မုန်းပါနဲ့ဦး
အပိုင်း (၂၉)
#မုန်းပါနဲ့ဦး"ရွှေခဲ.."
"ရှင်.."
"ဆယ်ရှစ်နှစ် ပြည့်နေပြီနော်…ချွတ်လိုက်တဲ့ ဂါ၀န်ကို ကွင်းလိုက်မချခဲ့နဲ့ …တစ်ခါတည်း ကောက်သိမ်းလေ.."
ဦးဒီက ကမေးငေါ့ပြီး ပြောတော့ အချစ် နှုတ်ခမ်းစူလိုက်ခါ ဂါ၀န်ကို ကောက်၍ ခြင်းထဲ ပြေးထည့်ရသည်..။
"ဦး.."
"ဟင်…"
"စိတ်ဆိုးနေတာလား.."
"ဘာဖြစ်လို့လည်း.."
"မသိဘူးလေ…မျက်နှာကြီး မသာမယာ ဖြစ်နေတယ်.."
"အဟွင်း…အဲလို ဖြစ်နေတာလား..ဆောရီး…"
ဦးဒီက က ကျောပေးပြီး ပုဆိုးပြင်၀တ်ခါ ခါးကို ဆွဲချတော့ အချစ် နှာခေါင်း ရှုံ့လိုက်မိသည်..။
သွားရလာရတာ ဝှီးချဲနဲ့မို့ တော်ပါတော့သည်..။
ရုပ်ကြမ်းကြီးကို ဘယ်သူ ကြည့်မှာ မို့လို့ ဒီလောက်ပြင်ဆင်နေတာလည်း မသိပါဘူး..။
"ဦးဒီဂါး.."
"ဟောဗျာ…ဘာဖြစ်တာလည်း.."
အချစ်ကို မျက်လုံးပြူး၍ ကြောင်တောင်တောင် လှည့်ကြည့်နေတော့ နှုတ်ခမ်း မသိမသာ စူသွားရသည်။
"ဒီနေ့ ဘယ်သူနဲ့ တွေ့မှာလည်း.."
"အများကြီးပေါ့…အလုပ်ကိစ္စတွေ ချိန်းထားတာတွေပေါ့…"
"မိန်းမတွေ ပါလား.."
"အင်း…ပါမှာပေါ့…"
"ဟွန့်…အလုပ်ကိစ္စ ပြောပြီး လျှောက်သွား ကြမှာမလား…"
"အဟွင်း…ရန်စွာနေပြန်ပြီ…"
အချစ် အနားကိုရောက်လာပြီး ခေါင်းကို ပုတ်ခါ ပခုံးကို ဖက်တော့ သူ့ရင်ခွင်ကျယ်ကြီးထဲ ရောက်လုနီးနီး ဖြစ်သွားရသည်..။
"ဒီက အဖိုးကြီးကို…ဘယ်သူက စိတ်၀င်စားမှာလည်း….ပြီးတော့…တစ်ဘ၀မှာ တစ်ယောက်တည်းကိုပဲ ချစ်ချင်တယ်…ဒါကြောင့်…မိန်းမတွေ နဲ့ လုံး၀ မပတ်သက်ခဲ့ရပါဘူး..ဒီက လက်ထပ်မဲ့ မိန်းကလေးကို လူကြီးတွေက ရွေးချယ်ပေးခဲ့တာလေ… အဲဒီ့ မိန်းကလေးကိုပဲ ဒီက တစ်သက်လုံး အချစ်တွေ ပုံပေးပြီး ချစ်သွားဖို့ ဆုံးဖြတ်ပြီးသားပါ…နှလုံးသားထဲ ထည့်ပြီး ချစ်နေရတာ ပန်းအချစ်ဦး တစ်ယောက်တည်းဆိုတာ မှတ်ထားနော်…နှလုံးသား တစ်ခုတည်း အများကြီး ခေါ်သွင်း ရလောက်အောင် မကျယ်ပါဘူးဗျာ..…"
"အချစ်က ဘာပြောလို့လည်း…ဘာတွေမှန်း မသိဘူး…"
"လုပ်ပြန်ပါပြီ…ကဲ..အရှင်းဆုံး ပြောမယ်…ပန်းအချစ်ဦးကို ချစ်တယ်…အရမ်းချစ်တယ်…"
"အိုး.."
အချစ် မျက်ခုံးလေး တွန့်မိပြီး ရင်တွေခုန်လာလို့ ဦးဒီက လက်ထဲက ရုန်းထွက်လာခါ သင်တန်းသွားဖို့့ပဲ ပြင်ဆင်နေလိုက်တော့သည်.။
"ကောင်မလေး…"
"ဟင်…"
"မင်း ကို ဒီက အရမ်းချစ်တယ်ဆိုတာ သိတယ် မဟုတ်လား…"
"….."
"သိလားလို့…"
"အင်း.."
"တော်ပါသေးရဲ့….မသိလို့မရဘူးနော်…ဒီက ဘ၀မှာ ရင်ခုန်စိတ်လှုပ်ရှားပြီး အရမ်း ချစ်ရတာ ဆိုလို့ ပန်းအချစ်ဦး ဆိုတဲ့ ကောင်မလေး တစ်ယောက်ပဲ ရှိတာနော်…"
"အိုး..ဦးကလည်း..ဘာတွေ လိုက် ပြောနေမှန်းလည်း မသိဘူး..စိတ်ညစ်လာပြီ.."
အချစ် ရှက်လို့ မျက်နှာတွေ ပူလိုက် အေးလိုက် ဖြစ်နေတာကို အနားကိုရောက်လာပြီး လက်ကိုင်ခါ တဖွဲတနွဲ့ ပြောနေတော့ ရန်တွေ့မိသည်..။
အချစ် လက်ကို ဖြုတ်ချပြီး ဆံပင်တွေကို ခပ်ဖွဖွ သပ်ပေးခါ ပြုံးပြီး ငုံ့ကြည့်နေပြန်ပြီ..။
"ချစ်တယ်..လူစီဖာ့လိုမျိုး ချစ်ချင်တယ်…မကြိုက်မှာစိုးလို့ပါ…ကဲ..စိတ်တော့မညစ်နဲ့နော်..ပျော်သလိုနေ…ရွှေခဲ ပျော်မှ ဒီက စိတ်ချမ်းသာတာလေ…"
ဆံပင်ရှည် ညင်းသိုးသိုးတွေကို ခေါင်းဖြီးပြီးမှ ထွက်သွားတဲ့ ဦးဒီက ကျောပြင်ကို လိုက်ငေးရင်း သူ ကိုင်သွားတဲ့ ဆံပင်တွေကို လက်နဲ့ ဖွဖွ ကိုင်ကြည့်မိသည်..။
ဒိလူကြီး မနက်စောစော ပြောတဲ့ စကားက ထူးဆန်းနေတယ်လေ…သူ ထူးဆန်းသလို အချစ်လည်း ထူးဆန်းနေတာပဲ…။
အထူးသဖြင့် အခုလို အလုပ်သွားရင် ကလေးတစ်ယောက်လို ခါးကို ဖက်ပြီး လိုက်သွားချင်သလိုလို..။
ဦးဒီက ညမိုးချုပ် လို့ ပြန်မလာသေးရင် ငိုချင်သလိုလို..။
အခန်းပြင် ထွက်ခါနီးမှာ လည်ပင်းကို ခိုပြီး ပါးကြမ်းကြမ်းကြီးကို အာဘွားပေးချင် သလိုလို ဖြစ်နေတာ…။
ဘာရောဂါပါလိမ့်….မဟုတ်မှ အချစ်ရောဂါ များလား…ဖွဖွ….လွဲပါစေ…ဦးဒီက ကို အကိုကြီး တစ်ယောက်လိုပဲ ချစ်ချင်ပါသည်လေ..။
.
"ဟင်.."
"ဘယ်သူလည်း.."
"မေးနေတယ်လေ…"
"အား.."
အချစ် မျက်လုံးကို မှိတ်လိုက်တာ မမပိုးပိုး လို့ ထင်ခဲ့ပေမဲ့ နှာခေါင်း၀ကို ရောက်လာသည့် ဆေးလိပ်အနံ့ တစ်မျိုးကြောင့် လက်ကို ဆွဲခါ ဖျစ်ချေပစ်လိုက်သည်.။
အချစ် လှည့်ကြည့်တော့ ထင်တဲ့ အတိုင်း ဇာနည် ဖြစ်နေတာကြောင့် မျက်မှောင်ကြုတ်ပြီး ကြည့်မိသည်.။
"ဆောရီးပါ…စိတ်ဆိုးသွားလား.."
"ဆိုးတယ်…အချစ်ကို အဲလို လုပ်တာ မကြိုက်ဘူး.."
"ဟုတ်ပြီ…မှတ်ထားမယ်နော်..စိတ်တော့မဆိုးပါနဲ့ နောက်ဆို ဆင်ခြင်ပါ့မယ်.."
