''ငယ်...မင်းဘာဖြစ်နေတာလဲ...! Kyokoက လျို့ဝှက်ထားပေးပါ့မယ်လို့ ပြောနေပြီလေ...! ကိုယ့်ကို သူစိမ်းမဆန်ပါနဲ့တော့...! ဒီအဆောက်အအုံရဲ့ ကြိုက်တဲ့နေရာမှာ မင်းရုံးခန်းလုပ်လို့ရတယ် Kyoko...''
''ကောင်းပါပြီ...! ပျော်ရွင်ရတဲ့နေ့လေးဖြစ်ပါစေ Mr.Kimနဲ့ Oh Sehun shi... ကျွန်မသွားပြီ...''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
ရှက်စိတ် ခံပြင်းစိတ်တို့ကြောင့် Sehunတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ ပူထူမွှန်ထူနေသည်။
ရုံးခန်းထဲမှ Kyokoထွက်သွားသည်နှင့် သူ့ကို အရုပ်တစ်ရုပ်လို ဆော့ကစားနေတဲ့ Kim Jonginအား ရင်ဘတ်မှ ဆောင့်တွန်းပစ်လိုက်သဖြင့် ဟန်ချက်ပျက်ကာ ယိုင်သွားပါသည်။
''မင်းကသိပ်ရွံဖို့ကောင်းတယ် Kim Jongin...! ငါမင်းကိုစိတ်ပျက်သွားပြီ...''
ဘာစကားမှ ဆက်မပြောချင်တော့သည်မို့ ရုံးခန်းမှ ထွက်လာခဲ့ပါတော့သည်။
°~°~°~°~°~°~°~°~°~°~°~°~°~
''ငယ်ရယ်....''
သူ့မျက်နှာကို စိမ်းစိမ်းကြည့်ပြီး ပြောသွားတဲ့ ငယ်ရဲ့စကားတွေက သူနဲ့ငယ် ပတ်သက်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ တင်းမာခက်ထန်လွန်းလှပါသည်။
အမှန်အတိုင်းဝန်ခံရရင် သူ့စိတ်ထဲမှာ ဟိုမိန်းကလေးကို ငယ့်နံဘေးကနေ ထွက်သွားစေချင်တဲ့ ဆန္ဒသက်သက်ပဲရှိခဲ့တာပါ...
အခုတော့ ငယ်ကသူ့ကိုရွံသည်မုန်းသည်တဲ့...
''ဟူး.....''
လုပ်နေတဲ့အလုပ်ကိုချ အညောင်းဆန့်ပြီး လက်မှနာရီကိုကြည့်လိုက်တော့ နေ့လယ်စာစားချိန်ပင် ကျော်နေပြီ...
''သူဌေး နေ့လယ်စာစားဖို့ ပြင်ထားပြီ...''
သူ့ကို ထမင်းစားဖို့ လာခေါ်တဲ့ အတွင်းရေးမှူးကို ခေါင်းညိတ်ပြလိုက်ပြီး
''ဒါနဲ့ ငယ်ရောစားသွားပြီလား...''
''ဘယ်သူ? သူဌေး...''
''ViVi Groupရဲ့ ကိုယ်စားလှယ် Oh Sehunကိုပြောတာပါ...''
''အာ___ခုနက ခေါင်မိုးပေါ်တက်သွားတာတွေ့တယ်...''