Part 16

2.6K 134 0
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၆)
#မုန်းပါနဲ့ဦး

"ဟိတ်…"
ဒီပါ အအေးခန်း က လချုပ် စာရင်းတွေကို စစ်နေတုန်း နောက်ကနေ ပခုံးရိုက်ပြီး ခေါ်လိုက်တာ ရူပါမှန်း သိတော့ ပြုံးလိုက်မိသည်..။
"ပြန်လာပြီလား.."
"အင်း…မာမီ ဆီ တစ်ခါသွားရတာ စိတ်ညစ်ဖို့ ကောင်းလိုက်တာ ကိုကိုရာ…"
ဒီပါ့ရှေ့က ခုံမှာ ၀င်ထိုင်လိုက်ပြီး မျက်နှာ ရှုံ့မဲ့ ရင်း ပြောတော့ စိုးရိမ်မိသည်..။
"ဘာဖြစ်လို့လည်း.."
"ကြာကြာ မနေလို့တဲ့လေ…ညီက အလုပ်ကိစ္စ နဲ့ သွားရင်း လမ်းကြုံ ၀င်ရတာ…"
"အင်း..အိအိ နေမကောင်းဘူးဆို.."
"ဟုတ်တယ်…ဆရာ၀န်လည်း မပြချင်ဘူး..ကောင်းသွားမယ်ပဲ ပြောနေတယ်…"
"သူက ဆရာ၀န်ပဲ သူ့ ကိုယ်သူ ပိုသိမှာပါ…ညီ…အဲ မင်းကလည်း ဂရုစိုက်ပေါ့…"
"ဟား..ဟား..ဘယ်လို ဖြစ်တာလည်း..မင်းတွေ ဘာတွေ ချနေပါလား.."
"ဒီက..ကျစ်..ငါ့ကို ပြောင်းခိုင်းထားတယ်လေ…"
"ဘယ်သူလည်း…"
"ဖေကြီးနဲ့ ဟိုကောင်မလေး ပေါ့…"
"ဟား…ဟား…ကိုကို့ကို လက်စ်ဆင် ပေးဖို့ အဖိုးက လူယုံ တစ်ယောက်ရပြီ ထင်တယ်…. ကောင်းတယ်.."
"အဟွင်း..ဟုတ်မှာပေါ့…မာမီတို့ နေကောင်းရဲ့လား.."
"ကောင်းတယ်…ကိုကို ဖုန်းမဆက်လို့ စိတ်ဆိုးနေတယ်…"
"မနေ့က ဆက်တယ်လေ…"
"ဟင်..ဟုတ်လား…ဟဲ…ဟဲ….ညာပြောတာပါ…ကိုကို ဖုန်းဆက် တာ ညီမသိဘူ.း…"
"ကောင်ဆိုးလေး.."
ရူပါ ဆိုတာ အဲလို ကောင်ညစ်လေးမို့ အဖိုးက မလိမ်မညာဖို့ အမြဲ ပြောပေမဲ့ သူကတော့ အတည်ပေါက်နဲ့ စနောက်တက်တာ အကျင့်ပါနေပြီ..။
အဖိုးက လုံး၀ မကြိုက်ပေမဲ့ ရူပါ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေတာကို ဒီပါကတော့ သဘောကျပါသည်..။
"ဟင်…ဒါ ကိုကို့ အကောင့်လား…"
ဒီပါ ခုံပေါ်မှာ တင်ထားတဲ့ ဖုန်းကို ကောက်ယူပြီး လျှောက်နှိပ်နေရင်း မေးတော့ လှမ်းကြည့်မိသည်..။
ဖေ့ဘွတ်ထဲ ၀င်မွှေနေတာပဲ…
"ဟုတ်တယ်…ဟိုတယ် ရီဗှူးတွေ ၀င်ကြည့်ဖို့ ဖွင့်ထားတာ.."
"အဟား…ကိုကိုက အားကိုးရတာပဲ…..ပြောတော့ သရုပ်ဆောင်မော်ဒယ် အလုပ် အားမပေးဘူးဆိုပြီး ညီ့ အကောင့်မှာ ကွန့်မန့် အချိုတွေ ၀င်ပေးထားတယ်.."
"ငါ မပေးပါဘူး.."
"မလိမ်ပါနဲ့ ညီ တောင် အစ်မ အလင်းလို့ ခေါ်လိုက်သားပဲ ဒီကြောင်ကို မြင်ဖူးပါတယ်လို့… ကြည့်မိသေးတယ်…"
"သြော်…ဒါ ဟိုကောင်မလေး ရေးနေတာလေ…အကောင့် ထည့်ပေးထားတယ်.."
"လက်စသတ်တော့ ပန်းအချစ်ဦးကိုး.."
"အင်း…မင်း ပြန်လာတာ သိရင် ထခုန်ဦးမယ်…"
"ဟုတ်လား..အခု မရီးပေါက်စလေးက ဘယ်ရောက်နေလည်း.."
ဒီပါ မီးဖိုခန်းကို တစ်ချက် လှမ်းကြည့်ပြီး ပြုံးရင်း လက်ထဲက ဖိုင်တွေကို ခုံပေါ် ပြန်တင်လိုက်သည်..။
"ကြီးကြီး ကို  ရှုပ်နေမှာပေါ့…"
"အမယ်…အမယ်…ဒီ အပြုံးကို ညီသိတယ်နော်…"
"ဟင်…"
"ကိုကို့ ဇနီးပေါက်စလေးကို ချစ်သွားပြီမလား…"
"အင်း…ညီမလေး တစ်ယောက်လိုပေါ့…"
"ဟုတ်လို့လား…"
ရူပါက လက်ညိုးထိုးပြီး လှောင်ရင်း ထလာခါ ပခုံးကို ဆွဲဖက်တော့  ရူပါ့ပခုံးကို ခပ်ဖွဖွ တွန်းလိုက်ခါ ရယ်မိသည်..။
"ကိုကို တို့ ဘယ်အဆင့်ရောက်ပြီလည်း.."
"ဘာကိုလည်း.."
"တနေ့ကုန် ဘယ်လိုမှ မနေတောင် ညဘက် တူတူ အိပ်ရင် ဖက်ချင်တာတို့  နမ်းချင်တာတို့ မဖြစ်ဘူးလား…လူပျိုနုနုကြီး…"
ရူပါရဲ့ ပွင့်လင်းတဲ့ စကားကြောင့် ဒီပါ မျက်နှာပူသလို ဖြစ်ခါ မျက်နှာပါ လွဲပစ်လိုက်မိသည်..။
ဒီကောင်စုတ်လေး ဘာစကားတွေ လာမေးနေတာလည်း..။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ…။
"အယ်….မျက်နှာတာင် လွဲတယ်ဆိုတော့ သေချာပြီ…"
"ကျစ်…စိတ်ရှုပ်လို့ကွ…ကလေး လိုပဲ ချစ်တာပါဆို…"
"ဟုတ်ပါပြီ….ယုံလိုက်မယ်နော်…ဒါပေမဲ့ လျော့ပြီး ရှက်ပါ ကိုကိုရာ…သိသာလွန်းတယ်…"
"ကျစ်….ရူပါ…"
ဒီပါ စိတ်တိုလာလို့ နာမည်ခေါ်လိုက်တော့မှ ရယ်ကြဲကြဲဖြင့် လက်မောင်းကို နှိပ်ပေးရင်း…
"ဟဲ..ဟဲ…ကိုကို့ ရှက်နေတာ ချစ်ဖို့ကောင်းတယ်ဗျ… အသက်မပြည့်သေးတဲ့ ကလေးကို ယူထားပြီး..မျက်နှာက ရင့်ထော်နေပြီ...ဒါတွေ မရိတ်သေးဘူးလား.."
"အင်း…ထားလိုက်ပါ အပြင်မှ မထွက်တာပဲ…"
"ဟယ်..ကိုရူပါ ရောက်နေတယ်…."
ပန်းအချစ်ဦးရဲ့ အသံက မီးဖိုခန်းက ထွက်လာပြီးသည်နှင့် တပြိုင်နက် လှစ်ခနဲ့ ဆို ဧည့်ခန်းထဲ ရောက်လာတာ လေထက်တောင် မြန်ပါလိမ့်ဦးမည်..။
"ကိုရူပါ ပြန်ရောက်ပြီ…"
"အဟွင်း…အကိုကြီး မဟုတ်တော့ဘူး.."