အချစ် မျက်နှာ တည်တည် ဖြင့် သင်တန်းခန်းထဲ ၀င်သွားတော့ သူလည်း ဟိုဘက် ခန်းက စာဖိုးမှူး သင်တန်းဘက်ကို ၀င်သွားသည်..။
"ဒီနေ့ အရမ်း လှနေတယ်.."
"တို့တွေ ကျေးဇူးတင်နေတာ…မွေးနေ့မှာ ဖုန်းအသစ် လက်ဆောင်ပေးတဲ့ ကောင်မလေး ကျန်းမာချမ်းသာ အသက်ရာကျော်နေပြီး ချစ်ရသူနဲ့ သားတွေ သမီးတွေ အများကြီး မွေးနိုင်ပါစေလို့.."
"ဟင်…ဘာလည်း.."
"ဒီမှာလေ.."
အားလုံးက ရှေ့မှာ ချထားတဲ့ ဖုန်းဆင်တူလေးတွေကို ထုတ်ပြတော့ အချစ် မျက်လုံးပြူးရင်း ကြည့်နေတာ တစ်ခုမှလည်း နားမလည်ဖြစ်ရသည်..။
"ဒါတွေက.."
"ဟောတော့…ပါဆယ်ထဲမှာ ပါလာတာလေ.."
"ဖန်မီးအိမ် မဟုတ်ဘူးလား.."
"ဟုတ်ပါဘူး…အားလုံး ဖုန်းတွေပဲ ပါလာတာလေ…ပိုးပိုးဆို ပါဆယ် က ကြီးလို့ အိမ်မရောက်ခင် ကတည်းက ဖောက်ကြည့်တာ ..ဟား..ဟား..အခွံကြီး ကြည့်ပြီး စိတ်ညစ်သွားတာ…ဖုန်းတွေ့တော့ ထခုန်တာလေ.."
'ကျေးဇူးတင်တယ်နော်…အချစ်.."
"ရှင်..ဟုတ်.."
အားလုံးက ဖုန်းတွေ ရတယ်ဆိုတော့ အချစ် တစ်ယောက်တည်း ဖန်မီးအိမ်ကြီး ရတာပေါ့..။
ဆိုးဝါးလိုက်တဲ့ ကံကြီးရယ်……။
"နင့် ဦးလေး က နင့်ကို ဘာလက်ဆောင်ပေးလည်း..သင်တန်း လေးရက်ပိတ်လိုက်တာ..မနေနိုင်အောင် အရမ်းတွေ သိချင်နေတယ်...ဟိဟိ"
"ဟုတ်တယ်…ပါလာလား..ငါတို့ကိုတောင် ဖုန်းတစ်လုံးပေးရင် နင့်ကို ကားတစ်စီးပေးမှာပဲနော်.."
"ဟင့်အင်း.."
အချစ် ခပ်လေးလေး ခေါင်းခါလိုက်တော့ မမသိမ့်က အချစ် လည်ပင်းကို ကြည့် ပြီး လက်ညိုးထိုးခါ မေးငေါ့ပြသည်..။
"မဟုတ်ဘူး..ဒါဖိုးဖိုးပေးတာပါ..ဦးက..စာအုပ်ပဲ ပေးတယ်.."
"ဟင်..တော်တော် တန်ဖိုးကြီးတဲ့ စာအုပ်နေမှာပေါ့နော်.."
"အိမ်ပြေးလေး အကြောင်း စာအုပ်ပါ…"
"အချစ်…နင့် ဦးလေးက အသက် ဘယ်လောက်လည်း ဟင်…"
"ဟုတ်တယ်…ချောလား.."
"သင်တန်းကို လာဖူးလားဟင်.."
အချစ် အနားမှာ ဝိုင်းအုံပြီး တစ်ယောက် တစ်ပေါက်စီ မေးတော့ အချစ် ခေါင်းကို ချာချာ လည်ရင်း စိတ်ထဲမှာ မကြည်မလင် ဖြစ်လာရသည်..။
သူတို့တွေ ဘာဖြစ်လို့ ဦးဒီက ကို စိတ်၀င်စားနေကြတာပါလိမ့်..။
"ဟဲ့..ပြောလေဟာ.."
"ဟင်…ဦးက…အသက်သုံးဆယ်ကျော်တယ်…မျက်နှာကလည်း အမွှေးတွေနဲ့…ပြီးတော့ ခြေထောက်ကျိုးနေလို့ ဝှီးချဲနဲ့ မို့လို့ လိုက်လာလို့မရတာပါ.."
"ဟင်..ဟုတ်လား.."
"အိုး..သုံးဆယ်ကျော်ဆိုတာ ဦးမှ မဟုတ်တာ.."
"အေးလေ..ကိုကို အရွယ်ပဲ ဟာ.."
"ဟုတ်တယ်…ကိုကြီး အရွယ်တောင် မဟုတ်ဘူး…ပန်းအချစ်ကတော့ ဦးလေး ဆိုတော့ ဦးခေါ်တာပေါ့လေ…ငါကတော့ ကိုကိုပဲ..ဟိဟိ.."
"မျက်နှာမှာ အမွှေးတွေ ရှိတော့ ယောင်္ကျားဆန်တာပေါ့…ဟိဟိ… တော်ကြာ ခြောက်မှန်း မသိ စိုမှန်း မသိ မှုန်ချောချောကြီး မကြိုက်ပါဘူး..အဲလို ကြမ်းတာပဲ ကြိုက်တယ်…"
"ဝှီးချဲနဲ့ ခြေကျိုးနေလည်း ရိုလို့ ရပါတယ်…သူက ဝှီးချဲပေါ်မှာ ထိုင်နေရင် ကိုယ်က သူ့ အပေါ်တက်ထိုင်လို့ ရတယ်..လည်ပင်းလေးကို ဖက်ပြီး ငုံ့နမ်းလို့ရတယ်…တစ်ခါတလေ သူ့ကို ဖက်ပြီး ဝှီးချဲလိုက်စီးလို့ရတယ်..ဟို ရုပ်ရှင်ထဲမှာဆိုရင် ဝှီးချဲနဲ့ က တာ ရိုမှ ရိုပဲ…အဟိ…"
"ဟုတ်တယ်…ငါလေ..နင့်မွေးနေ့ ဖိတ်စာလေးကို ဖတ်ကြည့်လိုက် ဖုန်းလေးကို ကြည့်လိုက်..နင့်ဦးလေးကို မြင်ယောင်လိုက်နဲ့..မမြင်ဖူးပေမဲ့ အရမ်းချစ်နေပြီ..”
"ဟင်”
"တကယ်..ဒီလောက် ချစ်တက်တဲ့ ကိုကို့ကို ရရင် ဝေယျာဝေစ္စ အားလုံးလုပ်ပေးပြီး ပြုစုမယ် သိလား တူမလေး.."
"ဟင်.."
အချစ်ကို တူမလေးလို့ခေါ်ပြီး ပါးကို ဆွဲဖျစ်တဲ့ မမပိုးကို မျက်လုံးပြူးဖြင့် မော့ကြည့်မိသည်..။
ဦးဒီက ကို အပိုအသာတွေ့ ထည့်ပြောလိုက်တာတောင် စိတ်ကူးယဉ်နေကြပြီ…။
တော်တော် မနေနိုင်တဲ့ မ်ိန်းမတွေပဲ..။
"ပန်းအချစ်ဦး.."
"ဟဲ့..ဘယ်ကိုလည်း.."
"ဗိုက်နာလို့.."
အချစ် အမြင်ကပ်ကပ်ဖြင့် ပြောပြီး ထွက်လာတာတောင် ကိုကို ဆိုပြီး ရယ်နေသံတွေ ကြားရတော့ စိတ်တိုမိသည်..။
ပန်းအချစ်ဦးတို့ တုံးတာပါလေ…အသက် ၆၀ လို့ ပြောရင်တောင် ကိုကြီး လို့ပဲ ခေါ်ဦးမှာပဲ..
အသက် ၈၀ လို့ ပြင်ပြောလို့ ရရင် ကောင်းမှာပဲလို့ တွေးရင်း နှုတ်ခမ်းကိုက်ခါ အကြံထုတ်နေမိသည်..။
.
"ဦး.."
'အင်း.."
"အသက်ဘယ်လောက်လည်း.."
"ဟင်.."
ဒီပါ ဇွန်းနဲ့ ခပ်လက်စ ထမင်းကို ရပ်လိုက်ပြီး ရှေ့ကို မျက်လုံးပင့် ကြည့်တော့ မျက်ခုံးကြုတ်ပြီး ဆိုက်ကြည့်နေသည်..။
ထမင်းဝါးနေတာတောင် နှေးကျသွားခါ အကြောင်းအရင်း ကို တွေးကြည့်ရင်း..
"ဆယ်နှစ်ကြီးတယ်လေ.."
"နှစ်ဆယ့်ရှစ်လား.."
"အင်း.."
"ရှစ်ဆယ်လို့ ပြောလို့ရလား.."
"ဟမ်.."
