''အဟင်း...ချစ်လိုက်တာငယ်ရယ်...! ရော့! ဒါကိုယ့်ရဲ့ကွန်ဒိုသော့..! ဒီနေ့ည ကိုယ်အဲ့ဒီမှာ ရှိနေမယ်ငယ်...''
သူ့လက်ထဲသို့ ထည့်ပေးလာသည့် အေးစက်နေတဲ့ သော့ကလေး...
လက်ခံထားလိုက်ရမှာလား...
ငြင်းဆန်လိုက်ရမှာလား...
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°
နေ့လယ်စာစားပြီးသည်နှင့် Kim Jonginက ပြန်ဖို့ပြင်ပါသည်။
''ကိုယ်ပြန်တော့မယ် Baby...!''
''ဟုတ်ကဲ့ဦး...! ညမှကျွန်တော်ဖုန်းဆက်လိုက်မယ်...''
''ကိုယ့်ကိုပြန်ခွင့်ပြုပါဦး Oh Sehun shi...''
''ကောင်းပါပြီ...''
သားBaekက ကားနားအထိ လိုက်ပို့ပေးနေသည်မို့ သူအိမ်ပေါ်ထပ် တက်လာခဲ့ပါသည်။
သူ့ဘောင်းဘီအိတ်ကပ်ထဲမှာ ထည့်ထားသည့်သော့ကလေးကို စမ်းကြည့်နေမိသည်။
ဘာလို့လဲ Kim Jonginရယ်.... ဘာလို့ အခုမှလဲ....
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
ညမိုးချုပ်ပြီးမှောင်လာလေလေ စိတ်တွေက ကယောက်ကယက်ဖြစ်လာလေလေ...
ညစာပင်မစားနိုင်တော့ပဲ အိပ်ယာထဲဝင် လူးလှိမ့်နေမိသည်။
လွမ်းလိုက်တာ ငယ်ရယ်....💬
ငယ်...ဘာလုပ်နေလဲ...💬
ကိုယ့်ရဲ့messageတွေကို မမြင်ဘူးလားကွာ...💬
ကျေးဇူးပြုပြီး ကိုယ့်ကိုအဖက်လုပ်ပါဦး...💬
ဖုန်းထဲကို ရောက်လာတဲ့ messageတွေက တဒီဒီ...! ဖုန်းစက်ပိတ်ထားလိုက်ရင်ရော...
အတွေးလေးက အဆုံးထိမရောက်လိုက်...
ငယ့်အိမ်ကို ကိုယ်လာခဲ့ရမလား....💬
ကျွန်တော်... Baekhyunဆီကိုလာတာမဟုတ်ပါဘူး... ကျွန်တော့ချစ်သူ Oh Sehunဆီ လာတာပါဆိုပြီးတော့လေ...💬
Kim Jonginဆီက နောက်ဆုံးmessageကို ဖတ်ပြီးချိန်မှာတော့ လက်တို့က
|မင်း ဘာတွေအရူးထနေတာလဲ Kim Jongin...! မင်းက ဘာတွေရူးနေတာလဲတော့ ငါမသိဘူး...! ဒါပေမဲ့ မင်းရဲ့အရူးဇာတ်မှာ တွဲဖက်ပြီး သရုပ်မဆောင်ပေးနိုင်ဘူး...! ငါ့ဆီ စာတွေပို့နေမဲ့အစား သားBaekကို ပိုပြီး ဂရုစိုက်ပေးရင် မင်းရဲ့အချိန်တွေက ကုန်ရကျိုးနပ်သွားမှာပါ...|