"နိုး အားလား"
ဧည့်ခန်းထဲတွင်စာကြည့်နေသော နိုး ဆီသို့ ဝိုင်ရောက်လာသည်။
နိုး scholarship ဖြေဖို့ ဆရာတစ်ဦးခေါ်ပြီး စာသင်နေပြီဖြစ်သည်။
မကြာခင်စာမေးပွဲဖြေရတော့မှာ ဆိုတော့ စာအုပ်နှင့် မျက်နှာမခွာ ဖြစ်နေတာကြောင့် ။
"ရတယ်မ၊ နိုး စာပြန်ကြည့်နေတာ၊ ဘာများလဲ မ"
ဝိုင်က
"နိုး စာကြည့်ရတာ ငြီးငွေ့နေပြီလား၊ မ နဲ့ လိုက်ခဲ့ချင်လား၊ ခဏပဲ နေ့တပိုင်းလောက်"
နိုးက
"ဘယ်သွားမလို့လဲ မ"
စိတ်ဝင်တစားမေးလာတော့"သိပ်မဝေးပါဘူး၊ နိုး ကို အာရုံလွဲပေးမလို့"
နိုး ချက်ချင်းပဲ စာအုပ်ကောက်သိမ်းသည်။ စာပဠဲပေါ် အစီအရီထပ်ပြီး
"လိုက်မယ် မ"
ဆိုတော့ ဝိုင် ပြုံးလိုက်သည်။
"လာ"
နိုးရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး အောက်ကို ခေါ်ဆင်းလာသည်။ အစက ခြံအပြင်ထွက်မယ် ထင်ထားပေမယ့် ခြံဝန်း အပေါ်ပိုင်းကို ခေါ်လာတာကြောင့် နိုး စိတ်ဝင်စားလာသည်။
နောက် အပေါ်သစ်လုံးအိမ်မှ သွေးသစ် ဆင်း လာတော့ဝိုင်က
"ဆရာ ရောက်လာရင် စောင့်ခိုင်းထားလိုက် ညနေမှ ပြန်ရောက်မယ်"
"ဟုတ် အမ၊လေ့ကျင့်ကွင်းသွားမလို့လား"
"အင်း၊ မနက်ဖန် အတွက် ပြင်ဆင်ထားလိုက်တော့လေ၊ "
"ဟုတ်ကဲ့"
ဝိုင် ရှေ့ဆက်လာသည်။ လူသွားလမ်းအတိုင်း လျောက်လာပြီး ရုတ်တရပ် ကွင်းပြင်တခုကို ရောက်လာသည်။ တဖက်တွင်တော့ နံရံမြင့်မြင့် ကာထားသည်။ သူမ ရောက်လာတော့
အစောင့်နှစ်ယောက်ရောက်လာပြီး
"kapatid, para sa pagsasanay?"
"အမ လေ့ကျင့်မှာလား"
tama iyon, maaari kang makapagpahinga
"အင်း၊ မင်းတို့ နားတော့"
ဆိုတော့ အစောင့်တွေအားလုံး ထိုနေရာမှ ထွက်သွားရာ နိုးက နားမလည်ပေမယ့် တိတ်ဆိတ်စွာပဲကြည့်နေသည်။