Part 21

3.1K 132 3
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၁)
#မုန်းပါနဲ့ဦး

"ဦးဒီက…"
"ဦး…..ဒီ…..က…."
ဒီပါ အိပ်ပျော်နေတဲ့ အချိန် နား အနားမှာ ပုရွက်ဆိတ်မလေး လို အသံတိုးတိုးလေး ဖြင့် ခေါ်နေလို့ နိုးလာရပေမဲ့  အိပ်ချင်ယောင် ဆောင်နေလိုက်သည်..။
မနေ့ ညတုန်းက တစ်မိသားစုလုံးက ပျော်ရဲ့လားလို့ ဝိုင်းမေးတာကို…မိသားစုရှေ့မှာ…ပြောပုံက …
".ဦးဒီက က ပျော်နေပါတယ်" တဲ့လေ..။
ပန်းအချစ်ဦးတို့ကတော့ ဘယ်နေရာ ရောက်ရောက် ဘယ်သူနဲ့ တွေ့တွေ့ လိုက်လျောညီထွေ နေတက်တာ ဒီပါ လက်ခံလိုက်ရသည်.။
ညအိပ်ချိန် ဒီပါ အပေါ်တက်လာတောင် သူက မာမီတို့နဲ့ စကားပြောလိုက် ရယ်လိုက် မုန့်စားလိုက်ဖြင့် မပြီးနိုင်သေး…။
ဒီက လို့ ပြောတာကို သူ မနည်း ပြင်ပေးထားရတယ် ဆိုပြီး အမှတ်ယူလိုက်သေးသည်..။
မေတ္တာလိုအပ်နေတဲ့ ကောင်မလေးကို တစ်မိသားစုလုံးက ကလေး တစ်ယောက်လို ဝိုင်းချစ်ပေးတော့ ဒီပါလည်း ၀မ်းသာရပါသည်..။
"ဦးဒီက…"
"……."
"ဥဒီဂါး"
ခေါ်နေကျ နာမည် အသံမဟုတ်ပဲ တစ်မျိုးပြောင်း ခါ နားထဲကို လည်း လေမှုတ်ထည့်လိုက်တော့ ငုတ်တုတ်ထထိုင်ရတော့သည်..။
"မင်း.."
"ဟိဟိ…ဦးဒီက ကလည်း အိပ်ပုတ်ကြီးနေတာကိုး…သွားကြမယ်လေ…"
"ဘယ်ကိုလည်း…"
"ကစားကွင်း လိုက်ပို့မယ်ဆို.."
"မနေ့က ငါ လမ်းလျှောက်ရတာ များပြီး ဒီနေ့ မသွားနိုင်တော့ဘူး…နောက်နေ့ မှ လိုက်ပို့မယ်.."
"ဟာ..ဦးဒီက အဲလို မညစ်နဲ့လေ…လိမ်မာပါတယ်…အချစ် နှိပ်ပေးမယ်လေ.."
ဂါ၀န်ကို သိမ်းကိုင်ပြီး ခုတင်ပေါ်တက်ခါ ဒီပါ့ ခြေသလုံးကို လက်နှစ်ဖက် နဲ့ ဖျစ်နှိပ်နေတော့သည်..။
"ယားတယ်ကွ…တော်ပြီ…"
"လိုက်ပို့ပါ..နော်..နော်…"
"ကျစ်…ဖယ်ဦး…ဘယ်အချိန်ကတည်းက ထပြီး ပြင်ဆင်ထားလည်း မသိပါဘူးကွာ…မင်း အိပ်ရေးပျက်တာ များရင် မူးလိမ့်မယ်နော်…ပန်းအချစ်ဦး… ညတုန်းကလည်း မာမီတို့နဲ့ တီဗွီထိုင်ကြည့်သေးတယ်..မိုးမလင်း ခင် ထမွေပြန်ပြီ.."
"ဦးဒီက လိမ်မာပါတယ်…လာပါ…"
ဒီပါ့ လက်ကို ဆွဲထူပြီး ရေချိုးခန်းဘက်ကို ဆွဲခေါ်နေတော့ ထလိုက်ရတော့သည်..။
ဒီကောင်မလေး တစ်နေ့တခြား ပိုပိုတိုးပြီး ဆိုးလာနေတာ ဘယ်လို လုပ်ရပါ့မလည်း..။
အိမ်ကို စရောက်ကတည်းက ခပ်တည်တည် နေသင့်တာပေါ့လေ…။
ဒီပါ့မှာ ပျော်ပျော်နေတက်တဲ့ သူ့စကားပြောပုံလေးကို သဘောကျလို့ အရောတ၀င်နေမိတာ အခုတော့ လူ မလေး ကလေး မခန့် ဖြစ်နေပြီ…။
ဆွေမရှိ မျိုးမရှိတဲ့ နေရာကို အဖော်တွေခွဲပြီး လာနေရလို့ သနားပြီး အလိုလိုက် အရေးပေးမိတာ အခုတော့  မှားပါပြီ..။
"ဦး…ဒီ….က…..မြန်…မြန်..နော်…"
"အင်း..ပါ.."
သူက ခပ်တိုးတိုး ပြောတော့ ကိုယ်ပါ ယောင်ပြီး  ခပ်တိုးတိုး ပြန်ဖြေလိုက်မိသည်..။
မင်းကြောင့်ငါလည်း မကြီးမငယ်မှ ဘာတွေ ဖြစ်ကုန်ပြီလည်း မသိပါဘူး ပန်းအချစ်ဦးရယ်..။
"ဟင်..သမီး နိုးပြီလား.."
"ဟုတ်..အချစ် ဘာ လုပ်ပေးရမလည်း.."
"ရပါတယ်..သမီးရယ်.."
"အချစ် လုပ်ပေးချင်လို့ပါ…"
အချစ် ထပ်တောင်းဆိုလိုက်တော့မှ မာမီ က ပြုံးပြီး ပေါင်မုန့်ကို လှမ်းပေးသည်..။
"သမီး အဖိုးအတွက် ပေါင်မုန့်ကြက်ဥလေး လုပ်ပေးမလို့…လှီးပေးနော်.."
"ဟုတ်.."
"လက်ထိဦးမယ် သတိထား..ကလေး.."
"ဟုတ်.."
အချစ်ကို ပေါင့်မုန့်လှီးခိုင်းပြီး ဦးဒီက အမေက  အသီးအနှံတွေ ထုတ်ခါ ရေဆေးနေသည်..။
ပေါင်မုန့်ဘယ်လို လှီးရမလည်း မသိပေမဲ့ အချစ် ထင်သလို ခပ်ပါးပါးပဲ လှီးလိုက်မိသည်..။
"ဒီလို လား အန္တီ.."
"မာမီတို့နဲ့ နေတာ မကြာသေးလို့ဖြစ်မယ်…စိမ်းသလို ဖြစ်နေတယ်…မဖြစ်ပါဘူး… ဒီချွေးမလေး နဲ့ တူတူနေရအောင် တစ်ခုခု ကြံရမယ်…မာမီ ခေါ်နော် သမီး…သြော်…ဟုတ်တယ် အဲလို မျိုးပဲ…"
"ဟုတ်ကဲ့…"
အချစ် ပေါင်မုန့်တွေကို ညီအောင် သတိနဲ့ လှီးနေတုန်း ကောင်မလေး တစ်ယောက်က စားပွဲပေါ်မှာ မနက်စာတွေ ပြင်ဆင်နေပြီ..။
"ဖိုးဖိုး နိုးပြီလား.."
"အေး..သမီး..စောလှချည်လား…"
"ဟုတ်…ဖိုးဖိုး ဒီမှာ တစ်ခါတည်း ထိုင်လိုက် အန်တီ…မာမီ က ကြက်ဥကြော်ပေးထားတယ်.."
အချစ် ခုံတစ်လုံး ဆွဲထုတ်ပြီး အဖိုးကို နေရာချပေးလိုက်ခါ  နို့ခွက် နဲ့ အတူ ကြက်ဥ ပန်းကန်ကို နေရာချပေးလိုက်သည်..။
"ဟာ…ငါ့သမီး နိုးနေပြီလား.."
"ဟုတ်ကဲ့…"
"သမီး ယောင်္ကျားကော.."
"ဟင်…သြော်…ရေချိုးနေပါတယ် ဒက်ဒီ.."
"အင်း…လာထိုင်လေ…တစ်ခါတည်း... စားကြမယ်.."
"ဟုတ်.."