"အင်း…ရိုသေလေးစားတဲ့ အနေနဲ့လေ…"
"တယ်ဟုတ်ပါလား နှစ်ယောက် စလုံး လိမ်မာလာတယ်…ရော့ လက်ဆောင် ၀ယ်လာတယ်…"
"ဟင်..ဟုတ်လား ဘာတွေလည်း.."
ရူပါ လှမ်းပေးတဲ့ အိတ်တွေကို ဆွဲယူပြီး ကလေး တစ်ယောက်လို အကုန်သွန်ချတော့ ဒီပါ မျက်လုံးပြူးရသည်..။
ကွဲစရာ ရှ စရာ ပါရင်တော့ ကုန်တော့မှာပဲ... ဒီကောင်မလေး နမော်နမဲ့နဲ့တော့လေ…။
"ဟင်..ချေကလက်…"
"ချော ကလက် ပါ.."
"ဟဲဟဲ..ဟုတ်တယ်လောတွားသယ်.."
"ဟာ…ဟား..ဟား…"
"…ဟိဟိ…ကစားသောင် အပီတော့ဘူး…အိုး…ကျစ်.."
စကားလုံးတွေ အိုးနင်း ခွက်နင်း ဖြင့် မပီမသ ဖြစ်နေတော့ ၇ူပါ က အော်ရယ် သလို ဒီပါ လည်း ကြိတ်ပြုံးမိသည်..။
"ဒါက ဘာလည်း ကိုရူပါ.."
သေတ္တာပုံစံ စက္ကူဘူးကို ဆွဲထုတ်ပြီး ရှေ့မှာချခါ မေးလိုက်တော့ ရူပါက ဆွဲယူ ကြည့်ပြီး ..
"မိတ်ကပ်တွေလေ…အဆက်လိုက်၀ယ်လာတယ်…သုံးကြည့်ပေါ့.."
"အချစ် မသုံးဖူးဘူး.."
"ဟုတ်လား…အင်း..အသားအရည်နုနုလေး ဆိုတော့ သဘာ၀ က ထုတ်တာတွေပဲ ၀ယ်လာတယ်…အထဲ မှာ အလှအပအကြောင်း အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်လည်း ပါတယ်ပြောတယ်….ကိုကို့ ကို ရှင်းပြခိုင်းပေါ့.."
"ဟုတ်လား..ကျေးဇူးတင်ပါတယ် ကိုရူပါ…"
"ရပါတယ်…အစ်မအလင်းရယ်…"
"ဟယ်…သိသွားပြီ…"
"အခုလို ရန်စွာပြီး အားပေးတာ ကျေးဇူးတင်ပါတယ်.."
"ဟိဟိ…အချစ်က အမာခံ ပရိသတ်ပါ…"
"ဟုတ်ပါပြီ…ခု ဗိုက်ဆာလို့ …ဘာဟင်းတွေ ချက်ပြီးပြီးလည်း…"
"အချစ် ချက်တာ ဟုတ်ဘူး..ကြီးကြီး ချက်တာကို ကြည့်နေတာပါ…အချစ် ချက်ရင် စားလို့ မရလို့လေ…"
"ဟား..ဟား..ကောင်းတယ်…ချက်တက်ရင် ကိုကို က ခိုင်းနေဦးမယ်…. ထမင်းသွားစားဦးမယ်.."
နေ့လည် ဆယ့် တစ်နာရီကျော်ပဲ ရှိသေးပေမဲ့ ရူပါ့ မှာတော့ အခုမှ အိပ်ယာ နိုးလာပုံ ပင်..။
ရူပါ ထမင်းစားခန်း ၀င်သွားတော့ ကြည့်လက်စ ဘူးတွေကို ချပြီး အပြေးကလေး ထလိုက်သွားသည်..။
"အချစ် ပြင်ပေးမယ်.."
"အင်း…တစ်ခါတည်း နယ်ပေးရင် ပိုကောင်း.."
"ဟုတ်…ခဏပဲ စောင့်…"
"ဟုတ်ပြီ..ဟုတ်ပြီ…မြန်မြန်လေးနော်…ဗိုက်ဆာလှပြီဗျ…"
ရူပါ တစ်ယောက် ဗိုက်ပွတ်ရင်း ပူဆာနေတော့ ကောင်မလေးက ပျာတိပျာတာ နဲ့ အပြေးအလွှား ပန်းကန် ယူပြီး အလုပ်များနေရှာသည်..။
ဒီပါ သက်ပြင်း တစ်ချက် ချရင်း ဖိုင်တွေကို ပြန်ကောက်ကိုင်လိုက်ပြီး စာရင်းကိုသာ အာရုံစိုက်၍  ပြန်စစ်နေလိုက်သည်..။
.
"ချွတ်….ချွတ်…."
"ဟင်…တောက်.."
အချစ် မနက်တိုင်း ကြီးကြီးနဲ့ စျေးလိုက်သွားနေတာ ဒီနေ့ ကြီးကြီး နေလို့ သိပ်မကောင်းလို့ မေဖူးနဲ့ နှစ်ယောက် တည်း သွားတော့ နောက်က လူတစ်ယောက်လိုက်လာသည်..။
"အချစ် လှည့်မကြည့်နဲ့…"
"ဟင်…ဘာဖြစ်လို့လည်း..မေဖူးရဲ့.."
"အဲဒီကောင်က မေဖူး ကို လိုက်နှောင့်ယှက်နေတာ.."
"ဘယ်လို နှောင့်ယှက်လည်း.."
"ချစ်တယ်ပြောတယ်…မေဖူး လက်မခံတော့ ဆွဲလား ရမ်းလား လည်း လုပ်တယ်.."
"ဟင်..ဟုတ်လား.."
အချစ် ခြေလှမ်းတွေ တုန့်ခနဲ့ ရပ်လိုက်ပြီး နောက်ကို လှည့်ခါ အကြည့်စူးစူးနဲ့ ကြည့်တော့ လွယ်အိတ်လွယ်ထားတဲ့ လူပုံက စပ်ဖြဲဖြဲရယ်..။
အချစ် နဲ့ အသက် သိပ်မကွာလှပေမဲ့ ပိန်ပိန်ပါးပါး ကို ခါးလယ်က ကိုင်ချိုးရင်တောင် ရလောက်ပါသည်..။
"မမ..ခဏ…"
"နင် ဘာလုပ်တာလည်း.."
မေဖူးက လက်ကို ဆောင့်ရုန်းနေချိန် အချစ်က သူ့လက်ရိုးကို လက်ဝါးစောင်းထောင်ပြီး ခုတ်ချပစ်လိုက်သည်..။
"အာ.."
"ကိုယ့်လမ်း ကိုယ်သွားပါ…"
"နင့်နဲ့ ဘာဆိုင်လည်း.."
"မေဖူး လက်ခံရင်တော့ မဆိုင်ဘူးပေါ့…အခုတော့ ဆိုင်နေတယ်.."
"ကျစ်…အေးဆေးနေလိုက် ကလေး …စွာတိုင်း မကောင်းဘူး.."
အချစ် ပခုံးကို ဆောင့်တွန်းပြီး ရှေ့တိုးလာတော့ လူက ပခုံးနာသွားသလို စိတ်တိုလာလို့ လက်ကို ဆွဲလိမ်ပြီး ဘေးက အုတ်နံ့ရံ နဲ့ မိတ်ဆက် ပေးလိုက်သည်..။
"အား…."
"အား…"
"ဟယ်…ကွဲပြီလား မသိဘူး.."
"ပြေးကြမယ်…မေဖူး…"
"ဟင်..အင်း…"
အချစ် နဲ့ မေဖူးတို့ ဆွဲခြင်းတစ်လုံးဖြင့် ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ ဖိနပ်သံ တဖျတ်ဖျတ် မြည်အောင် ပြေးရတော့သည်..။
"ဟူး..တော်ပါသေးရဲ့…"
"မသေလောက်ပါဘူးနော်…အချစ်.."
