မုန်းပါနဲ့ဦး
အပိုင်း (၄)
#မုန်းပါနဲ့ဦး"အေ့…"
မျိုးချစ် ခြံရှေ့က ရေမြောင်းလေးကို သတိထားငုံ့ကြည့်ပြီး ခြံတံခါးကို တွန်းဖွင့်ခါ ၀င်လာခဲ့လိုက်သည်..။
မကျေမနပ်ဖြစ်နေတဲ့ စိတ်တွေ ထွက်ပေါက်ရသွားအောင် ငွေကြေးပေးပြီး ဆေးလာခဲ့ရသည်..။
ဒါပေမဲ့ စိတ်ထဲက ဖြစ်နေတဲ့ ပြဿနာတွေက အိမ်ရှေ့ရောက်တာနဲ့ ပြန်ပေါက်ဖွားလာတော့သည်..။
"ဟေ့…တံခါးဖွင့်စမ်း.."
မျိုးချစ် အသံခပ်စပ်စပ် ဖြင့် အော်လိုက်တော့ မာကျုရီ မီးရောင်အောက်မှာ ထွက်လာပြီး တံခါးကို ဖွင့်ပေးသည်..။
လူက မူးနေပေမဲ့ သနပ်ခါး ဖွေးဖွေး ပေါ်မှာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတာကို တွေ့ဖြစ်အောင် တွေ့လိုက်သေးသည်.။
"ထမင်းပွဲ အဆင့်သင့်…"
"ခင်ဗျားကို ဘယ်သူက နှိပ်စက်နေလို့ ငိုကြွေးနေတာလည်း ဟမ်…."
"….."
"ဘာလည်း…ခင်ဗျား အဖေကို မကျွေးနိုင် မပေးနိုင် ဖြစ်နေလို့ ဒီလို လင်မျိုး ယူတာ မှားပြီ လို့ နောင်တရနေတာလား…"
"အိုး..မဟုတ်ဘူး.."
"ကျုပ် သွားခိုင်းတယ်…ခင်ဗျားဟာ့ ခင်ဗျား မသွားတာ…အခုတော့ ကျုပ်ကပဲ လူကြမ်းကြီးပေါ့လေ…"
"ရှင် အိပ်ဖို့ အိပ်ယာ ပြင်ထားတယ်…အိပ်လိုက်ပါ.."
မျက်ရည်တွေကို လက်ခုံနဲ့ ဖိဆွဲသုတ်ပြီး အသံထိန်းပြောနေတဲ့ စကားသံက နားထဲမှာ ပူလောင်စပ်ခါး သွားရသည်..။
ကိုယ့်က သူ့ယောင်္ကျား… နှစ်ယောက်တစ်ဘ၀ဆိုတဲ့ နားမလည်နိုင်စရာ ဒီဘ၀ ကြီးကို တူတူရောက်လာပြီး… ကိုယ်ကြိုးစားရုန်းကန်နေမျှကလည်း ဒီ နားမလည်နိုင်တဲ့ နှစ်ကိုယ်တူ ဘ၀ဆိုတာကြီး အတွက်လေ..။
အခုလို ပင်ပင်ပန်းပန်းရှာကျွေးနေတာကို… သူ့က လွှတ်သောငါးကြီးသလို ခံစားနေရတာ ခံပြင်းမိသည်..။
သူ့အဖေအရင်းဆီကိုတောင် ဘယ်သွားချင်မလည်း..ဟိုမှာ က ဝေနဲ့ အကိုကြီး တို့က တစ်နေ့ကုန် ပြုစုနေတော့ မျိုးချစ်လို အထည်ကောက်သမားကို ယူထားတာ ရှက်ဖို့ကောင်းနေပြီလေ…။
ကိုယ်က သူ့အိ်မ်ကို လိုက်သွားရတာ သူက ရောက်တာနဲ့ မီးဖိုချောင် ၀င်သွားတာ သနပ်ခါး ဖြီးလိမ်းပြီးမှ ပြန်ထွက်လာသည်လေ..။
သူ့အဖေကို အကိုကြီးက မုန့်ခွံပေးတာကို ကြည့်နေတာများ ပြုံးလို့..။
မျိုးချစ်ကို သူ အဲလိုမျိုး တစ်ခါတောင် ကြည့်ဖူးရဲ့လား…စိတ်ထဲက အတွေးပေါင်း များစွာဖြင့် အံကို တင်းနေအောင် ကြိတ်လိုက်မိသည်..။
"အို..ရှင်လွတ်.."
"မလွတ်ဘူး..ခင်ဗျားက ကျုပ်မိန်းမ…ခင်ဗျားကို ရှာကျွေးနေတာကျုပ်… ခင်ဗျားစားနေတာလည်း…ကျုပ်ရှာတဲ့ ထမင်း..ခင်ဗျားကို ကျုပ် ပိုင်တယ်.."
"ဟုတ်ပါတယ်…ကျွန်မ စားနေတာ ရှင့် ထမင်း…ကျွန်မ နဲ့ ရှင်က လင်မယားတွေ ဒါပေမဲ့ အချစ်မေတ္တာမပါတာလည်း ထည့်ပြောပါဦး…အဟင့်..."
"တောက်…"
"အို…လွှတ်…လွှတ်…အဟင့်…."
မျိုးချစ် မခံချင်စိတ် ဒေါသဖြင့် သောက်ထားတဲ့ အရှိန်ကြောင့် စိတ်လွှတ်သွားခဲ့ပေမဲ့ ကျောခိုင်းထားချိန် ငိုရှိုက်သံကြား ရတော့ ဗလက္ကာရ ပြုမိသလိုကြီး ခံစားနေရသည်..။
သူနဲ့ ကိုယ်က လူသိရှင်ကြား လက်ထပ်ထားတဲ့ လင်မယားတွေပဲလေ…။
ဒါပေမဲ့ သူ မကြည်ဖြူခဲ့တာ သတိရတော့ စိတ်မောစွာဖြင့် ဇွတ်မှိတ်အိပ်ဖို့ ကြိုးစားရတော့သည်..။
မနက် အိပ်ရာနိုးတော့ ထုံးစံ အတိုင်း သွားတိုက်တံ နဲ့ ရေဖလား အသင့်ပြင်ထားသလို ရေလဲပုဆိုးလည်း ချပေးထားပေမဲ့ လူကတော့ ပျောက်နေသည်..။
ညတုန်းက အဖြစ်အပျက်တွေကို ပြန်သတိရတော့ ရင်ခုန်သလိုလို ဖြစ်လာပြီး ရေချိုးနေရင်း မီးဖိုချောင်ကို မော့ကြည့်မိသည်..။
ပုန်းနေပြီလားလို့ တွေးမိခါ ရေလောင်းချိုးရင်း ပြုံးလိုက်မိသည်..။
မနက်မုန့်ကို စားပွဲခုံပေါ်မှာ တင်ထားပေမဲ့ လူက ပျောက်နေလို့ တစ်ပတ်လိုက်ရှာကြည့်တော့ ဟိုဘက်ခြံက အဖွားကြီး နဲ့ စကားပြောနေသည်..။
ဟွင့်…ဘယ်အချိန်အထိ ရှောင်နေနိုင်မှာမို့လို့လည်း..။
မျိုးချစ် ထမင်းကြော်ကို ခပ်သွက်သွက်စားခါ အ၀တ်အစားလဲပြီး အကျီ င်္အထုတ်တွေ သယ်ခါ ထွက်လာခဲ့လိုက်သည်..။
"သွားပြီဟေ့.."
