Part 20

3.1K 144 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၂၀)
#မုန်းပါနဲ့ဦး

"ဘာဖြစ်လို့လည်း.."
"ကြောက်လို့…"
အချစ် မရဲတရဲ ပြောလိုက်ပြီးမှ ဦးဒီက မျက်နှာကြောင့် ပြောမိတာ နောင်တ ရသည်..။
ဦးဒီက က အချစ်ဆိုရင် အထင်အမြင်သေးသလို အမြဲ ဆူဖို့လောက်ပဲ တက်တာ …
ကိုကို့ လိုမျိုး ကြင်နာယုယ ပေးမှာ မဟုတ်ဘူးဆိုတာ သိနေသည်.။
"ဟိုး….ကို ကြည့်လိုက်စမ်း…ငါ တို့ အိမ် ဘယ်နားမှာလို့ မင်းထင်လည်း.."
"မသိဘူးလေ…အားလုံး ပုရွက်ဆိတ် အရွယ်လေးတွေ ဖြစ်နေပြီ…"
"အဟွင်း…ဟုတ်တယ်နော်….အမြင့်က ကြည့်ရတာ ကြိုက်လား…"
"ကြိုက်တော့ ကြိုက်ပါတယ်…"
"မင်း စကားကလည်းကွာ…"
ဦးဒီက က မျက်ခုံးတွန့်ပြီး ပြောနေပေမဲ့ အချစ်ကလည်း ကိုယ့်ဝေဒနာနဲ့ ကိုယ်မို့ စိတ်ညစ်နေရသည်..။
ဒီလို လူကြီးနဲ့ လိုက်လာမိတာကို နောင်တရချင်လာပြီ..။
ကိုကို နဲ့ ခရီးသွားရတာ ပျော်ဖို့ကောင်းသလောက် ဦးဒီက နဲ့ သွားရတာက စိတ်ရှုပ်ဖို့ကောင်းပြီး အနေအစားလည်း ကြပ်သည်..။
"မင်း..ဘယ်တွေရောက်ဖူးလည်း…"
"ရွှေဘို မိုးကုတ် မန္တလေး ပြင်ဦးလွင် ….အင်း…..ပြီးတော့…….ဒါပဲ ကုန်ပြီ…."
"မန္တလေးမှာ ဘယ်သူရှိလည်း.."
"အဒေါ့် အမျိုးတွေ ရှိတယ်လေ…"
"မင်း အမျိုး မဟုတ်ဘူးပေါ့…"
"မဟုတ်ဘူး…အချစ် ဆယ့်နှစ်နှစ် အရွယ်တုန်းက အဖွား နဲ့ လိုက်သွားတယ်လေ….ခေါ်ထားရမှာ စိုးလို့ ဒါ ဘယ်သူ့သမီးလေးလည်း လို့တောင် မမေးဘူး…အချစ် အမျိုး မဟုတ်ဘူး…"
"မင်းက ဆွေမျိုးတွေ နဲ့ ပတ်သက်ရင် နာကြည်းချက် တွေ များနေသလိုပဲ…အရွယ်ငယ်ငယ်လေးမှာ ဒီလောက် မခံစားသင့်ဘူးလေ…ကလေး တစ်ယောက်လို တစ်ချို့ တလေမေ့ပစ်လိုက်ပေါ့….လူတွေကို အကောင်းမြင်စိတ် များများ ထားစမ်းပါကွာ….ဟော ကြည့်…အခုတောင် ငါ့ကို မုန်းချင်နေပြီ…"
အချစ် ရင်ထဲက တွေးနေတာတွေကို သိသွားသလို မေ့ငေါ့ပြီး ပြောတော့ အားနာလို့  အကြည့်တွေလည်း ရင်မဆိုင်ရဲ တော့ပါ…။
တကယ် မုန်းချင်နေတာလေ…ဆရာကြီး လုပ်နေတာ အမြဲလိုလို ဆိုတော့ မုန်းချင်တာပေါ့လို့…။
"ဦးဒီက ဟိုကိုရောက်ရင် ဘယ်ကို အရင်လိုက်ပို့မလည်း."
"ဆေးရုံနဲ့ ချိတ်ထားတာ ဆိုတော့ ခြေထောက်ကိစ္စ ပြီးမှ မင်းကို လိုက်ပို့လို့ရမယ်.."
"ဟွန့်…ဘယ်နှစ်ရက်တောင် ကြာမှာလည်း ဟင်.."
"သုံးရက်လောက် ပြကြည့်ရမယ်…အဲဒါမှ မကောင်းရင် တစ်သက်လုံး မကောင်းတော့ဘူး.."
"ဦးဒီက လမ်းတောင် လျှောက်နိုင်နေပါပြီ…အားမလျော့နဲ့…ကောင်းသွားမှာပါ…."
အချစ် ဘေးက ဦးဒီက ဘက်ကို သေချာလှည့်ပြီး ပြုံးခါ အားပေးလိုက်တော့ ခေါင်းညိတ်ပြသည်..။
"မင်းက နားလည်ရခက်တဲ့ ကောင်မလေးပဲ…"
ခပ်ညီးညီး လေသံနဲ့ ပြောပြီး ခုံမှာ ကျောဆန့် နောက်မှီ ထိုင်တော့ အချစ်လည်း  အတုယူပြီး လိုက်လုပ်ကြည့်မိသည်..။
ဇိမ်တော့ကျသားပဲလေ….။
"ဟာ…ဟိုတိုက်ကို ကြည့်ဦး…"
"ရုပ်ရှင်ရုံလား ဦး.."
"မဟုတ်ဘူး…မားကတ်…"
"အိုးအိုး….လူရှည်ကြီး…"
"အဟွင်း…"
"ဟိုဟာ ဘာလုပ်နေကြတာလည်း…"
"ဖျော်ဖြေရေး အဖွဲ့ ဖြစ်မယ်…"
"ရေပန်းလေး လှလိုက်တာ…."
အချစ်မျက်လုံးထဲ မြင်နေရတဲ့ မြင်မြင်သမျှ အထူးအဆန်းတွေကို လိုက်ကြည့်ရင်း မရပ်မနား အံသြနေမိသည်..။
အသစ်အဆန်းတွေ များသလို ခေတ်မှီ တဲ့ နေရာကြီးကို ရောက်လာတာ အချစ် ကိုယ်တိုင် မယုံချင်သေး…။
သူငယ်ချင်းတွေကို စင်ကာပူကို သွားရတယ်သာ ပြောပြလိုက်ရင် စိတ်ကူးယဉ်ပြန်ပြီ ဆိုပြီး ကောင်းကောင်း ရယ်ကြမှာလေ…။
"ရွှေခဲ.."
"ဟင်.."
"လာလေကွာ.."
ဒီပါ ခေါ်လိုက်တော့ ဟိုတယ် ကို ခေါင်းတပတ်လည် လိုက်ကြည့်နေရင်းက မှုန်ကြုတ်ကြုတ်ဖြင့် အနားကို ရောက်လာသည်..။
"ဦးဒီက ကလည်း…အချစ် ကို ရွှေခဲ မခေါ်ပါနဲ့.."
"ဘာဖြစ်လို့…"
"ရှက်ဖို့ကောင်းတယ်…"
"အဟွင်း…ဘာမှ မဖြစ်ပါဘူး..ဘယ်သူမှလည်း နားမလည်ပါဘူးကွာ….ကဲ..လာ…ခြေထောက်တွေ နာလို့ ခဏနားချင်နေပြီ…မင်း ပျောက်သွားမှာ စိုးလို့.."
"ဟုတ်…"
ဒီပါ့ ခြေထောက်ကို ကြည့်ပြီး ခေါင်းလေး ညိတ်ခါ လက်မောင်းကို တွဲကူပေးတော့ ကျေးဇူးလို့  လှိုက်လှိုက်လှဲလှဲ ပြောလိုက်ရသည်..။
အမဲ အခံပေါ် အနီစက်ကလေးတွေပါတဲ့ ရှူးအပါးလေးက ကြိုးပြေနေတာ တွေ့တော့ ချည်ပေးချင်ပေမဲ့  မတက်သာ..။
အခန်းထဲရောက်မှ သတိပေးမယ်လို့ တွေးရင်း ကြည့်နေတုန်း ဒီပါ့ အကြည့်ကို တွေ့တာနဲ့ ပျာပျာသလဲ ငုံ့ချည်လိုက်သည်..။
တစ်ခါတလေ စကားလုံးတွေ မလိုအပ်ပဲ လူတစ်ယောက်ရဲ့ အကြည့်က ဘာပြောနေလည်း ဆိုတာ သဘောပေါက်တော့ သူ့ရဲ့ လူရည်လည်တဲ့ ပညာကို ချီးကျူးမိသည်..။
"ဦး….အိတ်တွေ…"
"အခန်းထဲရောက်နေပြီ..လာ…"
"ဝါး…"
သူ့ ထုံးစံ အတိုင်း ဖိနပ်တွေကို  ကပျာကယာ ချွတ်ခါ ပြေးပြီး ကုတင်ပေါ် လှဲအိပ်တော့သည်..။
သူ ချွတ်ခဲ့တဲ့ ဖိနပ်ကို ခြေနဲ့ ကန်ပြီး နေရာချခါ ဒီပါ ဆိုဖာမှာ ထိုင်လိုက်သည်..။
"အိစက်နေတာပဲနော်…မွှေးနေတာပဲ…"
"ပန်းလေးတွေကလည်း အစစ်တွေ…"
"အင်း.."