အချစ် မှာ ငြင်းရခက်လို့ ခေါင်းညိတ်ပြီး စားပွဲမှာ ၀င်ထိုင်လိုက်တော့ မာမီက ကော်ဖီ တစ်ခွက် ထည့်ပေးပြီး အုန်းနို့ခေါက်ဆွဲနဲ့ တူတဲ့ မုန့် တစ်မျိုးလည်း ထည့်ပေးသည်..။
"ဟော…လူစုံနေတာပဲ…"
"သြ…သမီးလာ…"
"ဟိုကောင်ကော…"
"ထုံးစံ အတိုင်း အိပ်တုန်းပေါ့ ဒက်ဒီရယ်…ဒါ ယောက်မ ပေါက်စလေးလား..ကြည့်ပါဦး…ဒက်ဒီ သားတော့ အသက်မပြည့်တဲ့ သူ ယူလို့ အဖမ်းခံရလိမ့်မယ်…"
"အဟွင်း…ကောင်းပါတယ်…သူ့လို ရေခဲတုန်းက ရွယ်တူ မိန်းမဆိုရင် ထွက်ပြေးလိမ့်မယ်.."
"အဟွင်း…ဟုတ်တယ်…"
"သြော်…ဒေါက်တာလည်း ရောက်နေတာကိုး…"
"ရောက်တာမဟုတ်ဘူး…လာခေါ်တာ… ကိုကြီးရေ…"
"ဘယ်သူ့ကိုလည်း.."
အချစ်ကို မေးငေါ့ပြပြီး ပြောတော့ ဦးဒီက ကို မျက်လုံးပြူး ဖြင့် လှည့်ကြည့်ခါ အကူအညီ တောင်းမိသည်…။
ဦးဒီကကလည်း သဘောပေါက်သလို ခေါင်းညိတ်ပြ၍် ပြုံးပြီး ခုံမှာ ၀င်ထိုင်လိုက်သည်..။
"ဒီနေ့ စတူဒီယို ပို့ပေးမလားလို့…"
"နောက်နေ့ မှသွားပါ မနက်ဖြန် ကျမှသွားနော်…ကလေး…မနက်ဖြန် မမ တို့လည်း လိုက်မယ်လေ…ဒီနေ့တော့ မမနဲ့ ရှော့ပင်းထွက်မယ်…ယောက်မလေး တစ်ယောက်ရတာ အဖော်လိုက်ပေး..နော်…နော်…"
အချစ်မှာ ချက်ချင်း ၀ဋ်လည်သလား မှတ်ရလောက်အောင်ကို မမလှလှလေးက အတင်းအကြပ် 'နော် 'နေတော့ ခေါင်းညိတ်လိုက်ရတော့သည်..။
ဟင်း…သွားချင်တာက တစ်နေရာ… သွားရတော့ တစ်နေရာ…. စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ ဘ၀ပါလားနော်…။
ဦးဒီက ကို မေးဖို့တောင် အချိန်မရပဲ လက်ကို ဆွဲခေါ်လာတော့ တစ်ရွတ်တိုက် နီးပါး လိုက်ခဲ့ရသည်..။
အချစ် လမ်းတစ်လျှောက် က တိုက်တွေကို ကြည့်တော့ မမ ကလည်း ရှင်းပြပေးပါသည်။
"အဲဒီ့ အထဲမှာ စာအုပ်တွေ အများကြီး ရှိတယ်.."
"ဒါဆို..ဦးဒီက ကြိုက်မှာပေါ့..ပြန်ရင် ပြောရမယ်.."
"ဟင်..ဦးဒီက…ဆိုတာ…"
"ဟို..ဟို….အချစ်ယောင်္ကျားလေ.."
အချစ် မှာ မနည်းကို ဖျစ်ညစ်ပြီး ပြောလိုက်တာတောင် လျှာတွေ ခွေခေါက်သွားသလို အသည်းတွေ အူတွေတောင် ယားကျိကျိ ဖြစ်သွားရသည်..။
"ဦးဒီက….ဟွင်း..ဟွင်း…ညီမလေးက နာမည်ပေးတက်သားပဲ..သူက ဒီက ..ဒီက နဲ့ ပြောတက်တာကိုး…ဒါဖြင့် နှစ်ယောက်တည်းဆိုရင် ဘယ်လိုခေါ်လည်း.."
"အဲလိုပါပဲ.."
"အိုး..ကလေး တို့ကလည်း ဦးနဲ့ခေး စုံတွဲဆိုတယ်…ရိုမန့်တစ် မဆန်လိုက်တာ…နှစ်ယောက်တည်း ရှိချိန်ဆိုရင် ကိုကို လို့ ခေါ်ပေါ့…"
"ဟင်.."
အချစ်မှာ မျက်နှာကို ဟန်မဆောင် နိုင်အောင် တွန့်ရှုံ့တက်သွားတော့ ရှေ့က မမ လှလှလေးကို ဖြူဖွေးညီတဲ့ သွားတန်းလေးတွေ ပေါ်အောင် ခေါင်းမော့ခါ ရယ်သည်..။
စျေးဝယ်တဲ့ နောက်ကို လျှောက်လိုက်နေရပြီး အရုပ်တွေ ချည်းထားတဲ့ နေရာ ရောက်သွားသည်။
"အရုပ်တွေ များကြီးပဲနော်…"
"လိုချင်ရင် ယူလေ…ညီမလေး.."
"မယူတော့ပါဘူး…ဦးဒီက က ပစ္စည်းပို မသယ်ရဘူးလို့ မှာထားတယ်.."
"ဟင်း…တကယ့်ကို ဦးနဲ့ တူမ ဖြစ်နေတာပဲ…မမ ၀ယ်ပေးတယ်ပြောလိုက်လေ...."
"အချစ်လည်း အရုပ်သိပ်မချစ်ပါဘူး.."
အချစ် အစတုန်းက စျေး၀ယ် ထွက်ရမယ် ဆိုလို့ စိတ်ညစ်သွားပေမဲ့ စျေး၀ယ်လိုက် မုန့်၀ယ်စားလိုက် လုပ်နေတော့ ပျော်သလိုလို ရှိသည်..။
ရေကန် အပြာရောင် ဘေးမှာ ထိုင်ပြီး စားကြသောက်ကြရင်း အချစ် ခေါင်းက မြင်သမျှကိုသာ အထူးအဆန်းမို့ ဝေ့ပတ် ကြည့်နေမိသည်..။
"ရန်ကုန် ရောက်လည်း အိမ်ကိုခဏခဏ လာလည်ရမယ်နော်…ဟာ..မဟုတ်ပါဘူး..ကိုကြီးကို ပြောရဦးမယ်…သူလိုက်ပို့မှ ကလေးက လာတက်မှာပေါ့…မမ က ရန်ကုန်မှာ ဆွေမျိုးအသိ မရှိတော့ နေရတာ သိပ်ပျင်းတာပဲ…ညီအစ်မလည်း မရှိဘူးလေ…ကလေးသာ ခဏခဏ လာရင် ညီအစ်မ နှစ်ယောက်တိုင်ပင်ပြီး ၀ယ်လို့ရတာပေါ့…ဟုတ်ဘူးလား.."
"ဟုတ်…"
"ကလေး အခု လျှောက်၀ယ်ရတာ ပျော်ရဲ့လား..ပင်ပန်းနေပြီလား."
"မပင်ပန်းပါဘူး..ပျော်နေတာ.."
"တော်သေးတာပေါ့…အိမ်ပြန်နားချင်ရင် ပြောနေ်ာ..မမ က စျေး၀ယ်ထွက်ရင် အိမ်ပြန်ဖို့ မေ့သွားရော…ဟိဟိ"
ဦးဒီက ကို ခွင့်မတောင်းခဲ့တာ သတိရတော့ အချစ် စိတ်ရှုပ်ရပြန်သည်…။
ပြန်ရောက်ရင် စူပုတ်ပုတ် ကြီး ဖြစ်နေမှာ မြင်ယောင်ပါသေးသည်..။
"ဦးဒီက ကို မပြောခဲ့ရဘူး.."
"ခစ်ခစ်…ဆူခံရမှာ ကြောက်လို့လား..မမ ပြောပေးမှာပေါ့…စိတ်မပူနဲ့….ဒီဝေဖာ စားကြည့်…မိုက်တယ်…"
ရှေ့မှာ ပျော်ပျော်နေတက်ပြီး ခင်ဖို့ကောင်းတဲ့ မမ ကို မသိမသာ ခိုးကြည့်ပြီး အချစ် စိတ်ထဲ အားကျမိသည်..။
တော်တော်ချောတဲ့ မမ ပါ ….ကိုကို့ အစ်မ ဆိုတော့လည်း ချောမှာပေါ့လေ..။
အသားလေးက ဖြူနုဖက်နေသလို ပြင်ဆင်ထားတဲ့ မျက်နှာလေး က အရုပ်မလေး အတိုင်းပါပဲ….။
၀တ်ထားတဲ့ ဂါ၀န်လေးက ကိုယ်မှာ ကပ်ပြီး အရုပ်မလေးက ဂါ၀န် ၀တ်ထားတာနဲ့ တူနေသည်..။
"မမ က လှလိုက်တာ.."
