Part 25

3.1K 128 1
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၅)
#မုန်းပါနဲ့ဦး

"ဟင်း.."
ဒီပါ သက်ပြင်းချလိုက်ပြီး ရင်ခွင်ထဲမှာ တိုး၀င်ခါ အိပ်မောကျနေသည့် ကောင်မလေးကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်..။
သူလုပ်ခဲ့တဲ့ အမှားတစ်ခု ကြောင့် ခံစားနေရတာ သိပေမဲ့ ဘာတွေ ဘယ်လို အစားထိုးပေးရမလည်း မတွေးတက်ခဲ့ပါ..။
ကိုယ့်ဘက်က ပိုပြီး ဂရုစိုက် ကြင်နာရမှာ သိပေမဲ့ များလွန်းလှတဲ့ လုပ်ငန်း ပြဿနာတွေကြောင့် ပျက်ကွက်ခဲ့ရသည်..။
အခုတော့လည်း နေမကောင်း ဖြစ်ပြီး ကတည်းက သူ့ဟာသူ သက်သာသလို တွေးရင်း ညအိပ်ပျော်သွားရင်  ရင်ဘတ်ထဲ တိုး၀င်ခါ ခါးကို ဖက်၍  အိပ်တက်နေပြီ..။
နာရီ ကြည့်ပြီး ဖြည်းဖြည်းချင်းထလိုက်ခါ စောင်ကို ပခုံးအောက် လျော့ပြီး ဆွဲချပေးမိသည်..။
ပူပြီဆိုတာနဲ့ ငုတ်တုတ်ထထိုင်ပြီး ရှိသမျှ ချွတ်တက်သည့် အကျင့်ကြောင့် ဒီပါ ကိုယ်တိုင်ပဲ အပူအအေးမျှအောင် သတိထားပေးနေရသည်..။
"အကို.."
"အင်း..လာပြီ…"
ဒီပါ အခန်းထဲက ထွက်လာတော့ ဖိုးကောင်းက ဝှီးချဲ အဆင်သင့် ပြင်ထားလို့ ထိုင်လိုက်ပြီး
"အခန်းကို အပြင်က ပိတ်ထားဖို့ ပြောလိုက်."
"ဟုတ်ကဲ့….အကို…ပန်းအချစ်ဦး နိုးလာရင် ဘယ်လို လုပ်မလည်း.."
"မနိုးသေးပါဘူး..မနေ့က ခရီးပန်းလာတော့ သူ ဒီနေ့ နောက်ကျနိုးလိမ့်မယ်.."
"အဟဲ..ဟုတ်ကဲ့…"
"ဘာလည်း.."
ဒီပါ့ အနားမှာ လမ်းလျှောက်နေတဲ့ ဖိုးကောင်းက ရယ်ကြဲကြဲ မချိုမချဉ် လုပ်နေတော့ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်မိသည်..။
"မဟုတ်ပါဘူး..အကိုက ပန်းအချစ်ဦးကို တအား ဂရုစိုက်တာပဲ…ကျွန်တော်တို့မှာ အကို က ခပ်အေးအေး …ယူရတဲ့ မိန်းမက ငယ်ငယ်လေး ဆိုတော့ စိတ်ညစ်နေမယ် ထင်တာ..ပန်းအချစ်ဦးကလည်း နည်းနည်း ဆိုးတယ်လေ…"
"ဆိုးတာပေါ့…ငါတွေ့ဖူးခဲ့တဲ့ မိန်းကလေးတွေနဲ့ မတူအောင်ကို ဆိုးတာပဲ..တစ်ခါတလေ ဆူငေါက်ပြီးကို ဆုံးမချင်တယ်..မနည်းမြိုသိပ်ထားရတယ်…""အဟဲ..ဒါမှ လိုက်ဖက်သွားတာပေါ့…သူအေး ကိုယ်အေးဆို ဘယ်ပျော်ဖို့ ကောင်းမလည်း..အခုတော့ အကို့ နှလုံးသား ပူနွေးသွားပြီမလား…"
"အဟွင်း..မင်းလည်း ရူပါ့လိုပဲ…"
"၀န်ခံလိုက်ပါ အကိုရာ သိသာနေပြီ…"
"တစ်ဘဝလုံး အတွက် ရည်ရွယ်လို့ လက်ထပ်ထားပြီးပြီပဲလေ… ချစ်တာပေါ့.."
"ဒါဆို ကလေးလို နေခွင့်မပေးနဲ့တော့လေ …ပန်းအချစ်ဦးက အကိုနဲ့ တွေ့တိုင်း ကလေးလို ဖြစ်နေတာ ကြာရင် မလွယ်ဘူးနော် .."
"သူ ပျော်သလို နေပါစေ…"
"အကိုက မိန်းမ အတွေ့အကြုံမရှိတာ ခက်တာပဲ..မိန်းကလေးတွေက အကို့လို တိုးတိုးတိတ်တိတ် ပေးဆပ်နေတာမျိုးကို ကြိုက်တာ မဟုတ်ဘူးနော်…"
"အဟွင်း..အန်ကယ်စိုးကို ဖုန်းခေါ်ပါဦး မိန်းမဆရာကြီးရာ.."
"ဟဲ…ဟဲ…ဟုတ်ကဲ့.."
ဖိုးကောင်း ဖုန်းပြောနေတုန်း ကြယ်လေးတွေ အိပ်တန်းမ၀င်သေးသည့် ကောင်းကင်ကို မော့ကြည့်ရင်း အချစ်အကြောင်း တွေးတောနေမိသည်..။
စာအုပ်ထဲမှာ အချစ် ပုံသဏ္ဍန် အမျိုးမျိုး ဖတ်ခဲ့ဖူးပေမေမဲ့ ကိုယ့်အချစ်ကျပြန်တော့  ဂျစ်ကန်ကန် ပုံစံဖြင့်ဆန်းကြယ်ပြီး ကွဲပြားနေပြန်သည်..။
အိမ်ကို စရောက်တည်းက နှုတ်ခမ်းတင်းတင်းစေ့ ပိတ်ပြီး ကိုယ့်ဘေးမှာ ရပ်နေတဲ့ ပုံရိပ်ကို ပြတင်းမှန်က နေ ငေးနေခဲ့မိသည်..။
မနူးညံ့ပဲ မာကြောမှုတွေပါ၀င်နေတဲ့ မျက်၀န်းလေးက ဘယ်လို အမိန့်မျိုးအောက်မှာမှ မနေနိုင်တာ သိသာလွန်းပါသည်..။
ဒါကြောင့် သူပျော်သလို တွေးပြီး လွတ်လပ်စွာ နေခွင့်ပြုခဲ့သည်..။
ဒီပါ က အဖေ့ကိုတူလို့ ဖြစ်ပါလိမ့်မည်…။ အချစ်က တဖွဖွ ပြောပြီး ချစ်ဖို့ မကြိုးစားချင်ဘူး…ဘယ်လောက် အထိ ချစ်လည်း မပြောပဲနဲ့ သိနေအောင်ကို ချစ်ပြချင်တယ်…သူ့ အတွက် တိုးတက် ကောင်းမွန်တဲ့ အရာမျိုးတွေကိုပဲ ဖန်တီးပေးချင်တယ်…သူ့ ဘ၀ ကောင်းစားဖိ်ု့ အတွက် ဆိုရင် အပြုံးတွေကို ဖုံးဖိထားပြီး ခက်ထန်မာကျော မှုတွေပဲ ပေးသင့်ရင် လည်း ပေးရမယ် ….သူ ပျော်ရွှင်နေဖို့ ဆိုရင် နာကျင်နေရလည်း ဖြစ်တယ်..မနေချင်တော့တဲ့ တစ်နေ့ ရင်ခွင်ကို ခြေစုံကန်ပြီး ထွက်သွားတောင် ခွင့်လွှတ်တက်ဖို့ အဆင်သင့် ပြင်ထားတယ် …ပေးချင်တဲ့ အချစ်က သူ့တစ်ဘ၀လုံး အတွက် ပြီးပြည့်စုံတဲ့ အချစ်….။
ဒါပေမဲ့ အဖေက ဒီပါ့ကို အကြိမ်ကြိမ် သတိပေးပြီး ဘ၀တစ်ခုလုံးကို ရင်းနှီးပြထားတော့ ကိုယ်ချစ်တာကို ချစ်တဲ့ သူမှာ သိစေချင်သည်..။
သူ သိအောင်လို့ ဖွင့်ပြောပြမိတော့လည်း… နားမလည်သလိုလို လုပ်နေတာ ဘာများ ဆက်လုပ်ရမှာလည်း…။
"အန်ကယ်စိုး က နိုးနေပြီတဲ့ အကို.."
"အင်း….သွားကြတာပေါ့…ခုနှစ်နာရီ လောက်ကို ပြန်ရောက်မယ် ထင်တယ်.."
"ဟုတ်ကဲ့.."
အန်ကယ်စိုးက ဟိုတယ် အချက်အလက်တွေ လာယူတာမို့ ဒီပါ့ မနက်ပိုင်း ပြန်ဖို့ ဆုံးဖြတ်လိုက်ရသည်..။
.
"ဝါး.."
အချစ် ခပ်နွေးနွေး ဖြစ်နေတဲ့ ခုတင်ပေါ်မှာ လူးလိမ့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းခါ သမ်းလိုက်သည်.။
ကိုယ်ပေါ်က ရေမွှေးနံ့ ဆွဲနေသည့် ဦးဒီက ရဲ့ ရှပ် အကျီ င်္ကို ငုံ့နမ်းကြည့်ပြီး ပြုံးစေ့စေ့ ဖြစ်သွားခါ ခုတင်ပေါ်က ခုန်ထရသည်..။
"ဦးဒီက….ဦး..ဒီ…က…ရေ…"
"……"
အချစ် ရေချိုးခန်း တံခါး ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘယ်သူမှလည်း မရှိနေ..။
ဦးဒီက တော့ မနက်စောကြီး အချစ်ကို မစောင့်ပဲ ထွက်သွားပြီ ထင်တယ်..။
အချစ် မျက်နှာ အမြန်သစ်ပြီး ဆံပင်ကို လက်နဲ့ သပ်တင်ခါ ရှပ် အကျီ င်္ကို လက်ကြယ်သီးတပ်၍ ထွက်လာရသည်..။
"ဟင်.."
