Part 33

5.1K 161 1
                                    

မုန်းပါနဲ့ဦး
အပိုင်း (၃၃)
#မုန်းပါနဲ့ဦး

"ကိုကို…"
"ဟင်…ရူ…ရူပါ…လုပ်ပါဦး.."
"ဘာဖြစ်တာလည်း.."
"ဟင်..သူ….သူခေါ်လို့မရတော့ဘူး.."
ဒီပါ့ ရင်ခွင်ထဲ မှာ ပိုက်ထားသည့် ကောင်မလေးကို ရူပါ က ငုံ့ကြည့်ပြီး နှာခေါင်း၀ကို လက်နဲ့ စမ်းကြည့်သေးသည်..။
"ကိုကို စိတ်အေးအေးထားပါ….မတိုက်မိပါဘူး ကိုကိုရာ…ဘာတွေ ဖြစ်ကြမှန်း မသိဘူး…"
"သူ….သူ….ဘာဖြစ်တာလည်း…ဒီကားက…"
"ထားဦး..လန့်ပြီး သတိလစ်သွားတာဖြစ်မယ်..အိမ်ခေါ်သွားမယ်…"
"အင်း.ဒါပေမဲ့..သွေးတွေ..သွေးတွေ..."
"ကိုကိုကလည်း..ဘာမဆို တည်ငြိမ်ပြီး ခုကျမှ ဘာဖြစ်တာလည်းဗျာ..စိတ်ကို ငြိမ်ငြိမ်ထားလေ…သွေးက ထွက်မှ မလာတော့တာ…ဟူး…
၀င်သက်ထွက်သက် ရှုမှတ်နေ…အဲ..နောက်မှ မှတ်..ခုချီလာ.."
ဒီပါ ကပျာကယာ ပွေ့ပြီး ရူပါ့ ကားနောက်ခန်းထဲ ကို ၀င်ထိုင်၍   စိတ်ကို လျော့ခါ အသက်ကို ပြင်းပြင်း ရှုနေရသည်..။
နဖူးပေါ်က သွေးစီးချောင်းကို တစ်ရှူးနဲ့ မရဲတရဲ သုတ်ပေးလိုက်တော့ နဖူးစောင်းနေရာမှာ တစ်ခုခု နဲ့ ခြစ်မိသလို
နည်းနည်းပေါက်သွားတာ သွေးတော့ မထွက်တော့ပါ..။
ဒီပါ ရင်တထိတ်ထိတ် ဖြင့် ဆံပင်တွေကို လက်နဲ့ မွှေဖွရင်း ခေါင်း တစ်ခုလုံးကို ဒဏ်ရာ လိုက်ရှာမိသည်..။
"ကိုကို ဘာလုပ်နေတာလည်း.."
"တစ်ခုခု.."
"အိုး..ဘာမှ မဖြစ်ပါဘူးဆို…လန့်ပြီး သတိလစ်ရုံပါပဲ…"
"ဟင်း…ဘယ်အချိန်ကတည်းက လိုက်နေတာလည်း မသိပါဘူး..ဒီကတော့..နှလုံးရောဂါ ဖြစ်ပြီ ထင်တယ်….ဟင်း…"
"ကိုကို ကြည့်လုပ်ဦးနော်..ဆရာ၀န်က သတိပေးထားတယ်လေ…ဒါနဲ့ ညီက ရှေ့မှာ ပြေးနေတာ ကိုကိုမှန်း သိလို့ ဟွန်းတောက် လိုက်တာ ကို ပြေးပြီး စောင့်တွန်းတော့ ဘာဖြစ်တာလည်း ကြည့်နေတာ…"
"ညီကလည်းကွာ..သူက အရမ်း စိတ်ကူးယဉ် တက်တာ…အခုလည်း စိတ်ပူပြီး…ကျစ်…"
"ဟာ….ဘာမှ မလုပ်ဘူးလေ…"
"ကလေး သနားပါတယ်…သူ့ခမျာ နေ့တိုင်း စိတ်မကောင်း ဖြစ်နေရှာတာ…"
"အဟမ်း..အဟမ်း.."
ဒီပါ့ ရင်ခွင်ထဲမှာ မှီကိုင်ထားတဲ့ ကောင်မလေးကို ဆံပင်လေးတွေ ပြန်သပ်တင်ပြီး ပြောမိတော့ ရူပါ က ချောင်းဟန့်ပြန်သည်..။
လူက နှလုံးခုန်နှုန်း ပုံမှန် ဖြစ်သေးတာ မဟုတ်ဘူး…ပန်းအချစ်ဦးသာ တစ်ခုခု ဖြစ်သွားရင် ဒီပါ တော့ အဖေ့ထက် ဆိုးပါတော့မည်..။
"ဟင်း…ဆေးရုံ ခေါ်သွားမလား.."
"မလိုပါဘူး ကိုကိုရာ.."
"ညီ က ဘယ်လို သိမလည်း.."
"ဆရာ၀န် ရဲ့ ယောင်္ကျားပါဗျ…"
"သူ့မျက်နှာလေး ဖြူနေသလိုပဲ.."
"ကိုယ့်မိန်းမ အသားဖြူတာ ခုမှ သိတာလား.."
"ညီရယ်..မစ စမ်းပါနဲ့….ဒီက ရင်တွေ အရမ်းခုန်နေတယ်…"
"ဖက်ထား..ဖက်တား.."
ရူပါက ရွဲ့ပြီး ပြောပေမဲ့ ဒီပါ ပိုပြီး ထွေးပိုက်လိုက်ခါ နှာခေါင်းကို လက်နဲ့ ထိပြီး စမ်းသပ်ကြည့်မိသည်..။
ကားတိုက်မိသွားပြီ ထင်ပြီး အရူးလို ဖြစ်သွားတာ…တစ်ခုခုသာ ဖြစ်သွားရင်တော့…ရွှေခဲရယ်..။
"ဟယ်.."
"ရှူး..တိုးတိုး…ကြီးကြီး…ဖေကြီး အိပ်နေတယ် မလား..ဘာမှ မဖြစ်ပါဘူး..လန့်ပြီး မူးလဲသွားတာပါ.."
"သြော်…အင်း..ကြီးကြီး မေဖူးကို ခေါ်ပြီးလိုက်ခဲ့မယ်.."
"ရတယ်..ကြီးကြီးလည်း ခုမှ နိုးတာမလား..ဆရာ၀န်လာရင် ကောင်းသွားမှာပါ…"
"အင်း.."
လှေကားနားက ကြီးကြီး ကို လေသံတိုးတိုး ဖြင့် တုန့်ပြန်ခါ ပန်းအချစ်ဦး ကိုယ်လေးကို ပွေ့ပြီး အပေါ်တက်သွားလိုက်ရသည်..။
"ဒေါက်တာ ငွေရည် ကို ခေါ်လိုက်မလား…"
"အစောကြီး..နေပါစေ…ဖိုးကောင်းကိုပဲ ခေါ်ခိုင်းလိုက်ပြီ…"
"မိန်းကလေး ဒေါက်တာ ကျတော့ ပြောလို့ကောင်းတာပေါ့…"
"ဟင်..."
"သြော်…ပန်းအချစ် မှာ  ကိုယ်၀န်တွေ ဘာတွေ…"
"ဟာကွာ…မဟုတ်ဘူး.."
ဒီပါ စိတ်ပူနေရတဲ့ ကြားထဲ ရူပါက ပခုံးကို လက်နဲ့ ဖိခါ အမျိုးမျိုးတွေ ပြောနေတော့ စိတ်မရှည်ချင်တော့ပါ..။
ခုတင်ပေါ်မှာ လုံးထွေးတင်ခဲ့တဲ့ ည၀တ်စုံလေးကို ဆွဲယူ ဖယ်လိုက်ရင်း ငြိမ်သက် တိတ်ဆိတ်နေတဲ့ ကောင်မလေးကို ကြည့်ရင်း ရင်ထဲစို့ရသည်။
"ခုရက်ပိုင်း သူ တော်တော် ခံစားနေရတာ…ဒီက လည်း…နောက်မဆိုးရဲအောင် ပစ်ထားလိုက်မိတယ်.."
"ဟား..ဟား..ကလေးဆိုးလို့ ဒဏ်ပေးတာပေါ့လေ…ကလေးသာ ရလာရင် ပိုကြည့်ကောင်းပြီ… အခုတောင် မူးလဲနေပြီဆိုတော့  ကလေးရှိနေရင် ညီ့ကလေးနဲ့ အသက်သိပ်ကွာမှာ မဟုတ်ဘူးနော်..ဟဲဟဲ"
"မဟုတ်ပါဘူးဆိုကွာ…"
ကိုယ်တွေးနေတာက စိုးရိမ်ပူပင်မှုနဲ့ နောင်တ တွေ သူပြောနေတာက ကလေး ကိစ္စ မို့ စိတ်တိုချင်လာပြီ..။
ဒီပါ ရှက်နေတယ် ထင်ပြီး ရူပါ စနေတာ သိတော့  ခပ်ပြတ်ပြတ်ပင် ပြောလိုက်ရတော့သည်..။
"ဟုတ်နေရင် ဘယ်နဲ့ လုပ်မလည်း.."
"မဟုတ်ဘူး..လုံး၀ မဟုတ်ဘူး.."
"သေချာတယ်ပေါ့…"
"သေချာတယ်…အခုချိန်ထိ သူ့နှုတ်ခမ်းကိုတောင် ဒီက စ မနမ်းဖူးဘူး.."
"ဟမ်.."
ရူပါက ပါးစပ် အဟောင်းသား ဖြစ်နေပေမဲ့ ကားသံကြားလို့ ဒီပါ အခန်းထဲက ထွက်ခါ လှေကားတွေကို ပြေးဆင်းသွားလိုက်သည်..။
"ကြွပါ…ဒေါက်တာ.."
"အင်း…မနက်စောစောဆိုတော့ စိတ်ပူသွားတယ်…အန်ကယ်ကော.."
"မနက်စောစော  အကူအညီတောင်းလိုက်ရတာ စိတ်မရှိပါနဲ့ ဒေါက်တာ..ဖေကြီးက အိပ်နေပါတယ် …ကျွန်တော့် မိန်းမ ရှော့ရပြီး သတိလစ် သွားလို့ပါ…"
"သြော်…ကြည့်လိုက်မယ်လေ…"
ဒီပါ ဆေးအိတ်ကို ကိုယ်တိုင် သယ်ပြီး ဆရာ၀န်ကို ဦးဆောင်ခါ ခေါ်လာခဲ့လိုက်သည်…။
"အိပ်ရေးပျက်တာလည်း များပုံရတယ်.."
"ဗျာ..ဟုတ်ကဲ့.."
" နှလုံးခုန်နှုန်းလည်း ပုံမှန်ပါပဲ….မကြာခင် နိုးလာပါလိမ့်မယ်…မစိုးရိမ်ပါနဲ့.."
"ဟုတ်ကဲ့..ဒေါက်တာ..သူ နဖူးလည်း ပေါက်သွားတယ်.."
ဒေါက်တာက နဖူးက ဒဏ်ရာလေးကို ဆံပင်တွေ ဖယ်ကြည့်ပြီး ခေါင်းညိတ်နေသည်..။
"အပေါ်ယံ အရေပြားပဲ ထိတာပါ..နိုးလာတဲ့ အခါ ခေါင်းမူးတာတို့ ဘာတွေ ကျန်နေရင်တော့ စစ်ကြည့်ရမယ်…အပေါ်ယံ ဒဏ်ရာအတွက်ကတော့
လိမ်းဆေးပေးမယ်လေ..အိမ်မှာရှိတာပဲ လိမ်းမလား.."
"ဒေါက်တာပဲ ပေးပါ.."
ဒေါက်တာက လိမ်းဆေးလိမ်းပေးရင်း ပြုံးလိုက်တော့ ဒီပါ အကဲပိုသလို ဖြစ်နေတာကို သတိထား၀င်၍ ငုံ့ကြည့်နေမိတာမို့ ခါးကို ပြန်မတ်လိုက်ရသည်..။
"ဒေါက်တာ…ကိုယ်၀န်တွေဘာတွေ.."
