Part 30

3.4K 130 1
                                    

မုန်းပါနဲ့ဦး
အပိုင်း (၃၀)
#မုန်းပါနဲ့ဦး

"ပန်းအချစ်ဦး.."
"ဟင်.."
"လာ..ဆင်း.."
အချစ် ကားတွေ လူတွေကို လိုက်ငေးနေချိန် လက်ကိုဆွဲကိုင်ပြီး ခေါ်လာတော့ ကြောင်စီစီ ဖြင့် ပါလာရသည်..။
"ဒါဘာလည်း..သြော်..သြ…..ဟိုမှာ တွေ့ရတာ..သိတယ်…ကရဝိတ်.."
"အင်း.."
"ဟာ…ဖြည်းဖြည်းလေ.."
အချစ် ကျောပိုးအိတ်ကို ဆွဲပြီး အပြေးလျှောက်သွားတော့ ရဲဇာနည်က အနောက်ကနေ ပြေးလိုက်ရတော့သည်..။
"လှလိုက်တာ.."
"…"
"ဟိုဘက်က ဘာတွေရောင်းလို့ လူအုံနေတာလည်း.."
"ကော်ဖီလေ…ရုပ်ရှင်မင်းသား တစ်ယောက် ကိုယ်တိုင်ရောင်းနေတာ.."
"စျေးကြီးမှာပဲ.."
"မကြီးပါဘူး..ပုံမှန်စျေးပဲ.."
"ဟုတ်လား…သွားကြရအောင်.."
"ပိုက်ဆံပါလို့လား.."
အချစ်ကို ပိုက်ဆံပါလားလို့ မေးလိုက်တော့ အောင့်သပ်သပ် ဖြင့် ခေါင်းရမ်းလိုက်ခါ ခပ်သွက်သွက်ပဲ ကျော်လာခဲ့လိုက်သည်..။
"လာပါ.."
အချစ်လက်ကိုဆွဲပြီး ပြေးတော့ အချစ်လည်း ပျော်သွားခါ ရုပ်ရှင်မင်းသား ဘယ်သူလည်းလို့ ခြေဖျားထောက် ကြည့်မိသည်..။
"ပုလိုက်တာ.."
"အ.."
"ဘယ်သူလည်း.."
"အဆိုတော်ပဲ …."
"သွားကြည့်ဦးမယ်…အဲ..ပိုက်ဆံပေးဦးနော်..."
"အင်း.."
အချစ် ကြိုက်တဲ့ အဆိုတော် တစ်ယောက်က ကော်ဖီဖျော်ရောင်းနေတော့ အတင်းတိုးခွေ့ပြီး ၀င်ပြေးမိသည်..။
"ဟဲ..ဟဲ…ကိုကြီးက ချောလိုက်တာ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်.."
"လက်ဆွဲ နှုတ်ဆက်လို့ရလားရှင့်.."
'ရတာပေါ့.."
"ဟိ..ဟိ…ကျေးဇူးတင်ပါတယ်…"
"ဘယ်လောက်လည်း..ခင်ဗျ.."
"လေးထောင်ပါညီလေး.."
အချစ် လက်ဆွဲ နှုတ်ဆက်နေရင်း မျက်လုံးပြူးခါ နောက်ကို လှည့်ကြည့်တော့ ရဲဇာနည်က ငါးထောင်တန် တစ်ရွက် ထုတ်ပေးလိုက်သည်..။
"ဆောရီး.."
"ရပါတယ်…"
"အချစ်မေးတော့…ပုံမှန်စျေးဆိုပြီး.."
"အင်းလေ.."
"ကော်ဖီ တစ်ခွက် နှစ်ရာပေါ့…လေးတောင်တန်တဲ့..အမလေး…ခါးတူးနေတာပဲ.."
အချစ် ပိုက်နဲ့စုပ်သောက်လိုက်ပြီး ခါးတူးနေပေမဲ့ မထွေးထုတ်ရက်လို့ မြိုချလိုက်ရတော့သည်..။
"ကျေးဇူးပဲ.."
"ရပါတယ်..အခုလို တူတူ သွားခွင့်ရတာပဲ ကျေးဇူးတင်နေပါပြီ…"
အချစ် မျက်ခုံးပင့်ပြီး တံတားပေါ်မှာ လျှောက်ရင်း ကန်ထဲကို ငုံ့ကြည့်လိုက်တော့ ငါးလေးတွေ တွေ့ရသည်.။
"အချစ်တို့ ကန်က ပိုကြီးတယ်.."
"ဟုတ်လား..ဘယ်ကန်လည်း.."
"အင်းလေ…"
"သြော်..လှမှာပဲနော်…"
"ဒီလိုတော့ ရေပေါ်တံတားတွေ ဘာတွေ လုပ်မထားဘူး.."
"ဘာမှ မလုပ်ထားလည်း လှမှာပါ…အဲဒီ့ မြို့သူတောင် တအားလှနေတာပဲလေ.."
"ဟင်…"
အချစ် ကော်ဖီ ခါးခါးအေးအေးတွေကို သောက်ရင်း ဘေးကို လှည့်ကြည့်လိုက်တော့ လူကို မှေးထောက်ပြီး အကျအန ကြည့်နေသည်လေ..။
"မကြည့်နဲ့.."
"အမ်း…..ဟုတ်ကဲ့.."
ခေါင်းညိတ်ပြီး ကျောခိုင်းခါ ထွက်သွားတော့ အချစ်မှာ နောက်က ပြေးလိုက်ရတော့သည်..။
"ဟယ်..ဟိုမှာ ဘာလုပ်နေတာလည်း.."
"ရုပ်ရှင်ရိုက်နေတာလား မသိဘူး."
"ဟုတ်လား..သွားကြည့်ကြည့်မယ်..လာ.."
"မကြည့်ပါနဲ့…ဘာလုပ်ဖို့လည်း.."
"သွားပြီ.."
အချစ် ကျောပိုးအိတ်ကို ပင့်တင့်ပြီး ပြေးသွားကြည့်တော့ မင်းသမီးက ခုံမှာ ထိုင်နေပြီး မင်းသားက မတ်တက်ရပ်ခါ စကားပြောနေသည်..။
"မင်္ဂလာပါ မမ.."
"ဟုတ်ကဲ့…"
"မမ…အရမ်းချစ်ဖို့ကောင်းတာပဲ.."
"ကျေးဇူးပါနော်…"
အချစ် မင်းသမီး အနားမှာ ငုတ်တုတ်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေလိုက်တာ မင်းသမီးကလည်း သဘောကောင်းလို့ ဘာမှ မပြောပါဘူးလေ…။
စာရွက်တွေကြည့်လိုက် စကားပြောလိုက် ပြင်လိုက် ဆင်လိုက် ပြန်ထိုင်နေလိုက်ကို အချစ်မှာ အကြည့်မလွဲ နိုင်အောင် ကြည့်နေမိသည်.။
"ပန်းအချစ်ဦး.."
"ဟင်.."
"ပြန်မယ်လာလေ.."
"ဟင့်အင်း…ဒီမှာ ရိုက်တော့မယ်တဲ့…"
"သြော်…အင်း.."
အချစ် သစ်ပင်အမြစ်ပေါ်မှာ မှေးထောက်ပြီး ထိုင်ကြည့်နေတာ ကိုယ်အားပေးရတဲ့ မင်းသမီးမို့လို့ပေါ့လေ…။
မဟုတ်လို့ကတော့ အခုလို အညောင်းခံပြီး ထိုင်နိုင်မယ် မထင်ပါဘူး…။
"ကဲ…လာ…လာ…ပန်းကန်တွေချ နေ၀င်ချိန် အမှီလေး.."