"ဒုတ်…"
တံခါးကို လှည့်ဖွင့်တော့ တံခါးက မပွင့်ပဲ တစ်ခုခု ခံနေသလိုလို…။
အချစ် ရင်ထဲ ထိတ်ခနဲ့ ဖြစ်ခါ ဦးဒီက မှာ ရန်သူ ရှိတယ် ဆိုတာ သတိရသွားသည်..။
အချစ် အိပ်ပျော်နေတုန်း ဦးဒီက ကို ဖမ်းခေါ်သွားကြတာလား..။
အခန်းထဲကို ဝေ့ပတ်ကြည့်တော့ အိတ်နဲ့ ဖုန်းလည်း ကျန်ခဲ့သည်..။
"အဟင့်…ဒုန်း.."
"……."
အချစ် တံခါးကို ပိတ်ကန်လိုက်ပြီး ဖွင့်ဖို့ ကြိုးစားပေမဲ့ အရာမထင်သလို အသံထွက်ပြီးလည်း မအော်ရဲ…။
လူဆိုးတွေက အသံကြားပြီး အန္တရယ် လာပေးရင် ဘယ်လို လုပ်မလည်း..။
"မင်းကို ရန်သူတွေ တွေ့မှာ အရမ်းကြောက်နေတယ်.."
"ဟင့်..အချစ် ကို ကာကွယ်ပေးပြီး ဦးဒီက ဘယ်ပျောက်သွားတာလည်း…"
ခုတင်ပေါ်မှာ ခြေတင်ထိုင်လိုက်ပြီး ခေါင်းအုံးကို ပွေ့ပိုက်ခါ အသံ မထွက်အောင် ရှိုက်နေမိသည်..။
လူဆိုးတွေ ဖမ်းသွားပြီး ဦးဒီက ကို နှိပ်စက်နေပြီလား..။
အချစ် ခုတင်ပေါ်က ခုန်ဆင်းပြီး ဖုန်းကို ကောက်ကိုင်လိုက်ပေမဲ့ ခေါ်လိုက်မှ သိကုန်ရင် ဒုက္ခရောက်ဦးမည်..။
ဖုန်းကို ပြန်ချပြီး ခေါင်းကို ကုတ်ရင်း အကြံထုတ်နေမိတာ အချိန်တော်တော် ကြာသည် အထိ ခေါင်းက အသုံး၀င်တဲ့ အကြံ ထွက်မလာပဲ ဦးဒီက ကိုသာ မြင်ယောင်နေသည်..။
ခုတင် ဘေးက ပြတင်းပေါက်ကို ဖွင့်လိုက်ချိန် လေအေးတွေက ဖြူးခနဲ့ ၀င်လာလို့ ဆံပင်တိုတွေတောင် ထောင်ပျံ ကုန်သည်..။
အချစ် အောက်ကို ငုံ့ကြည့်ပြီး မျက်လုံးတောင် ပြူးသွားရသည်..…
အောက်မှာ ရပ်ထားတဲ့ ကားတွေက စီတန်းပြီး အချစ်က အမြင့်ဆုံးရောက်နေတာလေ..။
အချစ် ခုတင်ပေါ် က အိပ်ယာခင်းတွေကို ဆွဲဖြုတ်ပြီး သေချာအောင် အတုံးတွေ လုပ်ခါ ပြတင်းပေါက် ကို တစ်ခါ ငုံ့ကြည့်လိုက်သည်..။
ဟူး..မြင့်လွန်းလို့ မတော်မဆ ပြုတ်ကျရင် သေမှာလေ…။
ဒါပေမဲ့ ဦးဒီက ကို လိုက်ရှာဖို့ အရေးကြီးနေတာမို့ အချစ် နှုတ်ခမ်းကိုက်ပြီး အခင်းတွေကို ထပ်ချည်နေမိသည်..။
ရုပ်ရှင်ထဲကလို လုပ်နေပေမဲ့ အခင်းက ချည်လည်း ပြီးရော တိုတို လေး ဖြစ်နေသည်..။
"ဟင့်..ဘယ်လို လုပ်ရ့မလည်း..."
အချစ် ပြတင်းပေါက် မှာ မှီရပ်နေရင်း ဘာလုပ်ရင် ကောင်းမလည်း စဉ်းစားမရအောင် ဖြစ်နေရသည်..။
ဦးဒီက များ တစ်ခုခု ဖြစ်နေပြီလား..။
အချစ် မျက်ရည်တွေကို ဆွဲသုတ်လိုက်ခါ အောက်ကို ပြန်ငုံ့ကြည့်လိုက်တာ ကားတွေ အနားမှာ ဦးဒီက နဲ့ မိန်းမ တစ်ယောက် စကားပြောနေသည်..။
၀ှီးချဲပေါ်မှာ ထိုင်နေတဲ့ ဦးဒီက ကို ငုံ့ကြည့်ပြီး ပြောနေတာ မျက်နှာချင်းတောင် ထိတော့မယ် ထင်ပါသည်..။
ဦးဒီက ကလည်း ပြုံးနေလိုက်တာများ..။
"ဟင့်...."
အချစ် လက်ထဲက  အခင်းတွေကို ပစ်ချလိုက်ပြီး မျက်ရည်ပြည့်လာတဲ့ မျက်၀န်းတွေကို လက်နဲ့ ပွတ်၍ တားဆီး ပစ်လိုက်သည်..။
ခေါင်းအုံးကို နံရံဆီ ပစ်ပေါက်လိုက်ပြီး အခန်းတံခါးကို တဒုန်းဒုန်းဖြစ်အောင် ပိတ်ကန်လိုက်သည်။
အချစ်ကို ကျတော့လှောင်ပိတ်ပြီး သူကျတော့ သူ့ရည်းစားကို လာတွေ့နေတာကိုး…။
ည ကတည်းက အချစ် အိပ်ပျော်နေတုန်း ထားပြီး ထွက်သွားတာလားမှ မသိတာ…။
အချစ် လည်ချင်လို့ပါ ဆိုတာလေးကို ကျတော့ အော်ငေါက်ပြီး လိုက်မပို့ နိုင်ဘူးတဲ့လေ….သူကျတော့..။
ဟာ…ဟို မိန်းမကြီးက ဦးဒီက ရဲ့ ပါးကိုတောင် ကိုင်ခွင့်ရနေတာလား..။
အချစ် မျက်ခုံးတွန့် သွားပေမဲ့ ရင်ထဲမှာက တလှပ်လှပ်ဖြင့် ဘာတွေ ဖြစ်ကုန်ပြီလည်း မသိ..။
ခုံပေါ်မှာ တင်ထားတဲ့ ရီမုကို လှမ်းယူပြီး ထိုမိန်းမကြီးလက်ကို ပစ်ပေါက်ဖို့ ရွယ်မိပြီးခါမှ စိတ်ကို ပြန်သတိပေးနေရသည်..။
"လူလိမ်ကြီ….လူညာကြီး…အလကား…လူကြီး.."
အချစ် ငိုသံနဲ့ ခပ်တိုးတိုး ပြောလိုက်မိပြီး လက်ထဲက ရီမုကို ခုတင်ပေါ် ပစ်တင်လိုက်ခါ ပြတင်းပေါက် လိုက်ကာကို ဆွဲပိတ်ပစ်လိုက်သည်..။
ညတုန်းက စိတ်ကူးယဉ်ထားမိတဲ့ အိပ်မက်တွေကို ရှက်လို့ ခေါင်းအုံးနဲ့ မျက်နှာအပ်ပြီး အေ်ာလိုက်မိသည်..။
"ရပြီ..မင်း ပြန်ဖို့ အဆင်သင့် လုပ်ထားလိုက်လေ.."
"ဟုတ်ကဲ့.."
တံခါး အနားက စကားသံတွေ ကြားနေရတော့ အချစ် မျက်မှောင်ကြုတ်ခါ အံကြိတ်၍ ခုတင်ပေါ်က ထပြီး ပြတင်းပေါက် ဘောင်မှာ ခြေထောက် အပြင်ကို ထုတ်ပြီး ထိုင်လိုက်သည်..။
"ဟာ…ပန်းအချစ်ဦး..မင်း..ဘာ..ဆင်းစမ်း.."
"မဆင်းဘူး…အချစ်ကို လှောင်ပိတ်ထားလို့ မရဘူး..အပေါက်ရှာပြီး ထွက်ရဲတယ်.."
"စိတ်ပူလို့ပါ ကွာ ဆင်းနော်…"
"ဒီလို လုပ်လို့မရဘူး သိလား..မုန်းတယ်..မုန်းတယ်…"
ဒီပါ့ အိပ်မက်ထဲက အတိုင်း မျက်ရည်တွေနဲ့အော်နေတဲ့ ပန်းအချစ်ဦးကြောင့် ဒီပါ မျက်လုံးပြူးသွားရင်း ရင်ခုန် နှုန်းတွေ မြန်လာတော့သည်...။
"မဟုတ်ဘူး..ဒီက မင်း အတွက် စိတ်ပူလို့ပါ  ….ပြုတ်ကျလိမ့်မယ်..ပြန်ဆင်းပါကွာ…."
ဒီပါ အိပ်မက်တွေကို မြင်ယောင်ရင်း ရှေ့တိုးလို့လည်း မဖြစ်သလို တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်ပြီး မတည်မငြိမ်ဖြင့် တစ်ကိုယ်လုံး ပူထူ လာသလို ရှိသည်..။
"သေပါစေ…ရှေ့မတိုးနဲ့ ခုန်ချပစ်လိုက်မယ်…"
"အင်း…မတိုးတော့ပါဘူးကွာ…ဆင်းပါ…ကောင်မလေးရယ်…"
"ဟင့်..အချစ် ကို လိမ်တယ်.…"
"ပန်းအချစ်ဦး…"
ကိုယ်ကို လှုပ်ပြီး အခန်းထဲဘက်ကို လှည့်၍ ပြောတော့ ဒီပါ စိတ်ပူတာနဲ့ ဒေါသပေါင်းပြီး အော်ပစ်လိုက်မိသည်..။
"ဟင့်…"
"ရှေ့မတိုးနဲ့နော်…မအော်နဲ့…ဟီး.."
"မတိုးလို့ မရဘူး..မင်းဗိုက်ထဲမှာ ငါ့ ကလေးတွေ ရှိတယ်.."
"ဟင်.."
"မင်းပြုတ်ကျလို့ သေသွားလည်း ဘာမှ မဖြစ်ဘူး..အထဲမှာ ကလေး နှစ်ယောက်တောင် ရှိနေပြီ.."
