မုန်းပါနဲ့ဦး
အပိုင်း (၇)
#မုန်းပါနဲ့ဦး"ဟင်.."
လေးကန်နေတဲ့ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ တဲ ထဲမှာ မဟုတ်သလို အဖြူရောင် မျက်နှာကျက်နဲ့ အတူ အပြာရောင် လိုက်ကာတွေ ဖြစ်သည်..။
"ဟယ်..ဆရာ သတိရလာပြီလား…"
"တော်ပါသေးရဲ့..ဆရာရယ်.."
"ဆေးရုံလား.."
"ဟုတ်တယ်ဆရာ….ဆရာ ရေသောက်မလား…"
"အင်း…"
မျိုးချစ် ခေါင်း အနည်းငယ် လှုပ်ပြလိုက်တော့ ယမင်း က ရေဘူးကို ငှဲ့ထည့်ပြီး လှမ်းပေးခါ ကျော်ကျော်က တွဲထူပေးသည်..။
"ဆရာ သတိရရင် ဆရာ၀န် သွားခေါ်ရမယ်…"
"အမေ ဖုန်းဆက် သေးလား.."
"မသိဘူးဆရာ…ကျွန်တော်တို့ ဒီကို ရောက်နေတာ တစ်ပတ် ရှိပြီ.."
"ဟမ်..တစ်ပတ်လုံး ငါ သတိလစ်နေတာလား.."
"မဟုတ်ပါဘူး…ညပိုင်းတွေတော့ အဖျားတက်ပြီး အိပ်ပျော်သွားတယ်…မိုးလင်းတော့လည်း အိပ်လိုက် နိုးလိုက်ပါပဲ ဆရာ…"
"ငါ ဘာလို့ မမှတ်မိတာပါလိမ့်.."
"အဖျားကြီးလို့ပါ ဆရာ…ခဏ.."
ကျော်ကျော်က လိုက်ကာ မခါ ပြေးထွက်သွားတော့ အနားက ယမင်း ကို မော့ကြည့်မိတာ မျက်ရည်တွေ စိုနေပြီ..။
"ယမင်း."
"ရှင် ဆရာ.."
"ငါ့ကို တစ်ခု ကူညီပါ…အခု ငါပြောတဲ့ ဖုန်းနံပါတ်ကို ခေါ်ပြီး အမေ့ကို အကျိုးအကြောင်း ပြောပြလိုက်ပါ စိတ်ပူနေမှာဆိုးလို့.."
"ဟုတ်ကဲ့…ပြောပါ ဆရာ.."
ယမင်း က လိုက်မှတ်နေချိန် မျိုးချစ် ဖုန်းနံပါတ်နဲ့ တကွ ပြောရမဲ့ စကားတွေကိုပါ သေချာ မှာလွှတ်လိုက်သည်..။
ဆရာ၀န်ရောက်လာပြီး မျိုးချစ်ကို စစ်ဆေးခါ တစ်ပတ်လောက် ထပ်နေဖို့ အကြံပြုသည်.။
ကျော်ကျော် က အနားမှာ ပျာနေပေမဲ့ မျိုးချစ်ကတော့ ယမင်း ပြန်အလာကိုသာ စောင့်နေမိသည်..။
"ရခဲ့လား..ယမင်း."
"ဟုတ်…ဟုတ်ကဲ့..ဆရာ.."
"ဘာပြောလည်း.."
"ဟို…ဆရာ့ အမေ လာပြောပါတယ်..ဆေးရုံ နေရာမေးလို့ ယမင်း ပြောပြလိုက်ပါတယ်…သူ လိုက်လာမယ်တဲ့…"
"ဟင်..အမေလိုက်လာတော့ သားလေးနဲ့ မလှမေက..ဘယ်လိုဖြစ်မလည်း…အိုး..လိုက်လာလို့ မဖြစ်ဘူးလေ.."
"ဆရာ့မိန်းမ ဆုံးပြီ ဆရာ.."
"ဟေ.."
"ဆုံးသွားတာ တစ်ပတ်ရှိပြီတဲ့…."
"အိုး.."
မျိုးချစ် ဖျတ်ခနဲ့ မျက်လုံးပြန်မှိတ်လိုက်ချိန် သားလေးရဲ့ ငိုနေတဲ့ ပုံရိပ်ကလေးတွေ လှုပ်ရှား မြင်ယောင်လာသည်..။
သားရယ်…အမေမရှိတဲ့ အချိန် အဖေကလည်း အဝေးမှာ…သနားလိုက်တာကွာ…။
.
"အမေ ပြန်ပါ .."
ရောက်နေတာ တစ်ပတ်ကျော်လာပြီမို့ အမေ့ကို အတင်း ပြန်လွှတ်နေမိတာ အမေကလည်း မျိုးချစ်ကို စိတ်မချပါ…။
"ရန်ကုန်ပြန်လိုက်ခဲ့ပါ သားရယ်.."
"မလိုက်ပါရစေနဲ့ အမေရယ်…သားရဲ့ ငိုသံကြားရင် သေရလိမ့်မယ်…သားလေးကို သနားတယ်.."
အမေ က ကုတင်ခြေရင်းမှာ ထိုင်ရင်း သက်ပြင်းချခါ ခေါင်းရမ်းနေတော့ မျိုးချစ်လည်း စိတ်မကောင်း ဖြစ်ရပါသည်..။
"ဟင်း..တောထဲ တောင်ထဲတော့ ပြန်မသွားပါနဲ့ သားရယ်…"
"ရွာထဲမှာ အိမ်တစ်လုံးပေးထားပါတယ်…သစ်စက်ကို အလုပ်လည်း ပြောင်းလိုက်ပါပြီ အမေ.."
"ဟင်း..ဒီကောင်လေးကလေ ငယ်ငယ်ကတည်းက ဒီလိုပဲ…သမီးတို့ကိုပဲ အပ်ခဲ့ရမယ်…အမေ့သားကို စောင့်ရှောက်ပေးပါကွယ်.."