ဒါရိုက်တာ ဆိုသူကြီးကအော်တော့မှ မင်းသမီးကော မင်းသားကောက ပြင်ဆင်လိုက်တဲ့ စားပွဲဝိုင်းမှာ ထိုင်ကြရတော့သည်..။
"ကဒ်.."
"ဟိုကလေး.."
"ရှင်.."
"ဖြတ်လျှောက်ပေးမလား.."
"ဟုတ်…ဟုတ်ကဲ့.."
အချစ် အပြေးသွားလိုက်ပြီး ဒါရိုက်တာ လျှောက်ခိုင်းတဲ့ အတိုင်း လှလှလေး လျှောက်ပေးလိုက်တာ တစ်ခါတည်းနဲ့ အဆင်ပြေသွားလို့ မင်းသမီးက တော်တယ်လို့ တောင် ပြောသေးသည်..။
"မမ လက်မှတ်ထိုးပေးပါလား.."
"အင်း..ဘယ်မှာထိုးရမလည်း.."
အချစ် စာရွက်ပါမလာတော့ ကျောပိုးအိတ်ကို ဖြုတ်ပေးလိုက်ရသည်။ မင်းသမီးက ကြည့်ပြီး ဘောပင်ထုတ်ခါ
"ဒီအိတ်မှာတော့ မထိုးပါနဲ့..ညီမရယ်..သမျောစရာကြီး…ဒီမှာ မမ ပုံမှာ ထိုးပေးလိုက်မယ်.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..မမ.."
မင်းသမီးရဲ့ ပို့စတာကြီးမှာ လက်မှတ် ထိုးပေးပြီး လိတ်ပေးလိုက်တော့ အချစ် သေချာ ကိုင်ခါ ပြန်ထွက်လာချိန် မျက်လုံးပြူးသွားရသည်..။
ဘယ်လိုဖြစ်ပြီး မှောင်မဲသွားပါလိမ့်..။
"မိုးချုပ်သွားတာလား…"
"ဟုတ်ဘူး…မီးပျက်သွားလို့.."
ရဲဇာနည်က အရေးထဲ နောက်နေတော့ အချစ် ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းနေမိသည်..။
"ဟ..ဟ…အဲ့လမ်း မဟုတ်ဘူး.."
ရဲဇာနည်က လက်မောင်းကို လှမ်းဆွဲလိုက်တော့မှ အချစ် လည်ထွက်သွားပြီး သူ့ဘက်ကို ပြန်ရောက်လာခါ လမ်းမှန်ကို လျှောက်ရတော့သည်..။
"ဒုက္ခပါပဲ..ဦးတော့ ဆူတော့မှာပဲ…"
"ရပါတယ်…ကိုယ် ပြောပေးပါ့မယ်…အိမ်ကို မပြန်ရဲရင်လည်း တာ၀န်ယူပေးမယ်.."
"ဘာ.."
"ဟာ…အဲလိုကြီး မကြည့်နဲ့နေ်ာ…ကိုယ်ပြောသားပဲ ပန်းအချစ်က မပြန်သေးဘူးချည်းပြောနေတာကိုး…လာ..လာ တက်…"
တက္ကစီ တစ်စီး လာရပ်တော့ အချစ် တက်လိုက်ပြီး သူက ရှေ့ခန်းမှာ ၀င်ထိုင်လို့ တော်ပါသေး၏..။
"ဟင်.."
ခြံကျယ်ကြီး ရှေ့မှာ ကားထိုးရပ်လိုက်တော့ အချစ် မျက်လုံးပြူးသွားရသလို ရှေ့ခန်းက ရဲဇာနည်ကလည်း ခေါင်းထုတ်ကြည့်သည်..။
ခြံတံခါးကို အရင် ကား၀င်ရင်တောင် တစ်ခြမ်းပဲ ဖွင့်တက်တာပါ…အခုတော့ နှစ်ဖက် စလုံး ဖွင့်ထားပြီး လူကြီးတွေလည်း ရှိနေသည်..။
ရဲ၀တ်စုံနဲ့ သုံးယောက်လောက် ကိုတွေ့ရတော့ ဦးဒီက ကို စိတ်ပူပြီး အချစ်ပြေးဆင်းလာခဲ့မိသည်..။
"ဦး.."
"ဦးဒီက…ကော…"
"ဟယ်…သမီး…အမလေး…ဘယ်တွေသွားနေတာလည်း.."
"ဦး ကော ဟင်.."
"အိမ်ထဲမှာ အမလေး…တော်ပါသေးရဲ့…"
အချစ် ကို ကြီးကြီး က လက်ကို ကိုင်ပြီး ကတုန်ကယင် ပြောတာကို ဂရုမစိုက်အားပဲ  အိမ်ပေါ်ကို ပြေး၀င်သွားမိသည်.။
"ဦး.."
"ဟင်…ပန်းအချစ်ဦး.."
ဦးဒီက ထိုင်ခုံက ပြေးထလာပြီး အချစ် ပခုံးကိုကိုင်ခါ တစ်ကိုယ်လုံးကို လိုက်ကြည့်နေတော့ လက်ထဲက ပိုစတာကို ဆုပ်ကိုင်ပြီး ဦးဒီက တစ်ကိုယ်လုံးကို ပြန်ကြည့်နေမိသည်..။
"ဘာဖြစ်ကြတာလည်း ဟင်.."
"မင်း…မင်း..ဘာဖြစ်သွားသေးလည်း ဟင်…"
"ဟို..ဟို.."
"ကြောက်နေတာလား သမီး…..ထိုင်ပါဦး..ကိုဒီပါ စိတ်အေးအေးထားပါ…"
"ဟုတ်ကဲ့…"
အချစ်ကို ဆိုဖာ ခုံမှာ ထိုင်ခိုင်းသလို ဦးဒီက ကလည်း ခုံတွေမှာ ၀င်ထိုင်လိုက်သည်..။
"သမီးကို ဘယ်သူ ခေါ်သွားတာလည်း.."
"ဟင်..ဘယ်သူမှ မခေါ်ပါဘူး.."
ရဲ၀တ်စုံနဲ့ဦးလေးကြီး ကို ကြည့်ပြီး ပြောလိုက်တော့  တစ်ယောက် က ရေခွက်ယူလာ၍ တိုက်သေးသည်..။
"ဒါဆို တစ်နေ့ကုန် ဘယ်ရောက်နေတာလည်း သမီး.."
"ဟို..ကန်ကြီးထဲမှာလေ…ရုပ်ရှင်ရိုက်နေတာကို သွားကြည့်တာပါ.."
"ဘယ်သူနဲ့လည်း.."
"ဟို..အချစ်သူငယ်ချင်းတွေနဲ့ပါ.."
"သူတို့ ကော.."
"အိမ်ရှေ့က ကားထဲမှာပါ…"
"သွားခေါ်လိုက်ပါ ရဲဘော်.."
"ဟုတ်ကဲ့.."
ရဲ တစ်ယောက်က ခေါင်းညိတ်ပြီး ထွက်သွားတော့ အချစ် မျက်လုံးပြူးရင်း တစ်အိမ်လုံးက လူတွေကို လိုက်ကြည့်မိသည်..။
ဒီအိမ်မှာ ဘာဖြစ်လို့ပါလိမ့်..။
"ထိုင်ပါ ကောင်လေး.."
"ဟုတ်ကဲ့…"
ရဲဇာနည်ကလည်း ပြူးကြောင်ကြောင်နဲ့ ခုံမှာ ထိုင်လိုက်ပြီး ရဲတွေကိုပဲ ကြည့်နေသည်..။
"ဒီကောင်မလေးနဲ့ သူငယ်ချင်းတွေလား.."