"ဟင်..ဟုတ်လား…ဘာမုန့်စားဦးမလည်း..ခစ်ခစ်.."
"မုန့်စားချင်လို့ မဟုတ်ပါဘူး…တကယ်ပြောတာပါ…"
"အင်း…ညီမလေး လည်း ငယ်သေးလို့ပါ မမ အရွယ်ရောက်ရင် မမထက်ကို ပိုလှလာလိမ့်မယ်.."
"အချစ်က မမ လို ပင်ကိုယ် မလှဘူး…"
"အမယ်…ဒီကလေး စကားတက်လိုက်တာ…ကိုကြီးဆီက အချစ်တွေ ကို အပြောလေး နဲ့ အပိုင်သိမ်းလိုက်ပြီမလား.."
"ဟုတ်ပါဘူး..ဦးဒီက နဲ့ အချစ်က.."
အချစ် ထွက်လုဆဲ စကားတွေကို ကပျာကယာ ပြန်မြိုချလိုက်ရပြီး ရေခွက်ကို ကောက်ကိုင်ခါ မျောချလိုက်ရသည်..။
လူတွေ သိလို့ မဖြစ်ပါဘူးဆို…ပန်းအချစ်ဦးတို့ ရူးနေပြီ..။
"ဘာဖြစ်လို့လည်း.."
"အဟဲ….ဦးဒီက က ချွဲရင် မကြိုက်ဘူးတဲ့လေ.."
'အိုး..တော်တော်ဆိုးတဲ့ ကိုကြီးပဲကွာ…မာမီတို့နဲ့ တိုင်ဦးမယ်…"
"မတိုင်ပါနဲ့ မမရယ်..နေတက်သလို နေကြတာပါ…"
"အမယ်…သူ့ ဦးဘက်ကနေ ကာကွယ် နေပြန်ပါပြီ..မတိုင်ရဘူးဆိုရင် မမ နဲ့ နောက် တစ်နေရာ ထပ်လိုက်ပေးဦးနော်...."
"ဟုတ်…"
အချစ်တို့ လျှောက်လည်ရမယ်ဆိုရင် နှစ်ခါ မခေါ်ရပဲ ခေါင်းညိတ်ပြီးသားမို့ မမ က သဘောကျနေသည်..။
ပန်းအချစ်ဦးတို့က အသစ်မြင်ရင် ကြည့်မြင်တက်သိလိုက် ရမှ ကျေနပ်သည်လေ..။
"ဟော…ပြန်လာကြပြီ…"
"ဟင်..ကို..ကိုရူပါ ရောက်နေတယ်.."
အချစ် အထုတ်တွေကိုင်ရင်း ကိုကို့ ကို တွေ့လိုက်ရတော့ စိတ်ထဲက ပျော်သွားသည်..။
"ကြာလိုက်တာကွာ.."
"ကြာလို့လား..တစ်ခါတလေ လေးကို…လိုက်ပေးတဲ့ ကလေး တောင် မပြောဘူး.."
"မနက် ဘရိတ်ဖက်စားပြီး သွားတာဆို ညစာ စားပြီးမှ ပြန်ရောက်တယ်လေ..မင်းတို့ ခြေထောက်တွေ တော်တော်ကောင်းတယ်.."
"အဟိ..အချစ် တို့က  မုန့်စားလိုက် ထိုင်လိုက် လျှောက်လိုက် လုပ်တာပါ…"
အချစ်တို့ နှစ်ယောက်စလုံးကို လက်ညိုးထိုးရမ်းပြီး ဆူတော့ အချစ်ကလည်း မုန့်စားထားရသူပီပီ မမ ဘက်ကို ကာကွယ်ပေးမိသည်..။
"ဒီကလေးကလည်း.. ကိုယ့်ယောင်္ကျားတောင် ကိုယ်မေ့သွားတယ်နော်… ကိုကိုဆူလိမ့်မယ်…အပေါ်မှာ ဒေါဖောင်းနေပြီ…ရောက်တဲ့အကြောင်း သွားပြောလိုက်ဦး.."
"ဟုတ်..သွားပြီနော်..မာမီ…မမ ဒီမှာ အိတ်တွေ…"
"မမ လက်ဆောင်ပေးတာပါ….ယူသွားလေ ကလေး ဦးကြီးကိုလည်း ပြလိုက်ပေါ့.."
"ဟုတ်.."
"ဟား..ဟား.."
မိသားစု ထိုင်နေတဲ့ ဝိုင်းမှာ ရယ်သံတွေ ဘာကြောင့် ထွက်လာလည်း မသိပေမဲ့ အချစ် ကတော့ အပေါ်ကို ပြေးတက်လာခဲ့သည်..။
"ဟင်..အိပ်ပျော်နေပြီလား.."
"ဟူး.."
အချစ်လက်ထဲက အထုတ်တွေကို ခုတင်ခြေရင်းမှာ ချထားလိုက်ပြီး ခြေလက်တွေ ဆေးခါ ညအိပ်ရင် ၀တ်တဲ့ ၀မ်းဆက်ကလေး လဲလိုက်သည်..။
ဦးဒီက ကို ပြောပြချင်တဲ့ စကားတွေ အများကြီး စုလာရတာ အခုတော့ လည်ပင်းမှာ အစ်နေပြီ…။
"ဟင်း…အိပ်ပျော်နေတုန်း..ဒါတွေကို ရိပ်ပစ်လိုက်ရင် ဘယ်လို ပုံ ပြောင်းသွားမလည်း မသိဘူး.."
ဘေးစောင်း အိပ်နေတဲ့ ဦးဒီက ရဲ့ ပါးက အမွှေးအမျှင်တွေကို မြင်ရချိန် စိတ်ထဲရှိနေတဲ့ ရည်ရွယ်ချက်ကို နှုတ်က တိုးတိုး ဖွင့်ပြောမိသည်..။
ဦးဒီက က ကိုကို့ နဲ့ တူရင် တော်တော် ချောမှာပါ…။
အခုတော့ မျက်နှာက အခေါက် နှစ်ဆယ် ချိုးပြီး မပြင်မဆင်နေတော့ လူကြမ်းရုပ်ကြီး ပေါက်နေတာလေ.။
ကိုကို့လို မျိုးသာ နေရင် စောစော မိန်းမ ရမှာ ပေါ့့….
အခုတော့ သူလည်း အချစ်ကို သည်းခံရသလို အချစ်လည်း သူ့ကို ကြည့်လို့ကို အဆင်မပြေဘူးလေ…။
အချိန်တွေကို နောက်ပြန်ရစ်ပြီး အချစ်နဲ့သာ စောစောသိရင် ဦးဒီက မိန်းမ ချောချော ရအောင် ကြိုးစားပေးလို့ရသည်..။
အချစ်ကြောင့် ခိုးရာလိုက်ပြေးကြရတဲ့ သူငယ်ချင်းတွေ နည်းသလား..။
"မအိပ်သေးဘူးလား.."
"ဟင်…"
အချစ် တုန်ခနဲ့ ဖြစ်သွားခါ မျက်လုံးပြူး ၍ ကြောင်ကြည့်နေမိချိန် ဦးဒီက က စောင်ဆွဲခြုံပြီး မျက်လုံး ပြန်မှိတ်ထားသည်..။
"ဦးဒီက…ဦးဒီက…"
"အင်း.."
"ထပါဦး..ပြောစရာ ရှိလို့.."
"မင်း တို့ ဘယ်တွေ သွားနေတာလည်း.. ညအိပ်ချိန်တောင် ရောက်နေပြီ…"
"မမ နဲ့ စျေး၀ယ်နေတာ အချိန်တွေ ဘယ်ရောက်ကုန်မှန်းတောင် မသိဘူး….ဦးဒီက…ထပါဦး..ထပါဦး.."
အချစ် ရှေ့တိုးပြီး လက်မောင်းကို လှုပ်ရမ်း၍ ခေါ်တော့မှ ငုတ်တုတ်ထထိုင်ခါ မေးငေါ့ပြတော့သည်.။
ခုတင် ခြေရင်းမှာ ချထားတဲ့ အထုတ်တွေကို ၀မ်းလျားမှောက်ခါ  ငုံ့ယူလိုက်ပြီး ဦးဒီက ရှေ့ကို ချပြလိုက်သည်..။
"ဘာတွေလည်း.."
"မမ က လက်ဆောင် ၀ယ်ပေးတာ…ဒါက ဖိနပ်..ဒါက ဘာလည်း..ဟို…"
"ချောကလက် ဘူး.."
