Part 26

3.1K 121 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၆)
#မုန်းပါနဲ့ဦး

"ဦးဒီက.."
"ဟင်.."
"အရမ်းအေးနေပြီလား.."
"ရပါတယ်…အနွေးထည် ၀တ်ထားတာပဲ.."
"ဆိုင်ကယ်နဲ့ဆိုတော့ ပိုအေးတာပေါ့…အချစ် အနားကို ကပ်နေ.."
"ကပ်လွန်းလို့ ရေမချိုး အ၀တ်အစားမလဲတဲ့ မင်းကိုယ်က အနံ့လေးတွေကြောင့် မူးချင်နေပြီ…"
"အချစ်က အ၀တ်အစားမပါလာလို့ပါ.."
"တစ်ခါတည်း ၀ယ်လေ…"
"မ၀ယ်တော့ဘူး တော်ကြာ ရေချိုးနေရဦးမယ်.."
'ညစ်ပတ်အိုးလေး.."
ဒီပါ ပြောလိုက်တာ မခံချင်စိတ်ကြောင့် ဆိုင်ကယ်ကို အရှိန်တင်လိုက်တော့ လန့်ဖြတ်ပြီး သူ့ခါးကိုတင်းခနဲ့ ဖြစ်အောင် ဖက်မိသွားတော့သည်..။
ဒီက အသည်းယားပြီး ကြောက်နေရပေမဲ့ သူကတော့ တခစ်ခစ် နဲ့ သဘောကျပြီး ကြိတ်ရယ်နေတာ မပြီးနိုင်သေး…။
"ရှီး.အေးလိုက်တာ.."
"တောင်ပေါ်ရောက်ရင် ပိုအေးမှာ..ဒါပေမဲ့ နေ၀င်ရင် အရမ်းလှတယ်..ဟိုဘက်က ပင့်ကူတောင်ဆို …အပေါ်ရောက်ရင် ပိုလှတယ်..တောင်နေကြာတွေ ပွင့်ချိန် ၁၁လပိုင်းလောက်ဆိုရင် တစ်တောင်လုံး ဝါထိန်ပြီး လှနေရော…ရွှေတောင်ကြီးလိုပဲသိလား .."
"အင်း…"
သူ ပြောပြနေတဲ့ တောင်ဘက်ကို တစ်ချက်ကြည့်ပြီး ပိုမြင့်လို့ တော်တော် တက်ယူရမယ် ဆိုတာတော့ သိပါသည်..။
ပန်းတွေ မတွေ့တာတောင် ဒီပါ မျက်လုံးထဲ တော်တော်လေး လှနေပါပြီ…။
"ဦးဒီက …ဟိုမှာ ကောင်မလေး တွေ ကြည့်ကြည့်..…မိုးကုတ်သူတွေ..ချောတယ်မလား.."
"အင်း…မင်းလည်း..ဒါကြောင့် ချောတာ ဖြစ်မယ်.."
"အဟား..ဟား..မှားပါတယ်…အချစ်ကို အညာမှာ မွေးတာ.."
"ရွှေခဲ…ရှီး..မင်း..အေးလား.."
"အေးပါဘူး...."
"ဟွင်း…ဟူး…မင်းကတော့ ဟုတ်တာပေါ့.."
" ဒါပေမဲ့ လိုက်ပို့ပေးရတာ ဆိုတော့…အပြန် တောင်အောက် က ထောပတ်သီး ဖျော်ရည် ၀ယ်တိုက်ရမယ်..ရေခဲမုန့်ကြော်လည်း ၀ယ်ကျွေးဦး..ပြီးတော့..ချဉ်စော်ခါးသီး ထမင်းကြော်…ထမင်းပေါင်း…ကြာဇံ…အိုး..ပြောရင်း ဗိုက်ဆာလာသလိုပဲ.."
ဒီပါ မေးရိုက်သံနဲ့ ပြောနေပေမဲ့ သူကတော့ အစားအသောက် အကြောင်း ပြန်ပြောနိုင်တာ အံသြစရာ..။
ဆိုင်ကယ်နဲ့ တောင်တက်နေရင်း ဘေး ရှုခင်းတွေက အိမ်ခေါင်မိုးလေးတွေပဲ မြင်နေရတာ ခပ်များများရယ်ပါ..။
ကျောက်တွင်းတွေရှိတယ် ဆိုပေမဲ့ ရှူလိုက်တဲ့ လေက လတ်ဆတ်အေးမြပြီး သန့်စင်သလို ခံစားရသည်..။
ဧည့်သည် အကြိုက်ဖြစ်အောင် နည်းနည်း ပြုပြင်လိုက်ရင် အအေးတိုင်းပြည်တွေဆီ အလည်သွားစရာမလိုလောက်အောင် သဘာ၀ရှုခင်းတွေက သာယာလှပပြီး စိတ်ချမ်းသာစရာကောင်းတဲ့ မြို့လေး တစ်မြို့ပါ…။
"တော်ပြီ…ဒီကပဲ..ဆင်း.."
"ဝါး…လှလိုက်တာ…"
ဒီပါ ဆိုင်ကယ်ပေါ်ကဆင်းပြီး အပေါ်က စီးကြည့်ရတဲ့ ရှုခင်းနဲ့ အေးမြမှုကြောင့် စိတ်တွေ လန်းဆန်းနေသည်..။
"ဟား...”
"ဟိဟိ..ဦးဒီက က ကလေးကျနေတာပဲ အာငွေ့ထုတ်ပြီး ဆော့ချင်သေးတယ်… လာ..ဒီမှာ ထိုင်လည်း ရတယ်…ဟာ…ဟိုအောက်နားမှာ အတွဲ တစ်တွဲ..ဟိဟိ…"
အနားက ခဲလုံးကို ကောက်ပြီး ရွယ်နေတော့ ကပျာကယာ တားလိုက်တာတောင် ခဲလုံးက ပျံတက်သွားပြီ..။
"မင်းကလေ…ဘုရားလာပြီး ငရဲကြီးတော့မှာပဲ.."
"သူတို့တောင် ငရဲ မကြောက်ဘူး.."
"ဟူး…တော်တော်အေးတာပဲ…"
ဒီပါ လက်ကို တင်းတင်း ပိုက်ထားရင်း ပြောလိုက်တော့ လှည့်ကြည့်ပြီး လက်ညိုးထိုးခါ..
"ဦးဒီက မေးရိုက်နေပြီ..အချစ်ဆို အမြဲတမ်းလာနေကျပဲ…ဟိုမှာတွေ့လား..အေးလို့ ဖက်ထားကြတာ..ဟိဟိ…"
"ခဏခဏ လာတယ်ဆိုတော့..မင်းလည်း..အတွဲရှိတယ်ပေါ့…"
ဒီပါ မေးလိုက်ရပေမဲ့ ဘာရယ်ကြောင့်မှန်း မသိ ကြောက်သလို မကြားချင်သလို ဖြစ်ခါ ရင်ထဲမှာ ခုန်နေပြန်သည်..။
"ရှိပါဘူး..ဦးဒီက နဲ့ပဲ နှစ်ယောက်တည်းလာဖူးသေးတယ်..အချစ်မှာ ချစ်သူ မရှိဘူး…မထားဘူး….ကိုယ့်ဘဝတောင် ကိုယ် စိတ်မရှည်ဘူး..ဒါကြောင့် ဘယ်သွားသွား…ဘာလုပ်လုပ် သူငယ်ချင်း အတွဲတွေကြားမှာ တစ်ယောက်တည်းပဲ.."
ဒီပါ စိတ်ထဲက ပျော်သွားပေမဲ့ အပျော် မျက်နှာကို လူုကြီး လူကောင်းဆန်ဆန် ဖုံးဖိထားရခါ တောင်တွေဘက်ကို အကြည့်ပို့၍
"ဒီ လောက် အဝေးကြီးကို ခဏခဏ လာတာ မကြောက်ဘူးလား.."
"မကြောက်ပါဘူး..စိတ်ညစ်တိုင်း လျှောက်သွားနေတာပဲ..အချစ် ဆိုင်ကယ်စမောင်းတက်တာ ဆယ့်လေးနှစ်ကတည်းကလေ…ဧည့်သည်တွေရှိရင် လိုက်ပို့ပေးတယ်..အချစ် သူငယ်ချင်းတွေက ကြောက်တက်ပေမဲ့ အချစ်က သတ္တိရှိတယ်…သူလည်း လူ ကိုယ်လည်း လူပဲ သိပ်မကြောက်တက်ဘူး.."
"ဟင်း…သတ္တိရှိတာ မဟုတ်ဘူး မိုက်ရူးရဲဆန်တာ ဘာမှ အဖြစ်တာ တော်သေးတာပေါ့… …"
"အင်း…တစ်ခါတလေ သူငယ်ချင်းတွေနဲ့ လာတယ်…ဟိဟိ သူတို့က ချိန်းတွေ့….အချစ်ကတစ်ယောက်တည်း ဆိုတော့…လိုက်ချောင်းပြီး ခဲနဲ့ပေါက် ပြေးတာပဲ…"
"အရှုပ်မလေး.."
ဆံပင်လေးတွေကို ဖွပြီး အပြစ်ပေးလိုက်တော့ ပြုံးပြ၍ ဆံပင်တွေကို လက်နဲ့ ပြန်ဖိသပ်နေသည်..။
"ဒီတောင်အကြောင်း ဦးဒီက သိလား.."
"ပြောပါဦး..ဂိုက်ဆရာမလေးရဲ့…"
"ပြောရမယ်ဆိုရင်တော့…ဘုရင်ကို ပတ္တမြားပေးလို့..အသေခံရတာ…"
"တော်ပြီ…တော်ပြီ…အဲဒါ ကျော်လိုက်…တော်ကြာ ပြဿနာက ဒီက ရန်ကုန်သား ကို လာထိတော့မယ်.."
"ဟဲ..ဟဲ…ပတ္တမြား ကို ဘုရင် က တစ်လုံးတည်းဆိုတာ သိသွားတော့ ဦးငမောက်နဲ့ ဆွေမျိုး အားလုံးကို ခေါ်ပြီး မီးရှို့သတ်တယ်လေ…ဦးငမောက်ရဲ့  အစ်မ ဒေါ်မယ်နန်းက ထွက်ပြေးလာတာ ဒီတောင်ပေါ်ရောက်လာတယ်..တောင်ပေါ်ကနေပြန် ကြည့်လိုက်တော့ သူ့ဆွေမျိုးတွေကို မီးရှို့ပြီး ထွက်လာတဲ့ မီးခိုးလုံးကြီးတွေ မြင်ပြီး ရင်ခွဲနာ ကျ သေသွားတယ်လေ….အဲဒါနဲ့ ဒေါ်နန်းကြည့်တဲ့တောင် နောက် ဒေါ်နန်းကြည်တောင် ဆိုပြီး ဖြစ်လာတာပဲ…"
"စိတ်မကောင်းစရာပဲ.."
"အဲဒါပြောတာပေါ့ ပေးလည်း ပေးရသေး.."
"လုပ်ပြီ…တော်ပါတော့…"
"အဟဲ…အင်းပါ…ဟိုမှာ..ဟိုမှာ..အဲ့ကောင်ကို အချစ်သိတယ်…နေဦး.."
