''မင်း...မင်း...သားBaekနဲ့ပြန်တွဲမယ်ဆို မင်းလိုချင်တာ ငါပေးမယ်''
''အဟင်း~~~''
Kim Jonginက ဘာမှပြန်မပြောပဲ ခပ်မဲ့မဲ့ပြုံးကာ ကားပေါ်တက်သွားခဲ့ပါသည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~
မနက်မိုးမလင်းခင်ကတည်းက သားBaekရဲ့ ပျော်ရွှင်မြူးနေတဲ့ အသံတစာစာကို အိပ်ယာထဲမှ ကြားနေရပါသည်။
''အဟား...ဟား...ဟား...ဟား...''
''အဟင်း...ဟင်း...ဟင်း....ဟင်း... မဟုတ်ပါဘူး ဖွားရဲ့...''
''ဟုတ်ပါဘူး Ommaကလဲ...အဟင်း...ဟင်း...ဟင်း...ဟင်း.... အဲ့လိုမဟုတ်ပါဘူး...''
''Appa...! ကောင်းကောင်းသွားပါ''
မဖွင့်နိုင်သေးသည့် သူ့မျက်လုံးကိုအားတင်းဖွင့်လိုက်ပြီး ခေါင်းအုံးနံဘေးမှာချထားတဲ့ ဖုန်းမှနာရီကို ကြည့်လိုက်သည်။
ံနံနက် ရှစ်နာရီထိုးတော့မည်။
ဒီနေ့လည်း အိပ်ယာထနောက်ကျသွားသဖြင့် အလုပ်ကို ကမန်းကတန်းပြေးသွားရဦးမည်။
အိပ်ယာထဲမှ လူးလဲထလိုက်ပြီး သန့်ရှင်းရေးလုပ်ရန် ရေချိုးခန်းထဲဝင်လာခဲ့ပါသည်။
°~°~°~°~°~°~°~°~°~°~°~°~°~
''Mornee လေးငယ်...! ဒီနေ့ လေးငယ်အိပ်ယာထနောက်ကျသွားပြီထင်တယ်... ဒီမှာ ကျွန်တော်မနက်စာပြင်ထားပေးတယ်...''
''Morneeသားရေ... လေးငယ်နောက်ကျနေလို့ မစားတော့ဘူး! သားဖွားဖွားရော...''
''Ommaနဲ့ဖွား... အခုလေးတင်ပဲ အပြင်ထွက်သွားကြတယ်...! ဘိုးဘွားကန်တော့ပွဲအတွက် လိုအပ်တာတွေ သွားဝယ်ကြမလို့တဲ့...!''
''သြော်...အဲ့ဒါဆို လေးငယ်သွားပြီနော်...သား!''
''ဟုတ်! ဖြည်းဖြည်းသွား လေးငယ်...! အာ____လေးငယ်ကို ဝမ်းသာစရာပြောရဦးမယ်...! ဒီမနက် ကျွန်တော့ဆီဦးဖုန်းဆက်တယ်... သူဂျပန်သွားမလို့တဲ့ ပြန်လာရင် ကျွန်တော့အတွက် ဘာလက်ဆောင်ဝယ်လာခဲ့ရမလဲလို့ လှမ်းမေးတာ...''
မနက်စောစော ဒီကလေးအသံတစာစာဖြစ်နေရတဲ့အကြောင်းအရင်းက Kim Jonginကြောင့်ဖြစ်နေတာကိုး...