မုန်းပါနဲ့ဦး
အပိုင်း (၁၁)
#မုန်းပါနဲ့ဦး"..ဒါက ဘယ်လည်း.."
"အချစ် တို့ ညစျေးဘက်သွားမလို့.."
"မသွားရဘူး တက်.."
"ဟုတ်ကဲ့ရှင့် …"
"ဟဲ့….ပန်းအချစ်ဦး.."
အဒေါ်ရဲ့ အသံကို ဂရုမစိုက်စွာဖြင့် အကိုကြီးရဲ့ ဆိုင်ကယ်ကို မုန်လာပန်းခင်း ဘေးက မြေကြီး လမ်းအတိုင်း မောင်းထွက်လာခဲ့သည်..။
"နင်ကလည်း နောက်ကျလိုက်တာ အချစ်ရယ်.."
"နေဦး…ဂျီစီ…ဂျီစီ….ဂျီစီ.."
"အမလေး…နင့် ပါးစပ်ထဲရောက်မှ ငါ့နာမည်လည်း ပျက်ပါပြီ…"
"လာ မြန်မြန်…"
"ဟဲ့…အချစ်…နင့် ရဲ့ ဝင်း ပုံ အသစ်တင်ထားတယ်.."
"ဟမ်..ဟုတ်လား…ပြစမ်း..ပြစမ်း.."
အချစ် ဆိုင်ကယ်ပေါ် တက်ခွပြီးခါမှ ပြန်ဆင်းပြေးခါ ဂျီစီ လက်ထဲက ဖုန်းကို လုယူပြီး မျက်နှာအနား ကပ်ကြည့်မိသည်..။
"ဟိ..ချစ်လိုက်တာ အသည်းလေး.."
"ဟဲ့…ငါ့ဖုန်းကွဲတော့မယ် လွတ်…"
"လွတ်ဘူး.."
"အ..အချစ်…နောက်တစ်ခါ မပြတော့ဘူးနော်.."
"အဲ…အဲ..ရော့.."
အချစ် အလန့်တကြား ပြန်ပေးလိုက်ရသည်..။
ဖုန်းမရှိပေမဲ့ ဂျီစီ ကျေးဇူးနဲ့ အခုလို အသည်းလေး ပုံ အသစ်တက်တိုင်း အချစ်မှာ မြင်ခွင့်တွေ့ခွင့်ရသည်.။
"နာမည်နဲ့ လူနဲ့ လိုက်သား..၀င်း တစ်လုံးတည်း..အ၀င်း မဟုတ်ဘူး…"
"ဟား..ဟား..အသည်းလေး အသားအရည်ကလည်း ၀င်းနေတာပဲ.."
"မရတော့ဘူး.."
"ဟိဟိ.."
"လာ..လာ…နောက်ကျတော့မယ်…"
"ဟဲ့….အသည်းလေးပုံ ထုတ်ရမယ်နော်.."
"အေးပါ…"
"င့ါတို့လည်း ဒီမင်းသားကို ကြိုက်ပါတယ် သူ့လောက် မရူးဘူး.."
"ငါက ရူးတာ မဟုတ်ဘူး အပိုင်လိုချင်တာ…ပိုက်ဆံစုပြီး ရရင် ရန်ကုန်ဆင်းပြီး အသည်းလေး အိမ်မှာ အလုပ်သမား ၀င်လုပ်မယ်.."
"တယ်ဟုတ်ပါလား.."
"ဒါဆို အသည်းလေး နဲ့ နေ့တိုင်း တွေ့ရမယ်…အသည်းလေးကို ပြုစုပေးလို့ရမယ်…အသည်းလေးနဲ့ အနေနီးပြီး အသည်းလေး အရက်မူးလာရင်…ဟိဟိ…"
"@$%..."