"ဒါ ဘာဘူးလည်း… မင်းသားပုံက ချောလိုက်တာ….ဂျယ်လီလား.."
"ဟ…ပြန်ချထား…"
ခုတင်ပေါ်မှာ ၀မ်းလျားမှောက်ပြီး ဘေးမှာ ၀န်ဆောင်မှု ပေးထားတဲ့ ပစ္စည်းတွေကို လိုက်စပ်စုရင်း ဂျယ်လီလား မေးနေတော့ ဟန့်ရတော့သည်..။
ဘာမှ မသိပဲ လျှောက်စပ်စုလိုက် မေးလိုက် လုပ်နေတာ ခက်တော့နေပြီ..။
"ဦးဒီက ခြေထောက် အရမ်းနာနေလား..အချစ် နှိပ်ပေးမယ်…"
"ရတယ်...မင်း ခဏနားပြီး ရေချိုးလိုက်တော့….ငါ မသွားခင် …မင်းကို နေ့လည်စာကျွေးထားခဲ့မယ်…ကြာမှာ စိုးလို့.."
"ဟင်..ဦးဒီက ဘယ်သွားမှာလည်း.."
"ဆေးခန်းလေ.."
"အချစ်လည်း လိုက်မယ်လေ…"
"မဖြစ်ပါဘူးကွာ..ငါ က ဆေးရုံသွားမှာ လည်စရာတွေက နောက်ရက်မှ လိုက်ပို့မယ်လေ..ခုတော့ ဟိုတယ်မှာ နားရင်း နေခဲ့လိုက်…"
"အချစ် ကြောက်တယ်…"
"ဟမ်…မင်းပြောတော့ လောက မှာ ဘာမှ မကြောက်ဘူးဆို…လိမ်ပြန်ပြီ…"
မျက်နှာငယ်လုပ်ပြီး ဟန်ဆောင်ပြောနေတော့ ဒီပါ စိတ်တိုပြီး ငေါက်ပစ်လိုက်သည်..။
အရင်က ဘယ်လိုနေခဲ့ပါစေ အခုလို ဆယ်ကျော်သက် အရွယ်ကတည်းက ဒီအကျင့်ကို မပြင်ရင် တစ်သက်လုံး လိမ်တက်သွားဖို့သာ ရှိတော့သည်..။
"အချစ် လိမ်တာ မုတ်ဘူး..ဦးဒီက အချစ်ကို လိမ်ပြီး ဒီမှာ ပစ်ခဲ့မှာ ကြောက်လို့.."
မျက်ရည်ဝိုင်းပြီး အသံစူးလေးနဲ့ ပြောတော့ ဒီပါ အံသြသွားရသည်..။
ကိုယ်က သူ့ကို ဘာလို့ လိမ်ပြီး ထားပစ်ခဲ့ရမှာလည်း..။
"နေပါဦး..ငါက ဘာလို့ ပစ်ခဲ့ရမှာလည်း.."
"ဦးဒီက က အချစ်ကို မုန်းတယ်လေ….ကိုရူပါ့ကို ခြိမ်းခြောက်မှာ စိုးလို့ ဒီမှာ ပစ်ထားခဲ့ရင် အချစ်က မသွားတက် မလာတက်နဲ့ ကျန်ခဲ့ရမှာလေ…ဦးဒီက က စင်ကာပူမှာ ပျောက်သွားပြီလို့ပဲ ပြန်ပြောမှာပေါ့ ဟုတ်တယ်မလား…."
ကလေးဆိုး ရဲ့ ဖြေရှင်းချက်ကြောင့် ဒီပါ့မှာ စိတ်ဆိုးရခက် ရယ်ရခက် ဖြစ်သွားရသည်..။
ပေါက်ကရဆို အကုန် လျှောက် တွေးတက်တာလည်း သူ့ရဲ့ ပါရမီပါပဲ….။
"မင်း ကို ဘာလို့ ပစ်ခဲ့ရမှာလည်း….မင်း ရူပါ့ကို ပြဿနာရှာရင် ငါ့ဆီ မှာ ဗီဒီယို ဖိုင် ရှိသားပဲ ငါက မင်းကို ကြောက်စရာ လား…"
ဒီပါ ခြေထောက်  က နည်းနည်း သက်သာ လာလို့ ယူသွားရမဲ့ ဆေးမှတ်တမ်းတွေကို စီစဉ်နေရင်း ပြောလိုက်တော့ အနားကိုရောက်လာသည်..။
"ဦးဒီက တကယ်ပြောတာလား.."
"အင်း..နေခဲ့…"
"ဒါပေမဲ့ လိုက်ချင်တယ်…"
"လုပ်ပြန်ပြီ…"
"ဆေးရုံဆိုလည်း မမြင်ဖူးလို့ ကြည့်ကြည့်ချင်တာပေါ့လို့…"
ဒီပါ စာရွက်တွေ ကနေ သူ့ဆီ အကြည့်ရောက်သွားတော့ မျက်မှောင်ကြုတ်မိသည်..။
ဒီကောင်မလေး အရင်က စကားပြောရင် ဘု နဲ့ ဘောက် ပြောနေကျပါ..။
အခုတလော ဒီပါ့ကို ရင်းရင်းနှီးနှီး ကလေး တစ်ယောက် ပူဆာ သလို ပြောတက်လာတာ သတိထားမိနေသည်..။
'နော် 'ဆိုတာ တစ်မျိုး……နောက်ဆုံးမှာ 'လို့ 'ဆိုတာ ထည့်ပြီး နှုတ်ခမ်းလည်း မသိမသာ စူနေတက်သည်..။
"ဒီမှာ…"
"ဟင်…"
"ငါ့ကို စကားပြောရင် အရင်  အတိုင်းပဲ ပြော.."
"ဟင်..အချစ် က ဘယ်လို ပြောလို့လည်း.."
"ချွဲသလို ပစ် သလို နဲ့…ကလေး လိုပဲ ပြောစမ်း.."
"ဘာမှ လည်း မပြောပဲနဲ့…"
လုပ်သွားပုံက ခြေဆောင့်ပြီး ရေချိုးခန်း ထဲ ၀င် သွားတာလေ…။
ဒီလို နွဲ့ဆိုး ဆိုးချင်တဲ့ ပုံစံက ဘာမှ မထူးခြားဘူးတဲ့လား..။
မင်း ပုံသဏ္ဍန်ပြောင်းတိုင်း ငါ ရင်တုန်တက်နေပြီ ပန်းအချစ်ဦးရေ…။
ဘာတွေ များ ပြဿနာရှာလိမ့်ဦးမလည်း ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့ကွာ…။
"ဦး..အချစ် ဒီအကျီ င်္ ၀တ်လို့ရလား.."
"အင်း…ဘောင်းဘီအပွလေးနဲ့ တွဲ၀တ်…"
"ဟုတ်.."
ဆံပင် ရေစက်စက်နဲ့ ထွက်လာချိန် မတော်တဲ့ ဘတ်ရုကြီး ၀တ်ထားပြီး ရှည်နေတဲ့ လက်တွေကို ခေါက်တင် ခါ အကျီ င်္ ရွေးပြီး လှမ်းပြနေသည်..။
ဒီလိုပဲ နေတက်စားတက်တာလား…ဒီပါ့ မို့လို့ ဒီလို ပွင့်လင်းနေတာ လား သိချင်လာသည်..။
"မင်း ဒီလို ပုံစံ ထွက်လာတာ ဘယ်လို မှ မနေဘူးလား.."
'ဟင်.."
"ငါ့နေရာမှာ ရူပါသာ ဆိုရင် မင်းထွက်လာမလားလို့…"
"ဟာ..ထွက်ရဲပါဘူး..ဦးဒီက မို့လို့ပေါ့…"
ရင်ဘတ်က အင်္ကျီကို လက်နဲ့ ဆွဲစေ့ပြီး ကိုယ်တခြမ်းစောင်းခါ မျက်နှာရှုံ့မဲ့ ပြောလိုက်တော့ ဒီပါ ပြုံးမိ၍
"ငါ့ ဆိုတော့ ဘာဖြစ်လည်း.."
"ဦးဒီက က အချစ်ရဲ့ အကိုကြီးတွေလိုပဲ…မုတ်ဘူး အကို ၀မ်းကွဲ တွေထက်တောင် ရင်းနှီးနေသလိုပဲလေ…ဦးဒီက ကို မတွေ့ခင်က စိတ်ထဲက တွေးကြောက်ပေမဲ့ တွေ့လိုက်တဲ့ အချိန်ကျတော့ ဟိုးအရင်ကတည်းက ရင်းနှီးလာတဲ့ သူလိုပဲ…အိပ်မက်ထဲမှာ တွေ့ဖူးထားလို့ ဖြစ်မယ်…ဦးဒီက ကို အချစ် ယုံတယ်.."
"အဟွင်း..ဟုတ်ပါပြီ…"
"အချစ် အ၀တ်အစားလဲပြီး ရင် ဦး အတွက် ပြင်ပေးမယ်နော် ခဏပဲ စောင့်.."
