''ငါမမူးပါဘူးဆို... ဒီမှာကြည့် ကိုယ့်ဟာကိုယ် လမ်းလျှောက်လို့ရပါတယ်...''
အမူးပါးလေးက မူးသာမူးနေသည် အခန်းထဲသူလိုက်ဝင်မှာ တော်တော်ကြောက်နေသည့်ပုံနှင့် တံခါးကိုမှီပြီး လူရှိန်အောင် ဟိတ်ဟန်ထုတ်ပြနေပါသည်။
''သေချာလို့လား Sehun...! မင်းအရမ်းမူးနေတယ်...''
''ရဒယ်....ရဒယ်... ဘားမှမဖြစ်ပူး.... အားလုံးအိုခေ...It's Ok...''
''ပြီးရောလေ အဲ့ဒါဆိုလည်း ငါသွားပြီ...''
အမူးပါးကို အခန်းရှေ့မှာထားခဲ့ပြီး ကျောခိုင်းလိုက်သည်နှင့်
''ဝုန်း....ဒုန်း....''
°~°~°~°~°~°~°~°~°~°~°~°~°~°~
အခန်းတံခါးကို ကဒ်သော့နှင့် ဖွင့်လိုက်ပြီးနောက် အခန်းရှေ့တွင် ကလန်ကလား ပုံဆိုးပန်းဆိုးနှင့် လဲကျနေသော Oh Sehunကို ပွေ့ချီလိုက်ပြီး အခန်းထဲရှိ ကုတင်ပေါ်တွင် တင်ပေးလိုက်ပါသ်။
''Ommaရေ....Omma...... အီး....ဟီး....ဟီး.....''
သိသည်...သိသည်... မူးရင် ဒီလိုသွေးဆိုးပြိး လျှောက်အော်တတ်မှန်း သူသိသည်။
မကြာမှီလာလိမ့်မည်။
မုန့်စားချင်တာတို့... အီးပါချင်တာတို့....
''သားBaek....သားBaekလေး....! လေးငယ် အီအီးပါချင်လို့....''
''မူးနေရင်အိပ်တော့ Sehun...! ဒါမင်းတို့အိမ်မှာမဟုတ်ဘူး..''
''ဘယ်သူလဲ...! ငါ့ကို လာလျှာရှည်နေတာ ဘယ်သူလဲ...! အာ____သစ္စာသမားကြီး...Kim Jonginပါလား... အဟိး... ငါ့တူလေး Kim Jongin....''
Oh Sehunပါးစပ်က ငါ့တူလေးလို့ခေါ်လိုက်တဲ့နာမ်စားကိုမကြိုက် ထို့ကြောင့်...
''အိပ်တော့ Sehun ငါပြန်တော့မယ်....''
''နေပါဦး... ငါအိးပါချင်လို့ပါဆို... ငါ့ကို တွိုင်းလက်ထဲ လိုက်ပို့ပေးပါဦး...''
ယိုင်းထိုးယိုင်ခွေဖြင့် ဝတ်ထားသည့် ဂျင်းဘောင်းဘီကို မရမက ဆွဲချွတ်လိုက်ပြီးနောက်
''အန်ချင်ဒယ်... အန်ချင်ဒယ်...''
''ဟေး...ဟေး.... ခဏထိန်းထားဦး ငါရေချိုးခန်းထဲလိုက်ပို့ပေး....''