Part 13

3.2K 160 1
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၃)
#မုန်းပါနဲ့ဦး

"ဟဲ့…အချစ်.."
"ဟင်..လုပ်မနေနဲ့….ဦးလေးက နင့် အတွက် လိုအပ်တာတွေ ၀ယ်ပေးဖို့ ကောင်မလေး နှစ်ယောက်ကို ခေါ်ထားတာ နင် က မထနိုင်သေးဘူးလား.."
"အချစ်..ဟာ့ ၀ယ်မယ်.."
"အိုး..ထစမ်း..မြန်မြန်…"
အချစ် အိပ်မှုန်စုံမွှားဖြင့် ထထိုင်လိုက်တော့ အဒေါ်က ဘေးမှာ ငုတ်တုတ်ထိုင်ပြီး မျက်နှာတည်တည်ဖြင့် စောင့်နေသည်..။
"အိပ်လို့ကောင်းတယ်မလား..အဒေါ် အိစက်နေတာပဲနော်…"
"အေး..ကောင်းတယ်…ထ မြန်မြန်…ခရစ်ယာန်လို ဆောင်ရမှာ ဆိုတော့ ဘာတွေ ပြင်ရမလည်း မသိဘူး.."
"ဟမ်…မင်္ဂလာဆောင်မှာ ဟုတ်ဘူးလား.."
"ဟုတ်တယ်…နှောင့်ယှက်နေတဲ့ ဝိညာဉ်က ခရစ်ယာန်ဆိုလို့ သူ့လို လိုက်ဆောင်ရမယ်တဲ့…နှစ်မျိုးဆောင်ပေါ့…ထ….ထ….."
"အမ်း.."
အချစ် ဆံပင်တွေကို ဆုပ်ဆွဲပြီး ငုတ်တုတ်ထိုင်နေတာ ပြန်အိပ်မှာ စိုးလို့ အဒေါ် က အတင်း ဆွဲထူပြန်သည်..။
"နိုးပြီးလား သမီးလေး.."
"ဟုတ်ကဲ့..အဘိုး.."
"သမီး ကို အ၀တ်အစား၀ယ်ပေးဖို့ အဖိုး ကလေးမ လေး နှစ်ယောက် ကိုခေါ်ထားတယ်…လိုအပ်တာတွေ သူတို့ ပြင်ဆင်ပေးလိမ့်မယ်နော်… မိတ်ကပ်ဆရာမလေးတွေပါ…"
"ဟုတ်ကဲ့…"
အချစ် အိမ်က စထွက်တော့ မနက် ခုနှစ်နာရီပဲ ရှိသေးပြီး ကားထဲမှာတင် မုန့်စားရသည့် အဖြစ်…။
စျေး၀ယ်စင်တာ တစ်ခုထဲကို ရောက်သွားပြီး အ၀တ်အစားတွေ အများကြီးကို အမျိုးမျိုး မထပ်အောင် ေ၇ွး၍ ၀ယ်ပေးနေတာ ၀ယ်ပေးတဲ့သူတွေကိုတောင် အားနာရသည်..။
အဒေါ် အတွက်လည်း အ၀တ်အစား သုံးလေးစုံ ၀ယ်ခိုင်းသေးသည်..။
"သတို့သမီး ၀တ်စုံက ဘယ်လို ပုံစံလေး ကြိုက်လည်း ညီမ…"
သတို့သမီး ၀တ်စုံလေးတွေကို ငေးရင်း အချစ် ငိုင်ကျသွားရသည်..။
ဒီဂါ၀န် ကြီး တကယ် ၀တ်ရပြီး တကယ် ယောင်္ကျားရတော့မယ် ဆိုတော့ စိတ်ထဲ တစ်မျိုးကြီး ဖြစ်လာပြန်သည်..။
သူငယ်ချင်းတွေနဲ့ စိတ်ကူးယဉ် စကားပြောတိုင်း ငါ့ မင်္ဂလာဆောင်ကျရင် ဘယ်လို ဆိုတာမျိုးတွေ ပေါက်ကရ လျှောက်ပြောပေမဲ့ လက်တွေ့ကျတော့ မပျော်ပဲ အထီးကျန်သလို ဖြစ်နေသည်..။
ဒီဂါ၀န်လေး ၀တ်ပြီး အသည်း လက်ကို ချိတ်ရရင် ဘယ်လောက်များ ကောင်းလိုက်မလည်း..။
အခုတော့ …ဟူး…။
"သက်ပြင်းကချရပြန်ပြီ…ရွေးလိုက်လေ..မြန်မြန်…"
"ရွေးရခက်လို့ပါ.."
အဒေါ်ရဲ့ အဆူဒဏ်က လွှတ်အောင် အချစ် လိမ်ပြောလိုက်ပေမဲ့ စိတ်ထဲမှာ ပျော်ရွှင်မှုတွေ ကင်းမဲ့နေရသည်..။
"အစ်မတို့ ရွေးပေးမယ်လေ…ပိန်ပိန်ပါးပါးပဲ ဆိုတော့ ခြင်းခံ၀တ်ရတာ ကြိုက်လား ညီမလေး.."
"ကြိုက်ဘူး.."
"အင်း ဒါဆို ရိုးရိုး လက်ဖါးဖါးလေးဆိုရင်ကော…အောက်ကလည်း ဇာအထပ်လေးတွေနဲ့လေ…"
"အဒေါ်.."
"ငါလည်း မသိဘူး…သမီးတို့ အဆင်ပြေတာသာ ေ၇ွးလိုက်ပါ…"
"ဟုတ်ကဲ့…လာ..ညီမလေး ၀တ်ကြည့်ရအောင်.."
အချစ်မှာ သူတို့ အရုပ်လိုပဲ ၀တ်လိုက် ချွတ်လိုက် သုံးလေး ခါ လုပ်ပြီးမှ စိတ်တိုင်းကျတဲ့ ဂါ၀န် အဖြူ ရတော့သည်..။
မျက်နှာကိုလည်း လိမ်းကြ ချယ်ကြပြီး ခေါင်းမှာ ပန်းကွင်းလေး တစ်ခု စွပ်ပေးတော့ အချစ် ရယ်မိတော့သည်..။
"ဘာဖြစ်လို့လည်း ညီမလေး.."
"အချစ် က ဆံပင် တိုတိုလေးရယ်.."
"သြော်..ညီမရယ်..ဇာပုဝါလေး အုပ်ရင် မသိသာတော့ပါဘူး.အခုက ဒီတိုင်းကြည့်တာပါ…ဒီမှာ ဇာ အရင်တင်ပြီး ပန်းလေး ထပ်တင်မှာ ဒီလိုမျိုး.."
အချစ် ရှေ့က မှန်ထဲကို ကြည့်ရင်း အဖြူရောင် သတို့သမီးက အချစ်ဆိုတာကို မယုံနိုင်ဖြစ်နေသည်..။
ဘာပဲ ဖြစ်ဖြစ် ပြေးပေါက်တော့ ရှိမှာပါ…အဒေါ်နဲ့သာ ပြန်လိုက်သွားရင် အသည်းလေးနဲ့ မတွေ့ရတော့ဘူးလေ..။
တစ်ချိန်ချိန် ဒီလူကြီးနဲ့ပဲ ယူရမဲ့ အတူတူ အခုကတည်းက မြန်မြန်ယူလိုက်ပြီး ဒီလို အိမ်ကြီးကို ရောက်လာတာ ပိုကောင်းတာပေါ့လေ…။
အချစ် သက်သာသလို တွေးပြီး အသက်ကို ရှိုက်သွင်းရှုလိုက်ခါ ပြုံးပြီး မှန်ထဲ ကြည့်မိသည်..။
"ညီမ…ပန်းစည်းလေးကိုင်နော်.."
"ဟုတ်ကဲ့…"
"နင် အခုမှ လူနဲ့ တူတော့တယ်.."
"အချစ်က လူပဲ ဟာကို.."
"အေးပါ…လူတော့ လူပဲ ပြဒါးရှင်လေ.."
"ဟွန့်…"
အဒေါ် အခုလို အမြဲ ဆူနေလို့ အိမ်ကို မပြန်ချင်တာပေါ့…အချစ်သာ မရှိရင် ဘယ်သူ စျေးပို့ပေးမလည်း သိချင်သေးသည်..။
.
"အိအိ…မလိုက်လာဘူးလား.."
"ရှိမှ မရှိတာ…ညီ မိုးကုတ် သွားကတည်းက သူ့မခေါ်လို့ စိတ်ကောက်ပြီး ပြန်သွားတယ်.."
"ဟူး..မင်းတို့ကလည်း တကျက်ကျက်ပါပဲ.."
'အရသာပေါ့..ကိုကိုလည်း သိလာတော့မှာပါ.."
ဒီပါ့ ကို နက်ခ်တိုင်ပြင်ပေးလိုက် ပန်းတပ်ပေးလိုက်ဖြင့် အလုပ်များနေတာတောင် စနိုင်သေးသည်.။
"မာမီတို့ သိရင် စိတ်ဆိုးလိမ့်မယ်…ကိုကို ကလည်း တစ်သက်မှာ တစ်ခါ မင်္ဂလာဆောင် တာကို တိုးတိုး တိတ်တိတ် လုပ်စရာလားဗျာ.."
