မုန်းပါနဲ့ဦး
အပိုင်း (၂၃)
#မုန်းပါနဲ့ဦး"ဟင်…ပြန်လာပြီ…"
"အင်း..ဒီနေ့တော့ မအိပ်သေးပါလား…ကောင်မလေး…"
"နေ့ခင်းက အိပ်ထားလို့ပါ…"
"ဒီနေ့ ကော ဘယ်လိုနေသေးလည်း..ကိုယ်ထဲ နှုံးနေသေးလား"
ဦးဒီက က အချစ် တီဗွီကြည့်နေတဲ့ အနားကို ရောက်လာပြီး နဖူးကို စမ်းကြည့်ရင်း ပြောလိုက်တော့ အချစ် ပြုံးပြခါ ခေါင်းရမ်းမိသည်..။
"မနက်က ဆေးသောက်သေးလား…ညဆေးကော သောက်ပြီးပြီလား.."
"ဟုတ်..ဆေးလည်း ကုန်ပြီ "
"လိမ်မာတယ်…"
ဦးဒီက က ခေါင်းကို ပုတ်ပြီး ပြောတော့ အချစ် ခုံမှာ ထိုင်နေတာ ဦးဒီက အရပ်ကြီးက မိုးထားသလို ဖြစ်နေသည်..။
အချစ် နေမကောင်းမှ ဦးဒီက က အလုပ်မအားတဲ့ကြားမှာ အရမ်းဂရုစိုက်နေတော့ အားနာမိသည်။
အချစ် စိတ်ကူးထဲက အတွေးတွေ အတိုင်း ခါးကို လှမ်း ဖက်လိုက်မိသည်..။
"ဟင်.."
"ဖက်လို့ရလား ဟင်.."
"အဟွင်း…ရပါတယ်…ဘာဖြစ်လို့လည်း.. စိတ်တွေ မကြည်မလင် ဖြစ်နေတုန်းလား.."
ဦးဒီက က အချစ် နဖူးနဲ့ မျက်လုံး တစ်ခြမ်းပေါ် ကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးရင်း မေးတော့ အချစ် ခေါင်းရမ်းလိုက်ခါ…
"ဟင့်အင်း…ညစာ စားတော့ ဦးဒီက ကို သတိရလို့ပါ…ခေါင်းကိုက်လို့ ဘာမှ မတွေးနိုင်တော့ဘူး… ဦးဒီက ဘယ်တော့ ပြန်လာမလည်းပဲ တွေးနေတာလေ… ကောင်းတယ်မလား.."
"ကောင်းတာပေါ့….နောက်ဆို သတိရရင် ဖုန်းဆက်လေ…"
"ဖုန်းက ဘယ်တော့မှ မကိုင်ဘူး…"
"အဲဒါတော့ ဟုတ်တယ်…အခုတလော အလုပ်တွေက ချင့်ချိန် လုပ်နေရတော့ ဖုန်းကိစ္စ အားလုံး လက်ထောက်ကို လွဲထားတယ်…ဖုန်းကို မကိုင်ဖြစ်ဘူး…"
"ဦးဒီက က လူတစ်မျိုးပဲ…ဝှီးချဲ နဲ့တုန်းက တစ်နေ့တစ်နေ့ စာအုပ်ပဲ ဖတ်နေတယ်…နေလည်းကောင်းရော ခြေထောက်ကို တစ်ချက်မှ အနားမပေးတော့ဘူး…အလုပ်ချည်းပဲ လုပ်နေတယ်.."
"ဟုတ်တယ်…အလုပ်ကြွေးတွေ များနေပြီလေ…အဲဒါ ကြောင့် ရွှေခဲ နေမကောင်းတာတောင် အနားမှာ အချိန်ပြည့် နေမပေးနိုင်ဘူး… ဆောရီးပါ…"
"ဟဲဟဲ…အနားမှာ မရှိတာ ကောင်းတယ်…ဦးဒီက က လိုက်ကြည့်ပြီး ဆူနေမှာလေ…ခုတော့ နေကောင်းသွားပါပြီ…
ဦးဒီက ကို မေးမလို့ ဟိုပုံက ဘယ်သူလည်း ဟင်.."
ဒီပါ့ ခါးကို ကလေး တစ်ယောက်လို လှမ်းဖက်ထားရာက လွတ်လိုက်ပြီး ချိတ်ထားတဲ့ ပုံတူ ပန်းချီကားကို လက်ညိုးထိုးပြတော့ ပြုံးလိုက်မိသည်..။
"အဲဒါ ဒီက ရဲ့ အဖေ နဲ့ အမေလေ…"
"ဟင်..ဟုတ်လား..ဒါဆို မာမီ က ဦးဒီက ရဲ့ အမေ မဟုတ်ဘူးလား.."
"မဟုတ်ဘူး…ဖေကြီး ကလည်း အဖိုး အရင်း မဟုတ်ဘူး…ပန်းအချစ်ဦး ရဲ့ အဖိုးရယ်…ဖေကြီးရယ်…ဒီက အဖိုး ရယ်ကသူငယ်ချင်းတွေ လေ..ဒီက အဖိုး ဆုံးသွားတော့ ဖေကြီးက ဒီက အဖေ ငါးနှစ်သားကို ရန်ကုန်ကိုခေါ်လာခဲ့တယ်…အဲကတည်းက ဘဘလှအောင် နဲ့ အဆက်အသွယ် ပျက်သွားတယ် ပြောတယ်…နောက်တော့ ဖေကြီးက အဖေ့ကို ဆယ့်ကိုးနှစ်သားမှာပဲ အိမ်ထောင်ချပေးလိုက်တယ်…တစ်နှစ်ခွဲ ကြာပြီးတော့ ဒီကကို မွေးတယ် ဒီက တစ်နှစ်ကျော်လောက်မှာ အမေဆုံးသွားတယ်..အဖေကလည်း အမေ့စိတ်နဲ့ပဲ အသက်ရှင်နေတော့ ..ဒီက ကို ဖေကြီး မေကြီး တို့နဲ့ မာမီ တို့ ဒက်ဒီတို့ကပဲ မွေးထားရတောလေ..အခုချိန်ထိပဲ…"
"အချစ် က မသိဘူးလေ….ရောက်ခါစ တုန်းက ဦးဒီက တစ်ခါတလေ စကားပြောနေတာ တွေ့တော့…အဟဲ…စိတ်မဆိုးနဲ့နော်….ဦးဒီက ကို ရူးနေတယ် ထင်ခဲ့တာပါ…."
"အဟွင်း…အခုသိပြီမလား…ဒီဘက်က အမေ ဒေါ်လှမေ…ဟိုဘက်က အဖေ ဦးမျိူးချစ်…"
ဆိုဖာပေါ်က ထလိုက်ပြီး ပန်းချီကားကို
မျက်နှာ မူရပ်ခါ ဒီပါ့ကို တစ်ချက်ပြန်လှည့်ကြည့်ရင်း
"အချစ် နာမည်က ပန်းအချစ်ဦးပါ… …အမေ နဲ့ အဖေကို အခုမှ သိလို့ စိတ်မဆိုးပါနဲ့…မိဘတွေ မရှိပေမဲ့ ဦးဒီက က လူတော်လူကောင်း တစ်ယောက်ပါ…"
ကလေးဆန်တဲ့ သူ့အတွေးနဲ့ အပြောကြောင့် ဒီပါ တစ်ချက်ပြုံးမိခါ သူမ ဆံပင်လေးတွေကို ဖွပစ်လိုက်မိသည်..။
"သြော်…ဦးဒီက နာမည် က မျိုးချစ်ဒီပါ ဆိုတော့ အဖေ နာမည်ပါနေတာပဲ…"
"အင်း..အမေက အဖေ ကို အရမ်းချစ်လို့ အဖေ့နာမည်ပါအောင် ရွေးထားတာလေ.."
"ဦးဒီက အမေ့ကို မမှတ်မိဘူးပေါ့နော်.."
"အခုတော့ ဓာတ်ပုံကြည့်ရင်း မှတ်မိနေပါပြီ…ငယ်ငယ်တုန်းက လှုပ်ရှားနေတဲ့ ပုံရိပ်တွေတော့ အရမ်းငယ်သေးတော့ ဘယ်မှတ်မိမလည်း.."
"နေပါဦး.."
ဒီပါ့လက်ကို ဆွဲပြီး သေချာ မော့ကြည့်ခါ ပန်းချီကိုလည်း တစ်ပြန်လှမ်းကြည့်ပြီး သေချာ စဉ်းစားနေပြန်သည်..။
"ဟွင့်.."
"ဟုတ်ဘူး…ဘယ်သူနဲ့ တူတာလည်း ကြည့်နေတာ…ဦးဒီက ကမျက်နှာမှာ ရှုပ်နေတော့ ပုံဖော်လို့ မရဘူး.."
"အဖေကတော့ အမေ နဲ့ တူတယ် ပြောတယ်…မာမီကတော့ အဖေ နဲ့ ပိုတူတယ် ပြောတယ်.."
"ဟား.ဟား..ဘယ်သူနဲ့ မှ မတူဘူး…ဦးဒီက က အဖေလောက်လည်း မချောပါဘူး..အမေ့လိုလည်း မလှပါဘူး.…"
"အရှုပ်မလေး.."
"ဦးဒီက က သားလိမ်မာလေးပဲ မိဘတွေ နဲ့မနေရတာတောင် ပုံတူချိတ်ထားတယ်.."