"အင်း.."
တစ်ဖက်ခြံနဲ့ လှမ်းစကားပြောနေရင်း ခေါင်းညိတ်ပြခါ ပြန်လှည့်သွားတော့ မျိုးချစ် စိတ်ထဲက ကျိန်ဆဲရင်း ထွက်လာခဲ့ရသည်..။
ယောင်္ကျား ဖြစ်သူထက် ရပ်ကွက်ထဲက အတင်းသတင်း တွေက အရေးကြီးနေတာလေ…။
"မျိုးချစ် ပြန်တော့မလို့လား.."
"ဟုတ်တယ် အစ်ကို.."
"မင်း…အင်္ဂလိပ် နည်းနည်းပါးပါး ရတယ်မလား.."
"ဟာမရပါဘူး…မှန်းပြောနေတာပါ.."
"အေး…ခဏတော့ လိုက်ခဲ့ပေးကွာ…ငါက လေးတန်းတောင် အောင်တာမဟုတ်ဘူး.."
ကိုမော် က မျိုးချစ်ကို အထင်ကြီးစွာဖြင့် ခေါ်တော့ ငြင်းလို့လည်း မကောင်းတာနဲ့ လိုက်လာခဲ့ရတော့သည်..။
ဖော်ရိန်နာကြီး ချိန်းတဲ့ ကော်ဖီဆိုင်ကလည်း ဒေါ်လာနဲ့ရှင်းရသည့် ဆိုင်မို့ မျိုးချစ် ၀င်ကတည်းက လိုက်လာတာ မှန်ပြီလို့ တွေးမိသည်..။
မတောက်တခေါက် စကားလုံးတွေ နဲ့ အဓိပ္ပာယ် ပြန်ကြည့်နေရင်းက နည်းနည်းချင်းဆီ သဘောပေါက်လာတော့ မျက်လုံးပြူးလာရသည်..။
"ဘာပြောတာလည်း..မျိုးချစ်.."
"သြော်...လုပ်ငန်းအတွက် အလုပ်သမား လိုတယ်တဲ့..လစာကောင်းကောင်း ရမယ်ပြောတယ်"
"ဂွပဲ…သူနဲ့ ငါက ခင်တယ်ကွ…နေ့တိုင်း ငါ့ဆိုက်ကားကို စီးနေကျပဲ…သူပြောတာလည်း ငါ နားမလည်ဘူး…သူပြောတဲ့ အလုပ် မင်း လုပ်ကြည့်ပါလား.."
"..ကျွန်တော် သူဘာပြောလည်း သေချာ မသိပေမဲ့ တစ်ခုခု လုပ်ချင်တယ် လို့ ပြောနေတာတော့ သိတယ်…"
"မင်း အပေါင်းအသင်းထဲ ရှိရင် မိတ်ဆက်ပေးလိုက်ပေါ့ကွာ…ဥပဒေနဲ့ မလွတ်ကင်းတာ ဆိုရင်တော့ ပြေးတော့ ဟေ့ကောင်.."
"မနက်ဖြန် ကျွန်တော် အထည်တွေ ပို့ရဦးမယ်…အခုသွားနိုင်မလား မေးကြည့်ဦးမယ်.."
မျိုးချစ် စကားလုံးတွေ စီပြီး ပြောချလိုက်တော့ အသားနီစပ်စပ် မျက်နှာကြီးက အပြုံးတွေဖြင့် ခေါင်းညိတ်ပြသည်..။
ကားတစ်စီးငှားပြီး မျိုးချစ်သူငယ်ချင်း ဆီကို ခေါ်သွားတော့ ဟိုကောင်က တော်တော် လေး စကားပြော ကျွမ်းကျင်ပါသည်..။
"ဘာတဲ့လည်း.."
"သူတို့မှာ သစ်ကုမ္ပဏီ ရှိတယ်တဲ့ကွ…သူ့ဘက်က လခ အပြင် အကျိုးခံစား ခွင့်တွေပါ ပေးမယ် မင်းက သစ်တွေကို အချောထည် အဆင့်ရောက်တဲ့ အထိ တာ၀န်ယူ စီမံပေးရမယ်တဲ့ …"
"ဟေ…ငါက သစ်အကြောင်း ဘာမှတောင်မသိတာ…"
"မျိုးချစ်ကလည်းကွာ..ဘယ်ကောင်က မွေးကတည်းက သိမှာလည်းကွ…ပိုင်ရဲ က အခု သစ်တော အရာရှိ ဖြစ်နေပြီ သူ့ကို မေးစမ်းကြည့်ပေါ့လေ…"
"အေး…မေးကြည့်ဦးမယ်…သူက ပြန်တော့မှာလား.."
"သူက ဒီမှာနေတာလေ..နယ် တာ၀န်ခံ တစ်ယောက် လိုတာ… မင်းကို တာ၀န်ခံ အဲ မန်နေဂျာ လုပ်စေချင်တယ်ပေါ့ကွာ.."
"ဟ..ဟုတ်မှ လည်း လုပ်ဦးနော်..အခုနောက်ပိုင်း အဖြူကောင် လူလိမ်တွေ ပေါလာပြီ.."
"ဟား..ဟား…ဟုတ်ပါတယ်ကွာ…သူ့မှာ လုပ်ပိုင်ခွင့်တောင် ရှိထားပြီးသား…မင်းလည်း ငွေပေါ်တက်ထိုင်ရမှာနော် စဉ်းစားပါ မျိုးချစ်ရာ.."
မျိုးချစ် ခေါင်းကို စောင်းပြီး နိုင်ငံခြားသား မျက်နှာ ကို အကဲခတ်ကြည့်နေမိသည်..။
လူရိုးလား လူကောင်းလား အမှတ်အသားမှ မပါတာပဲ ဒါပေမဲ့ ကံအားကိုးနဲ့ အလုပ်သစ် တစ်ခုကို လက်ခံလိုက်မိသည်..။
မျိုးချစ် ဘ၀က အထည်ရောင်းနေရင်းကနေ သစ်သမား ဘ၀ ရောက်သွားရပြီး..သူငယ်ချင်း အပေါင်းအသင်းတွေထဲမှ သစ်တော တာ၀န်ကျနေတဲ့ သူတွေကို ပြန်ဆက်သွယ်ရသည်..။
ဖုန်းနဲ့ တစ်မျိုး စာဖြင့် တစ်ဖုံ တစ်ခါတစ်ခါ ကိုယ့်စားရိတ် ကိုယ်စိုက်ပြီး အိမ်တိုင်ရာရောက် သွားတွေ့ရသေးသည်..။
"ဟုတ်တယ်….ဒီ့လူနာမည်ဂျော့တဲ့… တို့ဆီမှာ လုပ်ငန်း မှတ်ပုံတင်ထားတာကြာပြီ….လူယုံ သစ္စာဖောက်ခံလိုက်ရတာ…သစ်စက် ဟဲဗီးကြီးတွေ အားလုံး ရပ်လိုက်ရတယ်…မင်းကို တစ်ယောက်ယောက်က ညွန်းလိုက်လို့ လူယုံမွေးဖို့ ဖြစ်မယ်..ငါ့ကောင်ရ.."