"ဒီကမှာ ရန်သူများတယ်လေ…ကောင်မလေး အတွက်ပါ အန္တရယ် ဖြစ်လာမှာ စိုးလို့ပါ…မာမီတို့ကတော့ ဖေကြီးပြောလိုက်ရင် ရပါတယ်.."
"ဟား..ဟား..မယူရသေးဘူး..စိတ်ပူတက်နေပြီ…ကျစ်…ကြာလိုက်တာ သွားကြည့်လိုက်ဦးမယ်.."
"သြော်…လာကြပြီ…"
ရူပါ က လမ်းမ ကို အကြိမ်ကြိမ် လှမ်းကြည့်ပြီး အခုမှ ပြုံးပြီး ကြည့်နေတော့ ဒီပါ လှမ်းကြည့်လိုက်သည်..။
ဂါ၀န် အဖြူရောင်လေးနဲ့ ကားပေါ်က ဆင်းလာတော့ ဒီပါ ပြုံးလိုက်မိပြီး အကြည့်ပြန်လွဲထားလိုက်ရသည်..။
ကလေး တစ်ယောက်ကို သတို့သမီး ဂါ၀န်၀တ်ပေးထားသလို လက်နှစ်ဖက်ကလည်း မ ထားရပြီး ခေါင်းက လျောကျတဲ့ ပန်းကွင်းကိုလည်း တစ်ချက် တစ်ချက် လှမ်းကိုင်ထိန်းရသေးသည်…။
သင်းအုပ်ဆရာ ရဲ့ ခြံ၀န်းထဲမှာ အစီအစဉ်တွေနဲ့ သေချာ လုပ်ရတာမို့လို့ ထိုင်ခုံ ဆယ့်တစ်ခုံကျထားရသည်..။
ရူပါ အနားကို ရောက်သွားတော့ သတို့သမီးတစ်ယောက်လို ရှက်ပြုံးမျိုး မဟုတ်ပဲ ကလေး တစ်ယောက်လို ဖြူဖြူစင်စင် ပြုံးပြ နှုတ်ဆက်နေသည်..။
ခေါင်းက ပန်းကွင်းကို ရူပါက  ဖြုတ်ပြီး ပြန်ပြင်ပေးလိုက်တော့မှ သူ့ခမျာ ခေါင်းကိုင်ရတဲ့ ဒုက္ခ ဇာတ်သိမ်းသွားတော့သည်..။
"မင်္ဂလာ အချိန် ကျရောက်ပြီး ဖြစ်ပါသဖြင့် သတို့သား မျိုးချစ် ဒီပါနဲ့ သတို့သမီး ပန်း အချစ်ဦး တို့ရဲ့ ထိမ်းမြားလက်ထပ်ခြင်း စတင်နိုင်ရန် အတွက် ဆုတောင်းခြင်းဖြင့် စတင်ပါမည်…ထိမ်းမြားမင်္ဂလာ ပြုလုပ်ခြင်း အတွက် ဘုရားသခင် အားချီးမွမ်းပါသည်..။
ဘုရားသခင် ဦးဆောင်လမ်းပြ စောင့်ရှောက်တော်မူပါ..။"
သင်းအုပ်ဆရာက စနေပြီဆိုတော့ ဒီပါ ဝှီးချဲကို နေရာလှည့်လိုက်ပြီး ရှေ့ကို ဦးတည်လိုက်ရသည်..။
" သတို့သား မောင်မျိုးချစ်ဒီပါ နဲ့ သတို့သမီး မပန်းအချစ်ဦးတို့ ထိမ်းမြားလက်ထပ်ပွဲတွင် တရားသဖြင့် ကန့်ကွက်မည့် လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် ရှိပါသလား.."
မမြင်ရပေမဲ့ အစွန်ခုံမှာ ထိုင်နေတယ်ဆိုတဲ့ ဝိညာဉ် ကောင်မလေးကို တွေးခါ  သက်ပြင်းချမိသည်..။
ဒီကောင်မလေးလည်း ဝိညာဉ် သာ ဆိုတယ် တော်တော် အစွဲအလမ်းကြီးရှာတာပဲလို့ တွေးရင်း ကရုဏာလည်း ဖြစ်ရသည်..။
" သတို့သား မောင်မျိုးချစ်ဒီပါ နဲ့ သတို့သမီး မပန်းအချစ်ဦးတို့ ထိမ်းမြားလက်ထပ်ပွဲတွင် တရားသဖြင့် ကန့်ကွက်မည့် လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် ရှိပါသလား.."
" သတို့သား မောင်မျိုးချစ်ဒီပါ နဲ့ သတို့သမီး မပန်းအချစ်ဦးတို့ ထိမ်းမြားလက်ထပ်ပွဲတွင် တရားသဖြင့် ကန့်ကွက်မည့် လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် ရှိပါသလား.."
"သုံးကြိမ် သုံးခါ မေးပြီးတဲ့ အခါ မှာ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် ကန့်ကွက်မဲ့ သူ မရှိတဲ့ အတွက် စတင်ပါမယ်…သတိုးသမီး ကြွပါ.."
သတိုးသမီး ၀င်လာမယ် ဆိုတော့ မမြင်ရတဲ့ ဝိညာဉ်က ဘာမှ မသိတဲ့ ကောင်မလေးကို တစ်ခုခု လုပ်လိုက်မှာ စိုးရိမ်မိလို့ ဒီပါ သက်ပြင်းချ စိတ်ပူရပြန်သည်..။
"သတို့သား မောင် မျိုးချစ် ဒီပါနဲ့ လက်ထပ်ဖို့ အတွက်  သတို့သမီး မပန်းအချစ်ဦး ကို ဘယ်သူအပ်နှံပါသလည်း.."
"ကျွန်တော် အပ်ပါတယ်…"
ဖေကြီးက ပြောပြီး  လက်ကမ်းလိုက်တော့ ဒီပါလည်း ဝှီးချဲကို ရှေ့တိုးသွားလိုက်ရသည်..။
"အခု လက်ထပ် ထိမ်းမြားတော့မှာ ဖြစ်တဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး လက်ထပ် ထိမ်းမြားခြင်း မပြုနိုင်တဲ့ တစ်စုံတစ်ခုသော အကြောင်းအရာ ရှိရင် ယခု ပြောနိုင်ပါတယ်…."
"ရှိပါသလား…."
အချစ် ပါးစပ်ကနေ ရှိပါတယ် အချစ်လိုချင်တာ ၀င်းရူပါ ပါလို့ ပြောထွက်တော့ မတက်ဖြစ်နေပေမဲ့ မျက်နှာလေး နွမ်းလျလျ ဖြင့်ပင်…။
"မရှိပါဘူး…"
"မရှိဘူးနော်..ဒါဆို…လက်ကိုင် ပြီး  သစ္စာ လိုက်ဆိုပေးပါ.."
အချစ် လက်က ဦးလေးကြီး လက်ထဲ ထည့်လိုက်ရတော့ စိတ်ထဲ ငိုချင်သလိုလို ဖြစ်လာသည်..။
ငိုလို့မဖြစ်ပါဘူး…တကယ်လက်ထပ်တာမှ မဟုတ်တာပဲ…ဒါ ဟန်ဆောင်ခြင်း သပ်သပ် ပါပဲ ပန်းအချစ်ဦး …အသည်းလေး အတွက် စတေးတယ်လို့ သဘောထားပါ လို့ ကိုယ့်ကိုယ်ကို အားပေးနေရသည်..။
"ကျွန်တော် မျိုးချစ်ဒီပါ သည်  မပန်းအချစ်ဦး ကို ကျွန်တော် ၏ လက်ထပ်ဇနီင်္း အဖြစ် သိမ်းပိုက်ပြီးလျှင် ယနေ့မှ စ၍ အသက်ကုန်ဆုံးသည်တိုင်အောင် ဘ၀ တစ်လျောက် ကောင်းသည် ဖြစ်စေ  ဆိုးသည်ဖြစ်စေ… ချမ်းသာသည် ဖြစ်စေ… ဆင်းရဲ သည် ဖြစ်စေ…ကျန်းမာသည် ဖြစ်စေ  နာ သည်ဖြစ်စေ ထာ၀ရဘုရား၏  အမိန့်တော်နှင့် လျော်ညီစွာ ချစ်ခြင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကြည့်ရှု ပြုစု လျ က် ပေါင်းဖော်ပါမည်ဟု ကတိသစ္စာပြုပါသည်.."
ဦးလေးကြီးက သင်ပေးသမျှ လိုက်ဆိုနေချိန် အချစ်ကတော့ ဘေးက အသည်းလေးကို လှည့်ကြည့်ပြီး လှလှလေး ပြုံးပြလိုက်သည်.။
ဖြစ်နိုင်ရင် အသည်းဘေးမှာ သွားရပ်ပြီး အချစ်နဲ့ ဦးလေးကြီး တကယ် လက်မထပ်ပါဘူးလို့ ပြောပြချင်သည်..။
"ပန်းအချစ်ဦး.."
"ရှန်.."