"အင်း…အဖေ က အမေ့ကို မရှိတော့တဲ့ နောက်တော့မှ ချစ်မိသွားတာလေ…ဒါကြောင့် အမေ့ကို အရမ်းတန်ဖိုးထားတယ်..ဒီက ကိုလည်း တန်ဖိုး ထားခိုင်းတယ်….အဖေ အလုပ်ကိစ္စ နဲ့ ဘယ်ကိုပဲ သွားသွား အမေ့ ဓာတ်ပုံလေး အမြဲပါတယ်…အရင် က ဒီနေရာမှာ အမေ့ပုံတူပဲ ချိတ်ထားတာ နောက် နှစ်တွေ ကြာပြီး အဖေ ဆုံးသွားတော့ စုံတွဲပုံလေး ဖြစ်သွားတယ်…အဖေက အသက်ငယ်ငယ် နဲ့ အရမ်းချမ်းသာ လာပေမဲ့ အနှစ်နှစ်ဆယ်လုံး ဘယ်မိန်းမကိုမှ စိတ်မ၀င်စားခဲ့ဘူး.."
"ဦးဒီက အမေ က ကံကောင်းလိုက်တာ.."
"အမေ ကံကောင်းပေမဲ့ အဖေ ကံမကောင်းဘူး..နောင်တတွေနဲ့ တစ်ဘ၀လုံးကို ဖြတ်သန်းခဲ့ရတာလေ…အဲဒါကြောင့်…ဒီက ကတော့ အဲလိုမဖြစ်ချင်ဘူး..ကိုယ်ချစ်တဲ့သူကို အစွမ်းကုန် ချစ်လိုက်မယ်…မနေချင် လို့ အဝေးကို ထွက်သွားတဲ့အခါ ငါ မှားခဲ့ပါလား ဆိုတဲ့ နောင်တ မျိုး မရှိအောင်ပဲ ချစ်ချင်တယ်…"
"ဦးဒီက ချစ်သူ ဘယ်သွားလို့လည်း.."
ဒီပါ့ကို မော့ကြည့်ပြီး မေးငေါ့ခါ ပြောတော့ ပါးလေးကို ဆွဲချင်ပေမဲ့ မြိုသိပ်ထားလိုက်ရင်း…
"မရှိပါဘူး..မင်းပဲ လက္ခဏာ ကြည့်ပေး ထားတယ်လေ…"
"ဟုတ်သားပဲ ဦးဒီက က တကယ် အကြောက်ကလေးပဲ…"
"အဟွင်း..တစ်ဘ၀ လုံး တွေ့လာခဲ့တဲ့ နောက်ကျသွားတဲ့ အချစ်ကြောင့် ချစ်ရမှာ ကြောက်နေတာပါ…"
"ဟုတ်တယ်…အချစ်လည်း ချစ်ရမှာ ကြောက်တယ်…ဦးဒီက နဲ့ အချစ်က တူတူပဲ.."
ဒီပါ့ စကားကို ခေါင်းညိတ်နားထောင်ပြီး ဘ၀တူအဖွဲ့လုပ်နေတော့ ခေါင်းကို ပုတ်လိုက်မိခါ…
"တူတူပဲ လုပ်မနေနဲ့ အိပ်ဖို့လုပ်တော့လေ…"
"ဦးဒီက ထမင်းစားပြီးပြီလား.."
"…ညနက်နေပြီ မစားတော့ဘူး…ပြီးမှ နို့တစ်ခွက်လောက်သောက်လိုက်မယ်…"
"အချစ် သွားယူပေးမယ်.."
"နေမကောင်းဘူးဆို ငြိမ်ငြိမ်နေလေ…"
"တကယ် ကောင်းပါပြီ ဦးဒီက ရဲ့…"
ဒီပါ့ကို ထားပြီး လှေကားဆီ ပြေးသွားတဲ့ ကောင်မလေး ကို ကြည့်ရင်း နေကောင်းသွားပြီဆိုတာ သေချာသွားလို့ စိတ်အေးသွားရသည်..။
နေမကောင်းဖြစ်ပြီးခါစ မို့ ပြန်လာတိုင်း အိပ်ပျော်နေပြီ...။
ဒီနေ့မှ သူ့မျက်နှာ အပြုံးလေးကို ကြည်ကြည်လင်လင် ပြန်တွေ့ရတော့သည်။
မနက် က ဧည့်သည်နဲ့ တွေ့နေချိန် အိပ်ယာထဲမှာ ပြန်၍ အဖျားတက်နေမလား တွေးခါ စိတ်ပူမိသေးသည်..။
ဒီပါ အခန်းထဲရောက်တော့ အခန်းထဲ ပြန့်ကျဲနေတက်တဲ့ အ၀တ်တွေ သိမ်းထားပြီး ခုတင်ကလည်း သပ်သပ်ရပ်ရပ် ဖြစ်နေသည်..။
ဒီနေ့ လည်း အခန်းရှင်းထားသည့်ပုံပါပဲ…။
နေမကောင်းဖြစ်ပြီးတော့မှ တော်တော် လိမ်မာသွားတာပဲ လို့ တွေးခါ ပြုံးလိုက်မိသည်။
အ၀တ်အစားတွေ လဲနေချိန် တံခါး ဖွင့်သံကြားပြီး ခဏကြာတော့ ခေါ်နေပြီလေ…။
"ဦးဒီက..ဘယ်ပျောက်သွားတာလည်း…"
"ဒီမှာ.."
"ဟုတ်…"
ဒီပါ ပြန်ထူးလိုက်တော့မှ တိတ်သွားပြီး ခုံရွေ့သံ လိုလို ကြားရတော့ အင်္ကျီ ကြယ်သီး တပ်ရင်း ထွက်လာခဲ့ရသည်..။
"ဟာ..ဘာလုပ်နေတာလည်း…ရွှေခဲ…"
"ခုံရွေ့ပေးတာလေ…ဦးဒီက ထိုင်စားလို့ ရအောင်.."
စားပွဲအနားကို ဆိုဖာ ရောက်အောင် တွန်းရွေ့နေတော့ ဒီပါ ရယ်လည်း ရယ်ချင် မရယ်လည်း မရယ်လျက်ဖြစ်ရသည်..။
အူကြောင်ကြောင် မျက်နှာ နဲ့ လှည့်ကြည့်ပြီး ခုံကို ဆက်ရွေ့နေတော့ မနေနိုင်လို့ အနားကိုသွားပြီး တားလိုက်ရသည်..။
"စာရေး စားပွဲ အမြင့်ကို ဆိုဖာနဲ့ ဘယ်လို ထိုင်စားမလည်း အဆိုးမလေး ရဲ့…"
"စားပွဲက ထိုင်စားဖို့ မဟုတ်ဘူး ပန်းကန် တင်ထားဖို့လေ ဒါမှ နီးနီးနားနား ယူလို့ရမှာပေါ့…"
"ဉာဏ်ကြီးရှင်ရယ်…ထယူလည်း ဘာမှ မဖြစ်ပါဘူးကွာ…ငါ့ ခြေထောက်တွေ ကောင်းနေပါပြီ.."
"အဟား…အခုတော့ လေသံတောင် ပြောင်းသွားပြီ…"
"လူဆိုးမလေး.."
ဒီပါ ပြောတော့ နှာခေါင်းရှုံ့ပြီး လူစီဖာကို ချီခါ ဒီပါ့ လက်ထဲကို တိုးထည့်ပေးတော့သည်..။
ဗိုက်ဆာလို့ကို အလုပ်တစ်ခုပြီး တစ်ခု တန်းစီနေတာ ဒီပါ တို့ မနားရတော့ပါလားနော်..။
လူစီဖာကို ကြည့်ခါ တမေ့တမော ပွတ်သပ်ချော့မြူ ပေးနေမိ ရင်း ရှေ့မှာ ထိုင်နေတဲ့ ကောင်မလေး ကို ကြည့်လိုက်တော့ အံသြသွားရသည်..။
ခုတင်ရှေ့မှာ တီဗွီဖွင့်ထားပြီး မှေးထောက်ခါ ဒီပါ့ကို ကြည့်၍ ပြုံးနေသည်လေ…။
"ကောင်မလေး.."
"ရှင်..ဟင်.."
"ဘာပြောမလို့လည်း.."
"ဟို..ဟို…အချစ် သင်တန်းရွေးပြီးသွားပြီလို့ ပြောမို့.."
"ဟုတ်လား…ဘာသင်တန်းလည်း.."
"ဟိုတယ်သင်တန်း…"
ဒီပါ မျက်ခုံးတွန့်ပြီး စဉ်းစားနေချိန် ခုတင်ပေါ်က ခုန်ဆင်းပြီး အခန်းထဲက ပြေးထွက်သွားပြီ..။
ကလေးလိုပဲ အမြဲ ပြေးလွှားနေတာ ဘယ်နေ့ ဟက်ထိုးလဲကျ မလည်း မသိ…။
ဒီပါ နွားနို့ခွက် တစ်၀က်လောက် ကျိုးသွားတော့မှ စာရွက် အပြာရောင်လေး ကိုင်ပြီး ပြေး၀င်လာတော့ ဒီပါ မျက်လုံး ပြူးသွားရသည်..
ဒီစာရွက် ဘယ်လိုတွေ့သွားပါလိမ့်…။
"ရပြီ…"
"ဒီသင်တန်း..ဦးဒီက…အလကား တက်လို့ရတယ်…စာမေးပွဲအောင်ရင် လစာ ကောင်းကောင်းနဲ့ သူတို့ ဟိုတယ်မှာ အလုပ်လည်းပေးမယ်တဲ့…"
"House keeping Management သင်တန်းက ပြိုင်ပွဲ ပုံစံ လုပ်မှာလေ…ဘာလုပ်ရတာလည်း သိရဲ့လား ရွှေခဲ.."
"အလုပ်သမားပေါ့.."
"ကောင်းရော…မသိပဲနဲ့ ဘာလုပ်ဖို့ သွားတက်မှာလည်းကွာ.."
"သိပါတယ် ဦးဒီကရဲ့..အချစ်က အိမ်အလုပ် မကျွမ်းတော့ ဒီ သင်တန်းတက်တာ ပိုကောင်းမယ် ထင်လို့ပါ …ကြီးကြီးတို့လည်း သက်သာတာပေါ့..ဒီလတော့ လခပေးရမယ်နော်…"
"တယ်တော်ပါလား.."