ဒီပါ မျက်လုံးပြူးပြီး ဟမ်လိုက်တော့ ရေခွက်ထဲ ရေဖြည့်ပြီး လှမ်းပေးရင်း ထမင်းစားပွဲ မှာ ခေါင်းကုတ်နေပြန်ပြီ…။
ဇွန်း ကို ချလိုက်ပြီး ကုတ်နေတဲ့ လက်ကို ဆွဲ တားလိုက်တော့မှ ရယ်ကြဲကြဲဖြင့် လက်ကို ချလိုက်တော့သည်..။
"ဘာဖြစ်လို့လည်း."
"ဦးဒီက အသက်ရှစ်ဆယ်ဆိုရင် ကြိုက်မဲ့လူ ရှိဦးမလား…"
"မသိဘူးလေ…လူတော် လူကောင်း တစ်ယောက်ဆိုရင် ကြိုက်ကြမှာပါ...."
"ဟမ်…ဦး က အသက်ရှစ်ဆယ်အထိ ရည်းစားထားချင်တာလား…"
"ဟောဗျာ…ဘာလည်း ရည်းစား…ဒီက လူတွေ ကြိုက်တာ ကို မေးတယ်ထင်လို့ပါ…"
"အပိုတွေ….အပိုတွေ.."
"ထမင်းစားပြီး ကူလုပ်ပေးမယ် မလား…လူကို အသက်ကြီးခိုင်းပြီး…ဘာတွေ ကြံစည်နေလည်း မသိပါဘူး.."
"အချစ်က ဘာကို ကြံစည်ရမှာလည်း…လူကို အကြံသမားလို့ပဲ ပြောနေတယ်…"
ထမင်းစားနေရင်း ဇွန်းကို ချလိုက်ပြီး မျက်ရည်ကျလာတော့ ဒီပါ ပျာပျာသလဲ ဖြစ်သွားရခါ အနားကို အလိုလို ရောက်သွားမိသည်..။
"ဒီက…ဒီအတိုင်း ပြောလိုက်တာပါ…"
"အင့်…"
"မငိုနဲ့…တိတ်နော်…ထမင်းစားနေရင်း မျက်ရည်ကျတာ မကောင်းဘူး.."
ဒီပါ ဘေးခုံမှာ ကပ်ထိုင်လိုက်ပြီး မျက်ရည်ကျနေတဲ့ ပါးနုနုလေးကို လက်ချောင်းတွေနဲ့ တို့ သုတ်ပေးလိုက်သည်..။
"အချစ် အကြံသမား မဟုတ်ဘူး သိလား…အရင်က ဟုတ်တယ်…ခု မဟုတ်ဘူး."
"အင်းပါ..အင်းပါ…ဒီက သိပါတယ်..စလိုက်တာပါကွာ…မငိုပါနဲ့.."
"လူကို အထင်ပဲ သေးနေတာ….အင့်…"
"မသေးရပါဘူး.."
"မသေးရင် ဒီလို မပြောဘူး..သိရဲ့လား.."
"ဟုတ်ပါပြီ…ဒီက မှားတာ..ဟုတ်လား…"
"အွင်း.."
ဒီပါ ဘာတွေ ဖြစ်နေလည်း နားမလည်ပေမဲ့ ဟင်းချိုထဲက ငုံးဥလေးကို ခပ်ခါ ပါးစပ်နားတေ့ပေးလိုက်တော့ မျက်ရည်သုတ်ပြီး စားသည်..။
ကလေးကို ချစ်မိတာလည်း တစ်မျိုးပါပဲ…နားလည်ရခက်လိုက်တာ.. ဘာမှားသွားလို့ ထ ငိုမှန်းတောင် သေချာမသိပဲ ဇွတ်ချော့နေရတာ ရင်တွေပူလို့ မောတောင်လာပါပြီ…။
"ဦး…သွားစားပါ…ကိုယ့်ဟာ့ကို စားမယ်.."
"ဟင်…အင်း.."
ဒီပါ ပန်းကန်ကို လှမ်းဆွဲယူပြီး သူ့ဘေးက ခုံမှာ ပဲ ထိုင်စားနေရတာ စိတ်ထဲမှာတော့ ခပ်လန့်လန့်ပင် ဖြစ်လာပြီ..။
ဆယ်ရှစ်နှစ် ပြည့်သွားခါမှ ရုတ်တရက် ဆယ်နှစ်ငယ်သွားသလိုပါပဲလား ပန်းအချစ်ဦးရယ်..။
"အင့်…"
"ရပါတယ်.."
"ဘာလည်း…ထည့်ပေးတာ မကြိုက်ဘူးလား.."
"မဟုတ်ပါဘူး…ထည့်…ထည့်…"
ဒီပါ စကားမှားမှာစိုးလို့ ခေါင်းညိတ်ပြီး ပြောတော့ ပြုံးစေ့စေ့ ဖြင့် ဟင်းတွေ အများကြီး ခပ်ထည့်ပေးပြန်သည်..။
စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့…အမျိုးသမီးများရဲ့ စိတ္တဇ ရက်သတ္တပတ် ကို သတိရတော့ ရင်တောင် တုန်ချင်သွားသည်..။
ဒီပုံစံ အတိုင်း တစ်ပတ်လုံး ဖြစ်နေမှာဆိုတော့ အရာရာ သတိထားမှ ပါလေ…။
.
"ဦး.."
"ဟင်…"
"ဒီမှာ…ဒဿမ မပါဘူး…"
"သြော်..အင်း..အဲဒါတွေက ကွန်ပျူတာ မှင်ကြောင့် ဖြစ်မယ်…နောက်က ဂဏာန်းနှစ်လုံး ထည့်မရေနဲ့တော့…"
"ဟုတ်…"
ဒီပါ ကွန်ပျုတာ ဆီ အကြည့်ပြန်ပို့ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို သာ အာရုံစိုက်ပြီး စစ်ဆေးနေမိသည်..။
"ဦး.."
"အင်း.."
"ဒီမှာလည်း…ဒဿမ မပါဘူး.."
"စောစောက ပြောပြီးပြီလေ.."
"အင်း.ဒါပေမဲ့…တစ်ခု လွဲနေတယ်.."
"ကျစ်.."
ဒီပါ ကွန်ပျူတာမောက်စ် လေး နေတာ
စိတ်မရှည်လို့ ကျစ်သပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိချိန် မျက်နှာငယ်လေး ဖြစ်သွားလို့ မြန်မြန် ပြန်ပြင်လိုက်ရသည်..။
"ပြောလေ…ကောင်မလေး.."
"ဘာမှ မဟုတ်တော့ပါဘူး.."
ခေါင်းငုံ့ သွားပြီး စာရွက်တွေကိုပဲ ပြန်ကြည့်နေတော့ စိတ်မကောင်း ဖြစ်သွားမလား တွေးမိခါ ထိုင်ခုံကနေ ထသွားလိုက်သည်..။
သူ ထိုင်နေတဲ့ ခုံရဲ့ နောက်ကျောကို လက်တင်ပြီး စာရွက်တွေကို ငုံ့ကြည့်လိုက်တော့ မသိချင်ယောင်ဆောင်နေပြီ..။
စာရွက်ပေါ်မှာ ထောက် ရွေ့နေတဲ့ ဘောပင်လေးကို လက်ညိုး နဲ့ ခံပြီး စလိုက်တော့ မော့ကြည့်မလာပဲ အလုပ်ကိုပဲ မဲ လုပ်ပြနေသည်..။
"ဟာ…ဦး.."
"ပြောပါ..ဘာဖြစ်လို့လည်း.."
ဒီပါ ဘောပင်ကိုင်ထားတဲ့ လက်ကလေးကို ထပ်ဆုပ်ကိုင် တားဆီးလိုက်ပြီး အညင်သာဆုံး မေးလိုက်တော့ ခေါင်းရမ်းပြသည်..။
"ရွှေခဲ…စိတ်မကောင်းဖြစ်သွားရင် ဆောရီးပါ..ဒီက အလုပ်မှာ အမှား တစ်ခုကြောင့် အရမ်းခက်ခဲပြီး ဖိအားတွေ များ နေလို့ပါ…ရွှေခဲကို စိတ်မရှည်တာ မဟုတ်ပါဘူး.."
"အချစ်သိပါတယ်…အချစ် က ရှုပ်နေမိတယ်.."
"မဟုတ်ပါဘူး..ပြောပါဦး..ဘာပြောမလို့လည်း.."
"ဒီမှာလေ…ဒဿမ မပါတာ နံပါတ်နှစ်ဆယ့်တစ် တွေချည်း ဖြစ်နေတယ်…ဟိုနေ့ကလည်း အဲလိုပဲ…"
"ဟင်…"
"စာရွက်ကို တစ်နေ့တည်း ရေးလို့ လား မသိဘူး.."
"မဟုတ်ဘူးလေ…ဒါဆို…ရွှေခဲတွေ့ထားတဲ့
အရင် စာရွက်တွေကော.."