"ဟမ်.."
သူ့ ဗိုက်ကို သူ ငုံ့ကြည့်နေချိန် ဒီပါ ရှေ့ကို တစ်လှမ်း အမြန် တိုးပြီး ရပ်လိုက်ရသည်..။
"မဟုတ်ဘူး."
"ဟုတ်တယ် မဟုတ်ဘူး မင်းထက် ဆရာ၀န်က ပိုသိတယ်…"
"ဟီး….ဟုတ်ဘူး..မရှိဘူး.."
"မင်း ဖျားတုန်းက ဆရာ၀န်လာတော့ စစ်လိုက်တာ…ဒါကြောင့် မင်းလို လူဆိုးမလေးကို အလိုလိုက်ပေးနေရတာ သိရဲ့လား.."
"ဟင့်…ဟီး…..နှစ်ကောင်တောင်.."
"..ပြန်၀င်…"
ဒီပါ ရင်ခုန်နှုန်း တဒိတ်ဒိတ်ဖြင့် ပြောလိုက်တော့ သူ့ဗိုက်ကို စမ်းကြည့်ရင်း မျက်မှောင်ကြုတ်ခါ စဉ်းစားခန်း ၀င်နေသေးသည်..။
သူ့အတွေးနဲ့ သူ သတိမထားမိချိန် ဒီပါ တိုးသွားတာ ခုတင်အနားကို ရောက်သွားပြီ..။
စိတ်ထဲ မတင်မကျနဲ့ အသည်းအေးလွန်းလို့ ခုတင်ပေါ်ကို တက်ခါ ဆွဲချလိုက်မိသည်..။
"အား.."
ဒီပါ မျက်လုံး စုံမှိတ်ခါ ဆွဲချလိုက်ရင်း လက်ထဲ ပါလာရဲ့လားလို့ မတွေးရဲသေး..။
ခုတင်ပေါ်က မွေ့ယာ အိအိ ထဲကို နှစ်ယောက်စလုံး လုံးထွေး ပုတ်ကျသွားချိန် အိပ်မက်ထဲကလို ဖြစ်သွားမှာ ကြောက်လို့ တင်းကြပ်နေအောင် ဖက်ထားလိုက်မိသည်..။
"ဘာမှ မဖြစ်ဘူး…ဘာမှ မဖြစ်ဘူး..ဟုတ်တယ်…ကျိန်းကြေသွားပြီ…"
ဒီပါ တင်းကြပ်နေအောင် ဖက်ထားရင်း နှုတ်က တတွတ်တွတ် ပြောခါ ဆံပင်လေးတွေကိုပါ  မရဲတရဲ ကိုင်ကြည့်ပြီး စိုးရိမ်စိတ်တွေ လျော့ကျလာသည်..။
"အား…လွှတ်…"
"မင်း..တော်တော် ဆိုးပါလား..ပန်းအချစ်ဦးရယ်.."
"ဟုတ်တယ်…ဆိုးတယ်…ဦးဒီက ခုလွှတ်နော်…"
"မလွှတ်ဘူးကွာ…"
"မုန်းတယ်..သိလား..မုန်းတယ်"
တင်းကြပ်စွာ ဖက်ထားတာကို လက်လွှတ်အောင် ရုန်းပြီး ရင်ဘတ်ကို ထုနေတာ ငြိမ်ခံနေမိသည်..။
မုန်းတယ်လို့ ပြောရင်း နှုတ်ခမ်းသားတွေ တုန်ယင်ခါ မျက်ရည်တွေ ပြိုကျလာတော့ ဒီပါ့ လွှတ်ပေးလိုက်ရတော့သည်..။
"မင်း လျှောက်သွားနေရင် အန္တရယ် များလို့ ပိတ်ထားခဲ့မိတာပါ…"
"ဦးဒီက ကို မုန်းတယ်..အချစ်ကို လှောင်ပိတ်ထားတာလည်း မုန်းတယ်…အမြဲတမ်း အပြစ်ရှာနေတာလည်း မုန်းတယ်…စည်းတွေ ဘောင်တွေ လိုက်လုပ်နေတာလည်း မုန်းတယ်…ပျော်သလို နေခွင့် မပေးတာလည်း မုန်းတယ်..စိတ်ညစ်အောင်လုပ်လို့လည်း မုန်းတယ်..ဟီး…ဗိုက်ထဲ ကလေးတွေ ရောက်နေတာလည်း မုန်းတယ်…ဟီး…"
ခုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်ပြီး လက်သီးဆုပ်လေးနဲ့ မွေ့ယာကို ထုခါ ဒေါသဖြင့်ပြောရင်း  ငိုနေတော့ ဒီပါ စိတ်မကောင်း ဖြစ်ရပေမဲ့ သူ့ အတွေးနဲ့ သူ့ အပြောလေးကြောင့် ရယ်ချင်သွားသည်..။
ပခုံးကို ဖွဖွ ဖက်လိုက်မိတာ လက်ကို တွန်းချလို့ ဖိပြီး ရင်ခွင်ထဲထည့်၍ ဖက်လိုက်ခါ မျက်ရည်တွေကိုသုတ်ပေးလိုက်သည်..။
"လှောင်ပိတ်ထားတာ မင်းအတွက်ပါ ကောင်မလေးရယ်…အမြဲတမ်း အပြစ်ရှာနေတာ အပြစ်မရှိအောင် နေစေချင်လို့လေ…စည်းတွေ ဘောင်တွေနဲ့ အကာအကွယ် လုပ်ပေးထားတာပါ….ပျော်သလို နေခွင့်မပေးတာ အပျက်တွေ ဖြစ်သွားမှာစိုးလို့ပါ…စိတ်ညစ်အောင် လုပ်မိတာတော့ ခွင့်လွှတ်ပါ…ဗိုက်ထဲက ကလေးတွေကတော့ ဒီက မုသားသုံးလိုက်မိတာပါ…တကယ်မဟုတ်ပါဘူး.."
"ဟင်.."
"အဟွင်း…ကလေး ကျနေတာပဲ…ပြောလိုက်ရင် အကုန်တက်သိတယ် ဆိုပြီး…ဘာမှ လည်း မသိဘူး...."
"ဟင်… ဘာတွေ လျှောက်ပြောနေတာလည်း…အား..လွှတ်…ဖယ်…"
မျက်နှာလေး ရဲတက်လာခါ ခေါင်းငုံ့ပြီး ရင်ဘတ်ကို စုံတွန်းနေတော့ လက်ကလေး နှစ်ဖက်ကို ညာလက်ဖြင့် ဆွဲကိုက်ခါ ဘယ်လက်ဖြင့် ပခုံးကို ပြန်ပွေ့ထားရသည်..။
"အရမ်းကြောက်သွားလား..ဒီက အရမ်းစိတ်ပူပြီး တွေးမိတာ ပြောလိုက်တာပါ…စာအုပ်ထဲမှာ မိန်းကလေးတွေက မွေးကတည်းက မိခင်စိတ် ပါလာပြီးသားတဲ့လေ…ပန်းအချစ်ဦး စိတ်ပြောင်းသွားအောင် ပြောလိုက်ရတာပါ…ဒီက ပန်းအချစ်ဦးကို လက်ဖျားနဲ့တောင် တို့ဖူးလို့လား.."
"အိုး…လွှတ်…အခု…ထိတယ်…"
"ပန်းအချစ်ဦး…တစ်ခုခု ဖြစ်မှာ ဒီက အရမ်းကြောက်နေလို့ပါ…ရပြီနော်…လွှတ်လိုက်ပြီ…နောက် အဲလိုမျိုး မလုပ်ပါနဲ့နော်…ဒီက နှလုံးရောဂါ ရလိမ့်မယ်…အမေ က နှလုံးရောဂါ ရှိတယ်…ဒီကလည်း  မင်း နဲ့ တူတူနေရတာ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများနေပြီ…်…ခုလို လုပ်တာ အရမ်းအန္တရယ် များတယ်.… နောက်မလုပ်ရဘူးနော်..ရွှေခဲ…"
"အင့်.."
ဒီပါ ပခုံးလေးကို လွှတ်ပေးလိုက်တော့မှ နှုတ်ခမ်းလေးကိုက်ပြီး မော့ကြည့်ရင်း မျက်ရည်တွေ ဝေ့တက်လာပြန်ပါပြီ..။
ပါးနုနုဖက်ဖက်လေး ပေါ်ကိုလှိမ့်ချလာတဲ့  မျက်ရည်ဥလေးကို လက်ညိုးနဲ့ တို့ဖယ်သုတ်ပေးရင်း …
"မငိုနဲ့တော့နော်…လိမ်မာတယ်.."
"ဟင့်.."
"အိမ်ပြန်ကြရအောင်နော်.."
"မပြန်ဘူး..ဦးဒီက ပဲ ပြန်…"
"ဒီက ပြန်ရင် ကောင်မလေး လည်း ပြန်ရမယ်လေ…နောက်မှ ထပ်လာကြမယ်နော်.."
"မပြန်ဘူး…လုံး၀ မပြန်ဘူး.."
မျက်ရည်တွေကို ဘယ်ညာ လက်ဖြင့် ဆွဲသုတ်ရင်း ငိုသံပါလေးဖြင့် ပြောတော့ ဒီပါ သက်ပြင်းချမိသည်..။
ခုတင်ပေါ်က ဆင်းပြီး ခြေဆောင့်ခါ အခန်းထောင့်မှ နံရံကို ကြည့်၍ တရားမှတ်နေတော့သည်..။
"မပြန်လို့ မရဘူး..ရန်သူနဲ့ တူတူရှိနေတာ..အန္တရယ် များတယ်.."
"ဦးဒီက အချစ်ကိုကျတော့ ရန်သူ ရန်သူ နဲ့ ခြောက်ပြီး..ဦးဒီက ကျတော့ ရည်းစားနဲ့ ချိန်းတွေ့ပြီး သာယာနေတာလေ.."
"ဟင်…ဘယ်မှာလည်း ရည်းစား.."
"အောက်မှာ မျက်နှာကြီး ဖြီးပြီး စကားပြောနေတာလေ…ဟိုမိန်းမကြီးက ပါးကိုတောင် ကိုင်လိုက်သေးတယ်.."
နံရံမှာ နဖူးကပ်ပြီး ခေါင်းဆိုက်ခါ ငိုသံဖြင့် ပြောတော့ ဒီပါ ပြုံးလိုက်မိ၍ အနားကိုရောက်အောင် လျှောက်သွားလိုက်သည်..။
"ဒါကို စိတ်ဆိုးနေတာလား.."