ဒီပါ ရွဲ့ ပြောလိုက်ပေမဲ့ ခေါင်းငုံ့ ပြီး ရယ်နေပုံက သူ့ကိုယ်သူ တော်လှနေပြီပေါ့လေ..။
ဟိုတယ်က ဖွင့်မဲ့ သင်တန်းကိုမှ ရွေးလိုက်တာ ဒီပါ့ အတွက် အဆိုးလား အကောင်းလား မတွေးတက်ခင် စိတ်ပြေလက်ပျောက် တက်ခိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်မိသည်..။
"တက်မယ်နော်…ဦးဒီက…"
"အင်း…"
"ဟဲဟဲ…ဦးဒီက ဂွဒ်ဂျော့…ဦးဒီက အိပ်တော့မလား.."
တီဗွီ ရီမုကို ကောက်ကိုင်ပြီး ပိတ်လိုက်ရင်း မေးတော့ ဒီပါ လက်ထဲက ခွက်ကို မြောက်ပြလိုက်ရတော့သည်..။
"တီ…တီ….တီ….."
ဖုန်းသံမြည်လာတော့ ဒီပါ ဖုန်းနံပါတ်ကို ကြည့်ခါ ပြောသင့် မပြောသင့် စဉ်းစားနေရသည်..။
"ဟလို..ညီလား…"
"ဟုတ်ကဲ့…ကိုကို တို့ အိပ်ပြီထင်နေတာ..ကိုကို နဲ့ မရီး ကော နေကောင်းတယ်မလား.."
"အင်း…ကောင်းပါတယ်…ညီတို့ကော… နေကောင်းကြတယ်မလား.."
"ဟုတ်… ညီမလေးကော ရှိလား..အိပ်ပြီလား.. ဘာထည့်ပေးရမလည်းလို့..မေးချင်လို့… မနက်ဖြန် ပါဆယ် ပို့ရမယ်လေ.."
"သြော်….အင်း.."
ဒီပါရှေ့မှာ မျက်လုံးပြူး၍ ကြည့်နေတဲ့ ကောင်မလေးကို ဖုန်းလှမ်းပေးတော့ မျက်လုံးပိုပြူးပြခါ လက်ကို ခါရမ်းနေတော့သည်..။
"……"
ဒီပါ စကားလုံး မပါပဲ မေးငေါ့ ပြလိုက်တော့ ခေါင်းရမ်းပြီး ဖုန်းကို ပြန်တွန်းနေပြန်သည်..။
"….."
လက်ကို ဆွဲယူပြီး ထည့်ပေးတော့ မျက်နှာလေးက ချက်ချင်း မဲ့ ကျသွားသည်မို့ ပြန်ယူလိုက်ရတော့သည်..။
"……."
ဒီပါ ပြောဖို့ ခက်နေတာ သိတော့ ရေချိုးခန်းကို လက်ညိုးထိုးပြပြီး လိမ်ခိုင်းနေပြီလေ…။
"…….."
သူ့ကို လက်ညိုးထိုးပြီး ထသွားခိုင်းတော့ နားမလည် သလို ကြည့်နေလို့ ထိုင်ရာက ထပြီး လက်ကို ဆွဲခါ ရေချိုးခန်းဆီကို ခေါ်လာခဲ့ရသည်..။
အထဲကို ၀င်ခိုင်းပြီး တံခါး ပြန်စေ့လိုက်၍…
"ဆောရီး..ညီ…သူ…ရေချိုးခန်းထဲ ရောက်နေတယ်…"
"သြော်…အင်း..ဒါဆို ကိုကိုပဲ မေးထားလိုက်လေ…မနက်ဖြန် ပြန်ပြောနော်…ဖိုးဖိုး က လည်း ပြန်ချင်နေတာ..ကိုကို ဖုန်းပြောရင် ပြောလိုက်ဦးနော်.."
"အင်း…ပြေါလိုက်မယ်လေ……အိကိုလည်း ဂရုစိုက်နော်…"
"ဟုတ်ကဲ့ပါ…"
ရေချိူးခန်း တံခါး ဖွင့်ပြီး ခေါင်းစုတ်ဖွားလေး ထွက်လာခါ စပ်စုတော့ ရယ်ချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်..။
"ရပြီလား.."
"အင်း..ထွက်…လူဆိုးမလေး…ညီ က ဘာမှာ မလည်း မေးမလို့ကိုပဲ…ဘာဖြစ်နေတာလည်း.."
"ကြောက်လို့ပေါ့…ဟွင့်.."
ခြေလှမ်းကြဲကြဲ နဲ့ အိပ်ယာဆီကို ပြေးပြီး ခုန်တက်လိုက်ခါ လှဲအိပ်၍ လူးလှိမ့်နေတော့သည်..။
ကြောက်တဲ့ ပုံစံကလည်း ပန်းအချစ်ဦးကျတော့မှ အထူးအဆန်းပါလား..။
ဒီပါ ငေးကြည့်နေတုန်း ငုတ်တုတ်ထထိုင်ပြီး အနားကို ရောက်လာပြန်ခါ…
"ဦးဒီက က ဘာလို့ အချစ်ကို ရေချိုးခန်းထဲ ၀င်ခိုင်းတာလည်း.."
"လိမ်ရမှာ ရှက်လို့…"
"အိုး…အချစ်နဲ့ ပြောင်းပြန်ပဲ…"
"ပြင်လိုက်ပါ ပန်းအချစ်ဦးရယ်…ပြီးတော့ ရူပါ့ကို ဘာလို့ ကြောက်ရမှာလည်း"
"သိဘူးလေ…အချစ် အပြစ်ရှိသလိုပဲ…"
"ဘယ်လို အပြစ်ရှိလို့လည်း…ရူပါက ရွှေခဲရဲ့ ခဲအို…အကိုကြီး…အဖြစ်…အမြဲ တွေ့ဆုံ ပြောဆို နေရမှာပဲလေ…နောက်ဆို…အခုလို မရှောင်နဲ့တော့နော်…"
"ဟုတ်…"
"မင်းအိပ်တော့လေ…နောက်ကျနေပြီ…"
"ဟုတ်.."
ဒီပါ့ စကားကို ခေါင်းညိတ်နာခံခါ လေးဘက်တွား၍ သူ့ နေရာကို ရောက်အောင်သွားသည်..။
သင်တန်းတက်ခိုင်းလိုက်တာ ကောင်းပါတယ်..ဘာပဲ ဖြစ်ဖြစ် လူကြီး ဆန်သွားတာပေါ့လေ…။
.
"ဒီလို လုပ်လို့မရဘူး သိလား..မုန်းတယ်..မုန်းတယ်…"
တောင်စောင်းပေါ် မှာ ရပ်ပြီး မျက်ရည်တွေနဲ့အော်နေတဲ့ ပန်းအချစ်ဦးကြောင့် ဒီပါ မျက်လုံးပြူးသွားရသည်..။
"မဟုတ်ဘူး..ဒီက မင်း အတွက် စိတ်ပူလို့ တားနေတာ…မသွားပါနဲ့….ပြုတ်ကျလိမ့်မယ်.."
မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ…အခုချိန် အဓ်ိက မှာ သူမ နောက်ပြန်ဆုတ်လာဖို့ အရေးကြီးနေတာမို့ ခေါင်းကို ခပ်သွက်သွက် ညိတ်ပြပြီး တားလိုက်ရသည်..။
"သေပါစေ…ရှေ့မတိုးနဲ့ ခုန်ချပစ်လိုက်မယ်…"
"အင်း…မတိုးတော့ပါဘူးကွာ…ပြန်လာခဲ့ပါ…ကောင်မလေးရယ်…"
"အား…"
"ဟာ…"
တောင်စောင်းပေါ်က ပြန်ရွေ့ဖို့ ကြိုးစားရင်း ခြေချော်ပြီး ပြုတ်ကျတော့ ဒီပါ ရင်ဘတ်ထဲ အေးခနဲ့ ဖြစ်သွား၍ ပြေးလိုက်သွားချိန် မြူနှင်းတွေသာ တွေ့ရသည်..။
"ပန်းအချစ်ဦး….ပန်းအချစ်….."
အသံကုန် ဟစ်အော်နေပေမဲ့ ဘာတုန့်ပြန်မှုမှ မရှိသည့် မြူနှင်းဆိုင်တွေကြောင့် တစ်ကိုယ်လုံး တုန်ယင်ခါ ချွေးစေးတွေ ထွက်လာသည်..။
"ပန်းအချစ်ဦး…"
"ဦးဒီက…ဦးဒီက….အချစ် ဒီမှာလေ.."
နားထဲကို လေသံ ဖျော့ဖျော့ ရောက်လာပြီး လက်မောင်းကို တစ်စုံတခု လှုပ်ကိုင်နေတော့ ဒီပါ ကိုယ်ခန္ဓာ သိမ့်ခနဲ ဖြစ်ခါ မျက်လုံး ဖွင့်လိုက်မိသည်..။
တော်ပါသေးရဲ့ အိပ်မက်ဆိုး တစ်ခုပဲ ဖြစ်ပါစေ…။
"ဦး….အိပ်မက်….အင်…"
အချစ် ကိုယ်လုံးကို အတင်းဆွဲဖက်ထားတော့ အိပ်ရင်း ယောင်နေတာများလား တွေးမိပေမဲ့ တဖြည့်းဖြည်း တင်းကြပ်လာတော့ အသက်ရှု မရ ဖြစ်လာရသည်..။
"ဦး…ဦးဒီက…လွှတ်ပါဦး.."
"ဟင်.."
အချစ် တွန်းလိုက်တော့မှ ဖက်ထားတာ နည်းနည်းလျော့ပေးလို့ အသက်၀၀ ရှုခွင့်ရတော့သည်..။
"အိပ်မက်ထဲမှာ အချစ်သေသွားလို့လား.."