"အင်း…ကျန်သေးတယ်…ဒီမှာ ဂါ၀န်..အသားကို ကိုင်ကြည့်ကြည့်…"
"ဘာဖြစ်လည်း.."
ဦးဒီကက ကိုင်ကြည့်ပြီးတာတောင် မထူးဆန်းသလို မေးငေါ့မေးတော့ အချစ်  စိတ်တိုလို့ ပြန်ဆွဲယူလိုက်သည်..။
"မမလှလှလေးလိုပဲ..ဦးဒီက လို လူပျိုကြီးကတော့ မိန်းကလေး အသားအရည် ဘယ်လောက်နုလည်း ဘယ်သိပါ့မလည်းလေ…"
"အောင်မယ်…တစ်နေ့လေး သူများခေါ်လို့ လျှောက်လည်ရတာနဲ့ ငါ့ကို စော်ကားရဲနေပြီ…နေစမ်းပါဦး…မင်း ဘာဖြစ်လို့ ဒါတွေ လာကြွားနေတာလည်း ရွေခဲ…"
"ဦးဒီက ပဲ ဘာ ရရ ပြရမယ်ဆို.."
"အခုမှ တော်တော် စကား နားထောင်နေတာနော်….ငါတော့ အိပ်ယာနှိုးပြီး ကြွားတယ်ပဲ ထင်နေတယ်…"
"ဟိဟိ…ဦးဒီက သိလား…အချစ် စာကြည့်တိုက် အကြီးကြီး တွေ့ခဲ့သေးတယ်…ဦးဒီက အထဲကို သွားဖူးလား.."
"ဟင်း…"
"သိပါတယ်…သိပါတယ်…ဦးဒီက က စာဂျပိုးဆိုတော့ ရောက်မှာပေါ့…အချစ်ကတော့ ကြားတာတောင် စိတ် ညစ်သွားတယ်.."
"ပြောလို့ ပြီးပြီလား.."
"အင်း..အိုး ကျန်သေးတယ်…အချစ် မုန့်စားတဲ့ ဆိုင်က ရေပေါ်မှာ သိလား…"
"ကုန်ပြီလား.."
"ကျန်သေးတယ်….ဟို ရေခဲမုန့်ကလည်း ကောင်းမှကောင်းပဲ..ဝေဖာကလည်း…ဂွဒ်ရှယ်…ကိတ်မုန့်က အိဖက်နေတာပဲ…"
"ပြီးတော့ကော…"
"ဟဲ..ဟဲ…ကုန်ပြီ…သြော်..မနက်ကျရင် လိုက်ပို့နော်…ဦးဒီက တစ်နေ့ကုန် နားလိုက်တော့ ခြေထောက်မညောင်းတော့ဘူးမလား…"
"အင်း.."
"ဦးဒီက..ဂွဒ်ဂျော့…"
ဦးဒီက ပြန်လှဲအိပ်တော့မှ အချစ် လက်ထဲ က အထုတ်တွေကို အောက်ချပြီး တစ်ခု ချင်း ပြန်ခေါက်ထည့်ရတော့သည်..။
ဟင်း..အခုမှ ပဲ တစ်နေ့ကုန်  ပျော်ရတာတွေ အဓိပ္ပာယ် ရှိသွားပြီ..။
.
"ဟယ်...နိုးပြီလား ကလေး.."
"ဟုတ်.."
အချစ် မနက် အိပ်ရာနိုးတော့ ဦးဒီက ကို မနှိုးတော့ပဲ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်..။
မာမီ က မနက်စာ ပြင်ဆင်ပြီးလို့ စားပွဲမှာတောင် ထိုင်နေပြီမို့ အချစ်လည်း နှုတ်ဆက်ရင်း ထိုင်လိုက်သည်..
"မာမီ…အချစ်…. ဆေးပါမယ်.."
"မလုပ်ပါနဲ့…"
"ရပါတယ်…အချစ် လုပ်ချင်လို့ပါ.."
ပန်းကန် သုံးလေးချက်ကို အကြောင်းရှာပြီး ဆေးဖို့ ယူလာတော့ အခန်းထောင့်မှာ ကိုကို က မတ်တက်ရပ်နေသည်..။
ဒီနေ့ကျတော့ အစောကြီး ရောက်နေသားပဲလို့ တွေးရင်း နှုတ်ဆက်ဖို့ ခြေလှမ်းရွယ်ချိန်မှာ..
ကို့ကို့ ရင်ခွင်ထဲ မမ က ရောက်နေလို့ မျက်လုံးပြူးမိသည်..။
မမ ကို အနမ်းခြွေလိုက်တာ တွေ့တော့ အချစ် မျက်လုံးတွေ ဖျတ်ခနဲ ပိတ်ပစ်လိုက်ပြီး ခြေလှမ်းတွေကို ရုန်းခါ ကျော်ဖြတ်လာရသည်..။
"မင်းကလည်း..မနိုးဘူး.."
"ဟင်..ဦးဒီက.."
"ဘာဖြစ်လို့လည်း.."
အချစ်ရဲ့ မူမမှန်တဲ့ မျက်နှာထားကို ဦးဒီက က ရိပ်မိသွားပြီး မေးတော့ ခေါင်းရမ်းပြခါ ပန်းကန်တွေကို ယူခဲ့လိုက်သည်..။
"အချစ်….သမီးရေ….သား အတွက် ကော်ဖီပန်းကန်လေး ယူခဲ့ပေးပါလား.."
"ဟုတ်ကဲ့…"
ပန်းကန် သုံးချပ် ဆေးပြီးတာ ကြာနေပြီ အချစ် စိတ်လှုပ်ရှားရင်း မီးဖိုခန်းထဲက မထွက်နိုင်သေး…။
ကော်ဖီ ထည့်ဖို့ ပန်းကန်ယူပြီး ထွက်သွားချိန် မြင်ကွင်းကြောင့် ရင်ထဲ တမျိုးကြီး ခံစားလိုက်ရသည်..။
ကိုကို က မမ ကို မုန့်ခွံကျွေးနေတာ ပတ်၀န်းကျင်က လူတွေကိုတောင် ဂရုမစိုက်တဲ့ပုံစံမျိုး…။
"ယူလာ…သမီး.."
အချစ် အနားက ဦးဒီက ရဲ့ ကော်ဖီပန်းကန် ထဲ ကော်ဖီ ငှဲ့ထည့်ရင်း မျက်တောင် ပုတ်ခတ်နေမိသည်..။
"စားပါဆို.."
"အခုမှ ဂရုစိုက်နေတာပါနော်….မာမီ ပြောဦး…မာမီ့ သားပိုနေတယ်…"
"သားနော်…အခု လက်ရှိ အလုပ်တွေ အားလုံးနားလိုက်တော့ မဖြစ်ပါဘူးကွာ …ဒီအလုပ် မာမီလည်း မကြိုက်ဘူး… ဒီကို ပြန်လာ ခဲ့လိုက်တော့…သမီးက အခုချိန်မှာ သား ကို အလိုအပ်ဆုံးလေ…"
"အစကတော့…ငြင်းဦးမလို့…အထဲက ဘေဘီလေးကပါ တောင်းဆိုနေတော့ မနေသာတော့ဘူးပေါ့…ဝါသနာကို စွန့်လိုက်ပါတော့မယ်လေ… ချစ်လို့…ချစ်လို့"
"အမလေး ပိုပါပြီ…နှစ်လပဲ ရှိသေးတာ…မာမီ့ သားက အိ ကို ချစ်တာမဟုတ်ဘူး…ဗိုက်ထဲက ဘေဘီကို ချစ်တာ…"
"မဟုတ်ပါဘူးကွာ…အိ ကို မောင် ဘယ်လောက်ချစ်လည်း မသိဘူးလား..နော်…မာမီရယ်…"
"ဟေ့…ငါ မသိဘူး ကိုယ့်ဟာ့ကိုယ် ယုံအောင်ပြောလေ…"
"အသည်းယားအောင် မလုပ်နဲ့နော်..ဒေါက်တာ အိအိ…"
"မောင် လျှောက်ပြောနေတာ ကလေး နေရခက်နေပြီ.."