"ဟာ..ပန်းအချစ်ဦး.."
ဒီပါ တားလိုက်ပေမဲ့ ဆိုင်ကယ်ရပ်ထားတဲ့ အနားကို ရောက်သွားပြီး သူနဲ့ ရွယ်တူ ကောင်လေးတစ်ယောက်ကို  မျက်လုံး သွားမှိတ်နေသည်..။
ဟိုကောင်လေးက သူမျက်လုံးကို အုပ်ထားတဲ့ လက်ကို ဆွဲကိုင်ပြီး လှည့်ကြည့်ခါ ရယ်ပြီး ထလာသည်..။
သူ တို့ စကားပြောနေတဲ့ အနားကို ကောင်မလေး တစ်ယောက် ရောက်လာပြီး ကောင်လေး လက်မောင်းကို ဆွဲခေါ်သွားတော့ ဒီပါ မျက်မှောင်အလိုလို ကြုတ်သွားမိသည်..။
"ဟွင့်.."
အနားကို မျက်နှာ စူပုတ်ပုတ် နဲ့ ရောက်လာကတည်းက ပြဿနာဖြစ်လာပြီ ဆိုတာ သိပေမဲ့ ဒီပါ့ဆီက မေးခွန်းတွေ နှုတ်ဖျားကို တက်မလာခဲ့တော့ပါ..။
"ပြန်မယ်..ဦးဒီက.."
"အင်း.."
"ဖက်ထား.."
"ဟင်…"
ဆိုင်ကယ်ပေါ်ရောက်ရုံ ရှိသေးတယ် လက်ကို ဆွဲပြီး ခါးကို ပို့ပေးတော့ မျက်လုံးပြူးသွားရသည်..။
"ဖက်ထားလို့…အချစ် ပခုံးပေါ်ကိုလည်း မေးတင်ထား…လုပ်လေ…"
ကလေးဆိုးလေးရဲ့ အမိန့်တော် အတိုင်း ခါးကို ဖက်ပြီး ပခုံးပေါ် ဖွဖွမှေးတင်လိုက်တော့ ဆိုင်ကယ်ကို ဟွန်းတီးပြီး ကျော်တက်လာတာ စောစောက ကောင်လေး စုံတွဲ ဖြစ်နေသည်..။
ဒီပါ အအေးဒဏ်ကို ခံစားရပေမဲ့ ရင်မအေးပဲ စိတ်မော လူမော စွာဖြင့် ရင်ဘတ်ထဲမှာ ပူလောင်သွားခဲ့ရသည်…။
ဘာတွေ ဖြစ်ပြန်ပြီလည်း ပန်းအချစ်ဦးရယ်…။
.
"ဦး…လာ…ခေါပုတ်ပူပူ စားကြည့်…"
"ဟင့်အင်း..မကြိုက်ဘူး.."
"မှိုပေါင်းလည်း ကောင်းတယ်လေ.."
"ကောင်မလေး …စားပါ…"
"ပြီးရော…"
သူ တစ်ခုပြီး တစ်ခုစားတာကို ဘေးမှာ ထိုင်စောင့်နေရပေမဲ့ ပတ်၀န်းကျင် အသစ်..လူနေမှု ပုံစံ အဆန်းတွေကို လိုက်ငေးနေမိသည်..။
ညစျေးထဲမှာ ထိုင်ရင်း ပတ်၀န်းကျင်ကို ကြည့်ငေး တော့ မနက်က သတိမထားမိတဲ့ တောင်ပေါ်မှ ပတ္တမြားစေတီ ကိုလည်း လှမ်းမြင်ရသည်..။
"ဦးဒီက…မုန့်ရေပါး တဲ့.."
"စားလေ.."
"အိုး…ဘာတစ်ခုမှ မစားဘူး ဘာဖြစ်နေတာလည်း.."
"အဟွင်း..၀မ်းတဖိုးပဲ ကြိုက်တယ်.."
"ဟုတ်လား..နေဦး.."
ဒီပါ့ကို ထားခဲ့ပြီး ဘေးဆိုင်ကိုကျော်သွားခါ ခဏကြာတော့ ပန်းကန် နှစ်ခုကိုင်ပြီး ပြန်ရောက်လာတော့သည်..။
"အင့်…"
"မြန်လိုက်တာ.."
"အင်း…အပျော့ပဲ.."
"ကျေးဇူး.."
ဒီပါ ဗိုက်အောင့်နေလို့ အစားအမာတွေ မစားချင်တာနဲ့ တို့ဟူးနွေးကိုပဲ အချိန်ဆွဲ၍ စားနေရတော့သည်..။
"ဘာခေါက်ဆွဲလည်း.."
"ဆန်ဖွယ်သုပ်လေ…စားကြည့်ကြည့် …ဒီမှာ…တို့ဟူးခြောက်ကြော်.."
"စားပါ…"
"ပြောင်းဖူး မီးဖုတ်..စားမလား.."
"အဟွင်း…ပန်းအချစ်ဦး..စားလေ…"
"ဦးဒီက ဘာဖြစ်နေတာလည်း.."
ခေါက်ဆွဲသုပ်စားနေရင်း ဒီပါ့ကို မှုတ်ကြုတ်ကြုတ်ကြည့်တော့ တို့ဟူးနွေးကို ခပ်ရင်း ခေါင်းရမ်းပြလိုက်မိသည်..။
"ကျစ်.."
"ပန်းအချစ်ဦး…ပြီးရင် ပြန်ကြမယ်နော်…မှောင်နေပြီ.."
ပန်းအချစ်ဦးတို့ မျက်နှာ စူပုတ်ပုတ်ဖြင့် ညစျေးကို လိုက်ပို့ပေမဲ့ သူ စိတ်မပါလို့ ပြန်ဖို့သာ တောင်းဆိုလိုက်ရတော့သည်..။
စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးလို့ ပြောပြန်ရင်လည်း မကြိုက်ချင်ဘူး…။
တောင်ပေါ်က ပြန်လာကတည်းက သူ့မျက်နှာလေး မှုန်ကြုတ်ကြုတ်ဖြစ်နေတာလေ…။
ညစျေး အပြန်လမ်းမှာ ဆိုင်ကယ်ပေါ် ပူးကပ်နေပေမဲ့ လေတိုးပြီး တအားအေးလာတော့ ကောင်မလေးကို စိတ်ပူရပြန်သည်…။
"အေးနေပြီလား…အနွေးထည် ၀ယ်ခဲ့ရင် အကောင်းသား.."
"ရောက်တော့မှာပါ…"
စကားလုံးတွေ တိတ်ဆိတ်ပြီး ခေါ်ဆောင်ရာ လိုက်ပါရင်း အမှောင်လမ်းကို သွားနေရတော့ အိပ်မက်ကို သတိရမိသည်..။
ရင်ခွင်ထဲမှာ ထွေးပွေ့ထားပေးလို့ မရပေမဲ့ နောက်ကျော မှ ခါးကို ဖက်ထား၍ ပခုံးပေါ် မေးတင်ထားသည်..။
.
"အရမ်း အေးနေပြီလား…ဦးဒီက.."
"အင်း..မီးဖိုရှိတော့ သိပ်မအေးပါဘူး.."
"ဒီမှာ..အိမ်ရှင်တွေက သွားစရာ ရှိလို့ ထမင်းပို့ပေးလိုက်တယ်..မနက်ဖြန်ကျရင် အိမ်မှာ လာစားပါတဲ့…သူတို့က အားနာနေတယ်…"
"ဟာ..မဟုတ်တာ…ငါတို့ကြောင့် သူတို့ အလုပ်များကုန်ပြီ.."
"ကဲ..နောက်မှ အပြန်အလှန်အားနာ…ဒီမှာ စားဖို့လုပ် ပူနေတုန်းပဲ..ကိုင်ကြည့်ကြည့်…"
ဒီပါ့ အနားကို တိုးပြတော့ ပန်းကန်ကို ကိုင်ကြည့်စရာမလိုပဲ အငွေ့ထနေတာ တွေ့ရသည်..။
ခေါင်းညိတ်လိုက်ပြီး ပန်းကန်တွေကို ယူခါ ချပေးလိုက်တော့ ဒီပါ့ အနားမှာ ၀င်ထိုင်သည်..။
"ကတက်စော…ငရုတ်သီးထောင်း ပဲပုတ်နဲ့ရောထောင်းတာလေ…တို့ဟူးခြောက်ကြော်..ဒါက ကြက်သားနှပ် ..စားကြည့်ကြည့်…"
"အင်း.."
ဒီပါ့ ပန်းကန်ထဲ ကြက်သားခပ်ထည့်ပေးတော့ ပန်းကန် တိုးပေးလိုက်ပြီး လက်ခံရသည်..။
သူ့ ပန်းကန်ထဲလည်း ဟင်း ပြန်ထည့်ပေးတော့ ရယ်ကြဲကြဲ လုပ်ပြီး လက်ပြခါ တော်ခိုင်းနေပြန်သည်..။
ဒီပါ ဗိုက်အောင့်လို့ တို့ဟူးနွေးစားခဲ့တာနဲ့ စားတဲ့ ဆန် လည်း မတူ လို့  နည်းနည်းပဲ စားနိုင်သည်..။
ရွှေခဲမလေးကတော့ သူ့ဒေသ ရောက်တာနဲ့ စားစရာတွေ တော်တော် ခံတွင်းတွေ့ပြီး ထမင်း မြိန်နေတာ နှစ်ပန်းကန် စားပြီး အရည်တွေပါ မော့သောက်နေသေးသည်..။
"အင့်…ဦးဒီက ချမ်းနေရင် သောက်.."
"မချမ်းပါဘူး..ခြေထောက်ညောင်းလို့ လဲချင်နေပြီ…ဒီမှာ အိပ်ရမှာမလား.."
"ဟာ..နေဦး…အချစ်လုပ်ပေးမယ်လေ…ခဏ..ခဏ…"
ထမင်းစားပွဲသေးသေးလေးကို ေ၇ွ့ပြီး အခင်းခင်းခါ ခေါင်းအုံး စောင်တွေ ကပျာကယာ နေရာချပေးသည်..။
"အင်းရပြီ…စားပြီးချင်း မအိပ်ရဘူးဆို.."
"မအိပ်သေးပါဘူး..ခဏထိုင်ဦးမယ်.."
"အချစ် ပန်းကန်တွေ ပြန်ပို့ပေးလိုက်ဦးမယ်.."
"အင်း…"
ဒီပါ ြေ့မကြီး နံရံ ခပ်နွေးနွေးကို မှီလိုက်ပြီး ညနေခင်းက မြင်ကွင်းကို ပြန်မြင်ယောင်နေတာ စိတ်ထဲ ဘာမှန်းမသိတာ ကြီး ဖြစ်နေသည်..။
တစ်ဖက်က လူက တစ်ခုခု ပြောလိုက်လို့သာ သူ့မှာ တစ်ညနေလုံး မကျေနိုင် မခဲနိုင်ဖြင့် မှုန်ကြုတ်ကြုတ် ဖြစ်နေရတာပေါ့လေ..။
သ၀န်ကြောင်တာ မနာလို တာမျိုး မဟုတ်ပဲ…သူ့ကို တန်ဖိုးရှိအောင် နေစေချင်တဲ့ စိတ်နဲ့ ပြုပြင်ပေးချင်သည်..။
"ဟား..ဟား..ရပြီ…"
"ဘာလည်း…"
"ရိုးရာစာ….သောက်မလား.."
