''ချော့...!''
''……………''
''ချော့လို့....''
''……………''
''ငယ်....! ကိုယ့်ကိုချော့လို့.....''
ကလေးဂျီကျသလို ချွဲနွဲ့ဖို့ ကြိုးစားနေတဲ့ Kim Jonginရဲ့စကားများကို မကြားယောင်ပြုကာ သူ ထမင်းကိုသာ ဆက်စားနေလိုက်ပါသည်။
°~°~°~°~°~°~°~°~°~°~°~°~
စားသောက်ပြီးစီးသွားတဲ့အထိ Kim Jonginကိုမကြည့် အကြည့်ခြင်းအဆုံမခံ
လုပ်စရာရှိသည်များကိုသာ တိတ်တဆိတ် လုပ်ကိုင်နေလိုက်သည်။
''ငယ်အရမ်းဆိုးတယ်ကွာ...''
ပိုင်စိုးပိုင်နင်း လုပ်လွန်းလှသည့် Kim Jonginရဲ့လက်ထဲမှာပင် သူ့ခန္ဓာကိုယ်က နေသားကျဖြစ်နေပြန်သည်။
ပန်းကန်ဆေးနေတဲ့သူ့ရဲ့ခါးကို အနောက်မှလာဖက်ပြီး ပခုံးစွန်ပေါ် မေးတင်ကာ အပြစ်တင်သလို ပြောနေပြန်သည်။
''ငယ်က ကိုယ့်ကို ချော့ချင်ဘူးလား...ဟွန်?''
''ငါမှ မင်းအပေါ် မှားထားတာမရှိဘဲ…''
''ဟွန့်…! ငယ်က ကိုယ့်လက်ကို တူနဲ့ခေါက်တယ်လေ...! ပြီးတော့ ကိုယ့်ကိုလည်း မောင်းထုတ်တယ်…!''
''အဲ့ဒါက မင်းကညစ်ပတ်လို့လေ...! မျက်နှာမသစ်ပဲ ငါချက်ထားတာတွေ နှိုက်စားတာကိုး… ပြီးတော့ တူနဲ့ခေါက်တယ်ဆိုတာကလည်း နာတာမှမဟုတ်တာ...''
''အဲ့ဒီတော့ ကိုယ့်ကို လုံးဝမချော့နိုင်ဘူးပေါ့…!''
''Noပါ...! လုံးဝပဲ...''
''အွန်းပါကွာ...! အဲ့ဒါဆိုတော့လည်း ကိုယ်ကကိုယ့်ရဲ့ငယ်ကို မချော့ခိုင်းတော့ပါဘူး...! ဟုတ်ပြီလား...''
နောက်ဆုံးတော့ Kim Jonginက သူ့အားကလေးတစ်ယောက်ကို ချော့ပြောနေသလို အလျော့ပေးပါသည်။
''အဟ့! ချော့ခိုင်းလည်း ငါကချော့မှာမှ မဟုတ်တာ...''
''အဟင်း...ဟုတ်ပါပြီငယ်ရယ်...! ဒါနဲ့ ဒီနေ့ငယ်ဘယ်သွားစရာရှိလဲ...''
''သားBaekတို့အတွက် လက်ဆောင်သွားဝယ်မလို့...''
ဆေးကြောသန့်စင်ပြီးသည့် အိုးခွက်ပန်းကန်များကို ပန်းကန်စင်ပေါ်တွင် သေချာမှောက်တင်ကာ အိမ်ပေါ်ထပ် တက်လာခဲ့ပါသည်။