Part 12

3.1K 149 3
                                    

မုန်းပါနဲ့ဦး
အပိုင်း (၁၂)
#မုန်းပါနဲ့ဦး

"မူးလိုက်တာ…"
"ဟဲ့…ဟဲ့….ဟဲ့….ဒီဘက်လာစမ်း.."
"ရပါတယ်..အဒေါ် သူ ကားမူးနေလို့ ဖြစ်ပါလိမ့်မယ်…."
အချစ်ဘေးဘက်က အသည်းလေး ပခုံးပေါ်ကို ခေါင်းမှီထား လိုက်ရင်း ရင်ခုန်သံ  တဒိတ်ဒိတ်  ဖြစ်နေရသည်..။
ဟွင်..အဒေါ်ကလည်း မလိုက်ပါနဲ့ဆို လိုက်လာတယ်…အဒေါ်သာ မပါရင် ဟိဟိ…။
အချစ် ကားမမူးတက်ပေမဲ့ အသည်းလေး ရင်ခွင်ထဲ တဖြည်းဖြည်း တိုး၀င်တော့ အသည်းလေးကလည်း သူ့ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတွေနဲ့ ထိန်းကိုင်ပေးသည်..။
ကျန်စစ်သားနဲ့ မဏိစန္ဒာတောင် လမ်းမှာ ငြိပြီး ချစ်မိကြသေးတာပဲ….
အခုလည်း အသည်းလေးက အဲဒီ့အတိုင်း ကြိုးစားခွင့်ရှိနေတာပဲ….။
ဟိ…ရန်ကုန်က တစ်ခါမှ မမြင်ဖူးရသေးတဲ့ အနော်ရထာ သတို့သားကြီးကို စိတ်ထဲ ကျေးဇူးတွေ ကြိတ်တင်နေမိသည်..။
"ညီမ..လန်းသွားအောင်..တစ်ခုခု စားလိုက်ပါလား.."
"မစားချင်ပါဘူး အသ…"
"အဟမ်း…."
အဒေါ် ချောင်းဟန့်လိုက်တော့မှ အချစ် စကားမှားသွားလို့ ပြန်ပြင်ဖို့ သတိရခါ အားနာသလို ရယ်ပြလိုက်ရသည်..။
ဟင်း…ကိုယ့် အသည်းလေးကို အရှင်လတ်လတ် တွေ့နေတာတောင် မာယာသုံးခွင့်မရသည့်ဘ၀ပါလားနော်..။
ဆိုးလိုက်တဲ့ ဘ၀..။
"အဒေါ်…ရန်ကုန်မှာ ဘယ်နှရက်နေမှာလည်းဟင်….အချစ်ကို ထားခဲ့မှာလား ဟင်…"
အချစ် မျက်နှာငယ် ပုံစံ နဲ့ လုပ်ပြောလိုက်တော့ အမြဲဆူငေါက်နေတက်တဲ့ အဒေါ်က သနားကြင်နာတဲ့ ပုံစံနဲ့ ဆံ့ပင်တိုတွေကို ဖွဖွလေး ပွတ်သေးသည်..။
"ကြာကြာနေလို့တော့မရဘူးပေါ့…သမီးရယ်….သမီး အကိုကြီးတွေချည်း ထားခဲ့ရတာလေ…မုန့်ညှင်းခင်းတွေကလည်း ဖြစ်ခါစဆိုတော့…"
"အဟင့်…"
"စိတ်မကောင်းမဖြစ်ပါနဲ့ ညီမရဲ့…မိုးကုတ်နဲ့ ရန်ကုန်က ထင်သလောက် မဝေးပါဘူး…ကိုကို နေကောင်းရင် လိုက်ပို့မှာပါ…"
"ဂျီစီ တို့လည်း မရှိလို့ မနှုတ်ဆက်ရဘူး…"
"နောက်လာတော့ တွေ့ရမှာပဲ သမီးရယ်.."
အချစ် သူငယ်ချင်းတွေ အကြောင်းပြောတော့ တကယ် ငိုချင်လာသလိုလို အိမ်ပြန်ပြေးချင်လာသလိုလို ဖြစ်လာသည်..။
အခုလို နေ့ခင်းပိုင်းဆိုရင် အချစ်တို့လမ်းတစ်လျှောက်က ကျောက်အရောင်းအ၀ယ်တွေ လိုက်စပ်စုရင်း အကိုကြီး အလုပ်လုပ်တဲ့ ကျောက်သွေးတဲ့နေရာလည်း ခိုးလိုက်သွားတက်သည်..။
ဂျီစီမတော့ စိတ်ဆိုးတော့မှာပဲ….
အသည်းလေးနဲ့ အခုလို သွားရတယ်လို့ပြောပြရင် အချစ်ကို စိတ်ကူးယဉ်ပြီး ရူးနေတာလို့ ပြောကြမှာ အသေအချာ…။
"အား…မူးတယ်…."
"လာလာ….အဒေါ့်ဘက်ကိုိ လာ…"
"ရပါတယ်..အဒေါ်…ကျွန်တော့်ကို မှီလည်းမှီပါစေ…"
"အားနာလို့ပါကွယ်…"
"သူစိမ်းတွေမှ မဟုတ်တာပဲ.."
သူစိမ်းတွေ မဟုတ်ဘူးဆိုတဲ့ အသည်းလေး စကားကြောင့် အချစ် နားထဲ ပျော်၀င်ချိုဆိမ့်သွားရသည်..။
မျက်လုံး စုံမှိတ်ထားပေမဲ့ ရင်ခွင်ထဲသာ ပိုတိုးလို့ ၀င်ရင်း ကောင်းကောင်းကို အသားယူပစ်လိုက်သည်..။
အသည်းရင်ဘတ်ကလည်း မွှေးလိုက်တာ….။
"ခဏ…အန္တီ…"
"သြော်…အေး…"
အချစ်တို့ကားက မန္တလေး မှာ မနားပဲ ဆက်ထွက်လာတော့ ကားနဲ့ သွားမယ် ထင်ခဲ့တာ အခုတော့ လေဆိပ်ထဲရောက်နေသည်..။
အဒေါ် နဲ့ အချစ် လျှောက်ငေးနေရင်း မုန့်တွေကိုကြည့်ခါ ပါးစပ်စိုသလိုလို ရှိလာသည်..။
"ဟဲ့…အချစ်ရေ….ငါ .."
"ဟဲ…ဟဲ…အချစ်လိုက်ပို့မယ်…လာ…လာ…."
"ဟဲ့…နင်ကသိလို့လား.."
"သိပါတယ်…ဟိုမှာ လူပုံလေးတွေ့လား..ဂါ၀န်နဲ့ လူပုံလေး က မိန်းမ…"
"အမယ်…တယ်ဟုတ်ပါလား.."
"အဒေါ်က အချစ်ကို အထင်သေးတာကိုး..လာလာ…တော်ကြာ ထွက်ကျကုန်မယ်…"
အချစ် သန့်စင်ခန်းဆိုတဲ့ တံခါးကိုဖွင့်၀င်လိုက်တော့ အေးစိမ့် မွှေးပျံ့သွားတာ နေရာများ မှားလာပြီလားလို့တောင် ထင်ရသည်..။
ဘေးဘက်က အခန်းလေးတွေ တံခါးကို ဖွင့်၀င်သွားတော့ မသိပေမဲ့ ဆရာလုပ်ပြီး တံခါး ဖွင့်ကြည့်လိုက်သည်..။
"ဟုတ်တယ်…အဒေါ် ဒီမှာ.."
"ဟယ်..ဒါကြီးနဲ့ ငါ မသွားတက်ဘူး."
"မပူပါနဲ့…အချစ် လုပ်ပြမယ်…"
အချစ် ခုံပေါ်ထိုင်ပြတော့ အဒေါ်က အလိုမကျသလို မျက်နှာ ရှုံ့မဲ့ပြီး ခေါင်းညိတ်ပြသည်..။
"ပြီးရင်ခေါ်လိုက်.."
"အေး…ဟဲ့..လျှောက်စပ်စု မနေနဲ့နော်…"
"အင်းပါ…"
အချစ် အခန်းပြင်ထွက်လာပြီး မှန်ရှေ့မှာ ရပ်ခါ ဆံပင်တိုတိုတွေကို သပ်တင်ပြီး ဖွာနေတဲ့ နေရာကို လက်ရေစွပ်ခါ ဖိထားရသည်..။
"ဟင်.."