အချစ် ခေါင်းငုံ့နေတာ ကို မမ က သတိထားမိပြီး ပြောတော့ အချစ် ခေါင်းရမ်းလိုက်ပေမဲ့ ခေါင်း မဖော် ရဲ…။
အမူအယာ ဟန်ဆောင် နိုင်သေးပေမဲ့ မျက်လုံးက သက်သေ ဖြစ်နေမှာစိုးသည်..။
"မောင်..ဒီနေ့…ကလေးကို ဆန်တိုဆာ ဘက်ခေါ်သွားမလားလို့ မောင်လည်း လိုက်ခဲ့..ဒါမှ လေးယောက် ဘက်ညီမှာ မဟုတ်ရင် အိ ဘက်ပဲ့နေလိမ့်မယ်…ဦး နဲ့ ခေး ကို ၀င်ရှုပ်မိမှာစိုးတယ်…"
"ဟား..ဟား…ဦး နဲ့ ခေး က သူတို့ဟာ သူတို့ အမြဲ ရန်ဖြစ်နေတာ …"
"ဟင်…ဟုတ်လား..သား.."
"မဟုတ်ပါဘူး..မာမီ…ဒီက  ဘာလို့ ရန်ဖြစ်ရမှာလည်း…ညီသာ တိုင်စာ ခဏခဏ ရောက်နေတယ်.."
"ဟွင်း..ဒါတော့ ဟုတ်တယ်နာ်…ရူပါ မင်း သတိထားနေ.."
"အဲဒါကြောင့်…အိ က ဒီမှာနေချင်တာပေါ့…မာမီ့ သား သိပ် အနိုင်ကျင့်တယ်.."
"လုပ်ပြီ…လုပ်ပြီ…အိ နော်…"
မိသားစု ၀င်တွေ ကိုကို့ ကို အာရုံစိုက်နေတုန်း အချစ် ပန်းကန် ယူပြီး ထလာခါ အပေါ်ကို ပြေးတက်သွားလိုက်မိသည်..။
ရေချိုးခန်းထဲ ၀င်ပြီး ပါးစပ်ကို လက်ဝါး နဲ့ ဖိပိတ်ခါ တစ်ကိုယ်လုံး တုန်နေအောင် ရှိုက်ငိုနေရသည်..။
မမ က အိတဲ့လား…ပြီးတော့ ကိုကို့ မိန်းမ…ကိုကို့မှာ မိန်းမ နဲ့ ကလေးနဲ့…အချစ်က…အင့်..။
အချစ် တွေးလိုက် ရှိုက်လိုက်ဖြင့် မစဲသောမိုးလို မျက်ရည်တွေက အဆက်မပျက် ပြိုကျနေတော့သည်..။
ဦးဒီက မျက်နှာ ၊ ကိုကို မျက်နှာ နဲ့ မမ မျက်နှာတွေ မြင်ယောင်လာပြီး အချစ် မျက်လုံးကိုသာ ဖိပွတ်နေမိသည်..။
ကိုကို သာ….အိုး….မဟုတ်ဘူး…ကိုကို လို့ မခေါ်သင့်ဘူး…အချစ် နဲ့ ကိုရူပါ နဲ့ ဘာမှ မှ မဆိုင်ခဲ့တာပဲ…။
ကိုကို့ ကို ပိုင်ဆိုင်ခွင့် ရအောင် ကြိုးစားခဲ့မိတာတွေ …အာရုံစိုက်လာအောင် ကြိုးစားခဲ့မိတာတွေ တွေးပြီး ရှက်လွန်းလို့ ဒေါသဖြစ်ခါ ဆံပင်တွေကိုပါ ဆုတ်ဆွဲနေမိသည်..။
ဖြစ်နိုင်ရင် အာခေါင်ခြစ် ပြီး အော်ဟစ် ငိုပစ်လိုက်ချင်ပါသည်..။
အခုတော့ အသံကျယ်ကျယ်မထွက်အောင် ကြိုးစားပြီး ငိုနေရတာ ရင်ထဲမှာ မွန်းကြပ် ပူပြင်းနေပြီလေ..။
အချစ် ရေချိုးခန်း နံရံ့ကို မှီချလိုက်ပြီး  အသံတိတ် ရှိုက်ငိုနေမိသည်..။
"မနက်ဖြန် လောက်ဆိုလည်း ဖြစ်တာပဲ…သားရဲ့.."
"အင်း.."
"ဟိုကောင်မလေး…ရေချိုးနေပြီ ထင်တယ်…ဒီက သွားပြောလိုက်ဦးမယ်.."
"အင်း..အင်း..မခွဲနိုင် မခွါနိုင် ဖြစ်နေတာ…တော်ပါသေးရဲ့ နောက်ကား ကျော်မတက် သွားပေလို့ မိန်းမ ရေ…"
"အဟွင်း.."
ရူပါ က နှုတ်ခမ်းမဲ့ပြီး စတော့ ဒီပါ ခေါင်းကို လှမ်းပုတ်ပြီး အပေါ်ကို တက်လာခဲ့ရသည်..။
ရူပါ နဲ့ အိ ကို တွေ့ပြီး ခံစားသွားရတာ သိသော်လည်း ခဏလောက် လွှတ်ထားလိုက်တာပါ..။
နာရီ ၀က် နီးပါး ကြာလာတော့ မနေနိုင်တော့လို့ ထ လာခဲ့ရတော့သည်..။
"ရွှေခဲ မြန်မြန်လုပ်…ငါ ရေချိုးရမယ်.."
"ဟုတ်.."
"ဟုတ်..မလုပ်နဲ့ ခုထွက်…"
အချစ် မျက်ရည်တွေ သုတ်ပြီး မျက်နှာကိုလည်း  သေချာ သစ်ခါ အငို မျက်နှာ ကို ဖုံးဖိမိသည်..။
ဆံပင်တွေ ရှုပ်ပွနေတာကို လက်နဲ့ တစ်ချက််နှစ်ချက် သပ်လိုက်ပြီး တံတွေး တစ်ချက်မြိုချခါ တံခါးကို ဖြည်းဖြည်း ဖွင့်လိုက်သည်..။
"ရေချိုးတာ မဟုတ်ဘူးလား.."
"အင်း…"
"ဆောရီး…ငါတို့ ဆယ်နာရီ လောက် သွားကြမယ်တဲ့…မင်း ပြင်စရာရှိတာလည်း ပြင်ထားလေ…တစ်နေ့တော့ ကုန်မှာပဲ…"
"ဟုတ်.."
အချစ် စကားတစ်ခွန်းပြောဖို့ကို အသက်ရှိုက် ရှုမိတော့ ဦးဒီက သိသွားမှာ စိတ်ပူမိသည်..။
ဦးဒီက ကတော့ စိတ်မ၀င်စားပဲ ရေချိုးဖို့ ၀င်သွားတော့ စီးကျလာတဲ့ မျက်ရည်တွေကို အိမ်အပြင်ဘက်ကို ငေးရင်း သုတ်လိုက်သည်..။
အရင်တုန်းက ငိုခဲ့ဖူးပေမဲ့ မခံချင်စိတ် ကြောင့် ကျတဲ့ မျက်ရည်မျိုးသာ ဖြစ်ခဲ့ရတာပါ..။
အခုတော့ ကိုယ့်ကိုယ်ကို ရွံမုန်းလိုက် စိတ်မကောင်းဖြစ်လိုက် ဒေါသဖြစ်လိုက် နဲ့ ဘာမျက်ရည်လို့ နာမည် တက်ရမှန်းတောင် မသိတော့ပါဘူး..။
အချစ် တွေးနေရင်း မျက်ရည်တွေ ထပ်ကျလာတော့ ဂါ၀န် အနားစကို ယူပြီး မျက်နှာကို ပွတ်သုတ်ပစ်လိုက်သည်..။
ငိုချင်လာရင် လုပ်နေကျ ပုံစံ အတိုင်း စိတ်မာတယ် ဆိုတဲ့ အကြောင်း ကြံဖန် တွေးပေမဲ့ ရှက်လွန်းလို့ ပိုငိုနေမိသည်.။
ဒီလူတွေကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလည်း…သေသွားတာမှ ကောင်းပါလိမ့်ဦးမည်..။
သူတို့က ကလေးတစ်ယောက်လို သဘောထား ဂရုစိုက်ကြပေမဲ့…အချစ်စိတ်တွေက ရိုးသားတာမှ မဟုတ်ခဲ့တာပဲ..။
အချစ် တစ်ချက်ရှိုက်လိုက် ပြီး အသီးပန်းကန်ပေါ်က ဓားကို ယူလိုက်ခါ  ရွယ်လိုက်ပေမဲ့ မတိုးရဲပြန်ဘူး..
"ဟာ..ဘာလုပ်တာလည်း..ရွှေခဲ.."
"မလုပ်..ဘု.."
အချစ် အတက် နိုင်ဆုံး ကြိုးစားပေမဲ့ ရှိုက်သံ နဲ့ စကားတွေ က ပလုံး ပထွေး ဆန်တော့ ကိုယ့်ကိုယ်ကို ပျော့ညံလွန်းလို့ ဒေါသ ထွက်ရပြန်သည်..။
အချစ်လက်ထဲက ဓားကို ယူပြီး ခုံပေါ် သွားတင်တော့  မွန်းကြပ်လို့ အသက်ရှုရသည်.။
"ရွှေခဲ.."