"ဟုတ်…ဟုတ်ပါတယ်…သင်တန်းက သူငယ်ချင်းတွေပါ…"
"ဒီနေ့ ဘယ်တွေသွားပြီး ဘာတွေ လုပ်ခဲ့တယ် ပြောပြနိုင်မလား.."
" …ဟုတ်ကဲ့…ဒီနေ့ ကျွန်တော် သင်တန်းလာတော့ ..သူတို့ သင်တန်းက ပိတ်ပါတယ်…် ပန်းအချစ်ဦးက …သင်တန်းပိတ်မှန်းမသိလို့ ရောက်လာတာပါ…အဲဒါ သင်တန်းပိတ်တုန်း လျှောက်လည်ကြမယ်ဆိုပြီး ထွက်သွားတာပါ…ကန်တော်ကြီးထဲ သွားပြီး ပြန်လာကြတာပါ…"
"တစ်နေ့ကုန်လား.."
"ဟုတ်ပါတယ်…ကျွန်တော်တို့ ရောက်သွားတော့ တစ်နာရီ လောက်ရှိပါပြီ…"
"ဘယ်တွေ ၀င်သေးလည်း..ဘယ်ကားနဲ့ သွားတာလည်း.."
"ကားနံပါတ် (…) စီးသွားတာပါ…ရုပ်ရှင်ရိုက်တာကို ကြည့်နေရင်း မိုးချုပ်သွားတာပါ…မင်းသမီး ၀တီ အနားမှာ တစ်နေ့ကုန် သူ ထိုင်နေတာပါ…သူ့ကိုတောင် လက်မှတ်ထိုးပေးလိုက်ပါသေးတယ်.."
"ဟုတ်ပါပြီ…ကျေးဇူးတင်တယ် ညီလေး.."
"ဟုတ်ကဲ့…"
"ရဲဘော်…ဆက်သွယ်ကြည့်လိုက်ပါ.."
ရဲ တစ်ယောက်က ဖုန်းကို ကောက်ကိုင်ပြီး အိမ်ပြင်ထွက်သွားချိန် ဦးဒီက ကို ကြည့်လိုက်မိတော့ နှုတ်ခမ်းကိုက်ပြီး တစ်ခုခု စဉ်းစားနေသလိုလို..ငေးငိုင်နေသည်..။
"ဟုတ်ပါတယ်…နေ့ခင်း တစ်နာရီခွဲလောက်ကတည်းက ရောက်နေတာပါ..ညနေ ရှုတင်သိမ်းတော့မှ ပြန်တာပါ…ဟုတ်ကဲ့…တစ်နေ့ကုန် ရှိနေတာပါ…ဖြတ်လျှောက်ထဲမှာတောင် ထည့်ရိုက်ထားတယ်…အိတ်အဖြူလေး လွယ်ထားတယ်…ဆံပင်တိုတို အသားဖြူဖြူ ပါ.."
မင်းသမီး ၀တီရဲ့ အသံ ထွက်လာတော့ အချစ် တံတွေးတစ်ချက် မြိုချမိသည်..။
ဘယ်လိုလုပ်ပြီး မင်းသမီးကို ဖုန်းဆက်လို့ရနေတာပါလိမ့်…။
အချစ်ကို…မင်းသမီးကလည်း မှတ်မိသားပဲ..။
"ကဲ…ကိုဒီပါ…လည်း လက်ခံနိုင်မယ် ထင်ပါတယ်.သေချာအောင် ကားတွေကို စစ်ဆေးပေးပါမယ်.."
"မ..မလိုပါဘူး..ဆရာ…ကျွန်တော်..မှားသွားတာပါ…အလုပ်ရှုပ်အောင် လုပ်မိပြီ.."
"ညီလေးကိုလည်း ကျေးဇူးတင်ပါတယ်…လိုက်ပို့ပေးရမလား.."
"ဗျာ…ရပါတယ်…တက္ကစီရှိသေးတယ်.."
"…ဖုန်းခေါ်တာမရလို့ စိတ်ပူသွားရတာပါ…အခုလို မေးရတာ ညီ့ကိုလည်း အားနာတယ် ဆောရီးပါ…"
"ဟုတ်ကဲ့…ပြန်လိုက်ဦးမယ်…ပန်းအချစ်ဦး…ပြန်မယ်နော်.."
"အင်း.."
ရဲဇာနည်က အချစ်ကို နှုတ်ဆက်တော့ ခေါင်းညိတ်ပြရုံလိုက်ပြီး..ဦးဒီက ကို တစ်ချက်လှမ်းကြည့်မိသည်...။
"ကျွန်တော် တကယ် အားနာပါတယ်.."
"ရပါတယ်…ကျွန်တော်တို့မှာလည်း တာ၀န်ရှိပါတယ်.."
"ကျေးဇူးတင်ပါတယ်…ဆရာတို့ အားလုံးကို ကျေးဇူးတင်ပါတယ်..တောင်းပန်ပါတယ်ဗျာ.."
"ရပါတယ်ဗျာ…အတော် စိုးရိမ်သွားမှာပဲ..နားလည်ပါတယ်…အားမနာပါနဲ့…မောင်ဒီပါ.."
"ကျေးဇူးတင်ပါတယ်…အန်ကယ်…"
"တောင်းပန်ပါတယ် ခင်ဗျာ…"
"သွားမယ်…မောင်ဒီပါ..ကလေးတွေကိုလည်း ဖုန်းဆောင်ထားဖို့ မှာထားပေါ့…"
"ဟုတ်ကဲ့..ကျွန်တော် အထင်မှား သွားတာပါ..တောင်းပန်ပါတယ်..အန်ကယ်.."
"အေး..အေး.."
"တော်ပါသေးရဲ့ကွာ..တို့က စိတ်ပူနေတာ.."
"ဟုတ်ကဲ့ တောင်းပန်ပါတယ် ခင်ဗျာ.."
ဦးဒီက က လူတွေအားလုံးကို ခေါင်းငုံ့ အရိုအသေပေးပြီး တောင်းပန်ပါတယ်နဲ့ ကျေးဇူးတင်ပါတယ်ကို တွင်တွင်သုံးနေတော့ အချစ်လည်း ဘာတွေ ဖြစ်မှန်း မသိလို့ လိုက်ကြည့်နေမိသည်..။
"ဖိုးကောင်း…ခြံတံခါး ပိတ်လိုက်တော့…"
"ဟုတ်ကဲ့.."
"ခြံထဲ မီးတွေပါ ပိတ်လိုက်..အောက်ထပ်ကို မီးဆိုင်းပဲထွန်းထား..လူတွေ စပ်စုရင်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်လိမ့်မယ်.."
"ဟုတ်ကဲ့.."
"မေဖူး..ဘယ်မှာလည်း.."
"လာပါပြီ…"
"ငါ့ ပြောခဲ့တာတွေကို ခွင့်လွှတ်ပြီး မေ့ပေးပါ.…"
"ရှင်…"
"မဟုတ်တာ သားရယ်…"
" ဒီက တော့ …မှားပြီးရင်းမှားနေမိတာ … ဟင်း…ကြီးကြီးလည်း စိတ်ပူသွားရပြီ…နားလိုက်ပါတော့…"
"သားရယ်…ဘာမှ မဖြစ်တာ တော်လှပါပြီ.."
ကြီးကြီးကလည်း မျက်နှာမကောင်းစွာနဲ့ ပြောတော့ ဦးဒီက က အချစ်ကို တစ်ချက်လှမ်းကြည့်ပြီး  လှေကားထဲ ၀င်သွားသည်..။
"သမီး.."
"ဟင်.."