"သစ္စာ လိုက်ဆိုပါ…"
"ဟုတ်ကဲ့ရှင့်…"
အချစ်အတွေးတွေနဲ့ ဘေးကို လှည့်ကြည့်နေတာ ရှေ့က ခရစ်ယာန် ဘုန်းတော်ကြီး ခေါ်လိုက်တာတောင် မကြားအောင်ပင်…။
"ကျွန်မ ပန်းအချစ်ဦး သည် မောင်မျိုးချစ်ဒီပါ ကို ကျွန်မ ၏ လက်ထပ်ခင်ပွန်း  အဖြစ် သိမ်းပိုက်ပြီးလျှင် ယနေ့မှ စ၍ အသက်ကုန်ဆုံးသည်တိုင်အောင် ဘ၀ တစ်လျောက် ကောင်းသည် ဖြစ်စေ  ဆိုးသည်ဖြစ်စေ… ချမ်းသာသည် ဖြစ်စေ… ဆင်းရဲ သည် ဖြစ်စေ…ကျန်းမာသည် ဖြစ်စေ  နာ သည်ဖြစ်စေ ထာ၀ရဘုရား၏  အမိန့်တော်နှင့် လျော်ညီစွာ ချစ်ခြင်းမေတ္တာဖြင့် ကောင်းမွန်စွာ ကြည့်ရှု ပြုစု လျ က် ပေါင်းဖော်ပါမည်ဟု ကတိသစ္စာပြုပါသည်.."
အချစ်လည်း တိုင်ပေးသမျှတွေလိုက်ဆိုနေရင်း နောက်ဆုံး ကတိသစ္စာပြုပါသည် ဆိုဖို့ကျတော့ ခပ်တွန့်တွန့် ဖြစ်နေမိသည်..။
ဦးလေးကြီး လက်ထဲမှ အချစ်ရဲ့ လက်ကလေးကို ပိုတင်းနေအောင် ဆုပ်လိုက်တော့…
စိတ်ထဲကနေ ဘုရားအားလုံးကို တောင်းပန်ပြီး လိမ်တာပါလို့ အထပ်ထပ် ပြောရင်း ကတိသစ္စာ ပြုပါသည်လို့ နှုတ်က ထွက်သွားရသည်…။
"ယခုပြုခဲ့သော ကတိသစ္စာ များကို စောင့်အပ်မဲ့ အကြောင်း သက်သေပြု ရန် အထိမ်းအမှတ်  လက်စွပ် ရှိပါသလား"
"ရှိပါတယ်..ဆရာ"
ဦးလေးကြီးက သူ့ဝှီးချဲဘေးက အံခွက်ထဲမှာ ဂြိုလ်ဆိုး လက်စွပ် နှစ်ကွင်းထုတ်လိုက်တော့ အချစ် ထွက်တောင် ပြေးချင်သွားသည်..။
ဒီ လက်စွပ် အစုတ်အပဲ့တွေ ပါလာပြန်ပြီ…ဟူး…။
"အင်း…မောင်မျိုးချစ်ဒီပါ အရင်လိုက်ဆိုပေးပါ…"
"ကျွန်ုပ်သည် သင့်အား ပြုခဲ့သော ကတိသစ္စာများ၏ သက်သေ အဖြစ်လည်းကောင်း ကျွန်ုပ် ၏ ချစ်ခြင်းမေတ္တာ နှင့် တကွ စည်းစိမ် ဥစ္စာ ၇ှိသမျှတို့ကို သင့်အား အပ်နှင်းခြင်းဖြင့်  လည်းကောင်း လက်စွပ်ကို သက်သေ အဖြစ်ပေးပါ၏ …ကျွန်ုပ် ၏ သက်သေ ကို လက်ခံပါ "
အချစ် လက်စွပ်ကို မကြိုက်ပေမဲ့ ဆိုသွားတဲ့ စည်းစိမ်ဥစ္စာ ၇ှိသမျှ ဆိုတာကြောင့် စိတ်ထဲ ကျေနပ် ပီတိ ဖြစ်သလိုလို ရှိသည်..။
"မပန်းအချစ်ဦး .."
"ကျွန်မသည် သင့်အား ပြုခဲ့သော ကတိသစ္စာများ၏ သက်သေ အဖြစ်လည်းကောင်း ကျွန်မ ၏ ချစ်ခြင်းမေတ္တာ နှင့် တကွ စည်းစိမ် ဥစ္စာ ၇ှိသမျှတို့ကို သင့်အား အပ်နှင်းခြင်းဖြင့်  လည်းကောင်း လက်စွပ်ကို သက်သေ အဖြစ်ပေးပါ၏ …ကျွန်မ ၏ သက်သေ ကို လက်ခံပါ အသင့်၏ သက်သေကိုလည်း လက်ခံပါသည်.."
အချစ်မှာ မရှိတဲ့ စည်းစိမ်ဥစ္စာ တွေကို အလုံးစုံ ပေးရပြီးနောက်  ပြသနာအားလုံး၏ လက်စွပ်တွေသည် မူလ အတိုင်း ပြန်ရောက်သွားကြတော့သည်..။
"ဘုရားသခင်၏ရှေ့တော်တွင်လည်းကောင်း ပရိသတ်ရှေ့တော်တွင် လည်းကောင်း သတို့သား သတို့သမီး ကတိ သစ္စာ ပြုခဲ့ကြပြီး ဖြစ်သည့် အတိုင်း ယခု အချိန်မှ စ၍ တရား၀င် ဇနီး ခင်ပွန်း အဖြစ်သို့ မြောက်ခြင်းငှာကျွန်ုပ်သည် ဓမ္မ၀န်ဆောင် တစ်ဦး အနေဖြင့် လည်းကောင်း သင်းအုပ်ဆရာ အဖြစ် လည်းကောင်း  ထာရဘုရားရှင် ၏  အမိန့်နာမတော်ဖြင့် သင့်တို့အား လက်ထပ် ထိမ်းမြားပေးပြီး ဖြစ်ပါသည်.."
အသည်းလေးရဲ့ လက်ခုပ်သံကို ကြားရတော့ အချစ် မျက်နှာငယ်လေးဖြင့်သာ ရပ်နေမိသည်..။
"သတို့သား နဲ့ သတို့သမီး တရား၀င် အကြင်လင်မယား ဖြစ်သွားပြီ ဖြစ်တဲ့ အတွက် တရား၀င် နမ်းနိုင်ပါပြီ…"
"ဟား..ဟား..ဟုတ်ပြီကွ…ကိုကို.."
အချစ်မှာ ခေါင်းငုံ့ပေးရင်း ့ငြင်းရခက်သလို နောက်က အသည်းလေးရဲ့ အားပေး အားမြှောက်လုပ်နေလို့ ငိုချင်လာသလိုလို ဖြစ်နေပြီ..။
ဦးလေးကြီးကလည်း ဟန် ဆောင်ပါမယ်လို့ သဘောတူထားရဲ့သားနဲ့ အချစ် ခုံမှာ ထိုင်ပေးတော့ ဇာအုပ်ကို လှန်တင်လိုက်ပြီး သက်ပြင်း တစ်ချက်ချသေးသည်.။
"ဟာ…ပါးပဲလား..မြန်လိုက်တာ မရဘူး..နောက်တစ်ခါ…"
အချစ်ပါးကို ဖျတ်ခနဲ့ အနမ်းခံလိုက်ရပြီး ချိန် အသည်းလေးရဲ့ အော်သံ ထွက်လာတော့ မှုန်ကြုတ်ကြုတ်ဖြင့် ဦးလေးကြီး ထပ်မနမ်းအောင် ဦးလေးကြီး ပါးကို ထိရုံ နမ်း ပေးလိုက်သည်..။
"ရပြီ… …ပြီးရင် သတို့သားက သတို့ သမီးနဲ့ ပုံမှန်  အတိုင်း ပြန်သွားပါ သူ့ဟာသူ ပျောက်ဆုံးသွားပါလိမ့်မယ်…ညပိုင်း အိပ်မက်ထပ်မက်ရင် ဆရာ့ကို ပြောပါ…"
"ဟုတ်ကဲ့…"
အချစ် က ဘာတွေ ပြောနေကြလည်း နားမလည်ပေမဲ့ ဦးလေးကြီးကတော့ ခေါင်းညိတ်လိုက်နာပြီး အချစ်ကို လက်ကိုင်ခါ ဝှီးချဲကို တစ်ဖက်က ထိန်းပြီး ထွက်လာခဲ့သည်..။
အိမ်ရောက်တဲ့ အထိ သက်ပြင်းတွေချည်း ချနေတဲ့ ဦးလေး ကြီးကို လှည့်ကြည့်၍ အချစ် စိတ်ပူရသည်..။
ခုလောလောဆယ် အိမ်မှာ ဘယ်သူမှ ရှိတာ မဟုတ်ဘူး..ရင်ကွဲပက်လက်ဖြင့် တစ်ခုခု ဖြစ်သွားရင် အချစ်တော့ တရားခံဖြစ်ပြီလေ…။
"ဦးလေးကြီး.."
"ဟင်.."
"ဘာလည်း..ဦးလေးကြီး..ရည်းစားနဲ့ ကွဲသွားလို့ စိတ်ညစ်နေတာလား.."
"မဟုတ်ပါဘူး..ဒီက မှာ ရည်းစားမရှိပါဘူး..ပန်းအချစ်ဦးမှာကော…"
"မရှိဘူး…အချစ်က ၀င်းကိုပဲ ကြိုက်တာ.."
"အင်း…"
"ဟိုဘက်လမ်းကို ကြည့်လိုက်..ကောင်မလေး တွေ့လား…"
အချစ် လက်ညိုးညွန်ပြတဲ့ နေရာကို သေချာ နှစ်ခါ သုံးခါ ပြန်ကြည့်ပြီးမှ ခေါင်းကို ခပ်ဖြည်းဖြည်း ရမ်း၍
"ဟင့်အင်း…"
"သြော်…ပုံမှန် ဖြစ်သွားပြီကိုး.."
