ကြက်သွေးရင့်ရောင် အနောက်တိုင်းsuitနှင့် အလိုက်ဖက်ကြီးလိုက်ဖက်နေတဲ့ Kim Jonginက သားBaekရဲ့ မျက်နှာလေးကိုကြည့်ပြီး အကြင်နာစကားတွေ တဖွဖွပြောနေသည်။
နားထောင်ရင်း နားထောင်ရင်း သူ့နားတွေအူလာသည်။
မျက်လုံးအကြည့်တွေ ဝေဝါးမူးနောက်လာပြီးချိန်မှာတော့...
°~°~°~°~°~°~°~°~°~°~°~
သူ့အရှေ့မှာ လဲကျသွားသည့် ငယ့်ရဲ့ကိုယ်လေး...
ဖြစ်သင့်၏ လုပ်သင့်၏လို့ မတွေးမိဘဲ အလျင်အမြန် ထွေးပွေ့လိုက်မိပါသည်။
''ငယ်...! ငယ်...! သတိထားဦးလေ....''
သတိလစ်နေသည့်ငယ်က မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သလို ပြာနှမ်းပြာဟောက်သွားကာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေသည်။
ဘာမှမတွေးနိုင်တော့ ငယ့်တစ်ကိုယ်လုံးကို သိမ်းပွေ့လိုက်ကာ အပေါ်ထပ်မှ ဆင်းလာခဲ့ပါသည်။
နောက်မှာ လိုက်အော် လိုက်ပြောနေတဲ့လူတွေလည်းရှိသည်။
နားထဲ၌ မည်သည့်စကားမှမဝင် အတွေးထဲမှာရှိနေတာ သူ့ရဲ့ငယ်လေး တစ်ခုခုဖြစ်သွားမှာ စိုးရိမ်စိတ်တစ်ခုတည်း...
''ဦး...! ဦး...! သတိထားပါဦး...! မင်္ဂအချိန်က မိနစ်နှစ်တယ်လောက်ပဲလိုတော့တယ်...! ဖွားဖွားနဲ့ Appaက လေးငယ်ကို ဆေးရုံလိုက်ပို့လိုက်မယ်ပြောတယ်...! ဦး...သတိဝင်ပါဦး...''
ဟိုတယ်ရှေ့တွင် အသင့်စောင့်နေသည့် သူ့ကားပေါ်သို့ ငယ့်ကို ပွေ့တင်လိုက်ပြီးနောက် ကိုယ်တိုင်လည်းငယ့်နံဘေး၌ ကပ်ထိုင်လိုက်ပါသည်။
''ဘာမှမေးမနေနဲ့! အနီးဆုံး ဆေးရုံကိုမောင်း...''
°~°~°~°~°~°~°~°~°~°~
တာဝန်ကျဆရာဝန်ကြီးက အသေးစိတ်ကြည့်ရှုစစ်ဆေးပေးပြီး
''ဘာမှစိတ်မပူပါနဲ့ လူနာက အားပြတ်သွားတာပါ...အခုအားဆေးထိုးပေးထားလို့ စိတ်ချရပါပြီ...''
''ကျေး...ကျေးဇူးတင်ပါတယ် ဒေါက်တာ...''
''ခင်များက လူနာရဲ့ အုပ်ထိန်းသူလား...''