"ဟင့်အင်း.."
"နွေးတယ်.."
"မင်း သောက်ပါ…"
ဒီပါ နဲ့ မျက်နှာချင်း နံရံမှာ မှီ်ထိုင်ပြီး ခွက်ထဲ ငှဲ့ထည့်ခါ သောက်နေတော့ စိတ်ထဲ တစ်မျိုး ဖြစ်လာသည်..။
သူ့အနားကိုရောက်သွားတော့ ဘာအနံ့မှန်းမသိတဲ့ အနံ့ရိုင်း တစ်ခုရနေပြီ..။
"ပန်းအချစ်ဦး.."
"ဟင်.."
"မင်း သောက်နေတာ ဘာလည်း.."
"လီရှောအရက်လေ.."
'ဟာ အရက်တွေ…"
"လီရှော အရက်က မီးရှို့ရင် ပြာပြာလေးထွက်တယ် နီလာရောင်လေးလေ…အချစ်က နွေးသွားအောင်ပါ…ဦးဒီကရဲ့… သောက်ကြည့်ကြည့်.."
"မသောက်ဘူး..မင်းလည်း မသောက်နဲ့…"
"ဒေါသ ပျောက်အောင် သောက်ရမယ်…ဦးဒီက သိလား….အချစ်တော့ မိန်းမတွေကို ပန်းနဲ့ နှိုင်းတဲ့ ရှေးလူတွေကို သိပ်မုန်းတာပဲ … ကျောက်ဆိုင် ကျောက်သားတွေမှာ ညှပ်ပြီး ဖြစ်တည်လာရတဲ့ ကျောက်တစ်မျိုးမျိုး နဲ့ နှိုင်းသင့်တယ်… ဒါမှ အဆုံးသတ် မရှိပဲ တန်ဖိုးမြင့်နေမှာလေ…လောကကြီးမှာ မွေးကတည်းက ပန်းမဆန်ရတဲ့မိန်းမတွေမှ အများကြီးကြီး ပဲ.."
"ဟင်း..သဘာ၀အရ မိန်းမဆိုတာ နူးညံ့တယ်လေ…"
ဒီပါ သူ့ဘေးနားမှာ ကပ်ထိုင်လိုက်ပြီး ပုလင်းကို ယူတော့ ပြန်ဆွဲလုပြီး တစ်ဖက်ကို လှည့်သွားပြန်သည်..။
"နူးညံ့ခွင့်တောင်မရတဲ့ သူတွေ အများကြီး…ဘဝတွေ အကြောင်း ဦးဒီက မသိပါဘူး..မသိပါဘူး.."
"…ဘ၀ အကြောင်း မသိပေမဲ့ သိက္ခာတို့ ကိုယ်ကျင့်တရားတို့ကိုတော့ သိတယ်.."
"ဟုတ်လား ပြောပြ.."
"ညနေ တုန်းက တောင်ပေါ်မှာ မင်းလုပ်ပုံက ပုံစံမကျဘူး..ပန်းအချစ်ဦး.."
"ဘာဖြစ်လို့လည်း.."
"မင်း မှာ မိန်းကလေး တစ်ယောက် ရှိသင့်တဲ့ မာန  နဲ့ အကြောက်တရား  လျော့နည်းနေတယ်.."
"အဟား…မိန်းမ မာန….မာနလား…ရှိတာပေါ့…ဦးမျိုးချစ်ဒီပါရဲ့…အများကြီး ရှိတာပေါ့…မရှိမာန ဆိုတာ ကို ဦးဒီက သိရဲ့လား..မရှိတဲ့ သူက ပိုပြီး မာန ကြီးတက်တယ်လေ…ဒါပေမဲ့ ဆင်းရဲတယ် မွဲတယ် ဆိုတာကြီးကြောင့် မာန မထားတက်အောင် ဖြစ်သွားတယ်..အိနြေ္ဒသိက္ခာ အရှက်တွေသာ ရှိနေရင် အပျိုအရွယ်လေးမှာ ဟင်းရွက်စည်းတွေကို ခေါင်းပေါ်ရွက်သယ်ချင်ပါ့မလား..ဦးဒီကရဲ့…. အဟက်...ပစ္စည်းသေးသေးလေးတွေက အစ မြင်တွေ့နေရပါရဲ့နဲ့ မပိုင်ဆိုင်ရတာတွေ များလာတော့ လွယ်လွယ်ကူကူ မက်မောလာတယ်…လိုချင်တာတွေ များလာတာပေါ့….ငယ်ငယ်ကတည်းက ပိုက်ဆံဆိုတာ ၀မ်းစာ အတွက် လိုမှန်း သိတော့  ဟဲဟဲ သစ္စာဆိုတာကြီးကို အစိမ်းရောင် ငွေစက္ကူ လောက် မကြိုက်ဘူး…အချစ်သိတာ လူတွေက မှန်ကန်တယ် ရိုးသားတယ် ကြိုးစားတယ် အဲ့သူတွေက  မအောင်မြင်ဘူး မကြီးပွားဘူး..အဲ အောင်မြင်နေတဲ့ လူတွေကို ကြည့်ပြီး ကလိမ်ကကျစ်နဲ့ ဖြတ်လမ်းနည်းတွေက မရှိတဲ့ သူတွေအတွက် လမ်းပြသူ ဖြစ်လာတယ်လေ…မာနတို့ အရှက် သိက္ခာ  အဆင့်အတန်း အရည်အချင်း ဆိုတာ တွေ ကြောင့် ထမင်းငတ်ရပါ များလာတဲ့ လူတစ်ယောက်က ပြောမနာဆိုမနာ ပေါတောတော ဆိုတဲ့ ဘွဲ့ခံလိုက်တာ မှားတယ် မထင်ပါဘူး..အဟားဟား.. …မာန ကြီးတယ်ဆိုတာ အရမ်းလှတဲ့ သူဌေးသမီးတွေ ကားကြီးပေါ်မှာ ဇိမ်နဲ့ ထိုင်ရင်း ရှိသင့်တာပါ….အချစ်ကတော့ ဆိုင်ကယ်ပေါ်မှာ နေရတော့ မာန မကြီးဘူး…ဘာမှ မပိုင်တဲ့ ငမွဲ ငါ့ဘ၀ လို့ တွေးပြီး ပျော်ပျော်နေတယ်..ဟိုလူကိုစလိုက် ဒီလူ နဲ့ စကားပြောလိုက်…တစ်ခါ တလေ စိတ်ကူးယဉ်လိုက်ပဲ လုပ်တက်တယ်..ငယ်ငယ်ကတည်းက လူတကာ ထုရိုက် ဆူဆဲတာ ခံနေရ တော့….အဟား..ဟား..မိန်းမ မာန ဘာမှန်းတောင် မသိတော့ဘူး…."
"မင်းက လမ်းလွဲနေပြီ …ပန်းအချစ်ဦး…လောကဓံကို အပြစ်တင်ပြီး ..လူ့လောက ကို အရွဲ့တိုက်နေသလိုပဲ.."
"ဟုတ်တယ်…တိုက်တယ်လေ…တိုက်တာပေါ့….သူမှ မကောင်းတာ…ပန်းအချစ်ဦးဆိုတဲ့ မိန်းကလေး အကြောင်း ဦးဒီက ဘယ်လောက်သိလည်း…အဟား..ဟား…"
"ကျစ်.."
"ဘာလည်း….ငွေမက်ပြီး အဖိုးကြီးကို လက်ထပ်လိုက်တယ်…ညီကိုလည်း မရှက်မကြောက်  အပိုင်ကြံတယ်..မရတော့ …အဖိုးကြီးဆီမှာ ကပ်နေပြီး ချူစားညာစားနေတယ်…ဒီလိုတွေလား.."
"မင်းမှားနေပြီ…ငါ မင်းကို ဘယ်တုန်းကမှ အဲလို မထင်ခဲ့ဘူး…"
"သြော်..ဟုတ်လား..ကျေးဇူးတင်ပါတယ်ရှင့်…တွေ့ဖူးခဲ့တဲ့ လူတွေထဲမှာ ဦးဒီက က လူမဆန်တဲ့ နတ်သားလေးပဲ…"
"မင်း မူးနေရင် အိပ်တော့ကွာ…ထပ်မသောက်နဲ့တော့.."
"ပန်းအချစ်ဦးဆိုတာ ကလေးဘဝ ကတည်းက ဘယ်ကမ္ဘာရောက်ရောက် ဘယ်သူမှ မလိုလား မကြည်ဖြူချင်တဲ့ သူပဲ ဟား..ဟား…"
"ဟင်း.."
ဒီပါ သက်ပြင်းချပြီး လဲအိပ်လိုက်တော့ ရှိုက်သံ ထွက်လာပြီး လှောင်ရယ်သံ ခပ်ပေါ့ပေါ့ လည်း ကပ်ပါလာပြန်သည်..။
မင်းသာ မမူးရင် မင်းအကြောင်းတွေ အားလုံး ဒီက နားထောင်ပြီး မင်းအတွက် အကောင်းဆုံး အားပေးဖို့ ကြိုးစားမိမှာပါလေ..။
.
"ဟာ….ပန်းအချစ်ဦး မင်း..ဘာလုပ်တာလည်း.."
"………အ…"
"မချွတ်နဲ့လေ….ပြန်၀တ်…"
"….."
ဒီပါ  အိပ်ပျော်ခါနီးကျမှ အနားမှ ၀င်လာအိပ်ပြီး ရင်ခွင်ထဲ ၀င်နေတာကို ခွင့်ပြု လိုက်မိသည်..။
အခုကျတော့ ထထိုင်ပြီး ကုတ်ဖဲ့ခါ အားလုံး ချွတ်ပစ်နေပြန်သည်..။
"ဟ…ဟာ…"
ဒီပါ လှမ်းတာပေမဲ့ ဂျင်းဘောင်းဘီရှည်နဲ့ ရှပ်အကျီ င်္ကို တီရှပ် ပါ လုံးထွေးခါ ပြတင်းပေါက် အပြင်ကို ပစ်ချလိုက်သည်..။
တံခါးဖွင့်ပြီး ထွက်သွားတော့ အ၀တ်အစားတွေ အားလုံးက ရေဇလုံထဲမှာ  တအိအိနဲ့ နစ်မြုပ်သွားပြီမို့ ပြန်ဆွဲထုတ်တော့ အေးစက်နေပြီ..။
"ကျစ်.."
ဒီပါ ကျောပိုးအိတ် အပ်ထားတဲ့ အိမ်ကို အကြည့်ရောက်သွားတော့ မှောင်နေသည်..။
"ဟူး.."
အတွင်း၀တ်တွေနဲ့ စောင်ခြုံ အိပ်နေတာ ကို ဒီပါ စိတ်ရှုပ်စွာဖြင့် သက်ပြင်းချခါ တစ်ဖက်ကို တွန်းပစ်လိုက်မိသည်..။
"အ.."
'ဆောရီး.."