"ဟုတ်တယ်.."
"ထူးဆန်းလိုက်တာ…ရူပါ့ ပရိသတ် ကို ရန်တွေ့တာထက် ပိုဆိုးနေပြီ.."
"ဟင်.."
ဒီပါ ခပ်ပြုံးပြုံးဖြင့် ဝေဖန်လိုက်တော့ မျက်မှောင်လေး ကြုတ်ပြီး ဆတ်ခနဲ့ လှည့်ကြည့်ခါ ရန်တွေ့ဖို့ နှုတ်ခမ်းပြင်နေပြီလေ…။
"ငါ့လို အဖိုးကြီး ကို ဘာဖြစ်လို့ စိတ်မချတာပါလိမ့်…"
ဒီပါ့ ရဲ့ စကားကြောင့် မလုံမလဲ မျက်နှာလေး ဖြင့် ခါးထောက်လိုက်ခါ လက်ညိုးထိုးရင်း..
"ဦးဒီက က လူ..ယုတ်…မာ…ကြီး.."
"ဟာ…ဘာများ..ယုတ်မာမိလို့လည်း.."
"အချစ်ကို ပိတ်ထားခဲ့ပြီး ရည်းစားနဲ့ ချိန်းတွေ့နေတယ်လေ…"
"ရည်းစား မဟုတ်ပါဘူးကွာ…ဟိုတယ် ၀န်ထမ်း အဖွားကြီးပါ ..မင်း မျက်မှန်တက်ရတော့မယ်…ပါးကိုင်တာ မဟုတ်ဘူး.စာရွက်တွေ ပြုတ်ကျလို့ ပြန်တင်ပေးတာပါ…မင်း အခုလို ဒီက အပေါ် စိတ်၀င်စားလာတာ ကျေးဇူးတင်ပါတယ်…"
ဒီပါ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး ဆိုက်ကြည့်လိုက်တော့ မနေတက်သလို ခေါင်းငံုံ့ပစ်လိုက်ရင်း..ဆံပင်နောက်ကို ကုတ်ခါ..
"ဘယ်မှာ စိတ်၀င်စားလို့လည်း.."
"မခံစားနိုင်လို့ ခုန်ချဖို့တောင် လုပ်နေပြီး.."
"အဲဒါ တံခါး ပိတ်ထားလို့…"
သူ မ၀န်ခံချင်လို့ ဆင်ခြေရှာနေတာ သိတော့ ဒီက လည်း ထပ်ပြီး အတင်းအကြပ် မတောင်းဆိုချင်တော့ပါ..။
တကယ်ဆို အခုလို အချိန်တို အတွင်း စိတ်၀င်စားမှု ရှိလာမယ်လို့ မထင်ထားခဲ့ပါဘူးလေ....။
မင်း အနေရခက်မှာ စိုးလို့ ထပ်မမေးတော့ပါဘူး..။
မျှော်လင့်မထားတဲ့ အခုလို တုန့်ပြန်မှုလေး ရတာကိုပဲ ကျေနပ်ပျော်ရွှင်မိပါတယ် ပန်းအချစ်ဦးရယ်…။
"..ဟုတ်ပါပြီ…အ၀တ်အစား လဲ စရာမရှိတော့ ဘရိတ်ဖက်စားပြီး ပြန်ရအောင်နော်.."
"မပြန်ချင်ဘူး.."
စကား တစ်ခွန်းတည်း ဖြင့် ခေါင်းရမ်းခါ အပြတ်ငြင်းတော့ ဒီပါ စဉ်းစားရခက်နေရပြီ..။
"ဒီမှာ နေလို့ မဖြစ်လို့ပါ ကောင်မလေးရယ်.."
"ဒါဆို တခြားနေရာသွားမယ်.."
"ဟင်.."
"မိုးကုတ်သွားမယ်.."
"မင်းမှာ အ၀တ်အစားတောင် မပါပဲ ဘယ်လို သွားမလည်း.."
"မသိဘူး…သွားမယ်.."
"ဟင်း…မင်းဘာလို့ ဒီလောက် ဆိုးတက်လာတာလည်း ဟမ်.."
ဒီပါ လက်ညိုးနဲ့ နဖူးကို ထိုးလိုက်တော့ ဖမ်းကိုင်ထားတော့သည်..။
"နောက်တစ်ခါ.."
"ဦးဒီက ဒီမှာ နေလို့မရဘူးဆိုလို့ သိပ်မဝေးတဲ့ မိုးကုတ်ကို သွားမယ်လို့ ပြောတာလေ…အဲဒါကိုလည်း လိုက်မပို့ရင် အချစ် သေပစ်လိုက်မယ်.."
"ဟာ..လုပ်ပြန်ပြီ.."
ဒီပါ ပြတင်းပေါက်ကို သွားမဲ့ လမ်းကို ကိုယ်နဲ့ ကွယ်ထားတော့ ခြေဆောင့်ပြီး ရေချိုးခန်းထဲကို ၀င်သွားပြန်သည်..။
ရေချိုးခန်းထဲမှာ ဘာမှ မရှိတာ သိလို့ စိတ်အေးချမ်းသာစွာ ခဏရပ်နေပြီးမှ စိတ်မချလို့ ပြေးကြည့်ရပြန်သည်..။
"ဟာ..ပန်းအချစ်…မင်း.."
ကြွေဘေစင်ထဲ ရေထည့်ပြီး မျက်နှာ နစ်ထားတော့ ဒီပါ အပြေးအလွှား၀င်၍ လည်ဂုတ်ကနေ ဆွဲမြှောက်လိုက်ရသည်..။
"ဝူး…"
"မင်း…ပန်းအချစ်ဦး..ဒါ…ဒါ….ဘယ် က အတက်တွေလည်း ဟမ်…"
ဒီပါ မျက်လုံးပြူး၍ ပြောလိုက်တော့ မျက်နှာက ရေတွေကို လက်နဲ့ အရင် သပ်ပစ်ပြီး လက်ကို လှမ်းကိုင်သည်..။
"ဦးဒီက နဲ့ ခရီးထွက်ရတာ ပျော်လို့ပါ…နေ်ာ…နော်လို့…"
"အလုပ်တွေ အများကြီး ကျန်သေးတယ်…"
"ဦးဒီက ပြောတော့ အချစ်ကို ချစ်တယ်ဆို..ချစ်ရင် ချစ်တဲ့သူက အရေးကြီးဆုံးပဲလေ.."
အကြီးမားဆုံးသော အားနည်းချက်ဖြင့် ကိုင်ခြောက်လိုက်တော့ ဒီပါ တွေဝေသွားရသည်..။
အဖေပြောနေကျ စကား အတိုင်း "ချစ်တဲ့သူ အနားမှာ ရှိတုန်း အချိန်ပေးပါ "ဆိုတာမျိုးသာ သိသွားရင်တော့ ပန်းအချစ်ဦးတို့ ဘယ်လောက်တောင် ပိုဆိုးလာလိုက်မလည်း…။
"ဟင်း....နှစ်ယောက်တည်း ခရီးထွက် ရင် အခုလို ခဏခဏ ခြိမ်းခြောက်ရင်တော့ အဆင်မပြေဘူး…ငါ့နှလုံးပေါက်ကွဲလိမ့်မယ်....ငါ ဘယ်လောက် စိုးရိမ်ပြီး စိတ်ပူရလည်း မင်းနားမလည်ဘူး…မဖြစ်ပါဘူး….ရွှေခဲရာ…"
"နောက် မခြောက်တော့ပါဘူး..တကယ် ကတိပေးတယ်…နော်..နော်…နော်လို့..ဦး.."
"ဖိုးကောင်းကို ပြန်လွှတ်ပြီး သပ်သပ် ကား စီစဉ်သွားမှ ရမယ်..ဘယ်လောက်တောင် ကြာမလည်း မသိဘူး.."
"သုံးနာရီခွဲ."
လက်သုံးချောင်းထောင်ပြပြီး မျက်နှာ မချိုမချဉ် ရုပ်လေးနဲ့ ပြောတော့ ဒီပါ နဖူးကို ဖွဖွ ထုပေးလိုက်သည်..။
"ခရီးသွားဖို့ ဘာမှ မပါပဲ ခိုးလိုက်လာတာ ဘယ်လို ကောင်မလေးလည်း.."
"ဦးဒီက ပါတယ်လေ…"
"ဒီက ပါရင် ရပြီလား.."
"အင်း..ဒီက ပါရင် ဒီအိတ်လည်း ပါတယ်လေ.."
"အလည်မလေး.."
ဒီပါ့ ပိုက်ဆံအိတ်ကို  ပုတ်ပြခါ ပြောတော့ ပြုံးလိုက်မိပြီး ဖိုးကောင်းကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်..။
စောစောကပဲ ပြတင်းပေါက်က ခုန်ချမယ် ဆိုပြီး အော်ငိုခဲ့တဲ့ ကောင်မလေးက အခုတော့ ခုတင်ပေါ် မှာ ခုန် နေပြီ..။
သူပျော်နေရင် ကိုယ်လည်း စိတ်ချမ်းသာသည်လေ….။
.
"ဦးဒီက…"
"ဟင်.."
"ချစ်လားဟင်.."
"ဘယ်သူလည်း.."
"အချစ်ကို ချစ်လားလို့.."
"အဟွင်း..ချစ်တာပေါ့.."
"အဲဒါဆို..ဟို မုန့်အချိုတွေ ၀ယ်ကျွေးပါလား.."
"အဟွင်း..မုန့်ဝယ်ကျွေးရင်..ဒီက ကို ပြန်ချစ်မလား.."
"ဟာ..တော်ပြီ..မစားတော့ဘူး”
"ဆောရီး…သွားဝယ်ပေးမယ်နော် …ခဏ”
"ဦးဒီက မဆင်းနဲ့လေ…ပိုက်ဆံပဲပေး.."
အချစ်လက်ထဲ တစ်သောင်းတန် တစ်ရွက် ရောက်လာတော့ ကပျာကယာ ဆင်းပြီး မုန့်အချိုတွေနဲ့ အတူ ဘေးနားက ဆိုင်မှာ နေကြာစေ့တွေ မက်မန်းသီးတွေ တစ်ပွေ့ တစ်ပိုက်ကြီး ၀ယ်လိုက်သည်..။
"ဒီမှာ…ကျန်တဲ့…ပိုက်ဆံ”
"ဟင်း…ဒီလောက် နေကြာစေ့တွေ ၀ယ်လာရလား.."