"ဟင်.."
အချစ် ပခုံးကို ကိုင်ပြီး မျက်လုံးပြူးရင်း ငုံ့ကြည့်တော့ ရယ်ပြလိုက်ခါ ဦးဒီက ပခုံးကို ပုတ်ပေးမိသည်..။
"ဘာမှ မဖြစ်ပါဘူး…အိပ်မက်ပါပဲ…တကယ်သေသွားလည်းကောင်းတာပဲ.."
"……"
"ဦးဒီက အတွက် အရှုပ် တစ်ယောက် မရှိတော့ ကောင်းတာပေါ့ ဟုတ်ဘူးလား.."
"ရွှေခဲ…"
" အချစ်ကိုဆို ရှုပ်လို့ ဘယ်သူမှ မချစ်ဘူး ……ဦးဒီက အချစ်ကို ချစ်လို့လား…. ….."
"……."
အချစ် စကားကြောင့် ဦးဒီက က မျက်မှောင်ကြုတ်ရင်း စဉ်းစားနေတာ အိပ်မက်ကို မေ့သွားလောက်ပါပြီ..။
ကိုယ့် အကြံနဲ့ ကိုယ် အောင်ပြီလို့ တွေးရင်း ဖက်ထားရာက ရုန်းထွက်ချိန်…
"ချစ်တာပေါ့..ရွှေခဲရယ်.."
"ဟင်…"
"မင်းကို ငါချစ်တယ်…အရမ်းချစ်တယ်…."
"ရှင်…"
"အိပ်မက်ထဲမှာတောင် မင်းမရှိလို့ မဖြစ်အောင်ချစ်တယ်…"
"အယ်.."
"အရမ်းချစ်တာပဲ ကောင်မလေးရယ်…"
"အဲ….မဟုတ်ဘူးလေ…ဦးဒီက လူမှား…အ.."
အချစ်ကိုယ်လုံးလေးကိုပါအောင် ဆွဲလှဲလိုက်ပြီး ရင်ခွင်ထဲထည့်ခါ မျက်လုံးစုံမှိတ်လိုက်တော့ ဘာပြန်ပြောရမှန်း မသိဖြစ်ရတော့သည်..။
အိပ်ရင်း ယောင်နေတာများလား….။
ဦးဒီက ရဲ့ ပါးမြိုင်းမွှေးတွေ ရှုပ်နေတဲ့ မျက်နှာကြီး ကိုမော့ငေးရင်း ဘာကြောင့်များ ရင်ဘတ်ကြီးက တဒုတ်ဒုတ် ဖြစ်လာပါလိမ့်…။
အိပ်ပျော်ရင်း ထယောင်တာ ချစ်ပါတယ် ပြောစရာလားလို့ တွေးရင်း ရင်ခုန်အောင်လုပ်တဲ့ တရားခံ ဦးဒီက ကို မျက်ခုံးကြုတ်ခါ ဆိုက်ကြည့်နေမိသည်..။
အချစ်ကိုယ်ကို လှုပ်ပြီး ရုန်းထွက်တော့ အားသန်တဲ့ လက်မောင်း နှစ်ဖက်အားကြောင့် လှုပ်ဖို့တောင်မလွယ်…။
မနက်ကျရင် ဘယ်လို မျက်နှာကြည့်ရပါ့မလည်း…။
အချစ် င်္ လက်ညိုးနဲ့ လက်မကို သုံးခါ ည၀တ်အကျီ လည်ပင်းကြယ်သီး တပ်လိုက်ပြီး ဦးဒီက ရဲ့ ရှပ် အင်္ကျီ ီကြယ်သီးပွင့်နေတဲ့ ရင်ဘတ်သား ဖွေးဖွေးကြီးကို ကြည့်ရင်း မျက်တောင်ပုတ်ခတ်နေမိတော့ အိပ်ချင်လာတော့သည်..။
.
"ကောင်မလေး…ထတော့လေ…"
"ဟင်…ဟုတ်.."
"အ.."
အချစ် လက်မောင်းသားတွေ နာနေတာကို ဂရုမစိုက်ပဲ ထခါ ခေါင်းငုံ့ပြီး ခေါင်းက ဆံပင်တွေကို ကပျာကယာ ဖိသပ်လိုက်မိသည်..။
မနက် ရှစ်နာရီတောင် ဖြစ်နေပြီဆိုတော့ ဦးဒီက အလုပ်သွားတော့မှာပေါ့လေ…။
ဟင့်…ဦးဒီက မိုးလင်းကတည်းက ထွက်သွားတာ အိပ်ခါနီးမှ ပြန်လာတက်သည် မို့ အချစ် တစ်နေ့ကုန် ပျင်းနေရသည်..။
တကယ်ဆို "ပန်းအချစ်ဦး ပျင်းနေရင် ငါနဲ့ လိုက်ခဲ့လေ" လို့ ခေါ်ပါလား..…။
အခုလို နာလန်ထစ ကောင်မလေးကို "အိမ်ထဲမှာပဲ နေရတာ မပျင်းဘူးလား…ဘယ်သွားချင်လည်း လိုက်ပို့မယ်လေ" လို့ မေးရမှာ မဟုတ်ဘူးလား..။
"နေကောင်းရဲ့လား.."
"ရှင်…ဟုတ်.."
အချစ် အနားမှာလာရပ်ပြီး ခါးကိုင်း၍ ငုံ့ကြည့်တော့ မနေတက်ဖြစ်လာခါ မတ်တက်ထရပ်လိုက်မိသည်..။
ဒီလူကြီး သူ့ကိုယ်သူ ပြန်မေးရမှာလေ…ညတုန်းက ဘာအရူးထမှန်းကို မသိဘူး..။
အခုတော့ ဘာမှ မသိသလို အ၀တ်အစားလဲပြီး နာရီပတ်နေပြန်ပြီ…။
အချစ် ရေချိုးခန်းထဲ ၀င်ပြီး သွားတိုက်ရင်း မှန်မှာ ပေါ်နေတဲ့ ပုံရိပ်ကို နှုတ်ခမ်းမဲ့ ပြခါ သွားကို အမြန်တိုက်လိုက်သည်..။
ဘာဖြစ်နေတာလည်း…ဟိုလူကြီးက ဘာမှ သိတာ မဟုတ်ဘူး..နင်က ဘာလို့ တွေ့တာနဲ့ ခုန်နေတာလည်း ရပ်စမ်း…။
ရင်ဘတ်ကြီးကို လက်နဲ့ပုတ်ပြီး သတိပေးလိုက်ခါ ထွက်လာတော့ ဦးဒီက က ခေါင်းဖြီးနေရင်း လှမ်းကြည့်သည်..။
မျက်လုံးချင်းဆုံသွားချိန် အချစ်မှာ ဓာတ်လိုက်သွားသူလို့ တစ်ကိုယ်လုံး အေးခနဲ့ ကျဉ်ခနဲ့ ဖြစ်သွားပြီး မျက်လုံးပြူးသွားသည်…။
ဦးဒီက က သူ့ဆံပင်ရှည် မွဲခြောက်ခြောက်ကြီးကို ဂျယ်တွေလား ဆီတွေလား လက်ထဲ ထည့်ပြီး သေချာလိမ်းနေရင်း..
"ဒီနေ့ သင်တန်းတက်ဖို့ ဖိုးကောင်းကို ပြောထားမယ်...လိုက်သွားလိုက်နော်…"
"ဟုတ်…"
"သင်တန်းသွားရင် ပေါ့ပေါ့ပါးပါး ဂါ၀န်လေးတွေပဲ ၀တ်သွားနော်.."
"ဟို…ကုတ်အကျီ င်္၀မ်းစက်လေး.."
"ရာသီဥတု ဒီလောက်ပူတာ…မ၀တ်ရဘူး…"
"ဟုတ်း…."
အချစ်မှာ မနေ့ကတည်းက စီစဉ်ထားရတာကို မမေးမိရင် အကောင်းသား… အခုတော့ မ၀တ်ရ ဆိုတဲ့ အမိန့်ချသွားပြီလေ..။
အချစ် မှုတ်ကြုတ်ကြုတ်ဖြင့် ရေသုတ်၀တ် အဖြူကြီးကို မျက်နှာ အပ်ခါ ဖိပွတ်၍ အကြိမ်ကြိမ် သုတ်ပစ်လိုက်သည်..။
"သွားပြီနော်…ရွှေခဲ…မုန့်စားပြီး အားဆေးသောက်ဦးနော်....ခုတင်ဘေးမှာ ဆေးပုလင်း..တစ်လုံးပဲနော်.."
"ဟုတ်.."
ဦးဒီက အခန်းတံခါး၀ကို ထွက်သွားတော့မှ စိတ်ရှုပ်နေတာကို သက်ပြင်းချပြီး ခေါင်းကိုသာ ဖိကုတ်နေမိသည်..။
"ကောင်မလေး…"
"ရှင်.."
အခန်းထဲ ကို ပြန်၀င်လာရင်း ခေါ်လိုက်တော့ အချစ် ယောင်ပြီး ထူးမိတာ ရေမွှေးနံ့တွေ က နှာခေါင်း၀ကို ရောက်နေပြီလေ..။
"ဦး…ဦးဒီက…ဘာ…ဘာပြောမို့လည်း."
"ဒီက မင်းလို မဟုတ်ဘူး..အာလုံးမှတ်မိတယ်.."
"ရှင်.."
'ညတုန်းက ပြောတာလေ…အဲဒါကြောင့်…ဒီကကို ပြန်ပြောဖို့ စဉ်းစားထားပေး.."
"ဟင်.."
"မင်းကို ချစ်တယ်လို့ ပြောနေတာလေ…ဟုတ်လား.."
"ဟုတ်.."
"မင်းကော…"
"မသိသေးဘူးလေ.."