"ရူပါ.."
"အဟဲဟဲ..တစ်ခါတည်း စစ်တော့ ကောင်းမလားလို့ပါ..…"
ရူပါက ဒေါက်တာ အိတ်ကို ကူသိမ်းပေးပြီး အခန်းပြင်ကို လိုက်ပို့တော့ ဒီပါ့ မှာ ကျေးဇူးတင်ပါတယ်တောင် မပြောလိုက်ရပဲ  ခုတင်မှာ ထိုင်လိုက်ရသည်..။
"ရွှေခဲ…မြန်မြန်နိုးလာနော်…ဒီက မင်းကို စိတ်ပူလို့ပါ.."
ဆံပင်လေးတွေကို ကိုင်ကြည့်ပြီး ပြောရင်း တိတ်ဆိတ်ငြိမ်သက်နေတဲ့ မျက်နှာလေးကို ကြည့်ခါ စိတ်မကောင်းဖြစ်ရသည်..။
ဒီပါ မနက် အပြင်ထွက်ခါနီး သေချာ ကြည့်ပြီးမှ ထွက်သွားတာပါ…။
အိပ်ချင်ယောင်ဆောင်နေပြိး နောက်က လိုက်လာမယ်လို့ မထင်မိပါဘူး....။
ညတုန်းက ငိုသံလေးနဲ့ ပြောတဲ့ စကားသံတွေ ပြန်ကြားယောင်ရင်း ပိုတိုး၍ စိတ်မကောင်း ဖြစ်နေရသည်…။
နာရီကို ကြည့်လိုက်တော့ နာရီ၀က်ကျော်လာပြီမို့ ဆရာ၀န်ကို ဖုန်းပြန်ဆက်ကြည့်ဖို့ ထိုင်နေရာက ထလိုက်သည်..။
"ဒီက ကို မမုန်းပါနဲ့နော်…"
လက်ချောင်းသွယ်သွယ်လေးတွေကို ဖွဖွ ဆုပ်ကိုင်ပြီး နှုတ်ခမ်းကပ် နမ်းလိုက်တော့ တစ်ချက်တွန့်သွားသည်..။
"ရွှေခဲ..နိုးပြီလား…"
ဒီပါ ကပျာကယာ ပြန်ထိုင်ပြီး မျက်နှာလေးကို မျက်တောင်မခတ်ကြည့်ရင်း ပါးလေးကို ဖွဖွ ပွတ်၍ မေးလိုက်သည်..။
"ရွှေခဲလေး.."
"အင်း..အိပ်ချင်လို့…"
"ဘယ်လိုနေလည်း..မူးလားဟင်.."
"မမူးပါဘူး…ဟင်..ဦး..ဦးဒီက ကို …ကား..ကား.."
မျက်လုံးတွေ ဖျတ်ခနဲ့ ပွင့်ပြီး ငေါက်ခနဲ့ ထထိုင်လိုက်တော့  သူ့ဘေးမှာ ကပ်ထိုင်ခါ ပခုံးကို ပွေ့ထားရသည်..။
"ဘာမှ မဖြစ်ပါဘူး…ရွှေခဲ တွေ့လိုက်တာ ရူပါ့ ကားပါ…ကားတိုက်တာ မဟုတ်ဘူး..ရူပါက ကားဟွန်းတီးလိုက်တာပါ…"
"တော်ပါသေးရဲ့..အချစ်..အချစ်..ဟင်…ဘယ်သူလည်း.."
ဒီပါ့ကို မော့ကြည့်ပြီး ရင်ဘတ်ကို ဆောင့်တွန်းလိုက်တော့ မျက်လုံးပြူးရင်း ကြောင်နေမိသည်..။
မျက်လုံးဝိုင်းလေးတွေ သူစိမ်းဆန်လွန်းနေတော့ ဒီပါ ရင်တွေခုန်ပြီး  တစ်မျိုး စိတ်ပူရပြန်သည်..။
ပြုတ်ကျတုန်းက လမ်းနဲ့ ထိပြီး အတိတ်မေ့သွားတာများလား…။
"ရွှေခဲ.."
"အား….လွှတ်…"
"ဒီကိုကြည့်…ရွှေခဲ…ဒီက ကို မသိဘူးလား.."
ဒီပါ လက်နှစ်ဖက်နဲ့ မျက်နှာလေးကို ဆွဲယူပြီး သေချာအောင် ကြည့်ခိုင်းလိုက်တော့ မျက်လုံးပြူးပြီး လက်ကို ရိုက်ချလိုက်သည်..။
"ရွှေခဲ.."
"နင်..ဘယ်သူလည်း…ဒီအခန်းထဲကို ဘယ်လို ရောက်နေတာလည်း…ဟင်….ငါ…ဒါ…."
"ဟင်.."
တစ်ခန်းလုံးကို ဝေ့ပတ်ကြည့်ရင်း ပြောတော့ ဒီပါ လည်ချောင်းတွေပါ ခြောက်သွေ့လာရသည်..။.
"…ဒီက လေ…ဦးဒီကလေ….ရွှေခဲရယ်…ဘာဖြစ်လို့လည်းဟင်…သေချာ ကြည့်ပါဦး..ကောင်မလေးရယ်…မသိတော့ဘူးလား…"
"မဟုတ်ဘူး..မဟုတ်ဘူး..ဦးဒီက…အဟင့်…အချစ်ကို ကယ်ပါဦး...."
"ဟာ...."
"အား.."
ပခုံးကို ဆုပ်ကိုင် ထားတဲ့ ဒီပါ့ လက်ကို ဆွဲကိုက်ပြီး ခုတင်ပေါ်က ခုန်ဆင်းခါ အခန်းထဲက ပြေးထွက်သွားသည်..။
လှေကား အတိုင်း ပြေးဆင်းသွားတော့ ဒီပါ နောက်က ပြေးလိုက်သွားရသည်..။
"ဟင်…သမီး.."
"ကြီးကြီး…ကြီးကြီး..လုပ်ပါဦး…အချစ်တို့ အခန်းထဲကို လူ တစ်ယောက် ရောက်နေတယ်.."
"ဟေ…"
"ဟိုမှာ…ဟိုမှာ…"
သူမလေး ထိတ်ထိတ်ပျာပျာ ပြောနေတဲ့ စကားကို နားထောင်ပြီး ကြီးကြီးက ကြောင်တောင် တောင်ဖြင့် ပြန်ကြည့်ပြန်သည်..။
"ကောင်မလေး..စိတ်အေးအေးထားပါနော်..ကြီးကြီး ကိုတောင် မင်း မှတ်မိတာပဲ..သေချာ စဉ်းစားပါဦး.."
"ကြီး….ကြီးကြီးလည်း သိတာလား..အဲဒါ…"
"ဟင်.."
မေဖူး နဲ့ ရူပါကလည်း ထမင်းစားခန်းက ထွက်လာပြီး မျက်လုံးပြူးနေတော့ ဒီပါ လှေကားဆုံးအောင် ပြေး ဆင်းသွားလိုက်ရသည်..။
"ဒီကလေ…ဦးဒီကလေကွာ…"
"မဟုတ်ဘူး.."
မျက်လုံးစုံမှိတ်ပြီး မျက်ရည်ကျလောက်အောင် လက်သီးဆုပ်၍ အော်တော့ ဆက်ပြောဖို့တောင် အင်အားမဲ့သွားရသည်..။
"ဟုတ်တယ်လေ…ညီမလေးရဲ့…ကိုကိုလေ...."
ရူပါက စိုးရိမ်တကြီး ၀င်ပြောတော့ ခေါင်းရမ်းပြီး မျက်ရည်တွေ ပြည့်အိုင်လာခါ ရူပါ့ အနားကို ကပ်သွားချိန် ရင်တွေ ပူရသည်..။
အားလုံးကို မှတ်မိရဲ့သားနဲ့….ဘာတွေများ ဖြစ်ကုန်ပြီလည်း ကောင်မလေးရယ်..။
ဒီက ကို စိတ်နာလို့ မေ့များသွားပြီလား..။
"အဲဒါ သမီးရဲ့ ဦးဒီကလေ.."
"ဟင်…ဦးဒီက…ဟာ…မဟုတ်ပါဘူး…အချစ်ကိုမလိမ်ပါနဲ့…"
"ကြီးကြီး တို့ မလိမ်ပါဘူး..သမီးရယ်…"
"ဦးဒီက က ဒီပုံစံ မှ မဟုတ်တာ.."
ဒီပါ့ကို လက်ညိုးထိုးပြီး ရန်တွေ့သလို ပြောလိုက်တော့မှ မျက်နှာကို လက်နဲ့ ဖွဖွ ပြန်စမ်းကြည့်မိသည်..။
ရူပါက သူ့နဖူး သူရိုက်ပြီး သဘောကျစွာ အော်ရယ်နေသလို ဖေကြီးကလည်း အခန်း၀မှာ ရပ်ရင်း သက်ပြင်းချပြီး ပြုံးတော့သည်..။
"ဦးဒီက မဟုတ်…"
အချစ် အနားကို ရောက်လာတဲ့ မမြင်ဖူးတဲ့သူက နှုတ်ခမ်းတွန့်ရုံ လေး ပြုံးလိုက်တာတောင် ဘယ်ဘက်မှ ပါးချိုင့် လေးက ခပ်နက်နက် ခွက်၀င်သွားသည်..။
ဒီလူ ဘယ်သူများလည်း…အချစ်ကို ရယ်ပြနေတာလား တွေးရင်း ရင်းရင်းနှီးနှီး သိနေသူလို ပြုံးပြမိမလို ဖြစ်သွားသည်..။
" …ဦး…ဦးဒီက လား.."
"ဟုတ်တယ်လေ…သမီးရယ် …ဒါသားရဲ့ ရုပ် အစစ်…"
"အယ်…ဦးက…ချောလိုက်တာ…."
အချစ် သတိလက်လွတ် ကြည့်ခါ ခပ်လေးလေး ပြောလိုက်တော့  အားလုံးရဲ့ ရယ်သံတွေ အောက်ထပ် တစ်ခုလုံး ဆူညံထွက်သွားသည်..။
"ညာနေတာပါ…ဟင့်.."
"..သမီး စိတ်အေးအေးထား.. လာထိုင်လိုက်.."
ဖိုးဖိုးက အချစ်ကို တွဲခေါ်ပြီး ဆိုဖာ မှာ ထိုင်ခိုင်းတော့ ဦးဒီက ဆိုသူကလည်း ရှေ့ခုံမှာ ၀င်ထိုင်ပြီး ပြုံးပြပြန်သည်..။
မဟုတ်ပါဘူး…ဦးဒီကတော့…
"အဟင့်..ဟင့်….အီး…'
"ဟာ…ဘာဖြစ်လို့လည်း…သမီး.."
"ဘာဖြစ်လို့လည်း.."
"အချစ်သိတယ်…ဦးဒီက တစ်ခုခု ဖြစ်သွားလို့…ဖိုးဖိုးတို့ အားလုံး ဝိုင်းလိမ်နေတာမလား..ဟီး..ဦးဒီက ရယ်…အချစ်ကို မုန်းလို့ ထားခဲ့ပြီလား..ဟီး…အချစ်လည်း လိုက်မယ်….ဦး ကို သတိရတယ်…ဟီး…"
"ဘာဖြစ်လို့လိမ်မှာလည်း…သမီးရယ်...မင်းဟာလေ…ဒီမျက်နှာကို ဒီနေ့မှ ပြင်ရသလား.."
ဖိုးဖိုးကဆူလိုက်တော့ ရှေ့မှာထိုင်နေတဲ့ ခပ်ချောချော လူက မျက်နှာငယ်ပုံစံ နဲ့ ကိုယ်ကိုရှေ့ကိုင်းပြီး..
"ရှေ့မှာ ရှိနေတယ်လေ…ကောင်မလေးရယ်.."