"လိုက်သွားလိုက်လေကွယ်…သားခမျာ…အရမ်းစိတ်ပူနေရှာတာ..သမီး တစ်ခုခု ဖြစ်ပြီထင်ပြီး တော်တော်လေး စိုးရိမ်လို့ မစဉ်းစားနိုင်အောင် ဖြစ်သွားတာလေ…သေချာ ရှင်းပြလိုက်ပြီး တောင်းပန်လိုက်နော်.."
"ရှင်.."
အချစ်လည်း ဘာမှ မလုပ်ပဲ ဘာတွေကို ရှင်းပြပြီး တောင်းပန်ရမှာလည်း မသိလို့ မျက်လုံး ပြူး စဉ်းစားခါ အပေါ်ကို တက်လာခဲ့ရသည်..။
"…"
ဦးဒီက  ၀ရန်တာမှာ ထိုင်နေတာ တွေ့ပေမဲ့ အနောက်မှာ ရပ်ပြီး တံတွေးမြိုချနေရသည်..။
"ဥ..ဦးဒီက.."
"……"
"ဦးဒီက…အချစ်.."
"မနက်မှပြောမယ်…ငါ ပင်ပန်းနေလို့.."
"ဟုတ်ကဲ့.."
အချစ် လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ကျောပိုးအိတ်ကို ကိုင်ခါ အခန်းထဲကို ရောက်လာရသည်..။
အ၀တ်အစားတွေ လဲပြီး စိတ်တွေ ရှုပ်လွန်းလို့ ရေပါ တစ်ခါတည်း ချိုးပစ်ဖို့ စိတ်ကူးလိုက်မိသည်..။
တစ်အိမ်လုံး ဘာတွေ ဖြစ်တာပါလိမ့်…မေးတာ တစ်မျိုး ဖြေတာ တစ်ခြားနဲ့ ကြီးကြီးကလည်း ဘာတွေ ပြောနေမှန်း သေချာ မသိတော့ အချစ််သက်ပြင်းချမိသည်..။
ဦးဒီက ရဲဖမ်းခံရရင် အချစ် တစ်ယောက်တည်း ကျန်ခဲ့ရင် ဘယ်လို လုပ်ရပါ့မလည်း..။
.
"ဟင်.."
ဒီပါ ၀ရန်တာ မှာ ထိုင်နေချိန် ခြံရှေ့မှာ ကားတစ်စီး လာထိုးလိုက်တော့ ခေါင်းထောင်သွားရသည်..။
ခဏ ကြာတော့ ဖိုးကောင်းက တံခါးနား ရောက်သွားပြီး အိမ်ဘက်ကို ပြန်လျှောက်လာတော့သည်..။
"အကို..ဦးအောင်သူ.."
"ဖွင့်ပေးလိုက်ပါ…ငါ ဆင်းလာခဲ့မယ်.."
"ဟုတ်ကဲ့.."
အားလုံး အချိန်မှီ ပြီးသွားတာကို စိတ်ထဲ က သက်ပြင်းမောချရင်း မျက်လုံးစုံမှိတ်ထားလိုက်မိသည်..။
နည်းနည်းလေးသာ နောက်ကျသွားရင်…ဒါမှ မဟုတ် ဦးအောင်သူသာ စောရောက်လာခဲ့ရင်တော့…အရာအားလုံး ပြောင်းလဲသွားနိ်ုင်သည်လေ..။
ဒီပါ ဝှီးချဲပေါ် ထိုင်လိုက်ပြီး ဆံပင်တွေကို ထိုးဖွလိုက်ခါ ဝှီးချဲ ခလုတ်တွေကို  နှိပ်ပြီး လှေကားထဲ ၀င်လိုက်သည်..။
".အန်ကယ်…"
"အေးကွာ…ဘာဖြစ်ကြတာလည်း.."
ဖိုးကောင်းဘက်ကို လှည့်ကြည့်လိုက်တော့ ဘာမှ မပြောထားသလို ရှိတာမို့ ဒီပါ ပြုံးပြလိုက်ခါ..
"ဟုတ်တယ်..အန်ကယ်…အိမ်က ကောင်မလေး တစ်ယောက် ပြန်မလာလို့ပါ.."
"ဟေ…အခုကော…"
"ရောက်ပြီ....ရုပ်ရှင်ရိုက်တာ ကြည့်နေတယ်လေ…ကျွန်တော်ကလည်း..အခု တလော မူခင်းသတင်းတွေ ဖတ်တာများလို့ ဖြစ်မယ်…လူကုန်ကူးတာတို့ ပြန်ပြေးဆွဲတာတို့ စိတ်ထင်နေတာနဲ့ အကျယ်တွေ ဖြစ်ကုန်တာပါ…အဟွင်း..အလုပ်ကိစ္စကြောင့် ပင်ပန်းတာလည်း ပါတာပေါ့..ကျွန်တော့် ခေါင်းက သိပ်အလုပ်မလုပ်တော့ဘူး.."
"ဖြစ်ရမယ်ကွာ..အန်ကယ်က မသိပါဘူး..သူငယ်ချင်း တစ်ယောက်က ဒီလမ်းထဲမှာ နေတော့…ဟာ..မင်းတူ ဒီပါတို့ အိမ်ဘာဖြစ်တယ်မသိဘူး..ရဲတွေပါ ရောက်တယ်ဆိုတော့…ဟေ..ဟုတ်လားဆိုပြီး ပြေးချလာခဲ့တာပဲကွာ…သမီးက ထမင်းစားဖို့ ပြင်ထားပြီး လှမ်းအော်နေတာတောင်..မဖြစ်ဘူး..ဒီပါတို့ အရေးကြီးတယ်ဆိုပြီး ပြေးလာရတာ…"
"ကျေးဇူးတင်ပါတယ် အန်ကယ်..ကျွန်တော်မှာ အရင်းအချာတွေက အဝေးရောက်နေပေမဲ့ အန်ကယ်တို့ရှိတာ သားချင်းတွေလိုပါပဲ.."
"အင်း.."
ဒီပါ စကားပြောနေရင်း ဓာတ်လှေကားက အသံထွက်လာတော့ ရင်ထဲ ဒိတ်ခနဲ့ ဖြစ်သွားသလို ဦးအောင်သူကလည်း လှေကားကို တစ်ချက်ကြည့်သည်..။
"ဒါနဲ့..ဒီကောင်မလေးလား.."
"သြော်…အဟွင်း..မဟုတ်ဘူး..ဆူထားလို့..ငိုနေမှာပေါ့.."
"အေးကွာ..နည်းနည်းသတိထား..အခုက သူတို့ ဖွလိုက်ရင် သွားရောလေ…"
'အဟွင်း..ဟုတ်ကဲ့..အန်ကယ် ထမင်းစားသွားနော်.."
"ဟာ..မစားဘူး…သားရေ…အန်ကယ်စားသွားရင် သမီးစိတ်ဆိုးလိမ့်မယ်…အိမ်လည်းလာလည်လေကွာ.."
"ဒီပုံစံကြီးကျတော့.."
"ဘာဖြစ်လည်း..အိမ်မှာ သမီးနဲ့ အန်ကယ်ပဲ ရှိတာပဲ…သားတို့လည်း ရင်းနှီးပြီးသားပဲလေ…"
"ဟုတ်ကဲ့…ကလျာက ငယ်ငယ်ကတည်းက စာတော်တဲ့သူပါ..အခု ချက်ဖ်ဖြစ်နေပြီနော်.."
"ဟုတ်တယ်..သူ ဝါသနာ ပါတာ လုပ်နေတာ အန်ကယ်လည်း လွတ်ထားလိုက်တယ.်..ဟား.ဟား…ကဲ သွားတော့မယ်..သားရေ…အရေးအကြောင်းဆို ဖုန်းဆက်လေကွာ…နော်.."