"ဒီက အစကတည်းပုံမှန်ပဲ…"
"ဦးဒီက က စိတ်ထားကောင်းပြီး..ဝိညာဉ်က ဖြူစင် လို့ သရဲမလေးကလည်း ကြိုက်သွားတာတဲ့.."
"အဟွင်း..ဘယ်သူပြောတာလည်း.."
"အဘိုးနဲ့ ဆရာကြီး ပြောနေတာ ကြားလိုက်တာလေ…"
"ဒီက တော့ အဲလို မထင်ပါဘူး…"
"ဒီက..ဒီက..ဆိုတာ ဘာလည်း…ဦးလေးကြီး အမျိုးလား.."
"ဟင်း…ကိုယ့်ကိုယ်ကို ပြောတာပါ…"
"ဟား..ဟား..ဦးလေးကြီးကလည်း..ဒီက တဲ့ မိန်းမကြီး ကျနေတာပဲ ဒီက ဟား..ဟား…ဦး ဒီကပေါ့…"
"တစ်ဖက်သားရဲ့ အားနည်းချက်ကို အဲလို မလှောင်ရဘူး…ပန်းအချစ်ဦးရဲ့…"
"ဟွင့်…ပန်းအချစ်ဦး မခေါ်ပါနဲ့ နာမည်ကြီးက ရှည်လိုက်တာ…"
"ဘယ်လို ခေါ်ရမလည်း.."
"အချစ်ပဲ ခေါ်ပေါ့ရှင့်…"
"ဟင်.."
အချစ် ဘာမှ မထူးဆန်းသလို ပြောလိုက်ပေမဲ့ ဦးလေးကြီးခေါ် ဦးဒီက က မျက်လုံးပြူးဖြင့် ကြည့်နေတော့ အချစ်လည်း ပြန်စဉ်းစားရတော့သည်..။
ဟုတ်သား အခုမှစသိတဲ့ သူကို အချစ်လို့ ခေါ်ရမှာ တော်တော် မလွယ်တဲ့ ကိစ္စပါပဲလေ..။
အချစ်ကို တစ်နယ်လုံးက ချစ်ချစ် အချစ်လို့ လွယ်လွယ်ခေါ်နေပေမဲ့ ဦးဒီက မှာတော့ တော့်တော့်ကို ဒုက္ခရောက်နေသည့်ပုံပင်..။
"ဒါဆို တစ်ခုခု ခေါ်ပေါ့ အချစ် နာမည်က အများကြီးပဲလေ…"
"အင်း..ပန်းဆိုတာလည်း မဆိုးပါဘူး.."
"ဦးဒီက အသက် ဘယ်လောက်လည်း.."
"နှစ်ဆယ်ရှစ်.."
"အိုး…အချစ်နဲ့ ဆယ်နှစ်တောင်ကွာတယ်…ဒါကြောင့် အဘိုးကြီး ဖြစ်နေတာပေါ့…အခု ဦးဒီက ဘာလုပ်ချင်လည်း…အချစ် လုပ်ပေးမယ်လေ…"
"ရပါတယ်…ဒီက အဲ…ကျွန်တော် နားချင်နေပြီ…"
"ဟား..ဟား…ကျွန်တေ်ာတဲ့ ဟိဟိ…မင်း ငါ ကိုယ် တို့ သုံး ပါလား ဦးဒီကရဲ့…"
"မပြောတက်ဘူး…ရိုင်းတယ်တဲ့.."
"ဘယ်သူကပြောတာလည်း ဟင်.."
"ဖေကြီး.."
အချစ်တော့ အသက် ဆယ်ခွန်ပဲ ရှိပေမဲ့ ဆယ်နှစ်ကြီးတဲ့ ဦးဒီက ထက် ပိုပြီးတော့တောင် ပြောတက်ဆိုတက်သေးသည်လို့ ထင်မိသည်..။
"ဒီက ပဲ ပြောပါတော့ အဲဒါကောင်းတယ်…ဦးဒီက ကို…အချစ်လိုက်ပို့ပေးမယ်…"
"ရပါတယ်…ဒီက သွားနေကျပါပဲ…"
၀ှီးချဲကို နေရာပြောင်းပြီး လှေကားဆီကို ေ၇ွ့လိုက်တော့ အချစ်လည်း နောက်ကလိုက်သွားပြီး ခလုတ်ဖွင့်ပေးလိုက်သည်..။
အခွင့်ရေး မယူရင်တော့  ဦးဒီက နဲ့ အချစ်က ဖက်စပ် ပေါ့လေ…အခွင့်အရေးယူရင်တော့ ခြေလိမ်ချိုးပြီး ထွက်ပြေးရမှာပေါ့…။
"ကျေးဇူး.."
"ရပါတယ်…အချစ်လည်း အပေါ်တက်ရမယ်လေ…"
"ဟင်.."
"အ၀တ်တွေ…"
"သြော်…ဟုတ်သားပဲ…ပန်းအချစ်ဦး..မှားလို့ ကောင်မလေးရဲ့ အ၀တ်တွေက ဒီက အခန်းထဲမှာပဲ အားလုံး ထည့်ထားတယ်…ဖေကြီးက အပေါ်ထပ်ကို လာကြည့်မှာ စိုးလို့ပါ…အဆင်ပြေရဲ့လား.."
"ရတာပေါ့…"
အချစ် ပခုံးတွန့်ပြီး ပြောလိုက်တော့ ဦးဒီက ဆိုတဲ့ လူကြီးက မျက်ခုံးတွန့်ပြီး လူကို မော့ကြည့်ခါ…
"မကြောက်ဘူးလား.."
"မကြောက်ပါဘူး…အချစ်က လူကောင်း…ဦးဒီက က အကျိုး.."
"အဟွင်း.."
အချစ်ရဲ့ ခပ်ရိုင်းရိုင်း စကားကို သဘောကျသလို ပြုံးပြီး ဝှီးချဲ ခလုတ်ကို နှိပ်ခါ လှေကားထဲက ထွက်သွားတော့ အချစ်လည်း ဂါ၀န်မပြီး နောက်က လိုက်သွားရသည်..။
ဒီလူကြီး တော်တော်သည်းခံပေးတာပဲ…ဘာပဲ ဖြစ်ဖြစ် အချစ်တို့ အတွက် ပိုအဆင်ပြေပြီလေ..။
"ဟင်.."
"ဖေကြီး နဲ့ ကြီးကြီး တို့ပြင်ထားတာ…ညကျရင် ဒီမှာ လာအိပ်ရလိမ့်မယ်… ဖေကြီးက..အတင်းစီစဉ်ထားတာလေ....ဒီက ခြေထောက်တွေ ကောင်းသွားရင်တော့  စာအုပ် အခန်းမှာ ပြောင်းအိပ်ပေးမယ်…."
အချစ် အခန်းထဲက နှစ်ယောက် အိပ် ကုတင်ပေါ်မှာ ပြင်ဆင်ထားတာတွေကို ကြည့်ပြီး မျက်လုံးပြူးနေမိသည်…။
ရုပ်ရှင်တွေ ထဲမှာ တွေ့ခဲ့တဲ့ မွေ့ယာ အိအိကြီးနဲ့ အတူ ခေါင်းအုံး အိအိတွေ စောင် နုနု လေးကို တစ်ပိုင်းခေါက်တင်ထားခါ အသဲပုံ လေး ပုံဖော်ထားသည်…။
"တက်လို့ရလား.."
"အင်း.."
အချစ် ဂါ၀န်မပြီး ကုတင်ပေါ် တက်လိုက်ခါ ခုန်ကြည့်တော့ ပြန်ကန်တက်လာတာ ပျော်ဖို့ကောင်းသည်..။
မွေ့ယာအမြင့်ကြီးပေါ် ပစ်လှဲချလိုက်ပြီး လူးလှိမ့်နေတာတောင် တစ်ဖက်ကို ပြုတ်ကျမသွားနိုင်အောင် ကျယ်လွန်းပါသည်..။
"ပြုတ်ကျဦးမယ်.."
"အချစ်တို့ ညတုန်းက အိပ်ရတာ ဒီလောက် မမြင့်ဘူးနော်.."
"အင်း..ဧည့်သည်အတွက် ပြင်ထားတော့ မအိပ်တက်မှာဆိုးလို့ နိမ့်နိမ့် ပဲထည့်ထားတယ်….ဧည့်သည်တွေ အများကြီး ပါမယ်ထင်တာ…ဟိုတယ်လည်း စီစဉ်ထားတယ်…ဘာဖြစ်လို့ လိုက်မလာကြတာလည်း.."
"ဟွင်း..အကိုကြီးတွေက လိုက်လို့မရဘူး..အလုပ်ရှိတယ်..ပြီးတော့ သူတို့က ဒါ သမားတွေ.."
အချစ် လက်မြှောက်ပြီး မော့ ပြတော့ ခေါင်းညိတ်ပြီး နားထောင်ပေးနေပြန်သည်..။
အခွင့်အရေး ရတုန်းလေး ကောင်းကောင်း ခြောက်ထားမှပါလေ…။
"အချစ်အမျိုးတွေက တစ်ယောက်မှ မကောင်းဘူး..အချစ်ဆိုးလို့ တစ်ယောက်မှ မချစ်ကြဘူး..အခုလို ထွက်လာတော့ သူတို့ ပျော်ကျန်ခဲ့တယ်လေ…လိုက်မလာတာပဲ ကောင်းတယ်…တော်ကြာ အဘိုးကြီးနဲ့ ယူရတယ်ဆိုပြီး စ ကြလိမ့်မယ်.."