"ဟား…ဟား….ကဲ…ကဲ…ဒီမှာကြည့်…"
ကိုရူပါက စားပွဲအောက် အံဆွဲကို ဆွဲထုတ်ပြီး ဓာတ်ပုံ စာအုပ်ကြီး ထုတ်ပေးတော့ အချစ် အကြည့်ရောက်သွားသည်..။
ကိုရူပါ နဲ့ တွဲထိုင်နေတာ ရှေ့က လူပါပဲ..။
ပြီးတော့…နိုင်ငံခြားလို နေရာမျိုးမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်း…ဒီလူပါပဲ…။
အချစ်လည်း သိသားပဲ …
ကိုရူပါ့ သူငယ်ချင်း တော်တော် ချောတယ်လို့တောင် တွေးမိသေးတယ်လေ…။
ဒါပေမဲ့..ဒီလူက ဦးဒီက ဆိုတာက…။
"မယုံဘူးလား…လာ…သက်သေတွေ အပေါ်မှာ ကျန်သေးတယ်.."
အချစ် အနားကို ရောက်လာပြီး လက်ကို ဆွဲခါ ထူလိုက်တော့  ပြန်ရုန်းပေမဲ့ ရုန်းမရလို့ လိုက်ပါသွားရတော့သည်..။
"ဖိုးဖိုး.."
"စိတ်အေးအေးထားပြီး.. နားထောင်လိုက်ပါ..သမီးရယ်.."
"ဖေကြီးကို ညီပဲ လိုက်ပို့ရလိမ့်မယ်..ထင်တယ်.."
"ရပါတယ်…ကိုယ်ဇယားကို သေချာ ရှင်းပါ…အဟား..ဟား…"
ကိုရူပါက အော်ရယ်နေသလိုဖိုးဖိုးကပါ မေးငေါ့ သွားခိုင်းနေတော့ အချစ် မယုံနိုင်ပေမဲ့ လှေကားထဲ့ကို ရောက်သွားရပြန်သည်..။
"လာထိုင်.."
"မထိုင်ဘူး.."
"ဘာဖြစ်လို့လည်းဟင်.."
"အဲဒါ ဦးဒီက ခုံ..ရှင်ပြန်ထ.."
"ဟုတ်ပါပြီ…ရွှေခဲလေး ရဲ့ ဦးဒီက က ခု ဒီမှာလေ.."
"လိမ်နေကြတာ..အားလုံး ဝိုင်းလိမ်နေကြတာ..ဟင့်..ဟင့်…"
အချစ် ခေါင်းရမ်းပြီး ပြောရင်း ငိုလိုက်တော့ ခုံက ပြန်ထလာ၍ အနားကို တိုးကပ်လာသည်မို့ နောက်ကို ဆုတ် သွားမိသည်..။
"သက်သေတွေရှိတယ်လေ…ဘယ်အကြောင်း
ပြောပြ ရမလည်း…အင်း..ပူရင် အ၀တ်တွေ ချွတ်ပစ်တက်တာလား.."
"ဟင်.."
"မဟုတ်သေးပါဘူး..လီရှော အရက် သောက်ရင် မူးပြီး အ၀တ်တွေချွတ် အတင်းလိုက် နမ်းတက်တာမျိုးလား.."
"အိုး.."
"ဖုန်းလက်ဆောင်ရလို့ အဖိုးကြီးကို ပြေးနမ်းတာလေးလေ..အ၀တ်အစားတွေ ချွတ်ပြီးရင် ကွင်းလိုက် ပုံထားတက်တာလေ…ခြေထောက်ကျိုးနေတဲ့
အဖိုးကြီးကြောင့် ရှက်ပါတယ်ဆိုပြီး ပိုက်ဆံယူ ကွာရှင်းဖို့ ပြောတာလား…အတွင်း၀တ်တွေ နဲ့ ရေချိုး...."
"အိုး..တော်ပြီ…တော်ပြီ…"
အချစ် မျက်နှာတွေပူသလိုလို ဖြစ်လာတော့ ခြေထောက်၍ ပါးစပ်ကို လှမ်းပြီး လက်နဲ့ အုပ်ခါ တားလိုက်ရသည်..။
ဦးဒီက ဆိုတာ သေချာ သွားတော့ အချစ် မော့ငေးနေရင်း မျက်ရည်တွေ ပြည့်အိုင်လာတော့သည်..။
"အို..မငိုနဲ့လေ…"
အချစ်ပါးကိုကိုင်ပြီး မျက်ရည်တွေကို လက်မနဲ့ တို့ဖယ် သုတ်ပေးတော့ တစ်ချက်ရှိုက်ခါ ရင်ခွင်ထဲ တိုး၀င်လိုက်မိသည်..
"မငိုပါနဲ့ ကောင်မလေးရယ်.."
"ဦးဒီက ကို ကား.."
"မဟုတ်ပါဘူး....အဲဒါ ရူပါ့ကားပါ…ပြောပါဦး..ရွှေခဲက ဘာဖြစ်လို့ ကိုယ်စား ၀င်ခံပေးတာလည်း."
"ဟင်.."
"ပြောလေ…ဘာဖြစ်လို့လည်း.."
"ဘာဖြစ်လို့ရမလည်း…ဦးဒီက သေမှာ စိုးလို့ပေါ့…"
"ရွှေခဲလေးကို တိုက်သွားရင်ကော.."
"ဟင်…အခုမဖြစ်ဘူးလေ.."
"အသက်ပေးလောက်အောင် ချစ်တယ် ပေါ့လေ…"
"မုတ်ဘူး.."
"အရမ်းချစ်တယ် ကလေးရယ်…နောက်ဆိုရင်  အဲလို မစဉ်းစားပဲ မလုပ်ရဘူးနော်..ဒီက ဘယ်လောက်ရင်တုန် သွားရလည်း သိရဲ့လား…အိပ်ယာ နိုးတော့လည်း မသိဘူးဆိုတော့ ရင်ထဲကို ပူလောင်သွားတာပဲ…"
"ဦးဒီက က ဒီ ပုံကြီး ဖြစ်သွားတာကိုး.."
အချစ် နားမလည် ခြင်းများစွာနဲ့ ဦးဒီက ကို မော့ကြည့်ရင်း ဘာဖြစ်လို့ ဒီလောက်ချောသွားပါလိမ့်လို့တွေးနေမိသည်..။
"ဦးဒီက…"
"အင်း..ဘယ်လို နေသေးလည်း…နဖူးလည်း ပေါက်သွားတယ် ရွှေခဲလေးရယ်…မူးလားဟင်…"
"ဘာမှမဖြစ်တော့ပါဘူး...ဦးဒီက ဘာလို့ ပြောင်းသွားတာလည်း ဟင်.."
"ကောင်မလေးပဲ ရုပ်ကြမ်းနေလို့  ရှက်တယ်ဆို…"
"တကယ်ပြောတာ မဟုတ်ပါဘူး.အချစ်မရှက်ပါဘူး.. အခုတော့ အရင် ဦးဒီက ပျောက်သွားသလိုပဲ…"
"ရွှေခဲ မကြိုက်ရင် ပြန်အရှည်ထားမယ်လေ…"
"အိုး မထားပါနဲ့ အခုတိုင်းက ချစ်ဖို့ကောင်းတယ်..ကောင်လေး ငယ်ငယ်လေး လိုပဲ ဟိုပုံစံက အဖိုးကြီးနဲ့တူတယ်…ဦးဒီက ဘာဖြစ်လို့ အဖိုးကြီးနဲ့ တူအောင်နေတာလည်းဟင်…"
" အိမ်မှာနေရင်း စိတ်ဓာတ်ကျနေတော့ မပြင်ဆင်ချင်တော့ဘူးလေ……နောက်ပိုင်းကျတော့လည်း ..ရောဂါသည် ဟန်ဆောင်နေရတော့..ဒီပုံစံ အတိုင်းပဲ နေရတာပေါ့.."
"ဦးဒီက က တော်တော်ချောတာပဲနော်…"
အချစ်မော့ငေးရင်း သတိလက်လွှတ်ပြောလိုက်မိတော့ လူကို ကြည့်၍ အရင်လို မပွင့် တပွင့် အပြုံးလေး တစ်ခု ပြန်တွေ့လိုက်ခါ…
"အဟွင်း..ဟုတ်လား..ဘယ်နေရာလည်း…"
"အများကြီးပဲ…"
"ထိုင်ပြီးပြောပေါ့…"
အချစ် ပခုံးကို လက်နှစ်ဖက် နဲ့ကိုင်ပြီး ခုံမှာ ထိုင်ခိုင်းခါ ဦးဒီက က စားပွဲကို ခါးမှေးမှီ၍ ငုံ့ကြည့်နေတော့ ရင်တွေခုန်ရင်း..စကားတွေကို ပြန်စဉ်းစားနေရသည်..။
"ပြောလေ..ဘယ်လိုချော.."
"ဟို..ဟို…ပထမဆုံး ဦးဒီက ဆံပင်..အရင်တုန်းက ရှည်ရှည် မွဲခြောက်ခြောက်ကြီး အခု ညှပ်လိုက်ပြီး သပ်သပ်ရပ်ရပ် နောက်လှန်ဖြီးထားတာ ချောတယ်…နောက်ပြီး မျက်လုံး လည်း လှသွားတယ်.."
"မျက်လုံး ပြင်မထားပါဘူးကွာ.."
"အင်း..မျက်လုံးက နုသွားတာ.."
"ပြောပြီ ပေါက်ကရ…ပြီးတော့…"
"မျက်လုံးနဲ့ မျက်ခုံး တအားပေါ်သွားတယ်…မျက်နှာက အမွှေးတွေမရှိတော့ နုဖက် အိသွားတာပဲ…ယောင်္ကျားလေး ဆိုပေမဲ့ ၀က်ခြံအမဲစက်ကလေး တောင် မရှိဘူးနော်…ပြီးတော့..ဟီဟိ..ပါးချိုင့် ရှိမှန်း ခုမှ သေချာသိတယ်…အဲဒါက ချစ်ဖို့အကောင်းဆုံးပဲ…သြော်…ဦးဒီက နှုတ်ခမ်းတွေက အရင်တုန်းက နှုတ်ခမ်းမွှေးတွေနဲ့ ကွယ်နေတော့ သတိမထားမိဘူး…မညိုပဲနဲ့ ရဲသလို ဖြစ်နေတာလည်း ချစ်ဖို့ကောင်းတယ်…"
"ဟွင့်…အဆိုးမလေး..လူကို စိတ်ပူအောင်လုပ်ပြီး ခုမှ ပြန်မြှောက်နေတယ်.."
"ဦး.."
"အွင်.."
"အချစ်ကို မုန်းနေသေးလား ဟင်.."
"ဘာဖြစ်လို့မုန်းရမှာလည်း…ကောင်မလေးကို ဒီက အသည်းထဲ နှလုံးထဲက တစိမ့်စိမ့် ချစ်နေရသူပါ…"
"ဒါပေမဲ့…အချစ်ကို စိတ်ဆိုးပြီး…စကားလည်း မပြောဘူး..ပြီးတော့.."
အချစ် ၀မ်းနည်စိတ် လှိုက်တက်လာတော့ စကားတွေ ဆက်မပြောနိုင်ပဲ ရပ်တန့်လိုက်ရသည်..။
"ဟုတ်တယ်..ဒီက မှားသွားတယ်..တကယ်တော့ နောက်မဆိုးရဲအောင် နှိပ်စက်လိုက်မိတာ…နောက်ဆိုးဦးမလား.."
"မဆိုးတော့ပါဘူး..အချစ် အမြဲ လိမ်မာမယ်ပါမယ်နော်…အမြဲချစ်ပေးနော်.."
"လိမ်မာရင် ဒီရင်ခွင်ကြီးက မင်း အတွက်ပဲ.."
"..မလိမ်မာရင်တော့.."
