Part 28

3K 129 1
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၈)
#မုန်းပါနဲ့ဦး

"ရွှေခဲ…"
"ဟင်.."
"သင်တန်းသွားရမယ်လေ..ထတော့.."
"ဟုတ်."
အချစ် ကြောက်လို့ မသွားရဲပေမဲ့ ဦးဒီက က ပါးကို ပုတ်ပြီး နိုးတော့ ငုတ်တုတ် ထထိုင်လိုက်ရသည်..။
ဦးဒီက က အ၀တ်အစားတောင် လဲထားပြီးပြီ။
အချစ် ဆံပင်တွေကို လက်နဲ့သပ်ပေးရင်း ပြုံးပြသည်..။
"ညက အိပ်မက် မှတ်မိသေးလား.."
"ဟင့်အင်း.."
"အဟွင်း..ကလေးလိုပဲ…ငိုလိုက်တာ.."
"ဦးဒီက သွားတော့မလို့လား.."
"အင်း..ညကျရင် နောက်ကျမလား မသိဘူး..အိပ်နှင့်နော်.."
"ဟုတ်.."
အချစ် လက်ကို ကိုင်ပြီး ဘေးမှာ ထိုင်ခါ ပြောလိုက်တော့ ခေါင်းညိတ်လိုက်ရပေမဲ့ ငိုချင်လာပြန်ပြီ..။
ပါးကို ကိုင်လှုပ်ပြီး ခေါင်းကို ပွတ်ပေးခါ အခန်းထဲက ထွက်သွားတော့ အချစ် ၀ရန်တာ မှာ ထွက်ခါရပ်စောင့်ပေးလိုက်သည်..။
ဒါ ဘယ်သူမှ မခိုင်းပေမဲ့  အချစ်ရဲ့ နေ့တိုင်း မပျက်မကွက် လုပ်ဖြစ်နေတဲ့ တာ၀န် တစ်ခုလေ…။
ဦးဒီက က ကားထဲကနေ လက်လှမ်းပြတော့ အချစ် လက်ပြလိုက်ပြီး ကျောခိုင်းခါ အိမ်ထဲ ၀င်လာရသည်..။
"ဟင်း.."
အချစ် သက်ပြင်း တစ်ချက် ချရင်း ပုံတူ ပန်းချီကားကြီးကို မော့ကြည့်နေမိသည်..။
ညတုန်းက ဘာဖြစ်လို့များ အရူးထပြီး ငိုမိတာပါလိမ့်နော်…။
အချစ် သင်တန်းမှာ ပြဿနာရှာခဲ့ပြီး တစ်နေ့ကုန် ကြောက်နေခဲ့ရတာလေ..။
ညပိုင်း ဦးဒီက ပြန်လာတော့ လည်း စာဖတ်ခန်းထဲ ၀င်သွားလို့ အကြာကြီး ထိုင်စောင့်နေရသည်..။
နောက်ဆုံး အိပ်ချင်လာလို့ မအိပ်ခင် ပြောပြမလို့ သွားခေါ်တော့လည်း လိုက်မလာဘူးလေ…။
ဘာမှ တွေးစရာ မရှိပေမဲ့ ဦီးဒီက ကို ပြောပြခွင့်မရတာကို အချစ်မှာ ၀မ်းနည်းပက်လက် ဖြစ်နေရသည်.။
ပန်းအချစ်ဦးတို့ ရူးသွားရှာပြီ…ဆေးရုံတွေ ဘာတွေ သွားပြသင့်နေပါပြီ..။
ဦးဒီက မသိတော့ကော ဘာဖြစ်လို့လည်း..ကိုယ့် ပြဿနာ ကိုယ်ရှင်းရမှာပဲလေ..။
အချစ် စိတ်တင်းပြီး အ၀တ်အစားလဲခါ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်..။
ကြီးကြီး က ရှမ်းခေါက်ဆွဲ ပြင်ပေးတော့ အချစ် နှစ်ပွဲစားပြီး သင်တန်းကို ထွက်လာခဲ့ရသည်..။
"ကိုဖိုးကောင်း.."
"ဟင်.."
"ဘာမှ မဟုတ်ပါဘူး..တာ့တာ.."
"အင်း.."
အချစ် သင်တန်းထဲ ၀င်ဖို့ ကိုကြောက်လို့ တစ်နေရာမှာ တစ်ခါ နားပြီး လျှောက်နေရသည်..။
"ဟိတ်.."
"ဟင်..ရဲဇာနည်.."
"နာမည် မှတ်မိတယ်ဟ…ကိတ်ကောင်းလား.."
"နင့်ရည်းစားကို သွားမေး.."
"ဘယ်က ရည်းစားလည်း.."
"ဖွေးဖွေးဖြူ ကိုလေ.."
"ဟာ…အဲဒါ အိမ်နားက သူငယ်ချင်းပါကွာ..ဘာလည်း ဖွေးဖွေး..ပြဿနာ ရှာလို့လား.."
"ရှာတယ်..အချစ်လည်း သူ့ကို ကိတ်မုန့်ပြန်ခွံပေးလိုက်သေးတယ်.."
"သြော်…သူငယ်ချင်းတွေကို ချစ်တယ်နော်..ပန်းအချစ်ဦး က သဘောကောင်းသားပဲ…"
"လိုက်နောက်မနေနဲ့…ကိုယ့်ဇယား ကိုယ်ရှင်း.."
အချစ် လက်ညိုးထိုး ပြောလိုက်ပြီး ဆက်လျှောက်လာတာကို ဘေးက ကပ်၍ ပါလာတော့ မှုန်ကြုတ်ကြုတ်ဖြင့် ပြန်ကြည့်မိသည်..။
မျက်နှာက ချောမှုန်နေသလောက် ရယ်ကြဲကြဲ လုပ်နေတာ ထုရိုက်ပစ်ဖို့ ကောင်းပါသည်..။
ဦးဒီက နဲ့ စကားမပြောရလို့ စိတ်ညစ်နေရတာကို..သူက တစ်မျိုး...။
"ဟော…ဖွေးဖွေး.."
"ဒီမှာ ပြောဦး…နင် နဲ့ ငါ့ကို ရည်းစားတွေတဲ့…လုပ်ဦးဟ…"
အချစ်ကို လက်ညိုးထိုးပြီး ပြောတော့ ဖွေးဖွေးက မျက်ရည်ပြည့်နေတဲ့ မျက်၀န်းတစ်စုံနဲ့ အချစ်ကို ဆိုက်ကြည့်ပြီး ထွက်သွားသည်..။
"ဟာ..ရှင်းသွားပါဆို.."
ရဲဇာနည်က နောက်က ပြေးလိုက်သွားတော့ အချစ် သင်တန်း အခန်းထဲကို ၀င်လာခဲ့လိုက်သည်..။
"ဟဲ့..ပန်းအချစ်..ဇာနည် နဲ့ ဘယ်လိုလည်း.."
"ဘာကိုလည်း..မမပိုး…"
"ဟိုက နဲ့ ဘာမှ မဟုတ်ဘူးတဲ့လေ…ငါတို့ ကို အတင်းလာရှင်းပြနေတာ ဘာလိုချင်လို့ ဝဲနေလည်း သိသာတယ်နော်.."
"ထားလိုက်ပါ.."
"အေး..ထားချင်ရင် ထားလိုက်…ငါတို့ ကို နင့်အိမ်ကို ဘယ်တော့ ခေါ်မလည်း…သဘက်ခါ နင့်မွေးနေ့ဆို..ငါတို့ လာရတော့မလား.."
"ဟို..လာလို့မရဘူး…ဦးက မကြိုက်ဘူးတဲ့.."
"အိုး..နင့်…ဦးက နင့်ကို မချစ်ဘူးလား.."