"ဟုတ်ကဲ့…စိတ်ချပါ ဒေါ်ဒေါ်…"
ကျော်ကျော်တို့ အမေ့ကို လိုက်ပို့တော့ မျိုးချစ် နဲ့ ယမင်း ပဲ ဆေးရုံမှာ ကျန်ခဲ့တော့သည်..။
အမေကလည်း အိမ်မှာ နာရေးဖြစ်ထားတာ မကြာသေးတော့ မျိုးချစ် သက်သာပြီး စိတ်ချရတာနဲ့ မြေးဇောဖြင့် ပြန်ချင်နေပြီ..။
မျိုးချစ်လည်း ပြန်လိုက်သွားချင်ပေမဲ့ မိတဆိုး သားလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလည်း မသိပါ..။
အခုတော့ ဝေနဲ့ အကိုကြီးကို တော်တော် ခင်နေပြီမို့ အမေ့ကိုတောင် သိပ်မကပ်တော့ဘူးတဲ့လေ…။
ကောင်းပါတယ်လေ…မျိုးချစ်လို တာ၀န်မကျေနိုင်တဲ့ အဖေထက်စာရင် အဖိုးအဖွား ဦးဦးဒေါ်ဒေါ်တွေက ပိုကောင်းပါသည်..။
"ဆရာ…ရွာထဲက အိမ်ကိုပဲ ပြန်မှာလား.."
"အင်း.."
ယမင်းရဲ့ အမေးစကားကြောင့် မျိုးချစ် အတွေးတွေ ပျောက်ခါ ခေါင်းညိတ်ပြလိုက်ရသည်။
ကုတင်ဘေးက ပစ္စည်းတွေကို တစ်ခုချင်း ကောက်သိမ်းရင်း သက်ပြင်းချည်းချနေတော့ မနေနိုင်ပြန်..။
ကိုယ်ဆေးရုံတက်နေရတဲ့ တစ်လျှောက် သူတို့ မိသားစုပဲ အနီးကပ် ပြုစုနေရတာမို့ တာ၀န်တွေပိုနေတာ သိသည်..။
"ဘာဖြစ်လို့လည်း ယမင်း..ပင်ပန်းနေပြီလား.."
"မပင်ပန်းပါဘူး…ဆရာရယ်…ဒါပေမဲ့ စိတ်မကောင်းလို့ပါ.."
"ဘာဖြစ်လို့ စိတ်မကောင်းတာလည်း.."
"ဟင်း..ဆရာက ရွာထဲ ပြောင်းနေပြီး အလုပ်လည်း ပြောင်းသွားတော့ ယမင်းတို့နဲ့ ဝေးပြီပေါ့.."
"သြော်…ဒါလား..ကောင်းတာပေါ့ကွာ…တစ်မိသားစုလုံး အလုပ်သက်သာတာပေါ့.."
"ဆရာကတော့ ဒီလို တွေးမှာပေါ့…ယမင်းတို့ကတော့ ဆရာနဲ့ မတွေ့ရတော့မှာ စိတ်မကောင်းဘူး.."
"ဒုက္ခခံချင်သေးရင်တော့ ပြောင်းခဲ့ပေါ့…သစ်စက်မှာ ဦးလေးတို့ကို အလုပ်ပေးမယ်လေ.."
"ဆရာ တကယ်ပြောတာလား.."
"အင်း.."
"ကျေးဇူးတင်ပါတယ် ဆရာ.."
ပစ္စည်းတွေကို တက်ကြွစွာ သိမ်းဆည်းနေတဲ့ ယမင်း ကို ငေးကြည့်နေချိန် အိမ်မက်ကို သတိရတော့ မလုံမလဲ ဖြစ်မိပြန်သည်..။
.
"ဆရာ…ညနေ ရေမချိုးနဲ့နော်.."
"အေးပါဟာ…လျှာရှည်လိုက်တဲ့ ဒေါ်ယမင်းရယ်.."
"ဟိ..ဆရာကလည်း စိတ်ပူလို့ပါ…"
မျိုးချစ်ကို လျှာလေး ပြူထစ်ထစ် ထုတ်ပြီး တုန့်ပြန် ခါ အိမ်ပေါ်က အ၀တ်တွေယူပြီး ဆင်းသွားတော့ စာရင်းစာအုပ်ကနေ အကြည့်တစ်ချက် ပင့်ကြည့်မိသည်..။
တင်ပါးအောက်အနားထိ ဝဲနေတဲ့ ဆံပင်ရှည်တွေနဲ့ အတူ ယမင်းက တစ်နေ့တခြား ထုဆစ်ထားတဲ့ ယမင်းရုပ်ကလေးလို လှသွေးကြွယ်လာသည်..။
ငယ်ရွယ်သူမို့ သွက်လက်သလို မျိုးချစ်ကို စေတနာနဲ့ သံယောဇဉ် ပိုတာလည်း သိထားတော့ တစ်ခါ တလေ စိတ်ထဲ တစ်မျိုးတွေးထင်မိသည်..။
"ဆရာ.."
"ဟော..လာပြန်ပြီ…"
မျိုးချစ် သစ်စက်ထဲရောက်တော့လည်း ရေနွေးဓာတ်ဘူး ကိုင်ပြီး နောက်ကလိုက်လာတော့ အလုပ်သမား အသစ်နှစ်ယောက်က ပြုံးစေ့စေ့ ဖြစ်နေပြီ..။
တော်တော်လေးကို အရိပ်အကဲ နားမလည်တဲ့ယမင်းပါလားနော်…။
"ဘာတုန်း.."
"ဟို..ဆရာ့ အတွက် ရေကျက်အေး ယူလာပေးတာပါ.."
"ထားခဲ့.."
"ဟုတ်ကဲ့.."
လေသံမာမာ နဲ့ ပြောလိုက်တော့ မျက်နှာငယ်လေးဖြင့် ခပ်သွက်သွက် ပြန်ထွက်သွားတာကိုငေးရင်း စိတ်မကောင်း ဖြစ်ရပြန်သည်..။
"ဘယ်သူလေးလည်း..မျိုးချစ်.."
"ကျော်ကျော့် ညီမလေ.."
"ချစ်စရာလေး…ကိုယ်ခန္ဓာ အလှလေးကလည်း ရင်ဖိုချင်စရာပဲ…"
"မင်းကလည်း တစ်မျိုး.."
