FIRST LOVE(15)(Z+U)

3K 344 62
                                    

''မင်း...ကျုပ်နဲ့ လက်ထပ်ရလိမ့်မယ် Oh Sehun...''

''…………''

''မင်းဘယ်သူ့ကိုချစ်ချစ် ဘာတွေလုပ်လုပ် ဘယ်လိုပဲခံစားရ ခံစားရ...! နှစ်ပေါင်းများစွာ မင်းငါ့နံဘေးမှာ နေပေးရမယ်...! ကုန်ကုန်ကွာ မင်းရဲ့နောက်ဆုံးထွက်သက်တောင် ငါ့လက်ထဲမှာပဲ ကုန်ဆုံးရမယ်... ဘယ်လိုလဲ''

°~°~°~°~°~°~°~°~°~°~°~°~

|Ring...Ring...|

အလုပ်လုပ်နေရင်း စားပွဲပေါ်ချထားသည့် ဖုန်းမြည်လာသဖြင့် Jonginယူကြည့်လိုက်ပါသည်။

Screenပေါ်တွင် မြင်နေရသည့်နာမည်က

''ငယ်''

နာမည်လေးကြောင့် လုပ်လက်စအလုပ်ကိုပစ်လို့ ဆုံလည်ကုလားထိုင်မှထ အလုပ်စားပွဲကိုကျောပေးကာ ဖုန်းကိုင်လိုက်ပါသည်။

''ပြော..! သည်းငယ်...! ထူးထူးခြားခြား ကိုယ့်ဆီကို ဖုန်းတွေဘာတွေဆက်လို့ပါလား...''

|…………|

တစ်ဖက်က ဘာသံမှမကြားရပဲ တိတ်ဆိတ်နေဆဲ

''ဟေး...ငယ်လေး...! ပြောလေ...! ဧကန္တ! ကိုယ့်အသံကြားချင်လို့ ဖုန်းဆက်တာတော့ မဟုတ်ပါဘူးနော်...! အဟင်း...ဟင်း...! စ'တာပါ...!''

|မင်းကို ငါ့ချစ်သူနဲ့ မိတ်ဆက်ပေးချင်လို့ Kim Jongin...!|

''……………''

ဘာပြန်ပြောလို့ ပြောရလိုက်ရမှန်းမသိ သူ့ဘက်က အသင့်မပြင်ဆင်ထားမိ...

|ငါပြောတာ နားထောင်နေရဲ့လား Kim Jongin...|

''အာ___ကိုယ်ကြားပါတယ် ငယ်ရယ်...! ဆက်ပြောပါ...''

|အဲ့ဒါဆိုရင် ညနေအလုပ်ဆင်းတဲ့အချိန် ငါတို့တွေညစာအတူစားကြရအောင်...|

''ကိုယ်တစ်ယောက်တည်းလား...? ဒါမှမဟုတ် Baekhyunနဲ့လား...''

|သားBaekရော အတူခေါ်လာရင် ပိုကောင်းတာပေါ့...|

''Okလေ...!အဲ့ဒါဆို အချိန်နဲ့နေရာကို ကိုယ့်ဆီပြောလိုက် ကိုယ်လာခဲ့မယ်...''

|အဲ့ဒါဆို ဒါပဲ Kim Jongin...|

''အွန်း...! ကားကိုဂရုစိုက်ပြီး ဖြည်းဖြည်းမောင်းနော်...! ညမှတွေ့မယ်....''

First Love(completed)Where stories live. Discover now