''မင်းကို အပြစ်မရှိပဲ ထားခဲ့တဲ့အတွက် ကံတရားက ငါ့ကို ဒဏ်ခတ်တယ် ထင်ပါရဲ့ ငယ်ရယ်...! ဒီရက်တွေမှာ ငါတကယ်နောင်တရမိတယ် Sehun...! မင်းကိုထားခဲ့မိတဲ့အတွက်ရော...! Baekhyunကို လက်ထပ်ခွင့်တောင်းခဲ့မိတဲ့အတွက်ရောပေါ့...''
''ဦး...!!''
နောက်က ကြားလိုက်ရတဲ့အသံလေးကြောင့် သူတို့နှစ်ယောက်စလုံး ပြိုင်တူလှည့်ကြည့်လိုက်မိသည်။
မျက်နှာမှာ သွေးမရှိတော့သလို ဖြူစုပ်နေပြီး ပြိုလဲကျတော့မလို ကတုန်ကယင်ဖြစ်နေတဲ့ သားBaekအား တွေ့လိုက်ရပါသည်။
နေရာမှာ အငွေ့ပျံပြီး ပျောက်ကွယ်သွားလိုက်ချင်သည်။ ထိုအခိုက်အတန့်အား အိမ်မက်ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ နိုးထလိုက်ဖို့ ဆုတောင်းမိသည်။
သူ့စိတ်ကူး သူ့ဆန္ဒတို့ ဆုတောင်းမပြည့်ခဲ့ပါ...
''ခင်...ခင်များတို့နှစ်ယောက်က...''
သူ့လိုပဲ သားBaekကလည်း မယုံကြည်နိုင်ဟန်ဖြင့် တုန်လှုပ်ခြောက်ခြားနေသည့်ပုံပင်...
''မဟုတ်ဘူး...! သားထင်သလိုမဟုတ်ဘူး..!''
''ကျွန်...ကျွန်တော် နားကြားမှားတာလား...? ဟုတ်လား ဦး! ကျွန်တော်နားလည်အောင် ရှင်းပြပေးစမ်းပါ...''
''မင်းကြားသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်မှာ ဘာစကားမှပြောစရာမရှိဘူး Baby...! အဲ့ဒီအတွက်လည်း တောင်းပန်ပါတယ်...''
ဒီအချိန်မှာ အဲ့ဒီလိုစကားကို ပြောထွက်တဲ့ Kim Jonginကို စိတ်တိုမိပါသည်။
''သားBaekရယ်...လေးငယ်တောင်းပန်ပါတယ်...! အထင်မလွဲပါနဲ့...သားကြားတာတွေက...''
''တော်တော့...! ဒီအချိန်မှာ ခင်များတို့အသံ ခင်များတို့မျက်နှာကို မမြင်ချင်ဘူး...! ခင်...ခင်များတို့... မဟုတ်ဘူး...! ကျွန်တော်လက်မခံဘူး...! ထွက်သွား...! ထွက်သွားကြ...''
သားBaekက မျက်ရည်တွေစီးကျလာပြီး အိမ်ပေါ်ထပ် ပြေးတက်သွားခဲ့ပါသည်။
''လေးငယ်ရှင်းပြမယ်...! လေးငယ်စကားကိုနားထောင်ပါ ကလေးရယ်...''