သူငယ်ချင်းတွေရဲ့ အကျိန်အဆဲတွေကို အချစ် ပြုံးပြုံးလေး ခံယူရင်း စိတ်ကူးထဲမှာ အချစ်က အသည်းလေး ရင်ခွင်ထဲကို ရောက်နေပြီလေ…။
"ဟိုက မော်ဒယ် မင်းသားဟ…လူရှုပ်လူပွေ ဆို နင် ဘယ်လို လုပ်မလည်း.."
"ဘာဖြစ်လည်း…ငါရဲ့ နေ့သစ်တိုင်းက အသည်းလေးကို စိတ်ကူးယဉ်ပြီး ပျော်ရွှင်နေရတာပဲလေ…ဟင်း..မနေ့က အဒေါ်က အသည်းလေးပုံကို တွေ့ပြီး ဖြဲလိုက်တယ်.."
"ဟယ်…ဘာဖြစ်လို့လည်း.."
"မသိပါဘူးဟာ…ငါ့ကို ဘယ်ယောင်္ကျားကိုမှ စိတ်မကူးနဲ့တဲ့…ရမလား..အခု တစ်ပုံ ထပ်ထုတ်ပြီး တည လုံး နမ်းပစ်လိုက်မယ်…"
"နွာပုမ…"
"ဘယ်မှာပုလည်း…ရှည်တန်းနေတာ နင် မမြင်ဘူးလား…ဟိ…ဟိ…"
အချစ်တို့ ညစျေးကို ရောက်တော့ လျှောက်ကြည့်ပေမဲ့ ၀ယ်စရာ ပိုက်ဆံ တစ်ပြားတောင် ပါမလာတော့ ဟိုငေး ဒီငေး ဖြင့်သာ လည်ရင်း ပြန်ထွက်လာခဲ့သည်..။
"ဟူး…လျှောက်လည်တာ…မုန့်လေးတောင် မစားရဘူး.."
"ခေါက်ဆွဲ တစ်ပွဲလောက် ၀ယ်စားလိုက်ရရင် ရှယ်ပဲ.."
"မိုးကုတ်မှာနေပြီ ငတ်ပြတ်နေတာပဲ ဂလု.."
"ပိုက်ဆံရှိမှ လာရမယ်.."
"အေး..ကောင်းတယ်…ငါ့မှာ ပါပေမဲ့ အသည်းလေး ပုံထုတ်ရမယ်.."
"ကြည့်စမ်း..တို့ကိုတောင် မကျွေးချင်ဘူး.."
"ဟဲ..ဟဲ…ကျွေးချင်တာပေါ့…ငါ့မှာ ဘယ်က ပိုက်ဆံရလို့လည်း…"
ဖုန်းထဲက ဓာတ်ပုံကို ပုံထုတ်ပြီးလို့ အနွေးထည် အိတ်ထဲ ထည့်ဖွက်ရသေးသည်..။
အဒေါ်ညှပ်က တွေ့တာနဲ့ နားကွဲအောင် ဆူပြီး ကတ်ကြေးနဲ့ ကောင်းကောင်းညှပ်ပစ်ခါ ခေါင်းလည်း ခေါက်တက်သေးသည်..။
အချစ်မှာ ခိုးချစ် ခိုးနမ်း ခိုးကြည့်ရသည့် အဖြစ်နဲ့ပင် ပျော်နေရသည့်ဘ၀…။
"ဟဲ့…ငါပြန်တော့မယ်.."
"အေး..သွား…ငါ ကောင်းခန့်ကို စောင့်လိုက်ဦးမယ်.."
"ဟဲ့..လိုက်မသွားနဲ့နော်.."
"အေးပါ…သူ့ကို မုန့်၀ယ်ကျွေးခိုင်းမလို့ပါဟ.."