"အဟွင်း.."
"အောက်ခန်းက နိမ့်တယ်ဆို....ဒါက ဘယ်လောက် မြင့်လည်း..."
"စပရိန် နှစ်ထပ်လို့ပြောတာပဲ ဆယ့်ငါးလောက်တော့ ရှိမှာပေါ့…"
"ဝိုး....ခုန်လို့ကောင်းတယ်…"
ဒီပါ့ရဲ့ အသစ်စက်စက် သတို့သမီးလောင်းဆိုတဲ့ မျောက်လောင်းမလေးက သတို့သမီးဂါ၀န်အနားစတွေကို သိမ်းပြီး ဗိုက်မှာစုကိုင်ခါ ခုန်နေတော့ တားရလည်း အခက် ပြုတ်ကျမှာလည်း စိုးမိသည်..။
သူ ပျော်တက်သလို နေတာပဲ ကျေးဇူးတင်ရဦးမယ်…ရောက်ခါစတုန်းက လက်ထပ်တဲ့ နေ့ကျရင် ကလေးလိုမျိုး ကောင်းကောင်း အော်ငိုနေမယ် ထင်မိတာလေ…။
"ဟာ.."
"ဒုန်း…"
မွေ့ယာ အစပ် ပိုးဖဲ အိပ်ယာခင်းကိုတက်နင်းမိပြီး လျှောခနဲ့ ပြုတ်ကျသွားတာ ဒီပါ မတားလိုက်နိုင်ပေမဲ့ တော်တော် ထိသွားပြီဆိုတာ သိလိုက်သည်..။
၀ှီးချဲကို ခလုတ် အမြန်နှိပ်ပြီး ပတ်သွားလိုက်တော့ ကုတင်ဘေးမှာ ခေါင်းကို ပွတ်ရင်း ထိုင်နေသည်..။
"နာသွားပြီလား.."
"အဟဲ…သိပ်မနာပါဘူး..အချစ် ပြုတ်ကျနေကျပဲ..ဒါကြီးတော်တော် ပျော်ဖို့ကောင်းတယ်…ည တောင် မြန်မြန် ရောက်ချင်လာပြီ.."
သူ့ အတွေးနဲ့ သူ အပူအပင် ကင်းမဲ့စွာ နေတက်နေတော့လည်း ဒီပါ စိတ်ချမ်းသာရသည်လေ…။
"ထလို့ရရဲ့လား."
"အင်း…အချစ် အ၀တ်အစားလဲပြီးရင် ဦးဒီက ကို လဲပေးမယ် ခဏစောင့်.."
"ဟင်.."
ဒီပါ အူကြောင်ကြောင် ဖြစ်နေချိန် ကျွန်းဘီဒို တံခါးကြီးကို ဆွဲဖွင့်ရင်း စိတ်မရှည်သလို တဒုန်းဒုန်း လုပ်နေတော့
"လှည့်ဖွင့်လိုက် ပန်းအချစ်ဦး.."
"သြော်…ဟုတ်သားပဲ.."
တံခါးကို လှည့်ဖွင့်ပြီး အထဲက ဘောင်းဘီရှည်နဲ့ အကျီင်္ ကို ကိုယ်မှာ ကပ်ကြည့်ခါ  အ၀တ်လဲခန်းဘက်ကို လျှောက်သွားတော့ မျက်ခုံးပင့်မိသည်..။
မဆိုးပါဘူး..သူ့ဟာသူ သိတာတွေ များသားပဲ..။
ဟာ…
ဒီပါ ဝှီးချဲ ခလုတ်ကို အမြန်နှိပ်ပြီး ကျောပေးလိုက်တာတောင် မှီရုံပဲ ရိုသည်..။
အခန်းထဲတော့ ၀င်ပါရဲ့...တံခါးလည်း မပိတ်ပဲ ဇစ်ဆွဲပြီး ချွတ်ချတော့တာပဲ…
ဒီ လို ကလေးအရွယ်လေး နဲ့ တစ်ခန်းထဲနေရရင်တော့…ခက်နေပါပြီ ။
"ဦးဒီက.."
"ဟင်.."
"အချစ် ပစ္စည်းတွေ ဒီဘီဒိုထဲကိုပဲ ထည့်ရမှာလား.."
"အင်း.."
"ဒါဆို အောက်ထပ်က ပစ္စည်းတွေ သယ်ခဲ့လိုက်မယ်…"
"အ၀တ်တွေက ကြီးကြီး ရွေ့ပြီးပြီ.."
"အချစ် ပစ္စည်းတွေကျန်သေးတယ်….ကျစ်…ဦးဒီက လက်ကော ကျိုးနေလားဟင်..."
"ဟမ်…"
"မကျိုးဘူးမလား..လုပ်ပေးပါလား…အချစ် ဖြုတ်လို့မရဘူး.."
ဒီပါ အနားကို ရောက်လာပြီး ရုတ်တရက် ထိုင်ချလိုက်ခါ ခေါင်းငုံ့ပေးတော့ ဘာလုပ်ပေးရမှန်း မသိဖြစ်ရသည်..။
"ခေါင်းက ကွင်းလေး အကိုကြီး ချိတ်လိုက်တာလေ…"
"သြော်.."
သူ့ ခေါင်းက ဇာပုဝါနဲ့ ပန်းကွင်းလေး ကို ချိတ်ထားတဲ့ ဆံညှပ် မဲ လေးတွေကို ဖြုတ်နေရတာ လေးငါးဆယ်ချောင်းမက ရှိနေသည်..။
"ရပြီ.."
"အင်း.."
ဇာပုဝါကို လက်နဲ့ ပတ်ခေါက်လိုက်ပြီး  ဘီဒိုထဲ ထိုးထည့်တော့ မျက်လုံးပြူးရင်း ကြည့်နေခါ ပြောစရာတွေ စလာပြီ..။
"ဟိုကောင်မလေး..."
"ဟင်.."
"လျှော်ဖို့ အ၀တ်ကို ပြန်မထည့်နဲ့…အနံ့စွဲလိမ့်မယ်.."
"အမ်း.."
ဘီဒိုထဲက ဇာပုဝါကို ပြန်ဆွဲထုတ်ပြီး ပန်းကွင်းကို ဆွဲဖြုတ်ခါ အ၀တ်လဲခန်းထဲက ခြင်းထဲ သွားထည့်ပေးတာ ကျေးဇူးတင်ရမည်..။
"လာ..ဦးဒီက.."
ဒီပါ့ လည်ပင်းကို လက်ရောက်လာပြီး ကြယ်သီးတွေ ဖြုတ်တော့ အလန့်တကြား နောက်ရုတ်မိသည်..။
"ရ…ရတယ်…ဒီက လုပ်လိုက်မယ်…"
"ဟာ…ဦးဒီကကလည်း အားမနာပါနဲ့ အခုက စပြီး အချစ်က ဦးဒီက ရဲ့ အလုပ်သမားဖြစ်သွားပြီ...ဘာပဲ ဖြစ်ဖြစ် အချစ်ကို ခိုင်း …အားမနာနဲ့နော်…သိလား..ဘာလည်း..ရှက်တက်လို့လား…ဟား..ဟား…အချစ်က လူမမာကြည့်ဖူးပါတယ်..အဖေ့ရဲ့ အစ်မဆိုရင် ငယ်ငယ်ကတည်းကြည့်ပေးရတာ…တော်ပါသေးရဲ့ အချစ် ဆယ်နှစ်ကျော်တော့သေသွားလို့..မဟုတ်ရင်ခုထိ ကြည့်နေရဦးမယ်.."
"ဟင်.."
အချစ်ကို မျက်လုံးပြူးဖြင့် ကြည့်နေတော့ ရယ်ချင်စိတ်ကို မြိုသိပ်ထားပြီး ကြယ်သီးတွေကို့ဖြုတ်ပေးလိုက်သည်..။
တော်တော် အသားဖြူတဲ့ လူကြီးပဲ လို့တွေးရင်း အသည်းရဲ့ ရင်ဘတ်ကလေးကို မြင်ယောင် ကြည့်မိသည်..။
ဟိုတစ်ခါ ရေမွှေးကြော်ငြာရိုက်တော့ မိတ်ကပ်တွေ ဇွတ်လိမ်းပြီး ညိုအောင် လုပ်ထားတာတောင် တော်တော် ကြည့်ကောင်းတာ သူ့ အကိုလိုမျိုး ဖြူတဲ့ မူလ အသားအရောင်လေးအတိုင်းသာ ဆိုရင်…
ဟိဟိ…။
အချစ်လက်ကို ကိုင်ပြီး ဆွဲဖြုတ်တော့ မှ သတိ၀င်ပြီး ကြည့်လိုက်တော့ အကျီ င်္စ က လက်ထဲမှာ လုံးထွေးကြေမွနေပြီ…။
ရှေ့မှာ မျက်လုံးပြူးပြီး ကြည့်နေတာက ပါးမြိုင်းမွှေး တွေ နှုတ်ခမ်းမွှေးတွေ အပြည့်နဲ့ အဘိုးကြီး..။
အချစ် အလန့်တကြား လွတ်ပေးလိုက်ပြီး စိတ်ကူးယဉ်တက်တဲ့ အကျင့်ကို ဖျောက်ဖို့လိုနေပြီလို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်ရသည်..။
"ဒီမှာ…ဒါ ၀တ်မလား ဦးဒီက…"
"အင်း.."
