အယောင်ယောင်အမှားမှားဖြင့် ဘေးဘက်ကိုစောင်းလို့ လှည့်ကြည့်မိတော့... Kim Jonginကလည်း သူ့ကို ငုံ့ကြည့်နေသဖြင့် အကြည့်ချင်းဆုံသွားခဲ့သည်။
''ကိုယ်မင်းကိုနမ်းချင်တယ်... နမ်းလို့ရလားငယ်...''
နားနားကပ် တိုးရှရှတောင်းဆိုခွင့်တောင်းနေတဲ့ Kim Jonginကြောင့် သူ့ရင်ခုန်သံတွေ အဆမတန်ခုန်လှုပ်နေသည်။
''ငါ...ငါ ကော်ဖီသွားဖျော်ဦးမယ်... ဖယ်ဦး...''
အကျဉ်းအကြပ်ထဲက အတင်းရုန်းလိုက်ပြီး ထိုင်ရာမှထ ရုံးခန်းပြင်သို့ ထွက်ခဲ့ပါတော့သည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
ကော်ဖီပူခါးခါးကို အာမထိလျှာမထိ မျိုချလိုက်တော့ ဗရမ်းဗတာဖြစ်နေသည့် သူ့ရင်ခုန်သံတို့ ငြိမ်ကျသွားခဲ့ပါသည်။
Kim Jonginရဲ့ မြူဆွယ်နေပုံနဲ့ သူ့ရဲ့ယိုင်ယဲ့ယဲ့ဖြစ်ပြီး တိမ်းညွှတ်ချင်နေသည့် နှလုံးသားလေးက ကြာရင်မလွယ်ခက်တော့မည်။
အရာအားလုံး မလွန်ခင် သူ့စိတ်သူထိန်းဖို့ လိုနေပြီ...
ကော်ဖီခွက်လေးကိုချ ဖုန်းထဲမှနံပတ်တစ်ခုကိုနှိပ်လိုက်ပါသည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~°~
ရုံးခန်းထဲမှာရှိသည့် သူ့ရဲ့ပစ္စည်းပစ္စယများကို ပုံးလေးထဲသို့ တစ်ခုမကျန် ထည့်သိမ်းလိုက်ပါသည်။
Projectအတွက် လိုအပ်သည်များကို ကုမ္ပဏီမှာပဲ ဆက်လုပ်ချင်သည်ဟု မနေ့က သူဌေးကိုဖုန်းဆက်ခွင့်တောင်းလိုက်တော့ သူဌေးက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးပါသည်။
အဲ့ဒီလို သူဌေးဆီက ခွင့်ရပြီဆိုတော့ Kim Groupမှာ တစ်မိနစ် တစ်စက္ကန့်လေးမှ ဆက်မနေလိုတော့၍ သူ့ပိုင်ပစ္စည်းများကို သိမ်းနေခြင်းဖြစ်ပါသည်။
''Oh Sehun! Oh Sehun..!!''
ရုတ်တရက် ရုံးခန်းတံခါးကို အကြမ်းပတမ်းဆွဲဖွင့်ခြင်း ခံလိုက်ရပြီး သူ့စားပွဲအရှေ့သို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတဲ့ Kim Jongin...
မျက်နှာတစ်ပြင်လုံးနီရဲနေပြီး လည်ပင်းကြောကြီးတွေ ထောင်ထနေသည်။