မျက်ရည်တွေကို လက်ခုံနဲ့ ပင့်သုတ်လိုက်ပြီး  ဦးဒီက ရပ်နေတဲ့ ဘက်ကို မျက်လုံးစွေ ကြည့်မိသည်..။
မျက်နှာကို မကြည့်ဖြစ်ပေမဲ့ ခါးထောက်ထားတာတော့ သိနေပါသည်..။
အချစ် ငိုနေရရင် သူ က ဟားတိုက်နေမှာပေါ့လေ…။
နင် ကောက်ကျစ်တဲ့ အကြောင်း ငါ အကုန်သိတယ်…ငိုနေလည်း မသနားဘူး ဆိုတာမျိုး…။
ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ သူငယ်နပ်စားမလေး…။
ငါ့ စကား နားမထောင်လို့ ဖြစ်ပြီမလား…မှတ်ပြီလား လို့ မေးချင်နေမှာပေါ့…။
"ဦးဒီက ရယ်ချင် နေတာမလား…..အင့်…ရယ်…ပါ…"
"ဟင်း.."
အချစ် စိတ်တင်းခါ ခေါင်းမော့ နေရင်း မျက်ရည်တွေက တာကျိုးလာပြန်တော့  ငုံ့ပြီး လက်ဖနောင့် နဲ့ ဖိခါ ငိုမိပြန်သည်..။
"ကောင်မလေးရယ်…"
ဒူးပေါ် မျက်နှာမှောက်ပြီး ငိုနေတာ ကွေးကွေးလေး ဖြစ်နေတဲ့ အချစ် ကိုယ်လုံးလေး ကို ဦးဒီက က ပွေ့ယူပြီး ဖက်လိုက်တော့ စိတ်မကောင်းဖြစ်တဲ့ ခံစားချက်တွေ ဆူပွတ်ကုန်သည်..။
အချစ် ဆိုတာ စွာတယ်  ရန်ထောင်တက်တယ် လို့ အမြဲဆူနေတဲ့ ဦးဒီက တောင် အချစ််ကို သနားနေပြီလား..။
အချစ် ဆိုတာ လောကကြီးကို မသိသေးခင် ကိုယ့်ကိုယ်ကို  အထင်ကြီးနေတဲ့ သနားစရာ ကောင်မလေး ဖြစ်နေပါပြီ…။
"ဟီး….အင့်…."
ဦးဒီက ရဲ့ ရင်ဘတ်ထဲကို တိုး၀င်ပြီး မျက်နှာဖွက် ခါ အချစ် အသံ ထွက် ငိုမိတော့သည်..။
တုန်ယင်ရှိုက်နေတဲ့ အချစ် ကျောပြင်ကို ဦးဒီက က ဖွဖွ ပုတ်ပေးရင်း နှစ်သိမ့်နေပေမဲ့ အချစ်ကတော့ ငိုချင်နေတုန်းပါပဲ…။
"အချစ်….အချစ်…မသိလို့ပါ….ဦးဒီက ထင် သလို ကြံစည် တာ မဟုတ်ပါဘူး…မကောင်းတဲ့ စိတ် နဲ့ ကောက်ကျစ်ယုတ်မာ ရည်ရွယ် ခဲ့တာ မဟုတ်ပါဘူး..အင့်…ကိုရူပါ့ကို အချစ် မသိခင် ကတည်းက ချစ်ခဲ့မိတာပါ..ဒါကြောင့် ..အခုလို လုပ်မိတာ…အချစ်…မသိလို့ပါ..မြူဆွယ် သလို ဖြစ်…ဟီး….အချစ် ..မိန်းမရှိတာ…"
"ရှူး.."
အချစ် ရဲ့ တဆတ်ဆတ် တုန်နေတဲ့ နှုတ်ခမ်းကို ဦးဒီက က လက်ညိုးနဲ့ ဖိကပ်ပြီး တားလိုက်တော့ မဲ့ ရင်း ခေါင်း ပြန်ငုံ့လိုက်မိသည်..။
ဦးဒီက ရဲ့ ခါးကို ဖက်ပြီး ရင်ဘတ်ထဲ ပိုတိုး၀င်ခါ ၀မ်းနည်း စိတ်တွေ ပျောက်သွားအောင် အကာအကွယ်ရှာမိသည်…။
"ချစ်မိတာ မှားလား…နှလုံးသားထဲ သူ့ဟာသူ့  ရောက်လာတာ အပြစ်လား..အချစ် လုပ်တာ မဟုတ်ဘူး…"
"ချစ်တာ နေရာမကျဘူး… ပုံစံ လွဲနေတယ်လေ….အချစ်မှာလည်း ကျင့်၀တ်တွေ စည်းမျဉ်း စည်းကမ်းတွေ ရှိတယ် …ချစ်ချင်တိုင်း ချစ်လို့ မရဘူး…ဆန္ဒကို အသိနဲ့ ထိန်းတက်ရတယ်.."
"ဟီး…ဦးဒီက က အခုမှ ပြောတာ…အချစ် လုပ်တာ ခံဆိုပြီး…သက်သက်မဲ့.."
"ဟာ..မဟုတ်ဘူး…ဒီက ပြောဖို့ စဉ်းစားပေမဲ့…"
"ဦးဒီက ကို လည်း မုန်းတယ်….အချစ်ကို မပြောခဲ့ဘူး….အချစ်မှားမိတာ….ဦးဒီက ကြောင့်…ဟီး..."
ဦးဒီက ရင်ဘတ်ထဲမှာ နေရင်းက လက်သီးဆုပ်ပြီး ရင်ဘတ်ကို ထိုးနေမိတော့ လက်ကို အုပ်ကိုင်လိုက်ခါ
"ဒီက သနားလို့ပါ…"
"ဟီး….အဟင့်…အီး…"
"တော်ပြီကွာ…ဒီလောက် ငိုလို့ မကောင်းဘူး…ဘာမှ ဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး..ကောင်မလေးရယ်.."
အချစ်ကို ရင်ခွင်ထဲက ဆွဲထုတ်ပြီး မျက်ရည်တွေကို သုတ်ပေးခါ ပြောတော့ ငိုလို့ မဝသေးလို့ မျက်ရည်တွေ ပြန်ပြည့်လာရပြန်သည်..။
"အချစ်က..သူများယောင်္ကျားကို မကောင်းတဲ့ စိတ်နဲ့ ဖြားယောင်း.."
"မဟုတ်ပါဘူး…ဘာလို့ မဟုတ်တာတွေ တွေးနေတာလည်းကွာ…"
"ဟုတ်တယ်လေ…ဟုတ်တယ်လေ…. ကိုရူပါ့မှာ မိန်းမ ရှိတာ အချစ်သိရင် …ဟီး…အချစ် နောင်တ ရပြီး ငိုနေရတာပါ….အချိန်တွေကို နောက်ပြန်သွားလို့ရရင်…အချစ် ရန်ကုန်လိုက်ခဲ့မှာ မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး…ဖုန်းထဲက ရုပ်ရှင် မင်းသားကို မကြိုက်ပဲ  အဒေါ် ဆူတာမခံရပဲ ပျော်နေမှာပါ… ဟီး..အဟင့်..အခုတော့ ..ဟီး…မိန်းမရှိတဲ့ လူကို ဖြားယောင်း မြူဆွယ်မိသေးတယ်…ညတိုင်း စိတ်ကူးယဉ်မိတာ ရွံတယ်…ဟီး…မုန်းတယ်….အချစ် ရှက်တယ် …အချစ် စိတ်တွေ မကောင်းဘူး…ယုတ်ညံနေပြီထင်တယ်… ကယ်ပါဦး…အချစ် ကို ကယ်ပါဦး…ဦးရယ်..အချစ် ဟိုးငယ်ငယ်တုန်းက စိတ်ကလေးတွေ ပြန်လိုချင်တယ်…"
"ကျစ်…မယုတ်မာပါဘူးကွာ…ရူပါ့လို သရုပ်ဆောင်တွေကို စွဲလမ်းတာ စိတ်လှုပ်ရှားတဲ့ အရွယ်တွေ ဖြစ်နေကျ ကိစ္စပါ…မင်း အရွယ် ကောင်မလေး တွေ အကုန်ဒီလိုပါပဲ…"
"သူတို့က အချစ်လို မလုပ်ဘူးလေ.."