"အပြစ်ပေးမှာပေါ့…"
အချစ် ထိုင်နေတဲ့ ခုံနောက်ကျောကို လက်နဲ့ထောက်လိုက်ပြီး မျက်နှာ ငုံ့လိုက်တော့ အချစ် အသည်းတုန် အူတုန်ပြီး ခေါင်းငုံ့လိုက်ပစ်မိသည်..။
"အဟွင်း…နားရွက်လိမ်ပစ်မယ်လို့.."
"ဟုတ်……ဦးဒီက ဘယ်တုန်းက ပြောင်းလိုက်တာလည်းဟင်… မနက်စောကြီးလား.."
"ညတုန်းကလေ… အဒေါ်အိမ်ပြန်တော့မယ် ဆိုပြီး ငိုနေတာ သိကတည်းက ပေါ့…ဒီက ပြင်ဆင်ပြီး ထွက်လာတော့ ကလေး က အိပ်ပျော်နေပြီ...."
"အင်း…ငိုပြီး အိပ်သွားရတာလေ…ဇာနည် က အဖေ့ကို စော်ကားတာ အချစ်မသိလို့ပါနော်..အချစ်ကို ခွင့်လွှတ်နော် …"
အချစ် မျက်နှာငယ်လေးနဲ့ ပြောလိုက်တော့ ဦးဒီက ကခေါင်းညိတ်ပြီး ခေါင်းကို ပုတ်ရင်း..
"ဒီက လည်း ရိုင်းသွားတယ်…နောက်တွေ့ရင် တောင်းပန်ရဦးမယ်.."
"မတောင်းပန်နဲ့…ထားလိုက်..အဲ့ကောင် ကို အချစ်လည်း ကျိန်းထားတယ်…နောက်တစ်ခါ မျက်စိရှေ့မှာ တွေ့ရင် သတ်မယ်လို့လေ…"
"အမလေးဗျာ…ဘယ်လိုလေးလည်း.."
အချစ် နှုတ်ခမ်းစူပြီး လက်ရမ်းပြောတော့ ဦးဒီက က ပခုံးတွန့်ပြီး ကြောက်ပြတာ အချစ်ရယ်ရင်း ဒေါ်ကလျာကို သတိရလာသည်..။
"အန်တီ ကလျာ နဲ့ ဦးကော.."
"ဟာ..မလုပ်ရဘူး…မဟုတ်ရပါဘူး…ကလျာက နိုင်ငံခြား စားဖိုမှူး သင်တန်းသွားတက်နေပါပြီ.."
အချစ်ကို ကြည့်ပြီး မျက်လုံးပြူးခါ လက်နဲ့ ခေါင်းပါ ခါရမ်း ငြင်းနေတော့ အချစ် ရယ်ချင်မိသွားသည်..။
"ဟိဟိ…ဦးကလည်း.."
"ငိုအောင်လုပ်မိလို့ ဆောရီးနော်.."
"အချစ်က တောင်းပန်ရမှာပါ…ဦးကို မရိုသေတဲ့ စော်ကားတဲ့ စကားတွေ နောက် မပြောတော့ပါဘူးနော်…"
"အဟွင်း..လိမ်မာလိုက်တာကွာ…ချစ်ဖို့ကောင်းလိုက်တာ.."
"ဟိဟိ….ဦးဒီက က နှုတ်ခမ်း တစ်ခြမ်းပဲ ပြုံးတက်တာ ပါးချိုင့် ကြွားချင်လို့ကိုး.."
"ဟာ…မဟုတ်ပါဘူးကွာ…"
" …ဦးဒီက မှာ ပါးချိုင့်ရှိတယ် ဆိုတာ အချစ်သိသားပဲ.."
အချစ် ဘောင်းဘီ အိတ်ကို ဇစ်ဆွဲပြီး ဖုန်းကို ထုတ်ခါ ပြလိုက်တော့ ဦးဒီက က ယူကြည့်သည်..။
"အိပ်နေတဲ့ ပုံကြီး.."
"အွင်း…ဒီနားမှာ အမဲစက်ထင်းထင်းကလေး ဖြစ်နေတယ်လေ…"
"အဟွင်း..တော်တယ်…နေပါဦး…အဖိုးကြီးဆို… ဘာဖြစ်လို့ ဓာတ်ပုံ ခိုးရိုက်ထားတာလည်း.."
"ဦး..အိပ်ပျော်နေတာ..ကလေးနဲ့ တူလို့ပါ…"
"လည်တယ်…ဟုတ်ပါပြီ…အ၀တ်အစားလဲလိုက်ဦး.."
"ရေတစ်ခါတည်း ချိုးလိုက်မယ်နော်.."
"ခေါင်းမူးသေးလား..ရေချိုးလို့ ဖြစ်ပါ့မလား…နေဦး."
"အင်း…ဖြစ်ပါတယ်…မမူးပါဘူး..ဦး..မသွားသေးဘူးမလား.."
ဦးဒီက က ခေါင်းညိတ်ပြရင်း နဖူးက နာတဲ့ နေရာကို ပလပ်စတာ ကပ်ပေးသည်..။
အချစ် နဖူးကို ပြန်စမ်းကြည့်ရင်း ဂွဒ်ဂျော့လို့ ပြောလိုက်ခါ ရေချိုးခန်းဘက်ကိုခပ်သွက်သွက်လေး ၀င်လာခဲ့သည်..။
"ဟယ်….မေ့ပြန်ပြီ.."
"အယ်.."
အချစ် ပြန်ထွက်လာတော့ ဦးဒီက က အ၀တ်နဲ့ တာဝါ ကြီး ကိုင်ပြီး ရေချိုးခန်းရှေ့ရောက်နေပြီလေ..။
"ဟဲ..ဟဲ…မေ့သွားတယ်…"
"နောက်ဆိုရင် ဒဏ်ပေးရတော့မယ်…"
"အင်းပါ…"
အချစ် အ၀တ်တွေကို ယူပြီး ရေချိူးခန်းထဲရောက်တော့ ဦးဒီက ကို မြင်ယောင်ရင်း လှုပ်ရှားနေတဲ့ စိတ်တွေကို ငြိမ်သက်အောင် လုပ်ရသည်..။
ဒီပုံစံကို တွေ့တော့ ဦးဒီက ကြီး ပျောက်သွားသလိုပါပဲ…ဒါပေမဲ့ တော်တော်ချောတဲ့ ကိုကို ဒီက ပဲလေ….။
အဟွင်း ဆိုတဲ့ အပြုံးလေးနောက်မှာ ပါးချိုင့်လေး နစ်၀င်သွားတာ ချစ်ဖို့ကောင်းလိုက်တာနော်…။
အမလေး..ဒီပုံစံသာ သင်တန်းက မမ တွေ တွေ့သွားရင်…။
မဖြစ်ဘူး…မဖြစ်ဘူး…ဘာသင်တန်းမှလည်း မတက်တော့ဘူး…ဦးဒီက အနားမှာပဲ အမြဲနေနိုင်အောင် ကြိုးစားရတော့မည်လေ..။
ဦးဒီက ရင်ခွင်နဲ့ ဝေးတဲ့ နေရာ မှာ နေမပျော်တော့ဘူး…။
အချစ်ရဲ့ ပျော်တက်တဲ့ အစိတ်အပိုင်း
တွေက ဦးဒီက ပဲဆိုတာ ကောင်းကောင်း သိသွားပါပြီ..။
"ကောင်မလေး..မြန်မြန်လုပ်နော်…မူးလဲထားတာလေ.."
"ဟုတ်.."
အချစ် ရေကန်ထဲ ဆပ်ပြာမြုပ်တွေကို ဆော့ရင်း မျက်နှာက အစွမ်းကုန်အောင် ပြုံးဖြီးနေတော့သည်..။
ဦးဒီက နဲ့ ဝေးစရာမလိုတော့သလို တစ်ညထဲ နဲ့ အဖိုးကြီး က မင်းသားလေး ဖြစ်သွားတာ စိတ်ကူးထဲက အတိုင်းပါပဲ…။
ချစ်ဖို့ကောင်းလိုက်တာ ဦးရယ်..။
.
"လာ…ချမ်းနေပြီလား.."
"ဟင့်အင်း.."
ဆံပင်လေးတွေ ရေစိုပြီး ပူးကပ်နေခါ မျက်နှာမှာ ရေစက်ကလေးတွေ ခိုသီနေတဲ့ သူမလေးကို ချစ်လွန်းလို့ ဆွဲဖက် လိုက်မိသည်..။
"ဦး.."
"မကြောက်ပါနဲ့…ဖက်ရုံပါပဲ.."
"ဟုတ်…ဟို..အချစ်ကို စိတ်မဆိုးတော့ဘူးမလား.."
'ဒီိပါ ပြန်ခွါလိုက်ပြီး လက်ကို ဆွဲခေါ်လာခါ ခုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်ရသည်..။
ရေသုတ်တာဝါ ယူပြီး ဆံပင်တွေကို ဖွဖွ လေး သုတ်ပေးနေရင်း..
"မဆိုးပါဘူး…သြော်..ဒီက လာမဲ့ အပတ်ကျရင် အချိန်ရပြီ..ရှေ့လမှာ ဟိုတယ် ဖွင့်ပွဲ တစ်ခုလည်း ရှိတယ်…အဲဒါ တူတူ သွားကြမယ်နော်.."
"ဘယ်ကိုလည်း.."
"တနင်္သာရီတိုင်းမှာပေါ့.."
"ဟာ..လိုက်မယ်..လိုက်မယ်…ပင်လယ်ကြီး ရှိတယ်မလား.."
"အဟွင်း..ဟုတ်တယ်…"
"မပြုံးပါနဲ့…ဦးရယ်.."
ခေါင်းရေသုတ်ပေးနေတဲ့ ဒီပါ့ကို မော့ကြည့်ပြီး ခပ်ညီးညီးလေး ပြောတော့ ဒီပါ ငုံ့ကြည့်မိခါ…
"ဘာဖြစ်လို့လည်း.."
"ကိုက်ချင်လို့ပါ…"
"ဟင်…"
ဒီပါ့ ခါးကိုဖက်ပြီး ရင်ဘတ်မှာ ပါးအပ်ထားတော့ ဆံပင်လေးတွေကို ဖွလိုက်ခါ နည်းနည်း စိုနေသေးလို့ ထပ်သုတ်ပေးနေရသည်..။
"ဦး စိတ်ဆိုးနေတာလေ…ငိုလို့တောင် မရတော့ဘူး..သိလား.."
"ဟင်း…ဒီက စိတ်မကောင်းဘူး.."
"ဟင့်အင်း…အချစ်အပြစ်ကို သိပါတယ်…"
ဒီပါ နာကျင်စရာတွေ မပြောချင်တော့လို့ ပါးလေးကို ဖွဖွ ဖျစ်၍ နားရွက်ကလေးတွေကိုပါ တာဝါနဲ့ ဖွဖွ  သုတ်ပေးရင်း..
"အ၀တ်အစားလဲလိုက်ဦးလေ… ရေတွေစိုနေတယ်.."
"ဟုတ်.."
ဒီပါ့ ခါးကို လက်လွှတ်ပြီး ဘီဒို တံခါးကို ဖွင့်ခါ ဂါ၀န် တစ်ထည် လှမ်းထုတ်ပြသည်..။
"ဒီဟာ ၀တ်ရမလား ဦး.."
"အင်း.."
အ၀တ်လဲခန်းထဲကို ဂါ၀န် ယူပြီး ၀င်သွားတော့ ဒီပါ ပြုံးလိုက်မိသည်..။
တစ်ချိန်တုန်းကလည်း..ဒီဟာ ၀တ်ရမလား…ဘယ်လို ၀တ်ရမလည်း..မေးပြီးမှ ၀တ်တာပါ…။
ဒီပါ အလုပ်သွားလည်း စိတ်မဖြောင့်မှာ သိတော့ အတွင်းရေးမှူးဆီ ဖုန်းဆက်လိုက်ခါ မလာနိုင်တဲ့ အကြောင်းပြောရသည်..။
"ဦး…ဘယ်သူလည်း.."