"သိအောင်လုပ်ထားပေါ့…"
"ဟုတ်…"
အချစ် အယောင်ယောင် အမှားမှားဖြင့် ခေါင်းညိတ်ပြီးခါမှ လွဲကုန်ပြီ ဆိုတာ သိတော့ ဦးဒီက မရှိတော့ဘူးလေ..။
၀ရန်တာ ကို ပြေးထွက်သွားပြီး မှေးထောက်ခါ ရပ်စောင့်နေလိုက်တော့ ခဏကြာချိန် ဦးဒီက ထွက်လာသည်..။
"ဟာ.."
ကားတံခါး ဖွင့်နေရင်း အချစ်ကို လက်ပြ နှုတ်ဆက်တော့ မျက်မှောင်လေးကြုတ်ခါ အိမ်ထဲ ပြန်၀င်လာခဲ့ရသည်..။
မရတော့ဘူး..ဦးဒီက အိပ်မက်ဆိုးတွေ မက်ပြီး ရူးသွားရှာပြီလေ…။
.
"ဖိုးကောင်း.."
"ဗျာ…"
ဒီပါ ကားပေါ်ရောက်တာနဲ့ အလုပ်ကိစ္စတွေ ခေါင်းထဲ ရောက်လာတော့ ရွှေခဲ အကြောင်း မေ့သွားမှာ စိုးမိသည်..။
"မင်း ဒီနေ့ ဆယ်နှစ်နာရီလောက်မှာ ဟိုတယ်က ဖွင့်ထားတဲ့ သင်တန်းကို ပန်းအချစ်ဦးကို ပို့ပေးလိုက်ပါလား.."
"ဟုတ်ကဲ့.."
"ပြီးတော့ လိုအပ်တာတွေလည်း ပြင်ဆင်ပေးလိုက်ပါ..ဟိုတယ်နဲ့ ဘယ်လို ပတ်သက်လည်း ဆိုတာတော့ မသိစေနဲ့ တော်ကြာ ပေါ့ပျက်ပျက် လုပ်နေမှာစိုးလို့."
"ဟုတ်ကဲ့.."
ဒီပါ ပြုံးရင်း လက်ထဲက စာရွက်တွေကို ကိုင်ခါ နံပါတ်တွေ မမြင်ပဲ ညတုန်းက အကြောင်းတွေသာ ပေါ်နေသည်..။
အိပ်မက်ကလန့်နိုးပြီး သူ့ကို တွေ့လိုက်ရချိန် စိတ်ထဲက ခံစားချက် အတိုင်း ဆွဲဖက်လိုက်မိသည်..။
သူ မွန်းကြပ်နေမလားတွေးမိပေမဲ့ လွတ်ထွက်သွားမှာ စိုးလို့ တင်းကြပ်စွာ ဖက်ထားမိတာပါ…။
ဘယ်သူမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်မလေးကို ချစ်ပါတယ်လို့ ဆန္ဒစောစွာ ၀န်ခံလိုက်တာ ရှက်စရာလို့ ထင်မိပေမဲ့…အဖေ့ စကားကိုသတိရတော့ နောင်တမရတော့ပါဘူးလေ…။
မနက် အိပ်ယာနှိုးဖို့ ကျပြန်တော့လည်း… စိတ်များဆိုးနေမလား…ကြောက်များ နေမလား ဆိုတဲ့ အတွေးဖြင့် မဝံ့မရဲ နှိုးရသည်..။
အခုတော့ ဘာမှ မဖြစ်တာ သိသာပါသည်လေ..တော်ပါသေးရဲ့… စိတ်မဆိုးပေလို့…။
ဒီကောင်မလေး ကြောင်တောင်တောင် ဖြင့် မသိချင်ယောင် ဆောင်ပစ်လိုက်မှာ စိုးလို့ အရဲစွန့်ပြီး ထပ်ဖြည့် သတိပေးခဲ့ရသေးသည်..။
အသက်ကြီးခါမှ ကလေးဆန်သလို ဖြစ်နေပြီလား…။
"အကို ရောက်တော့မယ်.."
"အင်း.."
ဒီပါ ဘေးမှာ ချထားတဲ့ ဝှီးချဲပေါ် ထိုင်လိုက်ပြီး ခြေထောက် သုံးမရတဲ့ လုပ်ငန်းအကြောင်း ဘာမှ မသိသူ အဖြစ် ဟန်ဆောင်ပြရတော့မည်..။
"ဟာ..မောင်ဒီပါလည်း..လာတာလား.."
"ဟုတ်ကဲ့… ဆိုင်ဖွင့်ပွဲ ဖိတ်လို့ပါ…"
"သြော်…သမီးကလည်း ဒက်ဒီကိုတော့ မပြောဘူး…မောင်ဒီပါ အားနာစရာကြီး…သတင်းသမားတွေလည်း ရှိနေတယ်.."
'ရပါတယ်…အန်ကယ် ဘယ်အချိန်ထိ ဖုံးထားနိုင်မှာလည်း..နေပါစေတော့…"
"အန်ကယ် စိတ်မကောင်းပါဘူး…."
"ရပါတယ် အန်ကယ် စိတ်ထဲမထားပါနဲ့…ကျွန်တော်လည်း နေသားကျနေပါပြီ…"
ဒီပါ ဝှီးချဲ ခလုတ်တွေကို လှည့်ပြီး ဥိးအောင်သူရဲ့ ပါတနာ ဝိုင်းတွေ ဆီကို သွား၍ နှုတ်ဆက်ရသည်..။
အားလုံးရဲ့ စိတ်မကောင်းပါဘူး စကားသံ နောက်ကို ဖောက်ထွင်းသိနေတော့ ပြုံးပြရတာတောင် ပင်ပန်းလွန်းနေပါပြီ..။
.
"ဟယ်…မိုက်လိုက်တာ…"
"အေးလေ.."
အချစ် ရောက်သွားတဲ့ ဟိုတယ်ကြီးကို လိုက်ငေးနေရင်း ပြောလိုက်တော့ ဘေးက မိန်းကလေး တစ်ယောက်က ထောက်ခံသည်..။
"နင်က ဘယ်ကလည်း.."
"မိုးကုတ် .."
"အိုး အဝေးကြီးပဲ…"
"အင်း…"
အချစ် တန်းစီ စောင့်နေရင်း ထိုကောင်မလေး ထပ်စပ်စုတော့လည်း လွယ်လွယ်နဲ့ မြန်မြန် ပဲ ဖြေလိုက်သည်..။
"ပန်းအချစ်ဦး…ဒီမှာ ဖောင်တင်ပြီးသားပါ ၀င်လို့ရပြီ.."
"ရှင်..ဟုတ်.."
အချစ်မှာ ဘောပင် ကိုင်ပြီး ဖောင်ရေးဖို့ ပြင်နေတုန်း တင်ပြီးပြီ ဆိုတော့ ဦးဒီက မျက်နှာကြီးကို မြင်ယောင်မိပြီး သဘော ပေါက်သွားရသည်..။
ဟွင့်…ဘယ်တော့ဖြစ်ဖြစ်…ဒီလိုပါပဲ…ဦးဒီက က တစ်ခါတလေ ကျတော့ ရုပ်ကြမ်းပေမဲ့ သဘောကောင်းသား…။
"သင်တန်းမစခင် တစ်ခု ပြောချင်တာကတော့ အခမဲ့ သင်တန်းဆိုပြီး ဂရုမစိုက် အလေးမထားတာမျိုး မဖြစ်စေချင်ပါဘူး.."
"ဟုတ်ကဲ့ပါ…"
"ဆရာမ…အလုပ်၀င်ရင် လခ ဘယ်လောက်ရမှာလည်း ဟင်.."
အချစ် အမေးစကားကြောင့် ထိုင်နေတဲ့ သူတွေ အကုန်လုံး ဝိုင်းရယ်တော့ မျက်နှာ ရှုံ့မဲ့ သွားရသည်..။
ဘယ်လို လူတွေပါလိမ့်… ဘာများရယ်စရာပါလို့လည်း…။
"အလုပ်ကောင်းကောင်းလုပ်နိုင်ရင် လခ ကောင်းကောင်းရ မှာပါ…"
"ဟုတ်ကဲ့.."
"House Keeping တစ်ယောက်ရဲ့ တာ၀န် တွေကို မရှင်းပြခင်…ဗိဒီယိုလေး ခဏ ကြည့်ရအောင်.."
မိန်းမ တစ်ယောက် အလုပ်လုပ်နေတဲ့ ပုံတွေ ပေါ်လာတော့ အချစ် စိတ်ရှုပ်စွာဖြင့် ထိုင်ကြည့်နေရသည်..။
"ဘာအလုပ်လို့ ထင်လည်း.."
"အိမ်အကူ…"
"သန့်ရှင်းရေး…"
"မဟုတ်ပါဘူး…အားလုံးက အဲလို လွယ်လွယ် ထင်နေကြပေမဲ့ ..နိုင်ငံတကာမှာ သင်တန်းကျောင်းတွေ တက်ပြီးမှ ဒီ အရည်အချင်းကိုရတာပါ…ဒါကြောင့် ဒီအလုပ်လုပ်နေရလို့ သိမ်ငယ်စရာ အဖြစ် မမြင်ဖို့ အရေးကြီးပါတယ်…"
"ဟုတ်ကဲ့ပါ.."