"အင်း..ဦးဒီက ..အိပ်လေ.."
"ဟူး.."
ဒီပါ ဘေးမှာ ယှဉ်လှဲအိပ်လိုက်ရပေမဲ့ စိတ်ထဲမှာတော့ ခပ်လန့်လန့့်ဖြစ်နေပြီ..။
ဟိုတစ်ခါ သူ့ဟာသူ အကုန် ဆွဲချွတ်တော့ ဘီဒိုထဲက ဂါ၀န်တစ်ထည် အမြန် ထုတ်၀တ်ပေးနိုင်သည်..
အခုတော့ ဘယ်လို လုပ်ရမလည်း..။
အိပ်ယာနိုးရင် လူကို စွပ်စွဲပြီး ရန်စွာလိမ့်ဦးမည်..။
"အေး နေပြီလား.."
"အမ်း…ဖက်ထား.."
ဒီပါ့ ရင်ခွင်ထဲရောက်လာတဲ့ ကောင်မလေးကို ပြန်ဖက်ပေးဖို့ လွယ်လွယ် ဖြင့် နေရာ မရွေးနိုင် ဖြစ်နေရသည်..။
လက်မောင်း ဖွေးဖွေးနုနုလေးကို ကိုင်ဖို့ကလည်း အဆင်မပြေသလို… ခါးနားရောက်လုနေတဲ့ အတွင်း၀တ် အဖြူလေးနဲ့ ဘာအကာအကွယ်မှ မပါသည့် ခါးသားကလည်း သေချာတောင် မထိရက်…။
"အ.."
ဒီပါ သာ နေရာရွေးနေပေမဲ့ သူကတော့ ခြေထောက်တွေပါ ခွကျော်လာပြီး လူကို အရုပ်လို ကောင်းကောင်း ဖက်တော့သည်..။
"ဦး.."
"ချမ်းနေလား…"
"ချစ်လား.."
"ဟင်.."
"အချစ်ရဲ့ အနားမှာ အမြဲတမ်း နေပါနော်…"
"နော်…နော်..နော်လို့.."
နှုတ်ခမ်းမွှေးတွေ ပါးမြိုင်းမွှေးတွေကို ဆွဲပြီး ပြောတော့ ဒီပါ လက်ကို ဖမ်းကိုင်ပြီး ခေါင်းညိတ်ပြလိုက်ရသည်..။
"အဟား…ဦးဒီက ဂွဒ်ဂျော့…ဂွဒ်ဂျော့…."
ဒီပါ့ လက်ကို ဆွဲပြီး  သူ့ကိုယ်ပေါ် ပစ်တင်လိုက်တော့ မျက်လုံးပြူးရင်း လက်ထိသွားတဲ့ ကျောပြင်နူးညံညံလေးကို သတိထားမိခါ ရင်ခုန်သံတွေ စည်းချက် မမှန် ဖြစ်လာရသည်..။
"ဂွဒ်ဂျော့..ဂွဒ်ဂျော့…"
ခပ်တိုးတိုး ရွတ်ဆိုရင်း ရီဝေ၀ မော့ကြည့်လာတာ  မျက်နှာ အနား တဖြည်းဖြည်း ကပ်လာတော့ ဒီပါ နောက်ဆုတ်မိသည်..။
"အင်.."
မျက်လုံးပြူးနေရုံက လွဲလို့ ဘာမှ မတက်နိုင်ပေမဲ့ နူးညံ့လွန်းတဲ့ အထိအတွေ့မှာ ရင်တွေခုန်ရင်း ခြေလက်တွေပါ တုန်ချင်လာသည်..။
အေးစက်တဲ့ လက်ချောင်းတွေရဲ့ အထိအတွေ့က လည်ဂုတ်ပေါ် ယှက်တင်လာတော့ ဒီပါ ကြက်သီးတွေ ထခါ လက်တွေကို ဖိကိုင်မိသည်.။
မတုန့်ပြန်သင့်မှန်း သိလို့ ထိန်းချုပ်နေရပေမဲ့ ကိုယ်လည်း ချစ်ရသူ မို့ လွယ်လွယ် ကူကူ ကျောမခိုင်းနိုင်..။
"ပန်း….ပန်းအချစ်ဦး.."
"အင်.."
"အေးလို့လား.."
"အင်း.."
"နေဦး…"
ဒီပါ ထထိုင်လိုက်ပြီး ရှပ်အကျီ င်္ ကို ချွတ်ခါ သူ့လက်ကို အတင်းဆွဲပြီး ထိုးထည့် ၀တ်ပေးလိုက်ရသည်.။
ကြယ်သီးတွေကို အမြန်တပ်ပေးပြီး သူ့ကို ရင်ခွင်ထဲ ဆွဲထည့်ခါ ပြန်လှဲချအိပ်လိုက်သည်..။
မြန်မြန် အိပ်ပျော်သွားမှ ဖြစ်တော့မည်လေ..။
.
"အ.."
အချစ် မျက်လုံး မပွင့်ခင် လက်နဲ့ စမ်းရင်း အမွှေးအမျှင်တွေဆိုတာ သိလိုက်တော့ ဦးဒီက မျက်နှာကြီးမို့ လက်ရုတ်လိုက်ရသည်.။
မျက်လုံး ဖွင့်လိုက်တော့ ဆီးကြိုနေတာ အဖြူရောင် ရင်ခွင်ကျယ်ကြီး နဲ့ အ၀တ်အစားမဲ့နေတဲ့ ကိုယ်အပေါ်ပိုင်း..။
အချစ်မျက်လုံးပြူးရင်း ညက အိပ်မက်ကို မှတ်မိသလိုလို ရှိသည်..။
ဦးဒီက ကို အချစ် ကောင်းကောင်း နမ်းပစ်လိုက်တယ် ဆိုတာ တကယ်များလား..။
အချစ် ခေါင်းရမ်းလိုက်ပြီး စောင်ကို သေချာ ခြုံပေးလိုက်ရင်း ထလိုက်တော့ ..
"အ.."
စောင် လျောကျသွားတာနဲ့ ကိုယ့်အဖြစ်က မျက်လုံးပြူးချင်စရာမို့ စောင်အောက်ကို ကပျာကယာ ပြန်တိုး၀င်ရတော့သည်..။
"ဦး…ဦးဒီက…"
"ဟင်.."
"ထပါဦး.."
"အင်း.."
ဦးဒီက က မျက်လုံးပွတ်ရင်း ထထိုင်လိုက်ခါ ပတ်၀န်းကျင်ကို လိုက်ကြည့်နေပြန်ပါပြီ..။
"အိမ်မှာမဟုတ်ဘူး.."
"အင်း…ထလေ…"
"ထလို့မရဘူး..အချစ် အ၀တ်တွေ မရှိဘူး."
"ဟာ.."
ဦးဒီက က ငုတ်တုတ်ထိုင်နေရာက မတ်တက်ရပ်လိုက်ပြီး အခန်းထဲ ဝေ့၀ဲ ရှာခါ အခန်းထောင့်မှာ ရောက်နေသည့် အကျီင်္ အဖြူကို သွားကောက်ယူသည်..။
"အင့်..ညက ၀တ်ပေးတာကို ချွတ်ပစ်တယ်.."
ကိုယ်အပေါ်ပိုင်း ဖြူစုပ်စုပ် ကြီးနဲ့ အနားရောက်လာပြီး အင်္ကျီ ပေးတော့ အချစ် မကြည့်ရဲပဲ လှမ်းယူလိုက်ခါ..
"ဟုတ်….ဟုတ်လား..အချစ်…မူးပြီး.."
"မင်း..ဒါတွေ ဘယ်တုန်းကတည်းက သောက်တက်နေတာလည်း..ပန်းအချစ်ဦး..... သောက်တိုင်း အဲလိုပဲလား.."
"မနှစ်က နှစ်ခါပဲ သောက်ဖူးတာပါ.."
"ဟာ…ဒါ…ဒါဆို…တခြားလူတွေကိုလည်း… မင်းမူးပြီး…"
"မုတ်ပါဘူး…မုတ်ပါဘူး…မနမ်းပါဘူး.. ညတုန်းက ဦးဒီက က အိပ်မက်ထဲ တအား ချောခန့်ပြီး ချစ်ဖို့ကောင်းလို့ပါ.."
"ဟမ်…"
ဦးဒီကမျက်လုံး ပြူးသွားတော့ အချစ် ဘာပြန်ပြောရမှန်း မသိပေမဲ့ စကားတွေက ကျော်လွန် သွားခဲ့ပြီလေ…။
"အရှစ်ရေ.."
"ဟာ…သွားပြီ.."
အချစ် ၀တ်လက်စ အကျီ င်္ကို ကပျာကယာ ပြန်ချွတ်ပြီး ဦးဒီကကို ပစ်ပေးလိုက်တော့ လူကို ကြောင်တောင်တောင် ပြန်ကြည့်နေသည်..။
"၀တ်ပြီး သွားလိုက် အ၀တ်အစားအိတ် ပြန်ယူလာခဲ့နော်.."
"အင်း.."
ဦးဒီက က ရှပ်အကျီ င်္ ကပျာကယာ လက်ထိုးခါအခန်းတံခါးကို ဖွင့်ဖို့ အရေး ကြယ်သီး အစုံအလင် တပ်နေရသေးသည်..။
"ဟော..မနိုးသေးဘူးလား.."
"ဟုတ်ကဲ့..ပန်းအချစ်ဦး က မထသေးဘူးခင်ဗျ…ဟို အ၀တ်အစားလဲချင်လို့..အိတ်ကလေး ယူချင်လို့ပါ.."
" …လာလေ…လာ..ရပါတယ်…"
"ဟုတ်ကဲ့…"
ဒီပါ့ကို အိမ်ပေါ် အတင်းခေါ်လို့ ၀င်လိုက်ရပေမဲ့ အိမ်အထဲအထိ မတက်တော့ပဲ အိတ်ကို လှမ်းယူခါ ကျေးဇူးတင်ပါတယ် ပြောခဲ့ရသည်..။
"ဟင်း…မင်းတော့လေ…ပြောစမ်း…မင်း ဘာလို့ ဒီလို အကုန် ချွတ်ပစ်နေတာလည်း.."
"မကုန်ပါဘူး..အချစ်က ပူရင် အိပ်မရပါဘူးဆို.."
စွပ်ကျယ်ပုံစံ ခါးတိုအတွင်း၀တ်ကလေးနဲ့ ပေါင်လည်လေးသာ ရှိသည့် ဘောင်းဘီတိုလေးဖြင့် မတ်တက်ရပ်ခါ အင်္ကျီ  ကောက်၀တ်တော့ ကပျာကယာ ကျောခိုင်းပစ်ရသည်..။
"ဘယ်လို ဒုက္ခလည်း ကွာ အိမ်မှာ အကိုတွေနဲ့ နေတာဆို..ဒီလို ခဏခဏ လုပ်နေတာလား.."
