''ဘာလို့လဲ...! ရုတ်တရက်ကြီး မင်းရဲ့မင်္ဂလာပွဲကိုဖျက်ပြီး ငါ့ကိုဒီခေါ်လာရတဲ့အကြောင်းရင်းက ဘာလဲ??? ဘာကြောင့်လဲ!! ဖြေလေ Kim Jongin...! ဘာလို့လဲ..! ဘာလို့လဲ!!!! အရူးရဲ့!!!''
''စိတ်လျော့ပါ ငယ်ရယ်...! ကိုယ်တောင်းပန်ပါတယ်...! မင်းအရမ်းပင်ပန်းနေပါပြီ... စိတ်ကိုလျော့လိုက်ပါနော်... ကိုယ်မှားပါတယ်... ငယ့်ကို ကိုယ်တောင်းပန်ပါတယ်... ငယ်နေမကောင်းဘူးလေ...! မငိုပါနဲ့သည်းငယ်ရယ်...ကိုယ်တောင်းပန်ပါတယ်... ကိုယ်တောင်းပန်ပါတယ် ငယ်...''
စိတ်ရှိတိုင်း သူ့ကို အော်ဟစ်ထုရိုက်သောင်းကျန်း ရှိုက်ငိုနေသည့် ငယ့်ရဲ့ကိုယ်လေးကို ရင်ခွင်ထဲအတင်းဆွဲဖက်ပြီး နှစ်သိမ့်ပေးနေမိသည်။
ငယ်က အစပိုင်းမှာ ရုန်းရင်းဆန်ခတ်လုပ်ပေမဲ့ နောက်ပိုင်းတော့ သူ့ရဲ့အတင်းအကြပ်ဖက်ထားမှုကြောင့် အားမတန်မာန်လျှော့လိုက်၍ထင် ငြိမ်ကျသွားကာ ချုံးပွဲချ ရှိုက်ငိုနေခဲ့ပါတော့သည်။
နောက်ထပ် နောက်ထပ် မင်းရဲ့မျက်ရည်တွေ မကျရစေရတော့ပါဘူး ငယ်ရယ်...
မကျစေရတော့ပါဘူး...ကိုယ် ကတိပေးပါတယ်... ကိုယ့်သည်းငယ်ရယ်...
°~°~°~°~°~°~°~°~°~°~°~°~°~°~
အောက်ဆီဂျင် ပိုက်တပ်ပြီး အသက်လုရှူနေရသည့်Ommaက သူရောက်လာသည်ကိုပင် မသိနိုင်တော့...
''ဘယ်...ဘယ်လိုဖြစ်တာလဲ မမ! Omma...Omma...''
''နင်တို့မျက်နှာ ငါမကြည့်ချင်ဘူး Oh Sehun!! အေး...! အဲ့ဒီလိုပဲ အမေလည်း နင့်မျက်နှာကိုကြည့်ချင်မှာမဟုတ်ဘူးလို့ ငါထင်တယ်...! နင်တို့ပြန်ကြပါတော့...''
အပြင်ဘက်မှာ ရေခပ်ပြီး ပြန်လာသည့် အစ်မဖြစ်သူက သူတို့ကိုတွေ့သည်နှင့် တူးတူးခါးခါးမောင်းထုတ်ပါသည်။
''မဟုတ်ဘူး...! ငါတောင်းပန်ပါတယ်... ငါရှင်းပြ''
''သွားပါတော့...! ငါတို့မိသားစုကို ဘယ်တော့မှ မဆက်သွယ်ပါနဲ့တော့...! နင့်ဘဝနဲ့နင် ပျော်သလိုနေတော့ Oh Sehun...''
''နင်တို့ထင်သလိုမဟုတ်...''
''နင့်ကိုသွားတော့လို့ ငါပြောနေတယ်လေ...! နင်ရော နင့်ကောင်ရော ငါတို့မိသားစုနဲ့ ဘယ်တော့မှ လာမပတ်သက်ပါနဲ့... အခုချက်ချင်းနင်တို့ထွက်မသွားရင် ငါဆေးရုံရဲ့လုံခြုံရေးကိုခေါ်ရလိမ့်မယ်...''