"ငါ့ကိုလည်း ဆိုက်ကားဆရာ က မိတ်ဆက်ပေးတာ..ငါ့ အတွက်လခရရင် ဘယ်အလုပ်မဆို ငါ့ အလုပ်လို သဘောထားပြီး လုပ်ပေးမှာပဲ.."
"အေး…ငါလည်း တက်နိုင်သလောက် ကူညီပါမယ်ကွာ…သစ်စက်ကြီး တစ်ခုလုံးကို ဦးစီး ရမှာဆိုတော့ မင်း လုပ်ငန်း ၀မ်းစာ ပြည့်ဖို့ လိုတယ် မျိုးချစ်.."
"မင်းတို့ကို ပဲ မသိတာ မေးရတော့မယ်ကွာ.."
"အေး..အချိန်မရွေးလာပေါ့ကွာ.."
မျိုးချစ် ညနက်ချိန် အိမ်ပြန်ရောက်တော့ တစ်အိမ်လုံး မီးတွေ မှောင်နေသည်..။
ယောင်္ကျား ဖြစ်သူက မနက်စာနဲ့ ညစာ ပေါင်းစားနေရတာ သူက တစ်ညတလေ ညနက် တာတောင် မစောင့် နိုင်ပဲ အိပ်နေတော့ ဒေါသ ဖြစ်ရပြန်သည်..။
"ဟေ့..တံခါးဖွင့်စမ်း."
"လာပြီ.."
ဆံပင်ဖျားလျားကို တစ်ပတ်လျှို ထုံးပြီး အိမ်ရှေ့ တံခါးဆီကို ရောက်လာတော့ မျိုးချစ် ဒေါသ မကင်းသည့် မျက်လုံးဖြင့် ဆိုက်ကြည့်နေမိသည်..။
"တစ်နေ့လုံး အိမ်မှာ နေပြီး တော်တော် အလုပ်များနေတာ..ဒီ အိတ်က အခုချိန်ထိ ဒီမှာပဲ ရှိသေးတယ်.."
မျိုးချစ် လက်ညိုးထိုးပြပြီး ဒေါသဖြင့် အော်ပြောလိုက်တော့မှ အိတ်ကို နေရာရွေ့တော့သည်..။
တကယ်ဆို ကိုယ်တိုင်တောင် သိပ်မနိင်ချင်တဲ့ အိတ်ကို တစ်ယောက်တည်း မ တော့ အမြင်မတော် ဖြစ်ရပြန်ပေမဲ့ မတားမိတော့ပါ..။
အ၀တ်အစား လဲပြီး ညနက်နေလို့ ရေမချိုးတော့ပဲ ထမင်းစားပွဲ မှာ ၀င်ထိုင်လိုက်ရသည်..။
ပဲစင်းငုံ ဟင်း အေးစက်စက် ကို စားနေချိန် ဒေါသက တစ်ဆင့်တက်လာရပြန်ပြီ..။
ယောင်္ကျား ပြန်လာရင် စားဖို့သောက်ဖို့ ပူပူနွေးနွေးတောင် မစီစဉ်ပေးနိုင်တာ..မိန်းမ ယူထားပြီး ဘာများ အသုံးကျသလည်း..။
အိပ်ယာထဲ ရောက်ပြီး ကျောပေးအိပ်လိုက်ချိန် အထိ ဒေါသတွေဖြင့် အစာမကြေသလို ခံစားနေရသည်..။
"ဟာ..ခုချိန်ထိ မထသေးဘူးလား.."
"ဟို…ကျွန်မ နေမကောင်းလို့…ရှင့်အမေ့ကို ပြောပေးပါလား.."
"ဘာဖြစ်လို့လည်း.."
"ဟို…မိန်းမရောဂါပါ အမေပဲ သိလိမ့်မယ်.."
မျိုးချစ် မေးမိတဲ့ ပါးစပ်ကို ဒေါသ ဖြစ်ရင်း ခြံထဲကို ဒေါသဖြင့် ခပ်ဆောင့်ဆောင့် ဆင်းလာခဲ့လိုက်သည်..။
အမေတို့ အိမ်ကိုရောက်တော့ အမေ က စျေးသွားဖို့ ပြင်ဆင် ပြီးနေပြီ..။
"သားငယ် စောလှချည်လား.."
"ဟုတ်တယ်..အမေ..အိမ်မှာ..မလှမေ က နေမကောင်းလို့..အမေ့ကို ခေါ်ပေးပါဆိုလို့…အမေ အားရင် ခဏ လိုက်ခဲ့ပေးပါလား.."
"သြော်…အေး.."
အမေ က ခပ်သွက်သွက် လျှောက်တော့ မျိုးချစ်လည်း အမေ့ကို အမှီလိုက်နေရင်း ဘာရောဂါ ပါလိမ့်လို့ တွေးနေမိသည်..။
အမေ က အိပ်ယာနားကို ရောက်တော့ တိုးတိုး စကားပြောပြီး မျက်လုံးပြူးခါ မျိုးချစ်ကို လှည့်ကြည့်သည်..။
"သား…သားဖွားသူနာပြု ဆရာမ မကြည် ကို မြန်မြန် သွားခေါ်စမ်း…"
"ဗျာ…ဟုတ်.."
အမေ ခိုင်းသည်မို့ ဘာမှ မစဉ်းစားအားပဲ ဆရာမ မကြည် အိမ်သို့ ကပျာကယာ ပြေးရပြန်သည်..။
ဆရာမရယ် အမေ ရယ် ခေါင်းချင်း ရိုက်ပြီး စကားပြောနေရင်း အခန်းပုံစံ လုပ်ထားတဲ့ ခန်းစည်းလိုက်ကာကို ဆွဲပိတ်လိုက်တော့ မျိုးချစ်လည်း အိမ်ပေါ်တောင် မတက်တော့ပဲ အိမ်ရှေ့ မှာသာ ထိုင်နေလိုက်သည်.။
"သားရေ…ဆရာမကို လိုက်ပို့လိုက်ဦး…"
"ဟုတ်ကဲ့…"
"မောင်မျိုးချစ်တို့ အိမ်ထောင်ကျတာ မကြာသေးဘူးနော်.."
"ဟုတ်ကဲ့..ခြောက်လတော့ ရှိပါပြီ.."
"အင်း..ကောင်မလေးကလည်း အားနည်းနေတယ် နည်းနည်း ဂရုစိုက်ပေးပေါ့.."
"ဟုတ်ကဲ့.."
ဆရာမ ဘာပြောနေလည်း သဘောမပေါက်ပေမဲ့ မျိုးချစ် ခေါင်းညိတ်ပြီး အိမ်ရောက်အောင် လိုက်ပို့ပေးခဲ့ရသည်..။
အိမ်ပေါ် ပြန်ရောက်တော့ အမေ က ကျောကုန်းကို ဆီးကြိုပြီး ထုတော့သည်လေ..။
"ဟ..အမေရယ်…သား ဘာလုပ်မိလို့လည်း.."
"နင် လုပ်တာ နင် မသိဘူးလား..ဒီလို အိတ်အကြီးကြီးတွေကို သယ်ခိုင်းရလားဟဲ့.."