'အေးလေ…တူမလေး မွေးနေ့ကိုတောင် မလုပ်ပေးဘူးလား..သူများတွေဆိုရင် ပွဲတွေ ကြီးကြီး ကျယ်ကျယ် လုပ်ပေးနေတာကိုပဲ..အခုတော့ သူငယ်ချင်းတွေကိုတောင် မခေါ်ရဘူးတဲ့လေ.."
"ထားလိုက်ပါဟာ…သူ့ အိမ်အကြောင်း သူ ပိုသိမှာပါ..အဲဒါကြောင့် အပြင်ကို ကြည့်ပြီး အားမကျနဲ့လို့ ပြောတာပေါ့…ငါ့အိမ်ကိုဆိုရင် အားလုံး ဖရီးပဲ  နင်လည်း လာလည်ပေါ့ ပန်းအချစ်ဦး..နင့် ဘ၀ကလည်း  ပျော်ရွှင်မှု မရှိတဲ့ လူငယ်လို ဖြစ်နေတယ်…ငါတို့နဲ့ ပေါင်းလိုက် ပျော်သွားစေရမယ်.."
"အင်း..အချစ်လည်း မမ တို့နဲ့ ခင်ရတာ ပျော်ပါတယ်.."
"ဟား..ဟား..ပြောပုံလေးကလည်း…သနားစရာလေး…လာ…လာ…စိတ်ညစ်မနေနဲ့…ဘ၀ ဆိုတာ ဒါပဲ…တို့က လူငယ်တွေပဲလေ.."
မမ သိမ့်စု က အချစ် ပခုံးကို ဖက်ပြီး ဆွဲထုတ်ခေါ်သွားလို့ စိတ်မကောင်းဖြစ်နေတာ လျော့သွားရသည်.။
ဒါပေမဲ့ သူတို့ပြောသလို အချစ်ဘ၀က လူငယ်ဘ၀ ပျောက်ဆုံးနေတာပဲလေ…။
.
"ဦးဒီက…"
"အင်း.."
အချစ်ကို မကြည့်ပဲ လူစီဖာ့ကို ငုံ့ကြည့်ခါ ပွတ်ပေးနေတော့ အမွှေးကြမ်းတွေနဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး လှည့်လိုက်ရသည်..။
"အချစ်ကို ကြည့်ကြည့်…"
"ကြည့်ကြည့်ပြီ.."
"အချစ်ကိုချစ်လား.."
"လ်ိမ်မာရင် ချစ်တယ်.."
"အခု အချစ်လိမ်မာလား.."
"ရွှေခဲ ဘာတွေ လုပ်ထားလည်း ဒီက ဘယ်လို သိမလည်း.."
"အခုလို ငြိမ်ငြိမ်လေး ထိုင်နေတာ မလိမ်မာဘူးလား.."
"အဟွင်း…ဟုတ်ပါပြီ….လိမ်မာတယ်..ချစ်တယ်ပေါ့…"
မျက်နှာကြီးကို ပြုံးပြီး မျက်လုံးမှိတ် ခေါင်းညိတ်၀န်ခံလိုက်တော့ အချစ် ပြုံးစေ့စေ့ ဖြစ်သွားရသည်..။
"ချစ်ရင်..အချစ် သူငယ်ချင်းတွေကို အိမ်ကို ခေါ်ချင်တယ်.."
"ဖေကြီးက ဆူတာ မကြိုက်ဘူး..ဒီက လည်း မကြိုက်ဘူး.."
"ဖိုးဖိုး ပြန်မလာခင် တစ်ရက်ပဲ  ခေါ်လိုက်မယ်လေ…အချစ်မွေးနေ့ ရှိတယ်လေ…"
"မဖြစ်ပါဘူး..တခြားကိစ္စပဲ ပူဆာ ပါလား."
ဦးဒီက က လုံး၀ လက်မခံသလို ပြောလိုက်တော့ အချစ် မျှော်လင့်ချက်လေး လွင့်ပြယ်သွားခါ စိတ်မကောင်း ဖြစ်ရသည်..။
"ဟင့်…အချစ်ကို သူငယ်ချင်းတွေက သနားဖို့ကောင်းတယ်ပြောနေပြီ.."
" အခုလို အားပေးတက်တဲ့ သူနဲ့ မပေါင်းနဲ့ပေါ့ သူတို့စကားက အားငယ်တဲ့သူကို ပိုပြီး စိတ်မကောင်းအောင် လုပ်နေတာပဲ.."
"တော်ပြီ..ဦးဒီက နဲ့..မပြောချင်တော့ဘူး.."
ဒီပါ့ကို မှုန်ကြုတ်ကြုတ်ကြည့်ပြီး ဆောင့်အောင့်ထသွားတော့ ပြုံးမိသွားသည်..။
"ဟေ့…သွားတိုက်ပြီးမှ အိပ်နော်.."
"မတိုက်ဘူး."
"မတိုက်ရင် အပြင်ထွက်အိပ်.."
"ကောင်းတယ်..ဒီမှာ မအိပ်ဘူး…"
"ဟာ.."
ဒီပါ့ စကားကို ခေါင်းညိတ်ပြီး ခေါင်းအုံး ပိုက်ခါ ထွက်လာတော့ မျက်လုံးပြူး သွားရသည်..။
စာဖတ်ခန်းဘက်ကို ၀င်သွားတော့ ဒီပါ့ပေါင်ပေါ်က လူစီဖာကို ခုံပေါ်တင်ပြီး  ထလိုက်သွားမိသည်..။
"ဒါ ဘာလုပ်တာလည်း…"
"ဒီမှာ အိပ်မယ်.."
"မနက်ကျရင် တစ်ကိုယ်လုံး နာနေလိမ့်မယ်.."
"ရတယ်..အချစ်မှာ ပိုင်တဲ့ အခန်းမှ မရှိတာပဲ.."
"ဟုတ်ပါပြီ…ဟိုဘက်အခန်းက မင်းအခန်းပါ ဟုတ်လား.."
"မဟုတ်ဘူး..မဟုတ်လို့…ဦးဒီက ခဏခဏ နှင်နေတာပေါ့လို့..."
"ကဲ…နောက်မပြောတော့ဘူး..လာပါ…"
ဒီပါ ခေါင်းအုံးကို ဆွဲယူတော့ ပြန်လုဆွဲနေတာ စိတ်မရှည်ချင်စရာရုပ်ကလေး..။
ခေါင်းအုံးကို လွတ်ပေးလိုက်ပြီး ခါးလယ်က ကိုင်ပွေ့ချီလာတော့ မျက်လုံးပြူးလေး ဖြင့် ပါလာတော့သည်..။
"ဦးနော်…ဦးဒီက..ချလေ.."
"ခုတင်ပေါ်ရောက်နေလို့မလား..ကြမ်းပြင်ပေါ် ပစ်ချလိုက်ရမလား.."
"လုပ်လေ….အချစ်လည်း..ဦးဒီက ကို ပြန်ချိုးလိုက်မယ်.."
"အဟွင်း…မင်းကလေ..တစ်ခုခု ကို မကျေနပ်တိုင်း ရန်ထောင်နေတာပဲ…ကဲ မပြောတော့ဘူး…သွားမတိုက်လည်း အိပ်တော့…"
ဒီပါ ခုတင်ပေါ် တင်လိုက်ပြီး ပြန်လှည့်ထွက်လာတော့ ခုတင်ပေါ် ငုတ်တုတ်ထထိုင်လိုက်ပြီး လက်ကိုဆွဲခါ..
"ဦးက ဘယ်လည်း.."
"မင်းပဲ တူတူ မအိပ်ချင်ဘူးဆို.."
"တစ်ခါမှလည်း မပြောဘူး.."
နှုတ်ခမ်းလေး စူခါ ပြောတော့ ဒီပါ အပြင်ကို ထွက်လာပြီး လူစီဖာ့ကို ခေါ်ခါ မီးတွေ မှိတ်ခဲ့ရသည်..။
"အဲ့ကြောင်ကို ဘယ်တော့မှ မမေ့ဘူး..ဦးက အချစ်ကို တကယ်ချစ်တာ မဟုတ်ဘူး..လူစီဖာ့ကိုပဲ ချစ်တာလေ.."