"နှစ်ခါ သုံးခါ ပဲ ဖြစ်ဖူးတာပါ ငယ်သေးတော့ ဘာမှ မဖြစ်ဘူး..အရင် အိမ်က အဒေါ်နဲ့ သူ့သမီး နှစ်ယောက်ထဲ နေတာလေ..ဒီကို ရောက်တော့ အဒေါ်က  အခန်းလေး လုပ်ပေးထားတယ်..ဘာမှ ဖြစ်ဘူး…"
"ပန်းအချစ်ဦးရယ်…သတိထားစမ်းပါကွာ…သတိထား အိပ်ရင် ဘာမဆို ပြင်လို့ရတယ်… ခဏခဏ အဲလို မဖြစ်စေနဲ့.."
"ဘာဖြစ်လည်း အခုဆို အချစ်က ဦးဒီက နဲ့ပဲ အိပ်တာလေ…သတိထားစရာလိုဘူး.."
"မင်း အခုလို ဖြစ်တာ မရှက်ဘူးလား ဟမ်.."
'တခြားနေရာမှာဆို  ရှက်လို့ အမြဲသတိထားပါတယ်..…အခုလည်း ရှက်ပေမဲ့…ဟိဟိ…ဦးဒီက အပြေးအလွှား ကူညီပေးတော့… ဦးဒီက က အချစ်ရဲ့… "
"အကိုရင်း ဦးလေးရင် အဖိုးရင်း ဒါတွေ မပြောနဲ့ .."
"ဟဲ..ဟဲ…ဘယ်လိုပြောရမလည်း.. ယောင်္ကျား အရင်းလို့လား.."
"ဟုတ်တယ်..နောက်တစ်ခါ အနေအစား မတက်ရင် ငါ့ကိုယ်ငါလည်း တာ၀န် မယူနိုင်ဘူး.."
"အဟား ဟား..ဦးဒီက ခြောက်နေတာပါ…အချစ်ကို  ညီမလေး တစ်ယောက်လိုပဲ ချစ်တာ သိသားပဲ …ညတုန်းက အချစ်မူးတော့…
ဦးဒီက ကြီး လန့်ပြီး.. ထပြေးတာလေ…အဟား..ဟား.."
"ဟမ်….အကုန်သိနေတာလား.."
"ဟဲ..ဟဲ..…ဦးဒီက ဂွဒ်ဂျော့…"
အချစ် လက်မ ထောင်ပြပြီး  ရှပ်အင်္ကျီ အပွကြီးကို ကြယ်သီးအစုံအလင်တပ်လိုက်တော့ ပေါင်လယ် ဘောင်းဘီတိုလေးကို အုပ်သွားတော့သည်..။
"ဒုက္ခပဲ ၀တ်စရာ ဘောင်းဘီလည်း မရှိဘူး…"
"အဲဒါသိလို့ အန်တီကြီး ဆီက လုံချည် တစ်ထည် တောင်းခဲ့တယ်..မင်းကလေ…မနေ့ကတည်းက ၀ယ်ပါ ဆိုတာကို စကားနားမထောင်ဘူး…ညကျတော့လည်း အရက်သောက် မူးရူးပြီး အ၀တ်တွေ ချွတ်ရေကန်ထဲ ပစ်ချတာပဲ…မင်းအတွက် ရင်ပူတယ်.."
"အဟဲ..ဦးဒီက နတ်သားလေး… ရှိနေတာပဲ"
"မြန်မြန် ၀တ်စားပြီး မြို့ထဲကို မြန်မြန်သွားမယ်.."
"အင်းပါ..ဒီနေ့ ဘယ်သွားချင် လည်း ဧည့်သည်.."
"အမျိုးသမီး အ၀တ်ဆိုင်ကိုပဲ လိုက်ပို့ပါ.."
"ဟဲ..ဟဲ…ရည်းစား အတွက် ၀ယ်ပေးမယ်ပေါ့လေ…"
"မဟုတ်ပါဘူး..ဒီက ရဲ့ မွေးစားသမီး…အရက်သမားလေး အတွက်ပါ…"
"ဟား..ဟား…"
အချစ် ရယ်လိုက်ပြီး ဦးဒီက ရဲ့ မှုန်ကြုတ်ကြုတ် မျက်နှာကြီးကို ဆွဲကြည့် ချင်လာပေမဲ့ မြိုသိပ်ထားလိုက်ရသည်..။
"ထဘီကြီးနဲ့က အဆင်မပြေဘူး.."
"မြန်မာ ၀တ်စုံတွေ မင်းကြိုက်ပါတယ်…"
အချစ် ဆိုင်ကယ်ပေါ်မှာ အဆင်မပြေလို့ ပြောမိတာကို ဥိးဒီက က စကားဆက်လာတော့ ….
"အဲဒါက.."
"ဟုတ်တယ်…မင်းနဲ့ မလိုက်ဘူး..."
"အချစ် ခါးကိုဖက်ထား.."
"မကြောက်တော့ပါဘူး…"
"ချမ်းလို့ ဖက်ခိုင်းနေတာ…"
"သြော်..ငလည်မလေး.."
ဦးဒီက က ရွဲ့ပြီး အချစ်ခါးကိုတင်းနေအောင် ဖက်လိုက်တော့ ခိုးပြုံးလိုက်ခါ ဆိုင်ကယ်ကို အရှိန်တင် မောင်းခဲ့လိုက်သည်..။
"ရပြီ…ဂါ၀န် ၀တ်ချင်လို့ကို…တီရှပ်နဲ့ အနွေးထည် ဘောင်းဘီကြီး.."
"အေးတယ်လေ…ဒါပဲကောင်းတယ်.."
အချစ်ကို ရွေးပေးတဲ့ အနွေးထည်တွေနဲ့ တီရှပ်ကို တွဲ၀တ်လိုက်ပြီး ဦးဒီက အတွက်လည်း အနွေးထည် တစ်ထည် ထပ် ၀ယ်လိုက်ရသည်..။
အင်္ကျီဝယ်ပြီး ဗိုက်ဆာလာလို့ အနားက ဆိုင်မှာ ဦးဒီက အကြိုက် ဝမ်းတဖိုး နဲ့ အချစ် အကြိုက် ကြာဇံ ဝင်စားရပြန်သည်။
"အကျီ င်္ အပြာနဲ့ အမျိုးသမီး တွေက ဘာလူမျိုးလည်း မသိဘူး.."
"လီဆူ.."
"အရက်ထုတ်တာလား…"
"သူတို့လုပ်တာမဟုတ်ပါဘူး..ဒီတိုင်း နာမည်ဖြစ်နေတာပါ…"
"သြော်..လီရှော အရက် လီရှော လူမျိုးပေါ့နော်.."
"လီရှော မဟုတ်ဘူး..…လီဆူ…လီဆူ…"
"အ…အ….လက်ကို ဘာလို့ဖျစ်တာလည်း…ကြောက်ဖို့ ကောင်းလိုက်တာ လီဆူမလေး ရယ်.."
"အဟဲ..ဟဲ…မှားသွားလို့ပါ…"
"ဦး…နေဦး..နေဦး.."
"ဟေ့…ဘယ်လည်း.."
အချစ် ဆိုင်ကယ် ဒေါက်ချပြီး ပြေးလာတော့ ဦးဒီက ကလည်း အနောက်ကနေ ပြေးလိုက်လာပြန်သည်.။
"ဘယ်စျေးလည်း.."
"ပြောလေ…"
"……"
အချစ် လည်း ဝင်စပ်စုနေရင်း  ခေါင်းရမ်းလိုက်ပြီး ကျောက်တစ်ပွင့်ကို ယူကြည့်လိုက်တော့ အမြုပ်လေးတွေ များနေသည်..။
ခနွှဲဆေးလို့ရလာတဲ့ ကျောက်အသေးအပွင့်လေးတွေ ရောင်းနေတာမို့ ကြီးကြီးမားမား မပါပါဘူး...။
အဒေါ်ကြီး တစ်ယောက်က
ကျောက်ပွင့် သေးသေးလေးတွေ ထဲက အကြီးတစ်ပွင့်ကို ကောက်ယူပြီး ကြည့်နေပေမဲ့ စျေးမပြောနိုင်သေးချိန်..။
"သုံးပိုင်း.."
"တစ်သိန်း.."
"...."
သူတို့လည်း အရောင်းအဝယ်မတည့်တော့ အချစ်လက်ထဲက ကျောက်ကို ပြန်ပေးခဲ့လိုက်ပြီး နောက်လှည့်တော့ ဦးဒီက က လည်ပင်းရှည်၍ စပ်စုနေပြန်ပြီလေ..။
လက်ကို ဆွဲပြီး ခေါ်ထုတ်လာပေမဲ့ ရောင်စုံကျောက်တွေကို သကြားလုံးတွေ့တဲ့ ကလေး တစ်ယောက်လို့ လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးသည်..။
"ဘယ်လောက်လည်း.."
"သူတို့ပြောနေတာ ငါးသိန်း…သုံးသိန်း…"
"ဟာ..တန်တာပေါ့.."
"တစ်သိန်းတောင် မတန်ဘူး…ဘာမှလည်း မသိပဲနဲ့ နီနီ မြင်တိုင်း ပတ္တမြားထင်မနေနဲ့ ရန်ကုန်သားလေးရဲ့…"
"အောင်မယ်…"
"အဟား…တကယ်ပါဆို…အချစ်လေ…ကြီးကြီးနဲ့ စျေးလိုက်သွားတော့ မိန်းမ ကြီး တစ်ယောက် ပတ္တမြား တစ်ကပ်၀တ်ထားတာ…အိုး သူ့့ကိုယ်သူ သူဌေးမကြီးပေါ့လေ…ခစ်ခစ်…သူထွက်သွားတော့ နောက်က စျေးသည်တွေကလည်း လိုက်ကြည့်ပြီး သိန်းရာချီတန်တယ် ဘာညာ ပြောနေတာ…ဟား..ဟား…အဲလို ပတ္တမြား နီကျင့်ကျင့်လေးတွေကတော့…စောစောက အစ်မကြီး ဆီမှာ အထုတ်လိုက်ရှိတယ်…"
"ဟုတ်လား…ဘာလို့ သူတို့ မရောင်းတာလည်း.."
"ဦးဒီက မသိပါဘူး…အများကြီးရှိတယ်…ကြက်သွေး တို့ ယုန်သွေးတို့..ခိုသွေးလည်းရှိတယ်..… အနီဆိုတိုင်း ကျောက်သွေးပြီးရင်လည်း တစ်ကလပ်ကို သိန်း၀န်းကျင်ရတာမှ မဟုတ်တာ…ကျောက်ပွင့်ကြီးတာတို့ ကျောက်အသွေးကောင်းတာတို့မှ ရာချီတန်တာ…"
"အဟွင်း..ကြက်သွေး နဲ့ ယုန်သွေး ဘယ်ဟာ စျေးကြီးလည်း.."
"ဟမ်.."
'ယုန်သွေး စျေးကြီးမှာပေါ့.."
"ဦးဒီက သိနေတာလား.."
"မသိပါဘူး..ကြက်သားက ပေါပြီး ယုန်သားက ရှားတယ်လေ…"
ဦးဒီက က ပြုံးစေ့စေ့ ဖြင့် စသလို ပြောတော့ အချစ် နှုတ်ခမ်းကိုက်၍ လက်မောင်းကို ဖျစ်လိုက်ရင်း
"…ဦးဒီက နောက်နေပြန်ပြီ.."