"ဟာကွာ…မြင်တာပြောတာပဲကွ…"
အင်ဂျင်နီယာ အရာရှိ ပေါက်စ မျိုးချစ် သူငယ်ချင်း ဟန်လင်းက ပြောတော့ ဘာမှလည်း မတုန့်ပြန်မိတော့ပါဘူး…။
ထိုနေ့မှ စလို့ ဟန်လင်း တစ်ယောက် အကြောင်းပြချက် အမျိုးမျိုးဖြင့် ခဏခဏ ကို လာနေတာ သစ်စက် ရှေ့မှာလည်း ဂျစ်ကားဘီးရာတွေ ထပ်လာပြီ..။
ယမင်းတို့ အိမ်လေးနဲ့ မျိုးချစ် အိမ်က သိပ်မကွာတော့ ဟန်လင်း တစ်ယောက် တော်တော်ကို အိမ်လည်ချင်နေတာ သဘောပေါက်ပါသည်..။
"ဟယ်တော့…ဧည့်သည်ရောက်နေပြီ.."
"ဟဲ…ဟဲ..ဟုတ်တယ် ယမင်းရဲ့.."
ယမင်းရဲ့ အံသြစကားကို ဟန်လင်းက ရယ်ကြဲကြဲ ဖြင့် အဖြေပေးတော့ မျိုးချစ် ကြိတ်ပြုံးမိသည်..။
"ယမင်း စျေးကပြန်တာလား.."
"ဟုတ်ကဲ့…ဆရာ စားဖို့ မုန့်လေပွေ ရလို့ ၀ယ်လာတယ် ဆရာ.."
"အတော်ပဲ ကိုယ်လည်း သိပ်ကြိုက်တာ မစားရတာကြာပေါ့…"
"အိုး..ဦးဦးဖျားဖျား နှိုက်စားစရာလား.."
"ဟောဗျာ.."
ယမင်းက ကလေးဆန်စွာ မုန့်ကို ဆွဲလုလိုက်တော့ ဟန်လင်းလည်း လက်တွေက ရပ်တန့်ပြီး ပြူးကြောင်ကြောင် ဖြစ်သွားသည်..။
"ယမင်း…ဧည့်သည်ကို.."
"ဆရာ စားဖို့.."
"ဧည့်သည်ကို သေချာ ထည့်ကျွေးလိုက်…ငါ အဲလို သရေစာ မကြိုက်ဘူး.."
"ဟုတ်ကဲ့…"
မျိုးချစ် ရှောင်ထွက်လာခဲ့ပြီး သစ်စက်ဘက်မှာ အလုပ်မရှိပဲ ယောင်လည်လည် လုပ်နေလိုက်သည်..။
စိတ်ထဲမှာ တစ်မျိုးခံစားရပေမဲ့ ယမင်းရုပ်ကလေးနဲ့ တူတဲ့ မိန်းကလေးကို တစ်ခုလပ် မုဆိုးဖိုထက် စာရင် ဟန်လင်း က ပိုပြီး ထိုက်ထန်ပါသည်လေ….။
"ဟ…ယမင်း စောလှချည်လား.."
"စောတယ်..ဆရာရဲ့…ဆရာ ဧည့်သည်နဲ့ မတွေ့ချင်လို့.."
"ဟေ…ဟန်လင်းကို ပြောတာလား.."
"ဟုတ်တယ်…မုန်းဖို့ကောင်းတယ်…"
"ဟန်လင်းက ဘာလုပ်လို့လည်း.."
"…ရည်းစားစကားလည်း ပြောတယ်…စာလည်း ပေးတယ်…အမေတို့အိမ်ကိုလည်း လိုက်လာသေးတယ်…မုန်းဖို့ကောင်းတယ်…"
"အင်း….သူက တကယ်မေတ္တာ ရှိနေလို့ပါ…ညည်းကော…"
"အို..နည်းနည်းမှ မရှိဘူး.."
"ကျစ်…အခုလို ကားပိုင် အိမ်ပိုင် လူပျို လူလွတ် အရာရှိ တစ်ယောက်ကို ခါးခါးသီးသီး ဖြစ်နေရအောင် နင့်မှာ ရည်းစားရှိနေလို့လား.."
မျိုးချစ် မေးခွန်းတွေ ပိုပိုသာသာ ဖြည့်ပြီး မေးလိုက်တော့ လက်ဖက်ရည်ချိုင့်ကို ဆေးနေရင်းက မျက်ရည်ပြည့်အိုင်နေတဲ့ မျက်၀န်းလေးဖြင့် ခပ်စူးစူးလေး လှည့် ကြည့်သည်…။
ဘာကိုဆိုလိုတယ် သဘောပေါက်ပေမဲ့ မျိုးချစ် မသိချင်ယောင်ဆောင် မျက်နှာလွဲလိုက်ပြီး ရေးစရာ မရှိပဲ စာရင်းစာအုပ်ကို ကောက်ကိုင်လိုက်မိသည်..။
"ယမင်း..ပြန်မယ် ဆရာ.."
"အင်း.."
အရင်လို သွက်လက် တက်ကြွမှု မရှိပဲ အသံတိုးတိုးဖြင့် ပြောပြီး ပြန်သွားတော့ မျိုးချစ်မှာ စိတ်မကောင်းဖြစ်ခါ ကျန်ခဲ့ရသည်..။
.
"ကိုမျိုးချစ်ရေ…ဧည့်သည်ဗျို့…"
ဂျစ်ကားသံနဲ့ အတူ ဧည့်သည်ပါလို့ အော်သံကြားလိုက်တော့ မျိုးချစ် သစ်စက်နောက်ဘက်ကနေ ထွက်လာခဲ့ရသည်..။
အခုတလော…ဘယ်ဧည့်သည်မှ လာစရာမရှိပါဘူး....ဟန်လင်း ကလည်း အလုပ်ကိစ္စကြောင့် ရန်ကုန်ပြန်ရောက်နေပါပြီ…။
ဘာက ဧည့်သည်ပါလိမ့်…။
"ဟင်…အမေ….အဖေ…"
ကားပေါ်က ဆင်းလာတဲ့ အမေ နဲ့ အဖေ ကို တွေ့တော့ မျိုးချစ် ၀မ်းသာအားရဖြင့် ကားအနားကို ပြေးသွားမိသည်..။
"ဟာ..သား…သားလား..အဖေ.."
အဖေလက်ထဲမှာ ချီထားတဲ့ ပြည့်ဖောင်းဖောင်း သားလေးက ဂျင်းအနွေးထည်လေး ၀တ်ထားပြီး စတိုင်လ်ဘောင်းဘီရှည်လေးနဲ့ ရှုးဖိနပ် အနီလေး၀တ်ပေးထားသည်..။
"ကဲ ဆင်းဦးကွာ.."