ဘောင်းဘီ အင်္ကျီ ကို ဆွဲယူပြီး ပိုက်သွားတာ အတွင်း ၀တ်တွေက ပြုတ်ကျကျန်ခဲ့သေးလို့ ပြန်ပြေးကောက်ရသေးသည်..။
တကယ့် နမော်နမဲ့ ရွှေခဲ မလေး…။
ဒီပါ ပြုံးရင်း ကိုယ်လည်း သူ့လို ခံစားရတာ သတိထားမိသည်..။
အိမ်မှာ သူ့ အရွယ်ကောင်မလေး တွေ ရှိ သလို ရူပါ့အသိတွေ ထဲမှာလည်း သူ့ အရွယ်လေးတွေ အိမ်လာလည် တက် ပါသည်..။
ဒီလို အရွယ်တွေဆို မျက်စိနောက်လို့  အိမ်က ၀န်ထမ်း သုံးယောက်စလုံးကို ရူပါ့ အိမ်ကို ပို့ထားလိုက်ပြီး မေဖူး ကိုတောင် မျက်စိရှေ့ သိပ်မလာဖို့ မှာထားသည်..။
မစဉ်းစား မဆင်ခြင်တက်သူဆိုရင်  အပေါင်းအသင်းတောင် သိပ်မလုပ်ချင်..။
ဖေကြီးရဲ့ ဆုံးမ မှုကို ခံထားရသူမို့ မိန်းကလေးတွေ ဆိုရင်လည်း အကြည့်တောင် ကြာကြာ မသုံးမိပါ..။
လှပပြီး မြန်မာဆန်ဆန် ကျက်သရေ ရှိတဲ့ကောင်မလေးတွေကိုတော့ တစ်ခါတရံ လမ်းမှာ တွေ့ရင် လိုက်ငေးမိသည်ပေါ့လေ..။
ဒါပေမဲ့ မေဖူးတို့ အရွယ် မေဖူးတို့ထက် ဆယ်ဆလောက် ဆိုးတဲ့ စကားနားမထောင် တက်သူ ဆယ်ကျော်သက် ကောင်မလေး ကို တော့ ခွင့်လွှတ်ဖို့သာ ကြိုးစားနေမိသည်…။
ကိုယ်ထက် ငယ်တဲ့ သူ တစ်ခုခု အပြစ်လုပ်ရင်  သင်ပြဖို့ အချိန်မပေးချင်တာပါ…။
သူမ ကိုကျတော့ အပြစ်လုပ် ပြဿနာ ရှာနေရင်တောင်  ဆုံးမ လမ်းပြပေးချင်သေးသည်..။
သူမ ရဲ့ အတွေးတွေထဲ လွဲမှားတဲ့ အယူအဆတွေကို စိတ်ရှုပ်ခံ၍  အချိန်ပေးပြီး  ဖယ်ရှားပေးချင်သည်.။
သူမ တဇွတ်ထိုး လုပ်ပြီး ပြန်ပြင်  မရတဲ့ အမှား မျိုး ဖြစ်သွားမှာ စိုးရိမ်မိသည်..။
အချစ်ကို ပုံမဖော်တက်ပေမဲ့ ဒီကောင်မလေးကိုတော့ ညီမလေး တစ်ယောက် ပုံစံ တော်တော်လေးကို သံယောဇဉ် ရှိပါသည်..။
ဘာမဆို အလွယ်တကူ လိမ်ညာ တက်သူလေး ပြောပြတဲ့ သနားစရာ သူ့ ဘ၀ အကြောင်းတွေ ကြောင့် ကရုဏာ မေတ္တာတော့ ဖြစ်ရသည်..။
"ပြီးပြီ…ဦးဒီက…ဘောင်းဘီရှည်နဲ့ ရှပ် ပဲ ထုတ်မယ်နော်.."
"ဒူးကျပဲ ထုတ်လိုက်…"
"ဟင်..ဦးဒီက က ဒူးကျကြီး ၀တ်မယ် ဟုတ်လား.."
"အင်း…ဘာဖြစ်လို့လည်း.."
"ဟီဟီ…မျက်နှာကြီးကလည်း အမွှေးတွေနဲ့ ပြည့်နေတာ လူငယ်လို ဒူးကျ ဘောင်းဘီ ကြီးနဲ့ ကျတော့ ရယ်စရာကြီးပေါ့…"
"နိုင်ငံခြားသားတွေ ဘယ်လို လုပ်မလည်း.."
"ဒါလည်း ဟုတ်တာပဲ…အညိုရောင်ပဲ ထုတ်လိုက်မယ်…"
"အင်း…"
ဒီပါ အ၀တ်အစားလဲပြီး သွားဖို့ ပြင်ဆင်နေချိန် ကလး မဟုတ်တဲ့ ကလေးမ က ခုတင်မှာ ခုန်နေပြန်ပြီ..။
တော်တော်လေးကို ခုန် ချင်တာ ကစားကွင်းတွေကို ခေါ်သွားရမယ် လို့ တွေးပြီး သွားစရာ တစ်ခုကို စိတ်ထဲက အစီအစဉ် ထည့်ဆွဲထားလိုက်ရသည်..။
"ဝိုး…ပုစွန်ကြီး.."
"အင်း…မဖြတ်တက်ဘူးမလား.."
"အချစ် လုပ်တက်ပါတယ်…ရုပ်ရှင်တွေထဲ တွေ့ဖူးတယ်..လုပ်တက်တယ်…"
စေတနာ နဲ့ပိုင်းဖြတ်ပေးမလို့ကို တက်သိသူ ဆရာမလေးက  ဓားကောက်ကိုင်ပြီး လှီးချွတ်နေတော့သည်..။
"ထမင်း မပါဘူးပေါ့…မိုက်တယ်.."
"နေ့လည် ဆာရင် ထပ်စားပေါ့…"
"အွင့်ဟင့်အွင်း..ဒါသောင် များနေပြီ.."
"အဟွင်း…အဲဒါကြောင့် မင်း ပိန်ညှပ်နေတာ…မေဖူး ကတောင် မင်း ထက် ပြည့်သေးတယ်.."
"ကောင်းတာပေါ့…ပိန်တော့ ပေါ့တယ်လေ…ပြေးရလွှားရတာ ကောင်းတယ်.."
"ဟင်..မင်း အရင်က ဘာလုပ်တာလည်း.."
"ဟိဟိ…ဦးဒီက ကလည်း အချစ်က အလစ်သုတ် သမား မဟုတ်ပါဘူး..သွားရ လာရတာ ကောင်းတယ် ပြောတာပါ…"
"တော်သေးတာပေါ့…"
"အချစ်ကို ဆို အထင်သေးတယ်.."
"မင်း ရဲ့ အတိတ်တွေကို ငါမှ မသိတာ…"
"အချစ်က ငွေလိုချင်ပေမဲ့ ခိုးဖွတ်လုပြီးတော့ မရှာခဲ့ပါဘူး…"
"ငါ က အဲလို သဘောမျိုး ပြောတာ မဟုတ်ဘူးလေ…"
"အချစ် သိပါတယ်.."
ပုစွန် အပိုင်း ကြီးကြီးကို ခက်ရင်းနဲ့ ကောက်ထိုးပြီး ပါးစပ်ထဲ ထည့်ခါ ပလုတ်ပလောင်း ဝါးနေပြန်သည်။ လည်ပင်းနင်သွားမှာစိုးလို့  ဒီပါ တားချင်ပေမဲ့ အထင်လွဲမှာ စိုးလို့ ဘာမှ မပြောတော့ပါဘူးလေ…။
ပန်းအချစ်ဦး ဆိုတာ လူ  လည်း ဆန်း နာမည်လည်း ဆန်း အတွေးက အစ ဆန်း တဲ့ ကောင်မလေး…။
"ဆားမပါလို့လား..မသိဘူး…စားမကောင်းဘူး.."
"အဟွင်း..မင်းက လူလည်မလေး ပဲ..စောစောက ကောင်းလွန်းလို့ အမြဲစားချင်တာဆို…အခု မစားနိုင်တော့ မကောင်းတော့ဘူး…မြေခွေးလေးလို မစားရတဲ့ စပျစ်သီးချဉ်တယ် မဟုတ်ဘူး..စားပြီး ၀လို့ ချဉ်တာပေါ့ ဟုတ်လား.."
"၀ ရင် အီ တယ် လေ….မ ၀ ရင်  မအီ ဘူး..ဟဲ.ဟဲ..အချစ်လည်း ၀သွားလို့ပါ..ထားခဲ့ရမှာ သမျောတယ်…အိတ်နဲ့ ထုတ်သွားမလား.."
"ထားလိုက်ပါ…မင်း စားချင်ရင် ငါ ထပ်၀ယ်ကျွေးမယ်.."
"ဦးဒီက ဂွဒ်ဂျော့…"
ပါးစပ်ကို လက်ကိုင်ပုဝါ နဲ့ သုတ်ရင်း လက်မ ထောင်ပြီး ပြောတော့  ခေါင်းညိတ်ခါ ရေခွက်လှမ်းပေးမိသည်..။
ဒီပါ ဆေးရုံ သွားဖို့ကို ကိုယ့် အတွက် မပြင်ဆင်ရပဲ သူ့ အတွက် ကျောပိုး အိတ်ကလေးထဲ မုန့် နဲ့ ရေဘူး ၀ယ်ပြီး ဖြည့်ပေးရသည်…။
ကိုယ်တိုင်သွားရင် ဘယ်သူ့ အကူအညီမှ မလိုပေမဲ့ အခုတော့  အသိတစ်ယောက်ဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းရတော့သည်..။
"ပန်းအချစ် သူနဲ့ လိုက်သွားလိုက်နော်…တစ်နေ့ကုန် မှာ ဆိုတော့ မင်း ပျင်းနေလိမ့်မယ်.."
"ဟင့်အင်း မလိုက်ဘူး.."
"အိုး..ငါက အထဲ ၀င်နေရင် မင်းလိုက်လို့ မရဘူးလေ…ဒီ အပြင်မှာ စောင့်နေရလိမ့်မယ်.."