"သင်တန်းပို့ချဖို့ စာတွေ့ နဲ့ လက်တွေ့ နှစ်မျိုး ရှိပါတယ်…သင်တန်း အတွက် လိုအပ်တာတွေကို အဖွဲ့ခေါင်းဆောင် စံပယ် ဆီမှာ ထုတ်ယူပေးပါ…တစ်နေ့ကို တစ်နာရီခွဲ နှစ်နာရီကြာလောက်ပဲ အချိန်ပေးသင်နေတာမို့လို့ သင်တန်းကို အချိန် အတိအကျ ရောက်ဖို့ အရေးကြီးပါတယ်.. စည်းကမ်း သုံးကြိမ် ဖောက်ဖျက်ရင် သင်တန်းက ထုတ်ပါမယ်..ထူးချွန်တဲ့ သင်တန်းသားတွေက…အဆင့်မြင့် ဟိုတယ်တွေ အထိ အလုပ်ဝင်ခွင့် ရမှာပါ…ဒါကြောင့် ကြိုးစားစေချင်ပါတယ်…"
"ဟုတ်ကဲ့ပါ…"
ဒီအရွယ်ကြီး တွေ ဟုတ်ကဲ့ပါ အော်ဟစ်နေတာ မရှက်ဘူးလား မသိပါဘူး..အချစ် နှာခေါင်းရှုံ့့ရင်း ဘောပင်နဲ့ ဆံပင်ကို လိမ်၍ ဆော့နေမိသည်..။
"ပန်းအချစ်ဦး.."
'ရှင်.."
'ကျွန်မ သင်ပြနေတာ ပျင်းဖို့ များ ကောင်းနေသလား.."
"ရှင်…အဲလို မဟုတ်ပါဘူး…"
"သူများတွေလို အာရုံစိုက်ပေးပါလား…"
"ဟုတ်…ဟုတ်ကဲ့.."
အချစ် ခေါင်းညိတ်လိုက်ပြီး ပတ်၀န်းကျင်ကို တစ်ချက်ဝေ့ကြည့်တော့ အားလုံးက စိတ်၀င်တစား နားထောင်နေကြသည်..။
အချစ်လည်း ဟုတ်ကဲ့ပါ ရောယောင် အော်ဖို့ ဆုံးဖြတ်လိုက်ရတော့သည်..။
.
"ဦးဒီက ကလည်း နောက်ကျလိုက်တာ.."
အချစ် အောက်ထပ် ဆိုဖာပေါ်ကနေ ပြေးထသွားပြီး အိမ်၀မှာ စောင့်နေမိသည်..။
ဦးဒီက အိမ်ဝရောက်တာနဲ့ ဆီးကြိုပြောလိုက်တော့ ခေါင်းညိတ်ပြီး ဖိနပ်ချွတ်ခါ ဖိနပ်ဘီဒိုထဲထည့်ရင်း..
"အင်း…မင်းက ဘာလို့ မအိပ်သေးတာလည်း.."
"ဦးဒီက ကို စောင့်နေတာလေ…"
ဦးဒီက အနောက်ကနေ လိုက်သွားခါ ဘုစပ်စပ် ပြောတော့ လှေကားခလုတ်ကို နှိပ်၍
"သိတယ်…ပြောဖို့ စောင့်နေပြီဆိုတာ…"
"ဟင်…ဘယ်လို သိတာလည်း.."
လှေကားထဲကို အမြန်လိုက်၀င်ပြီး မျက်နှာမော့ခါ မေးလိုက်တာ့ ဦးဒီက က ခေါင်းငဲ့ ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးပြသည်…။
ဦးဒီက အပြုံးကို မြင်တော့ အချစ် ရယ်ကြဲကြဲ တုန့်ပြန်လိုက်ရင်း မနက်က ပြောသွားတာတွေ သတိရခါ ထွက်တောင် ပြေးချင်သွားသည်..။
ဒီလူကြီး အိပ်မက်နဲ့ ရောပြီး ပေါက်ကရ လျှောက်ပြောထားတာကို မေ့သွားလို့ စောင့်နေမိတာ မဟုတ်ရင် အိပ်နေပြီ…။
"မင်း ပတ်၀န်းကျင် အသစ်ရောက်တိုင်း တွေ့သမျှကို ပြန်ကြွားချင်နေတာလေ…"
"ဟွင့်…အချစ်က ဦးဒီက တစ်ယောက်တည်းကိုပဲ ပြန်ပြောပြတာပါ…ကြီးကြီး နဲ့ မေဖူးကိုတောင် မပြောချင်ဘူး..ဘယ်လို အကျင့် ဖြစ်သွားလည်း တောင် မသိတော့ဘူး.."
ဦးဒီက လှေကားထဲက ထွက်တော့လည်း အချစ်မှာ နောက်က ခလုတ်တိုက်မတက် လိုက်နေရင်း စကားပြောနေရသည်..။
"ကောင်းပါတယ်.."
"ဦးဒီက ထမင်းစားပြီးပြီလား.."
"ဟင့်အင်း…ညနက်နေလို့ မစားချင်တော့ဘူး.."
"ဦးဒီက ပြောတော့ ညစာ မစားတာ မကောင်းဘူးဆို…ဦးဒီက ဝိတ်ချနေတာလား.."
"မဟုတ်ပါဘူး..ကဲ ထိုင်ပြီးပြောတော့ ရပြီ…"
အချစ် ပခုံးကို ကိုင်ပြီး ဆိုဖာ ပေါ်မှာ ထိုင်ခိုင်းခါ ဦးဒီက က ဘီဒိုဆီ သွားပြီး အ၀တ် အစားတွေ ထုတ်တော့သည်..။
"သင်တန်းစတက်တာ အဆူခံရတယ်…သင်တန်းသားတွေက ဟုတ်ကဲ့ပါ..ဟုတ်ကဲ့ပါ …နဲ့ ဖားနေတာ အမြင်ကပ်ဖို့ ကောင်းတယ်…ဦးဒီက အချစ်ကိုကြည့်ကြည့်.."
"အင်း ပြော.."
"ကြည့်ကြည့်ပါလို့ဆိုနေ…"
ဒီပါ ရှပ်အင်္ကျီ ကြယ်သီး ဖြုတ်တဲ့ အလုပ်ကို ရပ်ခါ သေချာလှည့် ကြည့်လိုက်တော့ သွားအစုံ ပေါ်အောင် လုပ်ပြနေသည်..။
"ဘာလုပ်တာလည်း.."
"အချစ် အဲလို ပြုံးပြတာကို…အပြုံးမဟုတ်ဘူး ဆိုပြီး ပြင်ခိုင်းတယ်..ဆရာမလေး မျက်လုံးမှုန်နေပြီ…"
"မင်း အပြုံးက မစစ်လို့ ပြင်ခိုင်းတာပေါ့…"
"အပြုံးဆို ပြီးရောပေါ့ စစ်စရာလိုလို့လား..ဘယ်သူသိတာမှတ်လို့…"
"အရင်တုန်းက ဟန်ဆောင်မှု သိပ်မများတော့ ဟန်ဆောင် ပြုံးလည်း မသိကြဘူး…အခုနောက်ပိုင်း အတုအယောင်တွေ ပိုများလာတော့ လူတွေလည်း အရည်အချင်းမြင့်လာကြပြီ..ဟန်ဆောင် ထားတဲ့ မျက်လုံးကိုတောင် ဖတ်တက်နေကြပြီ..စိတ်ပါလက်ပါလေး ပြုံးကြည့်စမ်းပါ…"
"အချစ်ကို ပြောပြီး …ဦးဒီက ကျတော့…အဟွင်း…အဟွင်း….ဟွင်း.."
ခါးတစ်ဖက်ထောက်ပြီး လှောင်နေတဲ့ ကောင်မလေးကို နားရွက်လိမ်ပစ်ချင်ပေမဲ့ သည်းခံ၍ သာ နေလိုက်ရသည်..။
"စားပွဲပေါ်မှာ ရေခဲမုန့်တင်ထားတယ်… သွားသိမ်းထားလိုက် ..အိပ်ခါနီး မစားနဲ့နော် မနက်မှစား...."
"ဟင်..ဟုတ်.."
ဒီပါ ပြောပြီး အ၀တ်အစားယူခါ ရေချိုးခန်းထဲ ရောက်လာပေမဲ့ စကားနားမထောင်ဘူး ဆိုတာလည်း သိနေပါသည်..။
"ဟား..ဟ….စတော်ဘယ်ရီ…. ကောင်းမှကောင်း.."
အချစ် ရေခဲမုန့် ဘူးထဲကို ထမင်းစားဇွန်းဆိုက်ပြီး ကောင်းကောင်း ခပ်စားနေတာ တစ်၀က်ကျိုးခါ နီးနေပေမဲ့ စားလို့မ၀နိုင်သေး..။
ရေခဲမုန့် ဘူးလိုက် ၀ယ်လာတော့ ကောင်းတာပေါ့ မနက်ဖြန် သင်တန်းမသွားခင် တစ်၀က် ထပ်စားလို့ရတာပဲလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ခါ မျက်လုံးစုံမှိတ် လက်စသိမ်းလိုက်ရတော့သည်..။
"ဘယ်လိုလည်း ကုန်ပြီလား.."
အချစ် ရေခဲသေတ္တာထဲ ထည့်ပြီး ပြန်လှည့်ထွက်လာချိန် ဦးဒီက က ရေချိုးခန်းထဲက ထွက်လာရင်း မေးသည်..။
"မကုန်ပါဘူး…"
"စားပြီးရင် သွားပြန်တိုက်လေ…"
"စားပါဘူး.."
ဦးဒီက က သွားပြန်တိုက်ခိုင်းမှာ သိလို့ အချစ်လိမ်လိုက်တာကို အနားကို တိုးလာပြီး နှုတ်ခမ်း နဲ့ နှာခေါင်း ကို လက်မနဲ့သုတ်ပေးသည်..။
"စတော်ဘယ်ရီ ပန်းရောင် ခရင်မ်တွေက နှာခေါင်းပေါ်ရောက်နေတာတောင် လိမ်လိုက်သေးတယ်…"
"ဟဲ..ဟဲ…နည်းနည်း…ခု သွားတိုက်လိုက်ပါမယ်.."
အချစ် ခေါင်းငုံ့ပြီး ကပျာကယာ ရေချိုးခန်းထဲကို ၀င်ပြေးခါ သွားပြန်တိုက်ရတော့သည်..။
.
