Kim Jonginက သူ့အနားဇွတ်ကပ်လာပြီး သူ့ကိုထိုင်ခုံပေါ် လှဲချကာ ရုန်းမရအောင် အပေါ်မှတက်ဖိထားပါသည်။''မင်း...မင်း...ဘာလုပ်တာလဲ Kim Jongin...! ဖယ်စမ်း...''
''လွမ်းလိုက်တာ ငယ်ရယ်....''
''ဖယ်လို့ ငါပြောနေတယ်လေ... Kim Jongin...''
ကိုယ်ပေါ်မှာဖိထားတဲ့ Kim Jonginကို တွန်းချလိုက်ပြီး ဒေါသတကြီး ထိုင်ရာမှမတ်တပ်ရပ်လိုက်ပါသည်။
''မင်းဘာဖြစ်နေတာလဲ...! ဘာဖြစ်ချင်နေတာလဲ Kim Jongin...''
ဒေါသစိတ်ကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။
''ဟေး....စိတ်လျော့...စိတ်လျော့ငယ်...! Sorry..! Sorry.... ကိုယ်က ဒီအတိုင်း မင်းကို စ'လိုက်တာပါ...''
သူ့အခြေအနေကို ရိပ်စားမိသွားတဲ့ Kim Jonginက လက်နှစ်ဘက်ကိုမြောက်ပြီး နောက်ဆုတ်ပေးသည်။
''ပြော...ပြော...! ငယ်ကိုယ့်ကိုလာတွေ့တာ...! ကိုယ်ဘာကူညီရမလဲ...''
''ငါလက်ထပ်တော့မယ်...''
''……………''
''နောက်တစ်ပတ် တနင်္ဂနွေနေ့ ငါလက်ထပ်တော့မယ်...''
''ဘာလို့လဲ...''
''………………''
''ဘာလို့လဲ..! ဘာလို့ရုတ်တရက်ကြီးလဲ ငယ်ရယ်...! ဟွန်?''
''ငါ့ဘဝအတွက် အကောင်းဆုံးဖြစ်မဲ့အရာကို ငါရွေးခြယ်တာ အကြောင်းပြချက်လိုသေးလား Kim Jongin...တကယ်လို့ အကြောင်းပြချက်ပေးခဲ့ဲ့ရင်တောင် ငါအကြောင်းပြချက်ပေးရမဲ့သူက မင်းဘယ်တော့မှဖြစ်မှာမဟုတ်ဘူး..!''
''အဟက်! မင်းကငါ့အနားက အဲ့ဒီလောက်ထွက်သွားချင်နေတာလား...! ငါနဲ့ တော်တော်သူစိမ်းဖြစ်ချင်နေတာလား ဟုတ်လား? ငါ့ကို အဲ့ဒီလောက်မုန်းနေတာလား Oh Sehun...''
''……………''
သူ့ပခုံးကို ကိုင်ဆောင့်ပြီးမေးနေတဲ့ Kim Jonginက သူ့ကို အားမလိုအားမရဖြစ်နေတဲ့ပုံပင်...
''ဖြေစမ်းပါငယ်ရယ်...! ငါ့အနားက မင်းထွက်သွားချင်တာ သူစိမ်းဖြစ်ချင်တာက Baekhyunနာကျင်မှာ စိုးရိမ်နေတာမလား...''