"ဒါကတော့ မင်းက အခွင့်အရေး ရတာကိုး…နီးစပ်နိုင်ဖို့ ကြိုးစားတာ အပြစ်မှ မဟုတ်တာ…အမှားမှန်း သိလို့ အချိန်မှီ နောက်ဆုတ်နိုင်ခဲ့တာ ကောင်းတာပေါ့ကွာ…"
"ဟီး….ဒါပေမဲ့…အင့်…အချစ်လုပ်တာတွေ …ဦးဒီက သိတယ်လေ…အချစ် ဘယ်လို မျက်နှာ…ဟီး…ရှက်တယ်…မုန်းတယ်…"
"မငိုပါနဲ့တော့…ဟင်း…အမှားတွေက နာကျင်ရပါတယ်…လောကကြီးကို မသိခင် နာကျင်စရာတွေ များတယ်…နာကျင်တာတွေ များလာတော့ သိတာတွေလည်း များလာတယ်…သိတာတွေ များလာတော့ သိပ်မနာကျင်ရတော့ဘူး…အဲဒါ ဘ၀ပဲ ကလေးရယ်…အခု နာကျင်တာ နောင် တစ်ချိန် အမှားကင်းပြီး သက်သာဖို့ အတွက်ပေါ့…"
"ဟီး…အဟင့်…အချစ် မကောင်းဘူး.."
"ကောင်းပါတယ် …"
"ဟင့်..အင့်"
"ရူပါ့ကိုလည်း မင်း မချစ်ပါဘူး…ဆယ်ကျော်သက် အစွဲလမ်းတစ်ခုပါ.... …ငါ့ အထင်တော့ မင်းက မေတ္တာ လိုအပ်နေတဲ့ ကလေး တစ်ယောက်ပဲ ဒါကြောင့် မင်း ကို နူးနူးညံ့ညံ့ ဆက်ဆံပေးတဲ့ ပတ်၀န်းကျင်မှာ မင်းပျော်တယ်…မင်းကို ကြင်ကြင်နာနာ ဆက်ဆံတဲ့ ရူပါ့ကို အမြဲတမ်း အနားမှာ ရှိနေစေချင်နေတယ်…ဒါကြောင့် မင်း ညဏ်မှီသလောက်  လျှောက်တွေးရင်း ကြိုးစားကြည့် မိတယ်လေ…မမှားခဲ့သေးပါဘူး ရွှေခဲလေးရယ်… မှားတယ်လို့ မထင်ပါဘူး..မင်း စိတ်ကစားပြီး မှားမလို ဖြစ်ခဲ့တာ ဒီက သိတယ်…ငယ်ရွယ်တဲ့သူမို့ ဘာပဲဖြစ်ဖြစ် စိတ်ထဲမထားပဲ ခွင့် လွှတ်ထားတယ်…ဒါကြောင့် ဘာမှ မတွေးနဲ့တော့နော်…ဒီအကြောင်း မင်းရယ် ငါရယ် ပဲ သိတာလေ…ဘာကို ရှက်ရမှာလည်း…ဘာဖြစ်လို့ မဟုတ်တာတွေ လျှောက်တွေးနေတာလည်း…ဆယ်ကျော်သက် အရွယ်တိုင်းမှာ ရှက်စရာ အမှားတစ်ခုတော့ လုပ်မိကြမှာပဲ…သင်ခန်းစာကို ယူပြီး ငါတို့ မေ့လိုက်ရင် ပြီးပြီပေါ့..မဟုတ်ဘူးလား…. နာကျင်စရာတွေ ကို ထပ်ခါထပ်ခါ တွေးနေရင် ပျော်စရာတွေ လျော့လျော့သွားတက်တယ်… ဘာဖြစ်လို့လည်းဆိုတော့ လူ တစ်ယောက်က နာကျင်နေရင်း မပျော် ရွှင်နိုင်ဘူးလေ…အချိန်တွေကတော့ နာကျင်စရာတွေးနေလည်းကုန်သလို.. ပျော်အောင် နေလည်း ကုန်နေတာပဲ မဟုတ်ဘူးလား..ဟင်.. အိပ်ပျော်နေပြီလား.."
"ဟင့်အင်း.."
အချစ် ခေါင်းကို ဖွဖွ သပ်ပြီး ရှင်းပြနေတာ အချစ် အာရုံစိုက်နားထောင်မိသည်။
ငိုချင်တာတောင် ပျောက်သလိုလိုဖြစ်နေချိန် ဦးဒီက က ခေါင်းငုံ့ကြည့်တော့ ခေါင်းရမ်းပြမိသည်..။
"နားထောင်….မင်း လိုချင်တာတွေ လိုအပ်တာတွေ  ဒီက ပေးမယ်…အရင်ထက် ပိုဂရုစိုက်ပြီး ပိုကြင်နာမယ်…မင်း နဲ့ ငါ က လက်ထပ်ပြီးသားလေ..ဒါကြောင့် မင်းအတွက် ငါ ရှိရင် ပြည့်စုံနေအောင် ကြိုးစားပေးမယ်…မင်းကို ဒီက ညီမလေး တစ်ယောက်လို ဂရုစိုက် စောင့်ရှောက်မယ်..မင်းရဲ့ စိတ်တွေကလည်း ရူပါ့အပေါ် ထားတဲ့ ပုံစံမျိုး..ဒီက အပေါ် ပြန်မြင်နိုင်ရင်တော့ ကောင်းတာပေါ့..ဒါဆို လူမှန်နေရာမှန် ပြီး စိတ်ညစ်စရာတွေပျောက်သွားလိမ့်မယ်…..ဟုတ်လား…"
"ဟုတ်.."
"မျက်နှာ မို့အစ်နေပြီ မျက်နှာ သွားသစ်ပြီး ခရင်မ် တစ်ခုခု လိမ်းလိုက်…"
"ဟုတ်.."
အချစ် ထဖို့လုပ်တော့မှ ဦးဒီက ကို ဖက်ပြီး အတင်းတိုး၀င်မိတာ ကြောင့် ရှက် သလို ဖြစ်သွားရသည်..။
မျက်နှာပူပူဖြင့် ခေါင်းငုံ့ ပြီး ရင်ဘတ်ထဲက ပြန်ထွက်ရင်း ငိုချင်စိတ်ပျောက်သွားတဲ့ ကိုယ့်ကိုယ်ကိုလည်း အံသြနေမိသည်..။
အချစ် ရေချိုးခန်းထဲက ထွက်လာတော့ ဦးဒီကက ရေသုတ်၀တ် လှမ်းပေးချိန် အားနာရပြန်သည်..။
"ရပါတယ်.."
"ရပါတယ် မလုပ်နဲ့ မြန်မြန်လုပ်…. အောက်က လူကြီးတွေ တမျိုးထင်ကုန်လိမ့်မယ်.."
"ဦးဒီက….အချစ် မတွေ့ရဲဘူး…ကိုရူပါ တို့ကို တွေ့ရင် မျက်နှာပူပြီး ငိုချင်နေတာ…ကိုယ့်ကိုယ်ကို မုန်းတယ်…ဘာလုပ်ရမလည်း ဟင်…."
"ရူပါ့ နေရာမှာ ဒီကကို အစားထိုး လိုက်ပေါ့…"
"ဘယ်လိုရမလည်း ဦးဒီက က ဒီလောက်ရုပ်ဆိုးတာပဲ…ကိုရူပါက ချောလို့  ဓာတ်ပုံစတွေ့ကတည်းက ချစ်မိသွားတာ.."
"အဟွင်း…ငါက ရုပ်ဆိုးတယ်…ဘယ်နားလည်း.."
"တစ်မျက်နှာလုံးပဲ.."
အချစ် မျက်နှာကို လက်ညိုးထိုးပြီး ပြောမိခါမှ ရိုင်းရာများကျသွားမလားလို့ စိတ်ပူပေမဲ့ ဦးဒီက ကတော့ ပြုံးနေသည်..။
"လာ…ရှေ့တိုး…"
အချစ်လက်ကို ဆွဲယူပြီး မျက်နှာလိမ်းတဲ့ ခရင်မ် အေးအေးတွေကို ယူခါ လျှောက်တို့ပေးပြန်သည်..။
"အ…ယားတယ်…အချစ်ဟာ့ အချစ်လိမ်းမယ်…"
မျက်နှာမှာ လိုက်ပွတ်ပေးနေတော့ အချစ် တွန့်လိမ်သွားခါ ကပျာကယာ ကိုယ်တိုင်ပဲ လိမ်းလိုက်ရသည်..။
"ကဲလာ…"
"ဦးဒီက…"
"လာပါ…ဒီက ရှိတယ်လေ…"
ဦးဒီက အတင်းဆွဲနေတော့ အချစ် လက်ကို ပြန်ဆွဲပြီး တားဆီးရပ်တန့်ဖို့ ကြိုးစားနေမိသည်..။
"ခဏ…ခဏ…အချစ် ပြောတာနားထောင်ပါဦး…အချစ် အိမ်ပြန်ချင်တယ်…"
"ဟင်..အိမ်ပြန်ချင်တယ် ဟုတ်လား”
"အင်း.."