"အဟဲ…အချစ်စားချင်လို့ပါ.."
"မစားရဘူး..ပြန်ထည့်ထား.."
ကားဆရာက ကွမ်း၀ယ်နေတုန်း အချစ်က ဆူခံနေရပြီမို့ နှုတ်ခမ်းစူ၍ နေကြာစေ့ထုတ်ကြီးကို အိတ်ထဲ ထိုး ထည့်လိုက်ရသည်..။
"အင့် စားကြည့်ကြည့်…"
"အချိုမကြိုက်ဘူး.."
မျက်နှာ ရှုံ့မဲ့ပြီး ပြောတဲ့ ဦးဒီက ကို အချစ်လည်း နှာခေါင်းပြန်ရှုံ့မိရင်း..
"ဒါ လူဖြစ်ရှုံးတဲ့ သူတွေရဲ့ စကားပဲ.."
"ဘာ…"
"အချိုက ငယ်တုန်းပဲ စားရတာ..ကြီးရင် ဆီးချိုကြောက်လို့ ရှောင်ကြရှားကြရောလေ…အင်း…ဦးဒီက က အဖိုးကြီးဆိုတော့ မစားတာပဲ ကောင်းပါတယ်လေ…"
"အရှုပ်မလေး.."
"ကောင်းတယ်.."
အချစ် နို့မလိုင်လုံးလေးတွေကို ပါးစပ်ထဲ သုံးလုံးလောက် ထိုးသိပ်ထည့်လိုက်ပြီး ခပ်မြန်မြန် ဝါးစားပစ်လိုက်သည်..။
စားစရာ မုန့်တွေက အများကြီး ကျန်နေသေးတယ်လေ..။
"ကားဆရာ မြန်မြန် မောင်းပေးနော်…လမ်းမှာ အတားခံနေရမှာ စိုးလို့ပါ.."
"သြော်..သမီးက လမ်း အကြောင်း သိနေတာပဲ .."
"သိတာပေါ့…အချစ်တို့...တစ်ခါ သွားဖူးတယ်…"
"သြော်.."
အချစ် မုန့်စားရင်း လမ်းဘေးကို လျှောက်ကြည့်နေရာမှ ဦးဒီက ကို ပြောဖို့သတိရတော့ အနားကို တိုးပြီး လက်ကုတ်လိုက်ခါ…
"ဦးဒီက.."
"အင်း…"
"ဟိုတယ် မှာ မတည်းဘူးနော်.."
"ဘာဖြစ်လို့လည်း..မင်း အိမ်ကို သွားရင် အဒေါ် အလုပ်ရှုပ်လိမ့်မယ်.."
"အချစ် အိမ် မဟုတ်ပါဘူး…အဒေါ့် အိမ်ပါ…အဲကိုလည်း မသွားချင်ပါဘူး..အချစ် သူငယ်ချင်း အိမ်မှာ သွားနေကြမယ်…အဒေါ် မသိအောင် သွားကြမယ်…အဒေါ်အိမ်ကို မသွားချင်ဘူး.."
အချစ် နှာခေါင်း ရှုံ့ပြီး ပြောလိုက်တော့ ဦးဒီက က စဉ်းစားသလို ငြိမ်သွားပြီးမှ ခေါင်းရမ်းခါ…
"မကောင်းပါဘူးကွာ..မင်းက အိမ်ပြေးလေး ဂျိုး အတိုင်းပဲ.."
"အိုး..ဦးဒီက လည်း အိမ်ပြေးပဲ… စင်ကာပူမှာတုန်းက ဖိုးဖိုးတို့ဆီ မသွားဘူးလေ.."
"အဟွင်း..အဲဒါ မင်းကြောင့်လေ….အခုတော့..မသိတဲ့ အိမ်ကို ဧည့်သည်လုပ်ပြီး ဒုက္ခမပေးချင်ပါဘူးကွာ…ဟိုတယ်ပဲ သွားမယ်.."
"အလကားမနေပါဘူး..ဦးဒီက ဟိုတယ် ငှားခ သူတို့ကို ပေးလိုက်ပေါ့..ဟိုတယ်မှာ တစ်ရက်နေခ က သူတို့ဆီ မှာ အစားအသောက်ဘာညာ စီစဉ်ပေးပြီး နေလို့ ရတယ်လေ.."
"..သချာင်္တော့ အရမ်းတော်တယ်နော်.."
"ဟဲ..ဟဲ..ဦးဒီက ပိုက်ဆံကို ချွေတာ ပေးတာပါနော်…"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ.."
အချစ် မုန့်တွေ တစ်ခုပြီး တစ်ခု စားနေရင်း ဦးဒီက ကို ဘာတွေ ပူဆာရင် ကောင်းမလည်း ကြိုစဉ်းစားနေမိသည်..။
"အု…ကားဆရာ..ရပ်..ရပ်.."
ကား ရပ်သွားတော့ ဦးဒီက ဆင်းပြေးလို့ အချစ်လည်း နောက်ကနေ ဆင်းလိုက်သွားရသည်..။
"ဟာ..ရင်ပြည့်ပြန်ပြီလား.."
"…"
"မုန့်စားပါဆို မစားဘူး.."
"…."
"မထုနဲ့လေ…"
"သြော်…အင်း.."
အချစ် လက်က ထုနေတာကို ရပ်ပြီး ကိုဖိုးကောင်း လုပ်ပေးတာကို သတိရတော့ ခပ်ဖြည်းဖြည်း ဖိချပေးရသည်..။
"ဟင်း…အကွေ့များလိုက်တာ.."
"ဦးဒီက က ရှုခင်းကို ကြည့်ပါလား.."
"ကြည့်တာပဲ…မူးတယ်.."
လက်ညိုးထိုး လမ်းညွန်နေတဲ့ အချစ်ကို ခပ်တိုးတိုး ပြောခါ မျက်လုံး စုံမှိတ်၍  ပြန်အိပ်နေပြန်သည်..။
အချစ် လက်ထဲက မက်မန်းသီး ကုန်သွားတော့ အိတ်ထဲက နေကြာစေ့ထုတ်ကို အသံမကြားအောင် ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်..။
"အ…ကားဆရာ.."
"အယ်.."
"ဟုတ်ကဲ့.."
ကားထွက်တာ ဆယ့်ငါးမိနစ်တောင် မရှိသေး ဦးဒီက တစ်ယောက် ပြေးဆင်းသွားပြန်တော့ အချစ် ခေါင်းကုတ်ပြီး လိုက်သွားရသည်..။
"ဟင်း..အူတွေနာနေပြီ.."
"ဦးဒီက က လည်း သူဌေး ဖြစ်ပြီး ကားမူးစရာလား.."
"ဟင်း.."
ဦးဒီက က မျက်လုံး ညိုညိုတွေနဲ့ ရီဝေဝေ မော့ကြည့်ပြီး သက်ပြင်းချခါ ဘာမှ မပြောပဲ ကားပေါ် ပြန်တက်သွားတော့ စိတ်ဆိုးသွားပြီလားလို့ စိတ်ပူရသေးသည်..။
"အမူးပြေအောင် အချဉ်စားပါလား.."
"……"
"ရေနည်းနည်း သောက်မလား.."
"……"
"သိပ်မလိုတော့ပါဘူး."
"….."
"ဒီလမ်းက တော်သေးတာ..ဟိုဘက်လမ်းဆိုရင် ကွေ့ပေါင်း ၉၉၉ ကွေ့ ..ဦးဒီက သာသွားရင် ခွေကျသွားလိမ့်မယ်..ဟီး.ဟီ.."
"……"
"ဦးလေး ရှမ်းလမ်းဆုံ ခဏရပ်မယ်နော်.."
"မရပ်နဲ့…"
"ဦးဒီက ခဏဆင်းနား.."
"မနားပါနဲ့..မြန်မြန်ရောက်အောင်သာ မောင်းပါ…ဆရာ…"
"ဟွင့်….ပြီးရင် သူပဲ ဆင်းပြေးဦးမယ်…"
"ဒီမှာ အိတ်ရှိတယ် သမီး..ရော့.."
ကားဆရာကလည်း ကားရပ်ရတာ များလာတော့ အိတ်အထုတ်လိုက်ကို စေတနာ ထက်သန်စွာဖြင့် နောက်ကို ပစ်ပေးသည်..။
ကားလမ်းက ကျဉ်းလို့ တစ်ခါတလေ လမ်းချမောင်းပေးနေရတာကို ဦးဒီက ခဏခဏ ဆင်းနေရင်တော့ ကားဆရာ ကန်ချတော့မှာ သေချာနေပြီလေ..။
"ဦး..ဒီက.."
"အင်း.."
"အင့်…သကြားလုံး စား.."
"….."
အချစ် ကို ခေါင်းရမ်းရုံသာ အဖြေပေးပြီး ကားနောက်မှီကို ဖိကပ်မှီခါ မျက်လုံး ပြန်မှိတ်ထားတော့ နှာခေါင်း ရှုံ့မိသည်..။
အဖိုးကြီးကလည်း နုနေလိုက်တာ ဘေးက ကလေးကိုတောင် အားမနာဘူးလေ..။
"နေကြာစေ့ မစားနဲ့နော်…"
"ဟင်…အင်း.."
ဒီလူကြီး အိပ်နေတယ် မှတ်လို့ နေကြာစေ့ ခိုးစားမိတာ သိသွားပြန်ပြီ..။
အချစ် နေကြာစေ့ ထုတ်ကို လိတ်ပြီး အိတ်ထဲ ပြန်ထိုးထည့်ခါ သကြားလုံး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်..။
"ဟော…ဦးဒီက…မိုင်းလုံး လမ်းဆုံရောက်ပြီ.."
"ဟင်..ရောက်ပြီလား.."
တစ်လမ်းလုံး မျက်လုံးစုံမှိတ်ခါ လိုက်လာတဲ့ ဦးဒီက က ပျာပျာသလဲ ထကြည့်ပြီး မေးတော့ အချစ်ရယ်မိရင်း..
"မရောက်သေးဘူး..သိပ်မလိုတော့ဘူး..နာရီ၀က်လောက် ဆို ရောက်ပြီ.."
"ဟင်း…ရောက်မှ ခေါ်ပါကွာ.."