"ဟုတ်ကဲ့…ဖိုးကောင်း အန်ကယ်ကို လိုက်ပို့လိုက်ပါ…"
"ဟုတ်ကဲ့…"
ခြံရှေ့မှာ ကားမီးရောင်လင်းသွားပြီး ခြံတံခါး ပြန်ပိတ်နေချိန် လှေကားထဲက မိရွှေခဲမှာ လူစီဖာ့ကို ပိုက်ပြီးထွက်လာသည်..။
"အချစ် ဆင်းလာတော့ အော်ကျန်နေခဲ့လို့ ပြန်ခေါ်လာတာလေ…လူဆိုးလေး..အဟဲ..ဟဲ.."
ကြောင်ကို မြှောက်ပြီး ပွတ်သပ်ပေးရင်း မျက်နှာချိုသွေးနေပေမဲ့ ပထမ အကြိမ် ထွက်မလာခဲ့တာ  ကြောင့် ဒီပါ့ ရင်ထဲက အလုံးကြီး အခုမှ ကျသွားခါ ဝှီးချဲပေါ် ကျောပစ်ချမှီလိုက်ရသည်..။
ကိုယ့်ကိုတောင် ဘာမျက်နှာမှ မထောက်ပဲ ကားနဲ့ တိုက်သတ်ဖို့ ကြိုးစားတဲ့ သူက …ကိုယ့် အတွက် အရေးပါတဲ့ မိန်းကလေး တစ်ယောက်ကို သိသွားရင်…
ဒီပါ ဆက်မတွေးရဲလို့ မျက်လုံး စုံမှိတ်ပစ်လိုက်သည်..။
"ပန်းအချစ်ဦး.."
"ရှင်.."
"လာတွန်း.."
"ဟင်…"
"….."
"အဲ…ဟုတ်ကဲ့…"
ဒီပါ မျက်လုံးမှိတ် ခေါင်းမှီထားတော့ ဝှီးချဲကို တွန်းပေးရင်း လူစီဖာ့ကို ဆိုဖာပေါ် သေချာ တင်ပေးသေးသည်..။
စိတ်ဆိုးနေရင် လူစီဖာ့ကို အသုံးချပြီလေ…ဒီတိုင်းဆို သူ ကြည့်မရလို့ ဘယ်နေ့များ လုပ်ကြံထားမလည်း စိတ်ပူနေရတာပါ..။
"ဦး.."
"၀ရန်တာပဲ ပို့.."
"ဟုတ်…"
"……"
"အေးအေးလေး…ကောင်းတယ်နော်.."
ဒီပါ့ အနောက်က ကောင်မလေးရဲ့ စကားသံက ကိုယ်ကို လှောင်နေသလိုလို ရှိသည်..။
နေ့လည် ကတည်းက ပူလောင်နေတဲ့ ကိုယ့်စိတ်ကိုတော့ ညလေညှင်းက အေးအောင် ချက်ချင်းဘယ်လုပ်ပေးနိုင်ပါ့မလည်း..။
"ဟမ်..သင်တန်း မရှိဘူးလား.."
"ဟုတ်တယ်..အကို..ကျွန်တော် သွားခေါ်တော့ သူ့ကို မတွေ့ဘူး.."
"သင်တန်းထဲ ၀င်သွားတာ သေချာလား.."
"ဟုတ်ကဲ့.."
"ဖုန်းကော.."
"စက်ပိတ်ထားတယ်တဲ့.."
"ဟာ…"
အန်ကယ်စိုးဆီကို ပို့ပေးရမဲ့ ဖိုင်တွေကို မပို့တော့ပဲ ကားကို အိမ်ဘက် ပြန်ပို့ခိုင်းလိုက်ရသည်..။
မနက်ကလည်း စကားပြောတာ မှားလို့ ပြဿနာမလေးပါဆိုပြီး ငိုသွားရသေးသည်လေ…။
အခုတော့ ဒီပါ့ကြောင့်များ စိတ်ဆိုးပြီး အိမ်က ထွက်သွားတာလား ဆိုတဲ့ အသိက လူကို ရင်ပူစေသည်..။
"မေဖူး..မေဖူး..မေဖူး….."
"ရှင်.."
"နင့်ကို ပန်းအချစ်ဦး ဘာပြောသွားလည်း.."
"မပြောပါဘူး..ကိုကြီိး.."
"နင်တို့ နှစ်ယောက် အမြဲတမ်း ပူးတွဲပြီး စျေးတွေကို ပတ်နေတာ ငါသိတယ်.."
"ရှင်…အဲ..ဟို…"
"အခု ပန်းအချစ်ဦး ဘယ်မှာလည်း.."
"မသိပါဘူး.."
"…နင် လိမ်ရင် ငါ ဘာမျက်နှာမှ မထောက်ဘူးနော်.."
"ဘုရားပေးပေး…ကျမ်းပေးပေး..တကယ်မသိတာပါ ကိုကြီးရယ်…ဟီး…"
"အခု ပန်းအချစ်ဦးမှာ အန္တရယ် ရှိနေတယ်…သူ့ အတွက် မလုံခြုံဘူး..နင့်ကို ဘယ်သွားချင်တယ် ပြောလည်း ဟင်.."
"မပြောဖူးပါဘူး..ခရီးက ပြန်လာကတည်းက သွားချင်တယ် မပြောတော့ပါဘူး.."
"အကို..ဖုန်း၀င်လာတယ်…သင်တန်းက ထွက်သွားတာ လူတစ်ယောက်နဲ့တဲ့.."
"ဟင်.."
ဖိုးကောင်းဆီက ဖုန်းကို ယူပြီးကြည့်လိုက်တော့ ဂျာကင်နဲ့ လူတစ်ယောက်က သူမ ကို လက်ဆွဲ ပြီး ခေါ်သွားတာကို ရုန်းရင်းပါသွားသည့် ပုံစံပါပဲ…။
ဒီပါ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဘ၀ မှာ ပထမဆုံး အကြိမ် မတည်မငြိမ်ဖြစ် နေမိသည်..။
အချစ်က စဉ်းစားဆင်ခြင် နိုင်စွမ်း မဲ့စေတယ်ဆိုတာ တကယ် ဖြစ်နိုင်ပါသည်..။
အ၀င် ကင်မရာကို မရှာခိုင်းပဲ ဂျာကင်နဲ့ လူကို မြို့ပတ်ရှာဖို့ ကြိုးစားခဲ့မိသည်လေ..။
ညနေက တစ်ဆင့် နေ၀င်တဲ့ အထိ ဘာသတင်းမရတော့ ရဲ အင်အား ထပ်ဖြည့်ပေးဖို့ပါ တောင်းဆိုခဲ့ရသည်..။
ပန်းအချစ်ဦး သာ ပြန်ရောက်မလာရင် ဘယ်လို ရူးမိုက်တဲ့ အလုပ်တွေ လုပ်မိမလည်း မသိနိုင်အောင် စိတ်လှုပ်ရှားနေရပါသည်.။
ဒီပါ့ စိတ်ထဲ ထင်မိတာက ဦးအောင်သူက ဓားစာခံ အဖြစ် ပန်းအချစ်ဦးကို ဖမ်းသွားတယ် ဆိုတာမျိုးပင်..။
လောဘက လူကို အမှောင်ဖုံးစေတယ်ဆိုရင် အချစ်က လူကို အကန်းဖြစ်စေတာများလား…။
"ဟင်း…"
"ဦးကို ဘာဖြစ်လို့ ရဲတွေလာစစ်တာလည်းဟင်…ဦးကို လုပ်ကြံတဲ့သူကို မိပြီလားဟင်.."
"ဘာ.."