"ဟင်….မသိ…မသိဘူးလေ…"
"တို့တော့ ဒုက္ခပါပဲ…"
အချစ် ခြံတံခါးကို သော့ပိတ်လိုက်ပြီး အိမ်ပေါ်ကို ပြေးတက်လာခါ မီးဖိုခန်းထဲ ၀င်ပြေးလိုက်သည်..။
"သြော် ပြန်လာကြပြီလား..ကလေးတွေ…"
"ဟုတ်…"
"ကဲ မေဖူးရေ…ငါးတွေကိုင်ထားလိုက် ပြီးရင် ကြီးကြီး နယ်ပြီး ကြော်ပေးမယ်…"
"ဟုတ်ကဲ့.."
မေဖူးကို လွတ်ပြီ ဆိုတဲ့ သဘောဖြင့် ငါးအထုတ်ကို ဆွဲယူခါ အိမ်နောက်ဖက် က အသား ငါးကိုင်တဲ့ နေရာကို ဆင်းသွားသည်..။
"ကြီးကြီး..အချစ် ဘာလုပ်ရမလည်း.."
'သြော်…မလုပ်ပါနဲ့ ကလေးရဲ့.."
"လုပ်ချင်လို့ပါ…"
'ဒါဆိုလည်း ပြီးမှ လုပ်…သားဒီပါ က သမီးကို မတွေ့လို့ မေးနေတယ်…"
"ဟုတ်လား..ဘာခိုင်းမို့လည်း မသိဘူး…အချစ်သွားလိုက်ဦးမယ်…"
အချစ် လှေကားထဲ ၀င်ပြီး အပေါ်ကို တက်နေချိန် ဟိုကောင် နံရံ့ နဲ့ ခေါင်းဆောင့်ပြီး သေများသွားပြီလား ဆိုတာ တွေးကြည့်နေမိသည်..။
"ဦးဒီက…"
"ဟင်..ပြန်လာပြီလား.."
"ဟုတ်…."
"မင်း ဆီကို အဒေါ် ဖုန်းဆက်တယ်.."
"ဟင်…မနက်စောကြီး.."
"အင်း..ရှစ်နာရီလောက်က ဆက်တာ…ပြန်ဆက်လိုက်ဦး.."
ဦးဒီက က ဖုန်းလှမ်းပေးတော့ အချစ် ရင်တုန်စွာဖြင့် ဖုန်းနံပါတ်တွေကို နှိပ်ပြီး အဒေါ် ဘာဆူဦးမလည်း ကြိုတွေးနေမိသည်..။
"ဟလို.…"
"နင့်ကို ဖုန်းဆက်နေတာကြာပြီ.."
"ဟုတ်..စျေးလိုက်သွားလို့ပါ…"
"အေး…အခု အကျူးက သူ့ကျောက်လာတောင်းနေတယ်.."
"ဟင်….အချစ်မသိဘူး…"
အချစ် စိတ်တွေ လှုပ်ရှားလာခါ ဆိုဖာကြီးမှာ အိခနဲ့ ဖြစ်အောင် ပစ်ချထိုင်လိုက်မိသည်..။
"ဟဲ့..နင်ယူကြည့်တယ်ဆို.."
"ဟုတ်တယ်လေ…ပြန်ပေးလိုက်ပြီ…"
"ကျောက်တစ်လုံး လိုနေတယ်တဲ့..နင်ယူထားလား.."
"မယူထားပါဘူး.."
"အေး..အခုတော့ ရဲတိုိင်မယ်တွေ ဘာတွေ ပြောနေပြီ…"
"မဟုတ်ဘူး..မဟုတ်ဘူး…သေချာ ပြန်ပေးလိုက်ပြီ…"
"တခြားလူကို ရောင်းပြီး တစ်ခုခု ၀ယ်လိုက်တာလား သမီး.."
အချစ် ပြောနေတာကို မယုံသလို ထပ်မေးနေတော့ စိတ်တွေ လှုပ်ရှား သလို မော လာသည်။
"အဟင့်…မဟုတ်ပါဘူး.. တကယ်ပြောနေတာပါ…."
"မလိမ်ပါနဲ့ သမီးရယ်…ဦးလေးတို့ သိရင် သမီးကို အထင်သေးလိမ့်မယ်…ဒေါ်လေးကို အမှန်အတိုင်းပြောပါ … ပြန်ပေးလိုက်ပါကွယ်…"
"ဟီး….မဟုတ်ဘူး…အချစ် မလိမ်ဘူး..တကယ်ပြောတာပါ…ဟင့်.. အချစ်က ဘယ်က ရလို့ ပေးရမှာလည်း…ပြီးတော့ သူတို့ လိမ်နေတာလေ….."
တဖက်က ဖုန်းပြောနေရင်း အသံတိတ်သွားပြီး စကားပြောသံတွေကြားတော့ အချစ် ဒေါသထွက်လာရသည်..။
"ဟဲ့….နင့်ကို ငါ သေချာ ပြန်ပေးလိုက်တယ်လေ…….အဲတုန်းက နင်သေချာ စစ်ယူတာပဲ…လူလည်မလုပ်နဲ့နော်…ငဂျူး…ငါ လာသတ်မယ် သိလား…..နင် မမက်ရိုင်းနဲ့နော်…လိမ်နေတာ နင်လေ..နင်…ငါ့ကို…ငါ့ကို အဲလို မစွပ်စွဲနဲ့ သိလား..မသာကောင်ရဲ့ အယုတ်တမာကြီးရဲ့..ဟီး…"
"ဟင်.."
အချစ် မျက်ရည်သုတ်နေချိန် နားမှာကပ်ထားတဲ့ ဖုန်းကို ဆွဲယူသွားတော့ ကြောင်နေမိသည်..။
ဦးဒီက က ဖုန်းနားထောင်ရင်း အချစ်ကို တစ်ချက် ကြည့်ခါ မျက်မှာင်ကြုတ်ပြီး နားထောင်နေသည်..။
"..အဲလောက် ပြောစရာ မလိုဘူး.. မိန်းကလေး တစ်ယောက်ကို ဒီလောက် မပြောသင့်ဘူး ထင်တယ် …"
"ဟုတ်တယ်..ပန်းအချစ်ဦးကိစ္စ ငါ့ကိစ္စပဲ ….ငါ က သူ့ယောင်္ကျားပဲ…….ကောင်းပြီ…"
"ပန်းအချစ်ဦး.."
"ရှင်.."
ဦးဒီက က နားမှ ဖုန်းကို ခွါလိုက်ပြီး အချစ်ကို ဆိုက်ကြည့်ခါ ခေါ်လိုက်တော့ လန့်ဖျပ်ပြီး မျက်လုံးပြူး ဖြင့် ထူးမိသည်..။
"မင်းဆီမှာ ကျောက်တစ်လုံး ယူထားတယ်ဆို.."
"အားလုံး ပြန်ပေးလိုက်တာပါ….အဲတုန်းက သူလည်း သေချာ စစ်ပါတယ်…ခုမှ…လိမ်ညာနေတာ ကလိမ်ယုတ်ကောင်…"
"ကျစ်.."
ဦးဒီက က မျက်မှောင်ကြုတ် ကြည့်လိုက်တော့ အချစ်ဆက်ပြောမဲ့ စကားလုံးတွေ ရပ်တန့်သွားပြီး ခေါင်းငုံ့လိုက်မိသည်..။
"သူ့ဆီမှာ မရှိတာ အမှန်ပဲ မင်း အထင်မှားတာ ဖြစ်နိုင်တယ်…ဒါပေမဲ့ သူ့ပေါ့ဆမှုလည်း ပါနိုင်တယ်…မင်း ကျောက်က ဘယ်လောက်တန်လည်း.."
"အဟွင်း…ဟုတ်ပြီလေ…မင်းကို ငွေလွဲပေးမယ်…ဘဏ်အကောင့် ရှိရင်ပြော မဟုတ်ရင် ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်နံပါတ်ကို ဒီဖုန်းကို ပို့ပေး…အချိန် ခဏ အတွင်း မင်းဆီ ပိုက်ဆံရောက်ရမယ်…တစ်ခုတော့ ရှိတယ်….မင်း ပြောခဲ့တာတွေ အတွက် ပြန်တောင်းပန်ပေးပါ…ဒါမှ ပိုက်ဆံပေးရတာ တန်မှာမလား…ငါ ပြောတာ ဟုတ်လား….ဟုတ်ပြီ…ဒါဆို သူနဲ့ ပြောလိုက်…"
အချစ်ကို ဖုန်းလှမ်းပေးတော့ ယူပြီး နား အနားကပ်လိုက်ချိန် ငဂျူးက လေသံ ချက်ချင်းပြောင်းသွား၍ တောင်းပန်ပါတယ် ကို မပီမသ အထပ်ထပ် ပြောပြီးမှ ဖုန်းချသွားသည်..။
"ဦးဒီက…"
"ပြော.."
