အိမ်မက်ထဲ လမ်းလျှောက်နေသည့် လူတစ်ယောက်လို ထိုနှုတ်ခမ်းလေးကို လက်မလေးဖြင့် လှမ်းစမ်းလိုက်မိပါသည်။
''ချစ်တယ်ငယ်ရယ်... မင်းလည်း ကိုယ့်ကိုချစ်နေတယ်မလား...''
''ငါ...ငါမသိဘူး Kim Jongin...''
''ငါမင်းကိုနမ်းချင်တယ် ငယ်ရယ်...''
ခွင့်တောင်းသလိုပြောလာတော့ စိတ်ညှို့ခံရသူတစ်ယောက်လို သူ့မျက်လုံးတို့ကိုမှိတ်လိုက်မိပါတော့သည်။
သူ့နှုတ်ခမ်းပေါ်ဖိကပ်လာသည့် Kim Jonginရဲ့အနမ်းနုနုတို့က ရင်ခုန်စိတ်လှုပ်ရှား တိမ်းမူးဖွယ်အတိ
Kim Jonginက နှုတ်ခမ်းနှစ်လွှာကြား လျှာဖျားလေးနဲ့ထိုးပြီး ဝင်ခွင့်တောင်းလာသည်မို့ သူ့နှုတ်ခမ်းတို့ကို ဟ'ပေးလိုက်ပါသည်။
ခံတွင်းထဲသို့ ကျူးကျော်ဝင်ရောက်လာတဲ့ လျှာက ငြိမ်ငြိမ်မနေပဲ ဟိုထိုးဒီထိုး ဟိုစုပ်ဒီစုပ်ဖြင့် ဆော့ကစားနေသည်။
''တော်...တော်ပြီ Kim Jongin...''
မဖြစ်သင့်ဘူးဆိုတဲ့ အတွေးဝင်လာသည်မို့ Kim Jonginရဲ့ရင်ဘတ်ကိုတွန်းလို့ လူချင်းခွါလိုက်ပါသည်။
''ငယ်....''
''ဟင့်အင်း...ငါအိမ်ပြန်တော့မယ်...''
''ဘာလို့လဲ ငယ်ရယ်...မင်းလည်း ကိုယ့်လိုပဲ ဆန္ဒတွေရှိနေတယ်မလား...''
''မဖြစ်သင့်ဘူးမလား...Kim Jongin... ငါတို့ရှေ့ဆက်မတိုးသင့်ဘူး...''
''Baekကို ကိုယ်တို့နှစ်ယောက်အကြောင်းဖွင့်ပြောပြီး လမ်းခွဲလိုက်မယ်လေ...''
''သားBaekက ငါ့အစ်မရဲ့သား...! ငါ့ရဲ့တူလေ Kim Jongin...! ပြီးတော့ သူက ငါ့ကိုသိပ်ချစ်တာ...''
''အဲ့ဒါဆို ကိုယ်ကရော ငယ်...!''
''မင်းနံဘေးမှာ သားBaekရှိနေတာပဲ...မင်းလည်း သားBaekကိုချစ်လို့ တွဲခဲ့တာပဲမလား...''
''ဟုတ်တယ်...! ကိုယ်သူ့ကိုချစ်ခဲ့တယ်... ဒါပေမဲ့ အခုအချိန် သူ့အပေါ်မှာ ဘာခံစားချက်မှ ရှိမနေဘူး... ကိုယ်မင်းအနားပဲနေချင်တယ်... မင်းမျက်နှာလေးကိုပဲ တွေ့ချင်တယ်... မင်းအသံပဲကြားချင်တယ်... ပြီးတော့ မင်းအထဲမှာပဲ နေချင်တယ်...''