ဒီပါ ခပ်စပ်စပ် ပြောလိုိက်တော့ အနားကို ရောက်လာပြီး မျက်နှာကို ငုံ့ကြည့်ပြန်သည်..။
"ရဲတွေ ဘာဖြစ်လို့လာတာလည်းဟင်..ဦး တစ်ခုခု ဖြစ်ပြီလားလို့ အချစ်က စိတ်ပူနေတာပါ.."
"ကျစ်…မင်းသွားအိပ်တော့ ပန်းအချစ်ဦး.."
"ဟုတ်.."
ဒီပါ့ စကားကို ခပ်လေးလေး ခေါင်းညိတ်ပြီး အိမ်ထဲ ပြန်၀င်သွားတော့ စိတ်လည်းတိုသလို ဘာပြောလို့ ပြောရမှန်း မသိအောင် ဖြစ်ရသည်..
ကောင်းလိုက်တာ….သူပဲ ကောင်းတယ်…။
"ပန်းအချစ်ဦး…ပြန်လာစမ်း…"
"…အယ်….."
"……."
"ဦးကို ကြည့်ရတာ ပင်ပန်းနေသလိုပဲ.."
ဒီပါ့ လက်မောင်း ကို နှိပ်ပေးရင်း  သူ့ဟာသူ ပြောနေတဲ့ စကားတွေကို စိတ်မရှည်တော့လို့ လက်ကို ဆွဲချလိုက်တာ ရင်ခွင်ထဲ ရောက်လာတော့သည်..။
"ထိုင်နေ.."
၀ှီးချဲ ပေါ်က ဒီပါ့ ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီး ရင်ခွင်ထဲမှာ ပြည့်သိပ် မွန်းကြပ်သွားအောင် ဖက်ထားလိုက်မိသည်..။
"အ..ဦး..လျော့ပါဦး.."
"ဟင်း..ငါ..မင်းကြောင့် ရူးတော့မှာပဲ..ပန်းအချစ်ဦးရယ်.."
"ဟင်…အချစ်ဘာလုပ်လို့လည်း.."
"ဘာလုပ်လို့လည်း..ဟုတ်လား.."
"……”
"အဲ…အဲ…အဲဒါ… ရဲတွေလား..နေပါဦး…အချစ်ပျောက်လို့ ရဲတွေ ဝိုင်းရှာနေကြတာလားဟင်..ဦး..
အိုး..ဟုတ်သားပဲ…အချစ်မသိလို့..အချစ်မသိလို့ပါ…ဦးရယ်..မေ့သွားတာ…အချစ်က ဦးကို ပဲ တွေးမိတော့..ကိုယ့်လုပ်တာတောင် ကိုယ်မေ့သွားတယ်…ဒါဆို ဦး အရမ်းစိတ်ပူပြီး ရဲတွေပါ ခေါ်ရှာနေတာပေါ့နော်…"
"ဟင်း…"
"အချစ်ကြောင့် စိတ်ညစ်နေပြီလား ဟင်…အချစ်ကို စိတ်ပူနေကြတာလား…အဲဒါကြောင့် ရဲတွေကို ခေါ်လိုက်တာလား..အချစ်က ဖုန်းကျန်ခဲ့လို့ပါ…ပြီးတော့ အိမ်ရဲ့ လမ်းကိုလည်း မသိဘူး..ဇာနည်က လိုက်ပို့မယ်ဆိုလို့ပါ…ပြီးတော့..သူက ပြန်မပို့ခင် လျှောက်လည်ကြမယ်လို့ ခေါ်တယ်..အဲဒါ အချစ်လည်း မရောက်ဖူးလို့ လိုက်သွားမိတာပါ…ကန်ကြီးဘက်ကို သွားတော့..ငါးတွေ ခဏကြည့်တယ်. …ပြီးတာ့ ကန်တော်ကြီးထဲ သွားပြီး မင်းသမီးကိုတွေ့တော့ ထိုင်ကြည့်နေမိတာ… ဘယ်မှ မသွားပါဘူး…အချစ်တောင် ရုပ်ရှင်ထဲ ပါလိုက်သေးတယ်..စောစောက မင်းသမီး ဖုန်းဆက် တာ အမှန်တွေပါ..မင်းသမီးရဲ့ ပို့စတာလေးလည်း လက်ဆောင်ရတယ်..သိလား..ဦးဒီက ကြည့်ချင်လားဟင်...."
စကားပေါင်းများစွာ ပြောနေတဲ့ ကောင်မလေးရဲ့ ခေါင်းကို ဖိပြီး ရင်ဘတ်နဲ့ နီးကပ်အောင် ကြိုးစားမိသည်..။
ဘယ်လောက်တောင် နှလုံးခုန်နှုန်းတွေ မငြိမ်မသက် ဖြစ်ခဲ့ရလည်း ဆိုတာ သူမလေး ခံစားမိစေချင်ပါသည်..။
"ဦး…တစ်ခုခု ပြောလေ.."
"ဘာပြောရမှာလည်း.."
"မသိဘူးလေ…ဦး…စိတ်ဆိုးနေတယ်မလား.."
"ဟုတ်တယ်.."
"အဲလိုကြီးတော့ မနေပါနဲ့..တစ်ခုခုပြောပါနော်...."
"………”
"ဦး…တစ်ခုခုပြောပါနော်…အချစ်ကြောက်လို့ပါ…ဦး ဟိုတစ်ခါလို စိတ်ဆိုးမှာ အရမ်းကြောက်တယ်…ဟင့်”
"မင်း..ငါ့ကို သနားလား.."
"ဟင်…"
"ဒီက ကို သနားရင် အခုလို မလုပ်ပါနဲ့ ပန်းအချစ်ဦးရယ်…"
"အချစ် ဘာမှ မလုပ်ပါဘူး..ဦးရယ်…အခုက မထင်ထားပဲ ဖြစ်သွားတာပါ…အမြဲတမ်း ဘယ်မှ မသွားရတော့…သူငယ်ချင်းနဲ့ လျှောက်လည်မိတာကိုတော့…ခွင့်လွှတ်ပါနော်…နောက်ဆို ဦးကို ပြောပြီး သွားပါမယ်နော်...."
"ဒါဆို နောက်လည်း ခွင့်ပြုသင့်တယ်လို့ မင်းထင်နေတာလား..မင်းကို စိတ်ပူရတာ ဘယ်လောက် ပင်ပန်းလည်း သိလား.."
"အင်း…သိပါတယ်..နောက်တစ်ခါ ဆို ဖုန်းယူသွားမယ်လေ..တအားကြီး စိတ်မပူပါနဲ့…အခုပဲ ကြည့်လေ…ဘာမှ မဖြစ်ဘူး.. အချစ်က ဆယ်ရှစ်နှစ်ပါ…"
"မင်းက လူတွေ အကြောင်း ဘာသိလို့လည်း..ဟမ်…ဒီလောကကြီးက ကလေးသာသာ မင်း အတွက် မလုံခြုံသေးဘူး..ပန်းအချစ်ဦးရဲ့…."
