နှစ်ယောက်သား အိမ်ရှေ့ဧည့်ခန်းလေးတွင် ထိုင်ဖြစ်ကြပါသည်။
လက်ရှိအခြေအနေက နှစ်ယောက်ကြားမှာ ပူထူပြီး အနေခက်မှုကို ဖြစ်ပေါ်စေပါသည်။ ရည်းစားဟောင်းဆိုသည့်အတွေးကိုဖျောက်လိုက်ပြိး တူတော်မောင်နဲ့ တွဲနေတဲ့လူဆိုတဲ့ အသိကို သွင်းလိုက်ပြီးနောက်...
''မတွေ့တာကြာပြီနော် Kim Jongin...''
''အွန်း....''
သူ့ဘက်က စကားမရှိစကားရှာမေးတော့ Jonginက အွန်း...ဟုသာ ခပ်တိုတိုပြန်ဖြေပါသည်။
''သားBaekနဲ့အတူ တွေ့လိုက်ရတော့ ငါတကယ်အံ့သြသွားခဲ့တာ...''
''မင်းကို မသိသလိုဟန်လုပ်လိုက်ရတာ ငါအားနာပါတယ်...Sehun...! ငါတို့ရဲ့ အတိတ်က ပတ်သက်ခဲ့မှုတွေကို Baekသိစရာမလိုဘူးမလား...''
ငါတို့နှစ်ယောက်ရဲ့အကြောင်းတွေကို ငါ့ချစ်သူကို ပြန်မပြောပါနဲ့လို့ တိုက်ရိုက်ပြောလိုက်သလိုပါပဲ...
''အာ____ငါသိပါတယ်...! အဲ့ဒီအကြောင်းတွေက ဘာကောင်းတာရှိလို့ ငါကပြောရမှာလဲ...''
''အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်... ဒီနှစ်တွေမှာ အစစအရာရာ မင်းအဆင်ပြေတယ်မလား Oh Sehun...''
''အဟင်း...! ငါက စိတ်ဓါတ်ကြံ့ခိုင်တဲ့လူပဲလေ...အားလုံးOkပါတယ်...''
''……………''
နှစ်ယောက်ကြား ပြောစရာစကားများ ကုန်ခမ်းသွားသဖြင့် Ommaခွဲပေးထားသည့် သစ်သီးများကိုပဲ စားနေမိပါသည်။
ဒီနေ့မှ သားBaekပန်းကန်ဆေးတာ ကြာလိုက်တာ... Ommaနဲ့ အစ်မကလည်း ဧည့်သည်သူနဲ့ကိုထားခဲ့ပြီး လမ်းထိပ်မှာ အမှိုက်သွားပစ်ကြတယ်တဲ့...
''Baekကို မင်းရဲ့တူမှန်း ငါတကယ်မသိခဲ့ဘူး... ခနက မင်းပြန်လာမှသိတာ...''
''အာ____ငါသိပါတယ်...Jongin....''
''ဘာကိုလဲ...''
''ဟာ...တခြားမဟုတ်ပါဘူး... သားBaekနဲ့ငါက တူဝရီးတော်တယ်ဆိုတာကို မင်းမသိဘူးဆိုတာ ငါသိပါတယ်လို့...''
''……………''
Kim Jonginက ဘာမှထပ်မပြောတော့ပဲ သစ်သီးကို ယူစားပါသည်။