FIRST LOVE(16)(Z+U)

3.2K 309 68
                                    


''Hunnieရော ကိုယ်လှီးပေးစရာလိုသေးလား...''

Park Chanyeolက သူ့အခြေအနေကို အကဲခတ်မိသည်ထင်...! လှောင်သလိုလို ထေ့သလိုလိုနှင့် လှမ်းမေးပါသည်။

''နေပါ...! တော်ပါပြီ...''

ခပ်ပြတ်ပြတ်ပြောပြီး အသားတုံးများကို ကြိတ်လှီးကာ အားပါးတရ ဝါးစားလိုက်ပါတော့သည်။

''Baby...! ဖြည်းဖြည်းစားနော်...! အစာမကြေဖြစ်မယ်...''

''အွန်းပါ...ဦးရဲ့...! ဦးလည်းစားလေ...! လေးငယ် စားမကောင်းဘူးလား...''

''ကောင်းပါတယ်...သားBaekလည်းစားလေ ကလေး...''

''ဟုတ်...''

''Sehunလည်း အသားတွေကိုဖြည်းဖြည်းစားပါ... အစာမကြေဖြစ်နေမယ်...! Park Chanyeolလည်း အားမနာပါနဲ့နော်...''

''ဟုတ်ကဲ့...! ခင်များလည်း ဖြည်းဖြည်းစားပါ Kim Jongin shi...! ဒါနဲ့ Kim Jonginက သားBaekကို တော်တော်ချစ်ပုံရတယ်နာ်...အရမ်းဂရုစိုက်တယ်...! ကျွန်တော်တောင် ခင်များကိုအားကျတယ်...အဟင်း...ဟင်း...''

''ဂရုစိုက်ရတာပေါ့Park Chanyeolရယ်...ကျွန်တော့မှာ ချစ်စရာဆိုလို့ ဒီရဲ့အသည်းပိစိလေးတစ်ယောက်ပဲ ရှိတဲ့ဟာ...အဟင်း...''

စားပွဲအောက်မှာ ချထားတဲ့ သူ့ခြေသလုံးကို တရွရွပွတ်သပ်ခံနေရတဲ့ ခံစားချက်ကြောင့် Sehunတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

Kim Jonginကို လှမ်းကြည့်လိုက်တော့ တစ်ချက်လေးပင် မျက်တောင်မခတ် အစားအသောက်မပျက် သားBaekကိုပင် ဂရုစိုက်နေပြန်ပါသည်။

''Hunnie...မျက်နှာမှာ သွေးမရှိသလိုပဲ...! နေမကောင်းဘူးလား...''

Park Chanyeolက ပျက်ယွင်းနေသော သူ့မျက်နှာကို အကဲခတ်မိသွားပြီး မေးနေသည်။

''ဘာ...ဘာမှမဖြစ်ပါဘူး Chan...''

ဟန်မပျက်ထိန်းရင်း ပြန်ဖြေလိုက်ရပေမဲ့ တံခေါက်ကွေးကြား အသားနုသည့်နေရာက သူအထိမခံနိုင်သည့်နေရာတွေထဲက တနေရာဖြစ်သည်။

တရွရွ ပွတ်သပ်နေသော Kim Jonginကြောင့် နဖူးစမှာ ချွေးပြန်လာပြီး သူ့အရာက boxerထဲမှာ ထောင်မတ်ချင်လာသည်။

အခြေအနေမဆိုးခင် တစ်ခုခုလုပ်မှ ဖြစ်တော့မည်။

''သန့်...သန့်စင်ခန်း ခဏသွားဦးမယ်....''

First Love(completed)Where stories live. Discover now