"ကလေးမဟုတ်ပါဘူး..အချစ်လူတွေ အကြောင်းကောင်းကောင်းသိတယ်…ဦး..နိင်ငံခြားမှာ ကျောင်းတက်နေတုန်းက အချစ်က သူများ ခြေကြား လက်ကြားမှာ ကြီးခဲ့ရတာပါ….ပြီးတော့…အဒေါ်ဆီမှာတုန်းကဆိုရင် အချစ်တစ်ယောက်တည်း ညနက်လည်း သွားလာနေတာပဲ…ဘာမှ မဖြစ်ပါဘူး..တစ်ခုခု ဖြစ်လာရင်တောင် အချစ် ကာကွယ်နိုင်ပါတယ်…အချစ်က ညဏ်ကောင်းတယ်လေ…"
"မင်းနားလည်အောင် ငါ ဘယ်လိုပြောရမလည်း…စကား ရှုပ်နေတာတွေ….တော်ပြီ…တစ်ခါတည်း မှာလိုက်မယ်..နောက် ငါ မပါပဲ ဘယ်မှ မသွားရဘူး ဒါပဲ…"
"ဟင်…မရဘူ…ဦးလည်း လိုက်ပို့နိုင်တာ မဟုတ်ဘူး..အချစ် သူငယ်ချင်းတွေနဲ့တော့ သွားမှာပဲ..အချစ်ကို အဲလို မချုပ်နှောင်ပါနဲ့ အချစ် မကြိုက်ဘူးသိလား…လုံး၀ မကြိုက်ဘူး..အချစ်တစ်ဘ၀လုံး သူများထားရာနေ စေရာသွား ဘဝြကီးနဲ့ နေလာရတာ ကို မုန်းတယ်…အဲလို မလုပ်ပါနဲ့…အချစ်သိတာ ဦးက…ဘယ်သူနဲ့မှ မတူဘူး…အဟင့်…အဲလို မလုပ်နဲ့သိလား..အဲဒါဆိုရင်…အချစ်မုန်းမိလိမ့်မယ်..ဦးလည်း သူတို့နဲ့ တူတူပဲ ဖြစ်သွားလိမ့်မယ်…အင့်.."
ဒီပါ ရင်ဘတ်မှာ ခေါင်းဆိုက်ပြီး ရှိုက်ငိုနေတော့ စိတ်မကောင်းဖြစ်ပေမဲ့ လွတ်ထားလို့ မရတာလည်း သိလိုက်ပါပြီ..။
ခေါင်းကို ဖွဖွ ပုတ်ပေးရင်း ဒီပါ ပြောရမဲ့ စကားလုံးတွေ စီစဉ်နေရတာမသက်သာ…။
"အင့်.."
"မငိုပါနဲ့…ပန်းအချစ်ဦးရယ်..မင်း အခုနောက်ပိုင်း..ဘာဖြစ်လို့ ငါစိတ်ဆင်းရဲအောင် လုပ်နေတာလည်းဟင်…ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ဒီလက်နက်ကိုပဲ ထုတ်သုံးနေတာလည်း...အရင်ကလို ဂျစ်ကန်ကန် မာကျောကျော နေပါတော့လားကွာ…"
'အချစ်ဘာလုပ်နေလို့လည်း.."
"ဒီမျက်ရည်တွေကြောင့် ဒီက ဘယ်လောက် နာကျင် ရလည်း သိလား.."
"အချစ်ငိုတာ ဦးက ဘာဖြစ်လည်း.."
"ဘာဖြစ်ရမှာလည်း..ငါက လူလေကွာ…ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျတာကို ၀မ်းသာရမှာလား..အရမ်းချစ်ရတဲ့မိန်းကလေးက ငိုနေရင် ဒီက ဘယ်လို ခံစားရလည်း မင်းမသိဘူးလား..ဘာတွေ လုပ်ပေးရမှန်း မသိအောင် စိတ်မကောင်းဖြစ်ရတယ်..မင်းကို အမြဲ ပျော်နေစေချင်တာ ဒီက ဆန္ဒပါ…ဒါပေမဲ့ မလုံခြုံတဲ့ အန္တရယ်ကြားမှာ ဆော့ချင်တဲ့ ကလေး တစ်ယောက်ကိုတော့ ရိုက်သင့်ရင် ရိုက်ပြီး တားရမှာပဲ.."
"ရိုက်ပေါ့..ရိုက်လိုက်လေ…အချစ်က…ဦးဒီက ရှေ့ကို  တန်ဖိုးမရှိပဲ ရောက်လာတာပဲ…ရိုက်ပေါ့..ခံနိ်ုင်တယ်.."
ဒီပါ ပြောနေတာက တစ်မျိုး..သူလေး သဘောပေါက်တာက တစ်ခြားဆိုတော့ ပြောရမဲ့ စကားတွေတောင် နှုတ်ဖျား၀က ပျောက်ဆုံးကုန်သည်..။
လက်ကို ဆွဲယူပြီး အတင်း ရိုက်ခိုင်းနေတော့ ပါးကို ဖွဖွ ဆွဲလိုက်ရင်း..
"အားနွဲ့တဲ့ မိန်းကလေး တစ်ယောက်ကို ဒေါသကြောင့် ဖြစ်ဖြစ် မာနကြောင့် ဖြစ်ဖြစ်  လွယ်လွယ် လက်ပါတက်တာ ယောင်္ကျားကောင်းတွေရဲ့ အလုပ် မဟုတ်ဘူး..မင်း ကို လုံခြံအောင် စောင့်ရှောက်ဖို့ဆို နှုတ်ခမ်းကို သုံးရုံနဲ့ လုံလောက်ပါတယ်.."
"ဟင်…"
သူမ မေးဖျားလေးကို လက်ညိုးကွေး၍ ပင့်ယူ လိုက်တော့ ဒီပါ့ကို မျက်လုံးပြူးပြီး မော့ကြည့်လာသည်။
မျက်နှာလေးနဲ့ နီးကပ်လာချိန်မှာတော့ မထင်ထားပဲ လည်ပင်းကို ကျစ်အောင် ဖက်ခါ မျက်နှာမှောက် ဖွက်လိုက်တော့သည်။
"ဟွင့် ”
"ဟင့်အင်း…ဟင့်အင်း…နောက်မသွားတော့ဘူး…ဦးဒီက စကားလည်း နားထောင်ပါ့မယ်…အချစ်ကို ဒီ တစ်ခါ ခွင့်လွှတ်ပါ…ဘာမှ မလုပ်ပါနဲ့…မလုပ်ပါနဲ့…”
ခေါင်းတွင်တွင် ရမ်းပြီး ငိုသံပါလေးနဲ့ ပြောနေတော့ ကြောက်သွားမှာ စိုးရိမ်မိခါ
ကိုယ်ပေါ်ကပ်နေတာကို ပြန်ဆွဲခွာရသည်။
မခြောက်သေးတဲ့ မျက်ရည်တွေ ကို တို့ဖယ်သုတ်ရင်းပြုံးပြပြီး…လက်ကလေးတွေကို ဆွဲယူခါ ရင်ဘတ်မှာ ကပ်လိုက်မိသည်..။
"ဒီတစ်ခါတော့ ထားလိုက်ပါတော့လေ… နောက်တစ်ခါဆို…”
"တကယ် ကတိပေးပါတယ်…”
"အင်း… သွားအိပ်တော့နော်… သြော်…ထမင်းစားဦး.."
"ဦးကော.."
"မစားချင်တော့ဘူး.."
"အချစ်ကြောင့်လားဟင်.."
"မဟုတ်ပါဘူး….သွား…ကြီးကြီး တို့ နားပါစေ…"
"ဟုတ်.."
ဒီပါ ရင်ခွင်ထဲက ထွက်သွားတော့ ယောင်ရမ်းပြီး လှမ်းဆွဲချင်တဲ့ စိတ်တွေကို သတိသွင်းထားလိုက်ရသည်..။
ဒီကောင်မလေးကို ဘာလို့များ အမြဲတမ်း လျော့ပေးနေမိတာလည်း ..။
အန္တရယ်တွေ ကြားမှာ တစ်နေ့တခြား..ဆိုးလာရင်တော့ ဒီပါတော့ ဒုက္ခများလာလိမ့်မည်..။
"ဟင်.."