"တူတူ ချစ်တာပါကွာ.."
"တူတူ ချစ်ရအောင် အချစ်က ကြောင်လား.."
"မဟုတ်ဘူး…ငှက်လေ…"
"တွေ့လား.."
"မတွေ့ဘူး.."
"ဦးနော်..ဦးနော်…ဘာဖြစ်နေတာလည်း.."ဒီပါ့ လက်မောင်းကို တွန်းထုတ်ပြီး ရန်တွေ့နေတော့ လက်ကို ပြန်ဖမ်းကိုင် တားဆီးပြီး  အိပ်ယာထက်မှာ လဲချအိပ်လိုက်မိသည်..။
"လူစီဖာ မကြားအောင် ပြောရရင်တော့ ပန်းအချစ်ဦးကို ပိုချစ်တယ်.."
"မချစ်နဲ့တော့ ကြောင်မကြီးကို လည်း ချစ်နေတာပဲ…"
"ကြောင်ထီးပါကွာ.."
"ဒါဆို ဦးဒီက ကလည်း မိန်းမလျာကြီးပဲ.."
"ဟာ…မဟုတ်ပါဘူး..အဟွင်း…နှုတ်ခမ်းစူ ရန်တွေ့မနေနဲ့ လာ အိပ်တော့.."
ဒီပါ လက်ကို ဆွဲချပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ နှုတ်ခမ်းလေးမှ စလို့ တစ်ကိုယ်လုံး ငြိမ်ကျသွားတော့သည်….။
အဟွင်း…အခုတော့ မင်း အမြဲ ကျောခိုင်းထားတဲ့  အဘိုးကြီး တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ငြိမ်သက်စွာ အိပ်တက်နေပြီပဲ ကောင်မလေးရယ်..။
.
"ဒီနေ့..သင်တန်း အချိန်ပြောင်းလို့ နောက်ကျလိမ့်မယ်.."
"အိုး..စိတ်ညစ်လိုက်တာ…"
အချစ် ခေါင်းကုတ်ရင်း သင်တန်းမှာ ငုတ်တုတ်ထိုင်ခါ ဖုန်းနှိပ်နေမိသည်..။
ဓာတ်ပုံတွေထဲ လျှောက်၀င်ရင်း ဦးဒီက အိပ်နေတဲ့ပုံကို ရောက်သွားတော့ ရယ်လိုက်မိသည်…။
လူစီဖာ ငရှုပ်ကြီး ပုံလည်း ပါနေတော့ အချစ် မျက်မှောင်ကြုတ်ပြီး ပြန်ထွက်လိုက်သည်..။
"ဟိတ်.."
"ဟင်..ဇာနည်.."
"ကိုထည့်ခေါ်ပါဗျာ..အချစ်လေးထက် အသက်ကြီးတယ်ဗျ.."
"ဘာလည်း..ပန်းအချစ်ဦး.."
အချစ် မျက်မှောင်ကြုတ်ပြီး မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်တော့မှ လက်မြှောက်ပြီး ရယ်ပြသည်..။
အမြင်ကပ်ဖို့ကောင်းလိုက်တာ….။
"အင့်..ဒီမှာ ကိုယ်လုပ်လာတဲ့…အထူးမုန့်…အားလူးကွတ်ကီးလေ.."
"မစားချင်ဘူး."
"စားကြည့်ပါ ပန်းအချစ်ဦးရယ်..ဆွေမျိုး မမေ့ရင်တောင် ကိုယ့်ကို လုံး၀ မေ့မှာ မဟုတ်ဘူး.."
"မမသိမ့်တို့ကို ကျွေးလိုက်ပါ အချစ် ဗိုက်မဆာဘူး…"
"စိတ်မကောင်းစရာပဲ.."
ပန်းကန်ကိုင်ပြီး ပြန်ထွက်သွားတော့ အချစ် မှားများသွားပြီလား လို့ တွေးမိသည်..။
သူက အရမ်းစတက်လို့ အစကတည်းက ရှင်းရှင်းနေလိုက်တာပါလေ…။
"ဟယ်…ရှယ်ပဲ…"
"အေးလေ…ဒါကိုများ လွင့်ပစ်ရတယ်လို့.."
"ဟိ…ငါတို့ကလည်း ငတ်တာ အမှိုက်တောင်းထဲက ကောက်စားရတယ်.."
"ဘာဖြစ်လည်း သူ အခုမှ ထည်ှ့ုသွားတာလေ..အိတ်လည်း ပါသားပဲ.."
"ပန်းအချစ်ဦး..ရေ…နင့်အတွက် လုပ်ထားတာ ဖြစ်မယ်…ဒီမှာ ဟက်ပီဘတ်ဒေးလို့ ရေးထားတယ်.."
"ဟင်.."
အချစ် ပြေးကြည့်လိုက်တော့ မုန့် တစ်ချပ် ချင်းစီမှာ အင်္ဂင်္လိပ် အက္ခရာတွေ ပါနေပြီး တစ်ချို့ မုန့်တွေက စားလိုက်တော့ စာလုံးတွေ လိုနေပြီ..
ကိုယ့် အတွက် အလေးထားပြီး လုပ်ပေးပေမဲ့ တန်ဖိုး မထားမိတော့ အားနာမိသည်..။
သူငယ်ချင်းတွေ အမှိုက်တောင်းထဲက ဘူးလေး ပြန်ကောက်ပြီး စားနေကြတာမို့ အချစ် လည်း နှစ်ခု ယူစားလိုက်တော့ တော်တော် ကောင်းတဲ့ မုန့်မျိုးပါလေ..။
ရဲဇာနည်သာ ဆိုင်ဖွင့်ရင် တော်တော် ရောင်းကောင်းမှာလို့ စိတ်ထဲ က မှတ်ချက်ပေးလိုက်မိသည်..။
"ဟလို ကိုဖိုးကောင်း လား.."
"ဦးရှိလားဟင်...ဟုတ်..ခဏပေးလိုက်ပါလား..„
"ဦးလား..”
"အင်း.."
"ဒီနေ့ စောမလားဟင်.."
"နောက်ကျမယ်..ရွှေခဲရဲ့…ဘာဖြစ်လို့လည်း.."
"ဒီနေ့ အချစ်မွေးနေ့လေ.."
"သြော်..ဘာများလည်းလို့ မွေးနေ့ ဘာဖြစ်လို့လည်း.."
"ဘာမှ မဟုတ်ပါဘူး..ဒါပဲနော်.."
"အင်း."
အချစ် ဖုန်းချလိုက်ပြီး မျက်တောင် ပုတ်ခတ်ရင်း မျက်ရည်တွေက အိခနဲ့ ဆင်းကျသွားတာ မတားလိုက်နိုင်ပါ..။
သိတာ မကြာသေးတဲ့ ရဲဇာနည်ကတောင် အချစ် မွေးနေ့ကို အမှတ်တရ တန်ဖိုးထားပြီး ကိုယ်တိုင် မုန့်လုပ်ပေးနိုင်သည်..။
အချစ်ကို အရမ်းချစ်ပါတယ် ဆိုတဲ့သူ… အချစ် ….အခင်ရဆုံး အားကိုးမိဆုံး လူက
"မွေးနေ့ ဘာဖြစ်လို့လည်း "တဲ့လား..။
ဦးဒီက….အချစ်ကို တကယ် ချစ်တာမှ ဟုတ်ရဲ့လား လို့ စိတ်ထဲ တွေးမိတော့ ဘာကြောင်ှ့မှန်း မသိ ၀မ်းနည်းလာရသည်..။
.
"ဟင်..ကြီးကြီးတို့ မရှိဘူးလား.."
"ရှိပါတယ်..အထဲမှာ ဖြစ်မယ်.."
