မနက် ၈နာရီကတည်းက လမ်းလျှောက်ပြီး ပထမဆုံး ကမ်းခေါကို အရင်ပါတ်သည်။ ထူးဆန်းသည့်နေရာကို ဓါတ်ပုံရိုက် သည်။ နောက်ပြန်လှည့်ကြည့်တော့ ဖုန်းတစ်လုံးနှင့်သူမကို ပင် ဂရုမစိုက်နိုင်သော နိုး။ သူမနှင့် ဝေးသွားရင် ပြေးလိုက်လာတဲ့ ခြေသဲကြားရသည်။ ထိုသို့နှင့်၃မိုင် ကျော်ကျော်ရောက်လာတော့ ၁၁ ထိုးနေပြီဖြစ်သည်။
" နိုး ကျွန်းပေါ်တက်မယ်"
"ဟုတ် မ"
သူမဆီအပြေး ရောက်လာပြီး လူသွားလမ်းသာသာ လမ်းလေးအတိုင်း ကျွန်းပေါ်တက်လာသည်။
"နိုး မ နဲ့ အရမ်းမဝေးစေနဲ့နော် နောက်မှ ကျန်နေခဲ့ရင် လမ်းပျောက်သွားလိမ့်မယ်"
"အင်း"
သာပြောသည်။ သူမကို နည်းနည်းလေးမှ ဂရုမစိုက်။ အခုမှ သတိထားမိသည်။ စဖီ ဆွဲရတာ တော်တော်ကြိုက်တာပဲ။ အိမ်ပြန်သွားမှ စိုးရိမ်တာကြောင့် ဖုန်းကို မပေးဖြစ်တာဖြစ်သည်။ ဝယ်ထားတာက သူမ ဆီရောက်ကတည်းက။
ဝိုင်ရှေ့ဆက်လိုက်သည်။
နိုး ထူးထူးဆန်းဆန်းမြင်သမျှ လိုက်ရိုက်ရင်း
ပတ်ဝန်းကျင်တွင် သူမ တစ်ယောက်တည်းကျန်တော့မှ ဘယ်ကိုလိုက်ရမှန်းမသိတော့ပေ။ ဒီမှာက ဖုန်းလဲ ဆက်လို့ ရတာမဟုတ်။ မ
လူသွားလမ်းအတိုင်းလိုက်လျှောက်လာပေမယ့် မ ကို မတွေ့ပါ။ တောကလဲ အရမ်းကြီးအောက်ခြေကရှင်းလင်း နေတာမဟုတ်။ တောထဲမှာဆို နာမည် ခေါ်လို့ရတာလဲမဟုတ်။
နာရီကြည့်လိုက်တော့့ နေ့လည် ၁၂ ကျော်နေပြီ။ သေချာပြီ. မလဲ လိုက်ရှာတော့မှာ။ သူမ ၇◌ပ်မနေတော့ဘဲ တွေ့ရာ လမ်းအတိုင်းပြေးလိုက်တော့သည်။
စိုးရိမ်စိတ်နှင့်ပြေးလာရင်း သူမ မမောဖောက်လာသော် ချက်ချင်းပစ်လဲသွားတော့ သည်။ ပြေးခာသော အရှိန်နှင့် သူမ ညာလက် နှင့် ဒူး လဲကျရာက ပွန်းပဲ့ ဒဏ်ဖြစ်လာသည်။
အသက်ရှူမဝတော့တာကြောင့် သူမ လန့်သွားသည်။ သူမရဲ့ အခြေအနေအမှန်ကို သိသွားတော့မှာလား။
ချက်ချင်း ထထိုင်ပြီး နီးရာ သစ်ပင်ကြီးတစိပင်အောက် လေးဘက်ထောက်နဲ့ပဲ အရောက် သွားလိုက်သည်။ နောက် မှီထိုင်ပြီး အသက်မှန်မှန်ရူလိုက်သည်။