အဖေက ပြောလိုက်ပြီး မြေပေါ်ချပေးလိုက်တော့ သူ့ဟာသူ မတ်တက်ရပ်နိုင်နေပါပြီ…။
"အမေ ပင်ပန်းနေပြီပေါ့.."
အမေက ကားအနားမှာ ရှုဆေးဘူးဖြင့် ခဏနားနေတော့ မျိုးချစ် ပျာပျာသလဲ ဖြစ်သွားသည်..။
"ဂိတ်က လာဖို့ ကားကြုံ မရလို့ပါ သားရယ်..ဒီကားပိုင်ရှင်က သားနဲ့ သိတယ် ဆိုပြီး သူ့ ဒရိုင်ဘာနဲ့ အတင်းထည့်ပေးလိုက်တာ.."
"သြော်…ဟန်လင်းကိုး..လာ အမေ အိမ်ပေါ်မှာ နားရအောင်.."
သားလေးကို ဆီးကြိုပြေးပွေ့ချီချင်ပေမဲ့ မျက်နှာစိမ်းနေလို့ နောက်တွန့်သွားတော့ အဖေက ကောက်ချီပြီး ခေါ်လာသည်..။
"ယမင်းရေ…"
"ရှင်…"
"ခဏလာပါဦးကွာ.."
"ဟုတ်.."
ယမင်းက မျိုးချစ် ခေါ်သံကြားတာနဲ့ ခုံဖိနပ်သံ တခွပ်ခွပ်ဖြင့် အိမ်နောက်ပေါက်ကနေ တက်လာသည်..။
"ဟယ်..ဒေါ်ဒေါ်ရောက်နေတယ်.."
"အေးကွာ…ခရီးပန်းလာလို့…သံပုရာရည်လေး လုပ်ပေးစမ်းပါ.."
"ဟုတ်ကဲ့..ဆရာ.."
မီးဖိုဆောင် ရေကပျဉ်ဘက်ကို ချက်ချင်းရောက်သွားပြီး လိုအပ်တာ လုပ်နေတော့ အမေ က ခပ်ပြုံးပြုံးဖြင့် လိုက်ကြည့်နေသည်..။
"သားလေး…"
"ဖီကြိ..ဖီကြိ…အဟင့်.."
အဖေ့အနားမှာ ရပ်ပြီး လိုက်စပ်စုနေရင်းက မျိုးချစ် ခေါ်လိုက်တော့ စကားမပီစွာ ပြောရင်း အဖေ့ကိုယ်ပေါ်ကို ကုန်းတက်သည်..။
"မင်း သားက မင်းကိုသာ မသိတာ တလောက လုံးကို သိတယ်ကွ…မိဝေက အိမ်မှာ အင်္ဂလိပ်လို သင်ပြောပေးတော့…မီမီလို့ဒေါ်တယ်…မင်းအကိုကို ဒယ်ဒယ်တဲ့..ငါ့ကို ဖေကြီး တဲ့…သား…ဟိုဟာ ဘယ်သူလည်း.."
အဖေက ဘေးမှာ ထိုင်နေတဲ့ အမေ့ကို လက်ညိုးထိုးပြတော့ ချစ်စရာ ပါးခွက်ကလေး ပေါ်အောင် ပြုံးပြ၍
"မေကြိ.."
လို့ခေါ်ခါ လက်ကလေးကို လှုပ်ရမ်းပြသည်..။
"သားကလည်း အိမ်မှ ပြန်မလာပဲကိုး..ခြောက်လလောက် ရှိနေပြီ…အကြောင်းသိရအောင် အမေတို့ သတိရလို့ ထွက်လာခဲ့လိုက်တာလေ…ကလေးကိုလည်း သားတွေ့ရအောင် ခေါ်လာတာ…ဝေ၀ ကတော့ စိတ်ပူနေရှာတယ်.."
"သားလည်း ပြန်လာမလို့ပါပဲ…ဒါပေမဲ့…အားလုံးကို မျက်နှာပူတယ်..အထူးသဖြင့် ဝေ၀တို့ကိုလေ…"
"ဟယ်…မဟုတ်တာ….သားလည်း နေမကောင်းလို့ဆိုတာ အမေ သေချာ ပြောပြထားပါတယ်…ကြာခဲ့ပါပြီကော သားရယ်…"
"ကဲပါကွာ..ခုရောက်ပြီပဲ…ဟေ့ကောင်..မင်းကိုယ်က သစ်မှုန့်တွေ သွားဆေးချေ…တို့ကလေး အမှုန့်အမွှားတွေ ကပ်ကုန်မယ်.."
"ဟဲ..ဟဲ..ဟုတ်ကဲ့ပါ မြို့သားလေးရဲ့ ဖေကြိရယ်…"
သားက တစ်ချိန်လုံး အဖေ နဲ့ အမေ့ကိုချည်း ကပ်နေတော့ အဖေတို့ ခမျာ ထမင်းစားတာတောင် လက်ဆုံစားခွင့်မရပဲ တစ်ယောက် တစ်လှည့်ကလေး ထိန်းနေရသည့် အဖြစ်..။
မျိုးချစ်လည်း ချီချင်ပေမဲ့ သားက လက်မခံပဲ အော်ငိုတော့ အဖေကလည်း ကလေးလန့်သွားမှာ စိုးလို့ အတင်း မချီဖို့ တားတော့သည်..။
"ဟယ်…သားလေး..လာပါဦး…"
ယမင်းက အပြုံးနဲ့ နှုတ်ဆက်ပြီး လက်လှမ်းတော့ သားလေးက ယမင်းဆီကို လိုက်သည်..။
ကလေးကို ချီပြီး အိမ်အောက် ဆင်းသွားခါ ပတ်၀န်းကျင်ကို ဟိုပြ ဒီပြ လုပ်တော့ သားလည်း မေ့ပြီး တခစ်ခစ် ရယ်တော့သည်..။
"ကောင်မလေး က ဘယ်သူလည်း.."
"သြော်…နောက်အိမ်ကပါ အဖေ…သူ့အဖေက နဲ့ အကိုက သစ်စက်မှာ လုပ်နေတယ်…"
"အင်း..ရည်ရည်မွန်မွန်လေးပဲ.."
"ကျွန်မ မပြောဘူးလား.."
အဖေ့ရဲ့ စကားကို အမေက ထောက်ခံလိုက်တော့ မျိုးချစ် ကြောင်အမ်းအမ်းဖြင့် လိုက်ကြည့်နေမိသည်..။
"အဖေ ထမင်းစားလိုက်ပါ.."
