"Y ရော့"
သူမ ရှေ့သို့ သုက သူ့ရဲ့ဖုန်းကို ချပေးလိုက်သည်။
ထွဍ်ခေါင်နှင့် အလုပ်ကိစ္စဆွေးနွေးနေချိန်ဖြစ်သည်။
သူမ လှည့်လိုက့်လိုက်တော့
"ဝိုင် ကိုယ့်ကို လာတွေ့ရမယ်မဟုတ်လား၊ ဒီမှာ ဝိုင့့်ညီမလဲရှိတယ်၊ ကိုယ့်ရဲ့အရင်အိမ်မှာပဲ လာခဲ့ပါ"
သုက သူမကို အကဲခက်နေသည်။ သူမ အံကြိတ်သွားပြီး ဘာမှ ပြန်မပြော အလုပ်ဆက်လုပ်နေသည်။
နာရီဝက်ကျော်ကျော် ဆွေးနွေးပြီးနောက်မှ သူတို့ အလုပ်လက်စသတ်လိုက်သည်။
"ညစာ ဘာစားကြမလဲ"
သုက က သူမ မေူလာအုံးမလားစောင့်နေသေးသည်။
"ကိုထွဍ်ခေါင်ကော ၊ မပြန်ဘူးလား"
"ညစာ ကျွေးမလို့မဟုတ်ဘူးလား"
ဝိုင် ပြုံးလိုက်သည်။ နောက် ထမင်းစားခန်း ဘက်လျှောက်လာပြီး
"ဘာမှမရှိဘူး၊ delivery ကိုဖုန်းဆက်မလို့၊ ရှင့်အတွက် မမှာတော့ဘူးလေ၊ ပြန်တော့"
သုက က
"ဝိုင် ဘယ်လိုလုပ်မှာလဲ၊ နိုးနိုး အဖမ်းခံထား ရတာ၊ "
ထွဍ်ခေါင် မျက်လုံးပြူးသွားသည်။
"ဘယ်တုန်းကလဲ"
"စာပို့လာတယ်၊"
ဆိုပြီး သု့ဖုန်းမှ message ကိုပြလိုက်သည်။
ထိုစဉ် ဝိုင်က
"ငါနဲ့ ဘာဆိုင်လို့လဲ သုက"
"ဗျာ"
သူမ က အံကြိတ်ထားရင်း
"နိုးနိုးမျက်ချယ်ကို သူဖမ်းထားတာနဲ့ပဲ၊ ငါက ဘာကြောင့်သွားကယ်ရမှာလဲ"
ထွဍ်ခေါင် အံဩဘနန်း ငေးကြည့်နေသည်။
သုက က"ဝိုင် နဲ့ နိုးနိုးက သူစိမ်းတွေမှမဟုတ်တာ၊ အရင်တခါကလဲ ....."
"ဘယ်အချိန်ထိ နောက်ကြောင်းပြန်နေမှာလဲ၊ မေ့လိုက်တော့ "
ဆိုကာ အိပ်ခန်းထဲဝင်ပြီး တံခါးလော့ချပစ်လိုက်တော့သည်။
![](https://img.wattpad.com/cover/217012053-288-k382983.jpg)