"…ဘယ်လောက် တောင်းလည်း ဟင်.."
"သုံးသိန်း "
"ဟာ..မဟုတ်ဘူး..အဲလောက်မတန်ဘူး..ရောင်းစျေးကြီး ချပြောတာ…ဒီကျောက်က အဲလောက်မတန်ဘူး…"
"ထားလိုက်ပါတော့  ပန်းအချစ်ဦး…ဒီကျောက်ကို မင်းဆီမှာ မရှိဘူးလို့ပဲ သတ်မှတ်လိုက်တယ်…"
"ဦးဒီက …အချစ်ကို မယုံဘူးမလား.."
"ငါ က ဘယ်လို သိမှာလည်း…မင်းက ငါ့ဆီကို ရောက်လာတာ တစ်လကျော်ပဲရှိသေးတယ်…ငါတို့ အရင်က အတိတ်တွေကို သိကြတာမှ မဟုတ်တာပဲ…မင်း ဇာတိက မင်းစရိုက်ပုံစံ ကို ငါ မသိဘူး ပန်းအချစ်ဦး…"
"အချစ် သဘောပေါက်ပါတယ်…အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်..ဦးဒီက.."
မျက်ရည်တွေကို လက်ခုံဖြင့် ဖိဆွဲပွတ်ခါ ခေါင်းငုံ့ပြီး လှည့်ထွက်သွားဖို့ ပြင်နေတော့ သူ့ လက်ကို အလန့်တကြား ဆွဲလိုက်မိသည်..။
"မင်းလို ကလေး အရွယ်လေး ကို ပြောနေတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးတွေကို လုံး၀ မကြိုက်ဘူး..ဒါကြောင့် ပိုက်ဆံပေးပြီး ပြန်တောင်းပန် ခိုင်းလိုက်တာပါ…
သူ့ ကျောက်ကို ဘာလို့ ယူကြည့်တာလည်း ပန်းအချစ်ဦး …”
"ကြာပါပြီ…အချစ်ကို ရောင်းပေးဖို့ သူပဲ လာ ပေးထားတာ…ပြီးတော့ ပြန်ပေးတုန်းကလည်း သေချာ ထိုင်စစ်ပြီးမှ ယူသွားတာ …ကလိမ်ကကျစ် ကောင်…”
"အပြောင်းအလဲ မြန်တဲ့ သူတွေနဲ့ နှဲစ်ခါ မပတ်သက်နဲ့ ပန်းအချစ်ဦး …အကြိမ်ကြိမ် နစ်နာ လိမ့်မယ်”
"ဟုတ်”
"ထပ်ပြောမယ်နော်… အခုကိစ္စမှာ…
မင်းကို ငါယုံပါတယ်…"
"ဟုတ်ကဲ့…"
"မျက်ရည်တွေ စင်အောင် သုတ်စမ်းပါ…နှပ်တွေလည်း ထွက်နေပြီ…"
"အဟဲ…ဟုတ်"
လက်နှစ်ဖက်နဲ့ မျက်နှာကို ဖိသုတ်လိုက်ပြီး နှပ်ကိုလည်း အကျီ င်္လက် ဖြင့် ပွတ်ဆွဲ သုတ်တော့ ဒီပါ နှာခေါင်းရှုံ့ မိပေမဲ့ နှုတ်ခမ်းမှာ ပြုံးရိပ်ထင်သွားသည်…။
"ဦးဒီက မုန့်စားပြီးပြီလား.."
"အင်း..လူစီဖာ့ကို မင်းပဲ ကျွေးလိုက်..ဒီကောင် ခုမှ နိုးလာတယ်.."
"ဟုတ်…လာ…လူစီပျင်း.."
ဒီပါ့ ရဲ့ ဝှီးချဲဘေးမှာ ထိုင်နေတဲ့ လူစီဖာ့ကို ပွေ့ချီပြီး ခေါင်းကို ဖိပွတ်ခါ ခေါ်သွားတော့ လူစီဖါ ခမျာ အကြောက်အလန့်ဖြင့် ငြိမ်နေရှာသည်..။
တော်တော်ဆိုးတဲ့ ကောင်မလေး…။
ပြဿနာ တစ်ခုဖြစ်ရင် ခံအော်လိုက် ရန်တွေ့လိုက် နဲ့ မရှင်းနိုင်တော့ ကလေး တစ်ယောက်လိုပဲ အော်ငိုပြန်ရော…။
ဟင်း…တကယ့်ကို နားလည်ရခက်တဲ့ ကလေး…။
တစ်ဖက် က လူ တစ်ယောက်ရဲ့ ရင့်သီးသုံးနှုန်းခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်မိတော့ သူ့အတွက်  စိတ်မကောင်း ဖြစ်မိသည်..။
ဒီပါ့ လက်ထဲက  သူ့ဖုန်းကို ကြည့်ခါ ပို့လိုက်တဲ့ နံပါတ်တွေကို ဒရိုင်ဘာ ဖုန်းကို ထပ်ပို့ပေးပြီး ငွေလွဲခိုင်းရသည်..။
.
"ဦးဒီက…နိုးပြီလား.."
"အင်း…"
"အချစ် ထူပေးရမလား.."
"ရပါတယ်…လူစီဖာကော…"
ဒီပါ အိပ်ယာထတိုင်း သတိထားနေရတဲ့ လူစီဖာကို ခြေရင်းမှာ မတွေ့တော့ မေးလိုက်မိတာ နှုတ်ခမ်းစူပြီး မေးငေါ့ပြသည်..။
"ဟင်…ဆိုဖာမှာ ညက ဆင်းအိပ်တာလား.."
"ခုန မှ အချစ် ချထားလိုက်တာ…"
"ဘာဖြစ်လို့လည်း.."
"ဦးဒီက ထတိုင်းသူ့ကို ရှောင်နေရလို့လေ…"
"အဟွင်း..ကျေးဇူးပဲ…"
ဒီပါ အိပ်ယာကနေ လက်ထောက်ပြီး ထလိုက်တော့ ကျောကုန်းကို လက်နဲ့ ဖေးကိုင်ပြီး ထူဖို့ ကူပေးသည်..။
တစ်ခါတလေကျတော့လည်း လိမ်မာသားပဲ… တစ်ခါတလေ ကျပြန်တော့လည်း ရေလေး တစ်ခွက်လောက် ယူခိုင်းချင်ရင်တောင် ဘယ်မှာ ရှာရမှန်း မသိအောင် ပျောက်နေတက်သည်..။
"ဦးဒီက..ညတုန်းက အိပ်မက် မက်သေးလား.."
"မက်လား မသိဘူး ဘာဖြစ်လို့လည်း…"
"အချစ် တရေးနိုးတော့ ဦးဒီက တီဗွီကြည့်နေတယ်…"
"အင်း..ဟုတ်တယ်…ညက ကော်ဖီသောက်လိုက်မိလို့ အိပ်မပျော်တာနဲ့ ကြည့်နေမိတာ…မင်း ပြောတဲ့ ဇာတ်လမ်းတွဲက စွဲတယ်…ဖိုးကောင်းကို အခွေ ရှာ ၀ယ်ခိုင်းလိုက်တော့မယ်… စောင့်မျှော် ရတာ  မကြိုက်ဘူး…"
"အင်း ကောင်းတယ် ဦးဒီက ခွေကြည့်ရင် အချစ်လည်း ခေါ်နော်.."