မျိုးချစ် လက်ဆေးရေ ပြေးယူပေးပြီး ထမင်း ပန်းကန် ချပေးတော့လည်း အဖေက ခပ်ပြုံးပြုံးဖြင့်ပင် အမေ့ကို လက်တို့ပြန်သည်..။
"အဖေတို့ကလည်း…ဘာဖြစ်လို့လည်း…သားနေရတာ အနေဆင်းရဲလို့ လက်ကုတ် လှောင်နေတာလား.."
"မဟုတ်ပါဘူးကွာ..သား အမေ ပြောတုန်းက အဖေ သိပ်လက်မခံချင်လို့ပါ…"
"ဘာကိုလည်း…"
"နောက်တော့ သိရမှာပေါ့ကွာ.."
"အဖေက လုပ်ပြီ.."
"ဟား..ဟား…"
အဖေနဲ့ အမေ က ပြုံးစေ့စေ့ ဖြင့် ထမင်း စားလိုက် ဟင်းချိုသောက်လိုက်လုပ်နေတော့ မျိုးချစ်လည်း ကြည်နူးစွာ ငေးကြည့်နေမိသည်..။
ကိုယ်သတိရ လွမ်းဆွတ်နေတဲ့ သူတွေ အခုလို အိမ်ထိရောက်ချလာတာ ကံကောင်းခြင်းပင်…။
"ဒေါ်ဒေါ်ရေ…သားကို ဘာကျွေးမှာလည်း ဟင်.."
"သြော်..အေး..သမီး..အမေ့ အိတ်ထဲမှာ နို့မှုန့်နဲ့ ဆန်မှုန့်ပါတယ်…ရေနွေးလေး နဲ့ ဖျော်ကျွေးရမှာလေ.."
"ဟုတ်ကဲ့.."
အမေ က သားစားဖို့ ပြင်ဆင်နေချိန် ယမင်းကလည်း အနားမှာ ကူပေးနေတော့ အဖေက သားကို ပွေ့ချီထားရသည်..။
"သားလေး.."
မျိုးချစ် အဖေ့ အနားမှာ ဒူးတုတ်ထိုင်လိုက်ပြီး သားကို ပြုံးပြခါ ခေါ်တော့ ကျောခိုင်းလိုက်ပြီး မဲ့နေပြန်သည်..။
မိခင်မဲ့ သွားတဲ့ နေရာမှာဖခင်ရင်ခွင်အစားထိုးမပေးနိုင်လို့ မုန်းသွားပြီလား သားရယ်…။
အဖေ မရှိပေမဲ့ သားမှာ အဖေ နှစ်ယောက် အမေ နှစ်ယောက်နဲ့ အားလုံးက ဝိုင်းချစ်နေကြတာ အဖေ သိပါတယ်ကွာ…။
သား ငယ်ငယ်က ခြူလုံးလေး နဲ့ ဆော့တာ သတိရတော့ မျိုးချစ် သစ်စက်ဘက်ကို လျှောက်သွားပြီး ပန်းပုထုတဲ့ အခန်းဘက်ကို ရောက်လာရသည်..။
"ဘာရှာတာလည်း ဆရာ.."
"ကလေး ဆော့ဖို့ကွာ..တစ်ခုခု ရှိမလားလို့.."
"သြော်..ခဏ..ဆရာ.."
ကောင်လေး နှစ်ယောက်က နောက်ဖက် သစ်သားတွေကြား လိုက်ရှာပြီး အလှကားရုပ်ကလေးနဲ့ သဘောင်္လေးကို ထုတ်ယူလာသည်..။
"အင်း…အသံမြည်တာဆို ပိုကောင်းမယ်.."
"အင့်..ခေါင်းလောင်းလေး တပ်ပေးလိုက်.."
တချွင်ချွင် မြည်နေတဲ့ ကားရုပ်ကလေးကို ကိုင်ပြီး တက်လာတော့ သားက ကလေးပီပီ မျက်လုံး ဝိုင်းလေးဖြင့် လိုက်စပ်စုခါ ကြည့်နေသည်…။
"ကဲ..ရော့…"
"ကားလေးလေ…သားရဲ့..အသံလည်း မြည်တယ်လေ…"
"ဟား…ဟား…မိန်းမရေ..မင်း သားရဲ့ ကစားစရာကို ကြည့်ပါဦးကွာ…မျိုးချစ်ရာ..မင်း သားက အိမ်မှာ အသံမြည်တဲ့ သေနတ်တွေ သံပတ်ကားတွေ နဲ့ ဆော့နေတာကွ…"
ဟင်း..ဟုတ်သားပဲ…အကိုကြီးတို့က သည်းသည်းလှုပ် အလိုလိုက်ထားတာ ဆိုတော့ သားမှာ အစစအရာရာ ပြည့်စုံနေမှာပါလေ…။
"အေးပါကွာ…မယူနဲ့.."
မျိုးချစ် ကားလေးကို အောက်မှာ ပြန်ချခဲ့လိုက်ပြီး လက်ဆေး ဖို့ ထလာတော့ သားလေးက အဖေ့ကိုယ်ပေါ်က ဆင်းပြီး ကားကို ကောက်ကိုင်သည်..။
"ဟား..ဟား…ခွေးသူခိုးလေး…"
သားက မျိုးချစ်ကို မခင်ပေမဲ့ ယမင်းကိုတော့ အချိန်တိုတွင်းခင်သွားတာ မိန်းကလေးတစ်ယောက်မှာ ရှိတဲ့ မိခင်စိတ်ကို ခံစားမိလို့ ဖြစ်ပါလိမ့်မည်..။
ယမင်းပဲ မုန့်ခွံသလို ယမင်းပဲ ချီလျှောက်လိုက်ရင် အိပ်ပျော်သွားတက်သည်..။
ညနေစောင်း အိမ်ရှေ့မှာ လမ်းလျှောက်နေချိန် အမေ က အိမ်ပေါ်ကနေ ကြည့်ပြီး ပြုံးနေတော့ စိတ်ထဲ ထင့်မိလာသည်..။
အမေ နဲ့ အဖေက ယမင်းကို တွေ့တိုင်း ပြုံးသလို ဖြစ်သွားတာ ဘာကြောင့်ပါလိမ့်…။
"ဟော…ဖေဖေ..လာပြီ…"
"လာပါဦး…သားရယ်..မင်းက ကစားစရာပေးတော့ ယူတယ်…ချီတာကျ မခံဘူး..လူလည်ကောင်လေး.."