"ခြံထဲက မီးမှိန်နေလို့ပါ…သြော်..အချစ်က ခုချိန်မှ ပြန်မလာဖူးတာလေ…"
ကိုဖိုးကောင်းကို ပြောပြီး အချစ် ခပ်ဖြည်းဖြည်းလျှောက်လာတာ ကြိုးတစ်ခုကို တက်နင်းမိချိန် ခေါင်းလောင်းသံ ထွက်သွားသည်..။
"ဟက်ပီဘက်ဒေး.."
"ဟင်.."
ခြံထဲမှာ အလှမီးရောင်စုံလေးတွေ လင်းထိန်သွားပြီး သင်တန်းက မမသိမ့်တို့လည်း ရောက်နေတော့ မျက်လံုံးပြူးသွားရသည်…။
"လာ..လာ…မွေးနေ့ရှင်လေး.."
"ဟင်.."
အချစ်မှာ သူတို့ ဆွဲခေါ်ရာကို ပါသွားပြီး ခြံ၀န်းထဲက စားပွဲဝိုင်းအနားမှာ ခုံနည်းနည်း ထပ်ချထားသည်..။
စားပွဲပေါ်မှာ နှစ်ထပ် ကိတ်မုန့်ကြီးနဲ့ အတူ ဖယောင်းတိုင်တွေလည်း အများကြီး ထွန်းထားခါ အင်္ဂလိပ် နံပါတ် 18 လည်း ပါသေးသည်..။
"လာ.ဗိုက်ဆာပြီ.."
"ဟက်ပီဘက်ဒေး ပန်းအချစ်ဦး.."
"မှုတ်လေ.."
"ဟင်…အင်း.."
အချစ်ခေါင်းညိတ်လိုက်ပြီး ပြောတဲ့ အတိုင်း ဖယောင်းတိုင်တွေကို ငုံ့၍ မှုတ်လိုက်သည်..။
သူတို့တွေ အားလုံးကို ဘယ်သူ ခေါ်လိုက်တာပါလိမ့်…။
အချစ် ခေါင်းထဲ တစ်ယောက်တည်းကို ပြေးမြင်ယောင်ရင်း ကားကို ကြည့်လိုက်တော့ မျှော်လင့်ချက် မဲ့သွားသည်..။
ဦးဒီက လုပ်ပေးတယ်ဆိုရင်တောင် အခုချိန် အိမ် ပြန်လာဦးမှာ မဟုတ်ပါဘူး…။
"ကိတ်မုန့်ခွံပါ.."
"အ.."
အချစ် ကိတ်မုန့်ကို လှီးတာလည်း တစ်ခါမှ မလှီးဖူးလို့ အလွဲလွဲ အချော်ချော် နဲ့ ဘေးစောင်း လှီးလိုက်မိသည်..။
ဖြည်းဖြည်း ဖဲ့လှီးလိုက်ပြီး ဇွန်းနဲ့ ခပ်ရင်း ကျွေးရမဲ့လူကို ရွေးနေချိန် ရဲဇာနည်က ခေါင်းငုံ့ပြီး စားပစ်လိုက်သည်..။
"ဟဲ့.."
"ဟာ…"
"ကြည့်စမ်း..ဇာနည် ကောင်စုတ်.."
"အဟား..သွက်တဲ့သူ စားကြေးလေ…"
အချစ် ဘာမှ မပြောတော့ပဲ သူတို့ အချင်းချင်း ရန်ဖြစ်နေချိန် ကိတ်မုန့်ကိုထပ်လှီးခါ ပန်းကန်ထဲ ခွဲထည့်ပေးနေရသည်..။
"ကိတ်မုန့်က တော်တော် ကောင်းတာပဲနော်.."
"အေးလေ…အိအိလေး ချောကလက်တွေလည်း အများကြီးပဲ ပါတယ်…အိပျော်သွားတာပဲ.."
"ဖယောင်းတိုင်လေးတွေက အစ စားလို့ရတယ်နော်.."
"ဟဲ့…ကြည့်လည်း လုပ်ဦးနော်..အထဲရောက်ပြီး လင်းနေဦးမယ်.."
"ဟား…ဟား..အ၀မှာ လင်းနေမှ ဒုက္ခ.."
"စားသောက်နေတာကို …ညစ်ပတ်တာ ကောင်စုတ်မလေးတွေ…"
"ပန်းအချစ်တို့က သူဌေးပဲ…သူ့ဦးလေးကလည်း တော်တော် အလိုလိုက်တယ်နော်…ဒီမှာကြည့်စမ်း…နင် မသိပဲ တို့တွေ ဖိတ်စာရတာ.."
အချစ်လက်ထဲကို လှမ်းပေးတဲ့ ဖိတ်စာ အပြာလေးကို ဖွင့်ဖတ်လိုက်တော့  မွေးနေ့ ဖိတ်စာ ပုံစံမျိုးပါပဲ..အောက်ဆုံးမှာ
အစီအစဉ်တွေကို မွေးနေ့ရှင်အား အသိမပေးပါနဲ့ ဆိုတာ ပါသေးသည်..။
တော်တော် ကလေးဆန်တဲ့ ဦးလေးကြီး..။
"နင့်..ဦးလေးကော.."
"ဟင်…ပြန်မလာသေးဘူး.."
"သြော်…"
"ကောင်းပါတယ်..တို့တွေချည်းပဲဆိုတော့ လွတ်လပ်တာပေါ့…"
"အင်း."
"အိမ်ကြီးကလည်း မိုက်လိုက်တာ..ငါတို့ နင့်ကို ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတာလေ.."
"သြော်.."
"အထဲမှာလည်း အရမ်းလှတယ်ဟာ..နင့်ကို အားကျတယ်.."
"အားမကျပါနဲ့…အားလုံးမှာ အားနည်းချက် ကိုယ်စီ ရှိပါတယ်."
အချစ် ရင်ထဲက စကားတွေကို ပြောလိုက်ခါ စိတ်မကောင်းဖြစ်သလိုလို ငိုချင် သလိုလို ဖြစ်လာရသည်..။
"ဟိဟိ..မွေးနေ့ လက်ဆောင်လည်း ပါမလာဘူး…ရတယ်မလား..."
"အင်း.."
"ဒါပေမဲ့ ..ဒီမှာ လက်ဆောင်ထုတ်တွေ လုပ်ပေးထားတယ်..နင် က ငါတို့ကို လက်ဆောင် ပြန်ပေးရမှာလေ..ဟဲ..ဟဲ…ပါဆယ်ဂိမ်းဆော့မယ်…"
"ဒါတွေက…ဘယ်လိုဖြစ်ပြီး.."
အချစ် ခုံနောက်က လက်ဆောင်ဘူးတွေကို ကြည့်ပြီး မေးလိုက်တော့ အကုန်လုံးက ပခုံးတွန့်ပြပြီး..
"ငါတို့ ပါဆယ်ဂိမ်းဆော့ဖို့ လုပ်ထားတာတဲ့လေ..ဟိုကောင်မလေး ပြောတာ.."
"သြော်…မေဖူးလာလေ…"
အိမ်၀မှာ ခေါင်းထုတ်ပြီး ကြည့်နေတော့ အချစ်ခေါ်လိုက်တာ ချက်ချင်းကို ပြေးထွက်လာတော့သည်..။
"လက်ထဲကို ပါဆယ်ကျတဲ့သူက အဲဘူးကို အိမ်ယူသွားခွင့်ရမှာတဲ့..ဟိဟိ..နင့်မွေးနေ့က အမှတ်တရ လက်ဆောင် ပြန်ပေးတော့ အားနာစရာကြီး..ကျန်းမာပါစေ..ချမ်းသာပါစေ..ချစ်ရသူနဲ့ လက်ထပ်နိုင်ပါစေ…"
"ဟိဟိ…ငါတို့လည်း သူပြောသလိုပဲ ဆုတောင်းတယ် သိလား..."
"ကဲ..ကဲ..စမယ်.."