"ဒီမှာ လူကုန်ကူးတာတွေ ဘာတွေ မရှိဘူးမလား.."
"အဲလိုတော့ မရှိပါဘူး…ဒါပေမဲ့…..မင်း တစ်ယောက်တည်းဆိုတော့…"
"ဒါဆို ဒီ အစ်မ နဲ့ စောင့်နေမယ်လေ…"
"သူလည်း အကြာကြီး နေရမှာ ပေါ့…လိမ်မာတယ် လိုက်သွားလိုက်နော်…"
"ရပါတယ် အကိုကြီး…ကျွန်မ လည်း စောင့်နိုင်ပါတယ်…အန်ကယ် ကလည်း စောင့်ပေးဖို့ မှာထားပါတယ်.."
"ဟင်း…စကားနားမထောင်ဘူးနော်…ရွှေခဲ.."
"အချစ်က ဦးဒီက ကို စိတ်မချလို့ပါ…ဆေးရုံဆိုပေမဲ့ ပန်းခြံလည်း ရှိတယ်..အချစ်မှာ စာအုပ်ပါလာတယ် ဖတ်နေမယ်လေ…လိမ်လိမ်မာမာ နေမှာပါ…စိတ်ချ လက်ချ သွားပါ ထား မပြေးပါဘူး.."
"အရှုပ်မလေး.."
သူ့လို ခံမပြော နားမထောင် ဂျစ်ကန်ကန် အဆိုးမလေး က လိမ်မာမယ်ဆိုတော့ သိပ်တော့ မယုံချင်ပါဘူး..။
ဒီပါ စိတ်မချချင်ပေမဲ့ အဖော်လည်း ရှိနေတော့ အကဲပိုတယ် ဖြစ်မှာစိုးလို့ ဆရာ၀န် ချိန်းထားတဲ့ နေရာကို သာ ထွက်လာခဲ့ရတော့သည်..။
.
"ဦးဒီက….ဦးဒီက…"
"ဟင်…ဘာဖြစ်တာလည်း… ဘာဖြစ်တာလည်း.."
"ဟဲ..ဟဲ…ဘာမှ မဖြစ်ပါဘူး..ဒီနေ့ ဆေးခန်း ပြတာ နောက်ဆုံးနေ့မလား…ပြီးရင် လျှောက်လည်မယ် မလား.."
"ငြိမ်ငြိမ်နေပါ ပန်းအချစ်ဦးရယ်..မင်းနဲ့ နေရတာ ငါးနှစ်သမီး နဲ့ နေရသလိုပဲ ခုတင်ပေါ် တက်ခုန်စရာလားကွာ…"
"ဟုတ်.."
အချစ် ခုန်နေရာက ခြေထောက်ခေါက်ပြီး ပစ်ချထိုက်လိုက် ခါ ဦးဒီက ရဲ့ ကိုယ်ပေါ်က စောင်ကို ဆွဲခွါယူလိုက်သည်..။
ဦးဒီက က မထသေးပဲ တစ်ဖက်ပြန်စောင်းအိပ်တော့ မျက်နှာက အမွှေးတွေကို ဆွဲနှုတ်ချင်လာသည်။
"ဦးဒီက နောက်ကျတော့မယ်.."
"နှစ်နာရီတောင် လိုပါသေးတယ်…"
"အချစ်တို့ မုန့်တွေ ဘာတွေ စားဦးသောက်ဦးမယ်လေ…ပြီးတော့ ဒီနေ့ ပြန်မလာတော့ဘူး တစ်ခါတည်း လျှောက်လည်ပြီး အိပ်ခါနီးမှ ပြန်လာမယ်နော်…နော်…ဦးဒီက.."
"အင်း..အင်း…လိုတာတွေ တစ်ခါတည်း ပြင်ထား…ပြီးမှ ထမယ်.."
"ဟာ…မရဘူးလေ…ထပါ ဦးဒီကရဲ့.."
"ရွှေခဲနော်… ထားခဲ့လိုက်မယ်…"
"လုပ်ပါနဲ့…အိပ် အိပ်.."
အချစ် စောင်ပြန်ခြုံပေးလိုက်ပြီး ပခုံးကို ပုတ်ခါ ခုတင်ပေါ်က ဖြည်းဖြည်းလေး ဆင်းလာခဲ့ရသည်..။
ဟိုတယ်ပေါ်က ကြည့်တာတောင် ဒီလောက် ပျော်စရာတွေ များတာလေ…လျှောက်လည်ရရင်တော့ ပျော်ဖို့ကောင်းမှာပဲ..။
ဦးဒီက ဆေးရုံ ကိုသွားရင် အချစ်လည်း လိုက်သွားပြီး ထိုင်စောင့်နေရတာ တစ်ယောက်တည်း..။
ပထမနေ့ကတော့ ကောင်မလေး တစ်ယောက်လည်းပါတော့ စကားများလို့ရသည်..။
နောက်နေ့ကျတော့ အားနာလို့ မခေါ်ပါနဲ့လို့ ပြောလိုက်ပြီး အချစ် တစ်ယောက်တည်း စောင့်ရတော့သည်..။
ဆရာ၀န်က ကဒ်တစ်ခုပေးထားလို့ လည်ပင်းမှာ ဆွဲပြီး ထိုင်စောင့်ရသည်..။
စာအုပ်ဖတ်လိုက် မုန့်စားလိုက် စင်္ကြန်မှာ လျှောက်သွားလိုက် တဖြည်းဖြည်း နဲ့ အချစ် သွားတက် လာတက် ဖြစ်လာတော့ ဦးဒီက ကို ထားပြီး ဆေးရုံ တစ်၀န်းလုံး လိုက်စပ်စု ကြည့်မိသည်..။
အခုဆိုရင် ပန်းခြံထဲ ဆင်းလာတက်တဲ့ သူနာပြု နဲ့  ကောင်မလေး ကို တောင် ခင်နေပြီ..။
"..လုပ်တော့လေ.."
"ဟိဟိ…"
အချစ် လိုက်ကာ မပြီး အပြင်ကို ချောင်းကြည့်နေချိန် အနောက်ကနေ ခေါင်းကို ပုတ်ပြီး ပြောလိုက်တဲ့ ဦးဒီက ကြောင့် အချစ် လက်မောင်းကို ပြေးနှိပ်ပေးရသည်..။
"မဖားနဲ့..."
"အချစ် ဘာ၀တ်ရမလည်း…."
"မာမီ တို့လည်း သိသွားပြီဆိုတော့ ဆေးရုံကို လာမလား မသိဘူး..ဂါ၀န် နဲ့ ဘောင်းဘီရှည် တွဲ၀တ်လိုက်.."
"အနီလား..အဖြူလား.."
"အဖြူ…"
"ဟုတ်.."
အချစ် အ၀တ်အစားတွေ တစ်ခါတည်း ယူပြီး ရေချိုးခါ အ၀တ်အစားလဲ အလှနည်းနည်း ပြင်လိုက်သည်..။
"အမယ်..ဒါ ဘာ စတိုင်လ် လည်း.."
"ဟင်.."
"နှုတ်ခမ်းနီ လည်း ဆိုးထားတယ်.."
"လျှောက်လည်မှာဆိုတော့ နည်းနည်း ပြင်ရတာလေ…"
"ကလေး လို နေ…"
"အွင့်.."
အချစ် ကို အခုတလော ကလေး လိုနေ ကလေး လိုနေ နဲ့ အဲဒီ့လူကြီး ဘာဖြစ်နေမှန်းကို မသိဘူး..။
ရေချိုးခန်းထဲ ၀င်သွားတဲ့ ဦးဒီက ကို နောက်ကနေ စိတ်တိုလို့ လျှာထုတ်ပြမိသည်...။
အချစ်က ၁၈ နှစ်ပြည့်ဖို့ တစ်လလေးပဲ လိုတော့တာကိုပဲ ဟွင့်..။
လှချင်လို့ အလှပြင်တာကို လိုက်တားနေတဲ့ ဦးဒီက ဦးစိတ်ပုတ်ကြီး..။
"ဟာ…ဟိုမှာ..ရှာလိုက်ရတာ မိချောရယ်…"
အချစ် ကိုယ့်မျက်လုံး ကိုယ် မယုံနိုင်ဖြစ်နေချိန် ကိုကို က အချစ် ထိုင်နေတဲ့ ခုံတန်းဆီကို လျှောက်လာသည်..။
အနားမှာ ဦးဒီက များ ရောက်နေမလားလို့ ဝေ့၀ဲ ရှာပြီးမှ ပြန်ပြုံးပြ နိုင်တော့သည်..။
"ကို..ကိုရူပါ…ဦးဒီက ဆီကို လာတာလား.."
"ဟုတ်ပါ့ဗျာ..နှစ်ယောက်စလုံးကို အခေါ်တော် လွှတ်လိုက်လို့ လာခေါ်တာပါဗျ…"
ကိုကို က ရွတ်နောက်နောက်ပြောပြီး ပြုံးရင်း  ခေါင်းကို ဖိပွတ်တော့ အချစ် ခေါင်းငုံ့နေရင်း ကြောက်နေရသည်..။
ဦးဒီက သာ ဗီဒီယို ပြလိုက်ရင် ကိုကိုတော့ အချစ်ကို တအားမုန်းသွားမှာပါပဲ…။
ကိုကိုက အချစ်ကို ရိုးသားဖြူစင် တဲ့ သဘောထားရှိပေမဲ့ အချစ်ကတော့…။
"ကိုကို ခေါ်ခိုင်းလိုက်လို့…လာလေ…"
"ဟင်..ဟုတ်.."