ဘီဒိုထဲက အင်္ကျီ တစ်ထည်ဆွဲထုတ်ပြီး လက်ထိုးလို့ ရအောင် လုပ်ပေးလိုက်တော့ ဦးဒီက ကလည်း သူ့ဟာသူ ၀တ်တော့သည်..။
ကြည့်ရတာ အချစ်ကို ကြောက်သွားပြီနဲ့ တူပါရဲ့…။
"ဘောင်းဘီ…"
"ဟာ..ရတယ်…"
"ဦးဒီကမှာ အောက်မှာ ဘောင်းဘီတို ပါတယ်မလား..လာပါ အချစ်..လဲပေးပါမယ်…ဘာမှ ဖြစ်ပါဘူး.."
"မဟုတ်ဘူး.."
အချစ် ဘောင်းဘီ ရှည် ယူပြီး လှမ်းပေးတော့ ဝှီးချဲနဲ့ ဝှစ်ခနဲ အခန်းထဲ ရောက်သွားခါ တံခါးကို ဒုန်းခနဲ ပိတ်လိုက်တော့ သဘောကျလို့  ရယ်မိသည်..။
ဒီလူကြီး ရှက်တက်တာလည်း အချစ်အတွက် အကာအကွယ် တစ်ခုရပြီလေ…။
သူတို့လို အရှက်ကြီးတဲ့ လူပျိုကြီးတွေက အရှက်မရှိတဲ့ မိန်းမတွေကိုဆို သိပ်ကြောက်ရှာတာတဲ့…အဟွင်း..။
အချစ် ဘေးက ဦးဒီက အ၀တ်တွေကို ကောက်သိမ်းနေရင်း ဆံညှပ်အမဲလေး ပြုတ်ကျလာတော့ ကောက်ကြည့်မိသည်..။
ဒီလူကြီး စောစော က ဖြုတ်ရင်း ပြုတ်ကျသွားတာ ဖြစ်မယ်…လို့ တွေးခါ အိတ်ထဲ ကောက်ထည့်ပြီး ကုတင်ပေါ်မှာ ထိုင်ရင်း ခုန်နေမိသည်..။
"ဦးဒီက…"
"ဟင်.."
"အဒေါ်တို့ဘယ်သွားတာလည်း.."
"မသိဘူးလေ…ဖေကြီးလည်း ပြန်မလာသေးဘူး..လုပ်စရာရှိလို့နေမှာပေါ့…"
"ကြာဦးမယ်ထင်တယ်.."
"နေရတာ ပျင်းနေပြီလား.."
"မဟုတ်ပါဘူး..အချစ်က ရောက်တဲ့နေရာမှာ ပျော်အောင်နေပြီး တွေ့တဲ့ လူနဲ့ တည့်အောင် ပေါင်းတက်တယ်…ဦးဒီက ရှိနေတာပဲ မပျင်းပါဘူး.."
"အဟွင်း..ပန်းအချစ်ဦး စိတ်ကိုတော့ အားကျတယ်.."
"အင့် အချစ် လက်စွပ်သိမ်းထားပေး.."
"၀တ်ထားလေ…"
"မ၀တ်ချင်ဘူး…ဦးဒီကနဲ့ အချစ်နဲ့ က တကယ် လက်ထပ်တာမှ မဟုတ်တာပဲ…ဒါကြီးကို တွေ့နေရင် ပူလောင်တယ်.."
ဒီပါ့ ရှေ့ရောက်လာတဲ့ လက်စွပ်ကို လှမ်းယူလိုက်ပြီး ကြည့်ရင်း  လက်စွပ် နှစ်ခုရဲ့ ကျောက်တွေကို ယှဉ်ကြည့်မိသည်..။
"ကျောက် တစ်ပွင့်တည်းပဲ…"
"အပေါကျောက်…"
"မပေါပါဘူး..ပိန်းနိုက်လို့ ခေါ်တဲ့  ရှားပါးကျောက်တစ်မျိုးပဲ ခုခေတ်မှာသာ သိတဲ့ လူဆီကို ရောင်းလိုက်ရင် တော်တော် ပိုက်ဆံရလိမ့်မယ်.."
"ဟင်..ဟုတ်လား.."
ဒီပါ့ဆီ ကို ချက်ချင်း လက်လှမ်းလာတော့ စိတ်ထဲ စချင်လာတာနဲ့ အမြန်ရှောင်လိုက်ပြီး အိတ်ကပ်ထဲ ပစ်ထည့်လိုက်ရသည်..။
ရူပါ့ဆီက ကြားထားတဲ့ အတိုင်း တော်တော် ပိုက်ဆံကြိုက်တဲ့ ကောင်မလေး ပါလား..။
"အချစ် လက်စွပ်ပြန်ပေးလေ.."
"သိမ်းထားဆို."
"အင်း…အချစ်ကိုယ်တိုင်ပဲ သိမ်းတော့မယ် ပြန်ပေးတော့…"
"ဘာဖြစ်လို့လည်း.."
"ဦးဒီက ရောင်းစားလိုက်မှာစိုးလို့ စိတ်မချလို့…"
"အဟွင်း..မလုပ်ပါဘူး..ဒီက  မှာ ပိုက်ဆံတွေ ရှိသားပဲ…"
"အချစ်မှာလည်း  ပိုက်ဆံသိမ်းဖို့နေရာလိုတယ်….မီးခံသေတ္တာ ထဲ ထည့်ထားချင်တယ်…"
"အင်း..ထည့်ချင်ထည့်ပေါ့…ဘယ်လောက် သိမ်းမှာလည်း.."
အချစ် ဘောင်းဘီ အိတ်ထဲက ပိုက်ဆံတွေ ထုတ်ပြီး ပေးလိုက်တော့ ဦးဒီက က မျက်ခုံးပင့် ပြီး လှမ်းယူခါ ရေတွက်နေသည်..။
"ငါးသောင်း ငါးထောင်..ဒါဆိုရင်တော့ ဘီဒိုထဲ သိမ်းလည်း ရပါတယ်..ဒီမှာ လက်ဆော့တဲ့ သူ မရှိပါဘူး.."
"ဒါ ပျောက်လို့ မဖြစ်ဘူး…အချစ်ကို အသည်းလေး ပေးထားတဲ့ ပိုက်ဆံ…"
"ရူပါ လား.."
"ဟင်…"
အချစ်က အံသြသလို လှည့်ကြည့်လိုက်ချိန် ဦးဒီက က သိနေတယ်ဆိုတဲ့ မျက်နှာမျိုး ပြုံးစစ ဖြစ်နေတော့ မျက်မှောင်ကြုတ်မိသည်..။
အိုး ဘာကြောက်စရာရှိလည်း ချစ်ရင် ချစ်တယ်ပေါ့…အချစ်ကတော့  ဒီလူကြီးကို ဘယ်တော့ မှ ကြောက်ပြီး မလိမ်ပြောဘူး..။
"ဟုတ်တယ်…"
"ဘာဖြစ်လို့ ငါးသောင်းတည်း တောင်းတာလည်း.."
"ငါးထောင်က အချစ် ကယ်ရီ လုပ်ပေးခ ငါးသောင်းက ကျောက်ရောင်းလိုက်လို့ ရတဲ့ အမြတ်…"
"ကျောက်သမားရဲ့ မြေး …ရူပါ့ကိုတောင်  အညံ့ကျောက် ထည့်ရောင်းတာ…ပန်းအချစ်ဦး က ကြောက်စရာပဲ…"
"အဲလို မပြောပါနဲ့ အချစ်က အသည်း..အဲ ၀င်းမှန်း မသိလို့ပါ…အချစ်ပြန်ပေးတာ သူက မယူဘူး.."
"သိမ်းထားပေါ့…"
"အင်း…ဒီ တစ်ရှုးကိုလည်း သိမ်းထားရမယ်…ဒါလည်း ၀င်းလေး ကိုယ်တိုင်ပေးထားတာ…"
အချစ် တစ်ရှုးလေးကိုပါ ဖွဖွ ခေါက်ပြီး ပိုက်ဆံကြားကို ညှပ်လိုက်ခါ  ဘီဒို အောက်က အံဆွဲထဲ ထည့်ထားလိုက်သည်..။
"ဆာနေပြီလား ထမင်းစားရအောင်…"
"အင်း..နေ့ခင်းကတည်းက ဘာမှ မစားရသေးဘူး….ဦးဒီက…၀င်းလေး ဘယ်တော့မှ လာမှာလည်း ဟင်.."
"ဒီနေ့တော့ မလာတော့ဘူးထင်တယ်…သင်တန်းတွေ လည်း ဖွင့်ထားတယ်…"
"အချစ်သိပါတယ်..ဒါဆို မနက်ဖြန် ဘယ် အချိန်လာမှာလည်း.."
"မနက်ပိုင်းလောက်ပေါ့…စိတ်မပူပါနဲ့…သူလာရင် ဆူညံနေတာ …တစ်အိမ်လုံးကို တွေ့ပြီးမှ ပြန်တာလေ.."
"ညောင်…"
"ဟာ…ကြောင်ကြီး.."