"အမြဲတမ်း..သူ လုပ်နေကျပါ.."
"ကြည့်စမ်း…ပြောလေ ဆိုးလေပဲ…ခုတော့ လုံး၀ မလုပ်ခိုင်းနဲ့တော့နော်…"
"ဘာဖြစ်လို့လည်း.."
မျိုးချစ်ရဲ့ နားမလည်တဲ့ မျက်နှာ အမူအယာကို ကြည့်ပြီး အမေ က မျက်စောင်းဝဲ ၍
"လှမေ မှာ ကိုယ်၀န်ရှိနေပြီဟဲ့…မတော်မဆ ကလေးတွေဘာတွေ ပျက်ကျတော့ ဘယ်နဲ့ လုပ်မလည်း….သားရယ်…လှမေ လေးက အလုပ်ခိုတဲ့သူ မဟုတ်ပါဘူး..ဒါကြောင့် အနားယူဖို့ပဲ သားက ပြောရမှာလေ…"
"ဟင်..ကိုယ်၀န် ရှိနေပြီ..ဟုတ်လား.."
"အင်း..ဟုတ်တယ်…ခုတော့ နေမကောင်းလို့ လဲနေတယ်…အလေးအပင်မလိုက်တော့ ထိခိုက်မှာပေါ့ကွယ်…တော်ပါသေးရဲ့…အခု ကလေး ကော လူကြီး ကော မထိခိုက်ပေလို့…"
"သား မှ မသိတာ.."
မျိုးချစ် က အမေ့ကို ချွဲနွဲ့သလို ပြောလိုက်တော့ အမေ က ခေါင်းကို ပုတ်ပြီး ပြုံးနေတော့သည်..။
အဖေဘဝရောက်တော့မယ် ဆိုတဲ့ အတွေးဖြင့် ရင်ထဲမှာ သိမ့်ခနဲ့ ဖြစ်ခါ ပျော်သလိုလို မပျော်သလိုလို ခံစားနေရသည်..။
မကြာခင် လူလောကထဲကို ကလေးလေး တစ်ယောက်ရောက်လာပြီး မျိုးချစ်ကို ဖေဖေ လို့ ခေါ်တော့မယ်လေ…။
.
"ဟင်း…ဒီလလည်း မပြန်နိုင်ဘူး.."
မျိုးချစ်မှာ မိန်းမ ကိုယ်၀န်ဆောင်နေချိန်မှ သစ်စက်ရုံ အလုပ်ကိစ္စ ဖြင့် နယ်ကို ချည်း ခရီးထွက်နေရတော့ မိန်းမ ကို အမေတို့ဆီ အပ်ထားရသည့် အဖြစ်…
အမေတို့ခမျာ ကိုကြီး မင်္ဂလာကိစ္စ လည်း စီစဉ်ရ ကိုယ်၀န်ဆောင်သည် လည်း ဂရုစိုက်ရဖြင့် အလုပ်များနေပေမဲ့ ပျော်နေရှာသည်..။
"ဆရာ…ပိတ်ရက် အိမ်ပြန်မလို့ဆို.."
"ပြန်လို့ရမလားကွ..မင်းတို့ လုပ်နေတာ အသုံးမှ မကျပဲကို..ဒီတစ်ခေါက် ကားတင်ရင် အားလုံးပြီးတာပဲ လိုချင်တယ်…တောက်…သေချာစီစစ် နေတာတောင် အလုပ်က ခိုချင်ကြသေးတယ်…အကုန်လုံးကို ထုတ်ပစ်လိုက်ရ မကောင်းရှိတော့မယ်.."
မျိုးချစ် ဒေါသနဲ့ မကျေနပ်မှုက အလိုက်မသိ လာရောက် စပ်စုသည့် တပည့်ကျော် အပေါ် လုံးလုံးကျသွားတော့သည်..။
.
"ဟော…သားငယ်.."
"ကြည့်စမ်းပါဦးကွာ…မင်း မဲပြာလာလိုက်တာကွာ.."
"ဟုတ်တယ်…အဖေရာ…နေပူမရှောင် မိုးရွာ မရှောင်လုပ်နေရတယ်…သားက အလုပ်ကို အသေးစိတ် သိမှ ပြန်ခိုင်းလို့ အဆင်ပြေမှာ ဆိုတော့ အားလုံး လေ့လာနေရလို့ပါ…. သြော်..အဖေ့ အတွက် အနွေးထည်နဲ့ ခြေအိတ်၀ယ်လာတယ်…ဒီနှစ် အအေးပိုတယ်လေ…အမေ အတွက်ကတော့ အကြိုက် ပုစွန်ခြောက်နဲ့ ပုစွန်ချဉ် ၀ယ်လာတယ်...ကိုကြီး နဲ့ ဝေဖို့တော့ ဒီမှာ..မင်္ဂလာ လက်ဆောင် ပေါ့ဗျာ…ဟဲ..ဟဲ…"
မျိုးချစ် ချပေးလိုက်တဲ့ နိုင်ငံခြား အမွှေးနုနု ဂွမ်းစောင် အိတ်ကို ကြည့်ပြီး ဝေ က မျက်လုံးလေး ပြူးနေတော့ ကိုကြီး က ပြုံးနေသည်..။
"မင်း က တစ်အိမ်လုံး အတွက် ပါလာပြီး မင်း မိန်းမ အတွက်တော့ အိမ်မှာ ၀င်ထားခဲ့ပြီပေါ့လေ…"
"ဟာ..မဟုတ်ပါဘူး..ဒီမှာလေ…"
မျိုးချစ် အိတ်ထဲက ကလေး အကျီ င်္ီလေးထုတ်ပြလိုက်တော့ ဝေက လှမ်းယူပြီး ကိုကြီး နဲ့ တူတူ ကြည့်နေကြသည်.။
"ဟ….ယောင်္ကျားလေး စပို့ရှပ်သေးသေးလေးပဲကွ…မိန်းကလေး မွေးလာရင် ဘယ်နဲ့ လုပ်မလည်း."
"ယောင်္ကျားလေး မွေးမှာပါဗျာ…"
"ဟိ..မမ ကို သွားပြလိုက်ဦးမယ်.."
ဝေက အကျီ င်္လေး ကိုင်ပြီး အိမ်နောက်ဖက်ကို ပြေး၀င်သွားတော့မှ မျိုးချစ် ရေသောက်ဖို့ သတိရလို့ ရှေ့မှာချထားတဲ့ ရေခွက်ကို ကောက်ကိုင်လိုက်သည်..။
"နေပါဦး..မင်းက သားလေး မွေးမယ်လို့ ဘယ်နဲ့ကြောင့် သေချာနေတာလည်း.."
"ဟား…ကိုကြီးက နည်းလမ်းလိုနေပြန်ပြီ…"
"ဟာကွာ…ငရှုပ်ကောင်.."
"ဒီလိုပါ…ကျွန်တော် အိမ်မက် မက်တယ်…အိမ်မက်ထဲမှာ စုံတွဲ တစ်တွဲက မေးတယ်…မိန်းမ နဲ့ သား ဘယ်သူ့ကို ရွေးမလည်းတဲ့…ကျွန်တော် က သားကိုပဲ ရွေးတယ်…"
"ဟင်….မင်း..မင်း…ဒီအိမ်မက် ဘယ်လောက်ကြာနေပြီလည်း.."
