မနက်စောစောစီးစီး သူ့ကိုထန်ချင်တိုင်းထန်ပြီးသည့်နောက် Kim Jonginက ပြန်လည်အိပ်ပျော်သွားခဲ့သည်။
သူ့မှာသာ ခါးမှာဖက်ထားတဲ့ Kim Jonginရဲ့လက်ကိုဖြုတ်ကာ အိပ်ယာထဲမှထလိုက်သည်။
လန်းဆန်းသွားအောင် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးနောက် တီရှပ်အင်္ကျီခပ်ပွပွနှင့် ချည်သားဘောင်းဘီရှည် အပွကြီးကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ကာ နံနက်စာပြင်ဆင်ရန် မီးဖိုခန်းထဲဝင်လာခဲ့ပါသည်။
°~°~°~°~°~°~°~~°~°~°~°~°~°~
''မွှေးနေတာပဲငယ်ရယ်... ဘာတွေချက်နေတာလဲ...''
အသံနှင့်အတူ ယောက်ျားဆန်သည့် ချွေးနံ့ပြင်းပြင်းက သူ့နှာခေါင်းထဲ တိုးဝင်လာသည်။ တစ်ပြိုင်နက်တည်းမှာလည်း သူ့တစ်ကိုယ်လုံးက နွေးထွေးသည့် ရင်ခွင်၌ ထွေးပွေ့ထားခြင်း ခံလိုက်ရပါသည်။
''ဖယ်စမ်းပါ...Kim Jonginရာ! ငါတို့နှစ်ယောက်စားဖို့ မနက်စာစားဖို့ ပြင်နေတယ်လေ...! မျက်နှာလည်းမသစ်ရသေးဘူးမလား...! ညစ်ပတ်လိုက်တာ...! သွား..! သွား...! ရေမြန်မြန်ချိုးပြီး ဆင်းလာခဲ့...''
ခါးမှာဖက်ထားသည့်လက်ကိုဖြုတ်ချပြီး မီးဖိုခန်းထဲမှ ထွက်သွားဖို့ မောင်းထုတ်သည်။
''ကိုယ့်မိန်းမကလည်းကွာ...! အဲ့လောက်ကြီး သူစိမ်းမဆန်ပါနဲ့..! ဒါက ကြက်ဥလိတ်လား စားကောင်းမဲ့ပုံ...!!!အ့! အဟွန့်!! နာတယ် မိန်းမရဲ့...! ဘာလို့ ကိုယ့်လက်ကိုတူနဲ့ခေါက်တာလဲ...''
''ညစ်တီးညစ်ပတ်နဲ့ ငါမကြိုက်ဘူးလို့ ပြောထားတယ်လေ...! မင်းကဘာဖြစ်လို့ မျက်နှာမသစ်သေးပဲ ငါချက်ထားတာတွေကိုနှိုက်စားဖို့လုပ်နေတာလဲ...''
''အကျင့်ပုတ်!!''
ကလေးတစ်ယောက်လို နှုတ်ခမ်းစူပြီး စိတ်အလိုမကျဟန် လုပ်နေသည့် Kim Jonginက သူ့ကိုယ်သူ ကလေးသူငယ်လေးဟုများ အထင်မှားနေလားမသိ
''သွား...လို့...ငါပြောနေတယ်လေ Kim Jongin...''
''ငယ်က ကိုယ့်ကိုမချစ်ဖူးလား...? ဟွန်?''
''ကဲ...! ငါဗိုက်ဆာနေပြီလို့...Kim Jongin! မြန်မြန်မျက်နှာသစ်ပါ...! မဟုတ်ရင် ငါစားနှင့်လိုက်ရမလား...''