''ကဲ...ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်စားနော်...! ဟဲ့..မောင်လေး..! လာလေ...ပြင်ထားပြီ မိသားစုတွေ စုံစုံလင်လင် စားကြတာပေါ့...''
ထမင်းစားပွဲမှာ ဝင်ထိုင်ဖို့အရေး အိုးတို့အမ်းတန်း ရွံတွန့်တွန့်ဖြစ်နေတဲ့သူ့ကို အစ်မဖြစ်သူက လှမ်းခေါ်သည်။
''ယောက်ဖရော? Omma...! အလုပ်က ပြန်မလာသေးဘူးလား..''
ယောက်ဖဖြစ်သူကို မတွေ့သေး၍ သူမေးလိုက်ခြင်းဖြစ်သည်။
''ဟုတ်တယ်...! နင့်ယောက်ဖဒီနေ့ ညdutyရှိတယ်တဲ့... သားမက်Kimနဲ့ ခဏလေးပဲ တွေ့လိုက်ရတယ်...''
''အာ___''
ခပ်ညည်းညည်းပြောရင်း Ommaနံဘေးထိုင်ခုံလေးမှာ သူဝင်ထိုင်လိုက်ပါသည်။
''ဦး...ထိုင်လေ...''
သားBaekက အစ်မဖြစ်သူ သူ့အမေနံဘေးတွင် ဝင်ထိုင်လိုက်သဖြင့်Kim Jonginက သူ့နံဘေးသို့ အော်တိုရောက်လာခဲ့ပါသည်။
''Jonginက ဘာကြိုက်တတ်မှန်းမသိလို့ စားကောင်းမယ်ထင်တဲ့ဟာလေးတွေ ချက်ထားတယ်... သားငယ်..! အဲ့ဒီမှာ ပဲကြာဇံကိုခရုလေးနဲ့သုပ်ထားတယ် ထည့်ပေးလိုက်...''
''အာ__မထည့်ပေးနဲ့ သူကခရုနဲ့မတည့်ဘူး...''
ဝင်ပြောမိပြီးမှ သူမှားသွားပြီမှန်း သိလိုက်ပါသည်။ ကိုယ့်ပါးစပ်ကို ဖြတ်ရိုက်ပစ်လိုက်ချင်ပါတော့သည်။
Kim Jonginက စကားမပြောတတ်တဲ့လူလည်းမဟုတ်..! ပြီးတော့ သူနဲ့မတည့်တဲ့အကြောင်းကို သူ့ဟာသူပြောမှာပေါ့... အခုတော့...
တစ်အိမ်လုံးရဲ့အကြည့်တွေက သို့လော...သို့လောနှင့် သူ့ဆီရောက်နေပါသည်။
''ဟို....ပင်လယ်စာတွေက တချို့လူတွေနဲ့ ဓါတ်မတည့်တာတွေဖြစ်တတ်လို့ပါ... ဒီနေ့တောင် ကုမ္ပဏီက ကောင်မလေးတစ်ယောက် ပင်လယ်စာတွေစားပြီး မူးလဲသွားသေးတယ်...အဲ့ဒါကြောင့်ပါ...''
ထိုအခါမှ အိမ်သားအားလုံးရဲ့အကြည့်တွေက သူ့ဆီကနေ ခွါသွားကြပါသည်။
''ဟုတ်တယ်... ကျွန်တော်က ပင်လယ်စာတွေနဲ့ မတည့်ပါဘူး...! ပင်လယ်စာစားမိတာနဲ့ အသက်ရှူကြပ်ပြီး သတိလစ်မူးလဲသွားတော့တာပဲ...''