"အတွင်းရေးမှူးလေ.."
"မိန်းကလေးလား.."
"အင်း.."
ဒီပါ ဖုန်းကို ခုံပေါ် ပြန်တင်ခဲ့လိုက်ပြီး ခုတင်ပေါ်က အ၀တ်ကို ခေါက်တော့ ဆွဲလုခါ ခေါက်ပေးနေပြန်သည်..။
"ယောင်္ကျားလေး လုပ်ခိုင်းလို့ မရဘူးလားဟင်.."
"အဟွင်း…ဒါလည်း သ၀န်တိုတာလား…"
"အွင်း..တိုတယ်…အန်တီကလျာနဲ့လည်း တိုတယ်.."
ဒီပါ့ အမေးကို နှုတ်ခမ်းစူ ခေါင်းညိတ်ဖြေတော့ ပြုံးလိုက်မိခါ မသိသလိုပင်…
"ဘာဖြစ်လို့တိုတာလည်း.."
"ဦးဒီက ကို လုသွားမှာ စိုးလို့ပါ.."
"ဘယ်သူမှလည်း မလုပါဘူး.."
ဒီပါ ပြောလိုက်တော့ ခေါင်းရမ်းပြီး ခုတင် အခင်းတွေကို ဖြန့်၍ သေချာ ပြန်ခင်းနေရင်း..
"အချစ် သိတာပေါ့…အချစ် သူငယ်ချင်းတွေ အိမ်လိုက်လာတာ ဦးဒီက ကို တွေ့ချင်လို့လေ…သူတို့က ဦးဒီက အချစ်မွေးနေ့လုပ်ပေးတာကို သိကတည်းက ဦးကို စိတ်ကူးယဉ် နေကြတာလေ…ဟွင့်.. ဆုပေးပွဲမှာ တွေ့တော့ ပိုဆိုးသွားကော.. ဦးဒီက ခြေထောက်ကျိုးနေတာကိုတောင် ပြုစုပေးချင်တယ်တဲ့…ဦး….အချစ် သင်တန်း မတက်တော့ဘူး သိလား.."
အပြစ်မရှိတဲ့ ခေါင်းအုံးတွေကို  ရိုက်ခါရင်း မျက်နှာလေး တည်တင်းတင်း ဖြင့် ပြောတော့ ဒီပါ ပါးလေးကို ဆွဲဖျစ် မိသည်..။
"ဘာဖြစ်လို့လည်း..ရွှေခဲလေးရဲ့"
"အချစ် အခု သင်တန်းမှာ အများကြီး တက်ပြီးသွာြး့ပီလေ…အန်တီကလျာကလည်း အများကြီး သင်ပေးထားတယ်.."
"အန်တီ အရွယ် မဟုတ်ပါဘူး..ရွှေခဲရယ်…ကလျာ က ဒီက နဲ့ အသက် တူတူပဲ သုံးဆယ်တောင် မပြည့်သေးပါဘူး.."
"အိုး..မသိဘူး..ဦးက ဘာလို့ ကာကွယ်ပေးနေတာလည်း..အချစ်ဟာ အချစ် အန်တီ ခေါ်ခေါ် ဖွားဖွား ခေါ်ခေါ်ပေါ့…ဦးလို့ ခေါ်ရတာ မကြိုက်တော့ရင်…ဦးကိုလည်း ဖိုးဖိုး လို့ပဲ ခေါ်မယ်.."
"အဟွင်း…သဘောပါပဲ…ဒီလောက် အိုလာမှန်း မသိဘူး.."
ဒီပါ ခုတင်မှာ ထိုင်ချလိုက်ရင်း ပြောတော့ ခုတင်ပေါ်ကို ရောက်လာခါ ပေါင်ပေါ်မှာ လှဲအိပ်လိုက်ပြန်သည်..။
"ဦးဒီက အရမ်းချောသွားတော့ ကိုကိုခေါ်ချင်သွားပြီ.."
"ရွှေခဲ ပြောမှ ကိုယ့်မျက်နှာ ဒီလောက် အိုစာနေတာ သိတော့တယ်…အရင်က ဘယ်လိုမှ မနေဘူး…အခုကျမှ ချောတယ်ပဲ ပြောနေတော့ ရှက်လာပြီ.."
"အာ..တကယ်ပြောတာနော်…ဦးဒီက ကို ဒီလို ပုံစံမျိုးလို့ အချစ် မတွေးဖူးဘူး…တစ်ခါတလေ စိတ်ကူးယဉ်ကြည့်ပေမဲ့ ဒီလောက် မချောပါဘူး.."
"စိတ်ကူးယဉ်တယ်…ပေါ်လာပြီ…"
"အိုး..မဟုတ်ဘူး..မဟုတ်ဘူး…တစ်ခါတလေ…အိပ်မပျော်ရင်လေ.."
"ဘယ်လိုတွေ…ယဉ်ပစ်လိုက်လည်း..ဖက်နမ်းတာတို့…"
"အား…ဟုတ်ဘူး.."
ပေါင်ပေါ် မှာ လဲအိပ်နေရာ က ထပြီး ခုတင်ပေါ်က ဆင်းပြေတော့ ဂါ၀န် ခါးကြိုး တန်းလန်းကျနေတာ တွေ့ရသည်..။
အခန်းထဲ က ထွက်သွားတော့ အောက်ဆင်းတော့မယ် ဆိုတာ သိလို့ နောက်ကပြေးလိုက်သွားခါ ကြိုးကို ဆွဲထားရသည်..။
"ဦး.."
'ကြိုး မချည်ဘူး.."
"ဟဲဟဲ…မေ့သွားလို့…အင့်ချည်…"
ဒီပါ့ အနားကို အတင်းတိုးကပ်ပေးတော့ ရောက်ခါစတုန်းက ခေါင်းပေါ်က ဇာပုဝါလေး ဖြုတ်ပေးတာ သတိရသည်..။
မခိုင်းခင် မေးလိုက်ပုံက
"ဦးဒီက လက်ကောကျိုးနေလား…" တဲ့လေ…။
ခါးချည်ကြိုး ချည်ပေးလိုက်တာနဲ့ လှေကားတွေကို ပြေးဆင်းသွားတဲ့ ကောင်မလေး ကို လိုက်ငေး ကြည့်နေမိသည်..။
ဒီက ရဲ့ နှလုံးခုန်သံတွေက ပန်းအချစ်ဦး နဲ့ ဆက်စပ်နေပြီ….။
.
"ဟင်..ဖိုးဖိုး နဲ့…ကိုရူပါ လည်း မရှိဘူး ဦး.."
"အင်း..ဖေကြီး သူငယ်ချင်း တစ်ယောက်ဆီ သွားရမယ်လို့ ပြောတယ်…"
အချစ် မီးဖိုခန်းထဲက ထွက်လာတော့ ဧည့်ခန်းထဲမှာ ဦးဒီက တစ်ယောက် တည်း စာအုပ်ဖတ်နေသည်..။
ဆိုဖာမှာ ၀င်ထိုင်လ်ိုက်ရင်း မှေးထောက်ခါ သက်ပြင်း ချမိသည်..။
"..ဖိုးဖိုးသူငယ်ချင်း တွေကလည်း တစ်ယောက်ပြီး တစ်ယောက် ပဲ…ဟူး…မဖြစ်ဘူး..မဖြစ်ဘူး..ဖိုးဖိုး အားရှိကျန်းမာအောင် အစားကောင်းကောင်းတွေ ကျွေးရမယ်…ကြက်ဥပေါင်းလေးလည်း လုပ်ရမယ်.."
"အဟွင်း..ရွှေခဲက လုပ်တက်လို့လား.."
"တက်တာပေါ့..အချစ်နေ့တိုင်း ကျင့်လုပ်နေတာ..တော်တော် များများ လုပ်တက်ပြီ…ဒီနေ့ မနက်စာ ဟင်း သုံးမျိုးလည်း အချစ်ပဲ ချက်တာလေ… ညကျရင် ဦးဒီက အတွက်
အီတလီ ခေါက်ဆွဲ လုပ်ပေးမယ်.."
"တယ်ဟုတ်ပါလား.."
ဦးဒီက က မယုံနိုင်သလို မေးပင့်ပြီး ကြည့်တော့ အချစ် လက်ကို အဝိုင်းလေး ပုံစံ လုပ်ခါ အိုကေ လုပ်ပြလိုက်သည်..။
"တီ…တီ…တီ…."
"ဟလို…ဟုတ်ပါတယ်…အန်ကယ်…သြော်..ဟုတ်ကဲ့…ဟုတ်ကဲ့..ကျွန်တော် ခုပဲ လာခဲ့ပါမယ်…"
ဦးဒီက က ဖုန်းကို လက်မှာ ကိုင်ထားပြီး နှုတ်ခမ်းကိုက်ခါ စဉ်းစားသလို လုပ်နေတော့ အချစ် အိုကေ ပုံစံပဲ ထပ်လိုက်ပြလိုက်ရတော့သည်..။
"ဟူး…ဒီနေ့တော့..သွားမှ ဖြစ်တော့မယ်...."
"သွားပါ …ဦးဒီက အလုပ်မသွားတာ တစ်ပတ်ကျော်ပြီ…အိမ်မှာနေတာလည်း ဖုန်းနဲ့ချည်း အလုပ်ရှုပ်နေတာ…အချစ်လည်း နားတွေ ညည်းတယ်.."
"..ဒီက စိတ်ပူနေလို့ပါ…ရွှေခဲလေး မူးလဲထားတာ မျက်လုံးထဲက မထွက်ဘူး ဖြစ်နေတယ်…ဟင်း…"
ဦးဒီက ကို ရေခွက်ထည့်ပေးဖို့ ရေပုလင်း နဲ့ ဖန်ခွက်ယူလိုက်ရသည်..။
စိတ်ပူစရာ မရှိပဲ စိတ်ပူနေတာလေ…အချစ်က အရမ်းပိုတဲ့ ဦးဒီက ကို ပြန်စိတ်ပူရတာ ပိုပင်ပန်းနေပြီ..။
အချစ်ကို ခေါင်းစခြေဆုံး လိုက်ကြည့်ပြီး  နှုတ်ခမ်းတွန့်  ပြုံးခါ လက်ထဲက ရေပုလင်းကို ဆွဲယူပြီး စားပွဲပေါ်ပြန်ချလိုက်သည်..။
"ရွှေခဲလည်း လိုက်ခဲ့.."
"အယ်.."
အချစ် လက်ကို ဆွဲပြီး လှေကားထဲ ၀င်သွားတော့ ဘေးက ဦးဒီက ကို နားမလည်လို့ မော့ကြည့်နေမိသည်..။
ဘယ်ကို ခေါ်သွားမှာပါလိမ့်…။
"ဒီ ဂါ၀န်လေး ၀တ်…နေဦး..နေဦး..ဒီ Overall စကပ်ကလေး…"
အချစ်လက်ထဲက ဂါ၀န်ကို ပြန်ယူပြီး ချိတ်ခါ ဘီဒိုထဲ သေချာ ပြန်ထည့်နေတော့ ကြောင်နေရသည်..။
နောက်ဆုံးက ဘွိုင်လာ ဂျင်းစကပ်ကလေး ကို ဆွဲထုတ်ပြီး တီရှပ် အဖြူ တစ်ထည်ပါ ထပ်ယူသည်..။
အချစ် ကိုယ်မှာ ကပ်ကြည့်ပြီး မှ ပြုံးရင်း  လှမ်းပေးတော့ ရယ်မိတော့သည်..။
"ဘာလည်း.."
"ဦးကလည်း..နှစ်ထည်တောင် အလုပ်ရှုပ်တယ်..ဟီးဟီး..ဒီလို လုပ်နေတာ ဘယ်လို ကြီးမှန်းလည်း မသိဘူး.."
"အဟွင်း..၀တ်လိုက်ပါ…အ၀တ်အစား ထုတ်ပေးတာ အထူးအဆန်းမှ မဟုတ်တာပဲ…"
"ဟုတ်.."