"အယ်လဲ့…ဆပ်ပြာလား.."
ရေပိုက်ဘေးက ဘူးကိုတွေ့တော့ ဖိချလိုက်တာ ခေါင်းလျှော်ရည်တွေ ထွက်လာတာ မရပ်လို့ ဘာလုပ်ရမလည်း မသိတော့ပါ…။
အိုး..မှားပြီဟ…။
"ဟို..အဒေါ်…လုပ်…လုပ်ပါဦး.."
"ဟယ်…အဲလောက် မဖိရဘူး..လွတ်လိုက်လေ.."
"သြော်…အင်း…"
အနားမှာ မှန်သုတ်နေတဲ့ အဒေါ်က ပြောတော့မှာ အချစ်လက်ကို လွတ်လိုက်တာ လက်ထဲမှာ ဆပ်ပြာ ခရင်မ်တွေ ပြည့်နေပြီ..။
ရေဆေးချရမှာ နမျော သလို အသည်းလေး နားမှာ တစ်ချိန်လုံး ထိုင်နေတာမို့ မွှေးမွှေးလေး ဖြစ်အောင် ဂျင်း ဒူးကျ ဘောင်းဘီ နဲ့ အင်္ကျီ  လက်တွေမှာ ကပ်သုတ်လိုက်သည်…။
ဘေးက အဒေါ်ကြီးက မျက်နှာရှုံ့မဲ့ကြည့်တော့ အချစ်ရယ်ကြဲကြဲဖြင့် အဒေါ့်အခန်းနား ပြန်လျှောက်လာခါ
"ပြီးပြီးလား..အဒေါ်.. လေယာဉ်ခေါ်ထားတာ ရောက်တော့မယ်…"
"ခြီး.."
"အဲ…လေယာဉ်ထွက်တော့မယ်ပြောတာ.."
စတိုင်လ် ကျကျနဲ့ အထင်သေး မခံရအောင် ပြောလိုက်ခါမှ ဟား စရာလုံးလုံး ဖြစ်ရတော့ အချစ် အီလည်လည် ဖြင့် အဒေါ်တံခါးကို ထုမိသည်..။
"အမယ်လေး…အချစ်ရယ်…"
"လာ…လာ…"
"ဟဲ့…လက်ကလေး ဆေးပါရစေဦး…"
"ဆေးမနေပါနဲ့….ဟိုကျမှဆေး…သန့်ပါတယ်…"
အဒေါ့်လက်ကို ဆွဲပြီး အထင်သေးတဲ့ အကြည့်လွတ်တဲ့ နေရာကို အမြန်ထွက်ပြေးလာခဲ့ရသည်..။
အနေအထိုင် ဆင်ခြင်မှပါလေ…တော်ကြာ ငါ့ကိုကလေးသာသာ တောတောင်ထဲက တက်လာတဲ့ မိန်းမဆိုပြီး အထင်သေး နှိမ်နေလိမ့်မယ်…။
"သြော်…အဒေါ်တို့က ဒီမှာကိုး..ကျွန်တေ်ာ လိုက်ရှာနေရတယ်.."
"အဲ့…အဒေါ်ပေါ့..အ..အကိုကြီး စောင့်နေရတာ ကြာပြီ…"
"အဟား…ရပါတယ်….ညီမရဲ့…အကိုက လမ်းပျောက်နေမှာ စိုးလို့ပါ…မုန့်စားမလား.."
"ဟင်…၀ယ်ကျွေးမှာလား…"
"ကျွေးမှာပေါ့…အကို့  ပရိသတ် အကို့ မရီးလေးပဲ.."
အသည်းလေးက ဖြူနုနေတဲ့ မျက်နှာလေးနဲ့ ပြုံးပြီးပြောတော့ စိတ်ထဲ အေးမြသွားပေမဲ့ မရီးဆိုတာကြီး ကပ်ပါလာတော့ ကမ္ဘာခြားသလို ဖြစ်သွားရသည်…။
"လာ…ဟိုဘက်က မုန့်ဆိုင် လည်း ရှိတယ်…"
"ကြိုက်တာယူပါ…"
အချစ် မုန့်တွေ ကို ကြည့်ပြီး ပြန်မော့ကြည့်လိုက်တော့ အပြုံးနဲ့ ခွင့်ပြုချက်ပေးလို့ ပြေးနမ်းချင်တဲ့ စိတ်တွေကို မြိုသိပ်ထားရသည်..။
ချစ်ဖို့ကောင်းတဲ့ အသည်းတုံးလေး…ရုပ်ချောသလို သဘောလေးကလည်း ကောင်းလိုက်တာ…။
"ဟယ်…ဒီကောင်မလေး ဒီလောက် မုန့်တွေကို…"
"စားပါစေ…အဒေါ်လည်းစားလေ…"
"နေပါစေ..သားရယ်…တစ်ခါမှ မစီးဖူးတော့ သက်သာသလိုပဲ သွားတာ ကောင်းပါတယ်…"
အချစ်ကတော့ လက်ထဲက မုန့်အဝိုင်းတွေကို ကိုက်လိုက် အချိုရည်သောက်လိုက်ဖြင့် အိနြေ္ဒရရ နှုတ်ခမ်းပေကျံနေအောင် စားပစ်လိုက်သည်..။
"သြော်…၀င်ရတော့မယ် ထင်တယ်.."
"မုန့်တွေ…"
"သိပ်မကျန်တော့ပါဘူး…အမှိုက်ပုံးထဲ သွားထည့်လိုက်…ပေး အကိုထည့်ပေးမယ်….ဟာ…ပေကုန်ပြီ…"
အချစ်ကို ကြည့်ပြီး သွားတက်ကလေး ပေါ်အောင် ပြုံးပြခါ ဂျာကင်အိတ်ထဲက တစ်ရှုးထုတ်ပြီး နှုတ်ခမ်းကို သုတ်ပေးသည်..။
"ပေး…ပေး....အချစ် လက်သုတ်မလို့…"
အချစ် တစ်ရှူးရွက်ကလေးကို
လက်သုတ်ချင်ယောင်ဆောင်ပြီး အလစ်မှာ ဂျင်းဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားလိုက်သည်..။
"ဟာ.."
"ကြောက်နေပြီလား…"
"အင်း.."
"အတက်မို့လို့ပါ ခဏပါပဲ…"
အချစ်ရင်ထဲ အေးခနဲ့ ဖြစ်ခါ စားထားသမျှ အူတွေထဲ ခလောက်ဆန်ကုန်ပြီ ထင်ရသည်..။
"အု…"
"ဟယ်…."
"ရတယ်…နေဦး…ဒီမှာရော့…"
အချစ်လက်ထဲ ရောက်လာသည့် အိတ်ထဲ ခေါင်းဆိုက်ခါ စားသမျှ နဲ့ မတန်အောင် ပြန်ထုတ်နေရတော့သည်..။
"ဒီကောင်မလေးဟာလေ…"
အဒေါ်က ဆူမာန်နေပေမဲ့ အချစ်ကျောပေါ်ကိုရောက်လာတဲ့ ကြင်နာတဲ့ လက်တစုံရဲ့ ဖိနှိပ်ပေးနေမှုအောက်မှာ ဝေဒနာတွေ လျော့ပါးကုန်ရသည်..။
"ရောက်ပြီကွ.."
"အင်း…ဒီမှာ ခပ်သွက်သွက် သွားရလိမ့်မယ် ထင်တယ်…အကို့ဆို မီဒီယာတွေက စောင့်နေတက်လို့လေ.."