အချစ် အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်လာတဲ့ ကြောင် အဖြူကြီးကို ကြည့်ခါ လန့်သွားရသည်..။
လူကိုပြေးကိုက်တော့မဲ့ အတိုင်း မျက်မှောင်ကြီးကြုတ်ပြီး ကြည့်နေတာ ကြောက်စရာ..။
"ကိုက်လား.."
"မကိုက်ပါဘူး…လူစီဖာ…လာ….ဗိုက်ဆာနေပြီလား ..သား.."
ဦးဒီက စကားကို နားလည် သလိုမျိုး ကြောင်က ပေါင်ပေါ် ခုန်တက်လိုက်တော့ ဝှီးချဲကို လှည့်ပြီး အခန်းပြင်ကို ခေါ်သွားသည်..။
အချစ်လည်း ဗိုက်ဆာနေတော့ ကြောင်နဲ့ ကပ်စားဖို့ အနောက်ကနေ ပြေးလိုက်သွားရသည်..။
"ထည့်စားလေ…"
"ဦးဒီကကို ခွံပေးရမလား.."
"အဟွင်း… ရွဲ့နေတာများလား.."
"မဟုတ်ပါဘူး..အချစ်ယူထားတဲ့ လစာနဲ့ အလုပ်ကနည်းနေတော့ အားနာလို့ပါ…"
"လိုအပ်တာကို ခိုင်းမှာပေါ့ အခုတော့ အေးဆေးစားပါလေ…ကြိုက်တာ ထည့်စား.."
"အင်း.."
အချစ်ကို ထားပြီး ကြောင်အတွက် ခုံပေါ်မှာ နွားနို့တွေ ထည့်ပေးခဲ့ခါ ထွက်သွားတော့ဘယ်သူမှ မရှိတုန်း  စားချင်တာတွေ အားလုံး ပလုတ်ပလောင်း ထိုင်စားပစ်လိူက်သည်..။
.
"မရဘူး..မသွားဘူး..အဒေါ် တစ်ယောက်တည်းရယ်.."
"ပန်းအချစ်ဦင်္း…ငါကောင်းကောင်းပြောနေတယ်လေ…သွားစမ်းပါ သမီးရယ် လိမ္မာပါတယ်…"
"အချစ်ကြောက်တယ်.."
"ဘာကြောက်တာလည်း…ငါက မောင်ဒီပါ့ကို စိတ်ပူနေတာ သူ့ခမျာ လူကောင်းမဟုတ်ဘူး…နင်က အအိပ်ကြမ်းတာနဲ့ ကန်ချမိရင်တော့ ဒုက္ခပါပဲ…"
"အဲဒါကြောင့်…"
"သွားပါ သမီးရယ်…သူ့အဘိုးက တစ်နေ့ကုန် ဆရာသမား တွေနဲ့ ဝိညာဉ် ကို နှင်ထားရတာ…သွားလိုက်ပါကွယ်.."
"ပြီးရော..ပြီးရော…ဟင့်.."
အချစ် ဟန်ဆောင် ပန်ဆောင် ပြောပြီး လှေကားကနေ တက်လာရင်း တဟီဟီ နဲ့ သဘောကျနေမိသည်..။
အပေါ်ထပ်က မွေ့ယာကြီး ဘယ်လောက်ကောင်းလည်း အဒေါ် မသိလို့ပေါ့…။
သိများသွားရင် ငါလည်း အပေါ်မှာ အိပ်ချင်တယ် ဖြစ်သွားလိမ့်မယ် ဟွင့်..။
"၀င်လာပြီဟေ့.."
အချစ် တံခါးကို တွန်းဖွင့်ပြီး ၀င်လာတော့ အခန်းထဲမှာ ဘယ်သူမှ ရှိမနေ..။
ဒီလူကြီး ဘယ်သွားပြန်ပြီလည်း..။
ရေချိုးနေရအောင်လည်း သူ့ဟာသူ မလျှောက်နိုင်တာပဲ…ဘယ်ရောက်နေပါလိမ့်..။
အချစ် တစ်အိမ်လုံး မွှေပတ်ကြည့်ရှု စပ်စု ပြီးသားမို့လို့ ဘယ်နေရာမှာ ဘာအခန်း ရှိတယ်ဆိုတာ ကောင်းကောင်းသိနေပြီ..။
အချစ် အပေါ်ထပ် က စာအုပ်ခန်းနဲ့ လေ့ကျင့် အခန်းထဲ ၀င်ကြည့်ပြီး မရှိတော့မှ ၀ရန်တာဘက်ကို ရောက်လာခဲ့သည်..။
"သြော.်…ဒီမှာကိုး.."
"အင်း…"
"ဘာလည်း…ဦးဒီကရဲ့ ချစ်သူ သရဲမလေးကို လွမ်းနေတာလား.."
"ချစ်သူ မဟုတ်ပေမဲ့ တစ်မျိုးပေါ့…သူက အန္တရယ် မပေးပါဘူး.."
"ဦးဒီက ကို ခြေထောက်ကျိုးအောင် လုပ်တာပဲဆို…"
"မသေချာပါဘူး…ဖေကြီး လျှောက်တွေးနေတာပါ…"
"အဘိုး က ၀ရန်တာ မထွက်ဖို့ မှာထားတယ်..လာ.."
"ဟင်.."
အချစ် ဝှီးချဲဘေးက ခလုတ်ကို နှိပ်ပြီး လက်နဲ့တွန်းလိုက်တော့ လှည်းကရွေ့သွားသည်..။
ဒါပဲလေ အချစ်တို့က ကြည့်တာနဲ့ ဘာမဆို အလွယ်တက်တဲ့ ညဏ်ကြီးရှင်…။
"အိပ်ယာပေါ်တက်မလား.."
"ရတယ်…ဒီက တက်နိုင်တယ်…"
"တက်ပါ ဒီက ဦးခြေကျိုးရယ်…"
"ဟ.."
"အဲ…ကန်တော့..ကန်တော့..စတာ အကျင့်ပါသွားလို့ပါ…အချစ်တွဲပေးမယ်…"
ဒီပါ နေ့တိုင်း ကိုယ်တိုင် ဖြည်းဖြည်းချင်းတက်နေတာ လွယ်ပေမဲ့ ခါးကို အတင်းဖက်ပြီး ဆွဲထူနေတော့ သူ့ကို ညှာပြီး ထရတာ အဆင်မပြေ…။
ခြေထောက်ကို အားပြုမိတော့ တစ်ချက်  နာသွားသည်..။
"ဦးဒီက က ညာဘက် အချစ်က ဘယ်ဘက်…အချစ် စည်းကျော်လာရင် ရိုက်ထုတ် သိလား..အချစ်က အအိပ်ကြမ်းလို့…"
ကလေးသဏ္ဍန်ဖြစ်နေတဲ့ သတို့သမီးလောင်းကို ကြည့်ရင်း သူ ပြောလိုက်တဲ့ စကားကြောင့် ပြုံးစေ့စေ့ ဖြစ်သွားရသည်..။
သူစိမ်းတစ်ယောက်နဲ့ တူတူ အိပ်ရတာကို သူ့မှာ ပေါ့ပါးနေလိုက်တာ..။
မတွေးတက်တာလား… မကြောက်တက်တာလား..ဒီပါ့ရဲ့ လက်ရှိအနေအထားကို သဘောပေါက်တာလားတော့ မသိပါဘူးလေ…။
"သြော်…ဦးဒီကမှာ ၀င်းရဲ့ ပုံလေးတွေ ရှိလားဟင်.."
"မိသားစု အလ်ဘမ်လား…ဖေကြီးဆီမှာတော့ ရှိတယ်..မနက်မှကြည့်လေ…"
"ဟာ..ဒီညတော့ အိပ်ရေးပျက်ပြီ ထင်ပါတယ်.."
"ဘာဖြစ်လို့လည်း.."
ဒီပါ့ ကို အဖြေမပေးပဲ ဆတ်ခနဲ့ထထိုင်ခါ စောင်ကို ဆွဲယူပြီး သေချာလိုက် ခြုံပေးနေပြန်သည်..။
"အချစ်က ၀င်းလေး ပုံကို မတွေ့ရရင် အိပ်မပျော်ဘူး..အိမ်မှာဆို ညတိုင်းကြည့်ပြီးမှ အိပ်တက်တာ…လူတွေ့နေရမယ် မှတ်လို့ ယူမလာမိဘူး.."
"အဟွင်း…ပန်းအချစ်ဦး က ဘယ်အချိန်ကတည်းက ရူပါ့ကို သိတာလည်း…"
"နှစ်နှစ်တောင်ရှိပြီ…ဦးဒီက ကလည်း အချစ်ကို နာမည်တိုပဲ ခေါ်မယ်ဆိုပြီး ပန်းအချစ်ဦး  ဖြစ်သွားပြန်ပြီ…"
မျက်နှာလေး စူပုတ်ပုတ် နဲ့ရန်တွေ့သလို သတိပေးသလို ပြောနေတော့ ဒီပါ စိတ်ထဲ ရယ်ချင်မိသည်..။
"တစ်ခွန်းတည်းကျတော့ တစ်မျိုးကြီး ဖြစ်နေလို့ပါ.."