စကာပြောရင်း ဝှီးချဲကို အားသွင်းထားရာမှ နေရာရွေ့ပေးလိုက် ခလုတ်နှိပ်ပေးလိုက်ဖြင့် ဒီပါ လုပ်ရမဲ့ အလုပ်တွေကို သူက အလိုက်တသိ စီစဉ်ပေးနေသည်..။
"အ…"
ဒီပါ့လက်ကို တွဲကိုင်ပြီး ထူပေးပြန်သည်။ မတ်တက်ရပ်ချိန် သူ့လက်ပိန်ပိန်လေးကို အားပြုမိတာ အော်သံထွက်တော့ မျက်လုံးပြူးပြီး ပြန်လွှတ်ပေးရသည်..။
"ဆောရီး…အားနဲ့ ဖိလိုက်လို့ နာသွားလား…"
"မဟုတ်ပါဘူး..ဦးဒီက ဒီနေ့ လက်သည်းတွေ ညှပ်ရမယ်…တော်တော်ရှည်နေပြီ…"
ဒီပါ့ဝှီးချဲမှာ ထိုင်ချလိုက်ပြီးချိန်မှ လက်ကို ဆွဲယူကြည့်ပြီး ပြောတော့ သဘောပေါက်သည်..။
သူ့လက်မောင်း ကို လက်သည်းနဲ့ ဆိုက်မိသလို ဖြစ်သွားရသည်ကိုး..။
"ဦးဒီက…ဒီနေ့ စာဖတ် ဦးမှာလား.."
"မသိသေးဘူးလေ…အလုပ်ကိစ္စ မရှိရင်တော့ ဖတ်ဖြစ်မှာပေါ့.."
"ဒါဆို လက်ညည်းညှပ်ဖို့…"
"လက်ညည်းကတော့ ကိုယ်တိုင်ပဲ ညှပ်ပါ့မယ်.."
"အချစ် ညှပ်ပေးပါမယ်.."
"ဟုတ်ပါပြီ..ခု ဖယ်ဦးလေ…ရေချိုးခန်း ၀င်ရမယ်.."
"အဲ…အဟဲ…ဟုတ်…"
ဒီပါ သတိပေးလိုက်တော့မှ လက်ကို ရုတ်ခနဲ့ လွတ်ပေးပြီး ရယ်ကြဲကြဲ လုပ်ခါ ကျန်ခဲ့တော့သည်..။
ဒီပါ ရေချိုးခန်းထဲရောက်တော့ ငေးငိုင်နေမိသည်။
ညက အိပ်မက် မမက်ပေမဲ့ အိပ်မပျော်ဘူး…
အိပ်ပျော်နေတဲ့ မင်းမျက်နှာကို ငေးကြည့်ရင်း ဒီက ရင်ဘတ်ထဲ ဘာတွေဖြစ်နေမှန်း မသိဘူး… ကောင်မလေး ရယ်။
.
"အင်း…ဦးဒီက လက်ကလေးတွေ က နူးညံ့ဖက်နေတာပဲ…"
"………”
"ဟဲဟဲ..လက်သည်းလေးတွေ ကြည်နေတော့ လှလိုက်တာ..အချစ် နဲ့ မတူဘူးနော်…..ကောင်မလေးသာဆို လက်သည်းနီဆိုးရင် လှမဲ့ လက်မျိုး ပဲ..အချစ်တော့ လက်သည်းဆိုးတာ မကြိုက်ပါဘူး.. လက်သည်းဆိုးထားတဲ့ လက်ကိုတွေ့တိုင်း ကလေး ဆန်တယ်ပဲ ထင်တယ်.."
"ဘယ်လို…"
"ကလေးတွေက  ခဲတံနဲ့ လက်သည်းလေးတွေမှာ ထိုင်ခြစ်ကြတယ်လေ…ဟိ…ဘယ်လိုကြီးလည်း မသိဘူး..မကြီးမငယ်နဲ့ ဆေးခြယ်ထားသလိုပဲ ရယ်ချင်တယ်.."
၀ရန်တာမှာ စာဖတ်နေတုန်း အနားရောက်လာပြီး လက်ညည်းညှပ်ပေးမယ် ဆိုခါ ပါးစပ်လည်း အငြိမ်မနေ လက်ကလည်း အငြိမ်မနေ…။
ဒီပါ့ရဲ့ လက်ဝါးကို သူ့လက်ကလေးနဲ့ ပွတ်သပ်ပြီး ပြောတော့ စိတ်ထဲက ယားကျိကျိ ဖြစ်ရသည်..။
"…လက့်သဲ့ ညှပ် ဖို့ဆို…"
"ဟင်..ဦးဒီက လည်း စကားဝဲလား.."
"အိုး..မဝဲဘူး…စာအုပ်ဖတ်ရင်း ရောကုန်တာ…ညှပ်လေ…"
"ဦးဒီက စာတွေ ဒီလောက် ဖတ်နေတာ မပျင်းဘူးလား.."
ခုံလေး ဆွဲထိုင်ရင်း နှုတ်ကလည်း စကားမရပ်တော့ ဒီပါ့ လက်ထဲက စာအုပ်ကို ပေါင်ပေါ် မှောက်တင် လိုက်ရတော့သည်။
"မပျင်းပါဘူး..စာအုပ်တွေ ၀ယ်ထားပေမဲ့ မဖတ်ဖြစ်တာတွေ အများကြီးပဲ…နေမကောင်းဖြစ်စ က စိတ်ညစ်ပေမဲ့ စာဖတ်တဲ့ လုပ်စရာ အလုပ်ရှိနေတော့ စိတ်ချမ်းသာတယ်လေ…"
"စာအုပ်ဖတ်ရင် ဘာဖြစ်လည်း…သြော်…စာအုပ်ဖတ်တာ သူဌေးတွေလေ…ကမ္ဘာ အချမ်းသာဆုံးသူတွေက စာအုပ်ဖတ်ကြတယ်တဲ့…"
သူ့ဟာသူ ပြောရင်း လက်ညည်း ညှပ်ခြင်း အလုပ်ကို စတော့ ဒီပါ ပြုံး၍ သူ့ ခေါင်းလေးကို ဖွဖွ ပုတ်လိုက်သည်..။
"အဲလို မဟုတ်ပါဘူး..စာဖတ်တိုင်း ချမ်းသာတာ မဟုတ်ဘူး…ငွေကြေး ဥစ္စာဆိုတာ ကံဉာဏ်ဝီရိယ ကြိုးစားမှုနဲ့လည်း ဆိုင်တယ်… စာအုပ်ဖတ်တာ ဝါသနာပါတဲ့ တက္ကစီ သမားတွေလည်း ရှိတာပဲ…သူတို့က လူချမ်းသာတွေလား…"
"ဟင့်အင်း.."
"စာအုပ်ဖတ်တာကို မကြိုက်တဲ့ လူချမ်းသာတွေလည်း ရှိတာပဲ…အင်း စာအုပ်ကို သေချာဖတ်တဲ့ သူက စိတ်ငြိမ်တယ်လို့ ထင်တယ်…ကိုယ်ချင်းစာ တရား အမှန် အမှား အကောင်း အဆိုးတွေကို စာအုပ်ဖတ်ရင်း မေးခွန်းလုပ်နေရတယ်လေ…အဲတော့ စဉ်းစားဆင်ခြင်  နိုင်တဲ့ စွမ်းရည် မြင့်လာတယ်…အသိပညာ ဗဟုသုတ ကြွယ်၀တယ်..လူပေါင်းများစွာရဲ့ ဓလေ့စရိုက် သဘော သဘာဝတွေကို သိရတယ်…အဟွင်း အနည်းဆုံး အနေနဲ့ စာအုပ်ဖတ်လိုက်ရင် လောက မှာ ငါ တစ်ယောက်တည်း မဟုတ်ပါလား ဆိုတာ သိသွားလိမ့်မယ်…"
" အချစ်လည်း စာဖတ်သင့်တယ် ထင်တယ်.."