အချစ် ရေဘူး နဲ့ စာအုပ်ကို ကျောပိုးအိတ်ကလေးထဲ ပြန်ထည့်ခါ လွယ်ပြီး ကိုကို့ နောက်ကို လိုက်လာရသည်..။
ဦးဒီက နဲ့ တွေ့ပြီးပြီ ဆိုတော့ ပြောလိုက်ပြီလား..။
မပြောရသေးလို့ ကိုကို က အခုပုံစံ နေနိုင်တာပေါ့…အချစ် ကိုကို နဲ့ ယှဉ်လျှောက်ရတာကို သိမ်ငယ်သလို ခံစားရသည်..။
နှလုံးသားက သူ့အလိုလို ချစ်နေမိတာ အပြစ်လား..အချစ် လုပ်တာ မှ မဟုတ်တာပဲလေ…။
ဒါပေမဲ့ တစ်ဖက်လူက ရိုးသားသလို ကိုယ့်စိတ်က မရိုးသားတော့ မလုံမလဲ နဲ့ အားငယ်ရတာပေါ့ ကိုကိုရယ်…။
"ကောင်မလေးရေ…ငါတို့တော့ ပြေးလို့ မလွတ်တော့ဘူး.."
"ဟင်.."
ဦးဒီက က ပြုံး၍ ပြောလိုက်တော့ အချစ် မျက်လုံးပြူးဖြင့် ပြန်ကြည့်နေမိသည်..။
"ဖေကြီးက မာမီတို့ အိမ်ကို လာခဲ့ရမယ်တဲ့…အဲတော့…ပြောင်းရရွေ့ရမယ်လေ….ဒါပေမဲ့ မင်း ပျော်မှာပါ မာမီ့ တို့ အိမ်က အားလုံးနဲ့ နီးတယ်..လည်လို့ ကောင်းတာပေါ့…"
"ဟို..ဟို..ဟိုတယ်မှာ…"
"အိတ်တွေမလား ကျွန်တော်မျိုး အကုန်မလာခဲ့ပါပြီ…လူကြီးမလေး ပစ်ခဲ့တဲ့ ဘောင်းဘီရှည်တွေပါ ကောက်သိမ်းထည့်လာပါတယ်…"
"ဟမ်.."
အချစ်မှာ ကိုကို့ကိုလည်း အားနာသလို စည်းကမ်းမရှိတဲ့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်မိသည်…။
တော်သေးတာပေါ့ မနက်က ဦးဒီက ပွစိပွစိ ပြောလို့ အိတ်ထဲကို အကုန်ပြန်ထည့်သိမ်းထားခဲ့ရတာလေ…။
အချစ်ထားတဲ့ အတိုင်းသာ တွေ့လိုက်ရင်တော့ ညစ်ပတ်မလေးလို့ ခေါ်မယ် ထင်ပါတယ်လေ…။
.
"လာ…သား ဘယ်လိုနေလည်း.."
"အရိုးက ပြန်ဆက်သွားပေမဲ့ သိပ်တော့ အားမပြုနဲ့ဦးလို့ ပြောတယ်…"
"ဟုတ်တာပေါ့….ပင်ပန်းသွားပြီ…မျက်နှာကလည်း ဘယ်လို ဖြစ်တာလည်း ဟယ်…လူကြမ်းကြီး ကျနေတာပဲ.."
"အဟွင်း..အဲလို ဖြစ်သွားတယ် မာမီ…"
"လာလေ…"
အချစ်ကို လှည့်ခေါ်တော့ ခေါင်းညိတ်ပြီး အိမ်ထဲ ၀င်လာရတာ  စိတ်ထဲကတော့ လန့်နေသည်..။
"ဟော..သမီး…လာထိုင်…"
"ဖိုးဖိုး…နေကောင်းလား.."
"အေး…လာ…"
အချစ် သိတာဆိုလို့ ဖိုးဖိုး ပဲ ရှိလို့ ဖိုးဖိုး ကို နှုတ်ဆက်လိုက်ပြီး အနားမှာ ထိုင်ချ လိုက်မိသည်..။
"သမီး အပေါ်မှာ ထိုင်လေ.."
"ဟင်..ဟုတ်.."
"ကြည့်ပါဦး..အဖေ ပြောတုန်းက မယုံဘူး..သားတော့..ဒီပုံကြီး နဲ့ မဖြစ်ဘူးနော်..သားအဖ လို ဖြစ်နေမယ်...."
"အဟွင်း.."
"ဟေ့…ဘယ်သူတွေလည်း ကွ.."
"ဒက္ဒီ.."
"ဘယ်လိုလည်း သားကြီး..မင်းက တို့ကို ပယ်ပြီး ဒီနေရာ ရောက်နေတာတောင် အကြောင်းမကြားဘူး..ဘာလည်း အတောင်စုံသွားပြီပေါ့လေ…"
"ဒက်ဒီကလည်း ဖေကြီး စကားကိုယူသုံးပြန်ပြီ…အဟွင်း..ဒီက အသိပေးလိုက်တာနဲ့ အစည်းအဝေးတွေ အလုပ်တွေ အကုန်ရပ်ဆိုင်းလိုက်မှာ သိလို့ မပြောရဲတာပါ…"
"ငါ့သားထက် ဘာက အရေးကြီးမလည်း…သြော်..ဒါက သား မိန်းမလား…"
"ဟုတ်.."
အချစ် နားထဲ ကြားလိုက်ရတဲ့ သားမိန်းမလား ဆိုတဲ့ အသံကြီး က တော်တော်လေးကို တစ်မျိုး ကြီးဖြစ်ခါ ကြောင်သွားမိသည်..။
ဟုတ်သားပဲ အချစ် နဲ့ ဦးဒီက က လက်ထပ်ထားတယ်လို့ပဲ သိကြတာလေ…။
"ဒက်ဒီက ရူပါ နဲ့ ဒီပါ ရဲ့ အဖေပါ ဟိုက မာမီလေ…သမီး ယောက္ခမပေါ့.."
"သြော်..ဟုတ်ကဲ့ရှင့်…အချစ်နာမည်က ပန်းအချစ်ဦးပါ.နေတာက မိုးကုတ်ပါရှင့်..အသက်က ဆယ်ရှစ်ပါရှင့်.."
"ကြည့်ပါဦး..သူ့ခမျာ စိတ်လှုပ်ရှားနေတာ…"
မာမီလို့ ခေါ်နေတဲ့ မိန်းမကြီးက အချစ်အနားမှာ ထိုင်လိုက်ပြီး ပခုံးဖက်ခါ ရယ်တော့ မျက်နှာပူရသည်..။
ဟုတ်သားပဲ ကိုယ့် ယောက္ခမကို နှုတ်ဆက်စရာမှ မလိုတာပဲ…။
ဒါဆို အချစ်တို့ လက်ထပ်တုန်းက ဘာဖြစ်လို့ မလာကြပါလိမ့်..။
အိုး..ယတြာချေသလို လုပ်တာဆိုတော့ ဘယ်လို လာမလည်း..။
"သမီး တို့ နားဖို့ အပေါ်ခန်းမှာ ပြင်ထားတယ်..ဖြစ်တယ်မလား သား.."
"ဖြစ်တာပေါ့…အရင်ကဆို ရူပါတို့ အခန်းထဲ တိုးအိပ်တာပဲ.."
"အခုတော့ တွဲဖက် ရသွားပြီလေ…"
"အဟွင်း.."
"ကဲ သားတို့နားချင် သွားနားလိုက်…အ၀တ်အစားအိတ်တွေ ထည့်ထားတယ်…"
"ရပါတယ် မာမီရဲ့…ဘာမှ မပင်ပန်းပါဘူး.."
"မင်း မနားချင်ပေမဲ့  ပတ်၀န်းကျင်က အသစ်ဆိုတော့ သမီး ပင်ပန်းနေမှာပေါ့..သွား..သွား.."
ဖိုးဖိုးက ပြောတော့ ဦးဒီက က အချစ်ကို ခေါ်ပြီး လှေကားတွေကို တက်လာသည်..။
ခြေထောက်နာနေမလား စိတ်ပူလို့ မျက်နှာကို လိုက်ကြည့်ပေမဲ့ ဘာမှ မထူးခြားပါဘူး..။
ခြေထောက်တကယ်ပျောက်သွားပြီ ထင်တယ်..မနက်ဖြန် ကျရင် အချစ် ကို လိုက်ပို့တော့မှာလား..။
ဒီနေ့များ လျှောက်လည်ရမလား မသိဘူး…ဒီမှာ သတင်းသမားတွေလည်း မရှိတော့ ကိုကိုနဲ့ သာ လျှောက်လည်ရရင်တော့ ပျော်စရာကြီး နေမှာပါ…
အိုး.ကိုကိုနဲ့ သွားလို့လည်း မဖြစ်ပါဘူး…အိမ်သားတွေ အကုန်လုံးက အချစ်ကို ဦးဒီက ရဲ့ မိန်းမ အဖြစ်ပဲ သိတာလေ….ဟူး..စိတ်ညစ်ဖို့ကောင်းလိုက်တာ..။
"ဟေ့..ဒီမှာလေ…"
"သြော်..ဟုတ်.."
"ဘယ်လိုလည်း လျှောက်မလည်ရလို့ စိတ်ညစ်နေပြီလား.."
"အွင်း.."
