ဒီနေ့။
အဖြူရောင်မဂ်လာဝတ်စုံနှင့် လှရက်လွန်းသည့် မကို နိုးကြည့်မဝပေ။ သူမ မြင်ချင်သလိုမြင်ရပြီ။ မကြာခင် ပွဲကျင်းပ တော့မည်။
နိုး ရဲ့ ပီတီဖြစ်နေသော အကြည့်ကြောင့် ဝိုင်ပြုံးလိုက်သည်။ ယနေ့တော့ မိတ်ကပ်ကအစ ပြင်ဆင်ထားရသည်မို့ နေရာကြပ်သည်။
"ဝိုင်"
မိုးမင်းအိမ် ရောက်လာတာဖြစ်သည်။ သူမ တို့နှစ်ယောက်ကိုတွေ့တော့
"နိုး၊ နိုး မေမေရှာနေတယ်"
"ဟုတ်လား၊ မ နိုးသွားပြီနော် ပွဲမစသေးရင် ပြန်လာခဲ့မယ်"
"အင်းအင်း"
တမင်ပထုတ်လိုက်ာတ ဝိုင်သိလိုက်သည်မို့၊ ခွင့်ပြုလိုက်သည်။ မိုးမင်းအိမ်က
"ဝိုင်၊ မင်းအဖွဲ့ထဲမှာ သူလျိုရှိနေပြီ"
"ဘယ်လို"
မိုးမင်းအိမ်က
"နှလုံးအစားထိုးလှူမယ့်သူ ညက အသတ်ခံလိုက်ရတယ်"
ဘာ
။ထရပ်လိုက်ရာ လက်ထဲကပန်းစီးပင်လွတ်ကျသွားသည်။
"ကိုယ်ပြန်ရှာပေးမယ်၊ ရက်တော့ နောက်ရွေ့ရတော့မှာ ကိုယ် ထွဍ်ခေါင်တို့ကိုလဲပြောထားတယ်"
"အခု သုက ကို အိမ်ကို ပြန်လွတ်ထားတယ် ပြောတယ်"
ဝိုင် လက်သီးဆုတ်ထားသည်။ ဒီနေ့မှ သူမ ဒီအဝတ်အစားနဲ့ ဘာမှလုပ်မရ။
"သွေးသစ်ကိုခေါ်ပေးပါလား"
"ရတယ်၊ မင်းစောင့်နေ---"
ဝိုင် မထိုင်နိုင်တော့ပါ၊ သူမကို တိုက်ခိုက်ဖို့ဆို နိုးက အမြဲလိုလိုဓါးစားခံဖြစ်နေတက်သည်။ သွေးသစ်ရောက်လာပြီ.
"ဘယ်လိုဖြစ်တာလဲ"
"ဘာမှသေချာမသိရသေးဘူး၊ ဘုရားကျောင်းကို လုံခြုံရေး တိုးချထားတယ်"
စိတ်ပူလာသည်။ ထိုစဉ်
"သတို့သမီးအသင့် ပြင်ဆင်ထားပေးပါ၊ ပွဲစပါတော့မယ်"
ဝိုင်စိတ်ရှုတ်လာသည်။ ခေါင်းတွင်တပ်ထားတဲ့ သရဖူနဲ့ ပါဝါကိုပင်ဆွဲချွတ်ချင်လာပြီ။ သွေးသစ်က
