ဦး..က လေးငယ်ကို ပွေ့ခေါ်သွားပြီးနောက် အချိန်တွေကုန်လာခဲ့သည်။
သတို့သားတစ်ယောက်တည်းကျန်ခဲ့သည့် မင်္ဂလာပွဲက ကြိုးတန်းပေါ်လမ်းလျှောက်နေရသည့်နှယ် ဘယ်အချိန်ပြုတ်ကျသွားမလဲဆိုသည့်စိတ်နဲ့ ရင်တထိတ်ထိတ်
မင်္ဂလာပွဲအတွက်စိတ်ပူတာရော လေးငယ်ရဲ့ကျန်းမာရေးအတွက် စိတ်ပူနေတာတွေရောက သူ့ရဲ့စိတ်ကိုတလှည့်စီဖိစီးနေကြသည်။
Appaနဲ့Ommaကလည်း ဖင်တကြွကြွတမျှော်မျှော်... ဖွားဖွားကလည်း တံခါးပေါက်ဆီတကြည့်ကြည့်ဖြင့် မျက်စိမျက်နှာတွေပျက်နေကြသည်။
''မြေးBaekရယ်...မင်းရဲ့လေးငယ်ကို ဖုန်းဆက်ကြည့်ပါဦး...! သားမက်Kimက ဘယ်ဆေးရုံကိုခေါ်သွားတာတဲ့လဲ...''
''အရေးပေါ်ဖြစ်သွားတာဆိုတော့ သားလည်းဘာမှမေးချိန်မရလိုက်ဘူး...! အရမ်းလည်း စိတ်မပူပါနဲ့ ဖွားဖွားရယ်...! တခုခုထူးခြားရင် ဦး..ဖုန်းဆက်မှာပါ...! ကျွန်တော်လည်း လေးငယ်တို့ကို ကြိုးစားဆက်သွယ်နေပါတယ်...''
ဦးရဲ့ဖုန်းကိုခေါ်နေပေမဲ့ ဖုန်းမကိုင် ထို့အတူလေးငယ်ရဲ့ဖုန်းကိုဆက်တော့လည်း ခေါ်လို့မရ
ဧည့်သည်တွေကလည်း အခြေအနေမကောင်းမှန်းသိ၍ထင်လနှုတ်ဆက်၍ အလျိုလျိုထပြန်နေကြသည်။
Ring..Ring...
မျှော်နေတဲ့အချိန် ဦးဆီကဖုန်းမြည်လာသဖြင့် သူအလျင်စလို ကိုင်လိုက်ပါတော့သည်။
''ဟဲလို...! ဦး...! အခုဘယ်မှာလဲ...? လေးငယ်ရော အခြေအနေ ဘယ်လိုနေလဲ''
''Sehunရဲ့အခြေအနေက စိတ်ချရပါပြီ... စိတ်ပူစရာမရှိတော့ပါဘူး..!''
''တော်သေးတာပေါ့...! ကျွန်တော်တို့တွေအကုန် စိတ်ပူနေကြတာ...! မင်္ဂလာပွဲအချိန်က တစ်နာရီလောက်လိုသေးတယ်ဆိုတော့...''
''ကိုယ်စိတ်မကောင်းပါဘူး Baekhyun...! ကိုယ်တို့ရဲ့မင်္ဂလာပွဲကို ကိုယ့်ဘက်ကဖျက်လိုက်ပြီ...ကိုယ့်ရဲ့ရှေ့နေ ဆက်သွယ်လာပါလိမ့်မယ်! လူကြီးတွေကိုလည်း ကိုယ်ကတောင်းပန်ပါတယ်လို့ပြောပေးပါ...''
''ဘာ...ဘာလို့လဲ ဦး...! ဘာကြောင့်လဲ''
''အခုလောလောဆယ်တော့ မင်းရဲ့လေးငယ်ကို ဆေးရုံကဆင်းတာနဲ့ ကိုယ့်အိမ်ကိုခေါ်သွားရမယ်...! အားလုံးအေးဆေးသွားပြီဆိုမှ အားလုံးကိုရှင်းပြတောင်းပန်ဖို့ ကိုယ်နဲ့Sehunလာခဲ့ပါ့မယ်...''