"မင်းကို ရောက်ကတည်းက ဒီက ပြောသားပဲ…နားမှ မထောင်ပဲ…"
"အချစ်မှာ အချိန်မှ မရှိတာပဲကို…"
"ဖုန်းကြည့်ဖို့ကော…"
"အဟဲ..ဒါကတော့ ဦးဒီက ကလည်း…အချစ်က မကြည့်ရမနေနိုင်အောင် အသည်း အဲ..ကိုရူပါ့ကို ချစ်တာကိုး…"
ဒီပါ ပြောစရာကြုံလာပြီမို့ လက်သည်းညှပ်ပေးနေတဲ့ သူ့ကို ငုံ့ကြည့်ရင်း
"သူ့ကို ချစ်ရင်..သူ့ကို အားပေးနေတဲ့ ကောင်မလေးတွေကို ဘာလို့ လိုက်ပြီး ရန်ထောင်နေတာလည်း…ကောင်မလေးရယ်… သူ့မှာ ပရိသတ်တွေ များကြီး ရှိတာ ၀မ်းသာ သင့်တယ် မလား..မင်း ကို ကြည့်ရတာ ဖုန်းသုံးတိုင်း ပူလောင်နေသလိုပဲ…"
"ဟွင့်..အချစ်က အချစ် တစ်ယောက်တည်း ပိုင်ပြိး ချစ်ချင်တာ..လုပ်ခွင့်သာ ရှိရင် ကိုရူပါ့ကို သော့ခတ်ပြီး အချစ် တစ်ယောက်တည်း တစ်စိမ့်စိမ့် ထိုင်ကြည့်ချင်တာ…"
"မင်းရဲ့ အားပေးမှုက တစ်ဖက်စွန်း အတွေးတွေ ဖြစ်လာပြီ ထင်တယ် ပန်းအချစ်ဦး…ဖေ့ဘွတ်သုံးတဲ့ အခါ ရူပါ ပုံတွေပဲ လိုက်ကြည့်ပြီး အောက်က ကွန့်မန့်တွေကို ရန်လိုက်တွေ့တာနဲ့ အချိန်မကုန်နဲ့ …စာကောင်းပေကောင်းတွေမှ အများကြီး ရှိတယ်… စာတွေက တိုတော့ မင်းဖတ်လို့ ကြိုက်မှာပါ လိုက်ဖတ်ကြည့်ပေါ့… …ဟုတ်ပြီလား.."
"ဟုတ်…”
ဒီပါ့ စကားကို မဟုတ်ချင် ဟုတ်ချင်နဲ့ ဟုတ်တော့ ဆက် မပြောပဲ သက်ပြင်းသာ ခိုးချရသည်..။
သူ့အဒေါ် သတိပေးသွားသလိုပါပဲ…
ပန်းအချစ်ဦး ဆိုတာ ခံမပြော နားမထောင် ဂျစ်ကန်ကန် ပုံစံလေးမို့…
ပြောလည်း နားထောင်မှာ မဟုတ်ပါဘူး…။
"ဟာ…ဦးဒီက က လူကောင်းပဲ.."
"ဟင်.."
ကိုယ့် အတွေးနဲ့ ကိုယ်မောနေရချိန် သူ့ရဲ့ စကားကြောင့် ငုံ့ကြည့်မိတော့ လက်ဝါးကို ဖြန့်ကြည့်ပြီး ပြောနေသည်..။
"မင်းက လက္ခဏာ ကြည့်တက်တာလား.."
"သေချာတော့ မသိဘူး..သူငယ်ချင်းတွေနဲ့ ဆော့ဖူးတာပါ..ဒီ လက်မ ရဲ့ အဆစ်တွေကို ကြည့်တာလေ…ပထမပိုင်းက စိတ်စွမ်းအား ဒုတိယက ဦးနှောက် တတိယက အချစ်မေတ္တာ ပထမပိုင်းကြီးရင် ဒေါသကြီးတယ်..ဒုတိယပိုင်းကြီးရင်လည်း ခံစားချက် မဲ့တယ်..ဦးဒီက ကျတော့ တူတူလောက် ကျနေတော့ အင်း..စိတ်ခံစားမှုကို ဦးနှောက်နဲ့ ထိန်းချုပ် နိုင်တဲ့သူပဲ….အချစ် ပြောတာ မှန်လား.."
မျက်နှာနုနုလေးကို ပြုံးပြီး မျက်ဝန်း တောက်တောက်လေးဖြင့် မော့ကြည့်ခါ မေးတော့ သူ့အလိုကျ လိုက်၍
"အဟွင်း..တော်သားပဲ…ကြည့်တက်ရင် လုပ်ပါဦး…"
"အဟမ်း..အဟမ်း…ဆရာတင်တော့လည်း မနေသာတော့ဘူး ယုံကြည်ရဲ့လား …"
အသံအနေအထားပြောင်းပြီး ခါးကို လက်နှစ်ဖက် ထောက်ခါ မေးတော့ ဒီပါ ပြုံးရင်း ခေါင်းညိတ်လိုက်ခါ
"ယုံကြည်ပါတယ်…ယုံကြည်ပါတယ်.." လို့ ရိုရိုသေသေ ပြန်ပြောရသည်..။
"ဟိ..ဟိ…အချစ် မတက်ဘူး…ဆော့တာနော်."
"အင်း…"
ဒီပါ့ရဲ့ ဘယ်လက်ကို ဆွဲယူ၍  မျက်နှာကပ်ပြီး ဆိုက်ကြည့်ခါ ခေါင်းတညိတ်ညိတ်ဖြင့် အကြားအမြင်ရ ဆရာမလေး ပုံစံ ဖမ်းနေသေးသည်..။
"ဦးဒီက ရဲ့ နှလုံးလမ်းကြောင်း နဲ့ ညဏ်လမ်းကြောင်း ကြားထဲက နေရာ လေးက ကျယ်နေတော့ ဦးဒီက က လူကောင်း တစ်ယောက်ပဲ စိတ်သဘောထား  ပြည့်ပြီး စိတ်ဓာတ်မြင့်မြတ်တဲ့သူ…"
"မင်း ဟာက အကောင်းတွေချည်း ဖြစ်မနေဘူးလား.."
"မပြောတက်ပါဘူးဆို…ဒါပေမဲ့ အချစ်ပြောတာ မှန်တယ်မလား…"
"စိတ်ဓာတ်ကောင်းအောင်တော့ ကြိုးစားနေပါတယ်…..နှလုံးလမ်း ဆိုတာ ဘယ်ဟာကို ခေါ်တာလည်း.."
"ဒီမှာလေ…လက်ညိုးနဲ့ လက်ခလယ် ကြားနေရာက စပြီး ကွေးဆင်းသွားတာ တွေ့လား.."
"အင်း.."
"အိုး..တစ်ခု ထပ်သိပြန်ပြီ.."
သူ့ဟာသူ သဘောကျသလိ်ု သွားစွယ်လေးတွေ ပေါ်အောင် ပြုံးပြီး  သူပြနေတဲ့ နှလုံးလမ်းကြောင်းဆိုတာကို လက်ညိုးနဲ့ ထောက်ဆွဲကြည့်သည်..။
"ပြောပါဦး.."
"အချစ်ပြောရင် ဦးဒီက ယုံမှာ မဟုတ်ဘူး..ဖားပြီး လိမ်နေတယ် ထင်လိမ့်မယ်.."
"မင်း ပြောသလို ဆော့နေတယ်ပဲ သဘောထားပါ့မယ်.."
"အင်း…ဦးဒီက က လက်ညိုးနဲ့ လက်ခလယ် ကြားကနေ လမ်းကြောင်းစတော့ စဉ်းစားချင့်ချိန် နိုင်စွမ်းများတယ်..တစ်ဖက်သားကို ကြင်နာတက်တယ် ..ဦးဒီက က ယုံကြည်ထိုက်တဲ့ လူပဲ..အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ခံစားရမှာကြောက်လို့ နှလုံးသားကို သော့ခတ်သိမ်းထားချင်တယ်…ဘယ်သူကိုမှ မချစ်ရဲဘူး..ဟုတ်လား.."
"ဟင်…"
ဒီပါ မျက်လုံးပြူး၍ သူ့ကို ကြည့်လိုက်တော့ မေးလေးပင့်ပြီး ဂုဏ်ယူစွာ မေးနေတာတွေ့ရသည်..။
အစကတော့ သူပျော်သလို ဆော့သလို သဘောထားပေမဲ့ နောက်ဆုံး တစ်ချက်က ရင်ဘတ်ထဲ အထိ ထိမှန်သွားသည်..။
"ဟုတ်တယ်…မလား.."
"ဟင်…အင်း..မင်း တော်ပါတယ်…"
"ဟား..ဟား..ဆော့တာပါဆို…"
"မင်းရဲ့ လမ်းကြောင်းကရော.."
