အခန်း ၃

88 8 2
                                    

နိုး အဲ့အမ ရဲ့မျက်နှာကို ‌ကြည့်နေမိသည်

အခဏချင်းတင်းမာ နေသော မျက်နှာထားနှင့် နောက်ချက်ချင်းပဲ သူမကိုပြုံးပြတယ်

ပဟေဠိတော့ ဖြစ်သွားမိသေးသည်။ပြောရရင် အဲ့အမ က ဘယ်သုဆိုတာ သဲသဲကွဲကွဲ သိတာတောင်မဟုတ်သေး

"သိတယ်။  ကားပေါ်တက်"
တဲ့။ အမြဲလိုလို သူမက အဖော်ငတ်သူဆိုတော့ ယခုလိုနည်းနည်းလေးဂရုစိုကါရင်ကိုပျော်နေပြီ။

ကားပေါ်လိုက်ပါလာစဉ် သူမကို ညာတခွန်းမှမမေး သလို
ဘာမှလဲမပြောပါ

နိုး   ခဏခဏ လှည့်ကြည့်ပေမယ့် သူမကို စိတ်ပူပေးတဲ့အကြည့်တွေကို ထပ်မတွေ့ရတော့ပေ

ယခုလဲ ခဏခဏ ရောက်နေတဲ့ နေရာလိုလို တန်းတန်း မတ်မတ် အိမ်ရှေ့ကိုရောက်ချလာတော့သည်

"ရောက်ပြီ   "
"ဟုတ် ကျေးဇူးနော် အမ ဒါနဲ့....."
ကားပေါ်ကမဆင်းသေးဘဲ  အဲ့အမ ကို ကြည့်တော့ နိုး ဘက်လှည့်ကြည့်လာတော့မှ

"အမ နာမည်ဘယ်လိုခေါ်လဲဟင် နိုးတို့ နောက်ထပ်တွေ့ရင်....."
စကားပင် မဆုံးသေး

"ထပ်မတွေ့မှာတော့ သေချာတယ် ဒါပေမယ့်ပြောပြမယ်
Y လို့ ခေါ်တယ် Dream Aruna က ငါပိုင်တာ"

အေးစက်သွားတဲ့အသုံးအနူန်း

ဒါပေမယ့် နိုးပြုံးလိုက်သည် ဘာဖြစ်ဖြစ် သိချင်တာသိရပြီပဲ မဟုတ်လား

"အမနဲ့ ထပ်တွေ့မှာပါနော်  အမကိုတွေ့ချင်ရင် ဘားကိုလာလို့ရတာပဲ   "
ဆိုကာ အပြုံးလေးနှင့်ပြောပြီး ကားပေါ်မှဆင်းသွားသည်

"အမရေ ကျေးဇူးနော်"

လက်ပြနူတ်ဆက်ပြီး တံခါးဆီသို့လျှောက်သွားတော့ ကားပြန်လှည့်ကွေ့သွားတာ သိလိုက်သည်

နိုး ထိုအခါမှ နောက်ပြန်လှည့်ကြည့်မိသည့်အချိန် ကားနောက်မီးပင် မမှီလိုက်

မရယ်
ဘာလို့ ချက်ချင်း စိမ်းကားရတာလဲ

နိုးစကားများလို့လားဟင် မျက်ရည်လေးများဝဲချင်လာသည်

____

"နိုး   နောက် အဲ့တယောက်နဲ့မတွေ့အောင်နေပါကွယ် သူက သမီးထင်သလို မရိုးရှင်းဘူး"

Untill the EndWhere stories live. Discover now