အချစ် မယုံချင်သော်လည်း ခေါင်းညိတ်ခါ ဆိုင်ကယ်ကို အပြန်လမ်း ဘက် ဦးတည် လိုက်ရသည်..။
ဟင်း..အိမ်ရောက်ရင်တော့ တော်တော်လေးကို ဒုက္ခများပါဦးမည်..။
"ဟာ..ဒီလူ…"
"တီ…တီ….တီ…"
"ဂီ……"
ဆိုင်ကယ်ဟွန်းကို ဖိနှိပ်နေတာတောင် လမ်းပေါ်တက်လျှောက်နေတာ ဖယ် မပေးတော့ အချစ် စိတ်တိုတိုဖြင့် ၀င်တိုက်ပြေးဖို့ စဉ်းစား မိသေးသည်..။
"ဂီ…"
"ဟာ…"
ဒေါသထွက်လို့ ဆိုင်ကယ်ကို ဒေါက်ချပြီး ခြေဆောင့် နင်းခါ ထို လူ့ရှေ့ကို သွားရပ်လိုက်သည်..။
"ဟေ့လူ.."
"ဟေ့လူ…ခေါ်နေတယ် ကြည့်ကြည့်.."
မျက်နှာပေါ်မှာ အမွှေးအမျှင်တွေ မရိတ်မသိမ်းထားလို့ အဖိုးအိုရုပ်ပေါက်နေတဲ့ အသားဖြူဖြူ ဦးကြီးက အချစ်ကို ရီဝေ၀ အမူးသမား မျက်လုံးဖြင့်ကြည့်တော့ လန့်သွားရသည်.။
"ဟို..ဟို…လမ်းရွေ့ပေး.."
"…."
အချစ်ကို ကွေ့ရှောင်ပြီး ဆက်လျှောက်သွားတော့ ဒီလူကြီး မူးမူးရူးရူး နဲ့ ဘယ်တွေ သွားနေပါလိမ့်လို့ တွေးမိသည်..။
အိမ်က အချစ်အကိုတွေလည်း တစ်ခါတလေ မူးရင် အိမ်ပြန်မယ်ဆိုပြီး တောင်လမ်းမှာ ပတ်လျှောက်နေတက်သည်လေ..။
"ဟေ့…ဦးကြီး…ဘယ်သွားတာလည်း.."
"….."
"ဟာ..ဒီ လူကြီးတော့လား.."
အချစ် ဆိုင်ကယ် ဒေါက်ဖြုတ်ပြီးခါမှ ဒေါက်ပြန်ချ ၍ အမှီလိုက်သွားရင်း ရှေ့မှာ ပိတ်ရပ်လိုက်တော့ ရပ်သွားပြန်သည်..။
"အနွေးထည်မပါပဲ လျှောက်သွားနေတာ မအေးဘူးလား..ဦးကြီး…နေပါဦး…ဘူဘား.. နဲ့ မူမား ပဲ သိတယ်…ဦးလေး ကို ဘယ်လို ခေါ်ပါလိမ့်….ဦးကြီး…အချစ်ပြောတဲ့…. လူစကား နားလည်လား…"
"ဟ..နေပါဦး.."
အချစ်ကို ကွေ့ရှောင်ပြီး သွားနေတော့ လက်ပြပြီး ရပ်ခိုင်းလိုက်တော့ တုန့်ခနဲ ရပ်သွားပြန်သည်..။
"ဘယ်သွားမလို့လည်း…"
"…."
"ဘယ်ကိုလည်းလို့..အိမ်ပြန်တက်ရဲ့လား…ဒိလိုဆို သေသွားလိမ့်မယ်…ဦးကြီး ဘယ်သွားမှာလည်း.."
"….."
အချစ်မေးတာကို မဖြေပဲ လက်က လှုပ်လာပြီး တောင်တွေဘက်ကို လက်ညိုးထိုးပြတော့ မျက်လုံးပြူးသွားရသည်..။
"ဟာ…မသွားနဲ့ အိမ်ပြန်သွား…..အဝေးကြီးပဲ လိုသေးတယ်.."
"…."
"မနက်မှ ဘုရားဖူး…သွား…"
"….."