အချစ်မဆော့ဖူးပေမဲ့ မမသိမ့်က ပြောပြလို့ သဘောပေါက်ပြီး ပါဆယ်ပုံးကို ကိုယ်လက်မှာ မကြာအောင် ပြန်ပေးနေမိသည်..။
"အယ်…မမပိုးပိုး…ဟိဟိ…"
"ကဲ..ကဲ…သီချင်းရပ်သွားပြီ ဆိုတော့…မဲနှိုက်ပါ.."
"အင့်.."
"ကြောင်လို လေးခါ အော်ပြပါတဲ့.."
"အင်..ကဲ…အော်တော့…ပိုးပိုးရေ…"
"ဟိ..ဟိ…ညောင်…ညောင်..မြောင်..မြောင်.."
"ဟား..ဟား…ကြောင်မလေး…ဖြစ်သွားပြီ…ပါဆယ်ကို အိမ်ကျရင် ဖောက်ကြည့်ပြီး ငါတို့ကို ပြန်ပြောနော်.."
"အေးပါ.."
မမပိုးပိုး ရသွားတဲ့ ပါဆယ် ပုံးကို လိုက်ကြည့်ရင်း အချစ် စိတ်ထဲ အားကျသလိုလို ဖြစ်လာသည်..။
အကြီးကြီးကို အရင် စပစ်မိတာမှားတာပဲ အကြီးကြီး ချန်ထားရင် အချစ်ရဖို့ကို…။
တုံးလိုက်တဲ့ ပန်းအချစ်ဦး ပါလားနော်…။
"ကဲ..ကဲ…စမယ်.."
"အ.."
"အင့်.."
"ဇာနည်…"
"လာ…နှိုက်.."
"ဟဲ့..ဘာတုန်း.."
"မရိုင်းနဲ့…မဲလိတ်ကြီး နင်မမြင်ဘူးလား.."
"ဟဲ..ဟဲ…ငါလည်း တွေ့တယ်လေ..လာထား.."
ရဲဇာနည်က မဲလိတ် နှိုက်လိုက်ပြီး ဖတ်ကြည့်ခါ ရယ်ကြဲကြဲ ဖြင့် အချစ်ဆီကို တန်းတန်းမတ်မတ်လျှောက်လာသည်..။
"ဘာလည်း.."
"အေးလေ..ဘာလည်း ဟ…"
အချစ်ကို ဆွဲဖက်လိုက်ပြီးတော့ ပြန်လွှတ်ပေးခါ သူနေရာမှာ သွားပြန်ထိုင်သည်..။
ဘာမှန်း မသိခင် မျက်လုံးပြူးကြောင်နေမိတာ အားလုံး လိုလိုပင်..။
"ချစ်သူ ကို ဖက်ပါတဲ့.."
"ဘာ.."
"အပိုတွေ…အပိုတွေ.."
"အကောင်စုတ်.."
"အပို.."
"တကယ်.."
"ပြ..နင့်စာရွက်ပြ…"
"ဟဲ..ဟဲ.."
မမပိုးက ခြေဆောင့်ပြီး လျှောက်သွားတော့ စာရွက်ကို ပါးစပ်ထဲထည့်ပြီး ဝါးလိုက်သည်..။
တကယ် မဟုတ်မှန်း သိပေမဲ့ ပြန်ပြောနေလို့ လည်း မထူးတော့ အချစ် ပါဆယ် အသစ် ထပ်ယူပြီး သီချင်း ပြန်နှိပ်လိုက်ရသည်..။
"ရပ်.."
"ဟာ..မေဖူး.."
"ဘာတဲ့ လည်း.."
"ကြောင်.."
"ဟိ..ဟိ…အော်လေ.."
"ညောင်…ညောင်..ညောင်…ညောင်း…"
"ဟား..ဟား…နောက်ဆုံးက ဒေါသထွက်နေတဲ့ ကြောင်အသံ…စမယ်.."
"ရပ်..ရပ်.."
"အဲ…သွားပြီ..မွေးနေ့ရှင် ရသွားပြီ…လက်ဆောင်လေး ပြန်စွန့်ပါလား.."
"ရဘူး…"
"ရဘူးဆို နှိုက်.."
အချစ် စာရွက်ကို ခပ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်တော့ ရေးထားတဲ့ စာကြောင်း အနက်ကလေးကြောင့် ရယ်မိသွားသည်..။
"ယုန်လေးလို ခုန်ပြရပါမယ် ခင်ဗျာ" တဲ့လေ…။
ဖတ်ကတည်းကို က ဦးဒီက က လွဲလို့ ဘယ်သူမှ ရေးတာ မဖြစ်နိုင်မှန်း သိလိုက်သည်..။
"ဘာလည်း.."
"ယုန်ခုန်"
"ဟား..ဟား..ခုန်ပါ.."
အချစ် ယုန်လို လက်နှစ်ချောင်းထောင်ပြီး ခုံလေးတွေကို ပတ်ခုန် လိုက်တာ အတော် မောသွားမှ ရပ်ခွင့် ရတော့သည်..။
ကြောင်ကို ကျတော့ လေးခါ ပဲ အော်ခိုင်းပြီး ယုန်ကို ကျတော့ ဘယ်နှချက်ခုန်ပါလို့လည်း ရေးမထားဘူး…။
တော်တော် ဆိုးတဲ့ ဦးဒီက..။
"ဟား..ဟား..သွားပြီ..အချစ်ရေ…ပိုးပိုး တစ်ယောက် ဥစ္စာရူးနေတာ…"
"သိမ့်သိမ့်နော်..ငါ့ဟာငါ လက်ဆောင်ဘူး ကျန်ခဲ့လို့ ပြန်ယူရတာလေ.."
"ခေါ်ထားလိုက်.."
"နေမယ်..တကယ်နေမှာနော်…အချစ်.."
"နင် အစားကြီးလို့ လက်မခံဘူးတဲ့ မြန်မြန်လား.."
အားလုံး လက်ဆောင် ကိုယ်စီ နဲ့  ပြန်ချိန်ရောက်တော့ ကားစီစဉ်ပေးတာလည်း တွေ့ရသည်..။
ရောက်လာတဲ့ ငါးယောက်မှာ မမပိုးနဲ့ မမသိမ့် နှစ်ယောက်တည်း ခြံ၀မှာ စ နောက်ပြီး နောက်ဆုံးမှ ကားပေါ်ရောက်တော့သည်..။
ခြံထဲ က ပစ္စည်းတွေ ခုံတွေကို ကိုဖိုးကောင်းနဲ့ မေဖူးတို့က သိမ်းနေတော့ အချစ်လည်း ကူသိမ်းပေးလိုက်သည်..။
"ကြီးကြီး..နားညီးသွားပြီလား.."
"မညီးပါဘူးကွယ်…မေဖူး ကလည်း ၀င်ဆော့တာပဲ.."
"ပျော်ဖို့ကောင်းပါတယ်…ကြီးကြီးရဲ့…ဒါတွေ ဘယ်တုန်းက စီစဉ်လိုက်တာလည်း.."
"ညနေကလေ…သားဒီပါ ပစ္စည်းတွေ ၀ယ်ချလာပြီး မေဖူး တို့ ဖိုးကောင်းတို့နဲ့ တိုင်ပင်ပြီး လုပ်နေတာပဲ… မဲလိတ်ထဲ ဘာရေးရမှန်းမသိလို့တဲ့လေ..ကြီးကြီး က ယုန်ခုန် အကြံပေးလိုက်မိတယ်.."
"ဟိဟိ…ဟုတ်လား..ဦးဒီက က ဘာတွေ မှန်းကို မသိဘူး.."
"သူလည်း ပြောရှာပါတယ်…ငယ်ငယ်က မဆော့ ခဲ့ဖူးတော့ ပျော်အောင် ဘာလုပ်ပေးရမှန်း မသိဘူးတဲ့လေ…"
"ဦးက သူငယ်ချင်း မရှိဘူးလား.."