အချစ်မှာ မုန့်ကလေး ဘာလေး စားဖို့ မျှော်လင့်ချက် မဲ့သွားသလို ကားဆရာကလည်း မနားတော့ပဲ ဆက်သာမောင်းတော့သည်..။
.
"အ.."
ဒီပါ့ နှာခေါင်းယားကျိကျိ ဖြစ်လာလို့ လက်နဲ့ ဝေ့ယမ်းလိုက်ပြီး မျက်လုံးကို ခပ်မှေးမှေး ဖွင့်ကြည့်မိသည်..။
မျက်နှာ လေး တစ်ခုက အနီးကပ်ဖြစ်နေတော့ မျက်ခုံးတွန့်သွားခါ ခေါင်းထောင်ထလိုက်ရသည်..။
"အဟဲ..ရောက်ပြီ.."
"ဟင်.."
ဒီပါ တွေ့လိုက်တာ မြေနီလမ်းလေးနဲ့ လူနေအိမ် တစ်ချို့သာ ရှိနေတဲ့ မိုးကုတ်မြို့ဆိုတာ…။
ကားပေါ်က ဆင်းတော့ ရွှေခဲက ကျောပိုးအိတ်တွေဘာတွေကိုတောင် လွယ်ထားပြီးနေပြီလေ..။
"ဒါ အချစ် သူငယ်ချင်းရဲ့ အမေ.."
"ဟုတ်ကဲ့…မင်္ဂင်္လာပါ ခင်ဗျာ.."
ဒီပါ အိပ်ချင်မူးတူးဖြင့် ဘယ်လို နှုတ်ဆက်ရမလည်း မသိလို့ နှုတ်က ပေါ်လာတာသာ ခေါင်းညိတ်ပြီး ပြောလိုက်ရသည်..။
"လာလေ..ဦး.."
"အင်း..ပေး..အိတ်.."
"ရပါတယ်..ပေါ့ပေါ့လေး…အချစ် နိုင်တယ်..ဦးဒီက မူးနေသေးလား.."
"အင်း..ခေါင်းမကြည်ဘူး…ကားဆရာကော.."
"သူက အရှေ့ပိုင်းမှာ နေတာလေ…ဖုန်းနံပါတ်ပေးထားတယ်…ပြန်ရင် ခေါ်ပါတဲ့..ဟိုမှာ လာပြီ.."
ကားဆရာက အိမ်သေးသေးလေး ဘေးမှ ထွက်လာတော့ ဒီပါ ပြုံးပြလိုက်ခါ..
"ကျေးဇူးတင်ပါတယ် အကို…ကျွန်တော်ကြောင့် လမ်းမှာ စိတ်အနှောင့်အယှက် ဖြစ်ရရင် ခွင့်လွှတ်ပါ…"
"ဟာ..ရပါတယ်ဗျာ…ကားမောင်းနေတာပဲ…ခင်ဗျားထက် အများကြီး ဆိုးတဲ့သူတွေ တွေ့ဖူးပါတယ်..အပြန် လိုရင်လည်း ပြော ပေါ့.."
"ဟုတ်ကဲ့…"
ကား ထွက်သွားတော့မှ တောင်ပေါ်က ဆင်းချသွားတော့  အိမ်တွေက တောင်ပေါ် ရောက်နေတာ သတိထားမိတော့သည်..။
"လာ…ဦးဒီက…အချစ် ပြောထားပြီးပြီ…တည်းလို့ ရတယ်တဲ့.."
"အားနာ စရာကြီးဗျာ…အဆင်ပြေရဲ့လား.."
"ရပါတယ်ရှင့်…နောက်က အိမ်လေးမှာ အချစ် တငယ်ချင်းစာကျက်တာလေ.. …မရှိတော့ဘူး…ယောင်္ကျားယူသွားပြီ.."
"သြော်…ဟုတ်ကဲ့…"
"လာလေ….ဦးဒီက…"
"အိမ်ထဲ မှာ နားခွင့်ပြုပါနော်.."
"ဟုတ်ကဲ့ရှင့်…နားကြပါရှင့်…."
ဒီပါ ခွင့်တောင်းနေပေမဲ့ ရွှေခဲကတော့ သူ့ အိမ်သူရာလို့ တံခါးတွန်းဖွင့်ပြီး ၀င်သွားပြီ..။
မြေကြီးနီတွေနဲ့ နံရံ လုပ်ထားတဲ့ အိမ်ကို ဒီပါ လိုက်ကြည့်ရင်း အက်ကွဲကြောင်းဘေးကို လက်နဲ့ ဆွဲကြည့်တော့ ကောက်ရိုးမျှင် တချို့ ပါလာသည်..။
"ဦးဒီက…"
"ဟင်.."
"လာပါဆို…"
"အင်း.."
ဒီပါ အိမ်ထဲ ၀င်တော့ ပြတင်းပေါက်ကလည်း သေးသေးလေးတွေ ကို မြေကြီးနဲ့ပဲ လုပ်ထားသည်..။
"ဘယ်လိုလည်း အဆင်ပြေမလား.."
"အင်း..တစ်မျိုးပဲ…သူတို့ ကို သေချာ ပြောရဲ့လား.."
"ပြောပါတယ်…ဦးဒီက နားဦးလေ..အချစ် ထမင်းသွား၀ယ်ပေးမယ်… အချစ် မနက်စာ စားပြီးပြီ ပြောတော့ ညစာတော့ သူတို့ ဆီမှာ စားပါတဲ့.. "
"နေပါဦး..မင်းလည်း နားလေ…ပြီးရင် တူတူ သွားမှာပေါ့.."
အိတ်ချပြီးတာနဲ့ အပြင်သွားဖို့ပဲ တပြင်ပြင်လုပ်နေတဲ့ သူ့ ခြေလှမ်းတွေကြောင့် ပျာပျာသလဲ တားလိုက်မိသည်..။
"အင်း…အဲဒါလည်း ကောင်းတာပဲ..အချစ်က နားစရာမလိုဘူး…ဦးဒီကပဲ နား…နောက်မှာ ရေရှိတယ်.."
ဒီပါ တစ်ယောက်တည်း မနေခဲ့ချင်လို့  ရေရှိတယ် ပြောတဲ့ အနောက်ကို ထွက်ပြီး ခြေလက်ဆေး မျက်နှာသစ်ပစ်လိုက်သည်..။
စင်ကာပူကို သွားတုန်းက တစ်ယောက်တည်း နေခဲ့ဖို့ ပြောတော့ သူငိုတာ ကိုသတိရပြီး ပြုံးလိုက်မိသည်..။
အခုတော့ ဒီပါ့ ကို ထားပြီး ပျောက်သွားမှာ ပြန်ကြောက်နေရပြီလေ…။
ဒီပါ မြေကြီး နံရံ အေးအေး မှာ မှီထိုင်နေချိန် ရေဘူး တစ်ဘူးယူလာပြီး ဖောက်ခါ လှမ်းပေးသည်..။
"ဦးဒီက.."
"ဟင်.."
မျက်နှာငယ်လေးဖြင့် ပုဆစ်တုတ်ထိုင်ပြီး ဒီပါ့ အနားကို တိုးလာခါ လူကို သေချာ ငေး ကြည့်နေပြန်ပါသည်..။
"ဗိုက်အောင့်နေလားဟင်… နေကောင်းရဲ့လား.."
"ကောင်းပါတယ်.."
သူ စိတ်ပူပြီး မေးတာသိလိုက်တော့ ဒီပါ ဝေဒနာကို ရေနဲ့ မျောချ၍ ခေါင်းညိတ်ခါ မုသား အဖြေပေးလိုက်ရသည်..။
တကယ်ဆို ခေါင်းကလည်း သိပ်မကြည်…ခရီးပန်းတာနဲ့ ဗိုက်အောင့်တာရောပြီး အိပ်ပစ်လိုက်ချင်တာပါ..။
ဒီပါ အိပ်နေလည်း သူ့ဒေသ ဖြစ်နေလို့ ထားခဲ့ပြီး လျှောက်သွားမှာ ကြိုသိခါ စိတ်မချလို့ လိုက်ရတော့မည်လေ..။
"ဟင်း..ဦးဒီက မျက်နှာကို ကြည့်ရတာ နွမ်းနေသလိုပဲ.."
"အဟွင်း..အမွှေးတွေဖုံးနေတဲ့ လူဝံ မျက်နှာလို့ မင်းပဲ ပြောဖူးတယ်လေ…လူဝံ မျက်နှာက နွမ်းနေတာ ဘယ်လိုသိလည်း.."
"အဲဒါ အရင်က မသိလို့ ပြောတာပါ…ဦးဒီက က မျက်နှာမလှပေမဲ့ စိတ်လှပါတယ်.."
"မုန့်၀ယ်ကျွေးမယ်နော်.."
"နေကောင်းတယ် မလားဟင်.."
"ဘယ်လို ဖြစ်ရတာလည်း.."
"အချစ် စိတ်ပူလို့ပါ…"
"အခုလို ဂရုတစိုက် ရှိတာ ကျေးဇူးတင်ပါတယ်…ကောင်မလေး.."
"ဦးဒီက နေကောင်းတယ်ဆို အ၀တ်အစား မလဲလည်း အနွေးထည်၀တ်လေ.."
"အင်း..နေပူတယ်နော်.."
"အမယ်…ပြီးရင် ချမ်းပါတယ် မလုပ်နဲ့.."
"ဒီနံရံလေးက အေးနေတာပဲ…"
"မြေကြီးနဲ့ လုပ်ထားတာ..အဲ့နံရံက ညဆို နွေးလာလိမ့်မယ်…အင့်..ဒီမှာ…"
ဒိပါ့ ကို အိတ်ထဲက အနွေးထည် တစ်ထည် ထုတ်ပေးပြီး သူလည်း  ရှပ်အင်္ကျိ လက်ရှည် ပြန်၀တ်ခါ ကြယ်သီးတပ်နေသည်..။
အိမ်ကထွက်လာကတည်းက ဒီ တီရှပ် နဲ့ ဘောင်းဘီက ဘယ်နှရက်တောင် ရှိနေပြီလည်း..။
"ကောင်မလေး.."
"ဟင်.."
"တို့တွေ သွားရင် မင်း အတွက် အ၀တ်အစားတွေလည်း ၀ယ်ရအောင်လေ.."
"မလိုပါဘူး..အချစ် သူငယ်ချင်း အ၀တ်တွေ ယူ၀တ်လို့ရတယ်..လာ..လာ…သွားမယ်."