"တစ်လလောက်ကြာပြီ အဖေရဲ့..ဘာဖြစ်လို့လည်း.."
"ဒုက္ခပါပဲကွာ…မင်း ဘာဖြစ်လို့ သားကို ရွေးရတာလည်း..နှစ်ယောက်စလုံး မပေးနိုင်ဘူး ပြောရတယ်ကွ "
"အိုး..အဖေကလည်း..မိန်းမဆိုတာ အချိန်မရွေး ထပ်ယူလို့ရတယ်…ရင်က သွေးကို ဘယ်လို လုပ်ပြီး ကျောခိုင်းရက်ပါ့မလည်း…ပြီးတော့…မလှမေ ကို သားက ချစ်လှကြိုက်လှတယ်မှ မဟုတ်တာ..ခုချိန်ထိလည်း ဘယ်လိုမှ ချစ်လို့မရသေးဘူး…အဲဒါကြောင့် အိမ်မက်ထဲမှာ သူ့ကို မရွေးမိတာ ဖြစ်ပါလိမ့်မယ်.."
"ဟင်း…မင်း စိတ်ထဲ တကယ့်ကို လှမေ မရှိတာလား.."
"ဟုတ်ပါတယ်…သူ တစ်ခုခု ဖြစ်သွားလည်း သားက နောက်ထပ် မိန်းမ လှလှလေး ယူလိုက်မယ်လေ…အဲဒါဆို သားလည်း ချစ်လာနိုင်ပြီး ပျော်စရာကောင်းတဲ့ မိသားစုလေး ဖြစ်လာမယ်ထင်တယ်..နောက်တစ်ခါ အိမ်မက်လည်း သားပဲ ရွေးမယ်…မိန်းမကတော့ သား ဘ၀မှ အရေးမပါတဲ့ အဟန့်အတား တစ်ခုပဲ အဖေ.."
"ဟင်း.."
"ထားပါတော့..အဖေကလည်း အိမ်မက်ကို သိပ်ခံစားမနေပါနဲ့…မင်း အလုပ်တွေကော တိုးတက်ရဲ့လား.."
"အင်း…မနည်းတော့ တက်လာပါပြီ…အလုပ်ကြမ်းသမားတွေကို ဦးစီးပြီး ခိုင်းနေရတာ ဆိုတော့ ချော့တန်ချော့ ခြောက်တန် ခြောက်ပေါ့ အကိုကြီးရာ.."
"အေးကွာ…ငါလည်း စိတ်မချဘူး…မင်းတောထဲ ၀င်သွားရင် စာမရောက် ဖုန်းမရောက်တဲ့ နေရာချည်းပဲ.."
"စိတ်မပူပါနဲ့…အဖေ အမေနဲ့ အကိုရဲ့ မေတ္တာကြောင့် ကျွန်တော့်ဘ၀ မှာ ခလုတ်တံတိုင်းဆိုတာ မရှိပါဘူး"
"ဟဲဟဲ…မမ က ကိုမျိုးကို လွမ်းနေတာ..လာပါမမရဲ့.."
စကားကောင်းနေတုန်း ဝေက လက်ဆွဲပြီး ခေါ်ထုတ်လာလို့ မျိုးချစ် တစ်ချက် မော့ကြည့်လိုက်ချိန် ရှပ်ပွပွ ဖြင့် ပန်းကန် တစ်ခု ကိုင်လျက်သားက လှစ်ခနဲ့ တစ်ချက်ပြုံးပြသည်..။
"လက်ဖက်သုတ်စားကြတာ…စားပါဦးလား…ကိုမျိုးချစ်.."
"ဟယ်…ဘယ်လိုကြီးတုန်း မမ ရဲ့..ခေါ်တာကြီးကလည်း ကိုမျိုးချစ်တဲ့.."
"အိုး…"
"ကဲ…ကဲ…သိပ်လည်း မစကြနဲ့ ဗိုက်ထဲက ကလေး ဒေါသကြီးနေပါ့မယ်.."
အဖေက ၀င်ဟန့်တော့မှ ဝေ့ကို မျက်စောင်းဝဲပြီး မျိုးချစ်ရှေ့ကို လက်ဖက် ပန်းကန်တိုးပေးခါ ရေနွေးကြမ်းလည်း ငှဲ့ထည့်ပေးသည်..။
.
"ဒီ တစ်ခေါက် မနည်းကြာတယ်နော်…"
"ဟုတ်တယ်…ကားတင်ဖို့ သစ် အကြမ်းထည်တွေ အမှီဖြစ်အောင် တွန်းထိုး လုပ်ခိုင်းနေရတယ်.."
မျိုးချစ် အိမ်ပြန်ရောက်တော့ ရေချိုးဖို့ အ၀တ်အစား ချွတ်ရင်း အနားမှာ ရေလဲ ပုဆိုး အဆင့်သင့် ပြင်ပေးတဲ့ သူနဲ့ စကား တုန့်ပြန် ပြောဆိုနေမိသည်..။
ရေချိုးပြီး တက်လာတော့ အိမ်ပေါ်မှာ မတ်တက်ရပ်ရင်း သူ့ဗိုက်ကို မျိုးချစ် ၀ယ်လာတဲ့ စပို့ရှပ်ကလေး ကပ်ကြည့်နေသည်..။
"သားက တော်တော် ထွားမယ်…"
"ဟင်…အင်း…"
သနပ်ခါး ပါးကွက်လေး ပျက်စပြုနေတဲ့ ပါးပေါ်မှာ ပါးချိုင့်လေး အရောင်လက်နေသည်။
ကလေး အကျီ င်္လေးကို မြတ်နိုးစွာ ပြုံးကြည့်နေတော့ မျိုးချစ် ပြုံးရင်း ခေါင်းရေသုတ်ခါ အ၀တ်အစား လဲလိုက်သည်..။
"သြော်..ထမင်းစားတော့မလား.."
"လက်ဖက်တွေ စားလိုက်တာ…မဆာတော့ဘူး.."
"ဟုတ်ပါရဲ့.."
"ဘာလို့ ဒီလိုကြီး ၀တ်တာလည်း.."
မျိုးချစ် မေးငေါ့ပြီး မေးလိုက်တော့ နားမလည်သလို ခေါင်းငုံ့ ကြည့်ပြီး ရှပ် အင်္ကျီ ကို ကိုင်ခါ မျက်လုံးပြူးကြည့်ပြန်သည်..။
"ဟုတ်တယ်…ဘာဖြစ်လို့…အဲဒါကြီး ၀တ်တာလည်း…ကိုယ်၀န်က လေးလကျော်လာပြီပဲ…ကိုယ်၀န်ဆောင် အင်္ကျီ တွေ စမ်း၀တ်ကြည့်ပေါ့.."
"အို….မ၀တ်ရဲဘူး…ရှက်တယ်…"
"ရှက်ရင်…ဘာလို့ ယောင်္ကျားယူသေးလည်းဗျ…"
"အိုး.."
"ရှက်ရအောင် တိတ်တိတ်ပုန်း မယားဘ၀နဲ့ ကလေးရတာလည်း မဟုတ်ဘူး..ဒီရှပ် အစုတ်ကြီးတွေ၀တ်တော့ ကျုပ် သိက္ခာ ကျတာပေါ့ဗျ.."