"အဟွင်း…ပန်းအချစ်ဦး သွေးကော မရှိဘူးလား.."
"တော်ပြီ…လာ.."
အချစ် လက်ကို ဆွဲပြီး ခေါ်လာတော့လည်း ပြုံးစေ့စေ့ လုပ်နေတာ ဘာဖြစ်နေမှန်းကို မသိဘူး…။
ဒီလူကြီး ရန်ကုန်မှာတုန်းကတော့ ဆရာလိုလို ဂုဏ်သရေရှိသလိုလို နဲ့…အခုကျတော့ ပေါတောတော ပုံစံ…။
မဟုတ်မှ လူကို ကလေးဖြစ်ပြီး ဆရာလုပ်နေလို့ လှောင်ချင်နေတာလား …။
"ဦးဒီက ထာပွဲကို သွားရအောင်..အဲ့မှာ ကျောက်အမျိုးစုံ  ရှိတယ်.."
"မသွားချင်ပါဘူး..ပိုက်ဆံပါမှ ကောင်းမှာပေါ့.."
"ဟာ..မ၀ယ်ပဲ လိုက်ကြည့်မှာပေါ့..ဘာဖြစ်လည်း.."
"အားနာစရာကြီး…နေပါဦး..ထာပွဲဆိုတာ ဘာလည်း.."
"အဟဲဟဲ..ထာပွဲဆိုတာ ကျောက်ရောင်းတဲ့ စျေး…ထာဆိုတာက ကျောက်ထည့်ကြည့်တဲ့ ဘန်းသေးသေးလေးကို ခေါ်တာပါရှင့်…အရင်တုန်းက ကျောက်တွေကို ကြေးလင်ဘန်းသေးသေးထဲ ထည့်ပြီး ရောင်းကြ ကြည့်ကြတယ်လေ…ဟိုးအရင်တုန်းက တောင်ဘက်ပိုင်းက ထာပွဲကုန်း အခု ပတ္တမြားရပ်ကွက် မှာ အရောင်းအ၀ယ် ထာပွဲ စ ဖြစ်လာတာတဲ့...နောက်တော့ အခုပိတ်စွယ်ထာပွဲစျေးမှာပဲ လုပ်ကြတော့တယ်..ရုပ်ရှင်ရုံဘက်မှာတော့ အရိုင်း အကြီးကြီးတွေပဲ သိလား…"
"သြော်…ဒီလိုကိုး..ကျေးဇူးပါ ဂိုက်ဆရာမလေး…"
"အဟဲ့….အဲ….ဦးဒီက..အချစ် လက်စွပ်ကော.."
'အိမ်မှာလေ…"
"အဲကျောက်က စျေးကြီးတယ်ဆ်ိုတာ တကယ်လား.."
ဦးဒီက က လမ်းလျှောက်နေရင်းက ဖြည်းဖြည်း နှေးချလိုက်တော့ အချစ်လည်း ခြေလှမ်း မှန်မှန် လိုက်လျှောက်ရသည်။
"အင်း..စျေးကြီးတာထက်ရှားတယ်ပြောလို့ရတယ်…တကမ္ဘာလုံးမှာ မြန်မာက အများဆုံး တွေ့တယ်…မစ္စတာပိန်း (Pain) ဆိုတဲ့ လူ က မိုးကုတ် မြို့မြောက်ဘက် တွင်းတစ်ခု က ရခဲ့တာလေ…မတွေ့ဖူးသေးတဲ့ ကျောက်မို့လို့ အင်္ဂလန်ကို ပို့ပြီး စစ်ကြည့်လိုက်တယ်…နောက် အဆင့်ဆင့်စီစစ် ကြည့်ရင်း တစ်ခါမှ မရှိဖူးတဲ့ ကျောက် ဖြစ်နေတော့ ကျောက်တွေ့တဲ့သူ မစ္စတာပိန်း ကို ဂုဏ်ပြုပြီး ပိန်းနိုက် (painite)ဆို နာမည်ပေးလိုက်တာ....အဲကျောက်က မီးထိုးကြည့်ရင် လိမ္မော်ရောင်အရည် ပြောင်းသွားတယ်..ဒီတိုင်းဆို ပတ္တမြားရင့်ဘက်ရောက် နေတယ် တွေ့လား.."
ဦးဒီက က သူ့လက်ကို ရှေ့တိုးပြတော့ အချစ် သေချာ ကိုင်ပြီး လက်စွပ်ကို ငုံ့ကြည့်လိုက်ခါ
"အင်း..အချစ်က မဟူရာတို့ ဘာတို့ထင်မိတာ…ဝိုး…အချစ်တို့ မြို့က ကမ္ဘာမှာ ဘယ်မှာမှ မရှိတဲ့ ကျောက်တွေတောင်ထွက်တာပဲ…ဟား..ဟား…မိုက်လိုက်တာ…အချစ်တို့ မိုးကုတ်ကထွက်တာလေ…ဦးဒီကတို့ ရန်ကုန်.."
"ဟုတ်ပါတယ်…မပြောပါနဲ့တော့…သိက္ခာကျလွန်းလို့ပါ…ဒီ ကျောက်ကို နိုင်ငံခြားက ဘူမိဗေဒ ပညာရှင်တွေ အရမ်းလိုချင်ကြတာ…ဒါပေမဲ့ ဟိုတလောက ဖေကြီးဆီမှာ အရိုင်းကို သိန်းဂဏာန်းထဲနဲ့ လာရောင်းသွားသေးတယ်.."
"ဟင်..ဟုတ်လား.."
"အင်း…သမျှောစရာပဲ…အခုနောက်ပိုင်း စျေးမရသလို ကြိုက်တဲ့သူလည်း သိပ် မရှိဘူးတဲ့လေ…"
"တန်ဖိုးဆိုတာ တန်ဖိုးထားတဲ့နေရာရောက်မှ မြင့်လာတာပေါ့.."
"အဟွင်း…ဟုတ်တယ်…ဒီကိုသာ နိုင်ငံခြားသာတွေ ၀င်လာရင် မင်းတို့မြို့က သူတို့အတွက် တကယ့်ကို ဂျမ်မြို့တော်ပဲ…"
"အဲဒါပြောတာပေါ့..လာချင်တိုင်းလာလို့ မရ ရောင်းချင်တိုင်းရောင်းလို့.."
"ကဲ တော်ပြီ…အခု ဘယ်သွားမှာလည်း.."
အချစ်ကို စကားလမ်းကြောင်းလွဲပြီး မေးတော့ နှုတ်ခမ်းစူပြီး ဆိုင်ကယ်ပေါ်တက်လိုက်ရသည်..။
ကျောက်ပြသာဒ် ဘက်ကို သွားချင်ပေမဲ့ မနေ့က ငရှုပ် နှစ်ကောင်နဲ့ တွေ့ရင် စိတ်ရှုပ်ရဦးမှာ စိုးလို့ ပင့်ကူတောင် ဘက်ကို သွားဖို့ ဆုံးဖြတ်မိသည်..။
ကိုယ့်သူငယ်ချင်း ကို မျက်လုံးမှိတ် စမိတာ ရည်းစားလုတယ်လေး ဘာလေး နဲ့…အချစ်မှာ တစ်ညလုံး မကျေနပ်နိုင်ဖြစ်ရသည်။
ပိုင်ရှင် တစ်ယောက်လုံး ပါတယ် ဆိုတာ သိစေချင်လို့ သူတို့ ဘေးက ဖြတ်ကျော်လာချိန် တမင်တကာ ဦးဒီကကို ထုတ်ကြွားလာတာလေ…။
"ဦးဒီက တောင်ကြိုက်တယ်မလား.."
"မကြိုက်တော့ဘူး..ပန်းအချစ်..ဟိုးက နှင်းတွေလား.."
ဦးဒီက လက်ညိုးညွန်ပြတဲ့ နေရာကို ကြည့်ပြီး အချစ် ပါးစပ် အဟောင်းသား ဖြစ်သွားပြီးမှ အသံထွက်အော်ရယ်မိတော့သည်..။
"ဘာဖြစ်တာလည်း.."
"အဲ့ဒါ ကျောက်တူးနေကြတာလေ….ကျောက်မှုန့်လေးတွေပါ.."
"ဟင်..ကျောက်မှုန့်တွေဒီလောက်များတယ်.. အလုပ်လုပ်တဲ့သူတွေ ဒီလေ ရှုနေရတာပေါ့.."
"လေ မရှူရင် သေကုန်မှာပေါ့.."
"အဆုတ်ထဲရောက်တော့…"
'အဆုတ်တွေလည်း ကျောက်ခဲဖြစ်ကုန်တာပေါ့လို့…"
"အိုး.."
"ဦးဒီက ဘားနဒ်ရွာသွားမလား.. ဧည့်သည်တွေ ကြိုက်ကြတယ်…"
"မသိဘူးလေ…"
"အခုတော့ ရှောင်ရှားနေရတယ်…"
"ခဏ ဖုန်းလာနေပြီ.."
အချစ် ဆိုင်ကယ်ထိုးရပ်ပေးလိုက်တော့မှ ဦးဒီက က ဆင်းပြီး ဖုန်းကို ကြည့်ခါ ပြန်ခေါ်ဖို့ ကြိုးစားနေပြန်သည်..။
"အင်း..ဟုတ်လား..ည ပြန်လာမယ်…အင်း.. ဒါပဲ.."
ပြန်ရတော့မယ်ဆိုတာ သိတော့ အချစ်ရဲ့ ပျော်ရွှင်နေတဲ့ စိတ်တွေ ချက်ချင်းညိုးကျသွားရပြန်သည်..။
"ဟင်း…ဘယ်လို လုပ်မလည်း.."
"မသိဘူးလေ.."
ဦးဒီက က သက်ပြင်းချပြီး ပြောတော့ အချစ် ပခုံးတွန့်ပြလိုက်သည်။
"မန္တလေးကို မပြန်ခင်..အဒေါ်တို့ဆီ သွားကြမယ်နော်…"
"ဟင်..ဘာလုပ်ဖို့လည်း.."
"ရောက်မှတော့ နှုတ်ဆက်သွားသင့်တာပေါ့…"
"သူတို့က…"
"သူတို့က …ဒီက ရဲ့ ရွှေခဲလေးကို စောင့်ရှောက်ပြီး လက်ထဲ အပ်နှံပေးခဲ့တာလေ.."
"ဘာတွေ ပြောမှန်းလည်း မသိဘုး.."
အချစ် နှာခေါင်းရှုံ့ ပြီး ဝေဖန်လိုက်တော့ ဦးဒီက က မေးဖျားကို ကိုင်ပြီး ငုံု့ကြည့်နေတာမို့ မနေတက်ဖြစ်ရပြန်ပြီ..။
ခရီးထွက်နေချိန် ဒီလူကြီးလည်း မူမမှန်သလို အချစ် ရင်ဘတ်ကြီးလည်း မူမမှန် ဖြစ်နေပြီလေ…။
အချစ် အကြည့်လွဲလိုက်တော့မှ ဦးဒီက က လက်လွတ်ပြီး ရှုခင်း တွေကို လိုက်ငေးကြည့်နေသည်..။
"ဟင်း..သူတို့ကျတော့လည်း နေပူထဲမှာ.."