"ကားရောက်ပြီလား.."
'ကားနဲ့ မသွားဘူး..အချစ် ဆိုင်ကယ် ခဏယူထားတယ်…သူတို့က အလုပ်မရှိဘူး ယူသွားတဲ့လေ.."
"ဟာ..ငါ မစီးဖူးဘူး.."
"လာပါ အချစ်မောင်းတက်တယ်.."
ဒီပါ့ကို လက်ဆွဲပြီး အတင်းခေါ်တော့ နှေးကွေးလေးလံ တဲ့ ခြေလှမ်းတွေဖြင့် ခေါ်ဆောင်ရာကို လိုက်သွားရတော့သည်..။
"ဖြည်းဖြည်း မောင်းပါ ကောင်မလေးရယ်..မင်းကလည်း တောင်ဆင်းကို မောင်းတာ လေယာဉ်ပျံကျနေတာပဲ…"
"ဟဲ..ဟဲ..ဦးကလည်း ပြုတ်မကျပါဘူး..ကြောက်ရင် ခါးကို ဖက်ထားလေ.."
သူ့ရဲ့ စကား အထူးအဆန်းကြောင့် ပြုံးမိသွားရပြန်သည်..။
ကြောက်နေရင် ဖက်ထားဆိုတာ ပြောင်းပြန်များ ဖြစ်နေသလားလို့တွေးရင်း သူ့ခါးသေးသေးလေးကို အခွင့်အရေးယူ မဖက်ချင်တော့ပါဘူးလေ…။
"အ.."
"ကိုင်ထားပါဆို.."
ဒီပါ လက်ကို ဆွဲယူပြီး ခါးပေါ် တင်လိုက်တော့ ရှပ် အကျီ င်္ စကိုပဲ ဆုပ်ကိုင်ထားလိုက်မိသည်..။
"ဟင်…ဟိုက အိမ်လေးတွေက ဘာမြို့လည်း.."
"အဲဒါ မိုးကုတ် အနောက်ပိုင်း ကျပ်ပြင် …အဲဒီမှာ အချစ်တို့နေတာလေ…"
"သြော်..မိုးကုတ်က ဘယ်မှာလည်း.."
"ဟာ..ဒါပဲလေ….အရှေ့ပိုင်းက လည်း မိုးကုတ်ပဲ…"
"ဒါဆို ပန်းအချစ်ဦးက အနောက်ပိုင်းသူပေါ့.."
"ဘာ အနောက်ပိုင်းသူလည်း ကျပ်ပြင်သူလို့ ခေါ်..ဟွန့်.."
"အဟွင်း…ကျပ်ပြင်နဲ့ မိုးကုတ် ဘာကွာလည်း.."
"ဦးဒီက ကြည့်ပေါ့..ခု လိုက်ပို့နေတယ်လေ…သြော်….ဒီမှာ ဒီမှာ.."
ဆိုင်ကယ်ကို ထိုးရပ်လိုက်ပြီး လမ်းကို လက်ညိုးထိုးပြတော့ ဒီပါလည်း ခုန်ဆင်းပြီး ငုံ့ကြည့်လိုက်ရသည်..။
"ဒီနေရာပေါ့.."
"ဘာလည်း.."
"အချစ် နဲ့ ဦးဒီက တွေ့တဲ့ နေရာလေ…"
"ဟင်.."
"ဦးဒီက လမ်းပျောက်နေတာလေ..ဒီနားမှာ…တွေ့လား..ဒီအတိုင်း သွားရင် လမ်းမှားမှာ စိုးလို့ အချစ်က လူတွေ ရှိနေတဲ့ ဒီဘက်ကို ပြန်သွားခိုင်းတာလေ…"
"မသိဘူး..ဒီက အိပ်မက်မက်တာ မှောင်နေတဲ့လမ်းပဲ မှတ်မိတယ်.."
ဒီပါ လမ်း တစ်လျှောက်ကို ငေးကြည့်ရင်း အိပ်မက်ကို ပြန်တွေးကြည့်တော့လည်း မှောင်မဲနေတာသာ မှတ်မိသည်..။
"တစ်ယောက်ယောက်တော့ လွဲနေပြီ..ဦးဒီက က လူမဟုတ်ဘူးလား.."
"အဟွင်း..သတိလစ်နေချိန် ဆိုတော့ ဝိညာဉ်လွင့်နေတာလား မသိဘူး.."
"အဲဒါ ဒီ အထိ လာစရာလား..မှောင်မဲထဲ ဘာရှာနေတာလည်း.."
"ကျောက်တွေဘာတွေနေမှာပေါ့…"
"ဟွင့်…"
"ကျောက်မတွေ့ပဲ ပန်းအချစ်ဦးကို တွေ့သွားတော့လည်း ကောင်းပါတယ်…"
"တော်ပြီ..တော်ပြီ..တက်…နေပူလာရင် မောင်းလို့ မကောင်းဘူး.."
ဒီပါ လမ်းတစ်လျှောက် မြို့အလှကို ကြည့်တာ နည်းနည်း ကိုယ့် မျက်နှာ အောက်ကို ရောက်နေတဲ့ သူ့မျက်နှာ ဖြူဖြူလေးကို မှန်ထဲမှ တစ်ဆင့်ကြည့်ရင်း ရင်ခုန်သလိုလို ဖြစ်နေမိတာက ခပ်များများဆိုတော့ မလုံမလဲ ပြုံးနေမိသည်..။
နာရီ၀က် ကျော်လောက် ဆိုင်ကယ် စီးပြီးချိန် ကန်တော်ကြီးနဲ့ တူတဲ့နေရာကို ရောက်တော့သည်..။
"အဲဒါ အင်းလေ…ကန်ပတ်လမ်းလည်း ရှိတယ်..မနက်စောစောနဲ့ ညနေဆိုရင် ပိုစည်တယ်..အခုတော့ နေပူတယ်နော်.."
"ဟင်..မင်းပြောတော့ မိုးကုတ်က ရစရာကို မရှိဘူး.အခုကျတော့ ရန်ကုန်ထက်တောင် သာသေးတယ်…ဘယ်လောက်လှလည်း ကြည့်စမ်း…"
"အဟဲ…အချစ်က ကစားကွင်းကောင်းကောင်း မရှိလို့ မကျေနပ်တာပါ…စင်ကာပူလို ကစားကွင်းသာ ရှိရင် အချစ်တို့ ဆော့လို့ရမှာပေါ့…"
"ဟင်း…လေတိုက်ပြီး အေးချမ်းလိုက်တာ…ဒီမှာသာ အချိန်ရတိုင်း လာထိုင်နေရလို့ကတော့ စိတ်ကို အေးချမ်းနေမှာပဲ...."
"အဲဒါ အခုနောက်ပိုင်း ပြန်ပြင်ထားတာလေ…အစက အမှိုက်တွေနဲ့ သိပ်မလှဘူး..ပွဲရှိလို့ ထပ် ပြင်ဆင်ထားတာ ညပိုင်းဆို ပိုလှတယ်.."
"ဘယ်သူပြင်တာလည်း.."
"ဟင်.."
"သြော်..ကန်ကြီးလှသွားအောင်လေ.."
"တာ၀န်ရှိတဲ့သူတွေပေါ့…"
"လည်တာ…ပြောလိုက်ရင် ဘယ်သူမှ မကောင်းဘူး.."
ဒီပါ လက်ညိုးနဲ့ ခေါင်းကို ထိုးလိုက်တော့ ရယ်ပြီး လက်ညိုးကို  ဆုပ်ဖမ်းထားတော့သည်..။
ကန်ပတ်လမ်းဆိုပေမဲ့ ဒီပါ အောက်က ကန်ဘောင်ကို ဆင်းပြီး ခပ်လျောလျောမှာပဲ ချထိုင်လိုက်သည်..။
"အေးတယ်…မင်း အနွေးထည် ပေးတုန်းက ပိုတယ်ထင်ခဲ့တာ ဆောရီး.."
ဒီပါ လက်တင်းတင်း ပိုက်ပြီး အအေးဒဏ်ကို ကြိတ်ခံရင်း လှပလွန်းတဲ့ မြင်ကွင်းတွေကို တမေ့တမော ငေးခါ ကြည့်နေမိသည်.။
"ငယ်ငယ်တုန်းက အင်း ဆယ်တန်းမဖြေခင်တုန်းက ပေါ့… ပန်းချီဆွဲတက်တဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်… … ဘုတ်တလုတ် ရေကန်အကြောင်းဖတ်ရတော့  သူက ပန်းချီ ကောက်ဆွဲလိုက်တယ်…အဲဒီ့ပန်းချီကို ကြည့်ပြီး တကယ်ရောက်ဖူးချင်ခဲ့တာလေ…ပုံထဲက မင်းသမီးကို မတွေ့ပဲ ကန်ကိုပဲ မြင်လောက်အောင်ကို လှတယ်..နောက် မြန်မာပြည်ကို ခဏပြန်ရောက်တော့ ပင်းတယမှာရှိတဲ့ ဘုတ်တလုတ် (ပန်းတလုတ် ) ရေကန်ကို သွားကြည့်သေးတယ်…အမောစို့သွားတာပဲ…လှပေမဲ့ ပန်းချီထဲက ကန်နဲ့ မတူဘူး…အခုမှ တူတဲ့ ကန်ကို တွေ့တော့တယ်…"
'ဒီအင်းလား.."
ဒီပါ့ ပခုံးကို လက်ညိုးနဲ့ ထိုးပြီး မေးငေါ့ခါ ခပ်တိုးတိုးမေးတော့ ခေါင်းညိတ်ပြလိုက်ရသည်.။
အနားမှာ လာမထိုင်ပဲနဲ့ နောက်ကနေ ပခုံးကို ငုံ့ဖျစ်လိုက် လက်မောင်းကို ဖျစ်လိုက်လုပ်နေတာမို့ ဒီပါ နောက်ကို ပြန်လှည့်ကြည့်ပြီး စကား ပြောရသည်..။
"ဟုတ်တယ်…ကန်နောက်ခံမှာ တောင်တန်းတွေပတ်လည် ပါတယ်လေ…အရမ်းလှတာပဲ..ဒီက အထင်တော့ သူ မိုးကုတ်ကို ရောက်ပြီး ဒီကန်ကို အာရုံစွဲနေတာဖြစ်မယ်..ဒါကြောင့် နတ်သမီးဆင်းတဲ့ ကန်က ဒီလိုမျိုး နောက်ခံ တောင်တန်းကြီးတွေ ပါနေတာလေ.."