ဒီပါ့ လက်ပေါ်က သူ့လက်သေးသေးလေးကို ဆွဲယူပြီး မကြည့်တက်ပဲ မေးလိုက်တော့ လက်ဝါးဖြန့်ခါ လက်ညိုးနဲ့ ထောက်ဆွဲကြည့်သည်..။
"အချစ် ရဲ့ လမ်းကြောင်းက လက်ခလယ်အောက် ကနေ စတာလေ မကောင်းဘူး.."
"ဟင်..ဘာဖြစ်လို့လည်း…"
"အဲဒါဆိုရင် ညဏ်ကောင်းတယ် ရည်မှန်းချက်ကြီးတယ်  ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ကိုယ်ပဲ အားကိုးချင်တယ် ဆုံးဖြတ်ချက်ချရင် ပြတ်သားပြီး လက်တွေ့ကျကျပဲ မြင်တက်တယ်…ပြီးတော့…တစ်ကိုယ်ကောင်းလည်း ဆန်တက်သေးတယ်.."
"အဲဒါ ကောင်းတာပေါ့… ကိုယ့်အားကိုယ်ကိုးတာ ဘယ်လောက်ကောင်းလိုက်သလည်း.."
"အင်း…ကောင်းတာဆိုလို့ ပတ်၀န်းကျင်ကလူတွေ ချစ်ခင်လာတက်တယ် ဆိုတာလေး တစ်ခုပဲ ရှိတယ်..လူချစ်လူခင် ပေါတာပေါ့ "
"ဟုတ်လား..အဲလို ဖြစ်တာလား.."
"အင်း ပြောတာပဲ…"
"မင်းတော့..ဗေဒင်ဟောစားပါလား.."
"မှန်မှ မမှန်တာပဲကိုး.."
"အခုမင်းပြောတာ မှန်နေတယ်လေ..."
"ဒါက သဘောတရားလေး တစ်ခု နှစ်ခုလောက်ပဲ သိတာပါ လက္ခဏာ ဆိုတာ အများကြီးရှိတာ..စီးပွားရေးလေး ဟောပေးပါဆို…အချစ်တို့ သေပြီ…"
"ဟား..ဟား.."
ကလေးလေး တစ်ယောက်လို သူ့နဖူး သူရိုက်ပြီး ပြောလိုက်တော့ ဒီပါ သဘောကျစွာ အော်ရယ် လိုက်မိပြီး ကပျာကယာ ပြန်၍ ပါးစပ်ပိတ်လိုက်ရသည်..။
ဖေကြီးသာ ကြားသွားရင်တော့ ဆူခံ ရပ်ါလိမ့်ဦးမည်..။
"ဦးဒီက ရယ်တက်သားပဲ…"
"ဟင်.."
ဒီပါ့ကို မော့ကြည့်နေတဲ့ ကောင်မလေးကို ငုံ့ကြည့်မိတော့ အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်..။
လူပဲ ရယ်တက်တာပေါ့ကွာလို့ ပြောချင်ပေမဲ့ လက်ညည်းညှပ်ဖို့ပဲ မေးငေါ့ ပြလိုက်မိသည်…။
.
"သြော်…ဥက္ကဋ္ဌကြီးတို့ပါလား…ကြွပါခင်ဗျာ…ဘာကိစ္စ ရှိလို့လည်း..မသိဘူး.."
"ဟယ်…အချစ်ရေ…"
မေဖူးက မီးဖိုခန်းထဲ အော်ပြီး ၀င်ပြေးလာတော့ အချစ် ဟင်းရည်ပူပူကို မှုတ်သောက်နေရင်းက လှည့်ကြည့်လိုက်သည်..။
"ဟိုကောင်တို့ လိုက်လာပြီ.."
"ဘယ်ကောင်လည်း.."
"အချစ် နံရံဆောင့်လိုက်တဲ့ ကောင်လေ.."
"ဟင်.."
"ခေါင်းမှာလည်း ပတ်တီးကြီးနဲ့ ရပ်ကွက်ထဲက လူကြီးတွေလည်း ပါတယ် ထင်တယ်.."
"ဟင်…ဘယ်လို လုပ်မလည်း…အချစ် ကြောက်တယ်.."
"မသိဘူးလေ….မေဖူးလည်း ကြောက်တယ်.."
မေဖူးက ပြောပြောဆိုဆိုနဲ့ မီးဖိုခန်းထဲက ရေအိမ်ထဲ ၀င်ပြေးတော့ အချစ် ကြံရာမရ ဖြစ်ခါ အပေါ်ထပ်ကို နောက်လှေကားက တက်ပြေးလာခဲ့ ရသည်..။
"ဦးဒီက…ဦးဒီက…"
"ဟင်…ပန်းအချစ် ဘာလုပ်နေတာလည်း.."
အရေးထဲ ဦးဒီက က တံခါး လာဖွင့်ပေးပြီး အချစ်ကို မေးမြန်းစစ်ဆေးနေတော့ အချစ် ဘာမှ ပြန်မပြောနိင်သေး..။
"ဦး….ဦး…အချစ် ကို ကယ်ပါ…ဦးရယ်…"
"ဟင်..ဘာဖြစ်လို့လည်း.."
"အချစ်လေ…ရန်ဖြစ်လာတာ…"
"ဘာ..ဘယ်သူနဲ့လည်း…ဘာတွေဖြစ်ကုန်ပြီလည်း.."
"ဟိုနေ့က  စျေးသွားချိန် ကောင်လေး တစ်ကောင် က မေဖူးကို လိုက်နှောင့်ယှက်လို့ပါ …..အဲဒါ အချစ်က တားတော့ ဆောင့်တွန်းလို့ ဒေါသဖြစ်ပြီး နံရံ နဲ့ ခေါင်း တိုက်လိုက်မိတယ်.."
"ဟာ…ပန်းအချစ်ဦး ရယ်.."
"အခု သူတို့ လိုက်လာကြပြီ အောက်ထပ်မှာ ရောက်နေပြီ…အချစ်ကို ဖမ်းသွားမလား မသိဘူး…ကယ်ပါ…ကယ်ပါ…ဟီး…"
အချစ် ထိတ်ထိတ်ပျာပျာဖြင့် လက်ကို ဆုပ်ကိုင် ပြောတော့ ဦးဒီက က သက်ပြင်းချပြီး  ငုံ့ကြည့်သည်..။
ဦးဒီက ရဲ့ ဝှီးချဲဘေးမှာ ထိုင်ချရင်း လက်ကိုင်ကို မျက်နှာအပ်ခါ ငိုနေမိတဲ့ အချစ်ရဲ့ ခေါင်းကို ဖွဖွ ပုတ်ပြီး ရန်စနေနိုင်သေးသည်..။
"နော်…နော်လို့…ဦး.."
"အင်း…တော်သေးတာပေါ့..ဖေကြီး မရှိတဲ့ အချိန်လာလို့…တအား မကြောက်ပါနဲ့ တစ်ခုခု မဖြစ်လို့ ဒီကို လိုက်လာ နိုင်တာပေါ့…စိတ်အေးအေးထားပါ…"
"ဟုတ်…"
အချစ် ခေါင်းညိတ်ပြီး မျက်ရည် သုတ်လိုက်တော့ ဦးဒီက က ဝှီးချဲကို လှည့်ပြီး အောက်ထပ်ကို ဆင်းဖို့ လှေကားထဲ ၀င်သွားသည်.."
အချစ် လှေကားကြီး ဆီကို လျှောက်သွားပြီး သုံးလေးထစ်လောက်ဆင်းခါ အောက်တည့်တည့်က ဧည့်ခန်းကို ငုံ့ကြည့်နေမိသည်..။
"ဧည့်သည်တွေရောက်နေတာဆိုလို့ ဘယ်သူများလည်း မှတ်တာ..အန်ကယ် မင်းသူ တို့ကို…"
"ဟုတ်တယ်…ဒီပါရေ…ဦးသားကိုလည်း ကြည့်ပါဦးကွာ…"
"ကျွန်တော် စိတ်မကောင်းပါဘူး အန်ကယ် ဘယ်လို တောင်းပန်ရမှန်းတောင် မသိတော့ပါဘူး.."