"ဟုတ်တယ်…ကိုကြီး ရှေ့က သွား…အချစ်တို့ နောက်က လိုက်ခဲ့မယ်…ဟိုတစ်ခါ လေဆိပ်မှာ ပြသာနာတက်သေးတယ်…"
အချစ်ပြောတာကို အသည်းက အပြုံး နဲ့ ခေါင်းညိတ်ပြီး မျက်နှာဖုံးတပ်ခါ လျှောက်သွားတော့ အချစ်လည်း ဒေါ်လေးလက်ကို ကိုင်ခါ နောက်ကနေ လိုက်ရသည်…။
"တော်ပါသေးရဲ့…"
ကားပေါ်ရောက်တာနဲ့ ကားက မောင်းထွက်သလို အသည်းလေးက လည်း သက်ပြင်းချပြီး မျက်နှာဖုံးချွတ်လိုက်တော့မှ အချစ်လည်း ရယ်နိုင်တော့သည်..။
အသည်းလေးနဲ့ အချစ်ရဲ့ စွန့်စားခန်းတွေကတော့ စပြီလေ…။
"ဟင်…"
"ဟယ်…"
အချစ် နဲ့ ဒေါ်လေး ဆီက အံသြတဲ့စကားသံတွေက တိုက်မြင့်ကြီးကို ကားမှန်နက်နက် ထဲက မြင်လိုက်ချိန် ကိုယ််စီ ထွက်ပေါ်လာသည်.။
တိုက်ကြီးက လှလိုက်တာ….ရုပ်ရှင်ထဲက အတိုင်းပါပဲ…
ဒီလောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ အိမ်မှာနေရမယ် ဆိုတော့ အချစ် ကြိတ်ပြုံးရင်း အသည်းလေးကို ခိုးကြည့်မိသည်..။
ဟုတ်သားပဲ အသည်းလေးက ဒီလောက် ချမ်းသာနေတာ သူ့ အကိုလည်း ဒီလိုပဲပေါ့…။
ခြံထဲကို ကား၀င်သွားတော့ ပန်းခြံလေးရဲ့ အလယ်မှာ ထိုင်ခုံ အဖြူလေးတွေနဲ့ ခြင်းဝိုင်းလေး တစ်ခုလည်း ချိတ်ထားသည်..။
ရုပ်ရှင်တွေထဲမှာဆိုရင် မင်းသမီးက ခြင်းတောင်းလေးထဲ ၀င်ထိုင်ပြီး မင်းသားက နောက်ကနေ သိုင်းဖက်တာမျိုးတွေ…။
အိုး..အချစ် နဲ့ အသည်းလေး လည်း နောက်ပိုင်းကျရင် ဒီလို…ဒီလို…။
"ဆင်းလေ..ညီမ…"
"ဟင်.."
အချစ် သတိပြန်၀င်လာတော့ အဒေါ်က ကားပေါ်ကဆင်းပြီးလို့ အချစ်ကို နှုတ်ခမ်းကိုက်ပြီး ကြည့်နေပြီလေ…။
ခရီးသွားတယ်ဆိုပေမဲ့ အ၀တ်တထည် ကိုယ် တစ်ခု ဖြစ်နေရတာလည်း အည်းလေးက ဘာမှ မယူပါနဲ့ ဆိုလို့လေ…။
အချစ် ကပျာကယာဆင်းပြီး အဒါ့် အကြည့်တွေကို ရှောင်လွဲခါ အသည်းလေး နောက်ကို ပြေးလိုက်သွားတာ ဖိနပ်မချွတ်မိလို့ ပြန်ချွတ်ရသေးသည်..။
"လာ..ထိုင်ပါ….ကြီးကြီးရေ..မေဖူးရေ…"
"ဟယ်…အကိုလေး ပြန်လာပြီ…"
ကောင်မလေး တစ်ယောက်က အခန်းတစ်ခုကနေ ဖန်ခွက်တွေကိုင်ပြီး ထွက်လာတော့ အချစ် မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်..။
အကိုလေး ဆိုတော့ အလုပ်သမားများလား.။
အချစ် ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ ဆိုရင် ကောင်မလေးတွေက ကျစ်ဆံမြီးလေး နှစ်ဖက်ကျစ်ပြီး ထဘီကလေးနဲ့ မျက်နှာငယ်လေး ရပ်နေတက်တာပါ..။
အခုကောင်မလေးက ကာတွန်းဘောင်းဘီရှည် နဲ့ ပါးစပ်ကြီးဖြဲရယ်လို့ ဆံပင်ကလည်း ဖြောင့်ပြီး ရွှေရောင်တောင် ဆိုးထားလိုက်သေးသည်..။
"အဖိုးကော.."
"ရှိပါတယ်..အကိုလေး…အပေါ်မှာပါ မေဖူး သွားခေါ်လိုက်မယ်.."
"အင်း.."
အိမ်ရဲ့ အလယ်မှာ တခမ်းတနား လှေကားကြီး ရှိပါရဲ့ နဲ့ ကုမ္ပဏီတွေမှာ ရှိတဲ့ ဓာတ်လှေကားထဲ ကောင်မလေး ၀င်သွားတော့ လိုက်ကြည့်မိသည်..။
တော်တော်ချမ်းသာတာပဲ လှေကားစီးပြီး ဆော့လို့ ရပြီလို့ တွေးမိသည်..။
အချစ် အိမ်ထဲကို တစ်ပတ်လည် လိုက်ကြည့်ရင်း မီးဆိုင်းကြီးကို မော့ကြည့်မိတော့ အလင်းရောင်ကြောင့် တလက်လက် ထနေသည်..။
အခန်း နံရံပေါ်က ကျောက်စီ ပန်းချီကားချပ်ကြီးတွေကို အကြည့်ရောက်သွားတော့ အသည်းလေးကို ကျောက်ရောင်းမိတာ နောင်တရပြီး အားနာရသည်..။
ဒီအိမ်ကြီးမှာ နေရတော့မယ် ဆိုတဲ့ အတွေးဖြင့် ရှေ့မှာ ချထားတဲ့ ဖျော်ရည်ကို ကောက်သောက်လိုက်တော့ မွှေးလည်းမွှေး အေးလည်းအေး သောကြောင့် အကုန်မော့ချပစ်လိုက်မိသည်..။
"..စောရောက်သားပဲ.."
"ဟုတ်တယ် အဖိုး.."
"မိညှပ်က အရင်အတိုင်းပါလား.."
အသက်ကြီးကြီး လူကြီး တစ်ယောက်က အချစ်ကို ကြည့်ပြီးပြောတော့ ဖျော်ရည်တွေကို ဂလုနဲ့ မြိုချပြီး ခွက်ကို ဖြည်းဖြည်း ပြန်ချရင်း ရယ်ပြလိုက်ရသည်..။
"အချစ် က မိညှပ် မဟုတ်ဘူး အဘိုးရဲ့…မိညှပ်က ဟိုမှာ.."
အချစ် လက်ညိုးထိုးပြရင်း ပြောလိုက်တော့ အဘိုးက တဟားဟား ရယ်ရင်း ခေါင်းညိတ်နေသည်..။
"မိညှပ်က အဘိုးတို့ ထွက်လာတော့ မြေးအရွယ်ပဲ ရှိတယ်လေ.."
"ဟုတ်လား..ဒါဆို အဒေါ်က ငယ်ငယ်လေးပေါ့..ဟိဟိ….."
အချစ် ရယ်ပြီး ပြောလိုက်တော့ အဒေါ်က နှုတ်ခမ်းကိုက်ပြပြီး ဟန့်တာ အချစ်လည်း ဘာမှ မလုပ်ရပါပဲနဲ့လေ…။
"ငါ့မြေးမ က သွက်လှချည်လား နင့်အတိုင်းပဲ မိညှပ်ရေ.."
"ဟုတ်ကဲ့..ဦးလေး.."
"ငါ့သမီးလည်း ခရီးကပန်းလာမှာပဲ ဟေ့ မေဖူးရေ အခန်းပြင်ပြီးပလား.."
"ဟုတ်ကဲ့…"
"မပင်ပန်းပါဘူး ဦးလေးရယ်…ဦးလေးကို တွေ့တော့ အဖေ့ကို တောင် သတိရတယ်.."
"ဟုတ်ပါတယ်လေ..…လှအောင်ကို ဆက်သွယ်ဖို့ ခဏခဏ ကြိုးစားပေမဲ့ အရင်နေရာမှာ မဟုတ်လို့ အဆက်အသွယ်လုံး၀ ပျက်သွားတယ်.."
"ဟုတ်ကဲ့ရှင့်…ကျွန်မတို့လည်း ဖက်စပ်တွေ တွင်းလာလုပ်တော့ နေရာရွေ့ရတယ်လေ…အရှေ့ဘက်ကို ရောက်သွားလိုက် အဲဒီ့ကနေ ရွှေဘိုရောက်သွားသေးတယ်…အဖေက မန္တလေးမှာ နှစ်တော်တော်ကြာကြာ နေလိုက်သေးတယ်…ကျွန်မ က အိမ်ထောင်ကျပြီး မိုးကုတ်ပြန်ရောက်ခဲ့ပေမဲ့ အဖေကတော့ မန္တလေး မှာပဲ နောက်ဆုံးချိန်အထိနေသွားတာပါ…"
"အင်း..လှအောင် က နောက်ဆုံးချိန် အထိအေးချမ်းတယ်..ငါလည်း သူ့လိုမျိုးအေးချမ်းချင်ပါတယ်…"
"ဘာပြောမှန်းမသိပေမဲ့ အဖေ က ဦးလေး မှာထားတဲ့ ကိစ္စ ကို သေချာ  လုပ်သွားတဲ့ အကြောင်းပြောတယ်.."