"နောက်တော့၀တ်မှာပေါ့.."
"အခုကတည်းက အိမ်မှာ ကျင့် ၀တ်ထားတော့ ပိုမကောင်းဘူးလား.."
"အိုး..ရှင်ကလည်း…ဇွတ်ချည်းပဲ.."
"အခုမှ သိသလား.."
မျိုးချစ် အမေးစကားကို မဖြေတော့့ပဲ မျက်စောင်းလေး မသိမသာဝဲခါ အင်္ကျီ င်္လေးကို ခုံပေါ်တင်ပြီး မီးဖိုခန်းဘက်ကို ထွက်သွားတော့သည်..။
"ဟင်…"
မျိုးချစ် မနက်ဖြန် ပထမဆုံး အစီအရင်ခံစာ တင်ပြရမှာ ဖြစ်သလို အရှုံး အမြတ် တွက်ချက်ပြီးမှ ဒီအလုပ်ကို ဆက်လုပ်မယ် မလုပ်ဘူး ဆုံးဖြတ်ချက်ချရမယ်လို့ မစ္စတာဂျော့က အသိပေးထားသည်..။
ဒီအလုပ်က ပင်ပန်းပေမဲ့ စိုက်ပျိုးပြီး တစ်သက်လုံး အသီးထိုင်ခူးရမဲ့ အလုပ်မျိုးမို့ မျိုးချစ် ဒီအလုပ်အပေါ် လုံး၀ အားစိုက်ထားသည်..။
သို့ပေမဲ့ အဆိုး အကြောင်းတွေကြောင့် အလုပ်ကြီး ရပ်နားသွားရရင် မျိုးချစ်လည်း ပုံထည် ပြန်ရောင်းရတော့မဲ့ အဖြစ်ကို တွေးခါ အိပ်မပျော်နိုင်ဖြစ်ရသည်..။
တစ်ဖက်ကို စောင်းလိုက်တော့ မျက်လုံး အဝိုင်းသားနဲ့ ငေးကြည့်နေတာကြောင့် အံသြမိသည်..။
ညနက်လို့ တစ်ချက်ပင် ထိုးတော့မည်…ဘာဖြစ်လို့များ မအိပ်သေးတာပါလိမ့်..။
"နေကောင်းရဲ့လား.."
"ဟင်….အင်း…"
မျိုးချစ် မေးလိုက်မှ ကြောင်တောင်တောင် ဖြင့် ခေါင်းညိတ်ပြီး မျက်လုံး စုံမှိတ် အိပ်တော့ ပြန်ကျောပေးလိုက်ခါ မနက်ဖြန်ကို မေ့ပြီး အိပ်ပျော်အောင် ကြိုးစားရသည်..။
ခရီးက ပြန်လာတာ သုံးလေးရက်ကို သူ့အဖေဆီလည်း တာ၀န်ကျေ ပြေးတွေ့ပြီး လက်ဆောင် မုန့်နဲ့ ပစ္စည်း တစ်ချို့ ပေးရသည်..။
အမေ က အတင်းတိုက်တွန်းလို့ ဆေးခန်းပြဖို့လည်း အဖော် လိုက်စောင့် ပေးရသေးသည်..။
နေ့ခင်းထမင်းစားချိန် ကျော်တော့ မစ္စတာဂျော့က ခေါ်လို့ သူ့ ကုမ္ပဏီကို လိုက်သွားရသည်..။
"အစီအရင်ခံစာ ဆိုတာကတော့ ကျွန်တော် ရေးတက်သလို ရေးထားပါတယ်…လွန်ခဲ့တဲ့ သုံးလက လုံး၀ ပိတ်ထားတာမို့ အလုပ်သမားတွေပါ ပြန်ရှာပြီး အစက ပြန်လုပ်နေရတာပါ…အဲဒါလေး နားလည်အောင် ပြောပေးပါ.."
ဘာသာပြန်တဲ့ သူက သေချာ ရှင်းပြနေတော့ အချိန်တော်တော်ကြာသည် အထိ မပြီးနိုင်ပဲ မျိုးချစ်လည်း ရင်ပူနေရပြီ…။
စာရွက်စာတမ်းတွေကိုပြပြီး သေချာ ရှင်းပြနေတော့ စကားလုံး တစ်ချို့တလေကို နားလည် သလောက် ဘာသာ ပြန်နေမိသည်..။
"အိုကေ…သင့်ခ်ယူ မစ္စတာ မျိုးချစ်…"
စကားလုံးတွေ နဲ့ ဖော်မပြခင် မစ္စတာဂျော့က မတ်တက်ရပ်ပြီး အပြုံးဖြင့် လက်ကမ်းတော့ မျိုးချစ် ကပျာကယာထပြီး လက်လှမ်းလိုက်ရလိုက်သည်..။
"မစ္စတာဂျော့က ဒီအလုပ်ကို ဆက်လုပ်ပါမယ်တဲ့..ကိုမျိုးချစ်အနေနဲ့ ကိုယ့်အလုပ်လို သဘောထားပြီး အပြည့်အ၀ ကြိုးစားထားတာတွေ့တော့ သူ ၀မ်းသာရပါတယ်တဲ့..နောက်လည်း…အခုလို ကြိုးစားလုပ်မယ်ဆိုရင် အကျိုးတူ ပူပေါင်းမှုတွေ အများကြီးကို လက်တွဲခေါ်သွားဖို့ အစီအစဉ် ရှိပါတယ်..ကျေးဇူးတင်ပါတယ်.."
"ဟုတ်ကဲ့…ကျွန်တေ်ာ အတက်နိုင်ဆုံး ကြိုးစားပါ့မယ်..သင့်ခ်ယူ မစ္စတာ ဂျော့.."
မျိုးချစ် အားတက်သရော ပြောပြီး ကတိပေးလိုက်တော့ နားမလည်ပေမဲ့ သဘောပေါက်သလို ခေါင်းညိတ် အဖြေပေးသည်..။
ဟူး..တေ်ာပါသေးရဲ့…။
ညပိုင်း အပြန်ကျတော့ ခေါက်ဆွဲကြော် ၀ယ်သွားဖို့ သတိရတာနဲ့ ခေါက်ဆွဲကြော်ရှယ် တစ်ပွဲ ၀င်၀ယ်ခဲ့လိုက်သည်.။
ခြံတံခါး ဖွင့်ပြီး ၀င်လာချိန် ဝါးကုလားထိုင်ကို နေရာရွေ့နေတာ တွေ့တော့ ပျာပျာသလဲ ပြေးတက်သွားရသည်.။
"ဟေ့..ဘာလုပ်တာလည်း.."
"ဟင်.."
"ချစမ်း.."
မျိုးချစ် ဒေါသဖြင့် ခပ်ငေါက်ငေါက် ပြောလိုက်မှ မျက်တောင်ပုတ်ခတ်ရင်း အူကြောင်ကြောင် မျက်နှာပေးဖြင့် လက်ထဲက ခုံကို ပြန်ချသည်..။
"ဘာဖြစ်လို့ မ နေတာလည်း..အထဲက ကလေး တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ် မလည်း..ဘာလည်း..ခင်ဗျားက ကျုပ် တစ်ခါတလေ ပြန်လာတာတောင် လူပြောခံရအောင် ကြိုးစားနေတာလား.."