"ပူတာပေါ့…တွင်းထဲက လူတွေကျတော့လည်း ယမ်းတွေ မိုင်းတွေနဲ့ အန္တရယ် များတာပါပဲ…..အဲဒါပဲလေ…အဆင့်ဆင့် စားသွားလိုက်တာ အပေါ်ပိုင်းတွေက ချမ်းသာသလောက် အောက်ခြေတွေက ပြိုလဲနေပြီ…"
"ရေတွေနဲ့ ထိုးချတာလား.."
"ဟုတ်တယ်..နော်ဆယ်ထိုးပြီး..ဆေးချနေတာ.. ဟိုဘက်နားက ခါစက် လည်နေတာလေ…ထောင့်နားက သဲဖက်ရွေးတာပေါ့…အဲဘက်ကို အပြင်လူ ၀င်လို့မရဘူး….နောက်မှာ ပြစ်စာတွေထဲ ခနွှဲဆေးနေကြတာလေ…ဦးဒီက ဒီဘက်ကို တိုးကြည့်ကြည့် တွေ့လား..ရေနီနီစီးနေတဲ့ အနားမှာ လူလေးတွေ တွေ့လား.."
အချစ် ကျောက်တွင်းတွေကို လက်ညိုးထိုးပြပြီး ရှင်းနေတော့ ဦးဒီက က လည်း ခေါင်းတညိတ်ညိတ်ဖြင့် နေရာရွေ့ခါ လိုက်ကြည့်နေသည်..။
"မိုးကုတ်က ရတနာရောင်စုံကို ဇယ်တောက်နိုင်တဲ့ မြို့ပဲ…ကျောက်အစုံကို ထွက်တယ်..ဒီက အစိမ်းကြည်ကြည်လေးတွေကို ကြိုက်တယ်.."
"အဲဒါ ပြောင်ခေါင်းစိမ်းလေ…စောစောကတောင် တွေ့ခဲ့သေးတယ်…ဘားနဒ် သွားကြမယ်လို့ဆို.."
"အဒေါ်ဆီကို မသွားချင်လို့ ညဏ်များနေတာမလား…လာပါ…သွားရအောင်…ဘာလက်ဆောင် ၀ယ်သွားရင် ကောင်းမလည်း.."
"ဘာမှ မ၀ယ်နဲ့…"
"လုပ်ပြီ..ဒါဆို လည်း ဒီက စိတ်ထဲ ပေါ်လာတာတွေ အကုန်လျှောက်၀ယ်ပေးလိုက်မယ်.."
"…အဒေါ်အတွက် အနွေးထည်သွား၀ယ်ကြမယ်..ပြီးရင် မုန့်တစ်မျိုးနှစ်မျိုး လောက်၀ယ်မှာပေါ့.."
"အဟွင်း…လိမ်မာတယ်…"
အချစ် ခေါင်းကို ဖွဖွ ပွတ်ပေးပြီး ဆိုင်ကယ်အနားကို ခေါ်လာပေမဲ့ အချစ်ကတော့ စိတ်ရှုပ်နေမိသည်..။
အခုချိန် အိမ်မှာက အရက်သမား နှစ်ယောက်လောက်တော့ ရှိနေနိုင်သည်လေ…။
.
"ဟယ်…အချစ်မလား.."
"ဟုတ်.."
"အို…ဒါ..မောင်ဒီပါ..လည်း ပါလာတာပဲ..လာ.."
ဦးဒီက လက်ကို ယောင်ပြီး ကိုင်မိခါမှ သတိရ၍ ပြန်လွှတ်လိုက်ခါ အိမ်ထဲကို ၀င်လာခဲ့လိုက်ရသည်..။
အချစ် ထင်ခဲ့တဲ့ အတိုင်း ဦးလေးကလည်း အရက်သောက်ပြီး မှောက်နေပြီလေ…။
"သြော်…ဧည့်သည်.."
"လာ..လာ…ထိုင်…အချစ် ယောင်္ကျားဆိုတာလား.."
"ဟုတ်ကဲ့ခင်ဗျ.."
"..နင့် ယောင်္ကျားကလည်း ငါ့နဲ့ ရွယ်တူလောက် ရှိတယ်..အေ့"
"အဟွင်း..ဟုတ်ကဲ့.."
"အိုး..ဦးလေး.."
"ပန်း အချစ်ဦး အကိုတွေကော ဘယ်သွားကြလည်း ခင်ဗျ.."
"သြော်..အလုပ်သွားကြတယ်..သားရဲ့…အားနာလိုက်တာ.."
"ရပါတယ်…အဒေါ်…နေကောင်းရဲ့လား.."
"ကောင်းပါတယ်ကွယ်.."
"အဒေါ်..မုန့်ညှင်းတွေ မပို့ရသေးဘူးလား.."
"အေးလေ..ခူးတာ နောက်ကျသွားလို့ သမီးရယ်.."
အချစ် မရှိတော့ အဒေါ် တစ်ယောက်တည်း လုပ်နေရတာ သတိရပြီး စိတ်မကောင်း ဖြစ်ရသည်..။
ဦးဒီက တို့ဆီမှာ ပျော်နေပေမဲ့ အဒေါ်ကတော့ သူ တစ်ယောက်တည်း အလုပ်တွေ လုပ်နေရသည်လေ..။
"အချစ် ပို့ပေးရမလား.."
"နေပါစေ.."
"ရတယ်..ဆိုင်ကယ်ငှားလာတယ်..."
အချစ် ခြင်းတွေကို တင်လိုက်ပြီးခါမှ ဦးဒီက ကို သတိရတော့ မျက်လုံးပြူး၍ လှမ်းကြည့်လိုက်မိသည်..။
ဦးဒီက က ပြုံး၍ ခေါင်းညိတ်ပြတော့မှ အချစ် သက်ပြင်းခိုးချရင်း ဆိုင်ကယ်ကို မောင်းထွက်လာခဲ့လိုက်သည်..။
အသွား အပြန် တစ်နာရီတော့ ကြာနိုင်သည်လေ...။
"ဟယ်…အချစ်..နင်ပြန်ရောက်နေတယ်.."
"အွင်း.."
"ယောင်္ကျားရသွာြး့ပီဆို.."
"အွင်း.."
"သူဌေးသား အဖိုးကြီးလား.."
"အွင်း.."
"အိုး..နင်ကလည်း အကုန် ခေါင်းညိတ်နေတာပဲလေ.."
"ဟင့်….ငါ နင်တို့ကိုတွေ့တော့ ငိုချင်တယ်.."
"ဟယ်…ငိုချင်လာပြီ…"
အချစ် တစ်ချိန်လုံးမေ့နေတဲ့ သူငယ်ချင်း သုံးယောက် ကို ဖက်ပြီး မျက်ရည်မကျပဲ အာဗြဲ ငိုကြသေးသည်..။
ဂျီစီ အမေက မျက်တောင့်ကြီးနဲ့ ကြည့်တော့မှ ပါးစပ်ပိတ်ပြီး နှုတ်ဆက်ခါ ပြန်ထွက်လာခဲ့ရသည်..။
"ဟင်…ဦးဒီကကော.."
"နင့်အခန်းထဲမှာ.."
"အိုး..အဒေါ်ကလည်း.."
"နင့်ဦးလေးက မူးနေတာကိုးဟဲ့.."
"ဦးဒီက…"
အချစ် နာမည်ခေါ်ရင်း ၀င်သွားခါ အကာကို မ လိုက်တော့ ဦးဒီက က နံရံက ကိုရူပါ့ ပုံ နှစ်ခုကို ကြည့်နေသည်..။
"ဘာတွေစပ်စုနေတာလည်း.."
"ရွှေခဲ အခန်းလေးလေ…"
"ဟုတ်တယ်…အဲဒါပဲ…ရှိတယ်…"
"ကလေးလိုပဲ…"
"ကလေးပဲကိုး…အချစ်တို့ ဒီကပြန်ရင် ကင်းချောင်းကို ၀င်ကြမလား…ဆော့လို့ရတယ်.."
"အဟွင်း မင်းသဘောပဲလေ.."
"ဦးဒီက ဂွဒ်ဂျော့.."
အချစ် လက်မထောင်ပြီး ပြောလိုက်တော့ ဦးဒီက က ပြုံးရင်း ခေါင်းညိတ်ခါ လက်ကို အိုကေ ပုံစံ ပြန်လုပ်ပြသေးသည်..။
မတွေ့ခင်တုန်းက ဘာမှ မဖြစ်ပေမဲ့ တွေ့ပြန်တော့ အဒေါ်ကို နှုတ်ဆက်ရတာ ငိုချင်လာပြန်သည်..။
စိတ်မကောင်းဖြစ်မှာစိုးလို့ ကားစောင့်နေလို့ပါလို့ အချစ် လိမ်ညာပြီး ပြောခဲ့ရတာ စိတ်ထဲတော့ တစ်မျိုးဖြစ်ရသည်..။
အချစ်တို့ တည်းခိုအိမ်ကိုရောက်တော့ နှုတ်ဆက်ပြီး ပစ္စည်းတွေ အဆင်သင့်ပြင်နေချိန် ကားဆရာက ရောက်လာပြီ..။
"ဦးဒီက ဖုန်းဆက်လိုက်တာလား.."
"အင်း..ဆရာက မိုးချုပ်ရင် မကောင်းဘူး ပြောတယ်…."
"ဟုတ်တယ်…သွားမယ်လေ.."
အချစ် ကို စာအိတ်ကလေး တစ်လုံးပေးတော့ ဦးဒီက ခိုင်းတဲ့ အတိုင်း ကန်တော့တာ လက်ခံပါလို့  ပေးခဲ့ရသည်..။
အစကတော့ ပေးလို့မရရင် မပေးဘူးတွေးထားပေမဲ့ အခုလို စကားလှလှလေး သုံးတော့လည်း အဆင်ပြေသွားပါသည်..။
အချစ် သူငယ်ချင်း မရှိလို့ သူတို့ မိသားစု အခက်အခဲ ဖြစ်နေတာ ငွေဘယ်လောက်ပါလည်း မသိပေမဲ့ ဒီငွေလေး ရတော့  ခဏတတဖြုတ်တော့ ပြေလည်သွားမှာပါလေ..။
"ဦးဒီက…ဘယ်လောက်ထည့်ထားလည်း ဟင်…”
"အရွက်ငါးဆယ်…”
"ဟမ်...ဟာ...အဲလောက် မဟုတ်ဘူးလေ…ဟိုတယ် မှာ ဇိမ်နဲ့ နေရင်တောင် တစ်သိန်းကျော်ပဲ…မြေကြီး အိမ်ကြီး”
"ဟွင့်...အဲလို မတွေးရဘူးလေ…ဟိုတယ်မှာ အိပ်ယာကောင်းကောင်း နေရာကောင်းကောင်း မှာ နွေးနွေးအိပ်ရပေမဲ့…ဒီမှာလို စေတနာမေတ္တာ ရဲ့ အနွေးဓာတ် ရှိမှာ မဟုတ်ဘူး…အမြန်လုပ်ပြီး လက်ဆောင်ထည့်ပေးတဲ့ ခေါပုတ်ပူပူကို စားနေရင်း မကောင်းပြောနေတယ်…”
”အဟဲ..ဟဲ..ဟုတ်သား..ဟိုတယ်မှာဆို ဒါတွေ ဘယ်လုပ်ပေးမလည်း နော်…”
အချစ် လက်ထဲက မုန့်ကို ဖဲ့စားရင်း မြို့လေးကို ကြည့်ခါ စိတ်မကောင်း ဖြစ်လာသည်။
ဟင်း…ပြန်ရတော့လည်း…ဘယ်လိုကြီးမှန်း မသိဘူး…။
"ဆရာ…ကွေ့မများတဲ့နေရာက မောင်းပါနော်.."
