Ring......Ring......
''ဟဲလို! သားBaek...''
''လေးငယ်....အဟင့်...ဟင့်....ဟင့်..... ကျွန်တော်သေချင်တယ် လေးငယ်ရယ်..! ကျွန်တော်တကယ်သေတော့မှာ....အဟင့်...ဟင့်....ဟင့်....''
°~°~°~°~°~°~°~°~°~°~°~°~°~
တူတော်မောင်ရဲ့ ဝမ်းနည်းပက်လက်ငိုရှိုက်သံက သူ့နားထဲမှာ အပြန်ပြန်အလှန်လှန် ပဲ့တင်ထပ်နေသည်။
နေ့ခင်းကြောင်တောင် သောက်ထားရလောက်အောင် ဘာတွေစိတ်ညစ်စရာရှိနေမှန်းမသိ...
Sweet Blackဆိုသည့် Barအနီး ကားကိုကပ်ရပ်လိုက်ကာ အထဲဝင်လာခဲ့ပါသည်။
တွေ့လိုက်ပါပြီ အမှောင်ထောင့်စားပွဲလေးမှာ မှောက်နေသည့် သားBaek...
''ဟေး...သားBaek..! လေးငယ်ရောက်ပြီ ပြန်ကြရအောင်နော်...''
ပခုံးလေးကို ပုတ်ပြီးနှိုးလိုက်သည့် သားBaekက ရီဝေစင်းကျနေသည့် အကြည့်နဲ့ သူ့ကိုမော့ကြည့်ပါသည်။
''လေးငယ်....! အဟင့်...ဟင့်....ဟင့်....''
သူ့ရင်ခွင်ထဲကို ကလေးတစ်ယောက်လို တိုးဝင်ဖက်တွယ်လာသည့်သားBaekက ကွဲကျခါနီးအက်ရာပေးနေတဲ့ ကြွေရုပ်ကလေးနှယ်...
''ကျွန်တော် ဘာအမှားလုပ်မိလဲ လေးငယ်...! ဘာတွေလိုအပ်ချက်ရှိနေလို့လဲ...! ဘာတွေမပြည့်စုံနေလို့လဲ...''
သားBaekပြောနေသည့်အရာတွေက အဆက်အစပ်မရှိ ဘာတွေပြောနေမှန်းမသိ...
''အဆင်ပြေသွားမှာပါ ကလေးရယ်...! အရာအားလုံး အဆင်ပြေသွားမှာပါ..! အိမ်ပြန်ပြီး ခဏနားလိုက် ပြန်နိုးလာရင် အားလုံး အဆင်ပြေသွားလိမ့်မယ် ကလေးရယ်...''
''ဦး...ဦး...မှာ ချစ်ရမဲ့သူရှိတယ်တဲ့ လေးငယ်...! အဟင့်...ဟင့်...ဟင့်....ဟင့်...''
''ဘယ်လို သားBaek...! ''
''ဟုတ်တယ်...! ကျွန်တော့်ကို လမ်းခွဲကြရအောင်တဲ့...! ကျွန်တော်တို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်ဘူးတဲ့.... ကျွန်တော်ဘယ်လိုလုပ်ရမလဲ လေးငယ်...! ကျွန်တော်က ဦးကို ရူးအောင်ချစ်တာ...! ကျွန်တော့ဘဝမှာ ဦး...မရှိပဲ အသက်မရှင်နိုင်ဘူး...! ကျွန်တော်သေသွားလိမ့်မယ်...! ကျွန်တော်သေချင်တယ် လေးငယ်ရယ်...အဟင့်...ဟင့်...ဟင့်...!''