"ကောင်မလေး…"
"ဟင်.."
"မနက်ဖြန် ဒီက ခရီးသွားရမယ်…နှစ်ရက်လောက် ကြာလိမ့်မယ်…လိမ်လိမ်မာမာနေနော်…မဆိုးနဲ့ ကြားလား.."
"ဟင်.."
အချစ် ကျောပေး အိပ်နေရာက ငုတ်တုတ်ထထိုင်ပြီး လှည့်ကြည့်လိုက်တော့ ဦးဒီက က ပါးအောက်ကို လက်ဝါး ခံပြီး အချစ်ကို ငေးကြည့်နေသည်.။
"ဘယ်သွားမှာလည်း ဦး.."
"ပြင်ဦးလွင်.."
"အချစ်လည်း လိုက်ချင်တယ်…"
"လိုက်လို့မရဘူး..အလုပ်ကိစ္စနဲ့သွားမှာ အန္တရယ်လည်း များတယ်…"
ဦးဒီက က သက်ပြင်းချရင်း မလိုက်ရဘူးလို့ ဖြေတော့ အချစ် ရှေ့ကို တိုး၍ ထထိုင်လိုက်ခါ…
"အိမ်မှာ ဘယ်သူမှ မရှိဘူး…အချစ်ပျင်းလို့ပါ လိုက်ချင်လို့ပါ…"
"ကြီးကြီး တို့ ရှိတယ်လေ..နောက် မှ လိုက်ပို့မယ်နော်…အခုတော့ မဖြစ်ဘူး…အိပ်လိုက်တော့…လိမ်မာတယ်.."
"အချစ်လိုက်ချင်လို့ပါ….ခေါ်ပါနော်…နော်.."
ဦးဒီက ရဲ့ လက်မောင်းကို လက်နဲ့ တွန်းလှုပ်ရင်း ထပ်ပြောလိုက်တော့ အချစ်လက်ကို ထပ်အုပ်ကိုင်ခါ
"ခေါ်လို့ရရင် ခေါ်မှာပေါ့ကွာ…ဘာလို့ ဆိုးချင်နေတာလည်း..ရွှေခဲရယ်..…"
"ဟွင့်…ဦးဒီက လေယာဉ်နဲ့ သွားမှာလား…"
"ကားလည်း ယူသွားရမှာဆိုတော့ ကားနဲ့ပဲ သွားတော့မယ်…"
"ကောင်းတယ်.."
"ဟင်…"
"ဦးဒီက သက်သာတာပေါ့လို့…
"ဟုတ်ပါပြီ…အိပ်တော့လေ…"
"ဟုတ်…"
အချစ် ကျောပေးခါ အိပ်လိုက်ပေမဲ့ ပြင်ဦီးလွင် ခရီးစဉ်က ခေါင်းထဲရောက်လာတော့ အိပ်မပျော် ဖြစ်ရပြန်ပြီ…။
မနက်ပိုင်း သင်တန်းသွားဖို့ ပြင်ဆင်တာရယ်…အသွားအပြန်ကြာတာရယ် ကြောင့် သိပ်မသိသာပေမဲ့ ညနေစောင်းဆို ဦးဒီက ကို သတိရနေပြီ..။
အခုတော့ ညနေပါ နှစ်ရက် မရှိဘူးဆိုရင် ဘယ်သူနဲ့ စကားပြောရမှာလည်း..ပြီးတော့ ပြင်ဦးလွင်ကို သွားရင် လည်စရာတွေမှ အများကြီး…သူတစ်ယောက်တည်း လျှောက်လည်ချင်နေတာ ဦးစိတ်ပုတ်ကြီးလေ…။
အတွေး ပေါင်းစုံ နဲ့ အလုပ်များနေခ်ျိန် အချစ် ကိုယ်ပေါ် စောင်လေး ရောက်လာတော့ ခိုးပြုံးမိသွားသည်..။
ဦးဒီက က အချစ်ကိုတော့ အမြဲ ဂရုစိုက်တက်သည်ပဲလေ….။
.
"ပန်းအချစ်ဦး.."
"ရှင်…"
"ဟူး…သွားပါပြီဟာ…လာပြီ…"
အချစ် အ၀တ် အစားတွေ ထည့်ဖို့ ကြည့်နေတုန်း ခေါ်သံကြားလိုက်ရတော့ ယောင်ပြီး ထူးမိသွားခါ စာဖတ်ခန်းဘက်ကို သွားရတော့သည်..။
"ဘာဖြစ်လို့ အစောကြီး ထမွှေနေတာလည်း…ပြန်အိပ်လေ.."
"ဦးဒီကပဲ ခေါ်ပြီး…"
"အဲဒါ ပြောမလို့ ခေါ်တာလေ…ဘာဖြစ်လို့ ထနေတာလည်း.."
"ဟို..ဟို..ဦးဒီက ကို နှုတ်ဆက်မလို့.."
"အဟွင်း..ဟုတ်ပြီ…နှုတ်ဆက်.."
"တာ့တာနော်…မုန့်တွေ အများကြီး ၀ယ်လာခဲ့နော်…"
"အင်း…၀ယ်ခဲ့မယ်…ပြန်အိပ်နော်…ဒီက မရှိတုန်း လိမ်လိမ်မာမာ နေနော်.."
"ဟုတ်…"
"ရွှေခဲ…အိပ်နော်….ဖုန်းကြည့်မနေနဲ့နော်…"
"ဟုတ်…အချစ် အိပ်ရင် လော့ခ်ချ အိပ်မယ်နော်..ဦးဒီက ယူစရာ ရှိသေးလား.."
ဦးဒီက ခေါင်းရမ်းပြီး ဖြေလိုက်တာနဲ့ အခန်းထဲရောက်တော့ လော့ခ်ချခါ အ၀တ်အစားတွေ မြန်မြန်လဲလိုက်သည်..။
ဦးဒီက က စာရွက်တွေတောင် ယူနေပြီမို့..သွားမတိုက်ပဲ မျက်နှာပြေးသစ်ပြီး ပေါင်ဒါခပ်မြန်မြန်ရိုက်ခါ နောက်တံခါးကို ဖွင့်၍ ဆင်းလာခဲ့မိသည်..။
ခြံတစ်ခုလုံး အလင်းရောင် ခပ်မှိန်မှိန်ပဲ ရှိပေမဲ့ အချစ် စမ်းတဝါးဝါးဖြင့် အိမ်ရှေ့ကို ရောက်အောင် ကွေ့ပတ်ပြေးရသည်..။
"ကားစစ်ပြီးပြီလား ဖိုးကောင်း.."
"ဟုတ်ကဲ့..အကို့ ဝှီးချဲလည်း ထည့်ထားတယ်."
"အင်း..အိမ်တံခါးသွားပိတ်လိုက်ဦး..ကြီးကြီး မနိုးစေနဲ့…နိုးရင် ပြန်အိပ်တော့မှာ မဟုတ်ဘူး.."
"ဟုတ်…"
"ကျစ်…ရွှေခဲမ တကယ်ပြန်အိပ်တယ်…၀ရန်တာ တောင် ထွက်မကြည့်တော့ဘူး …."
အချစ် ကို အပြစ်တင်ရင်း ၀ရန်တာ ကို မော့ကြည့်တော့ ဦးဒီကရဲ့ အကျင့်ကို သိပြီး ရယ်ချင်လို့ လက်ဖြင့် ပါးစပ်ကို အုပ်လိုက်မိသည်..။
ဒီလူကြီး အသက်ကြီးခါမှ အချစ်ထက် ပိုပြီး စိတ်ကူးယဉ်တက်တာပဲ ဟိဟိ…။
"ရပြီလား.."
"ဟုတ်.."
ကိုဖိုးကောင်းက ကားနောက်တံခါးကို ဖွင့်ပြီး ကျောပိုးအိတ် သေးသေး တစ်ခုထည့်ခါ ခြံတံခါး ပြေးဖွင့်ချိန် အချစ််ကားနောက်ထဲပြေးတက်ပြီး လှဲအိပ်နေလိုက်သည်..။
"ခြံတံခါး သော့ကို ပုံးထဲပဲ ထည့်ခဲ့တယ်.."
"အင်း.."
" ကောင်မလေးကို သင်တန်းသွားအပ်တော့ သေချာ မှာခဲ့လား.."
"ဟုတ်ကဲ့..ဒီနေ့ ထက်အောင် ကို လိုက်ပို့ခိုင်းထားပါတယ်.."
"အင်း…ငါ မရှိတုန်း မွှေနေရင်တော့ ဒုက္ခပါပဲ…"
အချစ် နောက်ခန်းမှာ ကွေးကွေးလေး အိပ်နေရင်းက မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခါ နှုတ်ခမ်းလေးပါ ဖြည်းဖြည်း ကိုက်မိသည်..။
စိတ်ချစမ်းပါ…ဦးဒီက ရယ်…ဦးဒီက မရှိတဲ့ နေရာမှာ အချစ် မမွှေပါဘူး..အဟက်..။
"ဒုတ်…"
"ဟာ..တော်သေးတာပေါ့… ကားရှင်းပြန်တော့ ဒီကောင်လေးတွေက တစ်မျိုး..ကျစ်…လူစီဖာ့ကိုတောင် မနှုတ်ဆက်ခဲ့ရဘူး…"
လူစီဖာ ဆိုမှ အချစ် အခန်းထဲ လော့ခ်ချ ခဲ့မိတာ ကို သတိရတော့ မျက်လုံး ပြူးသွားရသည်..။
မတက်နိုင်ဘူး လူစီဖာရေ… ငါတောင် ခေါင်းကွဲပြီလား မသိပါဘူးဟာ..။
အချစ် ခေါင်းထိပ်ကို ဖိပွတ်ရင်း လိုက်လာခဲ့မိတာ မှားပြီလားလို့ နောင်တရချင်လာသည်..။
အချစ် ခြေထောက်ကွေးပြီး မလှုပ်မယှက် အသံမထွက်ပဲ လိုက်လာရတာ အချိန်တွေ အကြာကြီး ကြာတော့မှ ကားက ဖြည်းဖြည်းချင်း ရပ်သွားတော့သည်..။
"အကို ခဏ၀င်နားဦးမလား.."