"ဖြည်းဖြည်းပေါ့ကွာ…ခဏ တဖြုတ်နားပြီးရင် လိုက်ပို့ပေးပါမယ်.."
"ဦးဒီက ခြေထောက်လျှောက်လို့ အဆင်ပြေပါ့မလား.."
"ကောင်းသွားပါပြီ.."
"အချစ်က ဟို ရုပ်ရှင် ကစားကွင်း သွားချင်တာပါ…"
"ဟုတ်ပါပြီ…သွား..မျက်နှာသစ် ခြေလက်ဆေးလိုက်ဦး.. ..အပေါ်မှာလည်း ကြာကြာနေလို့ မကောင်းပါဘူး..မင်း ပြီးရင် ဆင်းလာခဲ့လိုက်လေ…"
"ဟုတ်.."
ဦးဒီက အခန်းထဲ က ထွက်သွားတော့ အချစ် ရေချိုးခန်းထဲ ၀င်ပြီး ခြေလက်ဆေးရင်း ရေပါ ထပ်ချိုးပစ်လိုက်သည်..။
အ၀တ်အစားလဲ ပေါင်ဒါရိုက်ပြီး အောက်ကို ဆင်းလာတော့ ဦးဒီက က လူကြီးတွေ နဲ့ စကားပြောနေသည်..။
"လာ သမီး…ကလေး လျှောက်လည် ချင်လို့ဆို…"
"ဟင်.."
ဒီလူကြီး သူ့အမေ့ကို ပြောထားတော့ အချစ် မှာ မသိတက်သလို ကလေးဆန် သလို ဖြစ်နေပြီ…။
ဦးဒီက   က ဖိုးဖိုး ခြေထောက်နားမှာ ကပ်ထိုင်နေလိုက်တာ အလိမ်မာကြီးပေါ့လေ..။
"သား ခြေထောက်နဲ့ ဖြစ်ပါ့မလား မာမီ လိုက်ပို့ပေးမယ်လေ…"
"..အန်တီ…အဲ မာမီ…အချစ်က နောက်နေ့မှ သွားမယ်ပြောတာပါ.."
"ဒီနေ့တော့ ဇူးပဲ ပို့ပေးလိုက်မယ်…Universal  ကို သွားရင် တစ်နေကုန်တောင် ပြန်ချင်မှာ မဟုတ်ဘူး..မနက်ဖြန်မှ သွားလိုက်မယ်.."
"အင်းကောင်းတယ်…မာမီ ကားစီစဉ်ထားတယ်…"
"နောက်မကျခင် သွားလိုက်လေ…လျှောက်လည်ရင်လည်း ညမနက်စေနဲ့…"
"ဟုတ်.."
ဖိုးဖိုးကလည်း ပြောတော့ ဦးဒီက ထလာပြီး အချစ်ကို မှုန်ကြုတ်ကြုတ်ကြည့်တော့  ဘာအပြစ်လုပ်မိလည်း ပြန်စဉ်းစားနေရသည်..။
ဘာမှ လည်း မလုပ်ပဲနဲ့…အဲလိုပါပဲ အချစ်က အပြစ် ကြီးကြီး လုပ်ထားတဲ့သူပဲလေ…။
လူကြီးတွေကို နှုတ်ဆက်လိုက်ပြီး အချစ် ကျောပိုးအိတ်ကလေး ကောက်ခါ ဦးဒီက နောက်ကို လိုက်သွားရသည်..။
ကားသမားကို အင်္ဂလိပ်လို ပြောပြီး ထိုင်လိုက်တော့ အချစ် တက်ဖို့ ခက်နေသည်….။
"ဟွင်း.."
မျက်နှာထား တည်တည်ကြီး နဲ့ နေရာ ရွေ့ပေးတော့ အချစ် တံခါးဘက်ကို ကပ်ပြီး ခပ်ကျုံ့ကျုံ့လေး ထိုင်နေရသည်..။
မမြင်ဖူးတဲ့ လမ်းကို ငေးနေမိပေမဲ့ ဦးဒီက ရဲ့ မျက်နှာ တည်တည် ကြီးကြောင့် ပျော်စရာ မကောင်း တော့ပါဘူးလေ…။
"ဟင်…ရောက်ပြီလား.."
အချစ် ခေါင်းလှည့်ကြည့်လိုက်တော့ ကလေးလေး တွေ ဟိုတစ်စု ဒီတစ်စုကလွဲလို့ ဘယ်သူမှ မရှိ..။
ကားပေါ်က ဆင်းတော့ ဘယ်မှ မသွားတက် မလာတက်မို့လို့ ဦးဒီက ကို ပြန်စောင့်ရသည်..။
"လာလေ.."
"အင်း…"
အချစ် ကိုယ့်ဟာကို လျှောက်နေရင်း လူတစ်ယောက်နဲ့ ၀င်တိုက်မိတော့ လန့်သွားရသည်..။
"ဆောရီး..ဆောရီး.."
"ဟင်း…သွားတက်တာလည်း မဟုတ်ဘူး.အနားမှာနေလေ.."
ဦးဒီက က အနားကိုရောက်လာပြီး တောင်းပန်ပေး၍ အချစ်ကိုလည်း တစ်ချိန်တည်းမှာ ဆူသေးသည်..။
"ဟုတ်.."
အချစ်မှာ အနား ကပ်နေရင်း ဦးဒီက ရဲ့ လက်မောင်းကိုလည်း တွဲထားလိုက်သည်..။
"ဟင်း..ခြေထောက်တောင် ညောင်းလာပြီ…"
"ခုမှ အစပဲ ရှိသေးတယ်.."
ဒီပါ့ ဘေးမှာ အနားကပ်ပြီး ညီးတွားနေတဲ့ ကောင်မလေးကို မကြည်မလင် ကြည့်ပြီး ပြောလိုက်တော့ မျက်နှာငယ်လေး ဖြစ်သွားသည်..။
လိမ်တာ မကြိုက်ပါဘူးဆို အမြဲလိမ်နေတော့ စိတ်တိုရသည်..။
"ဦးဒီက.."
"ပြော…"
"အချစ် ကို ခွင့်လွှတ်ပါ.."
"ဟမ်.."
မထင်ထားတဲ့ စကားသံကြောင့် ဒီပါ ခြေလှမ်းတွေ ရပ်ပစ်လိုက်ပြီး ဘေးကို လှည့်ကြည့်မိသည်..။
ခေါင်းငုံ့ပြီး ပြောနေတာ ကိုယ် မသိလိုက်ပဲ ဘာတွေ လုပ်လိုက်ပြန်ပြီလည်း မသိ..။
"ဘာကိုလည်း..မင်း ဘာလုပ်ထားလို့လည်း.."
"မသိဘူးလေ…"
"ဟာ မင်းပဲ ခွင့်လွှတ်ပါဆို…"
"ဟုတ်တယ်လေ…ဦးဒီက က မျက်နှာ ကြီး တင်းထားတော့ အချစ် ဘာလုပ်မိမှန်း မသိပေမဲ့ စိတ်ဆိုးနေတာ သိတယ်.."
"သြော်…မင်းလိမ်လို့လေ.."
"အချစ် ဘာလိမ်လို့လည်း.."
"မင်းက နောက်နေ့မှ လျှောက်လည်ချင်တယ်လို့ ငါ့ကို ပြောလား.."
"ဟို..အဲဒါက အချစ် ကြောက်လို့ပါ.."
"မင်းမှာက မုသားသုံးဖို့ ဆိုရင် အကြောင်းပြချက် အမျိုးမျိုး ရှိနေတက်တာပဲ မလား.."
"……"
မျက်နှာ မှုန်ကြုတ်ကြုတ်ဖြင့် ခေါင်းငုံ့ ထားတာ သူကပဲ တပြန် စိတ်ဆိုးချင်နေသည့်ပုံ…။
အိမ်ရောက်မှ ဆူတော့ပါမယ်လေ….အခုတော့ ပျော်ပါစေဦးလို့ တွေးလိုက်ပြီး ဆက်လျှောက်လာခဲ့ရသည်..။
"ဟင်း…"
ဒီပါ့ ဘေးက သက်ပြင်းရှိုက်သံကြောင့် ငဲ့စောင်းပြီး ကြည့်လိုက်မိတာ  ရွှေခဲမ က စိတ်ပျက်တဲ့ မူအယာ ဖြစ်နေသည်..။
ကိုယ့်မှာတော့ သူ ပျော်ပါစေ ဆိုပြီး နားချင်တာကို မနားပဲ ခေါ်လာပေးရတာလေ…။
အခုတော့ သူ့ မျက်နှာက ပျော်တဲ့ ပုံရိပ် တစ်ခုတောင် မရှိ…။
"ဘယ်လိုလည်း. ..မင်းကြည့်ရတာ မပျော်သလိုပဲ."
"ဟွင့် တောဖြစ်နေတာ မရှင်းဘူးလား  အချစ်တို့ ထင်းရှာ ထွက်တဲ့ တောကြီး ကျနေတာပဲ မြွေတွေ ဘာတွေ ထွက်လာမှ ဒုက္ခ…"
သူ့နေရာမှာ တခြား မိန်းကလေး တစ်ယောက်သာဆို ဟန်ဆောင်အပြုံးလေး နဲ့ ပျော်ပါတယ်လို့ လိမ်မှာ..အခုတော့ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ ပြီး အားမနာစတမ်း လက်ညိုးထိုး ဝေဖန်တော့သည်..။
မလိမ်သင့်တဲ့နေရာမှာလိမ် ဟန်ဆောင် သင့် တဲ့ နေရာကို ပွင့်လင်း..