"သားက သူ့အဖိုး လက်အောက်မှာ ကြီးခဲ့တော့ သူငယ်ချင်း အပေါင်းအသင်းနဲ့ ဟေလားဝါးလားတောင် မနေရပါဘူး..အဲ ရူပါလေးက ကျတော့ မိဘနဲ့နေတော့ နည်းနည်း လွတ်လပ်တာပေါ့ကွယ်..နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မှ သားကြီးက ပြုံးတက် ပျော်တက်လာတာ..ဒါပေမဲ့ သမီး အဖိုးက ရယ်ရင်တောင် သိပ်ကြိုက်တာမဟုတ်ဘူး…တည်တည်တံတံ သိမ်သိမ်မွေ့မွေ့ ပဲ နေခိုင်းတယ်…ငယ်ငယ်ကတည်းက လိမ်မာ ရှာပါတယ်..လူကြီးမိဘ စကားနားထောင်ပြီး စိတ်ချမ်းသာအောင် နေပေးတော့ သူလည်း ကောင်းစားပါတယ်လေ…"
"ဒါဆို..ဦးဒီက အဖေနဲ့ တူတူ မနေဘူးလား.."
"မနေဘူးလေ…ဟင်း..တကယ်တော့ ..မျိုးချစ်က လွမ်းနာကျ နေတယ်တောင် ဆိုရမယ်…ငိုရင် ငိုနေတာပဲ…မိန်းမတွေနဲ့ လည်း အမြဲ ပြဿနာတက်တာပဲ…သူ့မိန်းမ ဆုံးသွားကတည်းကပေါ့.."
"..ဒါဆို..ဦးဒီက က.."
"ရူပါ့ မိဘတွေနဲ့ နေကြတယ်လေ…သား ငါးတန်းရောက်တော့ အဖိုးက ပြန်ခေါ်လိုက်တယ်…နိုင်ငံခြားသွားတဲ့ အထိ သူ့ ဖိုးနဲ့ပဲ နေတာလေ..ပြန်လာတော့လည်း ဒီမှာပါပဲ…"
"သြော်…အချစ်က ဦးဒီက ကို အားလုံး ဝိုင်းချစ်ကြမယ် ထင်ထားတာပါ.."
"ဝိုင်းချစ်တာပေါ့ကွယ်…ချစ်လွန်းလို့ ကလေးက ဘေးကြပ်တာပေါ့…အဖိုးက သူ့စိတ်တိုင်းကျ ဆုံးမသလို သူ့ ဦးလေးကလည်း သူ့ပုံစံသင်တယ်…သူ့အဖေအရင်းကလည်း ကြမ်းတမ်းအောင် သင်တယ်..တစ်ယောက် တစ်မျိုး ဝိုင်းပုံသွင်းကြတာလေ..သူ့ လူငယ်ဘ၀က မလွတ်လပ်ခဲ့ပါဘူး…."
"သနားပါတယ်..ခုထိလည်း မလွတ်လပ်သေးဘူး.."
"အခုကတော့ သူနေသားကျသွားလို့ သူ့ပုံစံ ဖြစ်သွားပါပြီ…"
"ကြီးကြီးရေ…ဒီမုန့်တွေ ဘယ်မှာထားမလည်း.."
"အေး..လာပြီ…"
ကြီးကြီး က အိမ်ရှေ့ဘက်ကို ထွက်သွားတော့မှ အချစ်လှေကားတွေကို ပြေးတက်လာရင်း ဦးဒီက အကြောင်းတွေ တွေးနေမိသည်..။
"ဟင်…"
၀ရန်တာ ဆီကို အကြည့်ရောက်သွားတော့ အမှောင်ထဲ မှာ လူရိပ်ရှိနေလို့ ပြေးသွားပြီး နောက်ကနေ ခါးကို  လက်ထိုး၍ ဖက်ထားလိုက်သည်..။
"ဟာ.."
"ဦး..ရောက်နေပြီ..အချစ်က ဦး မရောက်သေးဘူး မှတ်လို့ ငိုချင်နေတာ”
"ဒီက ညနေကတည်းက ပြန်ရောက်နေတာပါ”
"ဦးဒီက လူဆိုးပဲ.."
"ဘာဆိုးလို့လည်း…ပြောပါဦး.."
"အချစ် ယုန်ခုန်ရတယ်.."
"ပျော်တယ်မလား..ရွှေခဲ အသံချည်းပဲလေ..မိန်းကလေးတဲ့…ရယ်လိုက်တာလည်း ဆူညံနေတာပဲ..အငြင်းကလည်း သန်သေးတယ်.."
"အဟားဟား..…ဦးဒီက အနားမလာပဲ..ဒီပေါ်က ကြည့်နေတာလား.."
"အင်းလေ..လူကြီး တစ်ယောက်ပါနေရင် မလွတ်လပ်မှာ စိုးလို့ ပါ…"
"အဲဒါ မသိချင်တော့ဘူး..အချစ်ကို ဘာလက်ဆောင် ပေးမလည်း.."
"ပေးပြီးပြီလေ…ပါဆယ်ထုတ် ရခဲ့တယ်မလား.."
"အိုး..အဲဒါကြီး မယူချင်ဘူး..အလှတင်တဲ့ ဖန်မီးအိမ်လေး အချစ်က ဘာလုပ်ရမှာလည်း.."
အချစ်လက်ထဲက ပါဆယ်ကို အားလုံး တောင်းဆိုမှုကြောင့် ဖောက်ကြည့်ပြီးသားမို့ ဦးဒီက လက်ထဲ ထိုးထည့်လိုက်ခါ ခေါင်းခါ ငြင်းဆန်နေမိသည်..။
"အဲတော့ ဘာလိုချင်တာလည်း.."
"တန်ဖိုးကြီးတာ တစ်ခုခုပေါ့.."
"အဟွင်း…သိတယ်…သိလို့…ပြင်ထားတယ်.."
"ဟင်..ဟုတ်လား.."
ဦးဒီက ခါးကို ဖက်ထားရင် ရင်ဘတ်ကို ပါးအပ်ခါ မော့ကြည့်လိုက်တော့ ခေါင်းညိတ်ပြသည်..။
ဦးဒီက က အိမ်ထဲ ၀င်လာတော့ အချစ်လည်း ခါးကို မလွှတ်ပဲ ကိုင်၍  လိုက်လာခဲ့သည်..။
"ကဲ..ရော့.."
ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး လှမ်းပေးတာ စာအုပ် ပုံစံ လေးထောင့်မို့ အလှစက္ကူလေးတွေကို ဆွဲဖြဲလိုက်သည်..။
စာအုပ် တစ်အုပ် ထွက်လာပေမဲ့ ဆွဲလှန်ပြီး အထဲမှာ ဘာရှိမလည်း ရှာဖွေ မိသည်..။
"ဟင်..ဘာမှလည်း ပါဘူး.."
"စာအုပ်လေ..ဘယ်လောက် တန်ဖိုးကြီးလည်း…"
"ဟာ…ဦးဒီက.."
"ဖြည်းဖြည်းအော်ပါဗျာ…"
"စာအုပ် မကြိုက်ဘူး.."
အချစ် စာအုပ်ကို ရှေ့စားပွဲပေါ် ပစ်တင်လိုက်ပြီး ခေါင်းတွင်တွင် ခါရမ်းရင်း ပြောလိုက်တော့ ဦးဒီက က ငုံ့ကြည့်ရင်း..
"စာအုပ်က တန်ဖိုးကြီးတယ်လေ…"
"တော်ပြီ…မပြောတော့ဘူး.."