"ဟိုဘက်မှာ…"
ဒီပါ့ ဘက်ကို ပြန့်ကြဲနေတဲ့ ဖိုင်တွေကို ဆွဲယူပြီး ဆွဲလှန်ခါ စိတ်လောအားကြီးစွာ ကြည့်မိသည်…။
"ဒီမှာ…အချစ်တွေ့ပြီ..ဦး.."
"အင်း..ပြပါဦး.."
စာရွက် လေးငါးရွက်ကို လှမ်းပေးတော့ ဒီပါ ယူပြီး စီ ချလိုက်ခါ သူပြောသလို နံပါတ် နှစ်ဆယ့်တစ်တွေကို လိုက်ကြည့်မိသည်..။
ဒဿမ က အတန်းလိုက်ပျောက်နေတော့ နံပါတ်တွေကို ရေချလိုက်တာ နောက်ဆုံး သုညတွေ မပါရင် လေးသိန်းကျော်ပဲ ရှိနေပြီး သုည နှစ်ခု ထည့်တွက်တော့ သိန်းလေးရာ ဖြစ်သွားသည်..။
ဒီပါ ခေါင်းကြီးပြီး ရင်တွေ တဒိတ်ဒိတ် ခုန်နေရင်း ကွန်ပျူတာထဲ ငွေစာရင်းတွေကို စာရွက်က နေ့စွဲတိုင်း ပြန်ရှာ ကြည့်လိုက်မိသည်..။
"ဟာ…"
"ဟုတ်လား…ဦး.."
"အင်း..လွဲနေပြီ…ဟင်း…လုပ်ရက်လိုက်တာ…လေးသိန်းထဲ ထည့်ပေးထားတယ်…"
"ဘာလုပ်တာလည်း ဟင်.."
"ရွှေခဲ…ဒါမျိုးစာရွက်တွေ တွေ့သေးလားဟင်.."
"အင်း..မနေ့က အပြာရောင်စာရွက်တွေမှာလည်း တွေ့သေးတယ်.."
"ဟုတ်လား…ဒီက ကို ကူညီပြီး ရှာပေးနိုင်မလားဟင်.."
"ဟုတ်.."
ဒီပါ လချီပြီး ရှာခဲ့ရတဲ့ စာရင်းအမှားတွေရဲ့ အဖြေ က အစက်ကလေး တဲ့လေ..။
ကောင်မလေး ရှာပေးတဲ့ စာရွက်တွေကို အကြမ်းစစ်လိုက်ရုံဖြင့် သိန်းထောင်ချီပြီး ကွာနေပြီမို့ ဒီပါ့ စိတ်စောနေမိသည်..။
အထွေထွေ အသုံးစရိတ်တွေကို ဖိုင်လိုက် ပြန်ဖွင့်လိုက်ပြီး ရှေ့က စာရွက်တွေရဲ့ နံပါတ်ကို ရိုက်ရှာလိုက်တော့ အထပ်လိုက် ကျလာသည်..။
"ဦး..ဒီမှာ.."
"ကျေးဇူး.."
အသုံးစရိတ် ထုတ်သွားတာ သိန်းကျော်လေးတွေကို သိန်းရာကျော်အောင် အပြောင်းအလဲ လုပ်ထားတာ သုံးလေးလ တစ်ခါပဲ မို့ သိပ်မသိသာပါ..။
ဒီပါ စာရင်းကွာဟချက်တွေကို စစ်နေရင်း ဦးအောင်သူရဲ့ စေ့စပ်အကွက်ကျ ပီရိ မှုကို စိတ်ထဲက ချီးကျူးမိသည်..။
"ဒီမှာ..လည်း…လေးရွက်…"
စာရွက်တွေကို မနားတမ်းရှာပြီး ချပေးနေတာ မို့ ဒီပါ နာရီကြည့်လိုက်တော့ တစ်နာရီတောင်ထိုးတော့မည်..။
ကိုးနာရီကျော်ရင် အိပ်ချင်နေတဲ့ မျက်လုံးလေးက အခုကျတော့ လူကြီးလေးလို တက်ကြွနေပြန်ပြီ..။
"ဦး.."
"မကြောက်ပါနဲ့..ဘာမှ မလုပ်ဘူး.. ရွှေခဲလေးကို… ကျေးဇူးလို့ပါ…ဒီစာရင်း အမှားကြောင့် ဒီက စိတ်တွေရှုပ်နေတာ လချီနေပြီ…ရွှေခဲ ရှာပေးမှပဲ တွေ့တော့တယ်…တော်လိုက်တဲ့ ရွှေခဲလေး…"
ဒီပါ နောက်ဘက်ကနေ သိုင်းဖက် လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်တော့ ခေါင်းငုံ့ပြီး ငြိမ်နေရှာသည်..။
"ကျေးဇူးအရမ်းတင်တယ်…"
ပခုံးလေးပေါ်ကို ခပ်ဖွဖွ မေးတင်လိုက်ပြီး ထပ်ပြောလိုက်တော့ ခေါင်းငုံ့ထားရင်း ရှက်သလိုလေး ဖြစ်နေတာ အသည်းယားမိသည်..။
ဟင်း…လူစီဖာ့လိုသာ ရန်မတွေ့တက်ရင် ကောင်းကောင်းကြီးကို ဖျစ်ညှစ်လိုက်ပါပြီလေ…။
"အင့်.."
ထိုင်ခုံ ဘေးကနေ ခါးကိုင်းပြီး ပွေ့ချီလိုက်တော့ မျက်လုံးလေး ပြူးရင်း ပါလာပေမဲ့ လည်ပင်းကို တော့ ပြန်ဖက်ထားပေးသည်..။
"သွားတိုက်လိုက်…ပြီးရင် အိပ်ရမယ်.."
"ဟုတ်.."
ရေချိုးခန်းထဲ ချပေးလိုက်ပြီး သွားတိုက်ဆေးထည့်ခါ ပေးလိုက်တော့ ခေါင်းလေး ညိတ်ပြီး လှမ်းယူသည်..။
ကြောက်နေတာလား..ရှက်နေတာလည်း...ဝေခွဲမရပေမဲ့ စိတ်မဆိုးဘူးဆိုတာတော့ သိလိုက်ပါသည်..။
ဒီပါ လည်း သွားတိုက်တံကောက်ကိုင်လိုက်ပြီး မှန်ထဲက သူ့ ပုံရိပ်ကလေးကို ကြည့်ခါ ခပ်ဖြည်းဖြည်း သွားတိုက်နေမိသည်..။
"အွင်."
ခွက်ထဲက ရေကို ပါးစပ်အပြည့်ငုံပြီး မှန်ထဲကို ကြည့်လိုက်ပုံက မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေး ဖြစ်နေသည်..။
"ကောင်မလေး.."
'ဖွီ..ရှင်.."
သွားတိုက်ဆေး အမြုပ်တွေ ပေနေတဲ့ နှုတ်ခမ်းလေးကို ငေးနေမိရင်း…
"အဟွင်း..မင်း ဘက်က သဘောထား မသေချာသေးပေမဲ့...တစ်ခါတလေ…. တစ်ခါတလေ..ကျရင်ပေါ့လေ…
ကြောက်သွားမှာ စိုးတယ်.."
မျက်လုံးလေး ဝိုင်းပြီး အာရုံ စိုက် နားထောင်နေတာ သိတော့ အတိအကျ မပြောရဲလို့ ဒီပါ ပြုံးစေ့စေ့ဖြင့်ပင် ရေချိုးခန်းထဲက ပြန်ထွက်လာခဲ့လိုက်သည်.။
.
"ဦး.."
"အင်း…လာ…"
ညအ်ိပ်၀တ်စုံလေးပါ တစ်ခါတည်း လဲပြီး ထွက်လာတော့ ဒီပါ ပြုံးလိုက်ရင်း ခုတင်ပေါ် ကို လက်ပုတ်ပြခါ လူစီဖာ့ကို ပွတ်ပေးနေမိသည်..။
"အများကြီး လိမ်မာ သွားပြီ.."
"ဟင်.."
'ညအိပ် ၀တ်စုံလည်း ၀တ်တယ်…သွားလည်းတိုက်တယ်…ခုတင်ပေါ်လည်း ခုန်မတက်တော့ဘူး.."
"အဟဲ..ဟဲ…"
ခုတင်ပေါ် လှမ်းတက်ပြီး သူ့ ခေါင်းအုံးကို ဆွဲပြီး ပိုက်ခါ အနားမှာ ခြေချထိုင်ရင်း လူစီဖာ့ကို ကြည့်နေတော့ ရန်ရှာ ဦးမလား စိတ်ပူရသည်..။
"ဦး…လူစီဖာ့ကို အရမ်းချစ်တာပဲနော်…"
"အင်း.."
"ဘာဖြစ်လို့လည်း.."
"အကြောင်းပြချက် မရှိဘူးလေ..ချစ်ချင်လို့ ချစ်နေတာပေါ့.."
"ဒါဆို အချစ်ကိုကော…"
"အဲဒါလည်း အကြောင်းပြချက် မရှိဘူး…"
"ဘယ်တုန်းကလည်း ဟင်…."