ဒီကောင်မလေးက တကယ့်ကို အလွဲမလေး..။
"သစ်ကိုင်းခြောက်တွေလည်း…ရှိသေး…."
"မင်းကလည်း..ပြောလိုက်တာကွာ…"
"ဟုတ်တယ်လေ…သစ်ပင်တွေ ခြုံတွေ ချည်းပဲ"
ဘေးပတ်လည်က သဘာ၀ဆန်ဆန် သစ်ပင်ခြုံနွယ်တွေကို လက်ညိုးဝှေ့ရမ်း ပြီး ပြောတော့ ဒီပါ ခံရခက်သည်..။
"ဟိုမျောက်တက်နေတဲ့ အပင်ကို ကြည့်စမ်း အကြီးကြီးပဲနော်…"
တော်တော် ကြီးမားတဲ့ သစ်ပင် အမြင့်ကြီး ကို လက်ညိုးထိုးပြလိုက်တော့  လက်နဲ့ မျက်လုံးကို နေကာ၍ မော့ကြည့်ပြီး
"ဒါများ အချစ်တို့ ဆီက အပင်တွေဆို အဲဒါထက်ကိုရှည်ပြီးကြီးသေးတယ်…"
"ကြွားတယ်.."
"မြန်မာ နိုင်ငံမှာ ပေါတဲ့ မျောက်ကို သူတို့က မှန်ထဲ ထည့်ကြည့်ကြတယ်နော်.."
"ဟင်း.."
သူ့ အတွက် အထင်ကြီးစရာ တစ်ခုမှ မတွေ့သည့် တိုးတက်တဲ့ တိုင်းပြည် တစ်ခုရဲ့ တိရိစ္ဆာန်ရုံကို ခေါ်လာမိသူ ကိုယ်ပဲ မှားနေတာမို့ သက်ပြင်းချမိသည်..။
"ဒီရေကန်ကြီးသာ ပွင့်သွားရင် တော့သွားပြီး ….ကျောက်ခဲ နဲ့ တစ်ယောက်ယောက် ထုလိုက်ရင်တော့ ကြည့်ကောင်းမှာပဲ..ရေမြင်းကို အထဲ ထည့်ထားတာ သူက ခေါင်းနဲ့ တိုက်ပြီး ထွက်မပြေးဘူးနော်…"
မေးခွန်းတွေက အတည်အတံလား ရွဲ့နေတာလား ထင်ရအောင် အဆိုးဘက်ကိုရောက်နေတော့ ဒီပါ မျက်လုံးပြူးနေရသည်..။
မတော်မဆ စမ်းသပ်တဲ့ အနေနဲ့ ကျောက်ခဲနဲ့ ကောက်ထုလိုက်မှာ စိုးရသည်..။
"သားပိုက်ကောင်လေးတွေ မြက်ခြောက်တွေ စားနေရတာ သနားပါတယ်.."
"….အင်း…သူတို့ကြိုက်လို့နေမှာပေါ့.."
"ဦးဒီက ကလည်း ကိုယ်ချင်းစာစိတ်ကို မရှိဘူး..သူတို့က အရွက်စားတာ စိမ်းစိမ်းစိုစိုလေး စားချင်မှာပေါ့…"
"အင်း…အင်း…"
ဒီပါ့မှာ အကြောင်းပြချက် ထပ် မပေးရဲတော့ပဲ ခေါင်းညိတ်လက်ပိုက်ပြီး ခပ်ဖြည်းဖြည်း လျှောက်ကြည့်နေရသည်..။
"လာထိုင်.."
"ဟုတ်.."
ထိုင်ခုံလေးတွေပေါ်မှာ ထိုင်ရင်း ခေါ်လိုက်တော့ အနားမှာ ထိုင်လိုက်ခါ မျက်လုံးက တစ်ချက်မှ အငြိမ်မနေပဲ ဝေ့၀ဲ ကြည့်နေသည်..။
ဒီလို ကလေးစိတ်နဲ့ ကောင်မလေး ရူပါ့ အကြောင်းသိသွားရင် ဘယ်လောက်ခံစားရမလည်း ဆိုတာ တွေးမိတော့ ရင်မောရသည်။
"ဟွင့်.."
"ဟင်.."
"မင်း…ရူပါ့ကို ဘယ်တုန်းက စကြိုက်တာလည်း."
"ရှင်.."
"မင်းပဲ ကြိုက်တယ်ဆို..အဲဒါကြောင့် မစဉ်းစားပဲ လျှောက်လုပ်တာဆို…"
"ဟို.."
"ပြောကြည့်လေ…"
"ဟင်..ဦးဒီက အချစ်ကို တိုင်တော့မလို့လား…အချစ် တောင်းပန်ပါတယ်..နောက်မလုပ်တော့ပါဘူး.. အခုလည်း ကိုရူပါ့ကို စကားတောင် မပြောပါဘူး…ဟင့်..ဟီး.."
"ဟာ.."
ခုံပေါ်က ဆင်းပြီး ခြေထောက်ဖက်ငိုတော့ ဒီပါ ပတ်၀န်းကျင်ကို ဝေ့ကြည့်ရင်း သူ့လက် တစ်ဖက်ကိုလည်း မြှောက်ထားရသည်..။
"ထ..ထ…မတိုင်ဘူး..ဟာ..မရှက်ဘူးလား…ငိုစရာလားကွာ…"
"တကယ်နော်.."
"အင်း…ငါမေးတာဖြေဦး.."
ဒီပါ သူ့ကျောပိုးအိတ်ကို ဇစ်ဖြုတ်ခါ တစ်ရှူးထုတ်ပြီး လက်ထဲ ထိုးထည့်ပေးရပြန်သည်..။
မျက်ရည်သုတ်ပြီး ရယ်ကြဲကြဲ လုပ်ပြတော့လည်း ကလေး တစ်ယောက်လိုပါပဲလေ..။
"ပြောလေ.."
"ဦးဒီက မရယ်နဲ့.."
ဒီပါ ခေါင်းညိတ်ပြလိုက်တော့ ပြုံးစေ့စေ့ ဖြင့် အနားမှာ တိုးထိုင်လိုက်၍
"အချစ် ဘ၀ စိတ်ညစ်ဖို့ ကောင်းတယ်လေ..အဒေါ် အိမ်ကပ်နေရတယ်…မိသားစု မရှိ…ဘာဆို ဘာမှ မပိုင်ဘူး…ကြီးလာရင် ဘာဖြစ်မယ် မပြောနဲ့ မနက်ဖြန် ဘယ်ရောက်မလည်းတောင် သေချာ မသိဘူး…အဲဒါကြောင့် ရုပ်ရှင်တွေကြည့်ပြီး ညအိပ်တိုင်း စိတ်ကူးယဉ်တယ်…အချစ်ကို သူဌေးသားလေးက တစ်ယောက်က လာကယ်ပြီး သူ့ဆီခေါ်သွား… ပြီးတော့ အရမ်းတွေချစ်ပေးတယ်ပေါ့…ဂျီစီ ဆိုတာ အချစ်သူငယ်ချင်းလေ…သူက မော်ဒယ်မင်းသားပုံလေးတွေ ထုတ်လာတယ်တဲ့…အချစ်ကို တစ်ပုံပေးတယ်…ဝင်း…အဲ ကိုရူပါက လက်ဆောင်ပုံးလေး နဲ့…ပန်းစည်းလေးလည်း ကိုင်ထားသေးတယ်…ဟိဟိ…အဲဓာတ်ပုံကို ကြည့်ပြီး ညဆို အိပ်တယ်..နောက်တော့..အချစ် စိတ်ကူးထဲက ကောင်လေးက ကိုရူပါ ဖြစ်သွားကော…ပြီးတော့ ချစ်သွားကော…"
"အဟွင်း…ကျေးဇူးတင်ပါတယ်…"
"ဟင်…ဘာဖြစ်လို့လည်း.."
ဒီပါ ခေါင်းရမ်းခါ ကျောပိုးအိတ်ထဲက ရေဘူးထုတ်ပြီး တစ်ငုံမော့သောက်လိုက်ရသည်..။
ဟူး..ဒီပုံစံဆိုရင် ရူပါ့ကို တကယ်ချစ်တာ မဟုတ်သေးလို့ တော်ပါသေးရဲ့..။
မကြာခင် ပြောင်းလဲလာမဲ့ အခြေအနေ ကြောင့် သူ့ကိုယ်စား ရင်မောနေမိသည်..။
" ကြည့်အုံး ဆင်ရုပ်ကို ကောင်းကောင်းမွန်မွန် မထုဘူး  ဒီနိုင်ငံက ပန်းပုဆရာတွေ ညံ့လိုက်တာ  သစ်ပင် ကလည်း သစ်ခြောက်ကြီး "
"ဟာ သူတို့က သစ်ပင်ကို ချစ်လို့ တန်ဖိုးထားတာလေ.."
ပင်စည် အလုံးလိုက်မှာ ဆင်ရုပ်ကလေးတွေ ပုံဖော်ထားတာ ကိုလက်ညိုးထိုး ဝေဖန်တော့ ဒီပါ့မှာ ပျာပျာသလဲ တားရသည်..။
"အမလေး  ဒီကြံ့ကြီးတွေ ထွက်လာရင်တော့ လူတွေ ပြေးကြမှာပဲနော် ဦးဒီက.."