"ပန်းအချစ်ဦး…ပြောတော့ မိုးကုတ် မှာထက် ရန်ကုန်မှာ ပျော်ပါတယ်ဆို..ဘာဖြစ်လို့ အခု"
ဦးဒီက က လေသံတိုးလျလျ နဲ့ ပြောတော့ အချစ် ပျာပျာသလဲ ဖြင့်
"မဟုတ်ပါဘူး..ဦးဒီကနဲ့ တူတူနေတဲ့ အိမ်ကို ပြန်ချင်တယ် ပြောတာပါ"
"သြော်..ဒီနေ့ တစ်ရက်တော့… လျှောက်လည်မယ်လေ…"
"မလည်ချင်တော့ဘူး..မမ တို့ကို တွေ့ရင် အချစ် အသက်ရှုမ၀သလို ဖြစ်နေတယ်…သူတို့ကိုလည်း မျက်နှာပူတယ်…ပြန်ပို့ပေးပါနော်…"
"ဟင်း…လည်စရာတွေ အများကြီး ရှိတယ်…မင်း မလည်ချင်တော့ဘူးလား…"
"ဟင့်အင်း…အမြန်ပဲ ပြန်ချင်တယ်…ဦးဒီက ဆီမှာ နေသရွေ့ တွေ့နေရမဲ့ မိသားစု ၀င်တွေဆိုတာ အချစ်သိပါတယ်….ဒါပေမဲ့ အချိန်နည်းနည်းပေးပါ …အခုတော့ အချစ််ရှက်တယ်..မိသားစုတွေကို တွေ့ရင် ကိုယ်လုပ်ခဲ့တာတွေပဲ သတိရပြီး ဒေါသဖြစ်တယ်…ငိုချင်တာပဲ သိနေတယ်…အဟင့်.."
"ဟာ…ထပ်မငိုနဲ့…ပြန်မယ်…ပြန်ကြမယ်နော်…အိမ်ရောက်မှ မလည်ခဲ့ရလို့ နှုတ်ခမ်းမစူနဲ့…"
အချစ် လက်ကို ဆွဲပြီး ခေါ်လာတာ အောက်ထပ်ရောက်ခါနီးတော့ လက်ကို ပြန်ဆွဲထားမိပြန်သည်..။
"အချစ် ဘယ်လိုနေရမလည်း ဟင်.."
"ဟန်ဆောင်ပြီးနေပေါ့….မင်း ကျွမ်းပါတယ်.."
ဦးဒီက အပြောကြောင့် အချစ် သက်ပြင်းချလိုက်ပြီး  ကိုယ့် အရည်အချင်း တွေကို မယုံချင်သလိုလို ဖြစ်လာရသည်..။
"အချစ် မလုပ်တက်တော့ဘူး.."
"အဟွင်း…နာကျင်နေလည်း ပြုံးထား…ဒါ ဘ၀မှာ စိတ်ပျက်စရာကောင်းတဲ့  လောက၀တ် တစ်ခုပဲ …"
ဦးဒီက လက်ဆွဲခေါ်တဲ့ နောက်ကို မဝံ့မရဲ လိုက်လာရင်း အချစ်ရင်တွ ခုန်နေရသည်.။
"သြော်…လာကြပြီ …ဟယ်..ဒီလင်မယား နှစ်ယောက် ဒီပုံစံ ပဲလား.."
"ဟုတ်..မာမီ…ဒီက ပြန်ရမယ်…"
"ဟင်..ဘာဖြစ်လို့လည်းသား…"
"အရေးကြီး ကိစ္စ ရှိနေလို့ပါ…"
"အင်း စလာပြီ…မင်း အလုပ်တွေ ခဏ ထားလို့မရဘူးလား…သမီးက တစ်ခါတလေ လာရတာ ဘယ်မှလည်း မလည်ရသေးဘူး..…"
"ရပါတယ်..ဖိုးဖိုး…အချစ် နောက်တစ်ခါ မှ လည်မယ်လေ..ခဏခဏ လာရမှာပဲ…ဖိုးဖိုးရဲ့.."
" အတ်ိုင်အဖောက်ကို ညီနေတာပဲ…ပြန်ဖို့ ကိစ္စ ညီ စီစဉ်ပေးမယ်လေ…ကိုကို တို့ လည်ချင်ရင် လည်ပေါ့.."
"ဒီနေ့ ပြန်မှ ဖြစ်လိမ့်မယ်.."
"ဟောဗျာ…"
"ပြောမနေနဲ့တော့ မောင် …ကိုကြီး က ပြောလည်း ရမှာလည်း မဟုတ်ဘူး…ဟွန့်..ညီမလေး တစ်ယောက်ရလို့ ပျော်နေတုန်း ရှိသေးတာကို ပြန်တော့မယ်တဲ့.."
"နောက်လည်း လာမှာပေါ့ မမရယ်…"
"အင်းပါ မလာရင် အိမ်လိုက်ခဲ့မယ်.."
"ဟုတ်.."
"ပန်းအချစ်ဦး…ပစ္စည်းတွေ သွားသိမ်းထားလိုက်.."
"ဟုတ်.."
ဦးဒီက က အလိုက်သိစွာ ခိုင်းလိုက်တော့ အချစ် စိတ်ထဲ ကျေးဇူးတွေ အထပ်ထပ် တင်နေမိသည်..။
"သားကလည်းကွာ…ကလေး သာသာ လေး ယူထားတာ အလိုတော့ လိုက်မှပေါ့.."
ဒက်ဒီက ဆူပြော ပြောတော့ ဒီပါ ပြုံးလိုက်ခါ စားပွဲမှာ ၀င်ထိုင်၍ ရေငှဲ့ သောက်ရတော့သည်..။
ဒီထက် အလိုလိုက်လို့ မဖြစ်တော့ဘူး ဒက်ဒီရေ….
တစ်ခါမှ မလုပ်ဖူးပေမဲ့ ကြိုးစားပြီး ချော့လိုက်ရတာလည်း လျှာတောင် တိုသွားပြီလို့ တွေးရင်း သက်ပြင်း ခိုးရှိုက်၍ ရေနဲ့ မျှောချနေရသည်.။
"သွားမယ်…မာမီ….ဖိုးဖိုးတို့..အိမ်ကိုပြန်လာမယ် မလား…အားလုံးကို အချစ် မျှော်နေမယ်နော်.."
"အေးပါ သမီးရဲ့…"
"သွားပြီ…မမ…အားလုံး အတွက် ကျေးဇူးတင်ပါတယ်.."
အချစ် ကို ပွေ့ဖက် နှုတ်ဆက်နေတဲ့ မမ ကို ပြန်ဖက်ရင်း ရင်ထဲမှာ တလှပ်လှပ်ဖြစ်နေရသည်..။
ကိုကို့ ကို ပြုံးပြ နှုတ်ဆက်ရုံကလွဲလို့ ပြောစရာ စကား တွေ ထွက်မလာနိုင်တော့ စိတ်တိုရပြန်သည်..။
"သွားပြီ.."
"အင်း..ဖုန်းဆက်နော်…"
"ဟုတ်…"
ကားပေါ်ရောက်တာနဲ့ ဦးဒီက လက်မောင်းမှာ  မျက်နှာ အပ်ပြီး ငိုချင်လာပြန်သည်..။
"ရွှေခဲ…မငိုရဘူးနော်…"
"ဟုတ်.."
"မပြန်ခင် နည်းနည်း လျှောက်လည်ဦးမလား.."
"အချစ် ဒီမှာမပျော်ဘူး…"
"….."
ဦးဒီက ဆီက ဘာစကားမှ ထွက်မလာတော့ စိတ်ဆိုးသွားပြီလားလို့ တွေးရင်း စိတ်မကောင်း ဖြစ်ရသည်..။
အလာတုန်းက ရင်ခုန် စိတ်လှုပ်ရှားနေရပေမဲ့ အခုတော့ ရင်ထဲမှာ မွန်းကြပ်နေလို့ တိတ်ဆိတ် ငြိမ်သက်ခါ အိပ်ချင်ယောင်ဆောင်၍  ခရီးတစ်လျှောက်လုံးကို ဖြတ်သန်းလာခဲ့သည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
အချစ်တော့ သိသွားရှာပြီ
အဆက်မမိ ပုံစံမကျရင် ဖြည့်ဖတ်ပေးပါနော်
မတွေးတက် မရေးတက်တော့လို့ပါ 🙏
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now