နှုတ်ခမ်းလေး ကိုက်ပြီး မေးသင့်မမေးသင့် အကြာကြီး စဉ်းစားချင့်ချိန်ပြီး ထွက်လာတဲ့ စကားလုံးမို့ ဒီပါ သူ့ဘက်ကို လှည့်မကြည့်ပဲ လူစီဖာ့ကိုပဲ ကြည့်နေမိသည်..။
"အိပ်မက်ထဲမှာ တွေ့ကတည်းကပဲ.."
"မယ်….အပိုတွေ…"
"အပိုတွေလို့ ထင်ရင် မယုံပါနဲ့…ကောင်မလေးရယ်.."
ဒီပါ ခပ်ညီးညီး ပြောလိုက်ခါ လူစီဖာ့ကိုပဲ အာရုံစိုက် ပွတ်သပ်ပေးနေချိန် စကားလုံးတွေ တိတ်ဆိတ်သွားသည်။
"ဟို…ဦးဒီက…"
"အင်း.."
"အချစ်ကို တကယ်ချစ်လားဟင်.."
"ဘာဖြစ်လို့လည်း.."
"ဒီတိုင်း.."
"ဒီက အရင်တုန်းက အချစ်ကို အရမ်းကြောက်တယ်.."
"ရှင်.."
"ပန်းအချစ်ဦးကို ပြောတာ မဟုတ်ပါဘူး..နှလုံးသားနဲ့ ချစ်ရတဲ့ အချစ်ကိုပါ.."
"……."
"ဘာဖြစ်လို့လည်း..သိလား.."
"ဟင့်အင်း.."
"ဒီက အမေ က အရမ်းချစ်တက်တယ်..တိတ်တိတ်လေးပဲ ချစ်ရင်းနဲ့ လောကကြီးက ထွက်ခွာသွားတယ်…
အဖေကလည်း အရမ်းချစ်တက်တယ်… သူ့တစ်ဘ၀လုံး အချစ်ရဲ့ နောင်တကြောင့် ကြေကွဲခံစားခဲ့ရတယ်…အဖေ့ရဲ့ မျက်ရည်တွေကို တွေ့ရတိုင်း အဖေ့ကို ကွယ်ရာမှာ လူတွေလှောင်တိုင်း..
ဒီက လည်း နာကျင်ခဲ့တယ်…ပြီးတော့ ကြောက်တယ်…မိဘတွေလို ချစ်ရမှာကို ကြောက်တယ်..အမေ့လို တုန့်ပြန်မှု မရတဲ့ အချစ်မျိုး ချစ်ရမှာ ကြောက်တယ်..
အဖေ့လို နောင်တ အချစ်မျိုး ချစ်ရမှာလည်း တွေးကြောက်တယ်… ကိုယ့်ဘက်က ဘာတွေ မှားပြီး ဘယ်လို နောင်တတွေရလာမလည်း ကြောက်တယ်…အကြောက်ဆုံး အရာက တုန့်ပြန်မှု မရှိတဲ့ အချစ် နာကြင်မှု နောင်တရဲ့ အချစ် ပါပဲ ….ပန်းအချစ်ဦးကို ချစ်လာတော့ မိဘတွေရဲ့ အချစ်ကို တဖြည်းဖြည်း နားလည်လာသလိုပါပဲ…
ဘဝမှာ အရူးအမူးနဲ့ နာကျင် ရမယ် ဆိုရင်တောင် မကြောက်တော့ပဲ ချစ်ချင်လာတယ်..
အိပ်မက်ထဲမှာ ဒီက ကြောင့် ငိုနေတဲ့ ပန်းအချစ်ဦးကို မြင်ယောင်မိရင် သနားချစ်နဲ့ ပိုချစ်ချင်လာတယ်လေ……"
"ဟင်..အချစ်က ဦးဒီက ကြောင့် ငိုနေတယ်.. …"
"အင်း …ဒီက မြန်မာ နိုင်ငံကို ပြန်ရောက်တဲ့နေ့က နေ့ခင်းပိုင်း အိပ်ပျော်သွားတုန်းကပေါ့…ပန်းအချစ်ဦးကို တောင်ပေါ်က ပြုတ်ကျသွားတယ်လို့ အိပ်မက်တယ်…ဘာကြောင့်မှန်း မသိဘူး..ငိုပြီး မုန်းတယ်လို့လည်း အော်သွားသေးတယ်…အဲတုန်းက ကောင်မလေး တစ်ယောက်လို့ပဲ သိခဲ့တာပါ…
..နောက်တစ်ခါ ပန်းအချစ်ဦး ကို ချစ်ပါတယ်လို့ ဝန်ခံတဲ့နေ့ကလည်း အဲလို အိပ်မက် မက်တယ်..ဒီက အရမ်းကြောက်လို့ တအားဖက်လိုက်မိတာပါ…
ကောင်မလေးကို အဆုံးရှုံးမခံနိုင်အောင် ချစ်နေမိပြီလေ..
ပြင်ဦးလွင်မှာ ပန်းအချစ်ဦး ကြောင့် ဒီက အရမ်း စိတ်လှုပ်ရှားသွားတယ်… အိပ်မက်ထဲက အတိုင်း ဖြစ်နေတာကိုး..တော်ပါသေးရဲ့ ကျိန်းကြေသွားလို့ပေါ့…ပန်းအချစ်ဦးကို စတွေ့တော့ အရမ်းမုန်းတယ်လို့ အော်နေတဲ့ ကောင်မလေးကို မြင်ယောင်ပြီး အိပ်မက်ထဲကလို ဖြစ်လာမှာ စိုးမိသေးတယ်…အဲဒါကြောင့် အမြဲ စိတ်ပူနေရတာပါ….အခုကော မုန်းနေလား ဟင်…"
"ဟင့်အင်း…အချစ်…ဦးဒီက ကို မမုန်းပါဘူး…"
"ဒါဆို.."
"အကိုကြီး တစ်ယောက်လို ချစ်ပါတယ်…"
"အဟွင်း…ကျေးဇူးတင်ပါတယ်…"
ဒီပါ ရင်ဘတ်ထဲက လူစီဖာ့ကို ခုတင်ခြေရင်းမှာ နေရာချလိုက်ပြီး မီးမှိတ်ခါ အိပ်ဖို့ ပြင်နေပေမဲ့ သူမလေးကတော့ မလှုပ်မယှက် ငြိမ်ထိုင်နေဆဲ..။
"ဟွင့်.."
'ဟင်.."
"လာလေ…နှစ်နာရီထိုးတော့မယ်…"
"ဟုတ်.."
ဒီပါ လက်ဆန့်ပေးလိုက်တော့ ခေါင်းအုံးကို ပစ်ချပြီး အနားကို တိုးကပ်လာခါ ရင်ဘတ်အနားမှာ အိပ်တော့သည်..။
ဆံပင်လေးတွေကို ဖွဖွ ကိုင်ကြည့်မိရင်း နဖူးလေးကို နမ်းချင်တဲ့ စိတ်ကို မြိုသိပ်ပြီး ရင်ခွင်ထဲ ထွေးပိုက်ထားလိုက်သည်..။
.
"ရင်ခုန်တာ သေတော့မယ်.."
"အမလေး..သိသာတယ်…ဟိဟိ.."
"နင်ကျတော့ကော.."
"ဒီဘဲက လေးယောက်မြှောက်လေ..အစတုန်းက ခရှက်ဒ်နေတာပေါ့…"
"ခရ်ရှက်ဒ် ဆိုတာ ဘာလည်း မမသိမ့်.."
"အဲ..အဲ…ကလေးတွေ ပါလာပြီ..ဟိဟိ.."
အချစ် နဲ့ ကြယ်စင် တို့က အနားမှာ ၀င်ထိုင်လိုက်ပြီး အချစ်က မေးလိုက်တော့ မမသိမ့်က မေးပင့်နေသည်..။
"ချယ် လာတော့မယ်..မမေးနဲ့..မမေးနဲ့.."
"မလာသေးပါဘူး..ဒီနေ့ နောက်ကျမယ်…ပြောပြပါ.."
"ခရ်ရှက်ဒ် ဆိုတာ တိတ်တိတ်လေး ခိုးချစ်ရတာကိုပြောတာပေါ့.."
"ဟင်..ဘယ်လိုမျိုးလည်း..ချစ်သူလား.."
"မဟုတ်ဘူး..ချစ်သူဆိုတာ သုံးဆင့်မြှောက်မှ ချစ်သူ ဖြစ်လာတာ.."
"အမလေး…သိမ့်တို့ ပေါက်ကရတွေ စသင်ပေးပါတော့မယ်.."
"ဘာဖြစ်လည်း သိသင့်တယ်…နားထောင်…"
"ဟုတ်.."