"ကားပေါ်မှာက ပိုလွတ်လပ်ပါတယ်..မင်း သွားရင် သွားလေ…မုန့်တော့ နည်းနည်း ၀ယ်လာ..ဗိုက်က နည်းနည်း အောင့်လာသလိုပဲ.."
"ဟုတ်ကဲ့…"
ဦးဒီက က မဆင်းတော့ အချစ်လည်း ဆင်းလို့မရတော့ပဲ ကားနောက်ခန်းထဲမှာ အေးလွန်းလို့ ကွေးရင်း ခရုပတ်လို ဖြစ်နေပြီ..။
ကားအောက်ခင်းတွေကလည်း ဘာဖြစ်လို့ ဒီလောက် အေးနေပါလိမ့်…။
အချစ် လက်နဲ့ စမ်းခါ ထိုင်ခုံနောက်ကျောနဲ့ ကပ်နေအောင် ကွေးရင်း ခေါင်းကို အသာထောင်ပြီး ကြည့်မိသည်..။
ဦးဒီက တစ်ယောက် လက်ပိုက်ပြီး ထိုင်နေတာတော့ သိပေမဲ့ ဘယ်ကိုကြည့်နေလည်း မသိလို့ ခေါင်း အသာ ပြန်ငုံ့နေရသည်…။
"အကို့ အတွက် ကော်ဖီ နဲ့ ကိတ်ပဲ ၀ယ်ခဲ့တယ်.."
"အင်း.."
"ဟက်ဂျီး.."
"ဟင်.."
"ဟာ…"
"ဟက်..အွတ်.."
အချစ် အချိန်မှီ လက်အုပ်လိုက်ပေမဲ့ နှာချေသံ ဆက်တိုက် ဖြစ်သွားတော့ လက်မမှီတော့ပါ…။
"ပန်းအချစ်ဦး….ဟာ….ဖိုးကောင်း နောက်တံခါး သွားဖွင့်ပေးဦး.."
"ဗျာ…ဟုတ်.."
ဦးဒီက ထပြီး ငုံ့ကြည့်မှန်းသိလို့ အချစ် ခေါင်းထောင်မကြည့်ပေမဲ့ လူမိသွားတော့ စိတ်ညစ်ရသည်..။
အခုချိန်က စပြီး ပန်းအချစ်ဦးတို့ နားပူခံရပါတော့မည်လေ…။
"ဆင်း… ပန်းအချစ်ဦး.."
"ဟုတ်.."
ကားတံခါး ဖွင့်ပေးပေမဲ့ အချစ် မ၀င်ရဲသေးလို့ ရပ်နေချိန် ဦးဒီက က တံခါးအနားကို ရွေ့လာခါ…
"ကျစ်….လာမြန်မြန်.."
အချစ် တွန့်ဆုတ်နေလို့ လက်ကို ဆောင့်ဆွဲခေါ်တော့ ကားထဲရောက်ပြီး ဦးဒီက ရင်ဘတ်ပေါ်ကို ဟက်ထိုးလဲကျသွားသည်..။
"ဖိုးကောင်း မောင်း.."
"ဟုတ်.."
"ဟက်…ဟက်ချူး.."
"ကျစ်..အေးစက်နေပြီကွာ…နေကောင်းခါစကို မင်း အရမ်းဆိုးတာပဲ ပန်းအချစ်ဦးရယ်.."
အချစ် လက်မောင်းကို ကိုင်ပြီး ဆွဲထူရင်း ပြောတော့ စိတ်ထဲ ၀မ်းနည်းသလိုလို ငိုချင်သလိုလို ဖြစ်သွားရသည်..။
အချစ် ထင်မိတာ ဦးဒီက အချစ်လိုက်လာလို့ စိတ်ဆိုးပြီး ဆူမယ် ပြောမယ် ထင်ခဲ့တာ အခု တော့ အချစ် နဖူး ကို စမ်းလိုက် လည်ပင်းစမ်းလိုက်ဖြင့် အလုပ်ရှုပ်နေသည်..။
"ဟက်..ချိုး.."
"ဖိုးကောင်းရေ…အဲကွန်းပိတ်လိုက်တော့.."
"ဟုတ်ကဲ့…"
အချစ် လက်ကို ပွတ်သပ်ပေးရင်း ရင်ခွင်ထဲ ထည့်ပြီး ဖက်လိုက်တော့ မျက်လုံး ပြူးသွားရသည်..။
"နေဦး.."
ဦးဒီက သူ၀တ်ထားတဲ့ အနွေးထည်ကို ချွတ်ပြီး အချစ် ကိုယ်ပေါ်ကို လွှမ်းခြုံပေးခါ လက်ယူပြီး ထိုး၀တ်ပေးသည်..။
"ရ.."
"စကားမများနဲ့….ဟင်း…တော်တော်ဆိုးတဲ့ ကောင်မလေး…သုံးနာရီလောက်တောင် ဒုက္ခခံနေတာပဲ…ဘယ်အချိန်ကတည်းက ဘယ်လို ၀င်နေလိုက်တာလည်းဟင်.."
အချစ်ကို အနွေးထည် ၀တ်ပေးရင်း သူ့ဟာသူ မေးခွန်းတွေ များပြီး မျက်နှာ ရှုံ့မဲ့ နေတဲ့ ဦးဒီက ကို ကြည့်ခါ အချစ် ရယ်ချင်မိပြန်သည်..။
ကိုဖိုးကောင်းကလည်း ကားမှန်က ကြည့်ပြီး အချစ်ကြောင့် ဦးဒီက စိတ်ညစ်နေတာကို တွေ့တော့ ကြိတ်ရယ်နေသည်..။
"ချမ်းနေပြီလား.."
"ဟင့်အင်း.."
"အင်္ကျီလက်တိုလေးနဲ့ လိုက်လာတာပဲ….ဘာဖြစ်လို့ စကားနားမထောင်တာလည်း..ဟမ်…"
"ဦးဒီက အနားမှာ မရှိရင် အချစ် ပျင်းလို့ပါဆို.."
"ပျင်းစရာ….ဟူး…ထားလိုက်တော့…ပြောလည်း မထူးတော့ပါဘူး…တစ်ချိန်လုံး အဲလို လိုက်လာတာလား.."
"အင်း…တစ်ကိုယ်လုံး ညောင်းနေပြီ့…"
"ပြောပါတော့လား မိရွှေခဲရယ်…မင်း ဒါမျိုးကျတော့ ဘာလို့ ဒီနှုတ်သီးကို ပိတ်ထားလည်း.."
အချစ် နှုတ်ခမ်းကို လက်ညိုးနဲ့ ထိုးတွန်းရင်း ပြောတော့ ခေါင်းစောင်းရှောင်ပစ်လိုက်ပြီး ဆံပင်တွေထဲ လက်နှိက်ကုတ်ခါ…
"အစကတော့ အိမ်ပြန်ပို့မှာ စိုးလို့ မပြောတာပါ…နည်းနည်းကြာလာတော့ ဦးဒီက စိတ်ဆိုးမှာ ဆိုးလို့ မပြောရဲတော့တာလေ…"
"…မင်းက တကယ့်ကလေးဆိုး.."
"ချမ်းလို့ပါဆို…ခုမဆူနဲ့…ခေါင်းတောင် ကိုက်လာပြီ.."
အချစ် ဘုစပ်စပ် ပြောပြီး ခါးကို ကိုင်ခါ ရင်ဘတ်ကို ခေါင်းနဲ့ တိုက်လိုက်တော့မှ ခေါင်းကို သပ်ပေးရင်း..
"ပြန်ဖျားရင်တော့ ဒုက္ခပါပဲကွာ.."
"မဖျားပါဘူး ဦးဒီက ရဲ့…အချစ်က ကြမ်းပြီး မာပါတယ်…"
"ဟုတ်ပါပြီ…ငြိမ်ငြိမ်နေ…"
"အကို နောက်အောက်ခင်းမှာ ဂွမ်းစောင်အပါးပါတယ်…ထုတ်လိုက်ရမလား.."
"ယူမလား…"
"ဟင့်အင်း..ခုပူလာပါပြီ…"
အချစ် ကို ဆူဖို့ ပါးစပ်ပြင်နေချိန် လိုအပ်တာတွေ များလာရင် တကယ်ဆူတော့မယ် ဆိုတာ သိနေသည်..။
အချစ် ခေါင်းစောင်း၍ ဦးဒီက ရင်ဘတ်ထဲ ပိုတိုး၀င်ပြီး ငြင်းဆန်လိုက်တော့မှ သက်ပြင်းချပြီး ပြန်ပွေ့ပေးထားသည်..။ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ချစ်သလို မချစ်သလို ပါပဲ 😍စပိုက်ကာတို့
ရှည်ပါတယ်ရှင်…စာရေးသလောက် အရပ်ရှည်လာရင် တော်တော် ကောင်းမယ်…😂
ထုံးစံအတိုင်း သုံးပိုင်းစာ ဖြစ်သွားပြန်ပဟ😁
စာရှည်ကြီး ဖြစ်သွားတာ ဆောရီးပါ နော်
စာရှည်ရင် တစ်ချို့ တွေ ဖတ်မရမှာ သိပါတယ် 🙏
အချိန်ရရင် ပုံပြောင်းတင်ပေးပါမယ်နော်
စာဖတ်ရတာ အခက်အခဲ ဖြစ်သွားရင် ဆောရီးပါနော် 🙏.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...