"ဦးဒီက ကလည်း ဖွဲ့နွဲ့နေလိုက်တာ အချစ်ဆို ဒီမှာတောင် မထိုင်ဖူးဘူး…ကစားကွင်းရှိရင်တော့ တစ်မျိုးပေါ့လေ…"
"တန်ဖိုးမသိတာလေ…ဒီမှာ ထိုင်ခုံလေးတွေ ကော်ဖီရှော့လေးတွေ လုပ်ထားရင် ပိုကောင်းမယ်..အပန်းဖြေလို့ ရတာပေါ့…ရန်ကုန်မှာ ဒီလောက်လှတဲ့ နေရာမရှိဘူး..ဒီလိုနေရာကို ကစားကွင်းနဲ့ လဲချင်နေတာ မင်းက တကယ့် အဆိုးလေးပဲ..ဟူး..ဖုန်းအားကုန်နေပြီ.. ဓာတ်ပုံလေး ဖြစ်ဖြစ် ပန်းချီလေး ဖြစ်ဖြစ် မှတ်တမ်းတင်ထားရင်တောင် တော်တော်လှတဲ့ မြင်ကွင်းလေး.."
"ထပါတော့…ဦးဒီက က ရှုခင်းကြည့်ပြီး ှဗိုက်ဝပေမဲ့ အချစ်က မ၀ ဘူး .."
ဒီပါ့ လက်မောင်းကို ဆွဲထူပြီး ခေါ်တော့မှ မထ ချင်ပေမဲ့ ထလာခဲ့ရတာ မြင်ကွင်းလှလှလေးတွေကို မေ့သွားမှာ စိုးမိသည်..။
"မုန့်ညှင်းပေါင်း စားပါလား ဦး.."
"အင်း.."
ဒီပါ့ကို ထားခဲ့ပြီး ဆိုင်ထဲ ၀င်သွားခါ ရေဘူးတွေ ရေခွက်တွေ သယ်ချလာပြန်သည်..။
"အားနာဖို့ကောင်းတာကွာ.."
"မိုးကုတ်မှာက အားလုံး အမျိုးချည်းပဲ..ဟဲဟဲ..ဟုတ်တယ်နော် ..အဒေါ်."
"ဟုတ်ပါတယ်ရှင်.."
"ဟဲ..ဟဲ…သောက်…ဦးဒီက…ဘယ်လိုလည်း..ရန်ကုန်မှာ အချစ်ပူတာ အပြစ်လား.."
ကန်ဘက်မှာ လေတိုက်ခံလာရသည်မို့ ဒီပါ လက်ကို တင်းတင်း ပိုက်ထားမိတာကို လှောင်ပြီး မေးငေါ့ မေးတော့ …
"အဟွင်း…မိုးကုတ်မှာ ဒီက အေးတာလည်း အပြစ် မမြင်ပါနဲ့…"
"၀မ်းတဖိုး…စားဦးမလား.."
"တို့ဟူးမလား."
"အဟား…သိတယ်ပေါ့…အပျော့လား အမာလား…"
"အပျော့ပဲ.."
"အိုကေ…ရမယ်.."
ဆိုင်ပိုင်ရှင် အဒေါ်ကြီး အနားမှာ ရစ်သီရစ်သီ နဲ့ လိုအပ်တာ ကူပေးနေတဲ့ သူ့ကို ကြည့်ပြီး ဒီပါ အံသြရသည်..။
ဒီကောင်မလေး အပေါင်းအသင်းဆန့်ပြီး တကယ့် ကူညီတက်တဲ့ ကောင်မလေးလို့ စိတ်ထဲက မှတ်ချက်ပြုမိသည်..။
"ရပါပြီရှင့်.."
"၀မ်းတဖိုးအပျော့..တို့ဟူးခြောက်ကြော်…မုန့်ညှင်းပေါင်း…ဘာကျန်သေးလည်း.."
"တော်ပါပြီ…လာထိုင်.."
စားပွဲပေါ်က ပန်းကန်တွေကို ရေတွက်ပြီး နောက်ပြန်ကြည့်နေတော့ ဒီပါ လက်ဆွဲ၍ ထိုင်ခိုင်းလိုက်ရတော့သည်..။
"၀မ်းတဖိုး ကောင်းလား..ဦး.."
"အင်း…"
"ဟဲ..ဟဲ..အချစ် ကူပြင်ပေးထားတာလေ.."
"ခွက်ကလေးရွေ့ပေးတာကိုများ…"
"ဦးဒီက က အချစ်ဘာလုပ်လုပ် ခိုးကြည့်နေတာပဲ…ဟွင့်.."
"အဟွင်း..မင်းက အတုံးလေးတွေဆိုတော့ ဘယ်လိုနေလည်း.."
"ခဏ….အချိန်ကျန်ရင် အချစ်တို့ ညစျေးမှာ ထပ်စားကြမယ်သိလား..စားစရာတွေ အစုံရတယ်…အင့် စားကြည့်ကြည့်....."
ဒီပါ့ မျက်နှာရှေ့ရောက်လာတဲ့ တူနဲ့ အတူ ပါလာသည့် တို့ဟူး တစ်တုံးကို ဘေး ကြည့်ခါ လှမ်းစားလိုက်ရတော့သည်..။
"ဒါက အမာလား.."
"အင်း..ကောင်းလား.."
"ကောင်းပါတယ်…ဒီက စားနေတာ ပူပူလေးဆိုတော့ ပိုကောင်းတယ်…"
"၀မ်းတဖိုးဆိုတာ..နိုင်ငံခြားသားတွေ က စားကြည့်ပြီး စားကောင်းတယ်လို့ ပြောသွားတာက စ ဖြစ်လာ တာတဲ့လေ.."
"Wonderful လို့ပြောရာကနေ ၀မ်းတဖိုး ဖြစ်သွားတာလား.."
"အင်း.."
"မင်းက ဂိုက်လုပ်စားဖို့ကောင်းတယ်.."
"လုပ်တာပဲ..အချစ် အရင်တုန်းကဆိုရင် လေး ငါးခါ လောက် လုပ်ပေးဖူးတယ်…မန္တလေး က ဘုရားဖူးအဖွဲ့ အဖွဲ့ဆိုရင် အချစ်ကို သဘောကျလို့ မုန့်ဖိုးတွေ အများကြီး ပေးသွားတယ်.."
"မင်းကိုသဘောမကျတဲ့ သူလည်း မရှိပါဘူးကွာ.."
ခပ်ညီးညီး ပြောပြီး တို့ဟူးပန်းကန်ကိုပဲ ငုံ့စားနေမိသည်..။
ဒီပါ ဗိုက်အောင့်နေတာနဲ့  တခြားစားစရာတွေ မကိုင်ပဲ  တို့ဟူးနွေးကို စားရင်း ကိုယ်ထဲ နွေးသလိုလို ဖြစ်လာသည်..။
"အဟဲ..အချစ်က တော်တာကိုး သွက်သွက်လက်လက် လည်း ရှိတယ်လေ…"
"အဟွင်း…အဲဒါတော့ ဟုတ်တယ်…ဂိုက်မလေး ပြီးရင် ဘယ်ကို ပို့ပေးမလည်း.."
"အရင် တောင်တွေချည်း လိုက်ပြပေးတာပဲလေ…ဧည့်သည်တွေက ရှုခင်းကောင်းကောင်းကို ကြိုက်တာကိုး..ဓာတ်ပုံဆရာတွေလည်း ပါသေးတယ်…တစ်ချို့ကျတော့လည်း လည်ပတ်ပြီး စားသောက်ဆိုင် လိုက်ပို့ခိုင်းတယ်..ဦးက တောင်ပေါ်က ကြည့်ရတာ ကြိုက်လား.."
"အင်း..ကြိုက်တယ်…"
"ဗျူးပွိုင့်ကို ပို့ပေးမယ်လေ…အာ..မကောင်းဘူး…အခုဆို ကလေးတွေ ချည်းပဲ ရှုပ်နေလိမ့်မယ်.."
မျက်နှာလေး ရှုံ့မဲ့ပြီး တူကို လက်နဲ့ခါရမ်းရင်း ခေါင်းနဲ့ပါ ငြင်းတော့ ဒီပါ ပြုံးလိုက်မိသည်…။
"မင်းက လူကြီးလား.."
"ဟုတ်ဘူးလေ…အချစ်ပြောတာက.."
"အဟွင်း…သွားချင်တဲ့နေရာကိုသာသွား..မထားခဲ့ရင်ပြီးရော.."
"ဟဲ..ဟဲ..ဦးဒီက ကြောက်နေပြီမလား.."
"ကြောက်တာပေါ့.."
"အဟား..ဟား…ဒါဆို တောင်ပေါ်က နေ၀င်တာ  ကြည့်ကြည့်လို့ရအောင် ဒေါ်နန်းကြည်တောင် ကိုတက်ပြီးမှ ပြန်ကြမယ်လေ.."
"အင်း."
ဒီပါ ပိုက်ဆံအိတ်ကို သူ့ဆီအပ်လိုက်တော့ တစ်ရွက်ပဲယူပြီး အနွေးထည် အိတ်ထဲ ပြန်ထိုးထည့်ပေးခဲ့သည်..။
သွားစွယ်လေးတွေပေါ်အောင် ပြုံး၍ နှာခေါင်း ရှုံ့ပြခါ ပန်းကန်တွေကို တစ်ခါတည်းသိမ်းယူသွားသည်..။
မင်းရဲ့ ကူညီတက်တဲ့ စိတ်ကလေးကြောင့် ချစ်ဖို့ကောင်းနေတာများလား…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
အရမ်းနောက်ကျသွားတယ် နော်
ဆောရီး အကြီးကြီးပါ🙏
အဆက်မမိ ရင်လည်း ခွင့်လွှတ်ပါ🙏
ရေးနေရင်း ဘာတွေ ဖြစ်ကုန်ပြီလည်း မသိတော့ဘူး 💔😭
မိုးကုတ်မရောက်ဖူးလို့ အလွဲတွေပါရင် ခွင့်လွှတ်ပါ နော်
အကြီးကြီး တောင်းပန်ပါတယ် 🙏
စာရှည်သွားလို့ ဖတ်မရမှာ စိုးတယ်🙏
ပုံပြန်တင်ပေးပါမယ်နော် 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now