"ဒုက္ခပဲ လမ်းလျှောက်သွားလို့ မရပါဘူးဆို….ဒီမှာ…ဗမာလို နားလည်ရဲ့လား…ဟေ့..ဦးကြီး.."
"….…."
အချစ်ကို ကြည့်ပြီး တောင်ကို လက်ညိုးထိုးပြခါ တစ်ခုခု ပြောမလို့ ပြင်နေတော့ အချစ်လည်း လမ်းဘက်ကို ခေါင်းငဲ့ ကြည့်မိသည်..။
"မရှိဘူး..အိမ်ပြန်…"
".…"
"အိုး…လာ..လာ…ဒီဘက်ကို ပြန်လျှောက်…တောင်ကို ကြည့်လျှောက်နေလို့ မရဘူးရှင့်…အဝေးကြီးလိုသေးတယ်…ဒီမှာ လမ်း..ဒီကနေ ဒီလိုလျှောက်…တည့်တည့် ဒီလို လျှောက်.."
အချစ် ခြေလှမ်းတွေပါ လျှောက်ပြလိုက်ပြီး အမူးသမား နားလည် လွယ်အောင် သေချာ ရှင်းပြနေရသည်..။
"လာ..ဒီလို…"
တောင်ဘက်ကို ငေးနေရင်းက အချစ်ဘက်ကို ငေးကြည့်ပြန်တော့ အချစ် ခါးထောက်ပြီး လက်ညိုးညွန်ခါ အမိန့်ပေး လျှောက်ခိုင်းရသည်..။
အချစ် တို့ က အမူးသမား အုပ်ထိန်းသူပဲလေ…။
အိမ်မှာဆို အကိုတွေ မူးလာတိုင်း အချစ် ခိုင်းတာ အကုန်လုပ်ရတာပဲမဟုတ်လား..။
"ဟုတ်တယ်…ဒီလိုသွား…တည့်တည့်သွား…"
အချစ်စကားကို နားထောင်ပြီး တည့်တည့်လျှောက်သွားနေတဲ့ ဦးလေးကြီး ကို စိတ်မချလို့ ဆိုင်ကယ် မောင်းထွက်လာပြီးမှ လှည့်ကြည့်မိသည်..။
ခေါင်းငိုက်ဆိုက်နဲ့ လျှောက်နေတာ တည့်တည့်ပဲမို့လို့ စိတ်ချ လက်ချ ဆိုင်ကယ်ကို ချိုးကွေ့လာပြီး တစ်ချက် ပြန်လှည့်ကြည့်တော့ ဘယ်သူမှ မရှိ…။
လမ်း အဖြောင့်ကြီး ဘယ်မှ ၀င်စရာလည်း မရှိပါဘူးလို့ တွေးရင်း ကြက်သီးထသွားရသည်…။
"အမေ့ရေ…..အား….."
အဒေါ်က အိမ်ပြန်နောက်ကျတဲ့ အချစ် ကို မဆူရဲလောက်အောင်ကို သရဲ လမ်းပြသွားလုပ်မိတဲ့ အချစ် တစ်ယောက် အဖျားကြီး သွားခဲ့သည်..။
နောက်နေ့ရောက်တော့ အဒေါ်လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားသလို အချစ်လည်း အသည်းလေး ၀င်း ပုံကို ကြည့်ရင်း ညဘက်တွေဆို အိမ်ပြင်တောင် မထွက်တော့ပါ..။
.
"တောက်…..မရိုးဘူး…တစ်ယောက်ယောက် လုပ်ကြံတာပဲ နေမှာပါ…"
"မဟုတ်ဘူး..အဘိုးရဲ့…ကိုကို ခြံထဲက ထွက်တော့ ကားနားမှာ တစ်ယောက်ရပ်နေတယ် ပြောတယ်….သားကြည့်တာ မတွေ့ဘူး…ကိုကိုက တကယ်မြင်ရတယ်တဲ့…သား အထင် သရဲများလား မသိဘူး…"
"ဟေ..ဟုတ်လား…"
"အင်း…ပြီးတော့ ကိုကို ထွက်သွားပြီး ခဏအတွင်း လမ်းမ အလယ်မှာ အတိုက်ခံရတယ်…ပြုတ်ကျတာ မှန်ပေမဲ့ …ခေါင်းသာထိရင် ကိုကို ပွဲချင်းပြီးတယ်.."