"သွားလိုက်နော်…ဖေဖေလေ…"
သားကိုလက်ပြောင်းပေးလိုက်တော့ ကလေးက အသာတကြည် ကိုယ်လေး ကိုင်းခါ ရှေ့တိုးလိုက်လာချိန် မျိုးချစ်ရင်ထဲ အေးခနဲ ဖြစ်သွားရသည်..။
လေးလသား အရွယ်မှာ ပိုက်ထွေးလို့ လွယ်ပေမဲ့ အခုကျတော့ ငြင်းဆန်တက်လာပြီ..။
နောက်များ ကြာလာရင် ခင်ဗျားက ကျုပ် အဖေ မဟုတ်ဘူးလို့ ငြင်းဆန်ရင်တော့ အဖေရင်ကျိုးရပြီပေါ့ သားရယ်..။
လွယ်လွယ်ကူကူ လိုက်လာလို့ ပျော်နေတဲ့ စိတ်က သားရဲ့ မဲ့ပြီး မျက်ရည်ပြည့်နေတဲ့ မျက်၀န်းနက်ကလေးကြောင့် ရင်ထဲ စို့သွားသည်..။
"ယမင်း ပြန်ခေါ်ကွာ…ငိုတော့မယ်.."
"ဆရာကလည်း..ချော့လိုက်ပေါ့..ဒါမှ ရမှာ.."
"မရဘူး…ပြန်ခေါ်..ပြန်ခေါ်…သား ငိုရင် အမေတို့လည်း စိတ်ညစ်ဦးမယ်.."
"အို..ခေါ်ပါဘူး..ဆရာ ချီလျှောက်ကြည့်လေ…ပန်းလေးတွေ သွားပြလိုက်.."
"ယမင်း.."
"အို…ဆရာကလည်း သားလေး လန့်သွားဦးမယ်.."
သားကို အတင်းတိုးပေးလိုက်တော့ ယမင်းက နောက်ကို ယိုင်သွားချိန် မျိုးချစ် သတိနဲ့ လှမ်းဖက်လိုက်မိသည်..။
သားကို အလယ်မှာ ထားပြီး နှစ်သောက်သား ပူးကပ်သလို ဖြစ်သွားတော့ မျက်လုံးပြူး၍ တစ်ယောက်ကို တစ်ယောက်ကြည့်မိခါ အမြန်နောက်ဆုတ်ပစ်ရသည်..။
သားက ယမင်းနဲ့ ပျေ်ာနေတော့ မျိုးချစ်လည်း အမေတို့ အနားရလို့ စိတ်ချမ်းသာရသည်..။
"တူ…"
"ဝါး…"
"ခစ်..ခစ်.."
"ဒေါ်ဒေါ်ရေ…သားလေးကို စျေး၀ယ်ခေါ်သွားချင်လို့.."
"အေး..ခေါ်သွားလေ..သမီး.."
"ဟဲ့…ယမင်း..ကလေး ငိုနေရင် ဘယ်လို လုပ်မလည်း.."
"ရပါတယ် ဆရာရဲ့…သားက ယမင်းကို ခင်နေပါပြီ.."
သားကို ဖိနပ်စီးပေးပြီး ပွေ့ချီခါ အိမ်ပေါ်က ဆင်းသွားတော့ မျိုးချစ် စိတ်မချဖြစ်ခါ လည်ပင်း တရှည်ရှည်ဖြင့် လိုက်ကြည့်မိသည်..။
သားက လူအေးလေးလို့ ခေါ်ရလောက်အောင် ညဆိုလည်း ငိုယိုဂျီကျတာမျိုး မရှိ...။
တစ်နေ့ကုန်လည်း သူသဘောမကျတာ လုပ်ရင် မဲ့ပြီး အသံတိတ်သာ မျက်ရည်ကျတက်သည်။
အခုဆို သားကလည်း ယမင်းကို လေးငါးရက် အတွင်း အတော့်ကို ခင်သွားတော့ အမေတို့ သက်သာလို့ ၀မ်းသာပေမဲ့ မျိုးချစ်ကို အချီ မခံတာ စိတ်မကောင်း ဖြစ်ရသည်..။
"ကောင်မလေးကို ချစ်ဦး လေးက အတော် ခင်သွားပြီ."
"ဝေ၀ နဲ့ မှားပြီး အတင်းကြီး လိုက်ကပ်နေတော့တာပဲ…ဟိုကောင်မလေး အလုပ်တွေ ဘာတွေ ပျက်နေမလား သား.."
"မပျက်ပါဘူး အဖေ…သူက ဒီတိုင်းလည်း သားရဲ့ ဝေယျဝေစ္စနဲ့ စားဖို့စားသောက် စီစဉ် ပေးနေတာပါ…"
"ကောင်းပါတယ်….သားကော ကောင်မလေး ကို ဘယ်လို မြင်လည်း.."
"ဘာကိုလည်း အမေ…"
"ကောင်မလေး က သားကို သံယောဇဉ် ကြီးပုံပဲ.."
အမေ့ စကားကြောင့် မျိုးချစ် မလုံမလဲ ဖြစ်ခါ အကြည့်တွေတောင် ဘယ်ကို ပို့ထားရမလည်း မသိအောင် ဖြစ်ရသည်..။
အဖေက လက်ဖက်ရည်ခွက် ကိုင်ပြီး အနားကို ရောက်လာခါ ပခုံးကိုပုတ်သည်..။
"အဖေ ကတော့ သင့်တော်တယ် ထင်တယ် သား.."
"ဗျာ.."
"ဟုတ်တယ်…ဟို တစ်ခါ ဆေးရုံပေါ်မှာ သားကို ပြုစု နေကတည်းက အမေ လည်း ရိပ်မိပါတယ်…အခု မြေးလေးကိုလည်း ချစ်တက်တော့ အဆင်ပြေပါတယ် သားရယ်.."
"ယမင်းက…"
"သား တစ်ယောက်တည်း အဝေးမှာနေရတာ အဖေ စိတ်မချဘူး..အခု မင်းမှာ ငွေကြေးလည်း အတန်အသင့် ရှိလာပြီ..