"အင်း..ပတ္တမြားကျိန်စာပေါ့လေ…ဒါနဲ့ ဒီကလေး ကို သမီးပဲ မွေးထားတာလား.."
"ဟုတ်ကဲ့…သူ့ အဖေဘက်က အမျိုးတွေဆီမှာ နေသေးတယ်…ကျွန်မဆီမှာနေတာ သုံးလေးနှစ်ပဲ ရှိသေးတယ်..ဦးလေးရဲ့.."
"သြော်..အေး..အေး…ကောင်းပါတယ်..ဒါကြောင့်လည်း အဆက်အသွယ်ပြန်ရတာပဲလေ…လက်ထပ်ဖို့ကတော့ လောရတယ် သမီးရေ…ဦးလေး ဖုန်းထဲမှာ ပြောထားသလိုပဲပေါ့..အဲတော့ သမီးတို့ကိုလည်း အားနာတယ်.."
"ရပါတယ် ဦးလေးရယ်…အဖေက လည်း ဒီလက်စွပ်ကိစ္စ သေချာ မှာသွားတာ ဘယ်အချိန်ချိန်ပဲ ဖြစ်ဖြစ် သူတို့ က လက်ထပ်ရမှာပါပဲ..အခြေအနေကြောင့် စောသွားတာပဲလေ…"
"အင်း..ကျေးဇူးတင်ပါတယ်.."
"ဒါနဲ့ ဦးလေး ထွက်သွားတော့ ပါသွားတဲ့ ကလေးကော.."
"သြော်..အဲဒါ မျိုးချစ်လေ…ဆုံးသွားရှာပြီ..ဒီပါက သူ့သားပေါ့…သမီး မှတ်မိတယ် မလား..ဘကျော်သားက မျိုးချစ်လေးလေ.."
"ဟုတ်ကဲ့..ခပ်ရေးရေးတော့ မှတ်မိပါတယ်.."
"အင်း..ဒီပါက ဘကျော်ရဲ့ မြေးပဲ…မြေးကတော့ ခြေထောက်ကို တစ်လခွဲလောက် အနားပေးထားရရှာတယ်.."
"စိတ်မကောင်းစရာပဲ အရွယ်ငယ်ငယ် နဲ့ အတိုက်အခိုက်တွေရှိနေတယ် ထင်ပါရဲ့…"
"ဝိညာဉ် တစ်ကောင်ရဲ့ အနှောင့်အယှက် ခံလိုက်ရတာပဲ..ဒါကြောင့်လည်း လက်ထပ်ပွဲ မြန်မြန် လုပ်ရတာပါ..ကဲ လာ မိတ်ဆက်ပေးမယ်…"
အဘိုးက ဦးဆောင်ပြီး ဓာတ်လှေကားထဲ ၀င်သွားတော့ အသည်းလေး နဲ့ အချစ် က ပခုံးချင်း ထိပြီး လှေကားစီးရတာ ရင်ခုန်ချင်စရာ ကောင်းပါသည်..။
"ဒေါက်..ဒေါက်…သားရေ….ဧည့်သည်ရောက်နေလို့…ထွက်ခဲ့ပါဦး.."
ပိတ်လျက်သား  တံခါးကြီးကို ကြည့်ရင်း အချစ် စိတ်ထဲ အလိုမကျဖြစ်ရသည်..။
သူနဲ့ လက်ထပ် မဲ့ မိန်းကလေးက အဝေးကြီးက လာရတာတောင် သူက တံခါးပိတ်ထားပြီး ထွက်မတွေ့တာ ဘာသဘောလည်း..။
အဆင့်အတန်း မတူဘူး ကိုယ့် အခြေအနေ ကိုယ်သိပါ ဆိုတဲ့ သဘောလားလို့ တွေးရင်း နှုတ်ခမ်းဖိကိုက်လိုက်မိသည်..။
ဟွင့်…ပန်းအချစ်ဦးတို့ကို ဒီလိုလုပ်လို့ရမလား…သူ့ကို ဘယ်သူကများ လိုချင်နေလို့လည်း.. အသည်းလေးနဲ့ဆိုရင်တော့….အဟိ…။
"ဒီက ဒီမှာပါ.."
အသံကြားတဲ့ ဘက်ကို အကုန်လုံး အကြည့်တွေ ရောက်သွားတော့ ၀ရန်တာ အကျယ်ကြီးမှာ ဝှီးချဲ တစ်ခုနဲ့ လူရိပ် တစ်ခု ကို တွေ့ရသည်..။
"ဒီပါ ဒီကောင်…"
အဘိုး က တွေ့တာနဲ့ အချစ်တို့ကို ထားပြီး ခြေလှမ်း ပြင်းပြင်း ၀ရန်တာ ကို ထွက်သွားခါ
"မင်း ကို အပြင်မထွက်ပါနဲ့ လို့ ပြောထားတယ်လေ…"
"ဒီက မွန်းကြပ်လို့ပါ…"
"ဖိုးကောင်း ခေါ်ပြီး ခြံထဲဆင်းလည်း ရရဲ့သားနဲ့…လာ မြန်မြန်၀င်စမ်း."
အဘိုးရဲ့ ခပ်ငေါက်ငေါက် စကား အဆုံးမှာ ဝှီးချဲက ဝှီးခနဲ ၀ရန်တာကို ကျော်လာပြီး အချစ်တို့ နောက်မှာ တုန့်ခနဲ့ ရပ်သွားသည်..။
"ကဲ ထိုင်ကြလေ…ဒီကောင် နေမကောင်းတော့ အခုတလော စကားပြောရတာ အဆင်မပြေဘူး..…"
အချစ် အနောက်ကို လှည့်မကြည့်ပဲ ဘေးနားက အသည်းလေးရဲ့ ရေမွှေးနံ့ကိုပဲ အာရုံပြုနေမိတာ ကြောင့် အဒေါ်က မျက်မှောင်ကြုတ်ကြည့်ပြန်သည်..။
"သား..လာလေ…"
အချစ် ရှေ့ဘက်ကို ဝှီးချဲရောက်လာပေမဲ့ မမြင်မတွေ့ မသိချင်သောကြောင့် လှမ်းလည်းမကြည့်ဖြစ်ပါ..။
"ဒါ လှအောင်ရဲ့ သမီး ဒေါ်ညိုညို တဲ့…သား အဖေကို သူတို့လည်း ချီပိုး ထိန်းခဲ့ရတယ်.."
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်..အန်တီ…"
" ..ဒါက…အဖိုးရဲ့ မြေး မျိုးချစ်ဒီပါ တဲ့လေ…"
"ဟုတ်ကဲ့…"
အချစ် စိတ်ထဲ မပါပဲ လှမ်းကြည့်လိုက်ချိန် မျက်နှာ ကို တွေ့တော့ မျက်လုံး ပြူးသွားရခါ…
"ဟင်…ဟို…ဦးလေးကြီး…"
"ဟင်…"
အချစ် လမ်းမှာတွေ့ခဲ့တဲ့ အရက်သမား အဘိုးကြီးကို ဝှီးချဲပေါ်တွေ့လိုက်ရတော့ မယုံနိုင်ဖြစ်ရင်း ခြေထောက်ကျိုးနေတဲ့ အဘိုးကြီး ယူရမဲ့ အဖြစ်ကြောင့် အိမ်ကို ပြန်ပြေးချင်လာသည်…။
"ဟား..ဟား..ကိုကိုက အကို့ထက် ငါးနှစ်ပဲ ကြီးတာပါ…အဲဒါ့ကြောင့် ပြောတာပေါ့ ပြင်ဆင်ထားပါလို့ အခုတော့ ဦးလေးကြီး ဖြစ်ပြီလေ…"
အသည်းလေး စကားကြောင့် အချစ် မျက်နှာကို ပြန်ပြင်လိုက်ပေမဲ့ ဦးလေးကြီး က အချစ်ကို ငေးကြောင်ကြည့်နေတုန်းပင်..။
"မြေး က သိလို့လား.."
"ဟုတ်…"
"ဘယ်မှာတွေ့တာလည်း.."