"နာနာဘာဝတွေများ နှောင့်ယှက်လေသလား…အခုလည်း…တစ်ပတ်ကျော်ပြီ….ကိုမာ လို ဖြစ်နေတာဆိုတော့…ဟင်း…"
"အဘိုး လည်း ကိုကို ထူးခြားလာတယ်လို့ ထင်တယ်မလား…သူ ပြန်လာတော့ ကြောင်တစ်ကောင်ပါလာတယ်….ကြောင်ကလည်း သာမန်မဟုတ်ဘူး..မှုန်ကြုတ်ကြုတ်ကြီး…ပြီးတော့ လူရိပ်တစ်ခုလိုက်နေတယ်ဆိုတော့….ကိုကို တော့ ဝိညာဉ် နှောင့်ယှက်တာ ခံနေရပြီ ထင်တယ်…အဘိုး…ဘယ်လို လုပ်ကြမလည်း…"
"ဒါဆိုရင်တော့ ဒုက္ခပါပဲကွာ….သူ သတိရလာရင်လည်း တစ်ခုခု သိရမှာပေါ့..အခုတော့…ဟင်း…"
"ဖေ…ဖေကြီး.."
"ဟင်…သား သတိရလာပြီလား.."
"ရေ…"
"ရေ..ရေ…ရေ….နေဦး…ဒီမှာ.."
"ဟေ့ကောင်..ခုံပေါ်မှာလေ.."
"သြော်..ဟုတ်…"
ရူပါက အယောင်ယောင် ဖြစ်နေတော့ ဒီပါ ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေ တစ်ချက်တွန့်ပြုံးလိုက်မိသည်..။
"သောက်..ကိုကို…"
လည်ချောင်းတစ်လျှောက် စီးဆင်းသွားတဲ့ ရေက အကြာကြီး ခရီးနှင်လာသူအဖို့ စမ်းချောင်းက ရေ တစ်ခုပ် သောက်လိုက်ရသလို အေးမြကြည်လင်သွားသည်..။
"ခေါင်းမူးလား..သား.."
ဒီပါ ခေါင်းရမ်းပြီး အဖြေပေးလိုက်တော့ ဖေကြီးက သက်ပြင်းချခါ ကုတင်ဘေး မှာ ကပ်ထိုင်ပြီး မျက်နှာကို ကိုင်ကြည့်သည်..။
"မသေကောင်း မပျောက်ကောင်း သား..…နာတဲ့ နေရာ ရှိသလား.."
"ခြေထောက်…"
"အင်း..သား ခြေထောက်က အရိုးကျိုးသွားတယ်…လောလောဆယ်တော့ လမ်းလျှောက်လို့ မဖြစ်နိုင်သေးဘူး.."
"ဗျာ.."
"မစိုးရိမ်ရပါဘူး…လပိုင်းလောက်ပါပဲ…
ပြန်ကောင်းလာ နိုင်ပါတယ်…လမ်းလျှောက်ရင် အရမ်းနာနေမယ်လေ…ဒါကြောင့်ပါ…"
လူရှင်းတဲ့ ဆိတ်ငြိမ် ရပ်ကွက်မှာ လမ်းရှင်းတော့မှ လမ်းကူးလာတာပါ…။
ဒီပါ စိတ်မော လူမောစွာဖြင့် နာကျင်နေတဲ့ ဝေဒနာတွေကို ခံစားလိုက်ရပြီး မျက်လုံး ပြန်မှိတ် ထားမိသည်..။
.
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...