''ကိုယ်တို့ လမ်းခွဲကြစို့ ငယ်လေး...''
အသားညိုညို ပိန်ပိန်ပါးပါး ယောက်ျားဆန်သည့် မျက်နှာပုံကျသည့် ကောင်လေးက ဖြူဖြူစုပ်စုပ် စာကြမ်းပိုးရုပ်နှင့် ကောင်လေးကို လမ်းခွဲဖို့ ပြောနေသည်။
ဖြူစုပ်စုပ်ကောင်လေးက ခေါင်းပင်မဖော်နိုင်တော့ လက်နှစ်ဘက်ကို ပွတ်ချေနေပြီး သစ်ရွက်ခြောက်တွေကို ငုံ့ကြည့်နေသည်ဟု ထင်ရသည်။
''ပြောနေတာကြားရဲ့လား ငယ်ငယ်...''
''ဘာ...ဘာလို့ဆိုတဲ့ အကြောင်းပြချက် ငါသိခွင့်ရှိလား...''
''……………''
ငယ်လေးဆိုတဲ့ ကောင်လေးရဲ့အမေးကို အသားညိုညိုနှင့် ကောင်လေး ပြန်မဖြေနိုင်...
''ငါ...ငါတို့က ဆင်းရဲလို့မလား...Jongin...! နာမည်ကြီး တက္ကသိုလ်မှာ ကျောင်းမတက်နိုင်လို့လား...''
''ကိုယ့်စိတ်ထဲမှာ အဲ့ဒီလိုမရှိဘူးဆိုတာ မင်းသိတယ်မလား ငယ်ရယ်...! ကိုယ်မင်းကိုချစ်ခဲ့တာ မင်းဆိုတဲ့ ဖြစ်တည်မှုလေးကိုပါ... ပြီးတော့...ကိုယ် နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်''
''ငါနားလည်ပါတယ် Jonginရယ်... မင်းက အနာဂတ်မှာ Kim Groupရဲ့ အမွေဆက်ခံသူဖြစ်လာမဲ့သူပါ... ငါ့လိုလူနဲ့ တဘဝလုံးလက်တွဲသွားဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါနားလည်ပါတယ်...''
''ကိုယ်မင်းကိုတောင်းပန်ပါတယ် ငယ်ရယ်...''
''တစ်ဆိတ်...! ကျေးဇူးပြုပြီး ငါ့ကိုငယ်လို့ မခေါ်ပါနဲ့တော့...Kim Jongin...''
''ကိုယ်မင်းကို တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်...''
''မလိုပါဘူး...! ဘာလို့လည်းဆိုတော့... အဟင်း..! ငါကမင်းကိုဆွဲထားပြီး တွယ်ကပ်နေမှာ မဟုတ်လို့ပဲ...''
နှစ်ယောက်ကြား အေးစက်နေသည့် လေထုကြီးသာ ကြီးစိုးနေသည်။
''ကျန်းမာရေးဂရုစိုက်ပါ...! တနေ့နေ့တချိန်ချိန် ကိုယ်တို့နှစ်ယောက် ပြန်တွေ့တဲ့အခါ မိတ်ဆွေသူငယ်ချင်းအနေနဲ့ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ခေါ်ပြောပြီး နှုတ်ဆက်နိုင်ပါတယ်...Oh Sehun...''