'ဟိုတလောက လမ်းမှားနေလို့ ပြလိုက်သေးတယ်.."
"ဟင်..ဘယ်မှာ မှားနေတာလည်း.."
"တောင်ပေါ် သွားတဲ့ လမ်းမှာလေ မှောင်မဲထဲ လျှောက်သွားနေတယ်…"
"ဟေ…သား က မိုးကုတ် တစ်ခါမှ မသွားပါဘူး..လူမှားတာလား.."
"မဟုတ်ပါဘူး.အဲလိုပဲ…"
အချစ်မျက်နှာကို လက်ညိုးထိုးပြီး ပါးမွှေးတွေ ရှိတာကို သဘောပေါက်အောင် ပြောလိုက်တော့ အဘိုးက သူ့ မြေးဖြစ်သူကို ကြည့်သည်..။
ဒီလူ အရက်သမား မူးမူးရူးရူး နဲ့ လျှောက်သွားနေတက်တဲ့ မရူးမကောင်းကြီးများလား..။
"ဟုတ်လား သား…သိလား.."
"ဟုတ်…"
"ဟင်…ဘယ်တုန်းကလည်း.."
"ဒီက ဆေးရုံမှာတုန်းက ပါ...အိပ်မက်ထဲမှာ လမ်းပျောက်နေတုန်း သူ လမ်းပြပေးတယ်…အဲဒါနဲ့ နိုးလာတာပဲ…ကျေးဇူးတင်ပါတယ်.."
"ဟေ…တယ်ဟုတ်ပါလား.."
"ဟား..ဟား…မိုက်တယ်ကွာ…ကိုကို တို့ကတော့ ဖူးစာရှင်ကို အိပ်မက်ထဲမှာ တွေ့ပြီးသားကွ…ရေလည်လန်းတယ်.."
"….."
အသည်းလေးရဲ့ ဖူးစာရှင်ဆိုတဲ့ စကားကြောင့် အချစ် ငိုချင်သွားရသည်..။
ဘာဖြစ်လို့ ဒီအဘိုးကြီးများလည်း…။
အဲလိုများ ကြိုသိခဲ့ရင် လမ်းမပြပဲ ပစ်ထားလိုက်ပါတယ်…ဒါဆို အဘိုးကြီးလည်း သေသွား အေးရော..
အချစ်လည်း အသည်းလေးနဲ့ လက်ထပ်ပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းသွားရမှာ..အခုတော့…။
ပန်းအချစ်ဦးတို့ လျှာရှည်ပြီး ကယ်တင်မိလို့ အဘိုးကြီးကိုပဲ ယူရတော့မည်…။
"ဖေကြီးကတော့ မနက်ဖြန် လက်ထပ်ဖို့ ပြင်ဆင်ထားလိုက်ပြီ သား…ဒီက သမီးတို့လည်း နားလည်ပေးပါနော်.."
"ဟုတ်ကဲ့..နားလည်ပါတယ်…ဒီသားလေးကို အခုလို တွေ့ရတာ အဒေါ်လည်း စိတ်မကောင်းဘူး.."
"ဒီက လည်း အန်တီတို့ကို အားနာပါတယ်…ဧည့်၀တ်မကျေသလို ဖြစ်သွားရင် ခွင့်လွှတ်ပါနော်.."
"ရပါတယ်…သားရယ်…အဒေါ်တို့ နားလည်ပါတယ်.."
"ကဲ..ဒါဆို မနက်ဖြန် သေချာသွားပြီပေါ့…"
အချစ်ကိုလည်း မမေး မပြောကြပဲ မနက်ဖြန် မင်္ဂလာဆောင်ရတော့မယ်ဆိုတော့ တဖြည်းဖြည်း မျက်လုံးက ပြူးကျယ်လာရသည်..။
"ဖေကြီး…ဒီက..သူနဲ့ စကားနည်းနည်းပြောချင်တယ်.."
"ဟေ…သြော်..ဟုတ်တာပေါ့…မြန်မြန် စီစဉ်လိုက်ရတော့ ရင်းနှီးဖို့လည်း လိုသေးတာပေါ့…အပြင်တော့ မထွက်နဲ့နော် သား …ဖေကြီးတို့ အောက်မှာ စောင့်နေမယ်…အေးအေးဆေးဆေး စကားပြောပြီး သားလည်း ဆင်းလာခဲ့ ထမင်းစားကြမယ်.."
"ဟုတ်ကဲ့.."
အချစ် တစ်ယောက်တည်း ကျန်ခဲ့ရမယ်ဆိုတော့ အသည်းလေးကို အားကိုးတကြီး လှမ်းကြည့်မိသည်..။
အသည်းလေးက အပြုံးနဲ့ ခေါင်းညိတ်ပြပြီး အားမငယ်ဖို့ အချက်ပြသလို လုပ်ခါ လှေကားထဲ ၀င်သွားသည်..။
အချစ် လှေကားကို ငေးနေတုန်း အနားကနေ ဝှီးချဲက ဝှစ်ခနဲ့ ပြတင်းပေါက်ကြီး အနားရောက်သွားတော့ မျက်မှောင်ကြုတ်မိသည်..။
"ပန်းအချစ်ဦး.."
"ဟင်.."
တိတ်ဆိတ် ငြိမ်သက်နေတဲ့ အခြေအနေ တစ်ခုမှာ အချစ်ရဲ့ နာမည်အစအဆုံးက ထွက်ပေါ်လာတော့ ရဲတင်းထားတဲ့ စိတ်တွေ ပျောက်သွားသလို စိတ်ထဲ ကြောက်မိသည်..။
"ဒီကို လာပါလား.."
အချစ် မကြောက်တဲ့ ပုံစံ လုပ်ပြီး ပြတင်းပေါက် အနားကို ခပ်သွက်သွက် လျှောက်သွားပြီး မတ်တက်ရပ်လိုက်သည်..။
"ဟိုနားက..အပင်အောက်မှာ ကောင်မလေး တစ်ယောက်ရပ်နေတယ် တွေ့လား.."
"ဟင့်အင်း.."
လက်ညိုးညွန်ပြတဲ့ နေရာကို သေချာအောင် နှစ်ခါလောက်ပြန်ကြည့်ပြီးမှ အချစ် ခေါင်းရမ်းခါ အဖြေပေးလိုက်တော့ သက်ပြင်းချသံ ထွက်လာသည်..။
၀ှီးချဲကို တစ်ပတ်လှည့်လိုက်ပြီး ပြတင်းပေါက်ကို နောက်ခိုင်းလိုက်တော့  အချစ်နဲ့ မျက်နှာချင်း ဆိုင် ဖြစ်သွားသည်..။
" ပန်းအချစ်ဦး သဘောထားကို သိချင်လို့ပါ.."
"ဟင်.."
"မနက်ဖြန် လက်ထပ်ရတော့မယ်ဆိုတော့ မိန်းကလေး ဖြစ်တဲ့ ပန်းအချစ်ဦး သဘောကို သိချင်လို့ပါ…"
အချစ် နှုတ်ခမ်းကိုက်လိုက်ပြီး ဘယ်လို ပြောရကောင်းမလည်း စဉ်းစားနေမိတော့ အချစ်ကို မော့ကြည့်ပြီး..
"မကြောက်ပဲ စိတ်ထဲ ရှိတာ ပြောပါ…"
"လက်မထပ်ချင်ဘူး.."
"ဟင်.."
"ဟုတ်တယ်…မနက်ဖြန် လက်မထပ်ချင်ဘူးရှင့်…."
"ဘာဖြစ်လို့လည်း…"
"ငယ်သေးလို့…"
"ဘယ်နှနှစ်လည်း.."
"ဆယ်ခွန်.."
"အင်း…ဒါဆို ဘာဖြစ်လို့ ဒီအထိလိုက်လာတာလည်း…"
"ဒေါ်လေးက လိုက်သွားရမယ်တဲ့…ြ့ပီးတော့ အသည်း…အဲ ၀င်းကိုယ်တိုင် လာခေါ်လို့ပါ.."