သားလေး လည်း ရှိနေတာ အိမ်ရှင်မ တစ်ယောက်ရှိမှ ပြည့်စုံမယ် မလား.. ကောင်မလေးကလည်း အိမ်မှုကိစ္စ နိုင်နင်းပြီး ကလေး လည်း ချစ်တက်တော့ အဆင်ပြေပါတယ်…မိသားစု နဲ့ဆို မြေးအတွက် လည်း ကောင်းတာပေါ့…ကလေးက ငယ်သေးတော့ မိထွေးတွေ ဘာတွေလည်း မတွေးတက်သေးလို့ အဖေကတော့ မြန်မြန် လက်ထပ်လိုက်စေချင်တယ်..အဖေတို့က ကြည့်ရှု့ထားလို့ ရပေမဲ့ တကွဲတပြား နေရတာ သဘောမကျဘူး..
ကလေးက မင်းကို မသိတော့ မင်း ခံစားနေရပြီမလား..နောက်ဆို ပိုဆိုးလာလိမ့်မယ်…မိသားစုဆိုတာ တူတူ ရှိနေမှ မိသားစု ပီပြင်တာကွ…"
"သား..မတရားသလို များ ဖြစ်နေမလား အဖေ.."
မျိုးချစ် အဖေ့ကို မော့ကြည့်ပြီး မေးလိုက်တော့ အဖေ က ခေါင်းရမ်းရင်း..
"ပတ်၀န်းကျင်ဆိုတာ ချီးမွန်း ခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက်ပါပဲ..အဓိက ကိုယ့်အတွက် အဆင်ပြေမဲ့ လမ်းကို ရွေးရမှာပဲ မလား.."
"ဟုတ်တယ် သားရယ်..ကိုယ်က သစ္စာဖောက်ပြီး အိမ်ထောင်ရေး ဖောက်ပြန်တာမှ မဟုတ်တာပဲ တစ်ပင်လဲမူ တစ်ပင်ထူ ဆိုရိုးလည်း ရှိတာပဲ….ဟင်း…ကောင်မလေးက မိန်းမပီသပြီး အတော်အကြည့်ခံရမှာပဲ အမေ ကတော့ မြန်မြန် တောင်းရမ်း လက်ထပ်လိုက်စေချင်တယ်ကွယ်.."
"အဖေတို့လာတာ ဒီကိစ္စလည်း ပါတယ်..မင်းအမေက ပြောလို့ အဖေ လိုက်ကြည့်တဲ့ သဘောပေါ့ကွာ အဆင်ပြေရင် တစ်ခါတည်း စီစဉ်ပေးခဲ့ချင်တယ်.."
"ချက်ချင်းကြီးကတော့ မကောင်းပါဘူး အဖေရယ်…သား ပြောကြည့်ပါဦးမယ်.."
"အင်း..တို့ကတော့ ကောင်မလေးက မငြင်းဘူးလို့ တွက်ထားတယ်…အေးပေါ့လေ…မင်းတို့ချင်း ပြောဆိုတော့လည်း ပိုကောင်းတာပေါ့…"
"ဟုတ်ကဲ့…"
မျိုးချစ် သက်ပြင်းမော ခိုးချလိုက်ပြီး သစ်စက်ဘက်ကို ထွက်လာတော့ ယမင်း က သားကို ချီပြီး ပြုံးရင်း မြူနေတာ သားကလည်း သဘောကျနေသည်…။
"ဟော..ဟိုမှာ ဖေဖေ…"
"လာပါဦး…သားရယ်.."
မျိုးချစ် လက်လှမ်းလိုက်တော့ သားက အသာတကြည် လိုက်ပြီး ပခုံးကို မေးတင်ထားရင်း ယမင်းကို တခစ်ခစ် ဖြင့် လှမ်းကြည့်နေသည်..။
"တူ.."
"ဝါး.."
"ခစ်..ခစ်.."
သားက မြူးရင်း မျိုးချစ် ရင်ဘတ်ပေါ် ခေါင်းတိုက်လိုက် ပခုံးပေါ် နဖူးတိုက်လိုက်ဖြင့် ပုန်းနေခါ ပျော်နေတော့ မျိုးချစ်လည်း စိတ်ထဲက ပျော်မိသည်..။
"ရှိတော့ဘူး.."
"ဟာ…တွေ့ပြီ…"
သားကို ကျောခိုင်းကွယ်လိုက်တော့ ယမင်းက ရှေ့ကို လာပြီး လက်ခုတ်တီးလိုက်တာ သားက ခေါင်းလေး တလှုပ်လှုပ်ဖြင့် အသံထွက်ရယ်ရင်း
သဘောကျနေသည်..။
မျိုးချစ် ကွယ်လိုက် ယမင်းက ပတ်ရှာလိုက်လုပ်ပြတာကို သားက အတော်ကို သဘောကျပြီး မရပ်မနားရယ်နေတာ ရင်ခွင်ထဲ ပိုက်ထားရင်း ကြည်နူး ပျော်ရွှင် မိသည်..။
.
"အမေတို့ကို သေချာ ပို့ပေးပါ ကျော်ကျော်.."
"ဟုတ်ကဲ့..စိတ်ချပါ ဆရာ.."
အဖေ နဲ့ အမေ ကို ကားကြုံရှိတုန်း တင်ပေးလိုက်ရပေမဲ့ မျိုးချစ်ကတော့ မပြန်စေချင်သေး…။
သားကိုလည်း ကာကွယ်ဆေး ထိုးဖို့ ရှိတယ်ပြောတော့ စိတ်ထဲကနေ သားနောက်ကို လိုက်သွားချင်သည်..။
အလုပ်တွေကလည်း လုံး၀ မပျက်တော့မခွဲချင်ပဲ ခွဲရတာ …သားက ခုရက်ပိုင်းမှ မျိုးချစ်ကို ခင်လာရုံရှိသေးသည် ခွဲရပြန်ပြီ သားရယ်..။
"တာ့တာ..သားလေး.."
သားလေးက အမေ့လက်ထဲကနေ လှမ်းကြည့်ပြီး လက်ကမ်းရင်း ကားထွက်သွားတော့ ယမင်းက ချုံးပွဲချ ငိုနေတော့သည်..။
မျိုးချစ်လို သား သိပ်မခင်တဲ့ သူတောင် ခံစားနေရတာ သားနဲ့ အချိန်ပြည့်နေခဲ့တဲ့ ယမင်းငိုတာကို ခွင့်ပြုထားခဲ့ရင်း သစ်စက်ဘက်ကို ထွက်လာခဲ့လိုက်သည်..။
.