ကျောပိုးအိတ်ကြိုးကို လက်နဲ့ ဆော့ရင်း လှမ်းမေးတော့ ဒီပါ ဘာမှ ပြန်မပြောတော့ပဲ လက်ပိုက်ထားရင်း ခေါင်းသာ ညိတ်ပြလိုက်ရသည်..။
"ဦး..ဦး..မှည့်နေတဲ့ အသီး တစ်လုံးလောက်ခူးလိုက်မယ်.."
"ဟိတ်"
လျှောက်လမ်းဘေးမှာ စိုက်ထားတဲ့ သဘောင်္ပင်က အသီးတွေကို လက်ညိုးထိုးပြီး ပြောတော့ ဒီပါ ကပျာကယာ လက်ကို ပုတ်ချရသည်..။
ဆိုးဆတ်နဲ့ ခူးပစ်လိုက်ရင်တော့ မတွေးရဲစရာ…။
ရှေ့ကနေ ဟိုဘက် ဒီဘက် ငေးရင်း လျှောက်နေတာ ဂါ၀န်ကလည်း ရှည်..ဘောင်းဘီကလည်း ရှည်နဲ့ ကြည့်ရတာ အဆင်မပြေ..။
ကိုယ့် အကြံပေးမိတာ ဂါ၀န်တိုလေးနဲ့ ဘောင်းဘီရှည် တွဲ၀တ်ဖို့ပါ..
ဒီပါ အသံကြားတော့ မော့ကြည့်ပြီး ပြုံးလိုက်မိသည်….။
"ကောင်မလေး…ဟိုမှာ..ဟိုမှာ မင်း အမျိုး..နီနီလေးကွ ….မင့်လိုပဲ စွာမဲ့ပုံ."
"ဟင်…ဘာလည်း..ဘယ်သူလည်း…"
ဒီပါ လက်ညိုးထိုးပြတဲ့ နေရာကို ပြေးလာမော့ကြည့် ရင်း မျက်လုံးနဲ့ ရှာဖွေနေတာ တော်တော် နဲ့ မတွေ့့သေး…
"ဟာ..ဦးဒီကနော်.."
'ရွေခဲလေ…မဟုတ်ဘူးလား.."
"ပန်းအချစ်ဦးနော်…ရွှေခဲမဟုတ်ဘူး."
"အဟွင်း…မင်းက ကြက်တူရွေးထက်တောင် ပိုပြီး မေးခွန်းတွေ များသေးတယ်…"
"အချစ် သိချင်တာ မေးတာပေါ့လို့"
ဒီပါ မျက်မှောင်ကြုတ်ကြည့်လိုက်တော့ စူ နေတဲ့ နှုတ်ခမ်းကို သိမ်းလိုက်ပြီး မသိချင်ယောင်ဆောင်ခါ အပင်တွေကို မော့ကြည့်၍ လျောက်နေသည်..။
"ပျင်းရင် ဟို ရေလျောစီးမလား.."
"သေးသေးလေး…အချစ်က ရေတွေ ဖြိုဆင်းလာတဲ့ ဟာမျိုး စီးချင်တာ.."
"တော်သေးတယ်…ခုမှ ရောက်ဖူးပေလို့.."
ဒီပါ ခပ်တိုးတိုး ရေရွတ်ရင်းမနက်ဖြန် ဘယ်လောက်ကဲမလည်း မြင်ယောင်ခါ မောနေရသည်..။
"အဲဒီအကောင်လေးတွေကို လူတွေက ကြည့်တော့ စိတ်ညစ်မှာပဲနော် "
"မညစ်လို့ အစာ စားနေတာပေါ့…"
"ဒါဆို…ဦးဒီက ကော စိတ်ညစ်လို့ ဆိုပြီး အငတ်နေလား.."
"ဟ…"
ဒင်းလေး စကားပြောတဲ့ ပုံစံ ကြောင့် ဆူချင်တဲ့ စိတ်တွေကို မြိုသိပ်ထားလိုက်ရသည်..။
ပျော်ပါစေလေ…တစ်ခါတလေပေါ့…။
"မိချောင်းကြီး……ဦးဒီက..ဦးဒီက… စာအုပ်တွေ အများကြီး ဖတ်တော့…ငမိုးရိပ် မိချောင်းနဲ့ ဒီကောင် ဘယ်သူကြီးလည်း ဟင်.."
ကြက်တူရွေး ရွှေခဲ နဲ့ နှိုင်းရင် မကြိုက်တာ တစ်လှမ်း လျှောက်ပြီး တစ်ခါမေးနေတာလည်း သူပါပဲ...။
"ဦးဒီက.."
"ငမိုးရိပ်က လူကို ငုံ့ထားတယ် ဆိုတာ မင်းမသိဘူးလား ဦးနှောက်သုံးပြီး  မှန်းကြည့်ပေါ့…"
"ဒီ မိချောင်းအနေပဲ နေမှာပေါ့…ဒီကောင်ကြီးက အကြီးကြီးပဲလေ…"
"ဟာ..မင်း ဘယ်လိုများ ကြည့်လိုက်တာလည်း..ဒီကောင့် ပါးစပ်ထဲ လူ တစ်ကောင် ဘယ်လို ၀င်မလည်း.."
"မိချောင်းက ငုံ့ထားတယ် ပြောတာလေ…မင်းသားရဲ့ အရပ်ကို ဘယ်သူမှ မပြောတက်ဘူး…မင်းသားက ငလက်မလေး လည်း ဖြစ်နေနိုင်တာပဲ…"
"ဟင်း…မင်းကလေ…"
စကားကို ကပ်သပ် ပြောနေသည့် သူမလေးကို ပြန်ပြောလို့လည်း မရ စိတ်ထဲလည်း မကျေမနပ်ဖြစ်ရင်း ကျန်ခဲ့ရသည်..။
"အား နဂါးကြီးက လှုပ်တယ်ဟ…"
ကျောပိုး အိတ်သေးသေးလေး တွေ လွယ်ထားတဲ့ ကလေး နှစ်ယောက် နဲ့ အတူ ကျောပိုးအိတ် ပန်းရောင်လေး လွယ်ထားသည့် သူမ က ကလေးတွေနဲ့ အပြိုင် ခေါင်း လှုပ်နေတဲ့ ဒိုင်နိုဆော ကို မော့ ကြည့်နေသည်..။
ခြေဆောင့်ပြီး လန့်အော်တဲ့ အချိန် စချင်လာလို့ ဒီပါ အနောက်ကို ရောက်သွားပြီး ပခုံးကို လက်နဲ့ ကိုင်တွန်းရင်း…
"ဟွင့် အနားမသွားနဲ့ ကိုက်လိမ့်မယ်…"
"ကိုက်ပါဘူး..အသံကြီးက ကြောက်ဖို့ ကောင်းလိုက်တာ…"
"အင်း…ဘာမှ မကြောက်ဘူးဆို…"
"နည်းနည်းတော့ လန့်တာပေါ့လို့…"
ဒုက္ခပါပဲ ဒီ လို့..လို့ ကို ဆူချင်တာ ပါးစပ်ထဲ တော်တော် ကို ပြည့်သိပ်နေပြီ…။
မဆူဖြစ်အောင် မြိုချပြီး ရှေ့ကိုသာ ဆက်ချီတက်ရတော့သည်..။
"ဦး..ဒါမျိုးလား ဟင်…"
ကားပေါ်က ဂိုက်စာအုပ်ကို ဖတ်ရင်း မနက်ဖြန် သွားရမဲ့ နေရာကို ကြိုမေးနေတော့ ခေါင်းညိတ်လိုက်ရသည်..။
"ပျော်စရာကြီး..တစ်နေ့ကုန် လည်မှာနော် ဦးဒီက…"
"အင်း…အခုတော့ ပြန်ရင် မင်း နှိပ်ပေးဖို့လုပ်…ငါ့ ခြေထောက်တွေ အရမ်းနာနေပြီ.."
"မနက်ဖြန် မှ နှိပ်ပေးမယ်လေ…"
"ဘာ…"
"ဒီနေ့က ဦးဒီက သွားချင်တဲ့နေရာသွားတာ…အချစ် သွားချင်တာ..ဒါလေ…ဒါ…"
စာအုပ်ကို လက်ညိုးနဲ့ နှစ်ချက်ထောက်ပြီး မေးပင့် ပြောတော့ ခေါ်သွားမိတဲ့ ကိုယ်ကပဲ မှားနေသလိုလို…။
စေတနာတရား နားမလည်တဲ့ အဆိုးမလေး…လို့ စိတ်ထဲက ကျိန်းဝါးလိုက်ရင်း ပြောချင်တဲ့ စကားမှန် သမျှ မြိုချထားရသည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
စာရှည်လည်း အဆင်ပြေတယ်ပေါ့ 😁
အရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါဆင့် ❤
နောက်ရက်တွေ စာတိုရင် ဆန္ဒမပြ ကြေးနော် 😁
ဇာတ်မျောနေတာလည်း ခွင့်လွှတ်ပါ 🙏
ခေါင်းစဉ်နဲ့စာက လုံးဝမလိုက်ဖက်ဘူးနော် 😭
နောက်ဆိုရင် စာဖတ်သူတွေပေးတဲ့ ခေါင်းစဉ်ပဲထားတော့မယ်😍
ဒီဇာတ်လမ်းကို ဘယ်လိုပေးရင် ကောင်းမလည်း ငင်
စပိုက်ကာ စာရေးရင် ခေါင်းစဉ်နဲ့ ဇာတ်သိမ်း အဲဗား ပြဿနာပဲ ဟူး 💔
လွဲနေတာ ခွင့်လွှတ်ပါ နော်
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now