"မဟုတ်ဘူး..ဒီခုံက.."
"ရော့..ခေါက်ဆွဲကြော် သွားထည့်လိုက်..ဖယ်…ကျစ်…ဗိုက်ထဲက ကလေးက ကျုပ်ဘ၀ရဲ့ အဖိုးတန်လေးဗျ…ဂရုစိုက်စမ်းပါဗျာ.."
"အင်းပါ.."
မျိုးချစ် စကားကို ရွဲ့သလို စောင်းသလိုဖြင့် ခေါင်းညိတ်ပြီး မီးဖိုခန်းဘက်ကို ၀င်သွားတော့ ဒေါသဖြင့်သာ ကျန်ခဲ့ရသည်..။
ခုံကို ဆောင့်တွန်း ရွေ့လိုက်ပြီး ရွေ့ တဲ့ ခုံပေါ် ဆွေ့ကနဲ တက်ထိုင်လိုက်ခါ အနားမှာ ချထားတဲ့ ရေခွက်ကို ကောက်သောက်လိုက်သည်..။
"ထမင်းစားတော့မလား.."
"လုပ်လိုက်လေ.."
ခေါင်းညိတ်ပြီး ပြန်၀င်သွားတော့ အရင်၀တ်နေကျ အင်္ကျီလေးမှာ ဗိုက်က မသိမသာလေး ဖောင်းထွက်နေတော့ ကြည့်ရတာ တစ်မျိုးလေး ဖြစ်နေသည်..။
ဒီဗိုက်ကလေးထဲမှာ မျိုးချစ်ရဲ့ တစ်ဦးတည်းသော သွေးသား ရောက်နေပြီ ဆိုတဲ့ အသိက ကြက်သီးပင် ထသွားလောက်အောင် ကြည်နူးစေသည်..။
ဟင်း..ဒီလောက် ပေါ့ဆနေတာ စိတ်မချပါဘူး…အမေ့ကို သေချာ အပ်ခဲ့ရမယ်လို့ စိတ်ထဲက ပူပန်စွာ တွေးလိုက်မိသည်..။
"အင့်.."
ခေါက်ဆွဲကြော်ထဲက ကြက်သားဖက်ကလေးတွေကို ခပ်ပြီး သူ့ပန်းကန်ထဲ ထည့်ပေးလိုက်တော့ မျိုးချစ်ကို ပြူးကြောင်ကြောင်ဖြင့် ပြန်ကြည့်နေလို့ မေးငေါ့ပြလိုက်ရသည်..။
"ကြက်ဥလည်း စား…အပူအစပ်တွေ သိပ်မစားရဘူးတဲ့.."
"အမေ ပြောပါတယ်…"
"အမေ့ ကွယ်ရာမှာ စားနေမှာ စိုးလို့ ပြောတာ.."
"မစားပါဘူး.."
မျိုးချစ် နှုတ်ခမ်းမဲ့လိုက်ပြီး မုန်လာဥနီလေးတွေ ကြက်သားလေးတွေကို ရွေးဆယ်ပြီး ပန်းကန်ထဲ ထည့်ပေးနေမိသည်..။
သူစားသမျှ သားလေးလည်း စားနေရတယ် ဆိုတဲ့ အသိကြောင့် စေတနာပိုခါ တစ်ခုပြီး တစ်ခု ရွေးပေးလို့ မပြီးအောင်ကို ဖြစ်နေရသည်..။
"ရှင်စားပါ…ကျွန်မ ဝနေပြီ.."
"နည်းလှချည်လား.."
"အင်း..ခုရက်ပိုင်းမှ အစားအသောက်ပြန်၀င်လာတာ… ဟိုရက်ကဆို ဘာမှ မစားနိုင်ဘူး.."
"အားဆေးလေး ဘာလေး သောက်ဦး.."
မျိုးချစ်ကို မျက်လုံး တစ်ချက်ပင့်ကြည့်ပြီး ခေါင်းညိတ်ခါ ခေါက်ဆွဲကြော် ပန်းကန်ထဲက ခေါက်ဆွဲဖက်နဲ့ ကြက်သားတုံးလေးတွေကို ခပ်စားနေသည်..။
ညအိပ်ရာ၀င်တော့ မီးမှိတ်ပြီးတာနဲ့ မျိုးချစ် တစ်ဖက်ကို စောင်းအိပ်လိုက်ပြီး ဒီလ အတွက် သစ်ထုတ်လုပ်မှုကို အကြမ်းဖျဉ်း အစီအစဉ် ဆွဲကြည့်နေမိသည်..။
"သား…ဟာ…ပါးချိုင့်ကလေးလည်း ပါတယ်..အမေရဲ့..ကြည့့်ပါဦး.. ချစ်ဖို့ကောင်းလိုက်တာ.."
"ဟုတ်ပါရဲ့…ဖြူဖြူ၀၀လေး …မျက်လုံးလေးကလည်း ညိုလဲ့လဲ့လေး ချစ်ဖို့ကောင်းလိုက်တာ…. သူ့အမေနဲ့ တူတယ်နော်.."
"အင်း…ထိပ်ပိုင်း ပွေပါတာလေးလည်း တူတာပဲ…"
မျိုးချစ် ချီထားတဲ့ သားလေးက တိုးကော့ပြီး ငိုတော့ ကပျာကယာ ထိန်းလိုက်ရပြီး ဘာဖြစ်သလည်း ဆိုတာသာ ကြည့်နေမိသည်.။
"နို့ဆာနေရှာပြီ.."
"ဟင်..ဟုတ်လား…တိုက်လိုက်ပါ အမေရယ်..သားလေး ငိုနေတာ နှုတ်ခမ်းပြာနေပြီ.."
"သူ့အမေမှ မရှိတော့တာကွယ်…သနားစရာ အဖွားမြေးလေး…ဝေရေ…နို့ဖျော်လေး တိုက်ကြည့်ရအောင်ကွယ်..နို့ဘူးလေး ရပြီလား.."
"သူ့အမေကော…သူ့အမေ ဘယ်ရောက်နေလည်း "
"မရှိတော့ဘူး သားရယ်…မရှိတော့ဘူး…သား အတွက် ဒီကလေးကို မွေးပေးခဲ့ရှာတယ်.."
"မဟုတ်ဘူးလေ…ကျွန်တော့်မိန်းမ ကို ပြောတာ လေ.."
သားလေးရဲ့ ငိုသံတွေ ဝေ့ရဲ့ ရှိုက်သံတွေကြောင့် မျိုးချစ် ခြောက်ခြား တုန်လှုပ်နေရင်း ချွှေးစေးတွေပြန်လာတော့သည်..။
"ဟင်.."