"နဖူးက နှစ်ချက်တောင် ချုပ်လိုက်ရတယ်…လူငယ်သဘာ၀ ချစ်စကားပြောတာ ဒီလို တုန့်ပြန်ဖို့ မကောင်းဘူးလို့ ထင်ပါတယ်…ြ့ပီးတော့ ကာယကံရှင်က လုပ်တာ မဟုတ်ဘူးလေ…"
"ဟုတ်ကဲ့ တောင်းပန်ပါတယ် ဗျာ…ကလေးတွေ ဆိုတော့ စိတ် မထိန်းနိုင်လို့ ဖြစ်သွားတာပါ…ရမ်းကားရိုင်းစိုင်းတက်တဲ့ ကလေးတွေ မဟုတ်ပါဘူး.. ညီလေးကိုလည်း တောင်းပန်ပါတယ်…. ဖြစ်စကတည်းက သိရင် အခုလို နေမိမှာ မဟုတ်ဘူး.…ကလေးတွေကလည်း မပြော တော့ အခုမှ သိရလို့ တာ၀န်မကျေသလို ဖြစ်သွားတာပါ ခွင့်လွှတ်ပါ အန်ကယ်…"
"အင်း..ဦးလေး ၀င်းမောင် အိမ်ကဆိုတော့ သေချာလားလို့ ထပ်တောင်မေးရတယ်…ဦးလေးကော…"
"ကျွန်တော့် ညီ အိမ်ကို သွားပါတယ်.."
"အင်း..နေကောင်းတယ်မလား… ဒီကိစ္စထားပါတော့လေ…ဒါနဲ့ဒီမှာ  စာရွက် စာတမ်း…"
"ဟုတ်ကဲ့…အန်ကယ် တို့ ဘယ်လို ဖြစ်စေချင်ပါသလည်း.."
"ဥပဒေ ကြောင်း အတိုင်းပေါ့ မောင်ဒီပါ…"
"ဟင်.."
"ဟုတ်ကဲ့…အန်ကယ် တောင်းဆိုတဲ့ အတိုင်း ဖြစ်ရပါစေမယ်.."
အချစ် မျက်လုံးပြူး၍ လှေကားတွေကို ပြန်တက်ပြေးခါ အခန်းထဲရောက်တော့ ကြောက်ဒူးတုန်နေမိသည်..။
ဦးဒီက ပြောတော့ စိတ်အေးအေးထားဆို…အခုတော့ အချစ်က ထောင်ကျတော့မှာလား…။
ဘယ်ကို ပြေးရမလည်း..။
အချစ် ၀ရန်တာ ထွက်ပြေးပြီး ငုံ့ကြည့်လိုက်တော့ အမြင့်ကြီး ဖြစ်နေလို့ ပြန်၀င်ပြေးခါ နောက်တံခါးကို ဖွင့်လိုက်သည်..။
"ဟင်…ဖိုးကောင်းက အောက်မှာ ဒုက္ခပါပဲ.."
အချစ် ညီးညူရင်း ပုန်းစရာနေရာ ရှာနေတာ နောက်ဆုံးတော့ အခန်းထဲက ရေချိုးခန်းကိုပဲ သတိရခါ ၀င်ပြီး ဂျက်ချ ထားလိုက်သည်..။
"မတွေ့ဘူးလား..ဖိုးကောင်း.."
'အနောက်မှာ မရှိဘူး အကို.."
"ကျစ်…ဘယ်ထွက်ပြေးပါလိမ့်…"
"အောက်ထပ်ကို ဆင်းလာတာ မတွေ့မိဘူး သားရဲ့…"
"ဟင်း..နောက်လှေကားကို သူ သိတယ် ကြီးကြီး.."
"ဟုတ်သားပဲ…ကြောက်လန့်ပြီး ဘယ်မှာ ပုန်းနေပါလိမ့်.."
"ခြံထဲမှာ ထပ်ရှာလိုက်ပါ….အပြင်တော့ ထွက်သွားမှာ မဟုတ်ဘူး.."
"ဟုတ်ကဲ့…"
ဒီပါ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် ဘဝရောက်နေတော့ ဖိုးကောင်းကို တာဝန်ပေးပြီး အောက်ထပ် အခန်းတွေကို လိုက်ရှာကြည့်မိသည်..။
"ဘယ်မှာ ပုန်းနေတာလည်း.. အဆိုးမလေးရယ်…"
ဒီပါ အပေါ်ထပ်ရောက်တော့ အခန်းထဲ ဝေ့ပတ်ရှာရင်း ရေချိုးခန်း တံခါးဆီ အကြည့်ရောက်သွားသည်..။
တံခါးက ပုံမှန် ဆို ပိတ်ထားနေကျပေမဲ့ သေချာအောင် ဖွင့်ကြည့်တော့ ဂျက်ချထားသည်..။
"ဒုန်း..ဒုန်း…ပန်းအချစ်ဦး  အထဲမှာလား.."
"ဟင်…"
"ကောင်မလေး အထဲမှာ မလား… တံခါး ဖွင့်စမ်း.."
"ဟင့်အင်း…အချစ် မလိုက်ဘူး…မလိုက်ဘူး…"
"အိုး..ဘယ်မှ မခေါ်ပါဘူး..တံခါးဖွင့်ပါဦး.."
"ဟင့်အင်း…မဖွင့်ဘူး…အချစ့်ကို ရဲတွေ လက်ထဲ အပ်မလို့ဆိုတာ သိတယ်..မဖွင့်ဘူး.."
'ဟာ..ဒီကောင်မလေး…"
"ဘာတွေလျှောက်ပြောနေတာလည်း..ဧည့်သည်တွေ ပြန်သွားပြီ တစ်အိမ်လုံး မင်းကို စိတ်ပူပြီး လိုက်ရှာနေရတာ တံခါးဖွင့်စမ်းပါကွာ.."
"မယုံဘူး.."
"ကျစ်.."
ဒီပါ ပြောမရတာ သိတော့ အောက်ထပ်ကို ပြန်မဆင်းနိုင်တော့လို့ ဖုန်းခေါ်လိုက်ပြီး ကြီးကြီး နဲ့ ဖိုးကောင်းတို့ကို ခေါ်လိုက်ရသည်..။
"သမီးလေး…တံခါးဖွင့်ပါကွယ်.."
"ဟင့်အင်း..အချစ် နောက်ဆို မလုပ်တော့ပါဘူး..အချစ်ကို မဖမ်းပါနဲ့.."
"မဖမ်းပါဘူး…မဖမ်းပါဘူး..သမီးရယ်…ဘယ်သူမှ လည်း မရှိပါဘူး..ကြီးကြီး တို့ စိတ်ပူလို့ပါ ထွက်ခဲ့နော်.."
"အချစ်ကြားတယ်..ဥပဒေအတိုင်း ကျေနပ်မယ်တဲ့…"
"သြော်..ကလေးရယ်…သားက ကလေးကို အဖမ်းခံပါ့မလား..ထွက်ခဲ့နော်.."
"ဦးဒီက က ဦးလေးတို့ စိတ်တိုင်းကျမယ်လို့ ပြောတယ်လေ…ဟင့်"
"..ဖိုးကောင်း သော့ဖွင့်ပြီးသာ ခေါ်လိုက်.."
"ဟုတ်ကဲ့.."
ဖိုးကောင်းကို သော့ယူဖွင့်ခိုင်းပြီး ဒီပါ ဝှီးချဲနဲ့ပဲ အခန်း အပြင်ထွက်လာခဲ့လိုက်သည်..။
ဦးမင်း က သူဝယ်ထားတဲ့ မြေကွက် ပြန်ရောင်းဖို့ ရောက်လာတာပဲလေ...။
ကြားချင်ရာ ကြား ထင်ချင်ရာထင် ပြီး ပြောစကားလည်း နားမထောင်တက်တဲ့ အခြေအနေကြောင့် စိတ်ညစ်မိသည်။
စာဖတ်ခန်းထဲ ၀င်ပြီး လော့ချခါ သက်ပြင်းပါ ချလိုက်မိပြန်သည်..။
ကောင်မလေးရယ် မင်းကြောင့် ဒီက စိတ်ကော လူကော ပင်ပန်းလိုက်တာ….။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧
အဆက်မမိရင် ခွင့်လွှတ် ပါ ·❤

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now