အချစ် အ၀တ်လဲခန်းကို ရောက်သွားတော့ တီရှပ် အဖြူ ၀တ်ခါ ဂျင်းစကပ်ကို ၀တ်ပြီး ကြိုးသိုင်းတော့  ပြုတ် ကျနေသည်..။
အချစ် ပခုံးပေါ် ပြန် မ တင်ပြီး  ဦးနဲ့ အပြင်သွားရမယ်ဆိုတော့ မျက်နှာကို ပေါင်ဒါရိုက်ခါ နှုတ်ခမ်းနီ နည်းနည်း ဆိုးလိုက်သည်..။
"ဦး…ရပြီလား.."
"ဟင်…အင်း..လာ.."
အချစ် ထွက်လာတော့ ဦးက တီရှပ် နက်ပြာနဲ့ စတိုင်ပန် အဖြူကို တွဲ၀တ်ထားခါ ဆံပင်လည်း ပုံသွင်းပြီးပြီ..။
အိမ်နေရင်း ပုံစံ မဟုတ်တော့ပဲ ချောမောတောက်ပ နေသည့် ဦးဒီက ကို မမြင်ဖူးတဲ့ လူ တစ်ယောက်လို ငေးကြည့်နေမိပေမဲ့ ဦးဒီက က ပြုံးရင်း  အချစ် အနားကိုရောက်လာသည်..။
"ဟင်..ကြိုးက ချောင်နေတာလား.."
"အင်း.."
"သြော်…ရွှေခဲ က ကြိုးလျော့ထားတာကိုး…ဟိုဘက်လှည့်.."
အချစ် ပခုံးကို လှည့်ပြီး ကျောမှာ ရှိတဲ့ ကြိုးတွေကို ဘာလုပ်လိုက်လည်းမသိ ဗိုက်နားအထိ လျော့ကျနေတဲ့ ဂျင်းကြိုးတွေက မြှောက်တက်သွားပြီး ကာတွန်းရုပ်ပါတဲ့ အိတ်ကလေးကလည်း ရင်ဘတ်မှာ ကပ်သွားတော့သည်..။
"အရမ်းချစ်ဖို့ကောင်းတာပဲ…"
"ဟင်.."
"အဟွင်း..ဒီက ငယ်ငယ်တုန်းကလေ…သူငယ်ချင်းရဲ့ ညီမလေးက ကျောင်းလိုက်ချင်လို့ ငိုနေတာကို  ခေါ်လာတယ်… အခန်းထဲမှာ ခဏထားပြီးမှ ပြန်ခေါ်လို့ရတယ်…အရမ်းချစ်ဖို့ကောင်းတာပဲ မျက်လုံး ဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေး…ဒီက အရမ်းချစ်တာ…အဲ့ကလေးလေးက အခုလို ဂါ၀န်လေးတွေပဲ ၀တ်တယ်.."
"အိုး..ဦးဒီက က မတွေ့ရတော့တဲ့ ကောင်မလေးကို သတိရပြီး အချစ်ကို ဒါကြီး ၀တ်ခိုင်းတာလား.."
"မဟုတ်ပါဘူး..အဲကလေးကို ကြည့်ပြီး  ညီမလေး လိုချင်တယ် ပြောမိတာ..အဖေရိုက်တာ ခံလိုက်ရတယ်…ပန်းအချစ်ဦး ဒီလိုလေး ၀တ်တော့ ဒီက မျက်လုံးထဲမှာ ကလေး  ပေါက်စလေး အတိုင်းပဲ…အဟွင်း.."
အချစ်  ခေါင်းကို ဖိပြီး ပြောခါ ပါးကိုလည်း ဖွဖွဆွဲတော့ အချစ် မလုံမလဲဖြင့် ရယ်ပြလိုက်ရတော့သည်..။
ဟူး…ဦးဒီက ချောသွားတော့လည်း အချစ် မှာ ဒုက္ခ တစ်မျိုးပါလားနော်…။
အဟွင်း တစ်ခါလုပ်လို့ ပါးချိုင့် တစ်ခါ ခွက်၀င်သွားရင် နှလုံးက တစ်ချက် ဆောင့်ခုန်နေရတာ…အကြီးမားဆုံး ဒုက္ခ…။
ကိုယ့်မတားဆီးနိုင်တဲ့ ခံစားချက်တွေလေ…။
"ကိုဖိုးကောင်း မလိုက်ဘူးလား.."
"အင်း..ဒီကပဲ မောင်းလိုက်မယ်လေ…လာ.."
အချစ်ကို ကားတံခါးဖွင့်ပေးပြီး ပြောတော့ ကားပေါ် ရောက်လာပေမဲ့ တစ်မျိုးကြီးဖြစ်နေရသည်..။
အရင်တုန်းကဆို နောက်ခန်းမှာပဲ ထိုင်ရတာလေ…။
"အိုး..ဒီလမ်း..အချစ်သိတယ်…ဟိုးနေ့ကတွေ့တဲ့ ကန်ကြီးမလား.."
"အင်း…ဟုတ်တယ်.."
ဦးဒီက က ကားမောင်းနေရင်း  အချစ်ဖက်ကို လှည့်ကြည့်ခါ လက်တစ်ဖက်နဲ့ ခေါင်းကို သပ်ပေးရင်း ခပ်နွမ်းနွမ်း ပြုံးပြန်သည်..။
ဘာဖြစ်သွားတာပါလိမ့်..။
အချစ် နဲ့ ဇာနည် သွားတုန်းက ကိစ္စကို မကျေနပ်တာ  များလား…။
"ဦး.."
"ဟင်.."
"ဘာဖြစ်လို့လည်း ဟင်..ဇာနည်နဲ့ သွားခဲ့တာ  ကို မကျေနပ်ဘူး မလားဟင်.."
ဦးဒီက က မျက်နှာချောချောကြီး ဖြင့် ပြုံးလိုက်တော့ သူ့ ပါးချိုင့်ကလည်းမမောမပန်းနိုင်ပဲ နစ်၀င်သွားပြန်သည်..။
"ရွှေခဲလေး ကို သနားလို့ပါ.."
"ရှင်.."
"ဒီက သာ  ခြေထောက်ကောင်းနေရင်…အလုပ်သိပ်မများရင်..ဟန်ဆောင်ထားစရာ မလိုရင်..ရွှေခဲကို ကိုယ်တိုင် လိုက်ပို့ပေးလို့ရမှာပေါ့..အဲဒါဆို ရွှေခဲလည်း သူများနဲ့ ဘယ်သွားစရာလို့မလည်း..ဟုတ်ဘူးလား.."
"အွင်း..ဟုတ်တယ်…ဦးကြောင့်ပဲ…"
အချစ် ပါးကို  လက်နဲ့ တို့ပြီး ကားရှေ့ကို ပြန်ကြည့်ခါ ကားကို လမ်းတစ်ခုထဲ ကွေ့လိုက်သည်..။
အိမ်ကြီး တစ်လုံးရှေ့မှာ ရောက်တော့ ခြံထဲကို ကွေ့၀င်ခါ ပန်းခြံလေး ဘေးမှာ ထိုးရပ်ရသည်..။
"သြော်…မောင်လေးဒီပါ…အမလေး…အခုမှ ပဲ အရင်ပုံစံ ပြန်မြင်ရတော့တယ်..မင်းသားရယ်.."
"အဟွင်း..ဟုတ်ကဲ့.."
ဦးဒီက က ကားပေါ်  ဆင်းလိုက်တာနဲ့ ဆံပင်ရှည်ရှည်နဲ့ မြန်မာ၀တ်စုံ အချိတ်လေး ၀တ်ထားတဲ့ မမ ချောချော လေးက ဦးဒီက လို ပါးချိုင့်လေး ပေါ်အောင် ပြုံး၍ ဆီးကြိုနေသည်..။
အချစ် လိုက်သွားလို့ ကောင်းပါ့မလား တွေးနေတုန်း ဦးဒီက က ကားတံခါးဖွင့်ပြီး ငုံ့ကြည့်ရင်း..
"ဆင်းလေ..ကောင်မလေး.."
"ဟင်..ဟုတ်…"
အချစ် ခေါင်းညိတ်ပြီး ဆင်းလိုက်တော့ ကားအနား ကို မမလှလှ လည်း ရောက်လာခါ…
"ဘယ်သူလေးလည်း.."
ဦးဒီက က မပြောသေးပဲ  အချစ်ကို လှည့်ကြည့်တော့ မပြောချင်ဘူး လို့ ထင်မိပေမဲ့  စိတ်ထဲက မနေနိုင် အရှက်မရှိစွာဖြင့်ပင်..
"ကိုကို ..ပါ"လို့ ဝင်ဖြေမိသည်။
"အင်.."
"အဟွင်း..လာလေ..ကောင်မလေး…အန်ကယ် ရှိတယ်မလား..မမမော်.."
"အေး..လာလေ.."
မမမော်ဆိုတဲ့ မိန်းမ က အချစ်ကို ကြည့်ပြီး ခေါင်းညိတ်ခါ ခေါ်တော့ ဦးဒီက က လက်ကိုင်၍ အိမ်ထဲကို ခေါ်သွားသည်…။
အိမ်ပေါ်မှာ စောစော က မမ နဲ့ တူတူ မမ တစ်ယောက် လည်း ရှိနေခါ လူ တစ်ယောက်က ထိုင်နေသည်..။
"လာ..ဒီပါ…"
"ဟယ်…ဒီပါ က ဒီ  တစ်ခါတော့ ထူးဆန်းနေတယ် ဒက်ဒီ.."
"အဟွင်း..ဟုတ်ကဲ့..မိတ်ဆက်ပေးရဦးမယ်…အန်ကယ်…ဒါ …ကျွန်တော့် ဇနီး..ပန်းအချစ်ဦးပါ…"
"သြော်….ဒါကြောင့်…ရုတ်တရက်ပြီး ပြန်ချောသွားတာကိုး.."
"မဟုတ်ပါဘူးဗျာ…"
"ကဲ..ကဲ…သော်ရေ..စမနေနဲ့…ဒီပါ က ခုတလော အိမ်မှာပဲ နားနေတာနော်....ဒက်ဒီအရေးကြီးတယ် ခေါ်လိုက်လို့ ရောက်လာတာ..ထိုင်လေ…"
"ဟုတ်.."
အချစ် လက်ကို ဆွဲပြီး ဆိုဖာမှာ ထိုင်လိုက်တော့ အချစ်လည်း ဦးဒီက ဘေးနားမှာ ကပ်ထိုင်လိုက်ရသည်..။
"ဒီမှာ..ငွေကြေး အလွဲသုံးစား လုပ်တဲ့ အမှုမှာ အန်ကယ်က ကြေအေးကြောင်း လက်မှတ်မထိုးချင်ပေမဲ့ မောင်ဒီပါ့ မျက်နှာကြောင့်ပေါ့ကွာ…မင်းလည်း ထိုးရမယ်တဲ့.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်... အန်ကယ်.."
ဦးဒီက က ရှေ့ခုံက စာရွက်တွေ ယူကြည့်ပြီး လက်မှတ်ထိုးပေးလိုက်ချိန် မမမော်  ဆိုတဲ့ မိန်းမက အအေးတစ်မျိုး လာချပေးသည်..။
"မဖောက်နဲ့တော့ မမမော်..ကျွန်တော်တို့ ခုပဲ ပြန်မှာပါ…ကောင်မလေး က နေသိပ်မကောင်းဘူး..စိတ်မချတာနဲ့ ခေါ်လာခဲ့လိုက်တာ…"
"သြော်..ဒီလိုကိုး…"
"အေးပေါ့လေ…အခုတော့ စိတ်ပူရမဲ့လူ တစ်ယောက်တိုးပြန်ပြီပေါ့…ညီမလေး… များများချွဲသိလား..သူက အရမ်း အလိုလိုက်တယ်မလား..ဒီပါ တို့က …ဘယ်သူ့  ဖြစ်ဖြစ် အလျော့ပေး ဆက်ဆံတက်တော့…ညီမလေး ကံကောင်းတယ်…"
"ဟုတ်တယ်…အရမ်းလည်း မနှိပ်စက်နေနဲ့နော်..တို့မောင်လေး ပိန်သွားတယ်.."