"သြော်….ရူပါ့ ပရိသတ်ကိုး….မင်းက အရမ်းငယ်သေးတော့လက်ထပ်တယ်ဆိုတာ ဘာမှန်းတောင် သိမှာ မဟုတ်ဘူး…အခုဘယ်လို လုပ်မလည်း..မနက်ဖြန် ကျရင် အဘိုးက လက်ထပ်ပေးမှာ အသေအချာပဲလေ…"
"ဟို…အိမ်တော့ မပြန်ချင်ဘူး..ဟိုလိုမျိုးလေ…"
အချစ် ပြောရမှာ ခက်နေလို့ တဟိုဟို ဖြစ်နေတော့ ခေါင်းညိတ်ပြီး နားထောင်နေရင်း…
"ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်…အခုပြောတာတွေ လူကြီးတွေဆီကို ပြန်မပြောပါဘူး.."
"အင်း…လက်ထပ်ပေမဲ့ တကယ်လင်မယား မလုပ်ဘူးလေ …"
"ဟင်…"
"ဟို ရုပ်ရှင်တွေထဲကလိုမျိုးလေ….မိဘတွေ လက်ထပ်ပေးလို့ ယူလိုက်ရပေမဲ့ တကယ် လင်မယားလို မနေဘူးလေ…ပြီးရင် ပြန်ကွာရှင်းလိုက်တယ်လေ…..."
အချစ်ပြောတဲ့ စကားမှာ ရယ်စရာမပါပဲနဲ့ ပါးမြိုင်မွှေး နှုတ်ခမ်းမွှေးတွေပြည့်နေတဲ့ မျက်နှာက ရယ်ချင်သလိုလို ဖြစ်နေတော့ မျက်မှောင်လေး ချီမိသွားသည်..။
"…အဟွင်း…ဆောရီး..ပန်းအချစ်ဦး အတွေးက ကလေးဆန်တယ် …ဒါပေမဲ့ဒီကလည်း သိသင့်တယ်ထင်တယ်… စီစဉ်ထားတာတွေ သိခွင့်ရှိမလား.."
နှစ်ယောက်သား  လူကြီးတွေ ယုံလောက်အောင် ရုပ်ရှင်ရိုက်ဖို့ အတွက် အချစ် စိတ်လျော့လိုက်ပြီး ခေါင်းထဲက အစီအစဉ်တွေကို ရှင်းပြဖို့ ကြိုးစားရတော့သည်..။
"ဟိုလေ…ဦးလေးကြီးကလည်း..အချစ်ကို မသိ…အချစ်ကလည်း ဦးလေးကြီးကို မသိဘူးမလား…ဒါပေမဲ့…အချစ်ကလည်း.. အိမ်မပြန်ချင်ဘူး…ဒီအိမ်ကြီးကို ကြိုက်တယ်..ဦးလေးကြီးကလည်း..အချစ်ကို လက်ထပ်ရင် အတိုက်အခိုက်တွေ ပျောက်သွားမယ်တဲ့လေ.."
"အင်း.."
"မနက်ဖြန် လူကြီးတွေ လက်ထပ်ခိုင်းရင် လက်ထပ်လိုက်မယ်လေ…ဒါပေမဲ့ အချစ်က ဦးလေးကြီး မိန်းမလိုတော့ မနေချင်ဘူး..ဒီအိမ်မှာ အလကားမနေပါဘူး..ဦးလေးကြီး ရဲ့ အလုပ်တွေ လုပ်ပေးပါမယ်.."
"ရပါတယ်…"
"ဦးလေးကြီး အလုပ်သမားတွေ လခ ဘယ်လောက်ပေးလည်း.."
အချစ် စကားကြောင့် မျက်မှောင်ချီပြီး သေချာ ဆိုက်ကြည့်နေတာ မနေတက်ပေမဲ့ အချစ်လည်း ဂရုမစိုက်သလို မျက်လုံးချင်းဆိုင်အောင် သေချာ ပြန်စူးစိုက်ကြည့်နေလိုက်သည်..။
ပန်းအချစ်ဦးက ယောင်္ကျား တစ်ယောက်ရဲ့ ဘယ်လို အကြည့်မျိုးကို မှ ဂရုမစိုက်ဘူးဆိုတာ ဒီဦးလေးကြီး သိထားဖို့ လိုအပ်သည်လေ…။
မျက်လုံး ချင်းဆုံနေတဲ့ အကြည့်တွေကြာလာတော့ သက်ပြင်းချပြီး နံရံကို အကြည့်ပို့လိုက်မှ အချစ် စိတ်ထဲက ပြုံးမိသည်..။
ဦးလေးကြီး ရှုံးပြီလေ…။
"မေဖူးကတော့ သုံးသိန်းလောက်ရမှာပေါ့..ဘာဖြစ်လို့လည်း.."
"ဒါဆို အချစ်လည်း အလုပ်တွေ လုပ်ပေးမယ် လခ အဖြစ် သုံးသိန်းပေးပေါ့လေ.."
"ပန်းအချစ်ဦးက ဒီက မိန်းမ အဖြစ်နဲ့ အိမ်မှာနေရမှာလေ…အလုပ်တွေ လုပ်ပေးစရာ မလိုပါဘူး.."
"လိုတာပေါ့…အချစ် မလုပ်ရရင် ထွက်ပြေးချင်လိမ့်မယ်…အစကတော့ သူဌေး မိန်းမ သူဌေးမလေး လုပ်ပြီး ပိုက်ဆံတွေ သုံးဖြုံး ပစ်ချင်တာလေ…အခုတော့ ဦးလေးကြီးကိုတွေ့ပြီး အဲလို မလုပ်ချင်တော့ဘူး ….အချစ် က ဒီအိမ်ကို အလုပ်လုပ်ဖို့ ရောက်လာတဲ့ အလုပ်သမားဆိုတဲ့ အတွေးက ဒုက္ခိတ အဘိုးကြီး ရဲ့ မိန်းမ ဖြစ်နေတယ်ဆိုတဲ့ အတွေးထက် သက်သာတယ်လေ…"
အချစ် အားမနာတမ်း ပြောချလိုက်ပေမဲ့ ဒီအဘိုးကြီးက မျက်နှာ တစ်ချက် ပြောင်းမသွားပဲ ခေါင်းညိတ်နားထောင်နေသေးသည်..။
"…ဒါဖြင့် ဒီမှာ  အလုပ်လုပ်ဖို့ လာတာပေါ့လေ…ပန်းအချစ်ဦးရဲ့ အစီအစဉ်တွေက ကလေးဆန်တယ် မထင်ဘူးလား.."
"မထင်ပါဘူး…အချစ်က ကလေး ပဲလေ…လူကြီးမှ မဟုတ်တာ..တစ်ခါတလေ ကလေးတွေက အကွက်စေ့အောင် စဉ်းစားတက်တယ်…"
"ဟုတ်ပါပြီ…နောက်တော့ကော…"
"အချစ်က ဒီမှာ အလုပ်လုပ်မယ်…ဦးလေးကြီး ရဲ့ အလုပ် အကုန်လုပ်ပေးမယ်…ဦးလေးကြီးက အချစ်ကို လခ သုံးသိန်းပေးရမယ်…အဘိုးတို့ရဲ့ အမြင်မှာလည်း အချစ်က ဦးလေးကြီး အလုပ်တွေ လုပ်ပေးနေတော့ သံသယ မဖြစ်တော့ဘူးပေါ့…ဟုတ်တယ်မလား…အချစ်မှာ ပိုက်ဆံတွေ များလာရင် ဦးလေးကြီး ကို ထားခဲ့ပြီး ပြင်ဦးလွင်မှာ သွားနှပ်နေလိုက်မယ်…အားလုံး ပွဲသိမ်းပဲ…"
"ပန်းအချစ်ဦးက …မနက်ဖြန် လက်ထပ်ဖို့ မကြောက်ဘူးပေါ့…"
"အချစ်က မကြောက်တက်ဘူး…အဲ…သရဲတော့ကြောက်တာပေါ့လေ…"
"အဟွင်း…ဝိညာဉ် ရဲ့ ချစ်သူ ကို လက်ထပ်ရမှာလေ…ဒီ အစီအစဉ် အတိုင်း ဆက်သွားမယ် ဆိုပါတော့…ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်…မင်္ဂလာဧည့်ခံပွဲ တခမ်းတနား မလုပ်ရတာလည်း ဘယ်လိုမှ မအောက်မေ့ပါနဲ့ ရန်သူများသလို ဝှီးချဲနဲ့လည်း အဆင်မပြေလို့ပါ.."
"ရပါတယ်…ဒါပေမဲ့ မနက်ဖြန် လှလှပပလေး ပြင်မှာနော်…"
"ပန်းအချစ်ဦး သဘောပါပဲ.."