"ဒါဆို ပန်းလေး လို့ခေါ်ပေါ့ ဘယ်သူမှလည်း မခေါ်သေးဘူး…နှစ်လုံးတောင် ထပ် မပြောင်းနဲ့တော့နော် ပန်းလေးကိုပဲ နေရာကျအောင်ခေါ် ဒါမှ အဘိုး နဲ့ အဒေါ်က ကြားပြီး အထင်တွေလွဲ ပီတိတွေ ဖြာနေမှာလေ…ဟိဟိ…"
သူ့အထင် သူ့အမြင်နဲ့ စိတ်ကူးယဉ်အစီအစဉ်တွေ ဆွဲနေတော့ စိတ်ထဲက စချင်လာပြန်သည်..။
ငယ်ငယ်ကတည်းက တောင့်တခဲ့တဲ့ ခပ်ဆိုးဆိုး ညီမလေး တစ်ယောက် ကောက်ရသလို ဖြစ်နေတော့ သူက ဒီပါ့ အတွက် စိတ်ရှုပ်စရာ ဖြစ်မလာတော့ပါ..။
"ပန်းလေး…အင်း..တစ်မျိုးဖြစ်တုန်းပဲ…ကောင်မလေး လို့ပဲ ခေါ်ချင်တယ်…"
"ထားပါတော့…"
"ကောင်မလေး ဆီမှာ ရူပါ့ ဓာတ်ပုံ တွေ အများကြီး ရှိတာလား.."
"အင်း..အချစ်မှာက ဖုန်းမရှိဘူးလေ ဒါကြောင့် ဖုန်း၀ယ်ဖို့ ပိုက်ဆံရှာနေတာ အခုတော့ ငါးသောင်းစျေးဦးပေါက်ပြီး မျှော်လင့်ချက်လည်း ပျောက်ပြီ…"
"ဖုန်းနဲ့ ဘယ်သူကို စကားပြောမလို့လည်း.."
"မပြောပါဘူး..၀င်းလေး ပုံတွေ ကြည့်ချင်လို့ပေါ့…ပြောရင်းဆိုရင်း လွမ်းလာပြီ…ဝါး…."
"အိမ်မှာနေလည်း ဒီလိုပဲလား..ပန်းအချစ်ဦး…"
"အချစ်က ဘာဖြစ်နေလို့လည်း.."
ပါးအောက်ကို လက်ဖိပြီး ရုတ်တရက် လှည့်လာခါ ရန်တွေ့တော့ ရင်ထဲထိတ်ခနဲ့ ဖြစ်၍ ဘာပြောရမလည်းဆိုတာ ပြန်စဉ်းစားရပြန်သည်..။
"ဟို…ကလေးလေး နဲ့ တူလို့ပါ…"
"အလုပ်လုပ်ရင်တော့ လူကြီးလိုနေတာပေါ့…ဒါပေမဲ့ ဆယ့်ခွန်ဆိုတာ ကလေးပဲဟာ…"
"ဟုတ်ပါတယ်လေ…ကဲ အိပ်တော့..မနက်ကျရင် ပန်းအချစ်ဦးရဲ့ ၀င်းကို အိမ်လာဖို့ ဖုန်းဆက်လိုက်မယ်.."
"တကယ်နော်…"
"အင်း.."
ဘေးက တစ်ချက်မှ အကောင်းမနေတက်သည့် ကောင်မလေး အိပ်ပျော်သွားပေမဲ့ ဒီပါ အိပ်မပျော်နိုင်သေး…။
အဖေ နဲ့  အမေ့ ဓာတ်ပုံကို အံဆွဲထဲက ထုတ်ပြီး ကြည့်နေမိသည်..။
အရင်လို စကား ခပ်တိုးတိုးမပြောရတော့ စိတ်ထဲက သာ တိုင်တည်နေရသည်..။
"အဖေ..ဒီမှာ ဆံညှပ်တစ်ချောင်းတိုးလာပြီ…အမေ့ခေါင်းက သဇင်ပန်းကို ဖြုတ်ပေးရင်း ဆံညှပ်ကလေးကို အဖေ အိတ်ကပ်ထဲ အမှတ်တရ သိမ်းခဲ့တယ်မလား….ဒီကလည်း သူ့ကို ဇာဖြုတ်ပေးရင်း သတိရလို့ တစ်ချောင်းကို အံခွက်ထဲထည့်ထားမိတယ်…ခိုးတာ မဟုတ်ပါဘူးနော်…အမှတ်တရပေါ့လေ… ဆံညှပ်ကလေး နှစ်ချောင်းဖြစ်သွားပြီ.. ဒီဆံညှပ်လေးက လှိုင်းတွန့်တွေနဲ့ ပါးပါးလေးပါ…"
ဒီပါ့ လက်ထဲက ဆံညှပ်ကလေးကို အဖေ့ရဲ့ သစ်သားသေတ္တာ သေးသေးထဲက ဂွမ်းလေးပေါ်တင်လိုက်သည်..။
အမေ့ရဲ့ဆံညှပ်လေးက ခပ်ထူထူဖြင့် ထိပ်ပိုင်းက နည်းနည်းလေး အရောင်ပျက်နေပြီလေ…
ဒီပါ့ အသစ်ထည့်တဲ့ ဆံညှပ်ကလေး ကတော့ မတူတဲ့ ဒီဇိုင်း တစ်မျိုး ဖြစ်နေသည်..။
သေတ္တာ ဘူးလေးကို အောက်အံဆွဲထဲ ပြန်ထည့်လိုက်ပြီး ဓာတ်ပုံကို ကောက်ကိုင်လိုက်သည်..။
"ဟူး..ဒီက တော့ ..အချစ်ဘယ်လိုကြီးလည်း မသိသေးပေမဲ့..…ဒီကောင်မလေးကိုပဲ တစ်သက်လုံး ချစ်နိုင်အောင် ကြိုးစားပါမယ်လေ.."
အခုတော့ မချစ်တဲ့သူနဲ့ တစ်အိပ်ယာထည်း အိပ်ဖို့ကို သူ့မှာ  ဘာမှ ကို ကြီးကြီးမားမား မတွေးပဲ တက်အိပ်နိုင်သည်လေ..။
ပန်းအချစ်ဦး ဆိုတာ အပူအပင် သိပ်မထားတက်တဲ့ ကလေး မဟုတ် လူကြီးမဟုတ် တဲ့ ဆယ်ကျော်သက် ကောင်မလေးပင်…။
အိမ်က လူတွေနဲ့ စကားကြာကြာပြောရင်တောင် သိပ်မကြိုက်တက်တဲ့ဖေကြီးကြောင့် ဒီပါ့ရဲ့ အထီးကျန်မှုတွေကို အလုပ်ထဲဖိထည့်ထားရသည်..။
အခုလို အာသွက် လျှာသွက် ကြက်တူရွေးလေး တစ်ကောင် က အနားကိုေ၇ာက်လာတော့ သူ ပြောသလို ခပ်ပေါ့ပေါ့ တွေးတက်ရင်တော့ စိတ်ချမ်းသာ စရာပင်..။
တွေ့တာ တစ်ရက်ပဲ ရှိသေးတဲ့ ယောင်္ကျားလေး တစ်ယောက်ကို အခုလို ရင်းနှီးနေနိုင်တာ ဘယ်လို မျိုးလေးပါလိမ့်..။
ဒီပါ အတွေးတွေနဲ့ ဘေးကို လှမ်းကြည့်လိုက်ချိန် အိပ်ပျော်နေတဲ့ ကလေး တစ်ယောက်ကလွဲပြီး ဘာမှ မတွေ့..။
"အား…"
ခြေထောက်က စူးနာသွားတော့ ငုတ်တုတ်ထထိုင်လိုက်ချိန် ဒီပါ့ ခါးကိုဖက်ထားပြီး ပေါင်ပေါ်ကို တက်ခွထားသည်..။
ဒုက္ခပါပဲ…အအိပ်ကြမ်းပါသည်ဆိုတဲ့ လျှောက်လဲချက်က အခုတော့ လက်တွေ့ဖော်ဆောင်လိုက်ပြီ..။
ဒီပါ ကိုယ်ကို အသာ ရုန်းထွက်ပြီး စောင်ခြုံပေးခါ ဘေးက ဝှီးချဲကို ဒေါက်ချလိုက်၍ လက်ကိုအားပြုခါ ပြောင်းတက်ရသည်..။
၀ှီးချဲပေါ်မှာ ခပ်တောင့်တောင့် အိပ်ရင်း ကံဆိုးသူ သတို့သားလောင်း မောင်မျိုးချစ်ဒီပါ ရဲ့ မင်္ဂလာဦးည အကြောင်းတွေးမိခါ ပြုံးစေ့စေ့ ပင်ဖြစ်သွားရသည်..။
အဖေ က သူ့ မင်္ဂလာဦးညမှာ အမေ့ကို အော်မိပြီး တကယ် ပြန်သွားမှာ စိုးရိမ်ခါ ရင်တဒိတ်ဒိတ် ဖြစ်ခဲ့ရသည်။
ဒီပါကတော့ အကန်ခံရမှာစိုးလို့ ရင်တဒိတ်ဒိတ် ဖြင့် ထ ပြေးရသည့် ည...။
ဘယ်တက်နိုင်မလည်း..ကလေးကို လက်ထပ်ယူမိသည်ကိုး…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧

စာတွေရှည်သွားတာ ဆောရီးပါ နော် 🙏
စာဖတ်သူလေးတွေ
ကိုယ်ချစ်ရတဲ့သူတွေနဲ့ တစ်သက်လုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် အတူတကွ ဖြတ်သန်းနိုင်ကြပါစေ ❤

Happy Valentine Day ❤

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now