မျက်လုံး အစုံ ဖျတ်ခနဲ့ ပွင့်လာတော့ ညမီးလုံး အနီရောင် အောက်မှာ ရောက်နေပြီး နောက်သို့ အလန့်တကြား လှည့်ကြည့်မိသည်..။
မျိုးချစ်ဘက်ကို လှည့်အိပ်နေတာမို့ မျက်တောင်ဖျားတွေ ဖိကပ်ခါ အိပ်ပျော်နေသည့် သူ့နှာ၀ကို လက်ထိုးစမ်းမိသည်..။
အသက်ရှုနေတာပဲ…..ကျစ်… ဆိုးဝါးလိုက်တဲ့ အိမ်မက်…။
စောင်ြကမ်းက ခြေရင်းမှာ အပုံလိုက်ဖြစ်နေတော့ မျိုးချစ် ထပြီး စောင်ခြုံပေးလိုက်ရင်း ဗိုက်ကလေးကို ဖွဖွ ကိုင်ကြည့်မိသည်..။
အိပ်ပျော်နေတဲ့ သူ့နဖူးဆံစပ်ကလေးကို မထိတထိ ဖွဖွမွှေးခါ နောက်ပြန်ဆုတ်ရသည်။
တကယ်ဆို ပွေ့ဖက် ပြီး ရင်ခွင်ထဲ ဆွဲသိမ်း ချင်တာပါလေ...။
သို့ပေမဲ့ သူခိုး လူမိသလို နိုးသွားမှ အခက်...။
ဗိုက်ကလေး ကို အကြည့်ရောက်တော့...
မိန်းမတွေ ဗိုက်ရွဲရင် စိတ်ကူးထဲတောင် ကြည့်မကောင်းပေမဲ့ ကိုယ်၀န်ဆောင်တွေကျတော့လည်း အလှသားပဲလို့ ကြံဖန်တွေးရင်းအိမ်မက်ဆိုးကို မေ့ပျောက်အောင် လျှောက်တွေးနေမိသည်.။
"ရော့…ဒီမှာ…ဒါကို နေ့တိုင်း ကြည့်ပေး.."
မျိုးချစ် ပေးလိုက်တဲ့ ဓာတ်ပုံကို ယူကြည့်ပြီး တစ်ချက်လှစ်ခနဲ ပြုံး၍ ခေါင်းညိတ်ပြသည်..။
"မြင်ရတဲ့ နေရာမှာ ထားဦး.."
"အင်း..ဘယ်သူ့ကို ကြည့်ရမှာလည်း.."
"ကျုပ်ကိုပေါ့ဗျ…ခင်ဗျားက ကိုယ်ပုံ ကိုယ်ကြည့်ပြီး ဘာလုပ်မလို့လည်း…"
"အဟွင်း.."
မျိုးချစ်က စိတ်ထဲက စကားကို ထုတ်ပြောချလိုက်မိတော့ ခပ်လှောင်လှောင် အရယ် ခံလိုက်ရတာ ခံပြင်းမိသည်..။
"ဘာရယ်တာလည်း…မွေးလာတဲ့ ကလေး ကျုပ်နဲ့ တူအောင် ကြည့်ခိုင်းနေတာ…တော်ကြာ ရှပ်ရှင် မင်းသားတွေနဲ့ တူနေမှာ စိုးလို့.."
"ဒါ ဘယ်တုန်းက ရိုက်ထားတာလည်း ဟင်.."
"မသိဘူး..အကိုကြီး ဆီမှာ တွေ့လို့ ယူလာတာ.."
"သိတောင် မသိလိုက်ဘူး.."
"ကျုပ်လည်း မသိဘူး.."
မင်္ဂလာဆောင် တုန်းက ပုံကို မြင်ရဲ့သားနဲ့ ဘယ်တုန်းကလည်း မေးနေတော့ မျိုးချစ် စိတ်ပေါက်ပေါက်ဖြင့် ဘူးခါ ငြင်းလိုက်သည်..။
ဒါကို ခေါင်းညိတ်ပြီး ဓာတ်ပုံကို ကြည့်မှန် ချိတ်ထားတဲ့ ဘေးကပျဉ်ကြားထဲ ထိုးညှပ်ပြီး လှည့်ကြည့်သည်..။
ထိုအကြည့်တွေက ကဲ..ရပြီလား ဆိုတာမျိုး ပြောချင်တာ သဘောပေါက်လို့ ပြုံးစေ့စေ့ဖြင့် ကျောပေးထွက်လာခဲ့မိသည်..။
"အဖေ့ ဆီလည်း သွားကြည့်ဦး.."
"ဟုတ်ကဲ့.."
"ပိုက်ဆံကို အမေ့ဆီ အပ်ထားတယ် လိုရင် ယူသုံးလေ.."
"အင်း.."
ခြံတံခါး၀ အထိ ထွက်လာပြီး ပို့ပေးတော့ ပြောစရာ စကားရှာရင်း စိတ်ထဲ ပေါ်လာတာ လျှောက်ပြောနေမိသည်..။
"သွားတော့မယ်.."
"အင်း…ဂရုစိုက်နော်.."
အသံတိုးတိမ်ပြီး ၀င်သွားတော့ မျိုးချစ် အံသြရင်း ငေးကြည့်နေမိသည်..။
ခရီးထွက်ခါနီး အခုလို စိတ်မကောင်းဖြစ်ရအောင် လင်မယားဆိုပေမဲ့ ချစ်ခင် ကြင်နာ ရင်းနှီးခဲ့ကြတာမှ မဟုတ်ပဲလေ…။
သူကလည်း သွေးအေးသလို ကိုယ်ကလည်း သူစိမ်းဆန်ခဲ့သည်..။
အခုကျတော့လည်း ချစ်သူနှစ်ယောက် မခွဲနိုင် မခွါနိုင်သလို ၀မ်းပန်းတနည်း ဖြစ်နေတဲ့ သူ့ကို နားမလည်နိုင် ဖြစ်ရသည်..။
ဘယ်လို ပြန်ပြောပြီး ဘယ်လို နှစ်သိမ့်ရမှန်းလည်း မတွေးတက်တော့ နားထင်ကို ကုတ်ရင်း..
"ဟို…ကလေးကို ဂရုစိုက် စောင့်ရှောက်နော်…နှစ်လလောက်ကြာရင် ပြန်လာမယ်.."
"အင်း.."
ခေါင်းငုံ့ပြီး ခြံတိုင်ကို ကိုင်ခါ ရပ်ကျန်ခဲ့တော့ လှည့်မကြည့်မိပေမဲ့ စိတ်ထဲတော့ တစ်မျိုးကြီး ဖြစ်ရသည်လေ…။ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
မနေ့က နောက်ကျသွားလို့ 😁
ဒီနေ့စောတယ် 🙏
အဆက်မမိရင် ခွင့်လွှတ်ပါ မြေးမြစ်အထိ ရေးရမှာဆိုတော့ 😁
ဖတ်မကောင်းရင် ခွင့်လွှတ်ပါ လို့ တောင်းဆိုပါရစေနော် 😍🙏မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖 77Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s
YOU ARE READING
မုန်းပါနဲ့ဦး
Romance"ချစ်မိတာ မှားလား....နှလုံးသားထဲ သူ့ဟာသူ ရောက်လာတာ အပြစ်လား.." "ချစ်တာ နေရာမကျဘူး ပုံစံလွဲနေတယ်လေ....အချစ်မှာလည်း ကျင့်ဝတ်တွေ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်...ချစ်ချင်တိုင်း ချစ်လို့မရဘူး.... ဆန္ဒကို အသိ နဲ့ ထိန်းတက်ရတယ် .." ✧༺♥༻∞ ∞༺♥༻✧ တဖွဖွ ပြော...