အိပ်ချင်လာလို့ အခန်းထဲရောက်လာတော့ ဘယ်သူမှ မရှိလို့ မျက်လုံးပြူး၍ အောက်ထပ်ကို အပြေးအလွှားဆင်းလာရသည်..။
"ရွှေခဲ.."
"ရှုး..အိပ်နေပြီ.."
မီးရောင် မှိန်မှိန်အောက်မှာ ဒယ်ပြား တစ်ခု နဲ့အလုပ်ရှုပ်နေတော့ ဒီပါ အနားမှာ သွားရပ်ကြည့်မိသည်.။
အရမ်းကြောက်သွားလို့ တစ်နေရာမှာ ပုန်းငိုနေပြီ ထင်ခဲ့တာမိတာလေ...။
"ဘာတွေလည်း.."
"ပုစွန် ထမင်းကြော်.."
"လုပ်တက်လို့လား.."
"အင်း…သင်တန်းမှာ ဇာနည် သင်ပေးတာလေ.."
"ဟမ်…"
ဒီပါ မျက်နှာ အမူအယာ ပြောင်းသွားတာကို သူက သတိမထားမိပဲ ဒယ်ပြားကို မြှောက်ပြီး စားဖိုမှူးတွေ ပုံစံ ချက်ပြုတ်နေသည်..။
"အဲ့ကောင်လေးက သူငယ်ချင်းလား..မနက်က လျှောက်သွားတာလည်း သူတစ်ယောက်တည်း ပါတယ်နော်…"
"အင်း..သင်တန်းမှာ  အားလုံးက ပြန်သွားပြီလေ…သူလည်း အတန်းလစ်ပြီး လိုက်လာတာ..မနက်ဖြန်ဆို စည်းကမ်း တစ်ချက်ဖောက်လို့ အဆူခံရတော့မယ်…"
"သူနဲ့…ဘယ်တွေ သွားကြသေးလည်း.."
"သင်တန်းက ထွက်တော့ ကားပေါ်တက်တယ်…ကားရပ်တော့ ရွှေရောင်ငှက်ကြီး ရှိတဲ့ ကန်ဘက်ကို သွားသေးတယ်…အဲနားမှာ အဆိုတော်က ကော်ဖီရောင်းနေတာလေ…အမလေး..ခါးတူးနေတာ..လေးထောင်တောင် ပေးလိုက်ရတယ်.."
လက်လေးချောင်း ထောင်ပြပြီး နှာခေါင်းလေးရှုံ့ ခါ ပြောတော့ ဒီပါ တစ်နေ့ကုန် စိတ်မောထားသမျှတွေ ပျောက်ကုန်ခါ  ပြုံးလိုက်မိသည်..။
"အချစ်က ပိုက်ဆံ အိတ်လည်း ပါမသွားဘူး..ဖုန်းလည်း ကျန်ခဲ့တယ်လေ..အဲဒါ ဇာနည် ၀ယ်တိုက်တာပေါ့…"
"ပေါ့လိုက်တာကွာ…ဒီက ဖုန်း ဘယ်လောက် ခေါ်လည်း သိရဲ့လား.."
"အဲဒါ ဦးကြောင့်လေ…မနက်က ဦင်္းကြောင့် ငိုရလို့ ကျန်ခဲ့တာလေ…"
"ဆောရီးပါ…ဆောရီးနော်…"
သူမလေးရဲ့ ခါးကို လက်နဲ့ ဖွဖွ ဖက်လိုက်ခါ ပခုံးလေးပေါ် မေးတင်ပြီး ဆောရီး အထပ်ထပ် ရွတ်ဆိုနေမိသည်..။
"ဖယ်လေ…ဦး…အချစ် မနေတက်ဘူး.."
"အင်း..သြော်….ဒါနဲ့…ဟိုတစ်ခါ တုန်းကကော…သူ ဘာဖြစ်လို့ ဖက်တာလည်း.."
"ဟင်.."
"ဂိမ်းဆော့တုန်းက.."
"သြော်..ဦးဒီက ခိုးကြည့်နေတာပဲ…သိဘူးလေ…သူ့ဟာသူ ဖက်တာလေ.."
"ဒါကို ငြိမ်နေလိုက်တာပဲလား.."
"ဦးဒီက သ၀န်တိုနေတာလား.."
"ဘာလို့ သ၀န်တိုရမှာလည်း…ဒါပေမဲ့ အဲ့လို အကျင့်စရိုက်ရှိတာတော့ မကြိုက်ဘူး…"
"အချစ်သိပါတယ်…ကြည့်တာနဲ့ လူရိုးလား လူကောင်းလား သိတယ်..ဇာနည်က ခင်တက်တာပါ.."
"တစ်ချို့တွေက တစ်ကိုယ်လုံး ဟန်ဆောင်မှုတွေနဲ့ ပြည့်နေတာ…မင်းကို ရည်ရွယ်ချက်ရှိရှိ တစ်ခုခု ထိခိုက်အောင် လုပ်ပြီးမှ မတော်တဆလို ဆောရီးလုပ်တက်ကြသေးတယ်….ဒါဆို မင်းက ရပါတယ် ပြောမလား.."
"ဦးဒီက နော်…အသားယူဖက်တာဆိုရင်လည်း..အချစ်သိတယ်…အချစ်က မွေးနေ့မို့လို့…ဂိမ်းစာရွက်လည်း မသေချာလို့သိလား..တခြား အချိန်ဆိုရင် သေပြီပဲ..ဘယ်လိုယောင်္ကျားဖြစ်ဖြစ် အသားယူထိရင်
ခေါင်းရိုက်ခွဲဖို့လည်း  ၀န်မလေးဘူး.."
"အဟွင်း..သိပါတယ်…အခု…ဒီက ကော ဖက် လို့ရပြီလား.."
"ရတာပေါ့..ဦးဒီက က အချစ်ယောင်္ကျားပဲ….အဲ…အကိုကြီးပဲလေ…"
စကားကို ကပျာကယာ ပြင်လိုက်ပြီး ကြက်ဥ ကို ခွဲတာတောင် သုံးလေးခါ ခေါက်နေတော့ ဒီပါ လက်တစ်ဖက်က ခါးလေးကို ပြန်ဆွဲဖက်လိုက်၍ ညာလက်အပေါ်က ထပ်ကိုင်ပြီး ခွဲခါ ဒယ်ပြားထဲ ထည့်ပေးလိုက်သည်..။
"ရွှေခဲ.."
"ဟင်.."
ပခုံးလေး နှစ်ဖက်ကို ကိုင်ပြီး မျက်နှာချင်းဆိုင် လှည့်ယူလိုက်တော့ မျက်လုံးလေး ဝိုင်းသွားပြန်သည်။
"ဒီက ကို ဘယ်တော့ချစ်မှာလည်း ဟင်.."
"ဟင်…"
"မချစ်ဘူး..မုန်းနေပြီလား.."
"မဟုတ်…မဟုတ်ပါဘူး..ဟို…အချစ်က ဦးဒီက ကိုပဲ ချစ်ရမယ် ဆိုတာ သိပါတယ်…ဦးဒီက က လွဲလို့ ဘယ်သူ့ကိုမှလည်း မချစ်ချင်ပါဘူး..ဒါပေမဲ့…အချစ် ကြောက်တယ်…"
"ကြောက်တယ်.."
ဒီပါ သံယောင်လိုက်ပြီး မေးလိုက်တော့ မျက်နှာငယ်လေးနဲ့ ခေါင်း နှစ်ချက်ဆင့်၍ ညိတ်ပြသည်..။
ထပ်မေးနေရင်လည်း သူမလေး အနေရခက်လာတော့မှာ သိတော့ မီးဖိုကို ဖွင့်ပေးလိုက်သည်..။

မုန်းပါနဲ့ဦးWhere stories live. Discover now