အချစ် နှုတ်ခမ်းစူပြီး ဆိုဖာ ပေါ်က ထလာခါ အခန်းထဲရောက်တော့ မျက်လုံးပြူးသွားရသည်..။
ခုတင်ပေါ်မှာ ဘူးတွေ နဲ့ ပြည့်လုနီးနီး ဖြစ်နေပြီး အနားကို ပြေးကြည့်လိုက်တော့…ဂါ၀န်ထည့်ထားတာ တစ်ဘူး..ချောကလက်တွေက တစ်ဘူး..ဖိနပ်ကလည်း တစ်ဘူး  ကျောပိုးအိတ်အဖြုလေး တစ်ဘူး ပါသလို နှင်းဆီပန်းတွေ အပြည့်ပါတဲ့ ဘူးထဲမှာ ရေမွှေးတစ်ပုလင်း ထည့်ထားသည်..။
"ဘယ်လိုလည်း.."
အချစ် နားနောက်နေရာလေး က လေတိုးသံ ကြားရပြီး နောက်ကနေ လက်တွေနဲ့ သိုင်းဖက်ခံလိုက်ရတော့ ရင်တွေ ခုန်နေမိသည်..။
အချစ်ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့တုန်းက ကိုယ်တိုင်လည်း မမှတ်မိသလို ဘယ်သူမလည်း အလေးမထားခဲ့ပါဘူး…
တစ်နှစ်ကြာပြီး တော့ မွေးနေ့ကို အခုလို ဖြတ်သန်းရမယ်လို့ အိပ်မက်လည်း မမက် စိတ်ကူးလည်း မယဉ်မိပါဘူး..။
အချစ် အမြဲစိတ်ကူးယဉ်ခဲ့တာ မော်ဒယ် မင်းသား ၀င်းရူပါ အိမ်မှာ အလုပ်သမား လုပ်နေတယ် ဆိုတာမျိုးပေါ့…။
အခုတော့..
"ဟင်.."
အချစ် လည်တိုင် အေးခနဲ ဖြစ်သွားခါ ရှေ့ကို ရောက်လာသည့် ဆွဲကြိုး အဖြူလေးကို ကိုင်ကြည့်တော့ ဆွဲသီးအဝိုင်းလေးမှာ စိန် ကြီးကြီး တစ်လုံးတည်း မြုပ်ထားသည်..။
"အများကြီး တွေးပေမဲ့ …ဒါမျိုး တစ်ခုမှ စဉ်းစားလို့ မရပါဘူး.."
"…."
"မွေးနေ့မှာ ပျော်ရဲ့လား.."
"…..အင့်…"
"ဟာ..ငိုနေတာလား…"
အချစ် ခေါင်းညိတ်လိုက်ပြီး ဦးဒီက ဘက်ကိုလှည့်ခါ ရင်ဘတ်ထဲ ကို ခေါင်းဆိုက်၀င်လိုက်မိသည်.။
"အရုပ်လိုချင်တာလား ဟင်..ဒီက..၀ယ်ဖို့ စဉ်းစားပါသေးတယ်..ဟို အကြီးကြီးတွေ ကျတော့..…"
သူထင်ရာ လျှောက်တွေးရင်း အချစ်ကပဲ အရုပ်မရလို့ ငိုနေတဲ့ ကလေးလေးလိုလို ဖြစ်နေပြီ..။
စကားများနေတဲ့ ဦးလေးကြီးကို လည်ဂုတ်ကနေ ဆွဲခို လိုက်ပြီး ကြမ်းရှရှ ပါးကို မွေးနေ့အနမ်းလေး ပေးလိုက်မိသည်..။
ဦးဒီက ရဲ့ မျက်၀န်းညိုညိုတွေကြောင့် အကြည့်တွေ ရင်မဆိုင်ရဲသလို ခေါင်းငုံ့လိုက်ရသည်..။
"မွေးနေ့က စလို့ ထာ၀ရ ပျော်ရွှင်နိုင်ပါစေ…ရွှေခဲလေး.."
"အင်း…ဦးကို ချစ်တယ်.."
"ဟင်…ဘာပြောလိုက်တာလည်း.."
"အကိုကြီးလို…"
ခါးကိုင်းပြီး နားထောင်နေတဲ့ ဦးဒီက ရင်ဘတ်ကြီးကို တွန်းပစ်ပြီး ခုတင်ပေါ်က ဂါ၀န်လေးကို ဆွဲထုတ်ခါ ကိုယ်မှာ ကပ်ကြည့်မိသည်..။
"လှလိုက်တာ…ဦးဒီက ပိုက်ဆံတွေ အများကြီး ကုန်သွားမှာပဲ.."
"ကုန်တာပေါ့…ပါဆယ်ပုံး နှစ်ဆယ်တောင် ၀ယ်ထားရတာပဲ..အထဲထည့်ဖို့ ပစ္စည်းတွေလည်း ၀ယ်ရတာပဲ…ရွှေခဲ သူငယ်ချင်းက ဒါအကုန်ပဲလား..ကျန်သေးလား.."
"ဟင့်အင်း..ဘယ်လိုသိတာလည်း ဟင်.."
"ဖိုးကောင်းပြောတာ..သင်တန်းပြီးချိန်ကျရင် စုပြီး စကားများနေကြတယ်ဆို.."
"အဟဲ…ဟုတ်တယ်…ဘယ်လောက်တောင် ကုန်သွားလည်း ဟင်"
"နည်းနည်းပေါ့…"
"ဟင်…အဲ့ဒီ့ ဖန်မီးအိမ်လေးတွေကို ပြောတာမဟုတ်ဘူး..ဒီလို စျေးကြီးတာတွေ အများကြီး ၀ယ်ပေးရတာကို ပြောနေတာ.."
"သြော်..ဂါ၀န်က ဒေါက်တာအိ ပေးတာလေ..ကျောပိုးအိတ်က ရူပါ ဖိနပ် က ဒက်ဒီ ရေမွှေးက မာမီ ပေးတာ ဒီ ဆွဲကြိုးက ဖေကြီး ပေးတာ…"
"ဟင်..ဒါဆို ဦးဒီက ပေးတာမဟုတ်ဘူးပေါ့.."
ဦးဒီက က ပြုံးပြီး ခေါင်းရမ်းပြတော့  လက်ထဲက ဂါ၀န်ကို ခုတင်ပေါ် ပစ်ချလိုက်၍ အချစ် နမ်းခဲ့မိတာတောင် နောင်တ ရချင်သွားသည်..။
ဟွင့်..သူပေးတယ် မှတ်ပြီး ပျော်နေမိတာ ….ချစ်တယ်တောင် ပြောလိုက်မိသေး…ရှက်ဖို့ကောင်းလိုက်တာ..။
"ဒီက စာအုပ်ပေးတယ်လေ…မကြိုက်ဘူးဆို…"
"စာအုပ် တစ်ခန်းလုံး ရှိတယ် မလိုချင်ဘူး.."
"ဒါဆို မျက်လုံးလေး မှိတ်ထား..အကြီးကြီး တစ်ခု ကျန်သေးတယ်.."
အချစ်ကို မျက်လုံး မှိတ်ခိုင်းပြီး လက်ကို ကိုင်ခါ ခေါ်သွားတော့ ဖြည်းဖြည်းချင်း လျှောက်လိုက်နေရသည်..။
"အကြီးကြီးနော်…ဦး "
"အင်းပါ…"
"ဒီ လက်ဆောင်ကို တစ်သက်လုံး မပြောင်းလဲအောင် ထိန်းသိမ်းရမယ်နော်.."
"ဟုတ်ကဲ့ရှင့်…."
"ဒီ လက်ဆောင်က ပန်းအချစ်ဦးအနားမှာ တစ်သက်လုံး ကာကွယ် စောင့်ရှောက်ပေးလိမ့်မယ်.."
"ဟုတ်…ရောက်ပြီလား..ဦး.."
"အင်း..ရှေ့ တစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်ပြီး ဖက်လိုက်….ပြီးရင် ဖွင့်ကြည့်.."
"အင်း.."
အချစ် ရှေ့ကို တစ်လှမ်းတိုးပြီး နောက်ကို တစ်လှမ်းဆုတ်ခါ လက်နှစ်ဖက် ဆန့်တန်းပြီး ဘာအရုပ်ကြီး ဖြစ်မလည်း တွေးခါ ဖက်ချလိုက်သည်..။
"ဟင်.."