အချစ် ခေါင်းညိတ်ပြီး စားပွဲပေါ် မှေးထောက်ခါ သေချာ အာရုံစိုက်၍ နားထောင်နေမိသည်..။
"လူတစ်ယောက်ကို နင် သဘောကျသွားရင်…သူပြုံးနေတာလေးကို ကြည့်ပြီး ချစ်နေတယ်…သူ စိတ်ဆိုးရင် ကိုယ်လည်း စိတ်ညစ်တယ်…သူ နာကျင်ရရင် စိတ်မကောင်းဘူး..ဒါပေမဲ့ သူက နင့်ကို သိတောင် မသိဘူး..နင်ကပဲ သူ့ကို သိနေတာမျိုး..ဒါကို ခရှက်ဒ် လို့ ခေါ်တယ်…တစ်ခါတလေ ကျတော့ ခင်ကြမင်ကြ သူ့ဘက်က ရိုးသားပေမဲ့ ကိုယ်က ခိုးချစ်တာမျိုးပေါ့.."
"သြော်…ကိုရူပါ လိုမျိုးလား.."
"ဟမ်..ဘယ်ကလည်း.."
"အဲ..ပေါ်လာပြီ…"
"၀င်းရူပါလေ.."
"အမလေး…ငါ့ အချစ်လေးကိုများ ဒင်းလေးက ခရှက်ဒ်နေပြန်ပါပြီ..ဟေ့ ရွယ်တူကို ပဲ မှန်း..ဟွင့်.."
"ခုတော့ မဖြစ်တော့ပါဘူး.."
"ကောင်းတယ်….အဲလို ခရှက်ဒ်နေရင်း သူနဲ့ ကိုယ် ခင်မင်ပြီး ရင်းနှီး သံယောဇဉ်တွေ ဖြစ်လာရင် ဒုတိယ အဆင့်…"
"သြော်…"
"သူက ကိုယ့်ကို ချစ်ပါတယ်လို့ ဖွင့်ပြောလာရင် ကိုယ်ကလည်း ခေါင်းညိတ်မှ ချစ်သူဖြစ်လာတာ ရှင်းပလား.."
"ဒါဆို…သူက ချစ်တယ် ပြောပြီး ကိုယ်က ချစ် မချစ် ဘယ်လို သိမလည်း ဟင်.."
"အရေးပါလား စဉ်းစားပေါ့.."
မမပိုးက ရေသန့်ဘူးကို ဖောက်ရင်း ပြောတော့ အချစ် ခေါင်းက မမ ပိုးဘက်ကို လှည့်ကြည့်ရပြန်သည်..။
"တစ်ခါတလေ ကျတော့ နှလုံးသားက လှည့်ဖျားတယ်…မချစ်သလိုလို ဘာလိုလိုပေါ့..ချေနေတယ်လေ…ဟို က တစ်ယောက်လည်းရသွားကော..ပြိုလဲကြေကွဲ ငိုမျက်ရည်ပြဲရော.."
"ဟဲ့.."
"မဟုတ်လို့လား..နွယ်နီ့ကိုပဲ ကြည့်..ဟိဟိ…"
"ကောင်မ.."
"ကိုယ်ပျေ်ာနေရင် သူ့ကို ပြောပြချင်တယ်…ကိုယ်၀မ်းနည်းနေရင် လည်း သူ နှစ်သိမ့်ပေးတာ ခံချင်တယ်…သူ စိတ်ဆိုးရင် ကိုယ်မနေတက်ဘူး…သူ မုန်းသွားရင် ကိုယ် ရူးသွားမယ်…သွေးမတော် သားမစပ် ပေမဲ့ သူက ကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ်လိုအပ်နေပြီဆိုရင် သေချာတယ် ချစ်နေပြီ…မြန်မြန်ချစ်ရင် ချစ်တယ်ပြော.."
"အွင်..ပြီးတော့ကော.."
"အဲ…ချစ်သူဖြစ်သွားရင်တော့..အီစီကလိ အခန်းလေးတွေလာပြီ…ဟွင့်..ဟွင့်.."
"ဘယ်လိုမျိုးလည်း.."
"ပါးလေး အနမ်းခံရရင် ရင်ဖို…နှုတ်ခမ်းလေး အနမ်းခံရရင် ကတုန်ကယင် ဖြစ်…လက်ကလေးကိုင်ရင် ချွေးပြန်ချင်တဲ့ အခိုက်အတန့်ပေါ့လေ…"
"ပြီးတော့ကော…"
"ဟဲ့…သြော်..ချစ်သူ ဖြစ်ပြီလေ….ရိုမိယို နဲ့ ဂျူးလိယက်တို့…မင်းနန္ဒာနဲ့ ရှင်မွေးလွန်း…မောင်ဖေငယ် နဲ့ ဒိုင်းခင်ခင် အဆင့်တွေ ရောက်ကုန်ပြီပေါ့ဟယ်.."
"ဟင်.."
"ဒီကလေး နားမရှင်းဘူး.ချစ်သူဘ၀မှာ ပျော်စရာချည်းပဲ မဟုတ်ဘူး..သိပြီလား.."
"အိုး.."
အချစ် မျက်နှာ ရှုံ့မဲ့သွားတော့ မမပိုးက ပါးကိုဖျစ်ဆွဲသေးသည်။
"ဒါပေမဲ့ အဲဒီ့ အဆင့်ကို ကျော်ဖြတ်နိုင်သွားရင် ကောင်းတာပေါ့.."
"ပြီးတော့ကော.."
"လက်ထပ်လိုက်ကြတယ်လေ…ဟက်ပီးအင်န်တင်း..စင်ဒရဲလားလေးတို့…စနိုးဝှိုက်လေး တို့လို့မျိုးပေါ့.."
"ပြီးသွားပြီလား.."
"မပြီးသေးဘူး..အဲဒါက အချစ်ရဲ့ နေ၀င်ချိန် တွေလေ….အရမ်းလှပပြီး လေပြေလေညှင်းလေးတွေ ကျေးငှက်ကလေးတွေ နဲ့ စိတ်ကြည်နူးစရာလေးပေါ့ကွယ်.."
"ပြီးတော့.."
'ဘောင်း.."
"အမလေး…"
မမသိမ့်က သူလက်ထဲက ပလတ်စတစ် အိတ်ကို လေထည့်ပြီး ဖောက်ချလိုက်တော့ အချစ်တို့ အားလုံး လှန့်သွားရသည်..။
"အဲဒါပဲ အချစ်တွေ ပေါက်ကွဲပြီး မရှိတော့ဘူး.."
"ဟမ်..ဘယ်လိုကြီးလည်း.."
"နေ၀င်သွားသလိုပေါ့…တစ်ခါတလေ လသာ လိုက် ကြယ်ထွက်လိုက် ညမိုက်လိုက် မိုးကြိုးပစ်တာတို့ မုန်တိုင်းတိုက်တာတောင် ပါရင် ပါမှာ…အခြေအနေပြင်းလာရင်တော့ အချစ် ကမ္ဘာပျက်ပြီး တရားရုံးတောင် အလုပ်သွားရှုပ်မိလိမ့်မယ်…"
"ဘာတွေလည်း.."
"ကလေးတွေဆိုတော့ ချစ်တဲ့ အဆင့်မှာပဲနေ…အကောင်းပြောတာနော်…ငါ့ဦးလေး ဗေဒင်ဆရာအိမ်မှာ ရှိတယ်လေ…သူ့ဆီကို လာတာ ဘယ်တော့ အိမ်ထောင်ကျမလည်းလို့ မေးတဲ့သူတွေထက် အိမ်ထောင်ရေး အဆင်ပြေအောင် ဘာလုပ်ရမလည်း ဆရာလို့ မေးတဲ့ သူ ပိုများတယ်…ဒီစစ်တမ်းတွေအရ အိမ်ထောင်ကျတယ်ဆိုတာ အချစ်ကမ္ဘာရဲ့ နေ၀င်ချိန်ပဲ…"
"ဟင်…ဟိုလိုမျိုးကျတော့ကော..အချစ်ထက်လေ..ဆယ်နှစ်လောက်ကြီးတဲ့သူကလေ...အချစ်ကို အရမ်းသိတက်တယ်..အလိုလည်း လိုက်ပါတယ်..မမသိမ့် ပြောသလိုပဲ..အချစ်လည်း..သူမရှိရင် မဖြစ်သလို ခံစားရပါတယ်..ဒါပေမဲ့..အချစ် မချစ်ရဲဘူး..ကြောက်တယ်..”
"အဟားဟား..ဟုတ်တယ်..အသက်ကြီးတဲ့ သူတွေက ကြောက်ဖို့ကောင်းတယ်..”
"ဟင်..”
အချစ် မျက်လုံးပြူးပြီး ကြည့်လိုက်တော့ မမသိမ့် က နှာခေါင်းရှုံ့ပြီး..
"အချစ်..နင်..ရုပ်ရှင်ကြည့်ဖူးတယ်မလား”
"ဟုတ်..”
"အရမ်းအလိုလိုက်ပြီး ချစ်ပြတဲ့သူတွေက သွေးဆိုးလွယ်တယ်ဟ..သူတို့ ဆိုးလာရင် ဘာမှ မသိတော့ဘူး..”
"ရှင်...”
"ဒီလိုလေး...အနားကိုတိုးလာ..
