ဂျပန်ကပြန်လာပြီး နှစ်ရက်လောက်အိပ်ခန်းအောင်းပစ်လိုက်ပါသည်။
လည်ပင်းက အနီကွက်အညိုကွက်တွေ မှေးမှိန်ပျောက်ကွယ်သွားမှ ရုံးတက်နိုင်ခြင်းဖြစ်သည်။
ကုမ္ပဏီရောက်သည်နှင့်... ဥက္ကဌကြီးက သူ့ကိုခေါ်ဆူပါသည်။
''ဒုမန်နေဂျာOh..! မင်းဘယ်လိုလုပ်လိုက်တာလဲ...!''
ဥက္ကဌကြီးက သူ့ကိုအတော်စိတ်ဆိုးနေတဲ့ပုံပင်...
''ကျွန်တော် တောင်းပန်ပါတယ် ဥက္ကဌကြီး....Kyokoကိုလည်း ဖုန်းဆက်ပြီး ထပ်တောင်းပန်လိုက်ပါ့မယ်...''
ခေါင်းကိုမဖော်တမ်းငုံ့ထားပြီး တောင်းပန်စကားဆိုလိုက်ပါသည်။
''တော်သေးတာပေါ့... မွေးနေ့ရှင်မိန်းကလေးက မင်းကိုဘာအပြစ်မမြင်ပဲ နားလည်ပေးလို့...''
''ကျွန်တော် တောင်းပန်ပါတယ်...''
''ထားပါတော့ မင်းမှာလည်း မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စဆိုတာရှိမှာပဲ... ဒါပေမဲ့ နောက်တခါတော့... အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်ပါစေ...''
''ကျေး...ကျေးဇူးတင်ပါတယ်....ဥက္ကဌကြီး နောက်ကိုမဖြစ်စေရပါဘူး...''
''လကုန်လို့ မိန်းကလေး ဒီကိုလာတဲ့အခါ ဒုမန်နေဂျာOhက မိန်းကလေးလိုအပ်တဲ့အရာမှန်သမျှ အကူအညီပေးဖို့ပြင်ထားပါ...''
''ဟုတ်ကဲ့...! ကျွန်တော်အစွမ်းကုန် ကူညီပါ့မယ်... အခုတော့ကျွန်တော့ကို ခွင့်ပြုပါဦး...''
''……………''
မွေးနေ့ မပြီးသေးပဲပြန်လာသဖြင့် ဥက္ကဌကြီးရဲ့ အဆူအဆဲကို ကောင်းကောင်းခံခဲ့ပြီးချိန်မှာတော့ နေ့လယ်ထမင်းစားချိန်ပင်ရောက်နေပါပြီ...
|Ring....Ring.....|
ဥက္ကဌကြီးအရှေ့ အဆူခံနေရသည့်အချိန်မှစ တစ်ချိန်လုံးဖုန်းခေါ်နေသည့် Kim Jongin...
မကိုင်ရင် မခေါ်ပဲနေပါတော့လား... အခုတော့...
|Ring....Ring....|
ထပ်ခေါ်လာသည့် ဖုန်းကိုချပစ်လိုက်ပါသည်။
ဖုန်းကိုင်စမ်း Oh Sehun💬