"ဟော…ဖေဖေ ပြန်လာပြီ…"
"ဟင်.."
သားကို ချီပြီး အိမ်၀ကို ထွက်လာတော့ မျိုးချစ် အံသြရင်း ယမင်းလက်ထဲက သားကို လှမ်းချီယူလိုက်သည်..။
အိမ်ပေါ်တက်လိုက်တော့ သားက ရင်ခွင်ထဲမှာ ထိုင်ဆော့နေချိန် ယမင်းက အနားမှာ ခပ်ကျုံ့ကျုံ့ ထိုင်သည်..။
"ကိုကလည်း နောက်ကျလိုက်တာ သားနဲ့ ယမင်းက ကြောက်နေတာ.."
"ဘာကြောက်စရာ ရှိလည်းကွာ…ကိုယ် ပြန်လာမှာပဲကိုး.."
ကိုယ်တိုင် ပြောလိုက်မိတဲ့ စကားကြောင့် အံသြနေပေမဲ့ ဘာကြောင့် ဒီလို ထွက်သွားသလည်း မသေချာခင် အလိုအလျောက်ပြောမိနေခြင်းသာ ဖြစ်သည်..။
သားက ယမင်း ကိုယ်ပေါ် လှမ်းတက်တော့ သားကို ချီလိုက်ပြီး မျိုးချစ်ရင်ခွင်မှာ မှီချလိုက်တဲ့ ယမင်းကို ပြန်ပွေ့ပိုက်ထားမိသည်..။
အိစက် ညက်ညောတဲ့ လက်မောင်းသား အိအိလေးကို ခေါင်းငဲ့နမ်းရင်း ရင်ခွင်ထဲက ယမင်းနဲ့ သားလေးကြောင့် စိတ်ထဲ ချမ်းမြေ့သွားသည်..။
"ထမင်းစားရအောင် ကို.."
"သားကိုပေး…"
မျိုးချစ်က သားကို ချီပြီး ထမင်းဝိုင်းကိုရောက်တော့ ယမင်းက လုပ်နေကျ အတိုင်း လက်ဆေးရေ ဇလုံချထားတော့ ဆုချတဲ့ သဘောဖြင့် ဆံစပ်ကလေးကို မထိထတိ နမ်းလိုက်သည်..။
"ခစ်..ခစ်.."
"တွေ့လား..သားတောင် ရယ်ပြီ…သိပ်ကဲ.."
"လာ..သား မေမေ့ဆီလာ ဖေဖေ ထမင်း စားမယ်နော်…အင့် ဖေဖေကြီး အတွက်.."
"ဒီမှာ..မေမေကြီး အတွက်.."
"အဟွင်း.."
"ခစ်..ခစ်.."
ထမင်းဝိုင်းမှာ မျိုးချစ် နဲ့ ယမင်း အပြန်အလှန် ဟင်းခပ်ထည့်ပေးနေတော့ အလယ်ခုံက သားလေးက သဘောကျပြီး ရယ်နေသည်..။
မျိုးချစ်ရင်ထဲ ကြည်နူးစိတ် အပြည့်ဖြင့် ယမင်းနဲ့ သားကို ငေးခါ မျက်ရည်များပင် စို့ချင်လာသည်..။
ဒီလို မိသားစု ဘဝလေးကိုပဲ တောင့်တ နေရသူမို့ စိတ်ထဲကနေ ယမင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောမိသည်..။
"ချွမ်း.."
သားက ပန်းကန် ထဲက ဇွန်းကို ဆွဲပြီး ပစ်ချလိုက်တော့ မျိုးချစ် အတွေးစပျက်သွားခါ လန့်သွားရသည်..။
"ဟင်.."
မျက်လုံး အစုံပွင့်သွားတော့ ပိတ်သား ခြင်ထောင် အမိုး ဖြူဖြူ ကြီး က ဆီးကြိုနေတာ ရင်ထဲ ဟာသွားရသည်..။
"ဟင်း…"
စိတ်ချမ်းသာစရာ အိမ်မက်လေး က နိုးရပြန်တော့ အိမ်မက်လေး ကို နမျောတသစွာ သက်ပြင်းချလိုက်မိသည်..။
သားလေး ပြန်သွားတာ သုံးလကျော်နေပြီ အမေကလည်း ဖုန်းဆက်တိုင်း ထို အကြောင်းအရာကိုပဲ မေးတော့ စိတ်စွဲပြီး အိမ်မက်တာ ထင်ပါရဲ့..။
ဒါပေမဲ့ ဒီလိုမျိုးလေး လက်တွေ့ကမ္ဘာမှာ ဖြစ်လာရင် သိပ်ကောင်းမှာပဲလို့ ခဏခဏ တွေးမိသည်.။
ယမင်း အပေါ်မှာ တရားပါ့မလားလို့ တွေးရင်း စကားလုံးတွေ ပျောက်ဆုံးကုန်ရတာလည်း အခါခါပင်..။
မျိုးချစ် အိမ်မက်က အသံကြားတာကို သတိရတော့ ခြင်ထောင်ထဲက ထွက်လာရသည်..။
အထူးသဖြင့် မျိုးချစ် အိပ်နေချိန်ဆို ယမင်းက ခြေသံတောင် မကြားရအောင် သတိထားတက်သည်လေ..။ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
ရေးနေတုန်းပါပဲလေ 🙏😭💔
နာမည်နဲ့ လိုက်ဖက်ပြီး စပိုက်ကာတော့ ပြောရတော့မယ်
စာဖတ်သူလေးတွေ မုန်းပါနဲ့ နော် 😭💔🙏
Comment တွေ အားလုံးဖတ်ဖြစ်ပါတယ်
ဘာပြန်ပြောရမှန်း မသိတော့လို့ Reply မပြန်ရသေးတာပါ
အခုချိန်ထိ စာတွေစောင့်ဖတ်ပေးခဲ့တာ ကျေးဇူးအထူးတင်ပါတယ်နော်
စိတ်ညစ်သွားရင် ခွင့်လွှတ်ပါ
နောက်တစ်ပုဒ်ကျရင် ကြိုးစားရေးပါမယ်
ဇာတ်လမ်းက ထင်သလို မကောင်းခဲ့တာ ခွင့်လွှတ်ပေးပါနော်
ကျေးဇူးပါ
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 132Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...