"သမီးတို့ကလည်း စနေပြန်ပါပြီ…မောင်ဒီပါ့ အကြောင်းလည်း  သိရဲ့သားနဲ့…သူ့မှာ ဘာပြန်ပြောရမလည်း စဉ်းစားနေပြီ.."
"ခစ်ခစ်…အဲဒါကြောင့် စလို့ကောင်းတာပေါ့..ဒက်ဒီရဲ့…"
"အဟွင်း.."
"ဒါနဲ့..မောင်ဒီပါ လက်ထပ်လိုက်တာ..အန်ကယ်တို့လည်း မသိရပါလား..စင်ကာပူမှာ လုပ်လိုက်လို့လား.."
"မဟုတ်ပါဘူး..အန်ကယ်…ကျွန်တော်တို့ လက်ထပ်တုန်းက ပန်းအချစ်ဦးက  အသက်မပြည့်သေးလို့ပါ…"
"ဟေ…"
"အမလေး…နင် ကလေးလေးကို  အပိုင်သိမ်း ထားတာပေါ့လေ.."
"အဲ..အဲလို မဟုတ်ပါဘူး..မမမော်ရယ်…အဖိုးချင်း ကတိထားခဲ့ကြလို့ပါ…ကျွန်တော်  အက်စီဒန့်ဖြစ်ပြီးတော့ ဖေကြီးက တအားစိုးရိမ်လို့ ချက်ချင်း စီစဉ်လိုက်တာပါ…သူ ဆယ့်ရှစ်နှစ်ပြည့်တာတောင် မကြာသေးဘူး..နောက်နှစ်ကုန်လောက်တော့ ဧည့်ခံပွဲ လုပ်ဖြစ်မယ် ထင်တယ်…အန်ကယ်တို့ကို  အသိမပေးသလို ဖြစ်သွားတာ ခွင့်လွှတ်ပါ.."
"ရပါတယ်ကွာ…ဟေး.. အမှန်အတိုင်းပြောရရင် …
မင်း မိတ်ဆက်ပေးလိုက်တုန်းက နည်းနည်းတော့ မျက်ချင်သွားတယ်ကွ.."
"ဟုတ်ကဲ့..တောင်းပန်ပါတယ် အန်ကယ်.."
"ဒီပါတို့ က ပညာစုံ စီးပွားစုံ ကြင်ယာပါ စုံပြီပေါ့…ဒါနဲ့ ညီမလေးက ဘယ်ကလည်းဟင်..."
" …မိုးကုတ်ကပါ.."
"ဒါကြောင့်ချစ်ဖို့ကောင်းတာကိုး.."
"အဟွင်း.."
အချစ်ကို  ရှေ့မှာ ထားပြီး အမျိုးမျိုး စနောက်နေတဲ့ မမလှလှ နှစ်ယောက်ကို  ကြည့်လိုက် မျက်နှာချောချော နဲ့ ပြုံးပြီး စကားပြောနေတဲ့ ဦးဒီက ကို ကြည့်လိုက်ဖြင့် အချစ် ငိုချင်သလိုလို ဖြစ်လာသည်..။
"ခွင့်ပြုပါဦး..အန်ကယ်.."
"အေး..အေး…နောက်လည်း လာလည်နော်…သမီး.."
"ဟုတ်ကဲ့ရှင့်.."
အချစ် လည်း ခေါင်းညိတ်ပြီး ပြုံးပြလိုက်ခါ ဦးဒီက နဲ့ အတူ မတ်တက်ရပ်လိုက်သည်..။
အပြန်လမ်းမှာ အချစ် နှုတ်ခမ်းလေးကိုက်ပြီး အပြင်က မြင်ကွင်းတွေကိုပဲ စိတ်၀င်စားဟန် ဆောင်နေလိုက်မိသည်..။
ဦးဒီက က မိန်းကလေးတွေနဲ့လည်း ရင်းနှီး မယ် လို့ အချစ်မထင်ထားဘူးလေ…။
"ရွှေခဲ.."
"ဟင်.."
"လာ.."
"အိမ်မရောက်သေးဘူးလေ…"
"အဟွင်း…ဗ်ိုက်ဆာနေပြီမလား…"
ဦးဒီက က လက်ကို ဆွဲခေါ်ပြီး ဆင်းခိုင်းတော့ အချစ် ကြောင်တောင်တောင်ဖြင့် ဆင်းလိုက်ရသည်..။
"ဟယ်…ချောလိုက်တာ.."
အချစ် မြင်မြင်သမျှ ဆိုင်တွေကို ခေါင်းလည် ကြည့်နေရင်း ကောင်မလေး တစ်ချို့ရဲ့ စကားသံကြောင့် လှည့်ကြည့်မိတာ…အချစ်ဘေးက ဦးဒီက ကို မျက်လုံး ၀င်းတောက်တောက်တွေနဲ့ ကြည့်ပြီး ပြောနေတာလေ…။
"ဦး..ဘယ်ကိုသွားမှာလည်း.."
"ဖိုက်.."
ဦးဒီက က လက်ငါးချောင်းထောင်ပြတော့ အချစ် ငါးကို နှိပ်လိုက်ချိန် ကောင်မလေး လေးယောက် လိုက်၀င်လာသည်..။
ဟွင့်…သူတို့က ဘာလိုက်လုပ်မှာပါလိမ့်…။
"လှေကားထဲ ပူတယ်နော်…ရာသီဥတု ကြောင့် ဖြစ်မယ်…"
"တစ်ရှူးပါလားဟင်.."
"ဟအေး…မပါဘူး.."
"အိုး..ဒုက္ခပါပဲ..ဟင်း.."
"ဒီမှာယူပါ.."
"ဟယ်…ကျေးဇူးတင်လိုက်တာ အကိုရယ်…ကျေးဇူးပါနော်.."
"ရပါတယ်.."
"ရုပ်ချောသလို သဘောလည်း ကောင်းတယ် ခစ်ခစ်.."
အချစ်ဘေးနားက စေတနာပိုနေတဲ့ ဦးဒီက ကို မော့ကြည့်ပြီး ဒေါသတွေ အခိုးဝေနေရသည်..။
ဟိုကောင်မလေးတွေက အချစ် ထပ် နည်းနည်း ပဲ အသက်ကြီးမှာပါ..ဒါပေမဲ့ ကိုယ်ခန္ဓာလေးတွေက မိန်းမပီသပြီး အရပ်ကလည်း ဦးဒီက ပခုံးကို သာသာလေး မှီသည်..။
အချစ်ရှေ့က ပုံရိပ်ကိုကြည့်လိုက်တော့ စကပ်ကားကား နဲ့ ကလေးလိုလို ဖြစ်ခါ လူက ပိန်ကပ်ကပ် ကိုယ်ခန္ဓာပြားချပ်ကြီးပဲ ရှိသည်..။
ခေါင်းကဆံပင်ကလည်း ဒီလောက်ကြာနေတာတောင် ဂုတ်ထောက်ကျော်လေးပဲ ရှိတာ စိတ်တိုချင်စရာပဲ..။
ဦးဒီက ပြောသလို ဆံပင်ကို ကုတ်လို့ အမြစ်လိုက် ကျွတ်ကုန်ပြီ ထင်ပါရဲ့…။
"ဒီမှာ…ဘာတွေ စားကောင်းသိလား အကို.."
"မသိသေးဘူး.ခင်ဗျ…"
"အိုး..ဖျော်ရည်လည်း..ကောင်းတယ်…"
"ညီမတို့က ခဏခဏ လာဖြစ်တယ်လေ…"
"သြော်..ဟုတ်ကဲ့.."
"ဟို…စိတ်မရှိနဲ့နော်…အကိုက သရုပ်ဆောင် မော်ဒယ်လားဟင်..တစ်နေရာမှာ တွေ့ဖူးသလိုပဲ..မေ့နေတာ.."
"ဟုတ်တယ်..ဟုတ်တယ်..တွေ့ဖူးတယ်…"
"မဟုတ်ပါဘူး.."
"သြော်…ဆောရီးနော်.."
ဦးဒီက က လှေကားထဲ ထွက်တော့မှ အချစ်လက်ကို ဆွဲတော့ ယောင်တောင်တောင်လေး ပါသွားရသည်..။
"ဟင်…ဒါဘာလည်း..ဦး…"
"စားချင်တာစားဖ်ို့လေ.."
"မုန့်ဆိုင်ချည်းပဲလား.."
"အင်း.."
"ဟာ…မိုက်တယ်…မမအိကိုတောင် သတိရသေးတယ်..အချစ်က ဒီမှာ ရှိမယ် မထင်ထားဘူး.."
"အဟွင်း…အခု ဘာစားမလည်းပဲ စဉ်းစားလိုက်တော့…"
"အင်း…….မသိဝူး…"
"ဟာ…သြော်..သြော်…ကျွန်တော်တို့ဒေသထွက် အစားအစာ ဘူးသီးကြော်လေးများ မစားချင်ဘူးလား.."
"အိုး..မကြိုက်ဘူး..ဟိုဘက်ဝိုင်းကို တစ်ချက်ကြည့်လိုက်..ကြက်ပေါင်နဲ့ ထမင်းတွေ့လား ဦး.."
ဦးက တစ်ချက် ကြည့်ပြီး ပြုံးခါ ခေါင်းညိတ်ပြတော့ အချစ်ရယ်ကြဲကြဲဖြင့် ခေါင်းအထပ်ထပ်ညိတ်ပြလိုက်သည်..။
"ဟို..အိုးမဲမဲထဲက ဘာလည်း မသိဘူး.."
"စားကြည့်ပေါ့…"
ဦးဒီက ကို  ကဒ်ယူပြီး ထွက်လာတော့ အချစ်လည်း အနား မှာကပ်နေအောင် ခြေလှမ်းလိုက်ရသည်..။
အိုး..ဘာလို့ကြည့်နေကြတာလည်း..။
အချစ် ဘေးက ဦးဒီက ကို မော့ကြည့်တော့ ဘာမှ မထူးဆန်းသလို နေပေမဲ့ အချစ်မှာတော့ တော်တော် ထူးဆန်းနေရသည်..။
"ဦး.."
"ဟင်.."
"ဟင့်အင်း.."
"စားချင်တာတွေ စဉ်းစားထားနော်…ဟိုမှာ တွေ့လား.."
