကောင်လေး နဲ့ ကောင်မလေးက တော်တော် လိုက်ဖက်တယ်လို့ ပြောခံလိုက်ရတယ်..ဘာဖြစ်လို့ အဲလောက် ချောရတာလည်း…အချစ်နဲ့ ရွယ်တူလိုလို…အခု ကောင်လေး ဖြစ်သွားပြီ…"
"အဟွင်း.."
လူစီဖာက နှစ်ယောက် ရဲ့ အလယ်ကို ၀င်လာပြီး နီးစပ်နေတဲ့ ရင်ခွင် နှစ်ခုကြားမှာ ထိုင်ချလိုက်တော့ ခေါင်းကို ဖွဖွ ပွတ်သပ်ပေးနေချိန် ချစ်ရသူရဲ့ လက်ကလေးကလည်း လူစီဖာ့ရဲ့ လည်ပင်းလေးကို ပွတ်သပ်နေသည်..။
ရင်ဘတ် တစ်ခုတည်း ရှိတာကို အမြဲနေရာလုနေတဲ့ ဒီ နှစ်ယောက် ငြိမ်းချမ်းရေး လက်မှတ်ထိုးမှပဲ ဒီပါတို့ အသက်ရှုချောင်မှာလေ…။
မျက်တောင်ဖျားလေးတွေ ချပြီး လူစီဖာ့ကို ငုံ့ကြည့်ပွတ်သပ်ပေးနေတဲ့ သူမလေးကို စချင်လာတာနဲ့…
"ဟွင့်.."
"ဟင်.."
"ညကပြောထားတယ်နော်..လက်ဆောင်ပေးမယ်..ရှစ်ယောက်တဲ့.."
"အိုး.."
နုနယ်လွန်းတဲ့ မျက်နှာလေးက ချက်ချင်း ရဲတက်သွားပြီး နှုတ်ခမ်းကိုက် ခေါင်းငုံ့သွားတော့ ဒီပါ ပြုံးလိုက်မိသည်..။
"မပူပါနဲ့..ငါးဆယ်ငါးပုံ ချစ်ပေးမယ်နော်…တကယ်နော်..တကယ်ပြောနေတာ…အဲဒီ့ လက်ဆောင် ပေးမယ်မလား.."
"သိဘူး.."
"ရူပါကတော့ ဒီက ကို ကောင်းကောင်း လှောင်တော့မှာပဲ.."
ဒီပါ ခပ်ညီးညီး ပြောလိုက်တော့ ချက်ချင်း ခေါင်းမော့လာပြီး နှုတ်ခမ်းစုချွန်ရင်း..
"အိုး..ဟုတ်တယ်…ကိုရူပါ မကောင်းဘူး.. မမအိနဲ့ အိမ် မပြန်မချင်း အချစ်ကို အရမ်းစပြီး မခံချင်အောင်ပြောတယ်…ပြီးတော့..သူတို့ ကလေးမွေးတယ်ဆိုပြီး အရမ်းကြွားတာပဲ…ဖိုးဖိုးကိုလည်း ညာစားပြီး..အချစ်တို့ကို ချောက်ထိုးချတယ်...အခုကြည့်နေ…တကယ်မွေးပြမယ်.."
"အဟား..ဟား..ဟုတ်ပြီနော်..ပြောပြီးပြီ…"
"အွင်း.."
ခေါင်းညိတ်ပြပြီး အဖြေပေးတော့ ဒီပါ့ အသည်းယားလွန်းလို့ ပါးလေးကို ဖွဖွ ဖျစ်ရင်း..
"ချစ်ဖို့ကောင်းလိုက်တာ ရွှေခဲလေးရယ်…"လို့ မချိတင်ကဲ ရေ၇ွှတ်လိုက်မိသည်..။
"မိန်းမလေးရယ်ပါ.."
"ဒါဆို မိန်းမကြီးက ဘယ်သူလည်း.."
"အိုး..မရှိရပါဘူး..ရွှေခဲလေးပဲ ခေါ်တော့..အဲ..လူတွေရှေ့ကျရင်တော့ ကောင်မလေးတို့ ပန်းအချစ်ဦးတို့ ခေါ်ပေါ့..အချစ် လည်း..လူတွေရှေ့ကျရင် ကိုကိုလို့ ခေါ်မယ်လေ…နှစ်ယောက်တည်းဆိုရင် ဦးလို့ပဲ ခေါ်မယ်နော်…"
"ဘာဖြစ်လို့.."
"ဦးက..အချစ်ရဲ့…အချစ်ဦးမို့လို့ပေါ့.."
"ဒါဆို…ဒီကလည်း ဦးလို့ပြန်ခေါ်ရမှာလား.."
"ဟာ…ဟုတ်ပါဘူး..ရွှေခဲရယ်..ကောင်မလေးရယ်..ပန်းအချစ်ဦးရယ်..အကုန်ခေါ်.."
"ချစ်တယ်..မိန်းမရယ်…."
"ဟင်.."
"အဲလိုလည်း ခေါ်မယ်လို့.."
"အာ…သိတော့ဘူး.."
ရှက်ရှက်နဲ့ ခေါင်းငုံ့သွားပြီး လူစီဖာ့ အမွှေးတွေကို လက်နဲ့ ဖိသပ်ပေးနေတော့ ဒီပါ လည်း လူစီဖာ့ လည်ပင်းကို ပွတ်သပ်ပေးနေရသည်..။
"ဦး…"
"ဟင်.."
လေသံတိုးတိုးလေးနဲ့ခေါ်လို့ ဒီပါ မျက်လုံးပင့်ကြည့်လိုက်တော့ သွားလေးစေ့ပြီး လူစီဖာ့ကို လက်ညိုးထိုးပြသည်..။
"ဦးဒီက .. အခုလည်း.. အချစ်ကို ပိုချစ်နော်…"
ကလေးတစ်ယောက်လို ကြောင်နဲ့ အချစ်ပြိုင်လုနေတဲ့သူက ဘယ်လိုများ သားသမီး ရှစ်ယောက် အမေ ဖြစ်လာမလည်း တွေးပြီး ဒီပါ ပြုံးရင်း ကလေးရဲ့ အလိုကိုလိုက် အကြိုက်ဆောင်ခါ ခေါင်းညိတ်လိုက်ရတော့သည်…။
"ပါးစပ်ကပြော.."
"ပန်းအချစ်ဦးကို ပိုချစ်တယ်.."
"ညောင်း.."
"ဟာ.."
"ဟိဟိ….ကြောင်အလည်ကြီး…ဟုတ်ပါတယ်…နင့်ကို ပိုချစ်တယ်…ဟုတ်ပြီလား…. ဟာ…ဦး…အု…"
မာန်ဖီနေတဲ့ လူစီဖာကို ပွတ်သပ်ပေးရင်း လူစီဖာရဲ့ နူးညံ့တဲ့ အမွှေးရှည်တွေကြား ချစ်ရသူ နှစ်ယောက် လက်ကလေးတွေ ထပ်ကိုင်လိုက်သည်။
မျက်နှာ နှစ်ခု နီးကပ်လို့ ရင်ခုန်ကြည်နူးစရာ ညင်သာနူးညံ့သော အနမ်းတွေ အဆက်မပြတ်
ဖလှယ် နေကြသည်ကို လူစီဖာ ခမျာ အိနြေ္ဒသိက္ခာအရ မျက်လုံးမှိတ်၍ မသိချင်ယောင် ဆောင်နေရရှာတော့သည်..။
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...