မျက်လုံးစုံမှိတ်ခေါင်းညိတ်ပြောတော့  ထင်သလောက် မဆိုးတဲ့ ဦးလေးကြီးကို အချစ် တစ်ချက် ပြုံးပြလိုက်သည်..။
ဒီလို အစီအစဉ်ကို လက်ခံကတည်းက ဒေါ်လေးတို့ထက် ပြောရဆိုရတာ ကောင်းသည်လေ..။
ဒီ ဦးလေးကြီးကိုသာ ပိုင်နေရင် အချစ် အတွက် ဒီမှာနေရတာ ပျော်စရာတွေ ဖြစ်လာမှာပေါ့…။
"ဟုတ်ပြီ…ဒါဆို မိတ်ဆက်မယ်လေ…အချစ်နာမည်က ပန်းအချစ်ဦး..အမေက ပန်းနု အဖေက တိုးတိုး လေးနှစ်သမီးမှာ အချစ်ရဲ့ အမေ ဆုံးသွားတယ်..အဖေက ဆယ်နှစ်သမီးမှာ အရက်ဆိုင်မှာ စကားများရင်း အသတ်ခံရတယ်…အဲနောက်တော့ မန္တလေးက ဖွားဖွားဆီမှာနေတယ်…ဖွားဖွားဆုံးတော့..ရွှေဘိုက သုံး၀မ်းကွဲ ဆွေမျိုး မကင်းတဲ့  ဆီစက်သဌေး အဒေါ်အိမ်မှာနေတယ်…ရှစ်တန်းကျတော့ မိုးကုတ်က အဒေါ် အရင်းဆီ ရောက်လာတယ်…အခု ဒီကို အလုပ်လုပ်ဖို့ရောက်လာတာပါ…"
"အင်း.."
"ဦးလေးကြီး ဆီမှာ အလုပ်လုပ်မှာမို့ စိတ်တိုင်းမကျရင် ပြောလို့ရပါတယ်..ဦးလေးကြီးက ငယ်ငယ်ကတည်းက ဒီမှာနေတာလား..…"
"ဘာဖြစ်လို့ ရွှေဘိုမှာ မနေတာလည်း.."
သူ့ အကြောင်းကျတော့ မပြောပဲ အချစ်အကြောင်းထပ် စပ်စုနေတော့ စိတ်ထဲ ကနေ ကောင်းကောင်း နှုတ်ခမ်းမဲ့နေပေမဲ့ အလိုက်အထိုက်ဖြင့်သာ…
"ကဲလို့…လက်မခံဘူးရှင့်…"
"ကဲလို့…."
"ဟုတ်တယ်…စွာတယ်…ရန်ဖြစ်လို့ရှင့်…"
"….."
အချစ် ခြောက်လိုက်တာ များသွားလို့လား မသိ …..အသံတွေ တိတ်ဆိတ်သွားချိန် အစီအစဉ်တွေ လက်မခံတော့မှာ စိုးရိမ်မိသည်..။
"ဟို..အချစ်က မဟုတ်မခံ စိတ်ပါ…"
"ရူပါ ပြန်တော့မယ် ထင်တယ်…"
"ဟင်…"
အချစ် ပြတင်းပေါက်ကို ကြည့်လိုက်တော့ အသည်းလေးက ခြံထဲမှာ အဖိုးကြီး တစ်ယောက်နဲ့ စကားပြောနေတာ လွယ်အိတ်လည်း လွယ်ထားသည်..။
"၀င်း က ဒီမှာ မနေဘူးလား.."
'အင်း..ဒါပေမဲ့ တစ်နေ့တစ်ခါတော့ လာပါတယ်…"
"လာလေ…အောက်ကို သွားမယ်.."
အချစ် မမှီလိုက်မှာ စိုးလို့ လက်က ဝှီးချဲကို လှည့်တွန်းပေမဲ့ မရွေ့ပဲ လုံး၀ ရပ်နေတာ ဘာဖြစ်လို့ပါလိမ့်..။
တစ်ခါမှ မတွန်းဖူးပေမဲ့ ဘီးတွေကို ငုံ့ကြည့်ခါ အပြစ်ရှာမိသည်..။
"တွန်းစရာမလိုပါဘူး…ကိုယ်တိုင်မောင်းလို့ရပါတယ်…လာလေ…သွားကြမယ်.."
အချစ်ကို ပြောပြီး ခလုတ်နှိပ်လိုက်တော့ ဝှီးချဲက ဝှစ်ခနဲ့ လှေကား အနားရောက်သွားပြီး အချစ်ကို ပြန်စောင့်နေရသည်..။
ခြေလှမ်းတွေ အပြေး တစ်ပိုင်းနဲ့  လှေကားကိုရောက်သွားပြီး တက်လာတုန်းက မှတ်ထားတဲ့ ခလုတ်ကို ခပ်ဖိဖိ နှိပ်နေမိသည်..။
"ရတယ်…သွားလိုက်ပါ…"
လှေကား က အထွက် အချစ်ကို ပြောပြီး ဝှီးချဲက အခန်းတွေဘက်ကို ကွေ့သွားတော့ အချစ် အပြေးတစ်ပိုင်း အိမ်ပြင်ကို ထွက်လာရသည်..။
"သြော်..ဆင်းလာပြီလား.."
"အင်း…အကိုကြီး ပြန်မလို့လား.."
"ဟုတ်တယ် … ကိုကိုက လူအေးပါ အကိုလည်း မနက်ဖြန် လက်ထပ်ပွဲကို လာဦးမှာပါ…"
"အင်း.."
အချစ် ငိုချင်လာလို့ မျက်တောင်ပုတ်ခတ် ရင်း ခေါင်းငုံထားပြီး ပိုက်ဆံကို သတိရတော့ ဘောင်းဘီ အိတ်ထဲက ထုတ်လိုက်မိသည်..။
"အကိုကြီး ဒီမှာ.."
"ဟာ..ယူထားပါ…မိုးကုတ်က ကျောက်ပွဲစားမလေးကို သတိရနေချင်လို့ပါ…"
အသည်းလေးရဲ့ ရယ်သံ မကင်းသည့် စကားကြောင့် အချစ်ရင်ထဲ အေးမြသွားခါ ငါးထောင်တန် ဆယ့်တစ်ရွက်ကို ဘောင်းဘီ အိတ်ထဲ ပြန်ထည့်ထားလိုက်သည်..။
"မနက်ဖြန် လာမယ်နော်…ကိုကို့ ဖူးစာ က အထူးဗျ သိလား ဦးလေးမြ…"
ခြံတံခါးနားမှာ အပင်စိုက်နေတဲ့ ဦးကြီးကို ပြောလိုက်တော့ အချစ် စိတ်အလိုမကျစွာဖြင့် နှုတ်ခမ်းစူချင်ချင် ဖြစ်သွားရသည်..။
အချစ်နဲ့ ဦးလေးကြီး တကယ် လက်မထပ်ဘူးဆိုတာ အသည်းလေး အထင်မလွဲအောင် ဖွင့်ပြောထားမှပါလေ…။
ဦးလေးကြီးက အချစ်ရဲ့ ဖူးစာရှင် မဟုတ်ပါဘူး…အသည်းလေးရယ်…။
.
"ဟို...ကျွန်တော့်ကို သူတွေ့တယ်ဆိုတာ ”
"အမလေး...အလကားပါ သားရယ်..အမြဲ စိတ်ကူးယဉ် တက်တဲ့ ကလေးမ...အဲ..ဖျားတုန်းကတော့ အဖိုးကြီး တစ်ယောက်ကို လမ်းပြနေတယ် အိပ်မက်တယ် ပြောတာပဲ...”
"သြော်...ဟုတ်ကဲ့”
"တူမလေးက ကလေးလိုပဲ သားရယ်.."
"ဟုတ်ကဲ့.."