ကလေး နှစ်ယောက်က ရေခဲမုန့်ခပ်စားနေတော့ အချစ်ရယ်ပြီး ခေါင်းညိတ်ပြလိုက်ရပြန်သည်..။
ဟူး…တွေ့သမျှ စားချင်နေတော့တာပါပဲ…။
ဦးဒီက က ခုံက ထသွားတော့ အချစ် လိုက်ကြည့်နေတာ…လူတွေ ဘာဖြစ်လို့ ကြည့်နေကြပါလိမ့်..။
ကောင်မလေးတွေ ဝိုင်းဆို ပိုလို့ဆိုးသေး..။
အရင်တုန်းက ဦးဒီက ပုံစံနဲ့သာ သွားရင် အချစ်လို ကလေးလေးကို တွဲထားတဲ့ ဦးဒီက ကို နှာခေါင်းရှုံ့မှာပါ..။
အခုတော့ အချစ်ကို ဦးဒီက ရဲ့ မိန်းမလို့တောင် မြင်ကြရဲ့လား မသိပါဘူး..။
ဟာ…ဟိုကောင်မလေး တစ်သိုက်..ဦးဒီက အနားကို ရောက်သွားပြီး  စကားပြောနေကြပြန်ပြီ..။
အိုး…စိတ်ညစ်လိုက်တာ..ဦးဒီက  ကို အမွှေးရှည်တွေ ပြန်ထားခိုင်းရင် ကောင်းမလား…။
ဟူး..ဘာဖြစ်လို့ အဲလောက်ချောရတာလည်း… ဘာဖြစ်လို့ အဲလောက်ပြောင်းလဲရတာလည်း..။
ကိုရူပါက ချောတယ်ဆိုပေမဲ့ ဦးဒီက လို ပါးချိုင့်လည်း မရှိဘူး..အခုတော့ ဦးဒီက ရယ်လိုက်ရင်…ကောင်မလေးတွေ မူးလဲကုန်တော့မှာပဲ…
အား …စိတ်ရှုပ်လိုက်တာ..ဦးရယ်…ဦးကို ဖွက်ထားပြီး အချစ် တစ်ယောက်တည်း ကြည့်လို့ရရင်ကောင်းမှာပဲ..။
ဦးဒီက အလုပ်သွားရင် အချစ် အိမ်မှာ အပူမီးနဲ့ ရူးတော့မှာ မြင်ယောင်ပါသေးတယ်လေ…။
မမလှလှတွေအများကြီးနဲ့လည်းသိ..မသိတဲ့ ကောင်မလေးတွေကလည်း.. အတင်းလိုက်ကပ်…။
၀ဋ်လည်တာ နေမယ်…မမအိ မသိအောင် ကိုရူပါ့ကိုအတင်းလိုက်ကပ်မိတာ..ခုတော့ ချက်ချင်းကို ၀ဋ်လည်နေပါပြီ..။
အချစ် ငေးကြည့်နေရင်း နဲ့ ဦးဒီက အနားမှာ လေးယောက်လောက် ဖြစ်လာတော့ နှုတ်ခမ်းက တဖြည်းဖြည်း စူလာတော့သည်..။
၀ဋ်လည်တာကလည်း ကြာလိုက်တာ…မြန်မြန်ကြေပါစေတော့… နောက် ဘယ်သူ့ကိုမှ မလိုချင်တော့ပါဘူး..။
အချစ်ရဲ့ ဦးဒီက ပဲ..အနားကို မြန်မြန် ပြန်ရောက်ပါစေ…။
အချစ် မေးထောက်လိုက် ခေါင်းစောင်းလိုက်ဖြင့် ဦးဒီက ကိုကြည့်နေတာ ကြာလာတော့မှ  ဦးဒီက တစ်ယောက် ပန်းကန်တွေယူပြီး နေရာရွေ့တော့သည်..။
အိုး…သူတို့က ဘာလိုက်လုပ်ပြန်ပြီလည်း..။
ဦးဒီက အနောက်  မှ ကောင်မလေး တစ်သိုက်က ရထားတွဲလို လိုက်လာတော့ အချစ် မျက်လုံးက မီးတောက်တော့မည်ထင်ပါရဲ့..။
"ထိုင်မယ်နော်..ညီမ.."
"ဟို.."
စလာပါပြီ…ဦးဒီက တို့ လူကို အားနာတက်တဲ့  အကျင့်ကြောင့် သူ့မှာ ပန်းကန်တွေ ကိုင်ထားရင်း ဟို နေတော့ အချစ် ကပဲ အလိုက်တသိ လှမ်းယူလိုက်ရင်း..
"ကိုကိုကလည်း ကြာလိုက်တာ…သူတို့နဲ့ သူငယ်ချင်းလား.."
"မ..မဟုတ်ဘူးလေ…စောစောက.."
" ညီမတို့ လင်မယားက....အေးဆေး နေရတာ ကြိုက်လို့ပါ…ကိုကို ကလည်း လူရှုပ်ရင် မကြိုက်ဘူး… ကိုကို က မင်းသား မဟုတ်ပါဘူး…မမ တို့လူမှားနေတာပါ…ခုံတွေ များကြီးပါ…မမတို့ရဲ့…ဟိုဘက်ခုံတွေလည်း ရှိတယ်.…"
အချစ် ပြောလိုက်တဲ့ စကားကြောင့်မျက်နှာတွေ အပျက်ပျက် အယွင်းယွင်းဖြင့် ဆောရီး အခါတစ်ရာလောက် ပြောခါ ထွက်သွားတော့သည်..။
"ငါက ညီမလေး မှတ်လို့.."ဆိုတာမျိုးကလည်း ကြားဖြစ်အောင် ကြားလိုက်ပါရဲ့…။
အချစ်တို့နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်လိုက်ပြီး ရယ်တဲ့သူ ရယ် ခေါင်းကုတ်တဲ့သူ ကုတ်ဖြင့် သူတို့ဟာ သူတို့ ပြန်ရှက်နေပြီလေ…။
"အဟွင်း.."
ဦးဒီက က ပြုံးစေ့စေ့ဖြင့် သူတို့ကို ကျောပေးခါ အချစ် နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ပန်းကန်တွေကို နေရာချပေးသည်..။
"ကျောက်အိုးပူ ထမင်းသုပ်တဲ့..ပူမယ်နော်….ဟိုဘက်က ကြက်ကြွပ်ကြော် အရင်စား.."
"အဟမ်း..."
အချစ် ကြက်ကြွပ်ကြော် အတုံးလေးတွေ ပါတဲ့ ပန်းကန် ဆွဲယူလိုက်ပြီး စားလိုက်ချိန် ဦးဒီက က မျက်နှာ မချိုမချဉ်နဲ့ ပြုံးစေ့စေ့ ဖြစ်နေသည်..။
တော်တော်ပဲများချင်နေတဲ့ လူကြီး..။
"ဘာဖြစ်နေတာလည်း..ဦး"
"ကိုကို မဟုတ်ဘူးလား.."
"ဦးနော်…အချစ် က သူတို့ သိအောင် တမင်ခေါ်လိုက်တာ..ဦးက ချောသွားတော့ လူပျို လုပ်ချင်လို့လား.."
"အဟွင်း…မဟုတ်ဘူး..နားထောင်ရတာ တစ်မျိုးလေးပဲ.."
"အချစ် နဲ့ ဦးကို မောင်နှမ ထင်နေကြတာလေ…နောက်ဆို အပြင်သွားရင် ဦး လက်မောင်းကို ချိတ်ခို ပြီးရင် ကိုကို လို့ အကျယ်ကြီး ခေါ်ပြီး
လိုက်ရတော့မယ်.."
"အင်း..ကောင်းတယ်..ဂွဒ်ဂျော့…"
ဦးဒီက က ပြုံး၍ ခေါင်းညိတ်ထောက်ခံခါ အချစ် နှုတ်ခမ်းမှာ ကပ်နေတဲ့ အကြွပ်စတွေကို တစ်ရှူး နဲ့ လှမ်းတို့သုတ်ပေးသည်..။
အချစ် လည်း ကောင်းတယ်…
ဦးဒီက ဂွဒ်ဂျော့ပဲ…
ဦးဒီက ကို ကောင်မလေး တော်တော် များများ စိတ်၀င်စားနေကြပေမဲ့.. ဦးဒီကကတော့ အချစ်ကိုပဲ စိတ်၀င်တစား စောင့်ကြည့်နေတာလေ…။
အဲဒါကြောင့် တအား ချစ်ဖို့ကောင်းနေတာပေါ့…။
အချစ် ရယ်ပြီး ဦးဒီက ကို ဘေးနားက ကြက်သားနဲ့ ငရုတ်သီး နှစ်ပါတဲ့ ပန်းကန်တိုးပေးလိုက်မိသည်..။
"ဟင့်အင်း..ရွှေခဲစားပါ.."
"ဘာဖြစ်လို့လည်း.."
"ချစ်ဖို့ကောင်းလို့ ကြည့်နေချင်တယ်.."
"အိုး.."
အချစ် မျက်နှာ ရှုံ့မဲ့သွားခါ ဘယ်လို ပြန်ပြောရမှန်း မသိလို့ ကြက်ကြော် တုံးလေးကို တူနဲ့ ညှပ်ယူပြီး လှမ်းကျွေးလိုက်မိသည်..။
"အဟွင်း..ကျေးဇူး.."
ပိုဆိုးပါပြီ…ချစ်ဖို့ကောင်းတယ် ပြောလို့ မုန့်ကျွေးသလို ဖြစ်နေပြီလား..။
ဦးဒီက နဲ့ ပတ်သက်လာတိုင်း အချစ် မတည်မငြိမ်ဖြစ်ပြီး ဘာတွေ လျှောက်လုပ်မိမှန်းမသိတော့ပါဘူး..။
ဒီလို ဖြစ်တာ တစ်ကြိမ်မကတော့ဘူး….။
ဘာဖြစ်လို့လည်း…ဦးသိရဲ့လား..။
အရင်လို…မမေးတော့ဘူးလား…ဟင်…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ပြန်ပြောင်းလိုက်တာ
ဇာတ်လမ်းက အဲလိုတွေ ဖြစ်ကုန်ပြီ
မကောင်းလည်း SE မဖြစ်ချင်ဘူး ပြောတာ များလို့နော်
HE တွေကို အပြစ်တင်ပါ ခစ်ခစ်
အလကားပြောတာပါ အကြံပေးလို့ စာရေးရတာ ပိုကောင်းတာပါ ကျေးဇူးထူးထူး ပါနော် 🙏❤

အခုဆို ဇာတ်သိမ်းလို့ ရပြီလားဟင် 😁
.

ဟူး စပိုက်ကာတို့ နောက်ကျလိုက်တာဆွာလေ.😁
သိတယ်...သိတယ်..အရမ်းတွေ စောင့်နေရလို့ ဆန္ဒတွေ ထုတ်ဖော်ပြီ ဆိုတာလေ 😁
မရို တက်ပေမဲ့ များများလေး ပိုရေးပေးထားတယ်လေ
သုံးသောင်း.. သုံးသောင်းခွဲ..ကျော်ကြီး
စာရှည်လို့ မဖတ်မှာလည်း စိတ်ပူသား 😁
နောက်ကျရတာ စာပြန်ရေးနေရတာရယ်..
ခုက မော်တင်စွန်းဘုရားပွဲ  ရက်ဆိုတော့ အလုပ်တွေ ကျနေတာရယ်ကြောင့်ပါနော်😭
စာဖတ်သူလေးတွေလည်း သိတယ်မလား…
အခုရက်ပိုင်းလာလည်ရင် ပျော်ဖို့ကောင်းတယ်သိလား (ကြော်ငြာဝင် ဖိတ်ခေါ်ခြင်း)😁
အဟင့်  မနက်မုန့် ခေါက်ဆွဲ ဝယ်ထားပြီး
ခုဏမှ စားရသယ် (အပြစ်ရှိလို့
မျက်ရည်ခံထိုးခြင်း)😁
ကွန့်မန့်လေးတွေဖတ်ပြီး အချိန်မှီ မပြန်ရရင် တာဝန် မကျေသလိုကြီး ဖြစ်ပြီး စိတ်လည်း ညစ်တယ်
(ဖုန်း သိမ်းမယ်နော် လို့ ခြိမ်းခြောက်ခံရတာကိုး)😁
ဘယ်သူမှ မရှိပါဘူး ဆိုလည်း ဇွတ် အထင်ကြီးနေတာ ခက်သယ် 😁
တစ်စုံတစ်ယောက်တည်းသာဆို
ငါမအားသေးဘု ပြောမှာပေါ့နော်
အခုက ချစ်တဲ့သူတွေ အားကြီး ဟုတ်သယ်မလား 😁(ကိုယ့်ကိုယ်ကို အားပေး နှစ်သိမ့်ပေးခြင်း)
ဝိုး နေတောင် ဝင်တော့မယ် 😁
ဒီနေ့ နောက်ကျနေခါမှ ကိုယ့်အကြောင်းတွေ ရင်ဖွင့်တာ များသွားပြီ 😁
နောက်ကျတဲ့ အပြင်
ဖတ်မကောင်းရင် အဆင်မပြေရင် ခွင့်လွှတ်ပါ နော် အပြေးအလွှားရေးရတာ မို့လို့ပါ ဆင့် 😁

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now