ခပ်တင်းတင်းဆွဲဖက်..လက်တွေကို ချုပ်..ပြီးရင် နင်က ခေါင်းရမ်းနေလည်း..မလွတ်ဘူး..နင့် နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းတွေ စုပ်နမ်းမယ်...နင်ငိုနေလည်း ဂရုမစိုက်တော့ဘူး..နင့်လည်ပင်းတွေကို တအားနမ်းရင် အသားဖြူတော့ အင်း အကွက်ကလေး ဖြစ်ကုန်မှာပဲ..နင် တအား ငြင်းနေရင်
ဆွေ့ခနဲ့ ပွေ့ချီပြီး အခန်းထဲကို ခေါ်သွားမယ်..ခုတင်ပေါ်ပစ်ချလိုက်မယ်...နင်က ထပြေးလည်း မရဘူး..သူ့အင်္ကျီတွေကို ချွတ်ပစ်လိုက်မယ်...နင့်အင်္ကျီတွေကို ဆွဲဖြဲမယ်..ပြီးရင်
သူ့အားကြီးနဲ့ ဖိချုပ်ထားပြီး နင့် တစ်ကိုယ်လုံးကို ကောင်းကောင်းနမ်းလိမ့်မယ်..ပြီးရင်... ဟူး..ငါတို့ မိန်းကလေးတွေက သနားဖို့ကောင်းပါတယ်ဟာ..”
"ရှင်..”
ဦးဒီက ရဲ့ ကြောက်စရာ ပုံစံကြီးကို မြင်ယောင်ရင်း အချစ် ရင်တွေ တဒိတ်ဒိတ် ဖြစ်လာခါ မျက်တောင် မခတ် ကြောင်နေမိသည်။
"မယ်သိမ့်တို့ သူဖြစ်ချင်နေတာတွေ ပြောနေတာ..”
"ဟိဟိ..”
"ဒါဆို ချစ်နေပေမဲ့ ချစ်တယ်လို့ ပြန်မပြောရဘူးပေါ့နော်.."
"မဖြစ်ဘူးလေ….ကိုယ့်ကိုလာချစ်တဲ့ ယောင်္ကျားဆိုတာ..တော်တော်လေးကို အနီးမှုန်နေလို့မလား..ဘယ်လက်လွတ်ခံလို့ ဖြစ်မယ်…..သီချင်း အတိုင်း မြန်မြန်ချစ်ရင် ချစ်တယ်ပြောပြီး..အရာရာ တူတူ ရင်ဆိုင် ခံစားလိုက်ပေါ့အေ့.."
"အနီးမှုန်တာ နင့်ဘဲ တစ်ကောင်တည်း.."
"ဟိ..ဟီး…ဟုတ်တယ်..အဲဒါကြောင့် စတွေ့တုန်းက ဘေးက ငါ့ အဒေါ်ကို လိုက်ငမ်းနေတာလေ…"
"ကလေးတွေကို အချစ်အကြောင်း သင်ပေးရတာ လွယ်တယ်မှတ်လို့..တော်ပြီ…တော်ပြီ…တူမလေးကို စေတနာ ထားပြီး ပြောရရင်တော့ ယောင်္ကျားတွေက မချစ်ခင်က တစ်မျိုး..ချစ်တယ်လို့ အဖြေပေးလိုက်ရင်…ဂရုစိုက်တာတွေ အလိုလိုက်တာတွေ ဘာတစ်ခုမှ ကို မရှိတော့ဘူး…အဖြေက ရှင်းရှင်းလေးပဲ..နင် သူ့ကို ချစ်ပြီဆိုတာနဲ့ သူ နင့်ကို မချစ်တော့ဘူ…ဒါပဲ…ဟဲ..ဟဲ…တီလေးပိုးက တူမလေးလို သဘောထားပြီး..သေချာ သင်ပေးတာနော်..ကိုကိုကော နေကောင်းလား…သတိရနေပါတယ်လို့ ပြောပေးနော်…"
မမပိုးစကားကြောင့် အချစ် နှုတ်ခမ်းစူသွားပြီး မေးထောက်ထားတာ ဖြုတ်ခါ ရေဘူးကို ကောက်မော့ချလိုက်ရသည်..။
.
"ရွှေခဲ.."
"ရှင်.."
"ဘာပြောမလို့လည်း.."
'ဟင့်အင်း.."
လက်ထဲမှာ စာအုပ်ကိုင်ထားပေမဲ့ လူကိုပဲ လိုက်ကြည့်နေတာ သိတော့ မေးလိုက်တာကို ခေါင်းရမ်း၍ ငြင်းဆန်နေပြန်ပါပြီ..။
ဒီပါ လပ်တော့ပ်ကို ပိတ်ချလိုက်ပြီး အနားကိုရောက်သွားတော့ စာအုပ်ကိုပဲ သဲကြီးမဲကြီး ဖတ်ပြနေသည်..။
ဘာတွေ လုပ်ထားလို့ ဟန်ဆောင်နေပြန်ပြီလည်း…ပန်းအချစ်ဦးရယ်…။
"တစ်ခုခု ဖြစ်လို့လား.."
"ဖြစ်ပါဘူး.."
"ဘာပဲ ဖြစ်ဖြစ် ..ဒီက ကို ပြောရမယ်နော်.."
"ဟုတ်…"
"လိမ်မာတယ်…"
ဒီပါ ဆိုဖာမှာ ထိုင်ပြီး ခေါင်းကို ပုတ်ပေးလိုက်တော့ တစ်ဖက်ကို မသိမသာ တိုးကပ်သွားသည်မို့ မျက်မှောင်ကြုတ်မိသည်..။
"ဘာဖြစ်လို့လည်း.."
"ဖြစ်ပါဘူး…ဦးရဲ့..စာဖတ်နေတာလေ…"
"အင်း.."
"သမီးရေ…"
"ရှင်.."
ဒီပါ ဆိုဖာနောက်ကျောကို လက်တန်းတင်လိုက် ချိန် ကြီးကြီး ခေါ်သံ ထွက်လာတော့ သူက ရုတ်ခနဲ့ ပြေးထသွားသည်..။
ဒီကောင်မလေး ဘာဖြစ်နေတာပါလိမ့်…။
"ဘာဖြစ်လို့လည်း ကြီးကြီး.."
"ဟို..အောက်မှာ သမီး သူငယ်ချင်း ကောင်မလေး နှစ်ယောက် ရောက်နေတယ်…"
"ဟင်..ဘယ်သူလည်း.."
"ပိုးပိုးဆိုလား.."
ကြီးကြီး က နာမည်ပြောလိုက်တော့ ဒီပါ့ကို မျက်လုံးပြူး နဲ့ လှည့်ကြည့်ပြီး မျက်တောင်ခတ်ခါ စဉ်းစားခန်း၀င်နေသေးသည်..။
"အချစ် မရှိဘူး ပြောလိုက် ကြီးကြီး.."
'ဟင်.."
"ဟို..ဟို…သင်တန်းကို စောထွက်သွားတယ်လို့ ပြောပေးပါ…"
"အင်း…အင်း.."
ကြီးကြီးက လှေကားထဲ ပြန်၀င်သွားတော့ ဒီပါဆိုဖာ က ထပြီး အနားကို ရောက်အောင်သွား၍ ရပ်လိုက်သည်..။
"သူငယ်ချင်းလာတာကို ဘာလို့ ပြန်လွှတ်တာလည်း..ကောင်မလေး.."
"ရှုပ်လို့.."
ခေါင်းကုတ်ပြီး မျက်နှာ စူပုတ်ပုတ် နဲ့ ပြောတော့ ဒီပါ လက်ကို ဆွဲချပေးလိုက်ရင်း..
"သူငယ်ချင်းတွေက အဝေးကြီးက လာရတာလေ..ရွှေခဲက အခုလို ပြောလိုက်တော့ အမော ဘယ်ပြေမလည်း.."
"သူတို့က အချစ်ဆီကို လာတာ ဟုတ်ဘူး.."
"ဟမ်..ဘယ်ကိုလာတာလည်း.."
'ဦးဒီက ဆီကိုလေ.."
'ဟမ်…ဒီက ဆီကို …ဘာလို့.."
"မသိဘူး…ဦးဒီက က ဘာလို့ တအားသိချင်နေတာလည်း..အချစ် သူငယ်ချင်းတွေကို တွေ့ချင်နေတာလား..သူတို့က ရိုးသားတာ မဟုတ်ဘူး သိရဲ့လား..ဦးဒီက က လည်း ကောင်မလေးတွေ ဆိုပြီး တအား ဧည့်ခံချင်နေတာပဲနော်…"
"ပန်းအချစ်ဦး.."
"ဟင်.."