"အဟွင်း.."
"ဟာ..ဦး..ဦးဒီက…"
သူ့နဖူးကို လက်ညိုးထိုးပြတော့ အချစ် ငရဲ မကြောက်တော့ပဲ စိတ်တိုလို့ လက်သီးဆုတ်ခါ ရင်ဘတ်တွေကော လက်မောင်းတွေပါ ထုချပစ်လိုက်သည်..။
"ဒီက နေရာ မှာ အရုပ် အစားထိုးပေးရမလား.."
"အွင်း.."
"ရက်စက်လိုက်တာ…အရုပ်က ဘာကောင်းလည်း..ညဆို စောင်ခြုံပေးလား..ဖက်ရင် ပြန်ပွေ့ပေးလား..ထမင်းစားဖို့ သတိပေးလား..ရေချိုးရင် အ၀တ်ယူပေးလား.."
"တော်ပြီ.."
အချစ် လက်ညိုးထောင်ပြီး နှုတ်ခမ်း ကို ခြေဖျားထောက်ခါ မမှီမကမ်း ပိတ်ပေးလိုက်တော့မှ ပြုံးပြီးလက်ကို ဆွဲကိုင်သည်..။
ဦးဒီက ကို မော့ကြည့်ပြီးမှ အချစ်ရယ်ပြလိုက်ရင်း မျက်နှာပိုးသတ်ခါ
"ကျေးဇူးတင်ပါတယ်..ဦး…"
"အင်း..ဒီက လည်း ကျေးဇူးတင်တယ်.."
"မဟုတ်ဘူး အချစ်က ပိုပြီး ကျေးဇူးတင်တယ်…ဦးဒီက က အချစ်အတွက် နတ်သားလေး .."
"ဒီက မုန်းနေမလားလို့…စိတ်ပူနေတာပါ.."
"မုန်းတာပေါ့…အရမ်းမုန်းတယ်…တစ်ခါပဲ မုန်းတယ်…အချစ်ကို ထားပြီးသွားလို့လေ…"
"သြော်…ဟိုတယ်မှာလား..အဲဒါ စိတ်ပူလို့ပါ.."
"အချစ်က မသိဘူးလေ…အိပ်ယာနိုးတော့ ဦးကို  ပြတင်းပေါက်ကဆင်းပြီး လာကယ်မလို့ကြိုးစားနေတာ..ဦးဒီက ကို မိန်းမကြီး နဲ့ စကားပြောနေတာ တွေ့တော့ ဒေါသတွေ ထွက်တာ ထွက်တာ ဆွာလေ…"
"ဘယ်ဖြစ်လို့လည်း.."
"ဒေါသထွက်လို့ပါဆို.."
"အဟွင်း..ရန်စွာတော့မယ်…မွေးနေ့ရှင်လေး ဒေါသမထွက်ပါနဲ့…လာ ပစ္စည်းတွေ သိမ်းဦး.."
အချစ် ခေါင်းကို ပုတ်ပြီး သတိပေးတော့ ဦးဒီက မျက်နှာကို မော့ကြည့်ပြီး ဒုတိယအကြိမ် နမ်းချင်တာကို မြိုသိပ်ထားရသည်..။
ပန်းအချစ်ဦးတော့ ရူးသွားရှာပြီ…ဒီအဖိုးကြီးကို ဘာကိုများကြည့်ပြီး ရင်ခုန်နေတာလည်း ဟယ်….။
စိတ်ညစ်ဖို့ကောင်းလိုက်တာ…မျက်လုံးတွေ ဘာဖြစ်ကုန်ပြီလည်း…။
ဒုက္ခပါပဲ….ဒုက္ခပါပဲ…စိတ်ထိန်းစမ်း…ဦးဒီက ကို ရင်မခုန်ရဘူးလေ…. ရင်ခုန်သွားရင်… ချစ်တယ်ပြောရတော့မှာပေါ့….။
အဲဒါဆို တကယ့်လင်မယားတွေ ဖြစ်သွားမှာပေါ့...။
မဖြစ်ပါဘူး...ဒီတိုင်းပဲ ကောင်းပါတယ်လေ ။
"ဟွင့်.."
"ဟင်…ဟုတ်…"
အချစ် ခေါင်းညိတ်လိုက်ပြီး ဘူးတွေကို အဖုံးအုပ်ခါ ဘီဒိုထဲကို အထပ်လိုက် ထည့်ထားလိုက်သည်..။
အပြင် ဆိုဖာပေါ်မှာ ကျန်ခဲ့သည့် ဖန်မီးအိမ်လေးကို ယူပြီး အချစ် အိပ်တဲ့ ခုတင်ဘေးက ခုံလေးပေါ်တင်ရသည်..။
စာအုပ်ကလေးကို ဖန်မီးအိမ်နားမှာ ထောင်ထားလိုက်တော့ ဦးဒီက က မျက်ခုံးပင့်နေသည်..။
"လက်ဆောင်ဆိုတာ တန်ဖိုးထားရတယ်လေ…"
"အဟွင်း..ကျေးဇူးတင်ပါတယ်.."
"ဦးဒီက…"
"ဟင်.."
"ရယ်ချင်ရင် ဘယ်လိုရယ်လည်း ဟင်.."
အချစ် မေးလိုက်တဲ့ စကားကြောင့် ဦးဒီက ရဲ့ အပြုံးမျက်လုံးလေးတွေ ညိုးကျသွားတော့ စိတ်မကောင်းဖြစ်ရသည်..။
"ဦးဒီက က တည်တည်နေတော့ ခန့်နေတာပေါ့….ဘယ်သူမှ မနောက်ရဲဘူး.."
"ဟုတ်လား..အဲလိုလား.."
"အင်း..ကောင်းတယ်…..ပေါချာချာနေတာကြီး မကြိုက်ပါဘူး.."
"သတိထားမှပဲ.…အခုတလော အလုပ်တွေ အရမ်းများနေတာ ရွှေခဲကို အချိန်မပေးနိုင်တာ ဆောရီး..
သွားတိုက်ပြီး အ၀တ်အစားလဲ အိပ်တော့နော်..ဒီက အလုပ်ရှိသေးလို့.."
"ဟင့်အင်း…ဦးဒီက ကို အချစ်ကူပေးချင်တယ်.."
"ကူဖို့က…"
"ဦးဒီက မတွေ့ရင် အချစ် မပျော်ဘူး..နော်..နော်..အချစ်က ယုံရပါတယ်…."
"မယုံလို့ မဟုတ်ပါဘူး..ပင်ပန်းမှာစိုးလို့ပါ…ဖိုင်တွေ အများကြီး စစ်နေရမှာလေ.."
"ရတယ်..ဦးဒီက က စာဖတ်ခန်းထဲ တံခါးပိတ်ပြီး ၀င်နေရင် အချစ် တစ်ယောက်တည်း  ပျင်းလို့ပါ…နော်..နော်…အချစ်လုပ်တာကြည့်ကြည့်…ကြိုက်သွားလိမ့်မယ်.."
"ဟုတ်ပါပြီ…အဲဒါဆို အ၀တ်အစားလဲပြီး စာဖတ်ခန်းထဲ လာခဲ့လိုက်.."
"ဟုတ်.."
အချစ် ခေါင်းညိတ်ပြီး ရေချိုးခန်းထဲ ၀င်လာတော့ ဦးဒီကလည်း စာဖတ်ခန်းဘက်ကို ထွက်သွားပြီလေ..။
ဦးဒီက ကို ကူပေးရမယ်ဆိုတော့ ရင်တွေ ကြိုခုန်နေရပြီ…အဆူခံရမလား အရိုက်ခံရမလား တစ်ခုခု ပေါ့လေ..။

မုန်းပါနဲ့ဦးWhere stories live. Discover now