"သြော်..ဟုတ်ကဲ့…"
ကားပေါ်ရောက်ပြီး ခဏကြာတာနဲ့ မျက်လုံးမှိတ်သွားတဲ့ ဦးဒီက ကြောင့် အချစ် ရေတံခွန် သွားချင်တဲ့ စိတ်တောင် ပျောက်သွားခါ ငြိမ်ငြိမ်လေး ထိ်ုင်နေမိသည်..။
"ရောက်ပြီလေ သမီး.."
"ဟုတ်.."
အချစ် ကားတံခါး ဖွင့်ပြီး ဆင်းလာခဲ့လိုက်ပေမဲ့ ဦးဒီက ကို ပြန်ကြည့်တော့ မေးငေါ့ပြပြီး နောက်က ဖြည်းဖြည်းပဲ လိုက်လာတော့သည်..။
တစ်ယောက်တည်းဆိုရင်တော့ ပျော်စရာမရှိတော့လို့ ဘယ်မှကိုမသွားချင်ပါဘူးလေ…။
"ဦးဒီက..မူးလို့လား.."
"အဟွင်း.. လီရှောအရက် မသောက်ပါဘူး.."
"နောက်နေပြန်ပြီ…"
"ရွှေခဲ.."
"ဟင်.."
"ရေမကူးနဲ့နော်..ရေလည်း မစိုစေနဲ့.."
"ဟုတ်.."
ဦးဒီက က ရေတံခွန်မှာ သဘာ၀တရားကို ခံစားနေပေမဲ့ အချစ်ကတော့ တိုက်ကားစီးတဲ့နေရာပြေးပြီး ကောင်းကောင်းစီးပစ်လိုက်သည်..။
အချစ် ပြန်လာတဲ့ အထိ ကြည့်လို့ မပြီးသေးတော့ အနားကို ပြေးသွားခါ ပခုံးကို ခုန်ပုတ်လိုက်၍
"ဦးဒီက ပြန်မယ်လေ.."
"ဟင်..တစ်ခုခု စားသွားမယ်လေ…လမ်းမှာ မနားချင်တော့ဘူး.."
"အင်း.."
အချစ်ကိုရှေ့မှာထားပြီး ဦးဒီကမှာသဘာ၀ထဲမျောပါနေတော့ အချစ် မျက်မှောင်လေး တွန့်နေမိသည်..။
"ဦးဒီက.."
"ဟင်.."
"ဘာလည်း ပန်းချီကားနဲ့ တူပြန်ပြီလား.."
"အင်း….China ပန်းချီကားတွေထဲကလိုပဲ.."
"ဒါပဲ…"
"မင်းကတော့ တိုက်ကား ငါးပတ်လောက်ပြေးစီးလိုက်တာ ဘယ်လိုနေလည်း.."
"အယ်…ဦးဒီက ဘယ်လို သိလည်း.."
"အဟွင်း…"
"ခိုးကြည့်နေတာမလား.."
"လိုက်ကြည့်ရတာပေါ့…မင်းတစ်ယောက်တည်း သွားလိုက်တာပဲ…ဒီက စိတ်ပူနေမယ် မထင်ဘူးလား.."
"ဟုတ်လား..သိဘူးလေ…"
"နောက်ဆို ဘယ်သွားသွားပြောနော်.."
"ဟုတ်.."
"ငွေတွေနဲ့ ဖန်တီးလို့ရတဲ့ အထဲမှာ သဘာ၀ မပါဘူး…
အဲဒါကြောင့် သဘာ၀ ရှိတဲ့နေရာကို ငွေကုန်ခံပြီး လာနေကြရတာပေါ့… မင်းတို့မြို့ကို သဘာဝက တော်တော် မျက်နှာသာ ပေးထားတာပဲနော်…ကျောက် ရောင်စုံတွေ...တောင်တန်းတွေ..ရာသီဥတု မှုန်ပြပြ နဲ့ သဘာဝရှုခင်းတွေလည်း အများကြီး ရှိတယ်…"
"ဟုတ်တယ်…ဦးဒီကတို့ ရန်ကုန်မှာ ဒါမျိုးတွေ ရှိဘူး.."
"အပြစ်ရှာပြန်ပြီ…"
"ဟဲ..ဟဲ…စား..ဦးဒီက..ပြီးရင် မမူးရဘူးနော်.."
"အာမ မခံနိုင်ပါဘူးကွာ…"
ဦးဒီက စိတ်ပျက်ရင်း ပြောလိုက်တော့ အချစ်လည်း စိတ်ထဲ ညီးညူသွားသလို စားနေတဲ့ အရာတွေတောင် အရသာ သိပ်မတွေ့ချင်တော့ပါဘူးလေ…။
ပြောထားတဲ့ အတိုင်း ကားပေါ်ရောက်တာနဲ့ မျက်လုံးမှိတ် အိပ်တော့ အချစ် ပတ်၀န်းကျင်ရှုခင်းတွေကို ငေးရင်း ရှုခင်းကြိုက်တဲ့ ဦးဒီက ကို ပြချင်လာတိုင်း မြိုသိပ်ပေးထားရသည်..။
"ရရဲ့လား.."
"အင်း.."
"ရပ်ပေးရမလား.."
"ရတယ်..ဆရာ..ဆက်မောင်းပါ.."
"ဟုတ်ကဲ့…"
ဦးဒီက က ခေါင်းဆိုက်နေရင်း ပြောတော့ အချစ် သက်ပြင်းချရင်း ကျောကိုဖွဖွ ဖိပေးနေမိသည်..။
ဘာမှ ထူးခြားသွားတာလည်း မဟုတ်ပဲ အချစ်ကြောင့် ဦးဒီက  အသွားအပြန် ဒုက္ခရောက်နေရသည်..။
"ဦးဒီက.."
"ဟင်.."
"အချစ်ကြောင့် စိတ်ညစ်နေပြီလား.."
"ဟင်.."
"ဒီကိုလာရလို့လေ…"
"ခရီးသွားတာ စိတ်ညစ်စရာမှ မဟုတ်တာ…အခွင့်အရေးရတုန်းလေး အားလုံးကိုမေ့ထားလိုက်လေ..ဒီက သာ မပါရင် မင်း ပိုပျော်ဖို့ ကောင်းမယ်…ကားအကွေ့တွေ မသွားတာကြာတော့ ပြန်မူးတက်နေပြီထင်တယ်…အပျော်တွေ လျော့သွားရပြီ ဆောရီး.."
"မဟုတ်ပါဘူး…ဦးဒီက ပါလို့ အချစ်ပျော်ရတာပါ.."
"မဲ့နေတဲ့ နှုတ်ခမ်းကို အရင်ပြင်ပါဦး.."
'ဦးဒီက ခံစားနေရလို့ပါ…"
"အဟွင်း…သိတက်နေပါလား ကောင်မလေး.."
ဦးဒီက က အချစ်ဘက်ကို လှည့်ကြည့်ပြီး ပြုံးရင်းပြောလိုက်တော့ အချစ် ခေါင်းငုံ့ပြီး ရယ်လိုက်မိသည်..။
သိတက်နေတာ ပေါ့…
ဦးဒီက နဲ့ သွားရတာ ပူဆာချင်တာ ပူဆာလို့ ရတယ်လေ…
ပြီးတော့…အချစ်ကို ဦးစားပေး စဉ်းစားပေးတက်တာ ကမ္ဘာပေါ်မှာ ဦးဒီက တစ်ယောက်ပဲ ရှိတာကိုး…။
"ဦးဒီက.."
"အင်း.."
"အချစ် ကို ချစ်လား.."
အချစ် အနားကို ကပ်၍ တိုးတိုးလေး ပြောတော့ ဦးဒီက က ပိုက်ဆံအိတ်ယူပြီး ပိုက်ဆံထုတ်နေပြီလေ..။
အချစ် ကြောင်တောင်တောင် ကြည့်နေရင်းက ပိုက်ဆံကို လက်နဲ့ ပုတ်ပစ်လိုက်ခါ..
"ချစ်လားဆိုတာကို…"
ဦးဒီက က ပြူးကြောင်ကြောင် ဖြင့် ငဲ့ကြည့်ပြီး ပိုက်ဆံကို အိတ်ထဲ ပြန်ထည့်ရင်း.
"လိမ်မာရင် ချစ်တာပေါ့.."
"ဟိုနေ့ကကျတော့ အဲလို မဟုတ်ဘူး.."
"ဘယ်လိုလည်း.."
"ချစ်တယ်လို့ပြောတယ်လေ…လိမ်မာမာ ဆိုးဆိုး …ချစ်ပေါ့…"
"အဟွင်း…ဟုတ်ပါပြီ.."
"အမြဲနော်..အခုလိုမျိုး.."
"လိမ်မာရင်ပေါ့…"
"မရဘူး..မရဘူး.."
"ဒီက တော့ ဟုတ်ပါပြီ…ကောင်မလေးကကော အဖိုးကြီးကို ဘယ်လို သဘောထားလည်း.."
"ဦးဒီက က အချစ်ရဲ့ အကိုကြီးလိုပါပဲဆိုနေ…"
"ဒါဆို ညီမလေး ဆိုးရင် ရိုက်ခွင့်ရှိတာပေါ့…"
"ဟွင့်…မရပါဘူး.."
အချစ် နှုတ်ခမ်းစူ ခေါင်းရမ်း လိုက်တော့ ဦးဒီက က ပြုံးပြီး ကားလမ်းမ ဘေးတွေကို ပြန်ငေးနေတော့သည်..။
ဦးဒီက ကို စတွေ့ကတည်းက  အချစ်ရဲ့ အကိုကြီး အရင်း တစ်ယောက်လိုမျိုး ချစ်မိခဲ့တာပါ…ဒါပေမဲ့…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
နောက်ကျပြန်ပဟ 😁
ဆောရီး မိုးလောက်ကြီးပါ 🙏
စပိုက်ကာတို့ ရှည်တာ အပြစ်မတင်ပါနဲ့နော်
မဟုတ်ရင် အိမ်ပြန်ရောက်မှာ မဟုတ်လို့ပါ 😁
အဆက်မမိရင်လည်း ဖြည့်ဖတ်ပေးပါနော်
မရေးတက်တော့ဘူး 😢

မိုးကုတ်မရောက်ဖူးလို့ အလွဲတွေပါရင် ခွင့်လွှတ်ပါ နော်
အကြီးကြီး တောင်းပန်ပါတယ် 🙏
စာရှည်သွားတော့ တစ်ချို့
ဖတ်မရမှာ သေချာပါတယ် 😢💔
ပုံပြောင်းတင်ပေးပါမယ်နော်
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now