ဒီပါ ခပ်စပ်စပ် ခေါ်လိုက်မိတော့ ဒေါသ မျက်၀န်းလေးက ချက်ချင်း အရောင်ပြောင်းသွားပြီး မျက်ရည်တွေ ပြည့်လာပြန်ပါပြီ..။
ဒီကောင်မလေးနဲ့ ခက်တော့နေပါပြီလေ…။
ဆုံးမတော့လည်း ငို ပြန်တယ်…မဆုံးမ ပြန်တော့လည်း သိက္ခာကို စော်ကားနေတာ ဘယ်လို ရှင်းရပါ့မလည်း..။
"သူငယ်ချင်းတွေက အိမ်လိုက်လာရအောင် ပြဿနာ တစ်ခုခု ရှိနေမလားလို့ မေးမိတာပါ…"
"ဟုတ်ပါတယ်…အချစ်က …ဦးအတွက်ဆို အမြဲတမ်း…ပြဿနာမ တစ်ယောက်ပါပဲ.."
"ဟာ…အဲလို မဟုတ်ဘူး"
"ရွှေခဲ..”
ဒီပါ့ ညာဘက်ကိုယ် တစ်ခြမ်းကို ပစ်တိုက်ပြီး အခန်းဘက်ကို ပြေး၀င်သွားတော့ ဘာလုပ် ရမှန်း မသိပဲ သက်ပြင်းမောဖြင့်သာ ကျန်ခဲ့ရသည်..။
တစ်ပတ် မကတော့ဘူး နှစ်ပတ် သုံးပတ်ရှိနေပြီ….ဟူး..ဒီတစ်လ… မြန်မြန်ကုန်မှပဲ အေးမှာပါလေ..။
.
"ဟင်…"
"….."
"ဟေ့…ပန်းအချစ်ဦး.."
"ဟင်.."
"ပိုးပိုးတို့နဲ့မတွေ့ဘူးလား.."
"အင်း.."
အချစ် ကျောပိုးအိတ် အဖြူလေးကို ပြန်ချိတ်ပြီး တစ်ဖက်က စားဖိုမှူးသင်တန်း ခန်းဘက်ကို လျှောက်လာခဲ့လိုက်သည်..။
"ပန်းအချစ်..အိမ်ကို လိုက်သွားတယ်လေ.."
"အင်း..မတွေ့ခဲ့ရဘူး…ဘာဖြစ်လို့လည်း.."
"ဒီနေ့ သင်တန်းမရှိဘူးတဲ့..ဖုန်းခေါ်တာမရလို့..အိမ်ကို သွားပြောကြတာလေ.."
"သြော်.."
အချစ် စိတ်ရှုပ်စွာဖြင့် သြော်လိုက်မိတာ…ကိုဖိုးကောင်းကလည်း ပို့ပြီး ပြန်သွားပြီလေ…။
ကျစ် ကြီးကြီးကိုလည်း မပြောခဲ့ကြဘူး..။
အခုတော့ တက္ကစီ စီးပြီး ပြန်ရမှာပါပဲ…လမ်းနာမည်ကလည်း ဘာပါလိမ့်..။
အချစ် ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်ဖို့ ကြည့်လိုက်တော့ ဖုန်းလည်း ပါမလာပြန်..။
ဘယ်လို ပါလာမလည်း..အချစ်ကို အော်ပြီး ပြဿနာမလို့ ပြောတဲ့ ဦးဒီက ကြောင့် ကောင်းကောင်းငိုနေမိတာလေ….။
အချစ်ပြောတာ မှားလို့လား..
အချစ်ကိုကျတော့ မွေးနေ့မှာ ဖန်မီးအိမ်လေး နဲ့ စာအုပ် တစ်အုပ်ပဲ ပေးပြီး ဘာမှမဆိုင်တဲ့ ကောင်မလေးတွေ ကျတော့ ဖုန်း တစ်လုံးတောင် ဝယ်ပေး နိုင်တယ်လေ..။
မမပိုး ဆို ဦးဒီက ကို တွေ့တာနဲ့ ကိုကို ခေါ်ပြီး ပြေးဖက်မှာ အချစ်သိတာပေါ့..။
အခန်းတံခါး ပိတ်ပြီး ငိုနေတာ ဦးဒီက အပြင်က ချော့ပြီး အလုပ်သွားတော့လည်း ထပ်ငို မိပြန်ရော..
ပြောသွားတာလည်း "ဒီက ချိန်းထားတာ တစ်ခု ရှိလို့ ပြန်လာမှ ဆက်ချော့မယ် ”တဲ့လေ..။
ကိုဖိုးကောင်းလာခေါ်မှ ကပျာကယာ အင်္ကျီ ကောက်လဲပြီး ဆင်းခဲ့ရတာပါ..။
"ရဲဇာနည်မှာ ဖုန်းရှိလား.."
"အင်း.."
ရှေ့က ရဲဇာနည်က သူ့ ဘောင်းဘီ အိတ်ထဲက ဖုန်းကို အသာတတကြည် ထုတ်ပေးတော့ အချစ်ယူပြီး ဖွင့်လိုက်တာ အချစ်ပုံကြီးက အထင်းသား ဖြစ်နေသည်..။
အချစ် မျက်မှောင်ကြုတ်မိပေမဲ့ မသိချင်ယောင်ဆောင်ခါ ဖုန်းနံပါတ်ထဲကို ၀င်ပြီးမှ အလွတ်မရတာ သတိရတော့သည်..။
"ဘာလည်း အိမ်ဖုန်းအလွတ်မရဘူးလား.."
"အင်း.."
"တက္ကစီ စီးပြန်လေ.."
"အိမ်လမ်းကို မသိလို့.."
"ဟင်.."
ရဲဇာနည်က မယုံနိုင်သလို မျက်လုံးပြူးပြီး ကြည့်ပေမဲ့ အချစ် ဘာမှမဖြစ်သလိုပဲ ကျောပိုးအိတ်ကြိုးကို ဆော့နေလိုက်သည်..။
"သင်တန်းမရှိတာ အိမ်က မသိတော့ လစ်လို့ရတာပေါ့..လျှောက်လည်မလား."
"ဟမ်.."
အချစ် မျက်လုံး အရောင်လက်သွားခါ မဖုံးနိုင်ဖြစ်သွားချိန် ရဲဇာနည်က အတင့်ရဲပြီး လက်ကိုဆွဲခေါ်သွားတော့သည်..။
"ဟဲ့..လွှတ်.."
"အဲ..ဆောရီး..ဆောရီး…"
"ငါ့မှာ ပိုက်ဆံမပါဘူး…"
"ရပါတယ်ဗျာ…ကျွန်တော်မျိုးမှာ ပါပါတယ်..သူဌေးမလေး ဖြစ်ပြီး ကပ်စေးနှဲလိုက်တာ လွန်ပါရော.."
"ကပ်စေးနှဲတာ မဟုတ်ဘူး..မေ့လာခဲ့တာ.."
"ဒါဆို ဒီအိတ်ထဲမှာ ဘာတွေ ပါလည်း…"
အချစ် ကျောပိုးအိတ်လေးကို ရိုက်ပြီး ပြောတော့ မျက်နှာ စူပုတ်ပုတ်ဖြင့် သူ့လက်ကို ပြန်ရိုက်ချ ပစ်လိုက်သည်..။
"ဘယ်ကိုသွားမလည်း.."
"မသိဘူးလေ…မလည် ဖူးဘူး.."
"ဟင်..ဒါဆို ပန်းအချစ်က ဒီက မဟုတ်ဘူးလား.."
"အင်း.."
"သြော်.."
အချစ် မသိပေမဲ့ သူက ကားတစ်စီးပေါ်တက်သွားချိန် အချစ်လက်ကိုလည်း ဆွဲခေါ်သွားသည်..။
"ထိုင်လေ.."
"အင်း."
"အထဲမှာ ပိုအေးတယ်.."
"အင်း..အဲကွန်းတွေလေ…မိုက်တယ်နော်.."
"အွင်း.."
အချစ် ကားထဲမှာ ထိုင်၍ မြင်ကွင်း အစုံအလင်ကို လိုက်ကြည့်ရင်း တစ်ခါ မှ ဒီဘက်တွေကို မရောက်ဖူးတာ သိလိုက်သည်..။
ရန်ကုန်ကို ရောက်နေတာ ကြာနေပါပြီ ဒါပေမဲ့ ဘယ်မှ သေချာ မလည်ရသေးပဲ စျေးနဲ့ အိမ် သင်တန်း သုံးခု သာ သိရတဲ့ ဘဝလေ…။
ဦးဒီက က ခြေထောက်ကောင်းပြန်တော့လည်း ဘယ်ကိုမှကို လိုက်မပို့ဘူး..။
ပန်းအချစ်ဦး ဆိုတာ ဦးဒီက အတွက် ပြဿနာ အရှုပ်မလေး တစ်ယောက်ပါပဲလေ…။
အချစ် မျက်တောင်တွေ ပုတ်ခတ်လိုက်ပြီး အပြင်က လူတွေ အများကြီးကို လိုက်ကြည့်နေလိုက်သည်..။ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
နောက်ကျသွားတာ ဆောရီး ပါနော်🙏
အဆက်မမိ ဖတ်မကောင်းတာ
အကြီးကြီး နားလည် ခွင့်လွှတ်ပေးပါ 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...