"သူက ရဲတယ် ..အင်း ဆယ်ကျော်သက် ကလေးလိုပဲ ပေါ့ပေါ့တွေး ပေါ့ပေါ့နေတက်တယ်..…တဇွတ်ထိုးဆန်ပြီး သိပ်မစဉ်းစားတက်သေးဘူး..အန္တရယ် မမြင်ပဲ ရဲတင်းတာကို သတ္တိ ရှိတယ်လို့ တွေးနေတယ်လေ…စိတ်က လည်း မဟုတ်မခံ စိတ်ရှိတယ်..ဒါကြောင့် အဒေါ်ရဲ့ သား လေးယောက်စလုံး သူ ကို စောင့်ကြည့်နေရတာပါ…ဒါပေမဲ့ စိတ်ရင်း  က ကောင်းပြီး ကူညီတက်ရှာပါတယ်…မိဘ မရှိပေမဲ့ အဒေါ့်ရဲ့ သမီးလေး အရင်းလိုပါပဲ…ဒါကြောင့် ဇနီးတစ်ယောက် အနေနဲ့တော့ အဆင်ပြေဦးမှာ ..မဟုတ်ဘူး..သားရယ်..အမှားလုပ်ခဲ့ရင် ခွင့်လွှတ်ပေးပါလို့ ကြိုတောင်းပန်ပါရစေ…စကားနားမထောင်တာတို့ ဘာတို့ဆိုလည်း ဖုန်းဆက်ပါ အဒေါ်ကိုပဲ သူ နည်းနည်း ကြောက်တာ…သမီးလေးကို သားလက်ထဲကိုပဲ အပ်ခဲ့ပါရစေ…."
"ဟုတ်ကဲ့….အခြေအနေအရ လက်ထပ်ဖို့ လောလိုက်ရပေမဲ့ ဒီက ညီမလေး တစ်ယောက်လိုမျိုး စောင့်ရှောက်ပါမယ်…"
"ကျေးဇူးတင်ပါတယ်…"
ဒီကောင်မလေး ရဲတယ် ထက်တယ် ဆိုတာတော့ စကားနှစ်ခွန်းပြောလာကတည်းက သိနေပါပြီ..။
မိန်းကလေး တစ်ယောက်လို ရှက်ရွံအားငယ် စိုးရိမ်တက်တဲ့ စိတ်မရှိတာ သူ့မျက်နှာ မှာ အထင်းသားပေါ်နေသည်..။
ငယ်ရွယ်နုပျိုသူ တစ်ယောက် အနေနဲ့ ယောင်္ကျား တစ်ယောက်ရဲ့ အကြည့်ကို မလွဲတမ်း ဆိုက်ကြည့်နိုင်တာကလည်း..မဖြစ်စဖူး…ဒီပါတောင် ရင်ခုန် တုန်လှုပ် သွားရသည်လေ..။
"ကဲ…မိညှပ်ရေ ထမင်းစားရအောင်…သားလည်း လာလေ.."
"ဒီက နို့သောက်ထားလို့ မဆာသေးဘူး ဖေကြီး.."
'အေး..ဒါဆို လည်း ခြံထဲဆင်းချင်ရင် ဆင်းလေ အပြင်တော့မထွက်နဲ့…"
"ဟုတ်.."
ဖေကြီးတို့ ထမင်းစားခန်း ၀င်သွားတော့ ဒီပါ ပြတင်းပေါက်က တစ်ဆင့် ဘေးတိုက် အနေအထားကို ကြည့်နေရသည်..။
ရူပါ့ကို ပိုက်ဆံတွေ ပေးပြီး မယူတော့  ဘောင်းဘီ အိတ်ထဲ ထိုးသိပ်ထည့်နေပြန်သည်..။
ဆံပင် ဂုတ်ထောက်ကျော်ကျော်လေးကို စတက် ပုံစံ ညှပ်ထားပြီး ဒူးကျ ဘောင်းဘီ နဲ့ ရှပ် အကွက်တွဲ ၀တ်ထားတဲ့ ကောင်မလေး…။
သူ့ အရွယ် တချို့တွေ ကျောင်းတက်ဖို့ စီစဉ်နေကြပေမဲ့ သူကတော့ လူကြီးတွေ စီစဉ်တဲ့ အတိုင်း ယောင်္ကျားယူရတော့မည်…။
သူ့ဟာ့သူ သက်သာ သလို တွေးတက်တဲ့ စိတ်ကူးလေးကိုတော့ သဘောကျမိပါသည်..။
ဒီပါ သတိလစ်နေချိန် အမှောင်လမ်းတွေမှာ လျှောက်သွားရင်း လမ်းပျောက်နေလို့ လူက မောပန်း နှုံးချိနေရသည်..။
လမ်းမသိပဲ စမ်းတဝါးဝါး လျှောက်နေရတာ ထိုင်ချင်ပေမဲ့ ထိုင်လို့လည်း မရ…။
နားချင်လို့လည်း နားခွင့် မရှိပဲ လျှောက်သာနေရသည်..။
စိတ်ဆင်းရဲခြင်း များစွာနဲ့ မဆုံးသော လမ်းကို လျှောက်နေရချိန် ကောင်မလေး တစ်ယောက် မျက်နှာ အနား ကပ်ပေါ်လာသည်..။
စကားသံ ပလုံးဗထွေးတွေဖြင့် နောက်ဘက်ကို လက်ညိုးထိုးပြသည်..။
ဒီပါ သေချာ အာရုံစိုက်နားထောင်လိုက်တော့ နောက်ကို ပြန်လျှောက်ဖို့ ပြောနေသည်..။
နှုတ်က စကားတွေ အများကြီး ပြောချင် မေးချင်နေပေမဲ့ ထွက်လို့မရလို့ လက်ညိုးသာ ညွန်ပြနိုင်သည်..။
ဒါကို လက်မခံပဲ နောက်ကို ပဲ ပြန်လျှောက် ဖို့ ပြောနေတာ ဒီပါ လမ်းပြောင်းလိုက်ရသည်..။
သူပြောခဲ့တဲ့ လမ်း အတိုင်း ပြန်လျှောက်လာချိန် အလင်းရောင်တွေက တဖြည်းဖြည်း ပိုများ လာပြီး နောက်ဆုံး အလင်းက မျက်လုံးစူးလို့ မျက်တောင် ပုတ်ခတ်ခါ ပြန်ဖွင့်ကြည့်လိုက်ချိန် မျက်နှာကျက်ပေါ်က အလင်းရောင်..နောက်တော့ ဖေကြီးရဲ့ မျက်နှာကို မြင်ရသည်..။
အိမ်မက်က နိုးလာသည် ထင်ရပေမဲ့ ဒီပါ သတိလစ်နေတာ အတော်ကြာသည်တဲ့လေ..။
သူ့ကို စတွေ့ချိန် အိပ်မက်ထဲက မိန်းကလေးမို့ မယုံနိုင်ဖြစ်ရသည်..။
သူကလည်း ဒီပါ့ ကို တွေ့လို့ လမ်းပြခဲ့ရသည်တဲ့…။
၀ိညာဉ် အဖြစ်တွေ့တာလား..သူလည်း အိမ်မက်ပြီး တွေ့တာလား မသိပေမဲ့ အမှောင်ထဲမှာ မွန်းကြပ်နေရာက လွတ်မြောက်ခဲ့လို့ ကျေးဇူးတင်စရာတော့ကောင်းသည်..။
ထို တိုက်ဆိုင်မှုလေး တစ်ခုကပဲ သူနဲ့ ဒီပါ့ကို ရင်းနှီးစေသည်လေ..။
"ပန်းအချစ်ဦး.."
နာမည်ဆန်းဆန်းလေးကို ခပ်တိုးတိုး ရေရွှတ်ရင်း ဒီပါ အမှတ်မထင် ပြုံးမိခါ အပေါ်ပြန်တက်ဖို့ ခလုတ်တွေကို နှိပ်လိုက်ရသည်..။
အိပ်မက်ထဲက ကောင်မလေးကို အပြင်မှာ တွေ့လိုက်ရပြီး ကိုယ့်ရဲ့ မနက်ဖြန်တွေမှာ ပါ၀င်ပတ်သက်လာမဲ့ သူစိမ်းတစ်ယောက် ဖြစ်နေသည်..။
ပွင့်လင်း ဖြူစင်လွန်းသည့် ပန်းအချစ်ဦးဆိုတဲ့ မိန်းကလေး ပျော်ရွှင်ပါစေလို့ ဆန္ဒပြုရင်း မနက်ဖြန်အတွက် သူ သင်ပေးသလို ခပ်ပေါ့ပေါ့ပဲ တွေးထားလိုက်တော့သည်..။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧

ဖတ်ရတာ အဆင်မပြေတာ သိပါတယ်
နောက်တစ်ပုဒ် ကျ ကောင်းကောင်းရေးနိုင်အောင် ကြိုးစားပါမယ့်နော့ ❤💪📒

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ
Fb_SpicaLin
Wp _ @Spica_s

မုန်းပါနဲ့ဦးWhere stories live. Discover now